Channel Myanmar

2024

Mr. & Mrs. Mahi (2024) 6.5
Mr. & Mrs. Mahi (2024) IMDb 6.5/10 Rotten tomato 64%မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။ File size… 2.06GB / 1GB  Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team 
movie

Mr. & Mrs. Mahi (2024)

2024
Chalti Rahe Zindagi (2024)
Chalti Rahe Zindagi (2024) Chalti Rahe Zindagi (2024) "ဘ၀အဖုံဖုံ"လောင်ရုံတင်မက ပြာပါကျသွားမဲ့အရှုပ်တော်ပုံကြီးကို ဖန်တီးရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။၀ူဟန်ကတဆင့် ပျံ့ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရက အိမ်ပြင်မထွက်ကြဖို့ တောင်းဆိုထားချိန်။ဒီလော့ခ်ဒေါင်းကြောင့်ပဲ အိမ်နီးချင်းအိမ်ထောင်သည်တွေထဲက လင်ဖြစ်သူနဲ့ မယားဖြစ်သူတို့ ဖောက်ပြန်နေကြတာ ပေါ်လာခဲ့တယ်။မတူညီတဲ့မိသားစုသုံးခုရဲ့ သပွတ်အူလိုရှုပ်ထွေးလှတအကြောင်းအရာတွေ။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို သူတို့တွေရင်ဆိုင်ခံစားရင်း ကျော်ဖြတ်နိုင်ကြမလားဆိုတာတွေကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…1.8GB / 906MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Chalti Rahe Zindagi (2024)

2024
Bhaiyya Ji (2024) 6.6
Bhaiyya Ji (2024) Bhaiyya Ji (2024)"အစ်ကိုကြီး အဖအရာ" ================================The Family Man ထဲက သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စား အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက် သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလို အမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီး မီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhaiyya Ji (2024)

2024
Chandu Champion (2024) 8.3
Chandu Champion (2024) Chandu Champion (2024) "ချန်ပီယံ"ဒီတစ်ခါမှာဆိုရင် ရီဗျူးကောင်းတွေရထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိ အားကစားရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Freddy ရုပ်ရှင်မှာ သွားဆရာဝန်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသား ကာacတစ်ခ် ပါဝင်ထားတာ ဖြစ်ပါတယ်၁၉၅၂ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အိန္ဒိယကိုယ်စားပြု နပမ်းသမား ကာရှာဘာ ကြေးတံဆိပ်ဆုရပြီး ပြန်လာချိန်....နယ်ဘူတာရုံလေးက အားပေးကြိုဆိုကြတဲ့ လူထောင်သောင်းချီကြားမှာ မူရ်လီ ဆိုတဲ့ကောင်လေးလည်း အပါအဝင်ပေါ့အဲဒီကစလို့ အိုလံပစ် ချန်ပီယံဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ကောင်လေး အိမ်က အားမပေးခွင့်မပြုတဲ့ကြားက ရွာက နပမ်းဆရာဆီမှာ ပညာသင် အစွမ်းကုန်ကြိုးစားတယ်တစ်နေ့မှာတော့ အိုလံပစ်ပြိုင်ခွင့်ရဖို့ စစ်တပ်ထဲ ဝင်ဖို့လိုတယ်လို့ လူတစ်ယောက်က သူ့ကိုပြောလာတော့ စစ်တပ်ထဲ ဝင်သွားပါလေရော ဒီကနေ ကံကြမ္မာအလှည့်အပြောင်း အလီလီကျော်ဖြတ်လို့ မလျှော့တဲ့ ဇွဲလုံ့လကြောင့် အိန္ဒိယပထမဆုံး အိုလံပစ် ရွှေတံဆိပ်ရှင်ဖြစ်လာပုံကို ခေတ်အခြေအနေတို့နဲ့ တွဲလျက် တင်ဆက်ထားတဲ့ ရုပ်ရှင်လေးလို့ ညွှန်းလိုက်ပါတယ်ဗျအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 3.4GB / ...
movie

Chandu Champion (2024)

2024
Munkar (2024) 6.4
Munkar (2024) Munkar 2024ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်နောက်ဆုံးထွက်လာတဲ့ အင်ဒို horror ကားလေးပဲဖြစ်ပါတယ် အာရှသရဲကားတွေထုံးစံအတိုင်း မကြောက်ကြောက်အောင် ရှယ်ခြောက်ပေးမှာမို့ သရဲကားဆို အာရှကားမှဆိုတဲ့ပရိသတ်တွေအတွက်တော့ အကြိုက်ပါပဲ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ အာရှသရဲကားတွေကိုမှ ခေတ်မှီပြုလုပ်ချက်တွေနဲ့ ကင်မရာရှုထောင့်တွေ အသံပြုလုပ်ချက်အလန်းတွေနဲ့မို့ ကြည့်ရတာအရသာရှိရှိကြောက်နေရမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟာလီနာဆိုတဲ့ကောင်မလေးတစ်ယောက်က အစ္စလာမ်ဘာသာရေးမိန်းကလေးဘော်ဒါ‌ဆောင်မှာ ကျောင်းသူသစ်လေးပါ ရောက်စဆိုတော့ အဆင်မပြေတဲ့အချိန်မှာ တခြားကျောင်းသူတွေကအနိုင်ကျင့်ရင်းလက်လွန်ပြီး ယဉ်တိုက်မှုဖြစ်သွားပါတယ် ယဉ်တိုက်မှုကနေပြန်ကောင်းလို့ ကျောင်းပြန်ရောက်လာတဲ့အချိန်မှာ တစ်မျိုးဖြစ်ပြီး ထူးဆန်းနေတဲ့ ဟာလီနာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Horror Quality…. 1080p | 720p File size… 875MB | 475MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Munkar (2024)

2024
Pee Nak 4 (2024) 4.9
Pee Nak 4 (2024) Pee Nak 4(2024)သိပ်လည်း မကြောက်ရဘဲ ပေါ့ပေါ့ပါးပါး ကြည့်နိုင်ဖို့အတွက် Pee Nak ရောက်လာပြန်ပါပြီ။ Pee Nak 4 မှာတော့ အရင်ဇာတ်လမ်းလိုပဲ ဘယ်သူက Pee Nak ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတုန်းပါပဲ။ဇတ်လမ်းကိုေတာ့ နာမည်ကျော်မင်းသား မင်ဂျွန်ရဲ့ အာလပ်ရက်ခရီးနဲ့ အစပြုထားပါတယ်။ မင်ဂျွန်တစ်ယောက် မနမန်နေဂျာတွေနဲ့အတူ ကျေးလက်ဘက်က အိမ်ဟောင်းဆီမှာ အပန်းဖြေလာရင်း အမေပေးလိုက်တဲ့ "ဝတ်ပြုဆောင်ကို ပြန်ပြင်ရန်" ဆိုတဲ့ တာဝန်ကိုပါ ယူလာပါသေးတယ်။ ဒီလိုနဲ့ ဝတ်ပြုဆောင်ကို ပြင်ဖို့လုပ်ရင်းက ထူးဆန်းမှူတွေနဲ့ ပုံရိပ်ယောင်တွေ မြင်လာရချိန်မှာတော့... အိမ်ဟောင်းမှာ မက်နေတဲ့ အိပ်မက်တွေရဲ့ အဖြေ... ဝတ်ပြုဆောင်ရဲ့ နောက်ကြောင်းနဲ့... Pee Nak က ဘယ်သူဖြစ်မလဲဆိုတာ ကြည့်ရမှာပါပဲ။Pee Nak ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း လျှိ့ဝှက်တဲ့ဇာတ်ကြောင်းတွေနဲ့ ကြောက်စရာပြကွက်တွေကြားက အခွီအသော ဇာတ်ကြောင်းလေးတွေကိုပါ မြင်တွေ့ရဦးမှာပါ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, ...
movie

Pee Nak 4 (2024)

2024
Raju Yadav (2024) 5.4
Raju Yadav (2024) Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး)ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာက မိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့် အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာ ဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။ သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး ၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာ ခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာ ငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ ....... အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ ..... သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား ...... အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.24GB / ...
movie

Raju Yadav (2024)

2024
A Journey to Kasi (2023) 7
A Journey to Kasi (2023) A Journey to Kasi (2023) "ကာစီသို့ မျဉ်းပြိုင်၂ကြောင်း"ဒီတစ်ခေါက်မှာတော့ စိတ်ဝင်စားစရာ အပြိုင်ဆန့်ကျင်ဘက်နိယာမသဘောကို ဆောင်တဲ့ ဇာတ်လမ်းလေး၂ခုကို ယှဥ်ပြီးရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းပါရဂူဘွဲ့လွန်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ဂျက်ဝက်ဘာတစ်ယောက် တစ်ညမှာ အမျိုးသမီးပြည့်တန်ဆာတစ်ယောက် လမ်းမပေါ်မှာ အမျိုးသားတချို့ဝိုင်းဝန်း အနိုင်ကျင့်နေတာကို တွေ့ပြီးကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ဆက်တွေ့ဖြစ်ခဲ့ကြပြီး ဂျက်ရဲ့ ဆရာကိုရှာဖို့ ကာစီမြို့ကို အတူရှာဖွေရေးတစ်ခုထွက်ခဲ့ကြပါတယ်။နောက်ထပ်ဇာတ်လမ်းတစ်ခုမှာလည်း ဆမ်ဘိုင်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာလည်း သူ့ရဲ့သား ဆီဗာနာဒါကို ကာစီမြို့ကို ဘုရားဖူးထွက်ချင်လို့ လိုက်ပို့ခိုင်းပါတယ်။ ဒါပေမဲ့ အဲ့ဒါကရော သဘောရိုးနဲ့ဟုတ်ရဲ့လား ဆီဗာနာဒါမိသားစုထဲမှာရော ဘာတွေဖြစ်ပြီး ဆွယ်သာကရော ကာစီမြို့နဲ့ဘယ်လိုဆက်စပ်နေမလဲဆိုတဲ့ အပြိုင်ဆန့်ကျင်ဘက်သဘောတရား နိယာမ ဇာတ်လမ်းလေးကို ကြည့်ရှူအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ဇာတ်လမ်းနဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ခင်ဗျာ။ File size…2.38GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

A Journey to Kasi (2023)

2024
Kill (2023) 8
Kill (2023) Kill (2023) "ရထား"IMDb 7.0အချစ်ဇာတ်လမ်းနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်အမိုက်စားတို့ကို ပေါင်းစပ်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးကို streaming ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ကွန်မန်ဒို ကပ္ပတိန်အာမစ်ရာထောသ် စစ်ဆင်ရေးက ပြန်အရောက် ချစ်သူလေးက ရေးကြီးသုတ်ပျာ ဖုန်းဆက်ခေါ်ပါသတဲ့သူ့ကိုအဖေဖြစ်သူက အတင်းစေ့စပ်ပေးတော့မယ်ဆိုတာ သိသိရချင်း လိုက်သွားပြီး ခိုးပြေးဖို့ စီစဥ်ပေမယ့် ကောင်မလေးက အန္တရာယ်များတာကြောင့် ခဏစောင့်ခိုင်းထားပြီး ဒေလီညရထားနဲ့ လိုက်သွားပါတယ်အာမစ်လည်း ဒေလီညရထားအမီ လိုက်လာခဲ့ပြီး ရထားပေါ်မှာ ချစ်သူနှစ်ယောက်အတွေ့ လက်ထပ်ခွင့်တောင်း ခေါင်းတွေညိတ်လို့ ရှေ့ဆက်မယ်ကြံကာမှ ဓားပြတစ်သိုက် ရထားပေါ်ရောက်နေတာ သိလိုက်ရတယ်ကွန်မန်ဒိုရယ် သူ့ဘော်ဒါတစ်ယောက်နဲ့ ဓားပြတွေကို ရထားပေါ်မှာ ဘယ်လိုဖိုက်ကြမလဲ အသက်ရှူမနားရအောင် အက်ရှင်ပြကွက်ခပ်သွက်သွက်နဲ့ အပိုတွေသိပ်မလုပ်ဘဲ ဒဲ့ဗျင်းတာကို ပရိတ်ကြီး ရှုစားရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့CM Bollywood Team က ဖြစ်ပါတယ် File Size....1.7GB / 751MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kill (2023)

2024
Kaazh (2024)
Kaazh (2024) Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Dramaတစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ) File size…1.53GB / 670MB Quality…WEB DL 1080p ...
movie

Kaazh (2024)

2024
Vayassethrayayi Muppathi (2024) 6.7
Vayassethrayayi Muppathi (2024) Vayasethrayaayi Muppathiee ( 2024 ) သတို့သမီးရှာပုံတော်Imdb 8/10မင်းသား ပရာဆန့် မူရာလီ အဓီကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဟာသကားလေးကို အခုတစ်ခေါက်မှာ တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းအသက် ၃၀ အရွယ် ဘရီဂက်ရှ်ဟာ အခုချိန်ထိ လူပျိုကြီးဘဝနဲ့ တစ်ကိုယ်တည်းအားထုတ်နေရတဲ့သူ ဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်ကြားမှာလည်း မျက်နှာငယ် ရွယ်တူအပေါင်းအသင်းတွေကြားမှာလည်း မျက်နှာငယ်ရရင်း နေထိုင်နေပါတယ်။ တကယ်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အကျိုးဆောင်တစ်ယောက်ကို အကူအညီတောင်းပြီး လက်ထပ်ပွဲ ဖြစ်မြောက်နိုင်ဖို့ အားစိုက်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ပွဲမှ မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် သူကိုယ်တိုင်လည်း ဒီလိုအခြေအနေနဲ့ ပတ်သက်လို့ အရမ်းကိုမှ စိတ်ဖိစီးနေခဲ့ရပြီး သူ့ရဲ့သတို့သမီးလောင်းလေးနဲ့ ဘယ်အချိန်မှများ တွေ့ရမလဲလို့ သောကရောက်နေရရှာပါတယ်ဒီကားထဲမှာဆိုရင်တော့ တကယ့်အပြင်လောကက အိန္ဒိယမှာလို အခြေခံလူတန်းစားတွေ အိမ်ထောင်တစ်ခုတည်ထောင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိတတ်ပြီး သာမန်ပတ်ဝန်းကျင်နဲ့ မိသားစုအတွင်းမှာရော ဘယ်လိုအလွဲလေးတွေ အတင်းအဖျင်းတွေ ရှိတတ်ကြောင်းတို့ကို ပေါ့ပေါ့ပါးပါး ဟာသလေးလည်းနှောပြီး ဒရာမာဆန်ဆန် ရိုက်ကူးထားတာဖြစ်လို့ ပိတ်ရက်မှာ အပန်းဖြေတဲ့အနေနဲ့ ကြည့်လို့ရအောင် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ရှင်အညွှန်းနှင့်ဘာသာပြန်ကတော့ CM ...
movie

Vayassethrayayi Muppathi (2024)

2024
Laandhar (2024) 5.6
Laandhar (2024) Laandhar 2024 ( လူထူးဆန်း) Imdb -7.8လူနေထူထပ်လှတဲ့ Coimbatore မြို့တော်ကြီးမှာထူးဆန်းတဲ့အမှုကိစ္စတစ်ခုထွက်ပေါ်လာပါတယ် ဂေါ်ပြားကိုကိုင် မိုးကာကြီးဝတ်ထားတဲ့လူတစ်ယောက်က သူ့လမ်းမှာရှိသမျှလူတိုင်းကို မညှာမတာရိုက်ပစ်တာပါ သူ့ကြောင့်ဆေးရုံတင်ရပြီး အသက်လုနေရတဲ့နစ်နာသူတွေလည်းဒုနဲ့ဒေးဖြစ်လာခဲ့တယ် ဒါကြောင့်ရဲတွေဝင်ပါလာရပြီး ဒီလူကိုအင်တိုက်အားတိုက်ရှာရပါတော့တယ် ဒါပေမဲ့သာမန်လူမဟုတ်တဲ့ ဒီလူထူးဆန်းကြောင့် ရဲတွေပါဆေးရုံတင်ရတဲ့အထိဖြစ်လာတော့ ဒီအမှုထဲ ACP အာရာဗင်ဝင်ပါလာရပါတော့တယ်ACP အာရာဗင်အကြောင်းပြောရရင် ဒီလူကလာဘ်မစား တရားမျှတမှုဘက်တော်သားပေါ့ဗျာ သူ့အထက်ကလူတွေတောင် သူ့ကိုပြန်ကြောက်ရတဲ့အထိ‌ လုပ်ရည်ကိုင်ရည်လည်းရှိတယ် သူ့အမျိုးသမီးကတော့ လူတအားကြောက်ပါတယ် ပြောရရင်တစ်ယောက်တည်းနေရမှာလည်းကြောက်တတ်ပြီး ‌အကြောက်လွန်ရင် မေ့လဲတတ်တဲ့ရောဂါရှိသူတစ်ဦးပါ ကံဆိုးချင်တော့ ဒီလူထူးဆန်းကိစ္စကိုလိုက်မိရာကနေ မိန်းမဖြစ်သူပျောက်သွားလေတော့ သူဘယ်လိုတွေကြိုးစားအားထုတ်ပြီး ပြန်ရှာဖို့ကြိုးစားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thura ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 1.6GB / 713MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Thura ~ ...
movie

Laandhar (2024)

2024
Anjaamai (2024) 7.5
Anjaamai (2024) Anjaamai (2024) "အကြောက်တရားမဲ့" IMDb - 7.6/10၂၀၁၇ခုနှစ်က ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ တမီးလ်ရုပ်ရှင်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့သားကောင်ဖြစ်ရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေးအတွက်ရုန်းကန်ရပုံတွေနဲ့ စနစ်ထဲက မကောင်းတဲ့အရာရှိတွေရဲ့အကျင့်ပျက်ခြစားပုံတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်။မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့တစ်နေ့ ကောင်လေးတစ်ယောက် ရဲစခန်းထဲကိုဝင်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ တိုင်ချက်ဖွင့်ချင်လို့တဲ့။ ဘယ်သူ့ကိုလဲဆိုတော့ အစိုးရကိုတဲ့။အဲဒီကောင်လေးက ပုံမှန်တမီးလ်အစိုးရကျောင်းငယ်လေးမှာတက်ရင်းနဲ့ ခရိုင်အဆင့်မှာ ထိပ်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့သူ။ သူ ပညာရေးမှာကြိုးစားဖို့ အဖေဖြစ်သူ ဆာကာက ပန်းစိုက်ရင်းခက်ခဲပင်ပန်းစွာနဲ့ ပုခုံးထမ်းတင်ပေးခဲ့။အဖေဖြစ်သူ ဆာကာက ရပ်ရွာအကျိုးကို ကိုယ်ကျိုးစွန့်တဲ့ထိလုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ။ သားဖြစ်သူ ထိပ်ဆုံးအဆင့်နဲ့ စာမေးပွဲအောင်ချိန် ဆရာဝန်ဖြစ်ဖို့ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံးပျော်ရွှင်နေကြတာပါ။ ဒီလိုကောင်လေးက ရဲစခန်းထဲကိုဝင်လာပြီး ဘာကြောင့် အစိုးရကိုတိုင်ချက်ဖွင့်ချင်ရတာလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.14GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anjaamai (2024)

2024
The Akaali (2024) 7.8
The Akaali (2024) Akaali (2024)မသေမျိုးမေလ ၃၁ ရက်နေ့မှာ စတင်ရုံတင်ပြသခဲ့တဲ့ အိန္ဒိယ Thriller ရုံတင်ကားကြီး Akaali နဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယကားတွေထဲမှာမှ ထူးထူးခြားခြား အောက်လမ်းပညာပါတဲ့မှုခင်းတစ်ခုအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့... လွန်ခဲ့တဲ့ ၇ နှစ်က ဖြစ်ပျက်ခဲ့တဲ့မှုခင်းတစ်ခု...အစကတော့ မူးယစ်ဆေးဝါးမှုအနေနဲ့ပဲ စတင်စုံစမ်းခဲ့တာ စုံစမ်းရင်းနဲ့ နက်နဲလာတဲ့အခါ ကောင်မလေး တစ်ယောက်ပြန်ပေးဆွဲခံရတာတွေ မြို့တစ်မြို့ထဲမှာတင် လူ ၁ သောင်းကျော် ပျောက်ဆုံးသွားတာတွေ သင်္ချိုင်းဖောက် အလောင်းတွေ တူးထုတ်ခံရတာတွေနဲ့ ဆက်စပ်နေတာ တွေ့ရတယ်ဒါပေမဲ့ အဲဒီအမှုက အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခဲ့ပြီး ၇ နှစ်အကြာမှာမှ ပြန်စစ်ဆေးဖို့ ဖြစ်လာခဲ့တယ် အဲဒီအမှုကို ခေါ်တာက "ဂျာနစ်လူသတ်မှု"ဂျာနစ်ဆိုတာက လူလား အဖွဲ့အစည်းလားတော့ ဘယ်သူမှမသိခဲ့ကြဘူး နည်းပညာ တိုးတက်ပြီးသားနိုင်ငံမှာ အောက်လမ်းတွေ အယူသည်းတာတွေ ယဇ်ပူဇော်တာတွေက ရှိနေသေးတယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့တာလဲမှုခင်းတွေရဲ့ နောက်ကွယ်မှာရော ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတာလဲ အဖြေထုတ်ရခက်တဲ့ ပွေလီရှုပ်ထွေးမှုတွေနဲ့ အောက်လမ်းနည်းပညာတွေ၊ နောက် စုံစမ်းစစ်ဆေးမှုတွေကြားထဲက ကွက်လပ်တွေ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ သဲထိတ်ရင်ဖို ဖြစ်ရပ်တွေကို cinematic ရိုက်ကူးချက်အလန်းစားတွေနဲ့ ကြည့်ချင်တော့ ဒီကားလေးကို ဆက်ဆက်ကြည့်ရှုဖို့ ...
movie

The Akaali (2024)

2024
Chef Chidambara (2024) 7.8
Chef Chidambara (2024) Chef Chidambara (2024) ====================ဒီနေ့မှာတော့ ကျွန်တော်တို့ ဘောလိဝုဒ်ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း တော်တော်လေးကောင်းတဲ့ကားမို့ အားလပ်ချိန်မှာကြည့်ရှူဖို့အတွက် သင့်လျော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျား။ဇာတ်လမ်းအကျဉ်းချီဒူးဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘိုးဘွားပိုင် ကမ်းခြေဘေးက ဟိုတယ်တစ်ခုကို ပေါင်ထားရပြီး ပြန်ရွေးနိုင်ဖို့အတွက် အတော်လေးရုန်းကန်ကြိုးစားနေရပါတယ်။သတ်မှတ်ထားတဲ့အချိန် ငွေမပေးနိုင်လို့ တစ်လလောက်အချိန်ထပ်ပေးဖို့ သွားပြောရင်း သူဌေးဖြစ်သူရဲ့ အမျိုးသမီးနဲ့ခေတ္တတွေ့ခဲ့ပြီး သူဌေးကိုပေးနိုင်ဖို့ ပိုက်ဆံရှာဖို့ ခေါင်းစားနေတုန်းမှာပဲ ခုနက သူဌေးကတော်ဖြစ်သူက လူအများသိလို့မရတဲ့ အရာတစ်ခုကို ကူညီပေးဖို့ပြောလာပါတယ်။ဖြစ်ပုံက သူဌေးကတော်ရဲ့ လက်ရှိအိမ်ထောင်မတိုင်ခင်မှာ တွဲခဲ့တဲ့ ဗစ်ကီဆိုတဲ့ ဘဲတစ်ဗွေက သူတို့အတူနေထားတဲ့ပုံတွေ ဗီဒီယိုတွေကို ရိုက်ထားပြီး သူ့ကိုလာပြီး ငွေညှစ်နေတာကို ချီဒူးကိုအဲ့ဒီဖိုင်တွေ သွားယူပြီး သူတောင်းတဲ့ပိုက်ဆံ ၁၀သိန်းကိုပေးခိုင်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ချီဒူးတိုက်ခန်းဆီ ဗစ်ကီရောက်သွားတဲ့အချိန်မှာ မတော်တဆ အဲ့ဒီလူကသေသွားပါတယ်။ ဒါပေမဲ့ဇာတ်လမ်းက အဲ့ဒီမှစတာပါ။ ပုံတွေ ဗီဒီယိုတွေ ပါတဲ့ဖုန်းက ဗစ်ကီဝရံတာမှာ ဖုန်းထွက်ပြောတုန်း ကားတစ်စီးပေါ်ပြုတ်ကျပြီး ပါသွားတာပါ။ အဲ့ဒါကိုသူလည်းမသိလိုက်ပါဘူး။ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ ဖုန်းကို ...
movie

Chef Chidambara (2024)

2024
The Goat Life (2024) 8.6
The Goat Life (2024) Aadujeevitham - The Goat Life (2024) "ကန္တာရအလယ်"IMDb 8.6ပရိသတ်ကြီးအတွက် မလေယာလမ်ရုံတင်ကားသစ်ကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်၂၀၀၈ ထုတ် ဖြစ်ရပ်မှန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဒီကားလေးမှာဆိုရင် Saalar, Bade Miyan Chote Miyam တို့လို နာမည်ကြီးကားတွေထဲက မင်းသား Prithviraj Sukumaran ပါဝင်ထားပြီး ရုံတင်ဝင်ငွေ ၁၆၀ ကုဋေ ရထားတဲ့အပြင် တတိယဝင်ငွေအကောင်းအဆုံး မလေယာလမ်ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်ကနဦးအနေနဲ့ အာရပ်နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ခဲ့ပြီး အခုလက်ရှိ ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်လို နိုင်ငံတွေက ပိတ်ပင်ထားဆဲပါ အရှေ့အလယ်ပိုင်းမှ ဆော်ဒီ၊ ကာတာတို့ကို ချမ်းသာတဲ့ ရေနံနိုင်ငံတွေအဖြစ် လူသိများကြတယ် သူတို့ဘက်က ခေါင်းဆောင်တွေကလည်း ကမ္ဘာ့အလယ်မှာ သူတို့နိုင်ငံ ဂုဏ်သတင်းကျော်ဇောစေရန် အဘက်ဘက်က လုပ်ဆောင်လာကြပေမယ့် လူအများစုရဲ့စိတ်ထဲမှာတော့ ပြစ်ချက်တစ်ခုကရှိနေတုန်းပါအဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ ဒီရုပ်ရှင်ဇာတ်လမ်းအကျဥ်းကို ပြောရရင် နာဂျိဘ်ဆိုတဲ့ မလေယာလမ် အိန္ဒိယလူမျိုးတစ်ဦးနဲ့ ဟာကင်ဆိုတဲ့ ခပ်ငယ်ငယ်ကောင်လေးတို့ဟာ ဆော်ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြပါတယ်အေးဂျင့်စကားအရ ကုမ္ပဏီမှာ အလုပ်ရမယ် မြို့မှာနေစရာရမယ်လို့ ယုံကြည်ထားတဲ့ သူတို့နှစ်ယောက် လာခေါ်တဲ့ကားနဲ့ ...
movie

The Goat Life (2024)

2024
Moorane Krishnappa (2024) 7.5
Moorane Krishnappa (2024) Moorane Krishnappa (2024) "အထူးဧည့်သည်တော်"ဝေဖန်ရေးဆရာတွေရဲ့ ရီဗျူးကောင်းတွေ ရထားတဲ့ အသစ်ထွက် ကန်နားဒါး ကျေးလက်ဟာသ ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်ကျေးရွာဥက္ကဌတစ်ဦးဟာ ရွာဘုရားကျောင်းသစ်ကို တည်ဆောက်ပေးထားပြီး ဖွင့်လှစ်ပွဲအတွက် အထူးဧည့်သည်တော် နာမည်ကြီးဟာသသရုပ်ဆောင်တစ်ယောက်ကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်အကြောင်းမှာဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ပြိုင်ဘက်ထက် မဲအသာရစေဖို့ ဘာသာရေးအမည်တပ်ပြီး ရွာသားတွေအကြိုက်ဆောင်ဖို့ပါပဲ ဖြစ်ချင်တော့ ငါးရက်အလိုမှာ အဆိုပါနာမည်ကြီးမင်းသားဟာ ရုတ်တရက်ဆုံးသွားလို့ ဘုရားကျောင်းဖွင့်ပွဲအတွက် အထူးဧည့်သည်တော်တစ်ဦးကို အလျင်အမြန်ရှာဖွေဖို့လိုလာတဲ့အခါမှာ ခရစ်ရှ်နာပါဆိုသူ ရွာက သင်္ချာဆရာတစ်ယောက်ကို ခေါ်ပြီး သူ့ရဲ့အဆက်အသွယ်နဲ့ နာမည်ကြီးပုဂ္ဂိုလ် ရှာပုံတော်ဖွင့်ကြပုံကို ဟာသလေးနှောပြီး ပရိသတ်ပြုံးပျော်စေနိုင်ဖို့ တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်က​တော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.8GB / 855MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Moorane Krishnappa (2024)

2024
Saramsha (2024) 7
Saramsha (2024) Saramsha 2024 (စာရေးဆရာနဲ့ ဇာတ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ပုဒ်)မွေးစားမိဘတွေနဲ့အတူတူနေတဲ့ တေဂျက်စ်ဝီဆိုတဲ့ကောင်လေး၊ သူဟာ စာဖတ်ရတာကို ဝါသနာပါပြီးတော့ စာရေးဆရာဖြစ်ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့။ငယ်ငယ်လေးကတည်းက ကဗျာတွေလည်းရေးရင်း စာလည်းကြိုးစားလို့ ကျောင်းမှာ ဆရာမတွေရဲ့အချစ်တော်လေး ဖြစ်ခဲ့သူတစ်ယောက်ပေါ့။ သူဟာ မိဘတွေအတွက် အရှင်ကပေးတဲ့လက်ဆောင်လို့ မှတ်ယူရင်း မိဘတွေစိတ်ချမ်းသာအောင်ပဲ အမြဲထားချင်တဲ့ ကလေးလေးတစ်ယောက်ပေါ့။ ဒီမှာ ထူးဆန်းတာက တေဂျက်စ်ဝီရဲ့ စာရေးခုံမှာရှိနေတဲ့ အရုပ်လေးနှစ်ရုပ်က သူနဲ့အတူတူ စကားပြောပေးတာပါပဲ။ဒီလိုနဲ့ အသက်တွေကြီးလာတော့လည်း စာရေးဆရာဖြစ်ချင်တဲ့ ဝါသနာအရ စာတွေရေးရင်းနဲ့ သူ့ရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ အာဘေးနဲ့ အပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ....... စာရေးဆရာနဲ့ ဇာတ်ကောင်ကြား ဘာတွေဖြစ်လာမလဲ ......ဒီလို စိတ်ကူးရင်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ ဘယ်လို စိတ်ခံစားချက်တွေနဲ့ ဘယ်လို ဒရာမာဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ .... တေဂျက်စ်ဝီကရော နောက်ဆုံးမှာ သူဖြစ်ချင်ခဲ့တဲ့ စာရေးဆရာ ဖြစ်လာမလား ..... ဆိုတာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) File size…1.8GB / 622MB Quality…WEB DL 1080p ...
movie

Saramsha (2024)

2024
Kaaduvetty(2024) 6
Kaaduvetty(2024) Kaaduvetty 2024 (ဘောလိဝုဒ် ရိုမီရိုနဲ့ဂျူးလိယက်) IMDb - 6.1/10နာမည်ကျော် ရှိတ်စပီးယားပြဇာတ် ရိုမီယိုနဲ့ဂျူးလိယက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အားလုံးသိကြ နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောလိဝုဒ်ဗားရှင်း ရိုမီရိုနဲ့ဂျူးလိယက်ကားလေးကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းမှာ ရိုးရာအကသဘင်ပညာရှင်တစ်ဦး၏ သမီးဖြစ်သူ ဒက်ရှာရီနီနဲ့ ဇာတ်နိမ့်မျိုးနွယ်မှာ ပေါက်ဖွားကြီးပြင်းတဲ့ အခီလန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။အခီလန်ဟာ ဒက်ရှာရီနီကိုချစ်မိသွားပြီး သူမရဲ့အချစ်ကိုမရရအောင် ကြိုးစားယူခဲ့အပြီးမှာ နောက်ပိုင်းသူတို့ ချစ်သူ၂ဦး အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။ဘောလိဝုဒ် အချစ်ဇာတ်လမ်းတွေ အလွမ်းအဆွေးကားတွေကို အားလပ်ချိန်မှာ ကြည့်ရှူမယ့် ပရိတ်သတ်တို့အတွက် အချိန်ပေးရတာတန်မယ့်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kaaduvetty(2024)

2024
Mandakini (2024) 6.6
Mandakini (2024) Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား)IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစား‌ဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.06GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mandakini (2024)

2024