Exit print mode Print Data A+ A- Undo all
Remember You (2016)
Some loves are best forgotten
Remember You (2016)Remember You (2016)
Synopsis:
Don’t Forget Me / Remember You (2016)
IMDb – 6.6/10
Drama/ Mystery/ Romance film
442
ဒီဇာတ်ကားလေးက သမားရိုးကျ ကြည့်နေကျ Korean drama နဲ့ မတူပဲ အနောက်တိုင်းဆန်တဲ့ ရိုက်ကူး တင်ဆက်ပုံတွေကို တွေ့ရမှာပါ….
Seok_Won က ကားမတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။
Jin_young ကတော့ စိတ်ဖိစီးမှုတွေကြောင့် Depression ရရနေတဲ့ အမျိုးသမီးတစ်ဦးပါ။
သူတို့နှစ်ဦး ဆေးရုံမှာ တွေ့ဆုံရာက ရင်းနှီးသွားခဲ့ပြီး ဇာတ်လမ်းကို အစပျိုးထားပါတယ်။
ကားမတော်တဆမှုကြောင့် အတိတ်ကို ပြန်စဉ်းစားတိုင်း ခေါင်းကိုက်လေ့ရှိပြီး ကားမောင်းရမှာကို ကြောက်နေတဲ့ Seok_Won က Jin_Young ကြောင့် ပြောင်းလဲလာခဲ့သလို…
Jin_Young ကလည်း သူမရဲ့ အထီးကျန်နေတဲ့နေ့ရက်တွေဟာ Seok_Won ကြောင့် ပဲ အဓိပ္ပယ်ပိုရှိလာစေပါတယ်။
ဇာတ်ကားက Mystery /Drama လို့ ပြောတဲ့အတိုင်းပါပဲ… Romance ဖြစ်သလို ကြည့်နေစဉ်မှာလည်း .. Jin_Young ရဲ့ ထူးဆန်းတဲ့ စကားတွေ.. Seok_Won ရဲ့ အပြုအမူတွေကြောင့် စဉ်းစားစရာတွေ ပြည့်နှက်နေခဲ့ပါတယ်…
ဘယ်သူက ဘယ်သူ့ကို ပိုချစ်သလဲဆိုတာလဲ… ကြည့်ရင်းနဲ့ စဉ်းစားကြည့်ကြပါဦး…
ဇာတ်လမ်းလေးရော.. ရိုက်ကူးထားတာလေးတွေပါ ကောင်းမွန်လို့ Drama ကြိုက်တဲ့ သူတွေ အကြိုက်တွေ့မှာပါ….
ကိုရီးယားကား ကြည့်လေ့မရှိတဲ့ သူတွေကိုလည်း Drama ကြိုက်ရင် ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ရှေ့နေ Seok_Won အဖြစ် မင်းသား Jung Woo-sung က သရုပ်ဆောင်ထားပြီး Jin_Young အဖြစ် မင်းသမီး Kim Ha-neul က သရုပ်ဆောင်ထားပါတယ်။
မင်းသားရော မင်းသမီးရောက ကိုရီးယားကား ကြည့်လေ့ရှိသူတွေ ရင်းနှီးပြီးသားဖြစ်မှာပါ.. မင်းသမီး Kim Ha-neul ကိုတော့ A Gentleman’s Dignity မှာ အရမ်းကြိုက်လို့ သူ့ကားတွေကို ပြန်ရှာကြည့်ဖြစ်တဲ့အထိပါပဲ… ဒီကားလေးကလဲ… မင်းသမီး Kim Ha-neul ကို ပိုပြီးကြိုက်သွားစေတဲ့ ကားလေးပါပဲဗျာ…
IMDb မှာလည်း Rating 6.6/10 အထိရရှိထားလို့ ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာ ထပ်ပြီးတော့ ပြောလိုက်ပါရစေခင်ဗျ….
#Nucleon_Review
#Admin_N
(ရုပ်ရှင်အညွှန်းကို Nucleon FB Page မှကူးယူဖော်ပြပါသည်။)
#Nucleon_Review
#Admin_N
File size…(908 MB)
Quality…HD-Rip 720p
Format…mp4
Duration….01:46:33
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translater…Myo Thi Ha
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Original title
Nareul Itjimarayo
Director
Lee Yoon-jeong, Yoon-Jung Lee
Stars
Bae Seong-woo, Cha Chung-hwa, Heo Jin, Im Joo-eun, Jang Young-nam, Jung Woo-sung, Kim Ha-neul, Kwon Hae-hyo, On Ju-wan, Seong-woo Bae, Woo-sung Jung, Yi-jin Jo, Young-nam Jang
Release Date
7 January 2016 (South Korea)
Rated
PG-13
Runtime
106 min
Awards
2 nominations
Country
South Korea
Popularity
2.528
Status
Released
ID IMDb.com
tt5576174
IMDB Rating
6.6
IMDB votes
417
ID Themoviedb.org
376847
TMDb Rating
8.7
TMDb votes
7