Channel Myanmar

2024

My Husband’s Seven Wives (2024) 5.1
My Husband’s Seven Wives (2024) My Husband's Seven Wives (2024) ==========================ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက် အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီး Pamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာ ပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေ ကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန် ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံ တွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှု ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.56 GB) / (600 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

My Husband’s Seven Wives (2024)

2024
Upadhyaksha (2024) 7.7
Upadhyaksha (2024) Upadhyaksha (2024) "ဒုဥက္ကဌ" IMDb - 7.8/10Adyaksha (2014)ရဲ့ sequelအနေနဲ့ ဒါရိုက်တာအာနေးလ်ကူးမား ရိုက်ကူးပုံဖော်ထားတဲ့ ကန်နာဒါးစကားပြော အိန္ဒိယ အချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ Adyaksha (2014)မှာတုန်းကတော့ ချီသူဆိုတဲ့အသင်းကြီးရဲ့ ဥက္ကဌရဲ့ အချစ်ရေး နိုင်ငံရေးပေါ့။ အခုရုပ်ရှင်လေးမှာတော့ မြို့လေးမှာကျန်ခဲ့တဲ့ အသင်းကြီးရဲ့ ဒုဥက္ကဌရဲ့အကြောင်း။ ရှေ့ကကားကြည့်မထားလည်း ကြည့်လို့ရပါတယ်ဗျ။အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူက မြို့မှာမရှိတော့ဘဲ တနယ်တကျေးမှာ မိသားစုနဲ့အခြေချသွားပေမဲ့ ဒုဥက္ကဌဖြစ်သူ နာရာယာနာကတော့ ဥက္ကဌနေရာကိုမယူဘဲ ဒုဥက္ကဌနေရာကပဲ အသင်းကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။သူ့ပြိုင်ဘက်ကတော့ ဥက္ကဌရဲ့ယောက္ခထီးဖြစ်သူ တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မြို့မျက်နှာဖုံး ရှီဗာရူဒရာဂိုဒါရူ။ သူတို့တွေ မြို့လေးအပေါ်ဩဇာအာဏာသက်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ယှဉ်ပြိုင်ကြတာကို ဟာသနှောလို့ တသောသောရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုအပန်းဖြေကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.73GB / 1.4GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Upadhyaksha (2024)

2024
Ooru Peru Bhairavakona (2024) 6.5
Ooru Peru Bhairavakona (2024) Ooru Peru Bhairavakona (2024) "ကျတ်ရွာ" IMDb - 6.5/10အသစ်ထွက်ရှိလာတဲ့ ခပ်ဆန်းဆန်း fantasy thrillerအမျိုးအစား တလေဂူးလ်စကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဦးလေးဆီမှာ အလုပ်လုပ်တာနဲ့ မြို့မှာအလုပ်လုပ်တာ ဓာတ်ပုံရိုက်ခံရတာခြင်းတော့တူတယ်။ ဦးလေးဆီမှာအလုပ်လုပ်တာက ဒုစရိုက်လုပ်ငန်းဆိုတော့ ရဲတွေဓာတ်ပုံရိုက်တာခံရပြီး မြို့မှာလုပ်တဲ့အလုပ်ကကျ ရုပ်ရှင်ထဲမှာဆိုတော့ ပရိသတ်တွေဓာတ်ပုံရိုက်ခံရတာဆိုတဲ့ ခံယူချက်နဲ့ ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ပို့နေရာလေးတွေက သရုပ်ဆောင်နေတဲ့ ဘာဆာဗာ။တစ်ရက်မှာတော့ ဦးလေးဖြစ်သူ အကြီးအကျယ်ဒုက္ခရောက်နေပြီး မဖြစ်မနေလုပ်ပေးရမဲ့ အလုပ်က မိန်းကလေးတစ်ယောက်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့။ မိန်းကလေးကိုခေါ်လာတဲ့လူက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့လူ။မိန်းကလေးကို ကားနောက်ဖုံးထဲမှာ မေ့ဆေးတိုက်ပြီး ခေါ်လာတာကိုတွေ့လို့ မျက်နှာကိုမြင်လိုက်ရတော့မှ သူစွဲလန်းခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေတာကို သိလိုက်ရတဲ့အခါ...။အဲဒီကနေမှ ရောက်ပြီးရင် ပြန်လမ်းမရှိဘူးလို့ နာမည်ကြီးနေတဲ့ ဘိုင်ရာဗာကွန်နာအမည်ရှိနေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.33GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ooru Peru Bhairavakona (2024)

2024
Thookudurai (2024) 6.8
Thookudurai (2024) Thookudurai (2024) "ရေတွင်းသရဲ"IMDb 6.8 ရထားပြီး အမှန်အကန်ရယ်ရမယ့် တမီးလ် ဟာသ/သရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ ပိုစတာမှာ ယိုဂီဘာဘူကို မြင်လိုက်တာနဲ့ အဖောက်တလိုင်း ဇာတ်ကားဆိုတာ ပရိသတ်တို့ တန်းပြီးသိမှာပါလေဒီလိုဇာတ်ကားမျိုးကို မဆလာဖလင်လို့လည်း ခေါ်ကြပါသေးတယ် ဇာတ်လမ်း/ဇာတ်ကောင် ရှိရှိသမျှ ရောသမမွှေထားတဲ့ အဓိပ္ပာယ်ပေါ့ခင်ဗျာဇာတ်လမ်းအကျဥ်းကတော့... အလုပ်မရှိ စားစရာမရှိလို့ ခိုးစားဖို့ကြံတဲ့ သူခိုးသုံးယောက်က ဒဏ္ဏာရီလာ သရဖူကိုမှ ခိုးမိသွားတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သမီးရှင်အဖေ သဘောမတူလို့ ယိုဂီဘာဘူတို့ ချစ်သူနှစ်ယောက် ခိုးရာလိုက်ပြေးရာက လက်ပူးလက်ကြပ်မိတော့ ယိုဂီဘာဘူတစ်ယောက် ရေတွင်းထဲ ပြုတ်ကျပြီး အစိမ်းသေ သေသွားတဲ့အခါမှာ သူ့ကောင်မလေးယူလာတဲ့ သရဖူပါအဆစ်ပါသွားတယ်ဒီကနေ မျက်မှောက်ခေတ်မှာ သရဲဖြစ်နေတဲ့ ယိုဂီဘာဘူက အားလုံးကို လိုက်ခြောက်ပြီး ပေါက်ကရတွေ ဖြစ်ကုန်တာပါပဲအဆက်အစပ်မတည့်တဲ့ ဟိုတစ်စဒီတစ်စ ဇာတ်လမ်းတွေအကုန် သူ့အလိုလို ပေါင်းစပ်သွားပြီး အစုံသုပ်လိုမျိုး ဦးတည်ရာ မယ်မယ်ရရ မရှိပေမယ့်လည်း...ဇာတ်လမ်းရဲ့ လိုရင်းဖြစ်တဲ့ တောင်စဥ်ရေမရ ဗြောက်သောက် ဖျော်ဖြေရေးက အားမနည်းသွားတာမို့ ကြည့်နေရင်း အချိန်ကုန်မှန်းမသိလိုက်နိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်မှာ အသေအချာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Thookudurai (2024)

2024
Merry Christmas (2024) 7.7
Merry Christmas (2024) Merry Christmas 2024 (မယ်ရီခရစ္စမတ်)IMDb 7.7/10အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးဗီဂျေးနဲ့ တိုက်ဂါးမင်းသမီးလေး ကတ်တရီးနားတို့ရဲ့ ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ ဒီကားထဲမှာလည်း မမကဘယ်လိုဆွဲဆောင်မှုတွေပြမလဲ ကြည့်လိုက်ကြရအောင်ဒါ့အပြင် Neo-Noir ရုပ်ရှင်အထာနဲ့မို့ အိန္ဒိယရုပ်ရှင်တွေထဲမှာ ကွဲထွက်နေပြီး အတော်လေးအရသာရှိတဲ့ ရုပ်ရှင်ပဲခင်ဗျ... တစိမ့်စိမ့်နဲ့ အရသာရှိတယ် femme-fatale ကာရိုက်တာလေးနဲ့ဆိုတော့ နက်ရှိုင်းတဲ့ အိပ်မက်တစ်ခုထဲ လမ်းပျောက်နေသလို ဖီလင်မျိုးပေါ့"အရုဏ်မတက်ခင်ရောက်တဲ့ညအချိန်က အမှောင်ဆုံးပါပဲ" အပျော်ရွှင်ရဆုံးအချိန်မရောက်ခင် ‌ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေကိုဖြတ်ကျော်ရစမြဲပါပဲ ။။မိခင်ဖြစ်သူဆုံးပါးသွားလို့ ဒူဘိုင်းကနေ မွေးရပ်မြေပြန်လာခဲ့တဲ့ အဲလ်ဘတ် ခရစ္စမတ်အတွင်းပြန်ရောက်လာခဲ့ပေမဲ့ အမေတစ်ခု သားတစ်ခုဘဝမှာ အမေမရှိတော့ ယောင်လည်လည်ဖြစ်ပြီး ဘားထိုင်ရင်း အချိန်ဖြုန်းနေခဲ့တယ် ဒီမှာသူနဲ့‌ဆုံတွေ့ခဲ့တာက မာရီယာပေါ့ ယောကျာ်းဖြစ်သူဖောက်ပြန်နေလို့ လက်စားချေမယ်ဆိုပြီး ဖုန်းပြောဖြစ်နေတဲ့ကောင်လေးနဲ့ဒိတ်ဖို့စီစဉ်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့စစချင်းဒိတ်မှာတင် တစ်ဖက်ယောကျာ်းလေးကထွက်ပြေးသွားလေရဲ့ အကြောင်းကတော့ ဒိတ်ပါတယ်ဆို မာရီယာကကလေးခေါ်လာမိလို့ပါ စင်ဂယ်မားသားလည်းဆိုရော ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ထွက်ပြေးသွားတော့ မာရီယာတစ်ယောက် ဘားမှာငူငူကြီးဖြစ်နေချိန် အဲလ်ဘတ်နဲ့ဆုံတွေ့ခဲ့တယ် ဒီလိုနဲ့၂ယောက်သားရင်းနှီးသွားကြပြီး မာရီယာ့အိမ်အလည်လိုက်သွားမိလေရဲ့ဒါက သူတို့ရဲ့အမှောင်ဆုံးအချိန်များဖြစ်သွားမလား အိမ်မှာထင်မှတ်မထားတဲ့ လူသေမှုနဲ့ရင်ဆိုင်လိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~KKKZ ပဲဖြစ်ပါတယ် ) File size…2.1GB/919MB Quality…WEB DL 1080p / ...
movie

Merry Christmas (2024)

2024
The Parades (2024) 6.7
The Parades (2024) The Parades (2024)လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား???? ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့ နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရော သေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား? ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie "The Parades" ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာ သူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့ သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့် မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။ သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB ...
movie

The Parades (2024)

2024
Anweshippin Kandethum (2024) 8.3
Anweshippin Kandethum (2024) Anweshippin Kandethum (2024) အင်စပတ်တာနဲ့ လူပျောက်မှု Imdb 8.3/10ပရိသတ်ကြီးအတွက် ဒီနေ့ပဲ netflix ကနေ ott လွှင့်ပေးလိုက်တဲ့ အိန္ဒိယစုံထောက်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်စုံထောက်ကားကောင်းမှကြိုက်တယ်တို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းတာမှကြည့်ချင်ဝာာတို့ ရှားလော့ဟုမ်းတို့လို အခင်းနေရာစိတ်ထဲ‌ပုံ‌ဖော်တဲ့ အကွက်တွေ ဟာကျူလီပွန်ရိုးတို့လို ‌သက်သေရှာတဲ့အကွက်တွေ စတဲ့ စုံထောက်ပညာအစုံနဲ့ မှုခင်းကားကောင်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူ ကောင်မလေးတစ်ယောက် ကျောင်းကအပြန် အိမ်ပြန်ရောက်မလာလို့ သူ့အဖေက ရဲစခန်းမှာ လူပျောက်လာတိုင်တာကနေ ဘတ်စကားဂိတ်ကနေစပြီး အမှုပေါ်တဲ့ထိ စုံထောက်ကြီးရဲ့ ခရေစေ့တွင်းကျ သဲလွန်စတွေတစ်ခုချင်းစီ လိုက်ဖော်ထုတ်တာကို တွေ့ရမှာပါ ကောင်မလေးက ဘာလို့ပျောက်သွားတာလဲ ပြန်ရောတွေ့မှာလား ဘယ်သူက ဘာလုပ်သွားတာလဲ အသက်ရောရှင်နေသေးလား စတဲ့ အကြောင်းအရာပေါင်းများစွာကို အဖြေသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုကြဖို့ ပြောကြားညွှန်းဆိုပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) File size…2.11GB / 980MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anweshippin Kandethum (2024)

2024
The Wings of the Dove (1997) 7.1
The Wings of the Dove (1997) The Wings of the Dove (1997)~ IMDb - 7.6/10, Rotten Tomatoes - 100% ~မီလီ - "ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့"မာတွန် - "ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ"မီလီ - "ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်""ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။" မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ ...
movie

The Wings of the Dove (1997)

2024
Players (2024) 5.6
Players (2024) Players (2024)ဒီနှစ်မှ အသစ်ကျပ်ချွတ်ထွက်ရှိထားတဲ့ အမေရိကန် Rom-Com လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကတည်းက ပေါင်းသင်းလာပြီး သတင်းစာတိုက်တစ်ခုတည်းမှာ အတူအတူအလုပ်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတစ်အုပ်ရှိပါတယ်။ သူတို့ကြားက ပိုပြီးထူးခြားတာလေးတစ်ခုကတော့ သူတို့ရဲ့ ကစားပွဲလေးတွေပါ။ သူတို့ သူငယ်ချင်းတစ်အုပ်ဟာ ပုံမှန်ဆိုသလိုပါပဲ ဘားတွေ ကလပ်တွေ ဆိုင်တွေ ပွဲတွေမှာ မျက်စိကျတဲ့သူကိုတွေ့ပြီဆိုတာနဲ့ သူတို့ရဲ့ ကစားကွက်ကို ခင်းပါပြီ။ တစ်ညတာအပျော်ဇာတ်ခင်းဖို့အတွက် သူတို့ရဲ့ ကစားကွက်တွေက ကုန်ခမ်းတယ်လို့ရယ် မရှိပါဘူး။ တစ်ယောက်က မျက်စိကျတဲ့သူတွေ့ပြီဆိုတာနဲ့ တစ်အုပ်စုလုံး ဝိုင်းဝန်းဇာတ်ပို့လိုက်ကြတာပါပဲ။အားလုံးထဲမှာမှ မက်ခ်လို့ခေါ်တဲ့ မိမိမိုက်မိုက် အားကစားသတင်းထောက်မမကြီးကတော့ ဆရာမကြီးပေါ့။ မက်ခ်အဖို့ရာ ယောက်ျားတစ်ယောက်ကို တစ်ညတာအပျော်ကစားဖို့ အကွက်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ သူတို့ သူငယ်ချင်းတစ်အုပ်ကလည်း အမြဲစည်းစည်းလုံးလုံးပါပဲ။ ဒါပေမဲ့ ဒီလို မက်ခ်ခမျာ ယောက်ျားတစ်ယောက်ကို အပြတ်ကြွေသွားတဲ့အခါမှာတော့…လူတစ်ယောက်ကို ချစ်မိရင် သိမ်ငယ်စိတ်က မသိမသာလိုလိုနဲ့ ကပ်ပါတတ်ပါတယ်။ ဒါဟာ ဆရာမကြီးရဲ့ ကျဆုံးခန်းပါပဲ။ ...
movie

Players (2024)

2024
E-Sarn Tootsie Part 2 (2024)
E-Sarn Tootsie Part 2 (2024) တောပန်းလေးများ ပွင့်ရာမြေ အပိုင်း ၂ (၂၀၂၄)တောမှာ ပွင့်တဲ့ တောပန်းပွင့်လေးတွေ အပိုင်း ၂ လာပါပြီနော်။ဇာတ်ကားလေးကတော့ LGBTQ+ကို အသားပေး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ OMGဇာတ်လမ်းတွဲတွေထဲက အဓိကသရုပ်ဆောင်ပန်ကိတ်လေးပါဝင်နေတော့ အထွေအထူးညွှန်းနေဖို့မလိုတော့ပါဘူးအိုလေ့ ဆူးကတ် မိုင့်မင်းတို့က အချော်တကောက်သယ်ရင်းတွေပါ အိုလေ့ကတော့ အလှမယ်ပြိုင်ပွဲမှာ သရဖူရဖို့ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ခဲ့ပေမယ့် မပြည့်စုံတဲ့သူ့အလှကြောင့် အိပ်မက်မဖြစ်နိုင်ခဲ့ပါဘူး အိုလေ့တယောက် သူ့ရဲ့အစားထိုးပြိုင်ပေးဖို့ အလှမယ်တစ်ယောက်ကို လိုက်ရှာနေခဲ့တော့တယ် တိုတေလို့ခေါ်တဲ့ကျေးလက်အဆိုတော်ကောင်လေးကို အတုမပေးလုပ်ပြီး ပြိုင်ခိုင်းဖို့ သိမ်းသွင်းဖို့ ကြံနေရာ တိုတေရဲ့မိဘတွေက ခွင့်မပြုတာကြောင့် အိုလေ့တို့သူငယ်ချင်းတွေ ဘယ်လိုအကြံအစည်တွေ ထုတ်ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါအညျွန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Fake Love ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 720p File size… 705MB Format… mp4 Duration…. 1h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Fake Love Encoder ..... Aaron
movie

E-Sarn Tootsie Part 2 (2024)

2024
Vadakkupatti Ramasamy (2024) 6.8
Vadakkupatti Ramasamy (2024) Vadakkupatti Ramasamy (2024) ဗာဒါကူပါတီဂေါကပလေးဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးကို တောင်ပိုင်းဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ..ဟာသကားဆိုပေမဲ့ ဇာတ်အိမ်တည်ထားတာက ဘာသာရေးကိစ္စဖြစ်လို့ ပညာပေးဟာသကားလို့ပြောရင်လဲ မမှားပါဘူးဗျာ ရွာတစ်ရွာမှာ ရာမာဆာမီဆိုတဲ့ ဘုရားမယုံတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်သူတို့ရွာမှာကိုးကွယ်တဲ့ သာနာကာနတ်သမီးရဲ့ကျောင်းဆောင်ဟာ ရေကြီးလို့ ပျက်စီးသွားပါတယ်တဲ့ ... အဲ့အချိန်မှာ ရာမာဆာမီက ပိုက်ဆံရဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဘာသာရေးကိုခုတုံးလုပ်ရမယ်လို့ ဆုံးဖြတ်လိုက်ပြီး နတ်သမီးကပဲ သူ့ဆီကိုကြွလာတဲ့ပုံနဲ့ သူ့ခြံထဲမှာ ဘုရားကျောင်းဆောက်ပြီး ဂွင်ဖန်နေပါတော့တယ်....တစ်နေ့မှာတော့ သူတို့ရွာကို အရာရှိအသစ်ရောက်လာတဲ့အခါမှာ ဒီလိုဘာသာရေးအကြောင်းပြဂွင်ဖန်နေတာကို ဘယ်လိုဆက်လုပ်မလဲ ဂေါပကလေးရာမာဆာမီတစ်ယောက် ရွာသားတွေကို ဘယ်လိုဂျင်းထည့်မလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရီရီမောမောနဲ့ ဆက်အားပေးရမှာပါ....ဇာတ်လမ်းလေးလဲပညာရ ဟာသကားလေးဆိုဝော့ာ စိတ်ပန်းလဲပြေစေလို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.51GB / 1.11GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Vadakkupatti Ramasamy (2024)

2024
Death is All Around (2024) 5
Death is All Around (2024) Death is All Around (2024) သင့်အနီးအနားက မရဏတရားလူသားတွေက စိတ်ညစ်တာတွေများလာတဲ့အခါ အရမ်းတွေစိတ်ဖိစီးလာခဲ့အခါမျိုးမှာ လွတ်ရာလွတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်တတ်ကြပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်က နောင်ဘဝကို မကူးခင် အပြစ်တွေကိုကျေအောင်အရင်ဆပ်ရပါတယ်။ သတ်သေတဲ့ ဝိညာဉ်တွေကို အပြစ်တွေကျေနိုင်ဖို့ ကူညီလမ်းပြပေးနေတဲ့ ကူညီသူဆိုတာရှိပါတယ်။ ကူညီသူတွေကတော့ လူသားလည်းမဟုတ် ဝိညာဉ်လည်းမဟုတ် လူတွေရဲ့ယုံကြည်မှုကနေ မွေးဖွားလာသူတွေပါ။ ကူညီသူတွေမှာ လူသားတွေနဲ့တိုက်ရိုက်ပတ်သတ်မှုမရှိရ ချစ်သူမဖြစ်ရဆိုတဲ့ စည်းကမ်းချက်ကရှိနေပါသေးတယ်။ ကူညီသူတွေထဲကမှ အတော်ဆုံးနံပါတ်၁ဖြစ်တဲ့ ကူညီသူသန့်ခ်ကတော့ လူသားတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးရင်း လူသားကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့ ........ အဲဒီကောင်မလေးနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ..... ကူညီသူတစ်ယောက်ရဲ့ တာဝန်တွေကျေပွန်အောင်ရော ဘယ်လိုတွေ ထမ်းဆောင်သွားမလဲ... ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Kaung, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1GB | 519MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Death is All Around (2024)

2024
Bachelor Party (2024) 6.4
Bachelor Party (2024) Bachelor Party (2024) "ကြိုးပြတ်သွားသော ခိုင်းနွား" ========================= IMDb 6.6 ရထားပြီး အမှန်အကန်ရယ်ရမယ့် ကန်နားဒါး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဥ်းကတော့ ဆန်တို့ရှ်က ရိုးသားကြိုးစားပြီး ဘော့စ်က အားထားရတဲ့ဝန်ထမ်း - မိသားစုကို လိုလေသေးမရှိရလေအောင် ထောက်ပံ့တဲ့လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ အိမ်ပြန်ရောက်လာရင်တော့ ကြင်သူသက်ထားရဲ့ ခြေသုတ်ခုံဘဝကို ရောက်သွားပါတယ်...ဆန်ဒယာက ဘာအလုပ်မှမလုပ် အိမ်ဖော်ငှားပြီးယောကျာ်းရှာသမျှစည်းစိမ်ကို သုံးဖြုန်းတဲ့အပြင် ... ဆန်တို့ရှ်ကို ခိုင်းနွားလိုဆက်ဆံ... အလုပ်ကပြန်ရောက်ရင် ရေတစ်ခွက်တိုက်ဖို့နေနေသာသာ တစ်စက်လေးမှ အဖတ်မလုပ်ပဲ ယောကျာ်းကို မီးဖိုချောင်မှာ ညအိပ်ခိုင်းတဲ့ ချစ်စရာ ဇနီးချောလေးတစ်ယောက်ပေါ့ ဒါတွေကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ တစ်နေ့ ဆန်တို့ရှ်တစ်ယောက် ပါတီတစ်ခုမှာ ငယ်သူငယ်ချင်းနဲ့ ပြန်ဆုံပြီး သူတို့ရဲ့ ကျောင်းဆရာ အပါအဝင် သုံးယောက်ပေါင်း လောင်းကျော်ရင်း နွားသိုးကြိုးပြတ်သလို ရူးသွပ်မှုလယ်ဗယ်လ် အဆုံးစွန်ရောက်သွားတဲ့ စွန့်စားခန်းတွေကို ရယ်ရယ်မောမော ရှုစားရမှာဖြစ်ပြီး ဆန်တို့ရှ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာပါ့မလားဆိုတာကို...မီဆိုဂျီနီ အဆင့်ထိ မရောက်ပေမယ့်လို့ ဖီးမေးလ် အန်ပါဝါးမန့်နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ မေးလ်အန်ပါဝါးမန့်ကို ...
movie

Bachelor Party (2024)

2024
The Beach House Murders (2024) 5.4
The Beach House Murders (2024) The Beach House Murders [2024] (IMDb 5.6/10)ဇာတ်လမ်းအစမှာ မိုင်းလ်စ်တစ်ယောက် သူ့အိမ်ထဲက ရေချိုးခန်းထဲမှာ လက်မှာသွေးတွေနဲ့ ကြက်သေသေပြီး ထိုင်နေတာကို ရဲက ရှာတွေ့သွားတာနဲ့ အစပြုထားပါတယ်... မိုင်းလ်စ်လက်က သွေးတွေက သူ့မိန်းမ ဆာရာရဲ့သွေးတွေပါပဲ... ဆာရာ မသေခဲ့တဲ့အတွက် မိုင်းလ်စ် ထောင်တစ်နှစ်ကျခဲ့ရပြီး ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်... အဲ့အချိန်မှာ ဆာရာကလည်း အဲ့စိတ်ဒဏ်ရာနဲ့ အိမ်ထဲမှာပဲ တစ်နှစ်လုံးနီးပါး ခိုးအောင်းခဲ့ပါတယ်... တစ်နှစ်တာကာလအတွင်းမှာ ဆာရာဟာ သူ့ရဲ့ စာရေးဆရာမအလုပ်ကို ဆက်လုပ်နေခဲ့ပေမယ့် စာရေးလိုစိတ်ပျောက်ဆုံးလာတာက တစ်ကြောင်း... စာအုပ်တိုက်ဘက်က လောလာတာက တစ်ကြောင်းမို့... သူ့သူငယ်ချင်း အကြံပေးတဲ့အတိုင်း ကမ်းခြေမှာ အနားယူရင်း စာဆက်ရေးဖို့ သဘောတူလိုက်ပါတော့တယ်... ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဆာရာဟာ တိုနီနဲ့ ဆုံစည်းရင်းက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်ပြီး တိုနီ အသတ်ခံခဲ့ရပါတယ်... သေဆုံးသွားတာကလည်း ဆာရာ့အိမ်မှာ ဖြစ်နေတာကြောင့် ရဲတွေက သူ့ကိုပဲ သံသယ ရှိနေခဲ့ပါတယ်... ဒီကိစ္စအပြင် ဆာရာ့ကို အိမ်ထဲထိ ဝင်လာပြီး မုဒိမ်းကျင့်ဖို့ ကြံခဲ့တဲ့ ...
movie

The Beach House Murders (2024)

2024
The Empty Chair: Final Exam (2024)
The Empty Chair: Final Exam (2024) The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။ Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊ စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။ အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။ အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။ အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့ စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင် ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် ...
movie

The Empty Chair: Final Exam (2024)

2024
Red Right Hand (2024) 5.3
Red Right Hand (2024) Red Right Hand (2024)ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90's Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်"ဘစ်ကတ်"ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 1GB Quality ...
movie

Red Right Hand (2024)

2024
Melodate (2024)
Melodate (2024) Melodate (2024)ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဆောင်နေဘော်ဒါ တက်တဲ့သူနဲ့ မြို့ထဲကနေ ကျုရှင်တတ်တဲ့သူဆိုပြီး ဆယ်တန်းဘဝမှာ ကျောင်းသားနှစ်မျိုးရှိခဲ့တာပေါ့။ အဆောင်နေတဲ့သူတွေကတော့ မိဘကထိန်းရတာ လက်လန်လို့ ဆရာတို့ပဲထိန်းတော့ဆိုပြီး ဘော်ဒါအပ်ခံရတဲ့သူနဲ့ နယ်ဝေးကနေလာပြီး ကျောင်းတက်ရလို့ အဆောင်နေတဲ့သူ နှစ်မျိူးကွဲတာပေါ့။ ကိုယ်တွေကတော့ ပထမတန်းစားထဲကပေါ့ အိမ်မှာလဲ မိဘကမနိုင် အဆောင်ရောက်တော့လဲ အဆောင်မှူးကို မွေလိုက် ဂိုက်ဆရာမတွေကို စလိုက်နဲ့ ဗရုတ်သုတ်ခကောင်တွေပေါ့။ ဒီလိုအဆောင်နေအဆောင်စား ကျောင်းသားဘဝလေးကလဲ တစ်မျိုးတော့ လွမ်းချင်စရာပါပဲ။ ခုဇာတ်ကားလေးကလဲ အင်ဒိုကနေ ရိုက်ထားတဲ့ Family Drama ဇာတ်ကားလေးဖြစ်ပြီးတော့ ဒီလိုအဆောင်နေကျောင်းသားဘဝအကြောင်းလေးကို ပျော်ရွှင်စရာ လွမ်းမောစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသမီးက အော်ကြောလန် အဖေဖြစ်သူက လန်ဒန်ထိပို့ထားတာတောင် အိမ်ပြန်လာပြီး သောင်းကျန်းတဲ့ကျောင်းသူ နောက်ဆုံးတော့ အဖေဖြစ်သူလဲ မနိုင်တော့တာနဲ့ ဂျာကာတာမြို့က စည်းကမ်းအကြပ်ဆုံး အဆောင်မှာနေဖို့ သမီးဖြစ်သူကိုလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ နဂိုကတည်းက ခြေထောက်မှာဗွေပါတဲ့သူက ထိပ်တုံးခေတ်ထားရင်တောင် ထိပ်တုံးမပြီး လျှောက်လည်တဲ့သူဆိုတော့ သမီးဖြစ်သူက အဆောင်မှာပါ ဇာတိပြပါလေရော။ အဆောင်က စည်းကမ်းတွေလိုက်ဖောက်နေရာကနေ အဆောင်မှူးဆရာမကြီးရဲ့ သားဖြစ်သူနဲ့တွေ့ဆုံမိတဲ့အခါမှာတော့ ဆရာမကြီးကိုပဲ သူ့ဘက်ပါအောင် စည်းရုံးနိုင်မလား သူပဲ စည်းကမ်းတွေကို လက်လျော့ပြီး လိုက်နာနိုင်မလာဆိုတာ ဇာတ်လမ်းမြုးမြုးလေးနဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦး ...
movie

Melodate (2024)

2024
Bleeding Love (2023) 5.5
Bleeding Love (2023) Bleeding Love (2023)အမေတွေကသားတွေကို အချစ်ဆုံးဖြစ်ပြီးတော့ အဖေတွေက သမီးတွေကိုအချစ်ဆုံးပဲဆိုတာ လူတိုင်းအသိပါပဲ။ "ထူးအိမ်သင်" လိုပေါ့ ... သမီးလေးမျက်နှာနဲ့ လောကကြီးကိုအံတုရဲတယ်ဆိုတာ ဖခင်တွေပါပဲ။ မိန်းမအတွက်နဲ့ အသောက်စားအပျော်ပါး မလျော့ကြတဲ့ ယောကျာ်းလေးတွေဟာ သမီးလေးအတွက်နဲ့ ဆေးလိပ်တွေ အရက်တွေဖြတ်ပြီး အလုပ်တွေကြိုးစားကြသူတွေပါ။ ဒီလို အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာလေးတွေကို ကြည်နူးစရာကောင်းအောင် ရိုက်ကူးထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Bleeding Love ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ အပြင်တကယ့်လက်တွေ့ဘဝမှာလဲ သားအဖအရင်းတွေဖြစ်ကြပါတယ်။ အဓိကသရုပ်ဆောင်အနေနဲ့က အဖေအဖြစ်နဲ့ကလေးဆိုးတွေထိန်းကျောင်းပေးနေကျဖြစ်တဲ့ မင်းသားကြီး Ewan McGregor (အိုဘီဝမ်ကီနိုဘီ) ဖြစ်ပြီးတော့ သမီးဖြစ်သူကတော့ တက်သစ်စမင်းသမီးဖြစ်တဲ့ Clara Mathilde McGregor ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဖေဖြစ်သူကနေ မူးယစ်ဆေးစွဲပြီး ဆေးလွန်နေတဲ့သမီးဖြစ်သူကို ပြန်လည်ထူထောင်ရေးကို ပို့ပေးဖို့ ဇနီးဟောင်းကနေ အကူညီတောင်းလာခဲ့ပါတယ်။ ခက်တာက အဖေနဲ့သမီး စကားမပြောဖြစ် မတွေ့ဖြစ်ခဲ့ကြတာ နှစ်အတော်ကြာနေပြီးမှ ခုလိုရုတ်တရက်ပြန်တွေ့ရတာပါပဲ။ ဖခင်က စွန့်ပစ်သွားတယ်ဆိုပြီး Truama ရနေတဲ့သမီးဖြစ်သူနဲ့ ငယ်ရွယ်စဉ်က ဆိုးခဲ့မိုက်ခဲ့ပြီး အရက်ပါစွဲနေခဲ့တဲ့အဖေဖြစ်သူ ကားတစ်စီးနဲ့ နှစ်ယောက်သားအတူတူ အမေရိကန်က အဝေးပြေးလမ်းမပေါ်မှာ သူတို့ကြားက အဖုထစ်တွေ မကျေလည်တာတွေကို ...
movie

Bleeding Love (2023)

2024
Ambajipeta Marriage Band (2024) 6.8
Ambajipeta Marriage Band (2024) Ambajipeta Marriage Band (2024) "အမ်ဘာဂျီပါတာ ရွာကလေး"IMDb 6.8 ရထားတဲ့ တေလဂူးစကားပြော ကျေးလက်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်...ရယ်ရရုံသက်သက်မဟုတ်ပဲ လူ့အဖွဲ့အစည်းအကြောင်းကို ဗဟိုပြုပြီး ဇာတ်လမ်းဆင်ထားတာမို့ ဇာတ်ကွက်ကိုပါ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းကို ၂၀၀၀ ကာလက အမ်ဘာဂျီပါတာ ဆိုတဲ့ ရွာကလေးကို နောက်ခံထားပြီး အဓိက ဇာတ်ကောင်တွေကတော့ မာလီနဲ့ ပက်ဒါတို့ အမွှာမောင်နှမ ၂ ယောက်ပါ သူတို့အဖေက ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်ပြီး မာလီက မင်္ဂလာဆောင်တွေရဲ့ တီးဝိုင်းမှာလိုက်တီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်...ပက်ဒါကတော့ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ... သူတို့ရွာမှာ အားလုံးကြောက်ရတဲ့ သူဌေးဖြစ်တဲ့ ဗန်ကတ် ဆိုသူလည်း ရှိပါတယ် သမီး အချိန်ပြည့်အလုပ်ရဖို့ ဖခင်က ဗန်ကတ်ကို အပူကပ်ခဲ့ရာကနေ ဗန်ကတ်နဲ့ ပက်ဒါတို့ နှစ်ယောက်ကို တစ်ရွာလုံးက အတင်းအဖျင်းတွေ ပြောလာတဲ့အခါမှာ ...အတားအဆီးတွေနဲ့ လူ့ဘဝဇာတ်ခုံ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားပုံ၊ လူ့အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်ရပုံတွေအပြင်.... ဟာသဇာတ်လမ်းတစ်ခုကနေ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်လေးကို ...
movie

Ambajipeta Marriage Band (2024)

2024
Blue Star (2024) 7.5
Blue Star (2024) Blue Star (2024) "ရန်ဘက်"IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့ တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ် လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ် မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က ...
movie

Blue Star (2024)

2024