Channel Myanmar

2024

Blackia 2 (2024) 6
Blackia 2 (2024) Blackia 2 (2024) "ဘလက်ကီရာ အပိုင်းနှစ်"IMDb 7.9 ရထားတဲ့ ပန်ဂျာဘီ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မှုခင်းကားကို ရှာနေတဲ့ ပရိသတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးပါဇာတ်ကြောင်းနည်းနည်းပြောရရင်တော့ ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင် ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် ...လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ် ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီး နာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က "ဘလက်ကီရာ" ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါတစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကို တစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီး မြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲမေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.1GB / 987MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard ...
movie

Blackia 2 (2024)

2024
Shakhahaari (2024) 7
Shakhahaari (2024) Shakhahaari (2024)"ဂယက်" ========================စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်နာဒါစကားပြော မှုခင်းရုပ်ရှင်လေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူဘာနာဟာ ရွာမှာ စားသောက်ဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်း နေနေတဲ့သူပါ။ တစ်နေ့မှာတော့ လူသဝာ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဗီဂျေးဆိုတဲ့ တရားခံတစ်ယောက်ဟာ ရဲစခန်းကနေ ထွက်ပြေးလာပြီး ဆူဘာနာရဲ့ဆိုင်ထဲမှာ ပုန်းခိုနေခဲ့ပါတယ်။ဗီဂျေးကို ထောင်ထဲထည့်ပြီးရင် နယ်ပြောင်းခွင့်ရမယ့်ရဲမှူးကလည်း နယ်ပြောင်းချင်စိတ်နဲ့ ဗီဂျေးကို အသည်းအသန်လိုက်ရှာပါတယ်။ အဲဒီအချိန်မှာ လူသဝာ်မှုတစ်ခု ဆက်ဖြစ်ပွားခဲ့တာကြောင့် တရားခံဟာ သူလိုလို ငါလိုလို ယုန်ထင်ကြောင်ထင် ဖြစ်လာပြီး ရဲတွေနဲ့လည်း ဇာတ်လမ်းရှုပ်ကာ ဆူဘာနာရဲ့ အေးချမ်းတဲ့ဘဝလေးမှာ လှုပ်ခတ်မှုတွေဖြစ်လာခဲ့ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Shakhahaari (2024)

2024
Maidaan (2023) 8.4
Maidaan (2023) Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက် အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့ အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့ Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…3.4GB / 1.7GB  Quality…WEB DL 1080p / 720p Format…mp4 Duration….3h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Maidaan (2023)

2024
4 Kings 2 (2024) 7..4
4 Kings 2 (2024) 4 Kings 2 (2024)ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။ 4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင် good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက် အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း...4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေက ဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်း ဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ။ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာ ဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။ ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကို လက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာ ရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် ...
movie

4 Kings 2 (2024)

2024
Bastar: The Naxal Story (2024) 6
Bastar: The Naxal Story (2024) Bastar: The Naxal Story 2024 "ရဲရင့်စစ်သည်တော်" IMDb - 6.4/10မင်းသမီးချော အက်ဒါးရှာမာ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ္တိံသဂြဟပြည်နယ် ဘက်စတာဒေသမှာရှိတဲ့ မော်ဝါဒီနာဇယ်သူပုန်တွေရဲ့ သောင်းကြမ်းမှုတွေကို အခြေခံပြီးရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်။နီးရ်ဂျာဆိုတာ ဘက်စတာမှာရှိတဲ့ နာဇယ်အမည်ခံသောင်းကြမ်းသူတွေကို ရှင်းလင်းဖို့တာဝန်ကျနေတဲ့ စစ်သည်တစ်ဦး။ သူ့လုပ်ရပ်နဲ့ ရပ်တည်ချက်တွေကြောင် ဘက်စတာကပြည်သူတွေ သဲသဲလှုပ်ချစ်တာခံရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအလှည့်အပြောင်းတွေကြောင့် ဘက်စတာမှာရှိတဲ့ပြည်သူတွေကို ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်နေတဲ့ နာဇယ်တွေကိုခြေမှုန်းနေတဲ့ နီးရ်ဂျာတစ်ယောက် တရားစွဲခံရပါတယ်။တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ နီးရ်ဂျာ သူ့တပ်ဖွဲ့တွေကိုဘယ်လိုစီမံပြီး မခံချင်စိတ်နဲ့ နာဇယ်တွေကိုပြန်တွန်းလှန်နေတဲ့ လူတွေ ဘယ်လိုအောင်နိုင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.4GB/ 1.26GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bastar: The Naxal Story (2024)

2024
Hot Spot (2024) 7
Hot Spot (2024) Hot spot 2024 ကြုံရဆုံရလူ့ဘဝဒီနေ့မှာတော့ ထူးထူးခြားခြား underrated ဖြစ်နေတဲ့ လူကြီးတွေကြည့်သင့်တဲ့ Adult comedy dramaလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီဗျ။adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ လူမှုဘဝမှာ ‌ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့ ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊ ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင် ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာက ရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ...
movie

Hot Spot (2024)

2024
Kade Dade Diyan Kade Pote Diyan (2024) 6
Kade Dade Diyan Kade Pote Diyan (2024) ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie

Kade Dade Diyan Kade Pote Diyan (2024)

2024
Krishnamma (2024) 6.4
Krishnamma (2024) Krishnamma (2024) "ပုရွက်ဆိတ်များ"ရီဗျူးကောင်းတွေ ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် တေလဂူးအက်ရှင်ဆိုတဲ့အတိုင်း နုရွနေမှာမဟုတ်ဘဲ အောက်ခြေလူနေမှုဘဝတွေကို မြင်တွေ့ရမယ့်ကားပါမြေကြီးထဲ ခန္ဓာကိုယ်မြှုပ်ထားခံရပြီး ခေါင်းတစ်ခုတည်းပေါ်နေတဲ့ အလောင်းတစ်လောင်း -- တစ်ခေါင်းလုံး သကာရည်တွေအလောင်းခံထားရပြီး ပုရွက်နီအပြုံလိုက်တက်နေတဲ့ လူသတ်မှုတစ်ခုအစကပြန်ကောက်ရရင် ရွာတစ်ရွာမှာ မိဘမဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ရှီဗာ၊ ကိုတီနဲ့ ဘာဒရာရယ်... ပေါ့ပေါ့နေ ပေါ့ပေါ့စား တွယ်တာစရာဆိုလို့ ဘာမှမရှိတဲ့ မိဘမဲ့တွေ သူတို့အလုပ်က အသေးစားဒုစရိုက်လေးတွေ အရောင်းအဝယ်လေးတွေ လိုက်လုပ်မယ် ပြီးရင် အရက်သောက်မယ် ဒါပဲ... သူများတကာလို မိသားစုဘဝကို လိုချင်ပေမယ့် သူတို့အချင်းချင်းပဲ ညီအစ်ကိုလို မိသားစုဝင်လို သဘောထားကြတယ်ဒီလိုကနေ ဒုစရိုက်လောကထဲက ရုန်းထွက်ဖို့လုပ်ပေမယ့် ရုန်းမထွက်နိုင်ပဲ ရှုပ်ထွေးတဲ့ အမှုတစ်ခုထဲ တွန်းပို့ခံလိုက်ရချိန်မှာတော့ ...ဘာတွေဆက်ဖြစ်မှာလဲ ပုရွက်ဆိတ်လို သူတို့ဘဝတွေကို တန်ဖိုးမရှိသလို သဘောထားခဲ့တဲ့ လူကို ပုရွက်တွေကိုက်ပြီး အသက်ဆုံးရအောင် ရက်ရက်စက်စက် လက်စားချေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဘယ်လိုဖြစ်လာလဲဆိုတာ ပရိသတ်ကြီးကပဲ ရှုစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie

Krishnamma (2024)

2024
Sweet Dreams (2024) 5.4
Sweet Dreams (2024) Sweet Dreams (2024) ================ IMDb - 5.4/10လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်း ကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သ ဘာ၀ပါပဲ။ မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့် မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေ ဟာကိုရောက်လာပါတယ်။ ဂေဟာမှာက မူးယစ်သေစာအမျိုး မျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာ တော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်း ကန်ရပါတယ်။သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီး တစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာ ရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။ အဲဒီအခါ မှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ် ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။ အားကစားကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊ နွေးထွေးမှုတွေရှိလာကြပုံတွေ... မော်ရစ်တစ်ယောက်သူချစ်ရတဲ့ သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့ ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.16 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, ...
movie

Sweet Dreams (2024)

2024
Branching Out (2024) 7.4
Branching Out (2024) Branching Out (2024) =================Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4 ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီး လေးကို ဘယ်လိုပျိုးထောင်မယ် သမီး‌လေးရဲ့ ကျောင်းပ ရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မ လဲဆိုတာကို ကြည့်ရမှာပါ။ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့် အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်း ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်း လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မ လွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရ ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KK ဖြစ်ပါတယ်)File Size..........(1.62 GB) / (897 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 52Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family, Romance Translator.......KK Encoder..........SWM 
movie

Branching Out (2024)

2024
Kalvan (2024) 6
Kalvan (2024) Kalvan 2024 ဆင်ရန်စွယ် IMDb 7.1ဇာတ်လမ်းအစမှာတော့ မင်းသားချောလေး ဂျီဗီပရာကတ်ရှ်ကူမား (ကမ်ဘာ)တို့ သူငယ်ချင်း၂ယောက်က ဘိုးဘွားရိပ်သာက အဘိုးကြီးတစ်ယောက်ကို တရားရုံးမှာမွေးစားခွင့်တောင်းနေပါတယ် မွေးစားခွင့်တရားဝင်ရခဲ့တော့ လူအများကချီးကျူးကြတာပေါ့ ခုလိုခေတ်ကြီးမှာ ကိုယ့်ဝမ်းစာရှာဖို့တောင်ခက်ခဲနေချိန် အဘိုးတစ်ယောက်ကိုပါတင်ကျွေးတယ်ဆိုပြီး သတင်းလည်းပျံ့နေတာပေါ့ ဒါပေမဲ့သူတို့ဒီလိုမွေးစားတာက အကြောင်းရှိပါတယ် ဒါကဘာများဖြစ်နိုင်မလဲကမ်ဘာတို့ရွာမှာ သစ်တောအုပ်ပိုင်တဲ့ဘောစိမ‌တစ်ယောက်ရှိပါတယ် ဒါပေမဲ့သူ့ပိုင်နက်ကနေ တောရိုင်းဘက်ကို မြေတွေခိုးခိုးယူရင်း တောထဲကတိရစ္ဆာန်တွေနေထိုင်ဖို့စားကျက်ကျဉ်းလာတော့ ဆင်တွေက မကြာခဏဆိုသလိုလူတွေအိမ်တွေဘက်ကျူးကျော်ရင်း ဆင်နင်းခံရလို့သေတဲ့လူတွေလည်းမနည်းမနောပေါ့ ဆင်နင်းခံရလို့တောထဲလူသေရင် တစ်ရွာလုံးသွားကြည့်ကြလို့ သူခိုးဖြစ်တဲ့ကမ်ဘာတို့အကြိုက်ပါပဲ ရွာထဲဘယ်သူမှမရှိချိန်တွေမှာ ပတ်ခိုးရင်းဘာလာနဲ့တွေ့ခဲ့တယ် ဘာလာလေးကို မြင်မြင်ချင်းချစ်မိတဲ့သူခိုးကမ်ဘာနဲ့ သူဋ္ဌေးသမီးဘာလာတို့ကရောဘာတွေဆက်ဖြစ်သွားမလဲ တစ်ကားလုံးက ကျော်ရက်စရာမရှိအောင်ကို စိတ်ခံစားချက်အဖုံဖုံပေးနိုင်တာကြောင့် လက်မလွှတ်ကြဖို့ညွှန်းဆိုရင်း(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 2.8GB / 1.26GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ ToMo ~ ...
movie

Kalvan (2024)

2024
The Boys (2024) 7
The Boys (2024) The Boys (2024) "ငါးယောက်ပေါင်းလောင်းကျော်" IMDb - 9.1/10အသစ်ထွက်ရှိလာတဲ့ တမီလ်စကားပြော အိန္ဒိယအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ်တိုင်ဇာတ်ညွှန်းရေး ရိုက်ကူးလေ့ရှိတဲ့ တမီလ်လူငယ်ဒါရိုက်တာ ဆန်သို့ရှ်ကိုယ်တိုင်ရိုက်ကူးပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာရူးရူးနေတဲ့ အာကီရာ။နပန်းရူးရူးနေတဲ့ WWEအမာခံပရိသတ် အိုင်တီပညာရှင် ဂျိမ်းစ်။ ဆိုရှယ်မီဒီယာကို အစွဲကြီးစွဲနေတဲ့ ဘေဘီ။ ဟင်းချက်ဝါသနာပါတဲ့ လူ့ဂလန့် ကိုလာရူ။ ပိုက်ဆံနဲ့ပတ်သက်လာရင် အတွက်အချက်ကြီးတဲ့ ကာသစ်ခ်။ဒီလိုသူငယ်ချင်းငါးယောက် တိုက်ခန်းတစ်ခန်းမှာ အတူပေါင်းနေပြီး မွဲချက်က အရက်သောက်စရာမရှိလို့ အရက်ဆိုင်မှာ အကြွေလိုက်တောင်းပြီး သောက်ရတဲ့ဘ၀။ ဒီလိုဘ၀ကိုမခံချင်တဲ့စိတ်နဲ့ ငှားနေတဲ့တိုက်ခန်းမှာ ဘားဖွင့်တာကြောင့် တိုက်ခန်းကနေ နှင်ချခံရပြန်ပါရော။ ဒီမှာပဲ လွပ်လွပ်လပ်လပ်နေလို့ရမဲ့ လုံးချင်းအိမ်ငှားပြီး ဘားဖွင့်ဖို့ကြံကြပါတော့တယ်။မြို့စွန်မှာ စျေးပေါပေါနဲ့ အိမ်ကြီးတစ်လုံးတွေ့ပြီး ဝမ်းသာအားရငှားလိုက်တဲ့ရက်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၁ရက် အိမ်ပြင်မထွက်ကျဖို့ ကြေငြာချက်ကျလာပါတော့တယ်။သူတို့နေတဲ့အိမ်ကြီးကလည်း ရပ်ကွက်ထဲမှာရှိသမျှလူတိုင်းက ရှောင်သွားကြပြီး အိမ်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Zwe Yan ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်) File size… ...
movie

The Boys (2024)

2024
Mr. Natwarlal (2024) 7.5
Mr. Natwarlal (2024) Mr. Natwarlal (2024) IMDb - 8.9/10Madamakkiဆိုတဲ့ ဇာတ်ကားနဲ့နာမည်ရလာတဲ့ Kannada မင်းသားကြီးTanushရဲ့ တစ်ချိန်က နာမည်ကြီးHindi ရုပ်ရှင် Mr. Natwarlalရဲ့ နာမည်ကိုယူထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါပြီ။ plot twistလေးတွေလည်းပါတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ။Mr. Natwarlalဆိုတာက‌တော့ 1950တစ်ခွင်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ပါလီမန်ထိပါတက်လိမ်ပြီး အတော်လေးမွှေသွားတဲ့ လူလိမ်တစ်ယောက်၊ ရဲဘက်အရာရှိတွေ နာမည်ကြားတာနဲ့ အော့နှလုံးနာရတဲ့သူပေါ့။ဒီကားလေးထဲမှာတော့ မိသားစုပြဿနာတွေကနေ ရှောင်ပြေးဖို့အတွက် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလို ရန်ဂါနဲ့သူ့အမေနဲ့ နောက်တစ်ရွာမှာ သွားနေဖို့လုပ်ပါတော့တယ်။ ကံဆိုးချင်တော့ ပြဿနာတွေနောက်ကလိုက်လာပြီး မိခင်ကိုပါဆုံးရှုံးလိုက်ရတဲ့အခါ...ကြီးနိုင်ငယ်ညှင်းလုပ်နေတဲ့ ဓနရှင်တွေကို တွန်းလှန်ချင်စိတ်တွေပေါ်လာတဲ့ရန်ဂါတစ်ယောက် Mr. Natwarlalဆိုတဲ့နာမည်နဲ့ လက်တစ်လုံးခြားလုပ်ဖို့ စီစဉ်ပါတော့တယ်။နည်းပညာနဲ့အတူ တိုးတက်နေတဲ့လိမ်နည်းအဖြာဖြာနဲ့ ဒီပြဿနာတွေကို ရဲကရော ဘယ်လိုကိုင်တွယ်မလဲ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe ~ Alexတို့ပဲဖြစ်ပါတယ်) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ...
movie

Mr. Natwarlal (2024)

2024
Geethanjali Malli Vachindi (2024) 6.5
Geethanjali Malli Vachindi (2024) Geethanjali Malli Vachindi (2024) "ဂီသန်ဂျာလီ ပြန်လာခန်း"IMDb 6.6 ရထားတဲ့ တေလဂူး ဟော်ရာကားလေး တင်ဆက်ပေးလိုက်ပါတယ် ကြမ်းသင့်ရင်ကြမ်း ဖောက်သင့်ရင် ဖောက်တဲ့ ဟာသကားလေးမို့ ရုံးပိတ်ရက်မှာ ပရိသတ်ကြီးအပန်းပြေစေမှာ အသေအချာပါပဲကောင်မလေးတစ်ယောက် ရုံးတစ်ရုံးမှာ လူမရှိတဲ့ညအချိန် အလုပ်ရှင်သူဌေးကို ရာထူးတိုးဖို့ သွားတောင်းဆိုပေမယ့် သူဌေးရဲ့ ဗလက္ကာရပြုတာကို ခံလိုက်ရတဲ့အချိန်...မိန်းမချင်းစာနာတတ်တဲ့ သရဲမက အလုပ်ရှင်ကို အသေဆိုးနဲ့သေအောင် ပညာပေးလိုက်တယ် တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ယုတ်မာရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးက မကျွတ်မလွတ်ပဲ ဝိညာဥ်ဖြစ်နေတာပါတစ်ဖက်မှာလည်း သူငယ်ချင်းတစ်စု - ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားဖြစ်သူတို့ ကုန်းကောက်စရာမရှိအောင် ကျရှုံးနေလို့ ရုပ်ရှင်လောကကို ကျောခိုင်းဖို့အလုပ် ....ဟော်ရာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံရတယ် ဒီကနေ အိမ်ကြီးတစ်အိမ်မှာ ရုပ်ရှင်ရိုက်ကြရင်း အဲဒီအိမ်မှာ တစ္ဆေအစစ်သုံးကောင် ရှိနေတဲ့အခါမှာ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ကြမလဲ... ဝိညာဥ်တွေရဲ့ ပင်မဇာတ်လမ်းက ဘယ်လိုလဲဆိုတာကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB ...
movie

Geethanjali Malli Vachindi (2024)

2024
S.I.T: Special Investigation Team (2024)
S.I.T: Special Investigation Team (2024) S.I.T (2024) အထူးစုံစမ်းရေးအဖွဲ့ဒါရိုက်တာ Vijaya Bhaskar Reddyရိုက်ကူးထားတဲ့ အသစ်စက်စက် မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Cast တွေကတော့Grey: The Spy Who Loved Me၊ Shukra တို့လို thriller/ crime /mystery တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Arvind Krishnaနဲ့ မင်းသမီး Natasha Doshi တို့အပြင် Detective Karthikရဲ့ မင်းသား Rajath Raghav ပါ ပါဝင်ထားပါတယ်။အမှုနဲ့ပတ်သက်လာရင် ဥပဒေဘောင်ထဲက ကျော်ပြီး ဖြေရှင်းသင့်ရင် ဖြေရှင်းတတ်တဲ့အရာရှိ ပရာသာတစ်ယောက် တစ်နေ့မှာ ဆော့ဝဲလ်ပညာရှင်နာဗီရာ သေဆုံးမှုကို စုံစမ်းဖို့ အမိန့်ကျလာခဲ့တယ်။သေဆုံးသူက နာမည်ကြီး ဖြစ်တဲ့အပြင် သေဆုံးမှုကလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် လူထုစောင့်ကြည့်နေကြတဲ့ အမှုဖြစ်နေခဲ့လို့ ရဲဌာနတစ်ခုလုံး ဖိအားဖြစ်နေရပါတယ်။အမှုအတွက် ထိပ်တန်းပညာရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးကြတဲ့အခါ အမှုက ထင်သလောက်မရိုးရှင်းဘဲ နာဗီရာရဲ့အတိတ်တွေရော မိသားစုအရေးတွေပါ ပါဝင်ပတ်သက်လာပြီး အရာရှိပရာသာနဲ့ အဖွဲ့က ဖော်ထုတ်နိုင်မလား ဆိုတာကတော့...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bolloywood Team ...
movie

S.I.T: Special Investigation Team (2024)

2024
The Ministry of Ungentlemanly Warfare (2024) 7.3
The Ministry of Ungentlemanly Warfare (2024)    The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာလာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံးသေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီးဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်းအဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက်ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ...
movie

The Ministry of Ungentlemanly Warfare (2024)

2024
4K HEVC
Possessions (2024) 4.2
Possessions (2024) Possessions (2024) ===============ဒီကားထဲမှာတော့ ပိထ်တွမ်ဆန်ဆိုတဲ့လူဟာ သိုလှောင်ခန်းတွဲတွေ အပါအဝင် နေထိုင်ဖို့အိမ်ပါပါဝင်တဲ့ နေရာကို ဈေးတန်တန်နဲ့ရလိုက် တာကြောင့် မကြာသေးခင်ကမှ မိတဆိုးသားလေးဖြစ်သွားရတဲ့ သူ့ သားဖြစ်သူ တိုင်လာနဲ့အတူ စိတ်သစ်၊ လူသစ်ဖြစ်အောင်ဆိုပြီး ပြောင်း ရွှေ့လာတာနဲ့ ဇာတ်လမ်းအစပြုထားပါတယ်။ပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲ ပိထ်တစ်ယောက် သိုလှောင်ခန်းတွဲ လုပ်ငန်းကို ပြန်လည်ပတ်လုပ်ကိုင်ဖို့အတွက် စာရင်းတွေ စစ်ဆေးနေ တုန်း သိုလှောင်ခန်းတစ်ခန်းက သတ်မှတ်ထားတဲ့ ငှားရမ်းရက်ကျော် တာ လချီနေပြီဖြစ်တာကိုသိလိုက်ရတာမို့ ငှားရမ်းသူအကြောင်း စုံစမ်း ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာပဲ တိုင်လာတစ်ယောက် အဲဒီအခန်းထဲ က စက်ဘီးတစ်စီးကိုတွေ့ပြီး လိုချင်စိတ်နဲ့ယူစီးလိုက်ရာကနေ တဖြည်း ဖြည်းနဲ့ အရင်ကနဲ့မတူဘဲ ထူးဆန်းလာပါတယ်။ဒါတွေကို ပိထ်တစ်ယောက် သတိထားမိလာတဲ့အခါမှာ ဘာတွေဆက် ဖြစ်လာမလဲ၊ သတ်မှတ်ငှားရမ်းရက်ကျော်နေပြီဖြစ်တဲ့ သိုလှောင်ခန်း ကိုရော ဘယ်သူကငှားထားပြီး သူ့သားမူမမှန်ဖြစ်လာတာတွေနဲ့ ဘယ် လိုမျိုးတွေ ဆက်စပ်နေတာလဲဆိုတဲ့မေးခွန်းတွေ‌ရဲ့အဖြေကိုတော့ ဒီကား လေးကို ဆက်လက်ကြည့်ရှူရင်း ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(760 MB) / (450 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Fiona Gillen Encoder..........SWM
movie

Possessions (2024)

2024
Romeo (2024) 6.7
Romeo (2024) Romeo (2024)"ရိုမီယို" ================== IMDb - 7/10ကြည်နူးချမ်းမြေ့စရာ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Pichaikkaran 1,2ဆိုပြီး သူတောင်းစားကားတွေနဲ့ နာမည်ကြီးတဲ့ တမီလ်နာမည်ကျော်မင်းသားကြီး ဗီဂျေးအန်တိုနီနဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ အသစ်ထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။အသက် ၃၅နှစ်ရောက်တဲ့ထိ ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ ချစ်ကံခေလူပျိုကြီးကတော့ အာရီဗူ။ လူကြီးတွေပေးစားဖို့လုပ်တဲ့ ကောင်မလေးတွေကိုတောင် လက်မထပ်ဘဲ အချစ်စစ်ရှာတွေ့မယ်လို့ မျှော်လင့်နေခဲ့တဲ့သူကြီး။ သူမျှော်လင့်ထားတဲ့အတိုင်း ချစ်ရတဲ့မိန်းကလေးကို ရှာတွေ့ခဲ့ပြီး လူကြီးချင်းပေးစားလို့ လက်ထပ်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့လည်း သူ့ထက် ဆယ်နှစ်ငယ်တဲ့ အဲဒီမိန်းကလေးကတော့ အာရီဗူကို ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ချစ်ခင်စုံမက်ခြင်းမရှိခဲ့ပါဘူး။ အာရီဗူတစ်ယောက် ချစ်ရသူလည်းဖြစ် ဇနီးသည်လည်းဖြစ်ပြီးတော့ ချစ်ရတဲ့ဇနီးသည်ဆီက အချစ်ကိုရဖို့ကြိုးစားရတာတွေကို မြင်တွေ့ခံစားရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.23GB / 1.04GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Romeo (2024)

2024
Gadera (2024) 6
Gadera (2024) Gadera (2024) "ရတနာသိုက်ရှာပုံတော်"လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။s လောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်က သစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကို အတင်းအဓ္ဓမခိုင်းစေကြပါတယ်။တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကို တွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ရွာသူရွာသားတွေကတော့ ဒီရွှေဒင်္ဂါးကို ကျိန်စာသင့်နေတာလို့ ယုံကြည်နေကြပါတယ်။ ယုံကြည်တဲ့အတိုင်းလည်း ဒီရွှေဒင်္ဂါးနဲ့ပတ်သက်သူတွေ အသေဆိုးနဲ့သေကုန်ကြပါတော့တယ်။ ကျိန်စာဆိုတာတွေကိုမယုံတဲ့ ဗြိတိသျှတွေကတော့ ဒီဒင်္ဂါးတွေ့တဲ့နေရာမှာ ရတနာသိုက်ရှိမယ်ဆိုပြီး စူးစမ်းရှာဖွေကြတဲ့နောက်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.38GB / 586MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Gadera (2024)

2024