Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2024
8.1
Harom Hara (2024)
Harom Hara 2024 (ကယ်တင်ရှင် ဆူဘရာမာနီယမ်) IMDb - 9.1/10ဒီတစ်ခါမှာတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေထက်ကို ပိုကြမ်းပြမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ရွာတစ်ရွာမှာ တမ်မီရက်ဒီဆိုဦးဆောင်တဲ့ လူမိုက်အဖွဲ့ဟာ ကြီးစိုးနေပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ သူ့စကားကို ပယ်ရှားဖို့မပြောလေနဲ့ သူ့လူတွေကို လက်နဲ့ရွယ်တာနဲ့တင် အဲဒီလူ အသေဘဲဆိုတာမျိုးအထိ ကြမ်းပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ အုပ်စိုးနေသူဖြစ်ပါတယ်။ တမ်မီရက်ဒီတို့အဖွဲ့ ခေတ်ကောင်းနေတဲ့အချိန်မှာပဲ သူတို့ရွာရဲ့ကောလိပ်ကို စမ်းသပ်ခန်းလက်ထောက်ရာထူးနဲ့ ဆူဘရာမာနီယမ်ဆိုတဲ့သူ ရောက်ရှိလာပါတယ်။ တစ်ရက်မှာ ဆူဘရာမာနီယမ်နဲ့ တမ်မီရက်ဒီရဲ့ တပည့်တွေ ပြဿနာဖြစ်ကြရင်း အလုပ်ကနေ ထွက်ရဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ ဆူဘရာမာနီယမ်ရဲ့အဖေဟာ အကြွေးပေါင်းများစွာတင်ပြီးတော့ ပြန်မဆပ်နိုင်တဲ့အဖြစ်ကို ရောက်နေကြောင်းသိလိုက်ရတဲ့အချိန်မှာ အကြွေးရှင်များက ဒီအကြွေးတွေဆပ်ဖို့အတွက် အချိန်၃လပေးလိုက်ပါတယ်။ ဒီ၃လအတွင်းမှာ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ တရားမဝင်ဂိုဏ်းတစ်ခုကို ဝင်မိရာကနေ ....... အကြွေးတွေကိုရော ပြန်ဆပ်နိုင်မှာလား .......ဆူဘရာမာနီယမ်တစ်ယောက် အဲဒီတရားမဝင်လုပ်ငန်းကနေ ဘယ်လိုတွေ လက်စွမ်းပြမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ BpL~ ...
movie
Harom Hara (2024)
2024
7
Premalo (2024)
Premalo (2024) ချစ်ကျွမ်းဝင်ရပါသောအခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့ အက်ရှင်ဒရာမာအချစ်ဇာတ်ကားကောင်းလေး ဖြစ်တဲ့ Premalo ပဲ ဖြစ်ပါတယ်။ဒီကားလေးက IMDb rating 8/10 တောင် ရရှိထားလို့ လက်မလွှတ်တမ်း ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးကိုတော့ Chandu Koduri ရိုက်ကူးပေးထားပြီး သူကိုယ်တိုင်ပဲ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ရာဗီနဲ့ပရာရှန်တီတို့ဟာ အရမ်းကိုမှ ချစ်ကြတဲ့ ချစ်သူစုံတွဲလေးပါ ဒါပေမဲ့ တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ရာဗီတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့အတူ ပရာရှန်တီကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုဖိုင်က ပရာရှန်တီ့အဖေဆီ ရောက်သွားတဲ့အခါမှာတော့..... ရာဗီ ဘာလို့ ဒီလိုလုပ်ရတာလဲ... ရာဗီ ပရာရှန်တီကို တကယ်ရော ချစ်ရဲ့လားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးရှင့်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ရှင့် File size… 2.39GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Premalo (2024)
2024
6.5
Karataka Damanaka (2024)
Karataka Dhamanaka (2024) "ဆရာနှစ်ပါး"IMDb 6.5အသစ်ထွက် ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရွာလေးတစ်ရွာမှာ မိုးခေါင်ရေရှားမှုတွေ နှစ်ချီကြာညောင်းခဲ့ပြီး အဆင်မပြေကြလို့ ပြောင်းရွှေ့သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ချစားမှုကြောင့် မြေစာပင်ဖြစ်ရတဲ့ ရွာသားတွေမှာ အံတကြိတ်ကြိတ်ပေါ့တစ်ချိန်တည်းမှာပဲ လိမ်လည်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတဲ့ နိုင်ငံကျော်လူလိမ်နှစ်ယောက်ဟာ နိုင်ငံရေးသမားတစ်ဦးကို မလှိမ့်တစ်ပတ်လုပ်ပြီး အရှက်ရစေခဲ့တဲ့အတွက် ထောင်ထဲရောက်လာတယ်သူတို့ရဲ့ အရည်အချင်းကို သိသွားတဲ့ ထောင်မှူးဟာဆိုရင် လူလိမ်နှစ်ယောက်ကို မိုးခေါင်ရေရှား ရွာလေးကို လွှတ်လို့ အထူးတာဝန်တစ်ခု ပေးလာတဲ့အခါ …ဘယ်လိုအလွဲတွေ ဆက်ဖြစ်မှာလဲ လူလိမ်နှစ်ယောက်ကရော ရွာလေးအတွက် ကယ်တင်ရှင်ဖြစ်လာမှာလား ဆိုတာကတော့ ……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.94GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by M Bollywood Team
movie
Karataka Damanaka (2024)
2024
Kakuda (2024)
Kakuda 2024 ကျိန်စာသင့်ရွာTGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့ horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။ သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲ ဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ်မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေးလူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီး အဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာကတော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန် အိမ်ထောင်ချပေးတာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက် အကြောင်းဖန်လာချိန်မှာတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်) File size…1.6GB / 721MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie
Kakuda (2024)
2024
5.9
Lumberjack the Monster (2024)
Lumberjack the Monster (2023)Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | ...
movie
Lumberjack the Monster (2024)
2024
7.1
Leave a Letter to God / Titip Surat Untuk Tuhan (2024)
Titip Surat Untuk Tuhan 2023 အညွှန်း"ဘုရားရှင်ကို ဘယ်မှာတွေ့လို့ရမလဲ" "မင်း နှလုံးသားထဲမှာ"တူလု့စ် အသက်က ၇ နှစ်။ အဖေရယ် အမေရယ် အစ်မတစ်ယောက်ရယ် မိသားစုလေးမှာ မချမ်းသာပေမဲ့ ညတိုင်းတီဗီလုရတာက လွဲရင် သူတို့မိသားစုလေးက အတော်ပျော်ဖို့ ကောင်းပါသည်။ မနက်တိုင်း မိသားစုလိုက် ဘုရားဝတ်ပြုချိန်မှာတော့ တူလု့စ်က အိပ်ပျော်နေတာ များသည်။အေးချမ်းနေတဲ့ တူလု့စ်တို့မိသားစုရဲ့ စိတ်မအေးချမ်းစရာ နေ့ရက်တွေက အစ်မဒင်ဒါ နေမကောင်းဖြစ်ရာက စသည်။ ဒင်ဒါ့အခြေအနေက ဆိုးသထက်ဆိုးလာတာမို့ ဆေးရုံတက်ဖို့၊ ခွဲစိတ်ဖို့က မလုပ်လို့ မဖြစ်ပါ။ သာမန်ဝန်ထမ်းအဖေရဲ့ လစာက မလောက်မင၊ အပိုအလျှံဆိုတာ မရှိပြန်တာမို့ မိဘတွေက ဆေးရုံစရိတ်အတွက် ပူပန်ရုန်းကန်လာရသည်။တူလု့စ်မှာလည်း နေမကောင်းဖြစ်နေတဲ့ အစ်မနဲ့ တကျက်ကျက် ရန်ဖြစ်လာတတ်တဲ့ မိဘတွေကို ကြည့်ရင်း အရင်လို မပျော်ရွှင်နိုင်တော့။ ဒီလိုနဲ့ နေ့တိုင်း၊ ဘုရားဝတ်ပြုတိုင်း ဆုတောင်းပြုခဲ့သည့် ဘုရားရှင်ထံလိပ်မူပြီး စာတစ်စောင် ပို့ခဲ့သည်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su ...
movie
Leave a Letter to God / Titip Surat Untuk Tuhan (2024)
2024
6.6
Election (2024)
Election (2024) =============ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ Election ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ Thamizh က ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်အနေနဲ့ Vijay Kumar အပြင် Preethi Asrani, Richa Joshi, George Maryan, Pavel Navageethan, Dileepan နဲ့ Rajeev Anand စတဲ့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။ IMDb rating အနေနဲ့ကတော့ 6.6 အထိ ရရှိထားပါတယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် နိုင်ငံရေးသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဆုပ်လည်း စူး စားလည်း ရူးအခြေအနေတွေကိုပါ မီးမောင်းထိုးဖော်ပြထားတာမလို့ Political thriller ကားကောင်းကောင်းလေးမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နာဒါရာဆန်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ နောက်တော့ သူ့အဖေဂုဏ်ယူရအောင်ဆိုပြီး ရပ်ကွက်ကောင်စီဥက္ကဌနေရာအတွက် ဝင်ပြိုင်ပါတော့တယ်။ ဒီလိုမျိုး ရွေးကောက်ပွဲတွေနဲ့အတူ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလောကထဲကို နာဒါရာဆန်တစ်ယောက် ခြေချလိုက်တဲ့အခါမှာတော့ ...
movie
Election (2024)
2024
Wild Wild Punjab (2024)
Wild Wild Punjab (2024)IMDb-5.7/10ဘော်ဒါမကောင်း သူကောင်းမဖြစ်ခွီလဲခွီ ဘော်ဒါကိုလဲ ပြန်သတိရစေနိုင်မယ့် netflixက ပူပူနွေးနွေးထွက်ရှိထားတဲ့ ဘော်လိဝုဒ်အခွီဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ်အသဲကွဲလို့ သတ်သေမလို့ပါဆို ဘေးကနေ ထိုင်မြှောက်ပေးတဲ့ သူငယ်ချင်းမျိုး ရှိလား အိမ်မပိုင်လို့ ပြဿနာတက်နေပါတယ်ဆို အိမ်မပိုင်တဲ့ကောင်ကိုမှ ဝိုင်းဒုက္ခပေးတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားလား မကောင်းတာလုပ်မယ်ဆို နှစ်ခါခေါ်စရာမလို အရောက်ပို့ပေးမယ့် သူငယ်ချင်းမျိုးရော တွေ့ဖူးလား သေလောက်အောင် ချမ်းသာနေပါစေ ကျပ်မပြည့်တဲ့ဘော်ဒါရော ကြုံဖူးကြလားဘာတွေဘယ်လိုပဲဖြစ်နေပါစေ အခက်အခဲကြုံလာတဲ့အခါ ကိုယ့်ဘက်မှာ ရှိနေပေးကြမှာက ဒီစောင်ရူးဘော်ဒါတွေပါပဲ ဒီကားလေးမှာတော့ သူငယ်ချင်း ၄ ယောက် ဂယက်ထကြတာကို ကြည့်ရှုရမှာပါ ဘဝဖိအားတွေခံရတဲ့အခါ, ဘယ်အရာကမှ ကိုယ့်ကိုမပျော်ရွှင်စေတော့တဲ့အခါ ငယ်တုန်းက ဂယက်အတူတူထခဲ့ကြတဲ့ သူငယ်ချင်းတွေအကြောင်း ပြန်တမ်းတတာကလည်း ထွက်ပေါက်လေးတစ်ခု ဖြစ်နိုင်ပါတယ်အဲဒီထွက်ပေါက်လေးကို ရရှိဖို့ CM Bollywood Team မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီနော်(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်) File size… 2.5GB / 1.23GB Quality…WEB DL 1080p ...
movie
Wild Wild Punjab (2024)
2024
6.2
Hit List (2024)
Hit List (2024) "အပြစ်ဒဏ်"IMDb 6.2ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ် လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ် လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က …ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ… သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲမညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.05GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Hit List (2024)
2024
6.1
Pattaya Heat (2024)
Pattaya Heat ( 2024 )ဒီ Action, Thrillerအမျိုးအစား 2024ထွက် ထိုင်းရုပ်ရှင်အသစ်က မြင်နေကျ ထိုင်းရုပ်ရှင်တွေနဲ့ ကွဲတော့ကွဲတယ်။ ကားကတော့ ဂန်းကားပဲ။ မြေအောက်လောကနဲ့ မကောင်းတဲ့ရဲတွေနဲ့ ဒုစရိုက်လောကက ပြဿနာတွေအကြောင်းပေါ့။ Color Tone တွေ ဘာတွေတော့ပုံမှန်မြင်နေကျ ထိုင်းဂန်းကား အက်ရှင်ကားတွေလိုပဲပေမဲ့ သူ့တင်ဆက်ပုံရော ကာရိုက်တာတည်ဆောက်ပုံရောက ထိုင်းရုပ်ရှင်ထက်စာရင် ဟောင်ကောင်အငွေ့အသက်ပိုရတယ်။ ဇာတ်ကို ဇာတ်ကြောင်းပြောပြတဲ့ ရဲက ဒုစရိုက်လောကက အကြီးစားပြဿနာကြီးတစ်ခုဖြစ်လာပုံကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အချိုးအကွေ့တွေနဲ့ ACTတွေခွဲပြီး ဇာတ်ကြောင်းပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာ။ မထင်ထားလောက်တာတွေကိုလည်း ဒီရုပ်ရှင်မှာပြပြီး အဲဒါတွေကိုသုံးပြီးပဲ ဇာတ်ကိုအရှိန်တင်သွားတာလည်း ကြောင်သလိုလို ဂေါ်သလိုလိုပဲ။ ဒါပေမဲ့ အဲဒီအချက်ကလွဲ တော်တော်ကြည့်ကောင်းတဲ့ ဂန်းကားပါပဲ။ဇာတ်ကတော့ ပတ္တရားတစ်မြို့လုံးကို သူ့လက်ထဲထည့်ထားတဲ့ လူဆိုးဂိုဏ်းက ဆရာကြီးတစ်ယောက်ရှိတယ်။ သူ့ကို အဲဒီဒေသက ရဲတွေကအစရှောင်ထားကြတယ်။ တစ်နေ့ သူက ဘန်ကောက်ကို သူ့လုပ်ငန်းကရတဲ့ငွေတွေပို့ပြီး ရွှေတွေနဲ့လဲပြီး ယူလာဖို့ ရဲတစ်ယောက်ကို ခိုင်းလိုက်တယ်။ အဲဒီရွှေတွေကို ဖြတ်လုဖို့ အကွက်ချတဲ့မာစတာမိုင်းက မိန်းမတစ်ယောက်။ သူက ဗေဒင်ဆရာလုပ်သလို လူဆိုးဂိုဏ်းမှာလည်းလုပ်တယ်။ သူက ...
movie
Pattaya Heat (2024)
2024
5.8
The Devil’s Lair (2024)
The Devil's Lair 2023အင်ဒိုသရဲမှကြိုက်တာဆိုတဲ့ ပရိသတ်ကြီးတို့ အကြိုက်ဖြစ်စေမယ့် အင်ဒိုစုန်းကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးမှာတော့ Jump scare typeမဟုတ်ဘဲ အောက်လမ်းဘက်တို့ စုန်းတို့ မှော်တို့ဘက်ပိုရောက်တဲ့horrorကားမျိုးပါ။ဇာတ်လမ်းကတော့ အဖေ့ရဲ့အကြွေးတွေကို ခက်ခက်ခဲခဲဆပ်ဖို့ ရုန်းကန်နေရတဲ့အာလင်းတစ်ယောက် ညီမလေးကိုလည်း တစ်ဖက်ကစောင့်ရှောက်ရ၊ အကြွေးရှင်တွေကလည်း မိန်းမရွှင်လုပ်ခိုင်းဖို့ တကဲကဲဖြစ်နေတော့ ကြံရာမရဖြစ်ပြီး ချစ်သူဖြစ်တဲ့ ဂန်တို့အဖွဲ့နဲ့အတူ ရှေးဟောင်းအိမ်တစ်အိမ်ကို ဓားပြတိုက်ဖို့လုပ်ပါတော့တယ်။ အဖွဲ့ထဲက ဖစ် ကတော့ မကြည်ဖြူပေမဲ့ လင်းရဲ့ခြိမ်းခြောက်မှုနဲ့ လက်ခံပေးလိုက်ပြီး အိမ်ကြီးဆီရောက်လာတော့တာပေါ့။ဒါပေမဲ့ အိမ်ကြီးထဲမှာ အဖိုးတန်တွေရှာနေတုန်း အမျိုးသမီးတစ်ယောက်ကို ချုပ်ထားတာမြင်ပြီး ကူညီချင်တဲ့ဂန်က လွှတ်ပေးလိုက်ပြီး သူတို့နဲ့အတူခေါ်လာချိန်မှာ အဲဒီအမျိုးသမီးလည်း ပျောက်သွားပြီး အိမ်ထဲမှာ သူတို့လေးယောက် ပိတ်မိသွားကြတဲ့အခါ....ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့အတိုင်း ဘုမသိဘမသိနဲ့လွှတ်ပေးမိတဲ့ အမျိုးသမီးကဘာလဲ။ သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့ ဒီအိမ်ကြီးထဲက ဒီလူငယ်တစ်သိုက် ရုန်းထွက်နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Action, Fantasy, Horror Quality…. 1080p | 720p File size… ...
movie
The Devil’s Lair (2024)
2024
6
Kurangu Pedal (2024)
Kurangu Pedal(2024)IMDb-7.9/10နွေရာသီ ပျော်စရာလေးများနွေရာသီပိတ်ရက်မှာ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတွေးပျော်ကြတာ ကျောင်းသားဘဝမှာလူတိုင်းစိတ်ကူးခဲ့ကြတာဖူးပါပဲရွာတစ်ရွာရဲ့ ပူလောင်လောင်နွေရာသီတစ်ခုမှာ ကျောင်းပိတ်ရက်ရှည်ရလို့ ပျော်နေကြတဲ့ကလေးတစ်သိုက်မှာ နွေရာသီအစီအစဉ်တွေအပြည့်နဲ့ပေါ့ လူကြီးတွေကလည်း ကလေးတွေပိတ်ရက်မှာ ဘာလေးတွေကူခိုင်းမယ် ဘယ်အမျိုးတွေဆီပို့မယ်ဆိုတဲ့အစီအစဉ်နဲ့ပေါ့ဒီနှစ်နွေရာသီမှာတော့ ကလေးတွေကနွေရာသီအစီအစဉ်အပြည့်နဲ့ လူကြီးတွေရဲ့အစီအစဉ်တွေကို ကန့်ကွက်ကြတော့တာပဲဒီနွေရာသီမှာကလေးတွေရဲ့ ထူးခြားတဲ့အစီအစဉ်လေးကတော့ စက်ဘီးစီးသင်ကြဖို့ပါပဲ စက်ဘီးစီးသင်ဖို့ စက်ဘီးငှားခဆိုတာလိုအပ်လာကြတဲ့အချိန် မိဘတွေဆီကတောင်းဖို့ခက်ခဲနဲ့ ကြံကြဖန်ကြတာပေါ့ကလေးအတွေး ကလေးအကြံလေးတွေနဲ့ နွေရာသီပိတ်ရက်ဖြတ်သန်းကြပုံလေးတွေက ခဏတာပေါ့ပါးအပျင်းပြေရှုစရာတော့ဖြစ်မှာမို့ ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…2.3GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alex ~ ToMo ~ Yunni
movie
Kurangu Pedal (2024)
2024
7
Juna Furniture (2024)
Juna Furniture (2024) အမေ့လျော့ခံ အာဃာတ Genre – Drama IMDB – 7.8/10ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ် ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီး မပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြား အာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ရုပ်ဝါဒီတွေ ...
movie
Juna Furniture (2024)
2024
6.4
Bhoothaddam Bhaskar Narayana (2024)
Bhoothaddam Bhaskar Narayana 2024 (နတ်ဆိုး)Imdb 6.4မျက်နှာဖုံးလူသတ်မှု : ဒီလူသတ်မှုက ကာနာတာကာနားက ချင်ချိုလီတောအုပ်မှာဖြစ်ပွားခဲ့တာပါ သေဆုံးသူအရေအတွက်က ၁၅ဦးထိရှိလာပြီးတော့ နစ်နာသူတွေက မသေခင်မှာအတော်လေးနှိပ်စက်ခံခဲ့ရတဲ့ အနေအထားမျိုးနဲ့တွေ့ခဲ့ရတယ် ဦးခေါင်းမပါတဲ့အမျိုးသမီးတွေကိုပါတွေ့ခဲ့ရတော့ ဒီဒေသခံတွေက ကျီးလန့်စာစားဖြစ်ကုန်ကြပြီး ရဲတွေလည်းကြံရာမရဖြစ်လာကြရတယ်။။။ဘူသာဒမ် ဒီလူကတော့ အတော်ဆုံးရှေ့နေလို့ပြောရမလားပဲ သူမရှင်းနိုင်တဲ့အမှုမရှိလို့ နာမည်ကြီးလူသိများတယ်ပေါ့ ငယ်စဉ်က အစ်ကိုဖြစ်သူကို လူသတ်သမားလို့စွပ်စွဲပြီး ထောင်သွင်းလို့ အစ်ကိုကရှက်စိတ်ကြောင့်သတ်သေသွားခဲ့တယ် ဒီတော့ မွေးရာပါပါရမီပါလာတဲ့ဒီကလေးက စုံထောက်ကားတွေကြည့်ပြီး ဘယ်လိုသင်ယူရမယ်ဆိုတာလေ့လာခဲ့ပြီး အခင်းနေရာသွား သဲလွန်စတွေစုလာခဲ့တယ် သူယူလာတဲ့သဲလွန်စက တစ်မှုလုံးအတွက် အဓိကဖြစ်နေပေမဲ့လည်း ကလေးတစ်ယောက်ရဲ့စကားကို ဘယ်ရဲမှမယုံကြည်ပေးကြလို့ အစ်ကိုကသေဆုံးခဲ့တာတောင် လူသတ်သမားဘဝနဲ့နေသွားခဲ့ရရှာတယ် ဒီလိုထရော်မာတွေကြောင့် ရဲလုပ်မယ်ဆိုပြီးလျှောက်တော့ မျက်စိမှုန်တာကြောင့် မရခဲ့ဘူးပေါ့ ကျန်တဲ့လူတွေ သူ့အစ်ကိုလိုဖြစ်မှာစိုးလို့ အမှုတွေကို ထောင့်စေ့အောင်စုံစမ်းဖော်ထုတ်ရင်း အတော်ဆုံးဖြစ်လာခဲ့တာပါမျက်နှာဖုံးအမှုမတိုင်ခင် သူရဲ့အမှုကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ မျက်နှာဖုံးအမှုကိုရင်ဆိုင်ရပုံတွေကို ကြည့်ရှုလိုက်ကြပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ KKKZ ~ Alice Wai တို့ပဲဖြစ်ပါတယ် ) File size… 2.03GB ...
movie
Bhoothaddam Bhaskar Narayana (2024)
2024
6.5
Yatra 2 (2024)
Yatra 2 2024၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်း လျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲ ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ ...
movie
Yatra 2 (2024)
2024
7
Haraa (2024)
Haraa (2024) တစ်ကိုယ်တော်ပုစ္ဆာရှင်းတမ်း Genre – Thriller, Action IMDB – 7.8/10အသစ်စက်စက်ထွက်ရှိထားတဲ့ တမီးလ်စကားပြော သည်းထိတ်ရင်ဖို အိန္ဒိယ အက်ရှင်ကားလေး ဖြစ်ပါတယ်။ မင်းသားကြီး Mohan တစ်ယောက် ၁၄ နှစ်ကြာ ဇာတ်ကားမရိုက်ပဲ အနားယူနေခဲ့ရာကနေ ယခုမှ ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွိုင်တာပူရ်မြို့မှာ ဘုရားပွဲ စီတန်းလှည့်လည်မှာကို ရဲတွေတသိုက် ပြဿနာမတက်အောင် လုံခြုံရေးတွေ တင်းကြပ်စွာ ချမှတ်ပြီး အလုပ်တွေ များနေကြတယ်။ အဲဒီမှာလည်း ပဟေဠိဆန်ဆန်နဲ့ ရမ်ဆိုတဲ့ဘဲတစ်ပွေဟာ သမီးဖြစ်သူ အဆုံးစီရင်ပြီး ဆုံးပါးခဲ့ရတာကို ပူဆွေးနေခဲ့တဲ့အတွက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းနေတယ်။ သူ့နောက်ကိုလည်း ရဲလိုလို ဘာလိုလို လူတွေအုပ်လိုက်က အသည်းအသန် လိုက်ဖမ်းနေကြတယ်။သမီးလေးဖြစ်သူ သေဆုံးမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရမ်တစ်ယောက် ကြက်သွန်နွှာသလို တစ်ဆင့်ချင်း ဖော်ထုတ်နေရင်းနဲ့ မြေအောက်လောက လူမိုက်ဂိုဏ်းတွေရဲ့ နိုင်ငံရေး မသမာမှုတွေရဲ့ ကမ္ဘာထဲကို တစ်စတစ်စ ချည်းနင်းဝင်ရောက်မိခဲ့တဲ့အချိန်မှာတော့….။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.9GB / ...
movie
Haraa (2024)
2024
7.8
Srikanth (2024)
Srikanth (2024) ဆရီကန့်သ်ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ...
movie
Srikanth (2024)
2024
7.2
Ayo Balikan (2024)
Ayo Balikan (2024)ဆဲလ်တန်လိုခေါ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဟာ အရမ်းရိုတတ်လို့ တက္ကသိုလ်မှာ ကောင်မလေးတွေကြား ရေပန်းစားလျက်ရှိပါတယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို သုံးရက်ထက် ပိုပြီးတော့ မတွဲတာတောင်မှ ကောင်မလေးအများစုက သူ့အချစ်ကို ရယူနိုင်ဖို ကြိုးစားနေကြတုန်းပါပဲ။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆဲလ်တန်ဟာ သူ့ရဲ့နှလုံးသားကို နားလည်သွားပြီး သူ့ရင်ထဲမှာ တစ်ယောက်သောသူရှိနေတယ်ဆိုတာကို သိသွားပြီးတဲ့နောက်မှာတော့ ရည်းစားမပွေမရှုပ်တော့ဘဲ သူချစ်ရတဲ့ အယ်မာဆိုတဲ့ ကောင်မလေးကို ပြန်ပြီးတော့ လိုက်ဖိုကြိုးစားပါတော့တယ်။ အယ်မာဆိုတာကလည်း သူနဲ့တစ်ချိန်တခါက တွဲခဲ့ပြီးတော့ သူ့သမိုင်းမှာ ထူးထူးခြားခြား သုံးရက်မကတွဲခဲ့တဲ့ကောင်မလေးပေါ့။ဒီလိုနဲ့ ဆဲလ်တန်ဟာ အယ်မာရဲ့အချစ်ကိုပြန်ရဖို ဘယ်လိုတွေ ကြိုးစားသွားမလဲ ..... အယ်မာနဲ့ ဆဲလ်တန်တိုရဲ့ အချစ်ခရီးလမ်းကြားမှာ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 26min Subtitle…. ...
movie
Ayo Balikan (2024)
2024
6
Malayalee from India (2024)
Malayalee From India 2024 ကြုံရဆုံရ ဒီဘဝIMDb - 6.1/10Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ....အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.8GB / 946MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Malayalee from India (2024)
2024
Dhanussh (2024)
Dhanussh (2024) လွတ်လပ်မှုပတ်ဝန်းကျင်ရဲ့အမြင်တွေ ယူဆချက်တွေ လွှမ်းမိုးနေတဲ့ လောကကြီးမှာ မရှင်သန်နိုင်ခဲ့တဲ့ အိပ်မက်တွေ အများကြီး ရှိမှာပါ။ အဲဒီထဲကမှ ရုန်းထွက်ပြီး အိပ်မက်တွေရှင်သန်ဖို့ ကြိုးစားတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ရည်မှန်းချက်က လောကသတ်မှတ်ချက်တွေနဲ့ ကွဲထွက်နေတဲ့အခါ.... နောက် ကျေးလက်တောရွာက ရွာသားဖြစ်နေလို့ တက္ကသိုလ်မှာ ဝိုင်းအနိုင်ကျင့်တာတွေ ခံရတဲ့အခါ... မိသားစုတာဝန်တွေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကြား လွန်ဆွဲရတဲ့အခါ... ဘယ်လိုတွေ ကြုံဆုံရမလဲ ဘယ်လိုတွေ ဆုံးဖြတ်ရမလဲဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ လေးနက်တဲ့အဖြစ်အပျက်တွေ ပါတဲ့ကားမျိုး ကြည့်ချင်ရင်တော့ ဒီဇာတ်ကားက ရွေးကိုရွေးသင့်တဲ့ထဲ ပါပါတယ် လွယ်မလိုနဲ့ ရဖို့ခက်တဲ့ လွတ်လပ်မှု, ပြီးတော့ ဘေးကြပ်နံကြပ်ဖြစ်တဲ့အခြေအနေမှာ မှ ပိုင်ဆိုင်ရတဲ့ ငယ်ရွယ်မှု အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းမလဲ နောက်ဆုံးဘာဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုပြီး အကဲဖြတ်ပေးကြဖို့ တိုက်တွန်းပါရစေ(အညွန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size…2.2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Dhanussh (2024)
2024
First
2
3
4
5
6
Last
Previous
Next