Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2024
Amar Singh Chamkila (2024)
Amar Singh Chamkila (2024) (ချန်ကီလာကို ချေချွတ်တော်မူခန်း) April ၁၂ ရက်နေ့ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ။ဒီကားလေးကတော့ IMDb 8.4 အထိရရှိထားတဲ့ကားလေးဖြစ််ပြီး ပန်ဂျက်အဆိုတော်တစ်ဦးဖြစ်တဲ့ အမာဆင်းဂ် ချမ်ကီလာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်ဝန်းကျင်တွေမှာ အရမ်းကိုထူးချွန်တဲ့ အဆိုတော်တဦးဖြစ်ပြီး နာမည်ကြီးသလောက်ကို တစ်ဖက်မှာ သူရေးခဲ့တဲ့ ဘွင်းဘွင်းရှင်းရှင်းရှိလွန်းတဲ့ စာသားတွေကြောင့် အောင်မြင်သလောက်ကို လူမုန်းလည်းခံခဲ့ရတဲ့ အဆိုတော်တစ်ဦးပါ။ ဘာမဟုတ်တဲ့ တောသားကောင်လေးဘဝကနေ နာမည်ကြီးအဆိုတော်ဖြစ်လာရတဲသူ့ဘဝကလည်း အနိမ့်အမြင့်တွေများခဲ့တာပါပဲ။ဒါပေမဲ့ တကယ်တမ်းသူလိုချင်တဲ့နေရာကိုရောက်တဲ့အခါမှာတော့ သူရော သူချစ်ရတဲ့လူရော သူအားကိုးတဲ့ အဖွဲ့သားတွေရောပါ အတူတူလုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ သေဆုံးချိန်မှာ အသက် ၂၇ ပဲရှိသေးတာမို့ ကြိုးစားပြီးရင်းခဲ့တဲ့အချိန်တွေနဲ့ မတန်လောက်အောင်ကို ကြွေချိန်စောတယ်ပဲပြောရမှာပါ။ သူ့ဘဝသူ့ဇာတ်ကြောင်းနဲ့ ဘဝအခြေအနေအထွေထွေကို မြင်သာအောင်ရိုက်ကူးတင်ဆက်ထားတာမို့ CM Bollywood Team က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…2.4GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Amar Singh Chamkila (2024)
2024
Udanadi Mangalyam (2024)
Udanadi Mangalyam 2024 (ဂျာနာကီရဲ့ ဘဝခရီးလမ်း)အလုပ်လုပ်တယ်ဆိုတာ လစာရဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး။ အလုပ်တိုင်းမှာ အိပ်မက်တွေကိုယ်စီရှိတတ်ကြပါတယ်။ ဒီလိုအိပ်မက်တွေနဲ့ ရှင်သန်နေတဲ့ ရွာလေးတစ်ရွာက ဂျာနာကီဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးတင်ဆက်ပြလိုက်ပါတယ်၊ဂျာနာကီဆိုတဲ့ ကောင်မလေးကတော့ ပညာရေးကိုပဲ ဦးစားပေးပြီးတော့ အလုပ်ရပြီး သူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်ပြီဆိုမှ အိမ်ထောင်ပြုဖို့အကြောင်းကို တွေးချင်သူလေးပါ။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေကတော့ သူတို့သမီးလေးကို အရွယ်မလွန်ခင် အိမ်ထောင်ပြုပေးချင်နေကြပါတယ်။ပိုပြီးဆိုးတာကတော့ ဗေဒင်ဆရာတစ်ယောက်က သူတို့သမီးလေးကို ၂၅နှစ်မှ အိမ်ထောင်မကျဘူးဆိုရင် ၃၂နှစ်ကျော်မှ အိမ်ထောင်ကျတော့မယ်လို့ ဟောထားတဲ့အတွက် ရတက်မအေးဖြစ်နေရပါတော့တယ်။မိဘတွေက ဘယ်လိုပဲ စီစဉ်ပေး စီစဉ်ပေး ဂျာနာကီကတော့ ခေါင်းမာမြဲမာပြီး လက်ထပ်ဖို့ကို အမြဲငြင်းနေခဲ့ပါတော့တယ်။ ဒီလိုမျိုး ပညာရေးကိုပဲ ဦးစားပေးပြီးနေတဲ့ သမီးဖြစ်သူနဲ့ အရွယ်မလွန်ခင် လက်ထပ်ပေးချင်တဲ့ မိဘတွေကြားက ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size…1.3GB / 617MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 36mins Subtitle….Myanmar ...
movie
Udanadi Mangalyam (2024)
2024
8.6
J.Baby (2024)
J Baby (2024) "မေမေ"IMDb 8.7 စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ်ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ်သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေကရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမှာလဲ ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File ...
movie
J.Baby (2024)
2024
9
Nandhi Varman (2024)
Nandhi Varman 2024 (ကျိန်စာသင့်ရွာ) =====================IMDb 9/10 ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ Supernatural mystery thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ တမီလ်စကားပြော ဇာတ်ကားကောင်းတစ်ကားတင်ဆင်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေ တူးဖော်သုတေသနလုပ်တာက စလို့ သမိုင်းကြောင်းကို အရင်ထည့်ပြောချင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်က ပါလာဗာမင်းဆက်ခေတ်မှာ ဟာနုမန်သာပူရမ်ဆိုတဲ့နေရာတစ်နေရာရှိခဲ့တယ် ပစ္စည်းဥစ္စာပေါကြွယ်ဝဆုံးနေရာဖြစ်လို့ ဓားပြတွေမျက်စိကျခဲ့ကြတဲ့နေရာတစ်ခုပေါ့ ဒီလိုပေါကြွယ်ဝမှုတွေက ဟာနုမန်သီရှာဝါရာရ်ဘုရားကျောင်းကြောင့်လို ပါလာဗီဘုရင်ကယုံကြည်သက်ဝင်ထားပါတယ်တခြားနေရာတွေမှာ လုယက်မှုတွေအများကြီးရှိခဲ့ပေမဲ့ အဲဒီနေရာကိုတော့ ဘယ်သူမှမလုရဲကြဘူးတဲ့လေ အကြောင်းရင်းကတော့ ပါလာဗာဘုရင်ကြောင့်ပါ ဒီဘုရင်ရဲ့ထင်ရှားမှုကိုပြောရရင်တော့ သူ့ဓားပေါ့ မမြင်ရတဲ့ဓားသွားတစ်လက်က ရန်သူ့သွေးနဲ့ထိရင်တော့ အလင်းနီတန်းပေါ်လာပြီး ပုံရိပ်ထင်လာတဲ့ဒီဓားကြောင့်ရယ် စစ်ဗျူဟာကောင်းလွန်းတဲ့ ပါလာဗီမင်းကြောင့် တော်ရုံဓားပြတွေ လက်ရှောင်ကြတဲ့ဒီနေရာကို မျက်စိကျမိသွားတာက အရက်စက်ဆုံးနဲ အကြမ်းကြုတ်ဆုံးလို့နာမည်ကြီးတဲ့ အာလာရီအဖွဲ့က ဂိုရာပါပဲ သူတို့၂ယောက်ရဲ့ ဇာတ်လမ်းကိုတော့ ဒီကားထဲမှာပဲ စိတ်ဝင်စားစရာတွေနဲ့ဆက်ကြည့်ရှုလိုက်ကြပါခုခေတ်ကိုပြန်ဆက်ရရင်တော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ရေမြုပ်ပြီး အမြှုပ်ခံလိုက်ရတဲ့ဒီဘုရားကျောင်းကိုပြန်တူးဖော်ဖို့ပါ ဒီဘုရားကျောင်းရှိတဲ့ရွာကို သုတေသနအတွက်တူးဖော်မယ်လို့ သတင်းပို့ပြီးပြီးချင်းမှာပဲ ရွာကအိမ်မီးလောင်တာတွေ လူသေတာတွေ ထဖြစ်ပါတော့တယ် ဒီရွာက တကယ်ပဲကျိန်စာသင့်နေမလား သုတေသနအတွင်း ဘာတွေများကြုံတွေလာရမလဲဆိုတာကိုတော့။။။။( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး Yunni ~ V ~ ToMo ~ Zwe ...
movie
Nandhi Varman (2024)
2024
9.6
Athomugam (2024)
Athomugam 2024 (ဖုံးကွယ်ထားသောမျက်နှာ) IMDb 9.7/10' တစ်ခုခုကိုအစီအစဉ်ချဖို့ဆိုရင် အကွက်ကျကျနဲ့ အစကနေအဆုံးထိ ပိပိရိရိဖုံးကွယ်တတ်ရတယ် ' ဒါကတော့ ဒီဇာတ်လမ်းရဲ့အသက်သွေးကြောပါ Anni နေ့မှာ မိန်းမအတွက်ကြိုစပရိုက်စ်စီစဉ်ထားပေမဲ့ မိန်းမတွေ တစ်ကွက်ကြိုမြင်တယ်ဆိုတဲ့အတိုင်း ဟိုကကြိုသိနေတော့ မာတင်တစ်ယောက် မတင်မကျဖြစ်နေလေရဲ့ ဒီလိုနဲ့ ငါကွယောကျာ်းဆိုပြီး မိန်းမမသိအောင်စပရိုက်စ်လုပ်နည်းတွေပတ်ရှာရင်း အလုပ်ထဲကတစ်ယောက်ရဲ့အကြံနဲ့ မိန်းမဖုန်းထဲ Hidden and Face ဆိုတဲ့ app တစ်ခုဒေါင်းပေးလိုက်ပါလေရောဒီအက်ပ်ရဲ့လုပ်ဆောင်ချက်တွေက ဒေါင်းထားတဲ့လူရဲ့ဖုန်းကင်မရာထဲ အချိန်မရွေးဝင်ကြည့်လို့ရတာပါ မိ န်းမရဲ့ ချစ်စရာအမူအရာလေးတွေကို record လုပ် အကုန်ပေါင်းပြီး video လုပ် စပရိုက်စ်မယ်ဆိုပြီး မိန်းမမသိအောင် ဖုန်းထဲဒေါင်းပေးထားပြီး နောက်ဆုံးစပရိုက်စ်အလုပ်ခံရသူကတော့ ထပ်ပြီးသူပါပဲ ဖုန်းကင်မရာတွေကနေ ဘာတွေများသူတွေ့သွားမလဲ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါကြောင်း။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~Zwe ~ Alex ~ ToMo ~ Suri တို့ပဲဖြစ်ပါတယ် ) File size… 1.3GB / 555MB Quality…WEB ...
movie
Athomugam (2024)
2024
6.1
Om Bheem Bush (2024)
Om Bheem Bush (2024)"မစူးစမ်းသင့်တဲ့အကြောင်းအရာ" =============================================တေလဂူးစကားပြော ပေါ့ပေါ့ပါးပါး သရဲဟာသ ရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်၊ ဗီနေးနဲ့ မာဒေ့ဗ်ဆိုတဲ့ လူ့ပေါ်ကြော့ သုံးယောက်။ သူတို့သုံးယောက်ဟာ ကောလိပ်တစ်ခုက ကျောင်းအုပ်ကို ဒုက္ခပေါင်းစုံပေးလို့ ကျောင်းအုပ်ကတောင် ဒေါက်တာဘွဲ့ ပေးပြီး ကျောင်းကနှင်ထုတ်ရလောက်တဲ့ထိ ဆိုးသွမ်းကြတဲ့သူတွေပါ။သူတို့ဟာ ကောလိပ်ကနေ ထွက်လာခဲ့ပြီး လျှောက်သွားရင်း လမ်းတစ်နေရာမှာ နတ်ဆရာတစ်ယောက် ရွှေအိုးရှာ၊ အပနှင်နေတာတွေ့ပြီး သူတို့လည်း အဲဒီလိုနည်းနဲ့ ပိုက်ဆံရှာလို့ရတယ်လို့ အတွေးဝင်သွားတဲ့အတွက် ရွာတစ်ရွာမှာအခြေချပြီး ရတနာမုဆိုး ပယောဂဆရာတွေလုပ်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ သူတို့အခြေချဖို့ ရွေးမိတဲ့ရွာမှာ တကယ့် အောက်လမ်းမှော်ပညာတွေရှိနေတဲ့အခါမှာတော့ သူတို့ရဲ့ သိုက်တူး၊ သရဲဖမ်းအစီအစဉ်ကြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4GB / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Om Bheem Bush (2024)
2024
6.9
Gaami (2024)
Gaami 2024 လမ်းပျောက်ကြယ်IMDb -7.0/10Indian movieတွေက emotionတွေ dramaတွေပဲများနေလို့ ခပ်ဆန်းဆန်းလေးtryကြည့်ချင်သူတွေအတွက် adventure ~ mystery တေလဂူကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လိုက်က သဲလွန်စတစ်ခုပြီးတစ်ခုရှာရင်းနဲ့ plotကို တစ်စစဖော်ထုတ်တဲ့ quest adventure ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့်မူဗီလေးမလို့ ပိတ်ရက်နဲ့ကြုံတုန်း ရှုစားလိုက်ပါဦးစို့။ဇာတ်လမ်းအစမှာတော့ အရှင်သျှီဝကို ကိုးကွယ်တဲ့သူတွေရဲ့ကျောင်းမှာ တစ်ကျောင်းလုံးအပယ်ခံဖြစ်နေရှာတဲ့ရှန်ကာ၊ ဒီကျောင်းမှာ ဘာပြဿနာပဲဖြစ်လာလာ ကျောင်းကိုအုပ်ချုပ်တဲ့သူကစလို့ အောက်ခြေသိမ်းအထိ ရှန်ကာကိုပဲ လက်ညှိုးထိုးကြပါတယ်။ အကြောင်းကတော့ ရှန်ကာကလူတွေနဲ့ထိတွေ့ရင် ဓာတ်လိုက်သလိုခံစားရတဲ့ ထူးခြားတဲ့ရောဂါတစ်ခု ခံစားနေရပြီးတော့ ဘုရားကျောင်းတစ်ခုလုံးကတော့ ဒါကို အရှင်သျှီဝရဲ့ကျိန်စာ၊ ရှန်ကာက ဂြိုဟ်ဆိုးလို့ သတ်မှတ်ကြလို့ပါပဲ။ဒီကျောင်းက ထွက်သွားဖို့ဆိုပြန်တော့လည်း ရှန်ကာက အတိတ်မေ့နေတာဖြစ်ပြီး သူသိတဲ့တစ်ခုတည်းသောအရာက သူ့ကိုလွန်ခဲ့တဲ့ ၁၅ နှစ်က မဟာဂုရုကြီး ကေဒါဘာဘာက သူ့ကိုဒီကျောင်းမှာ လာထားသွားတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ဂုရုကြီးကေဒါဘာဘာနောက်ဆုံးရှိတဲ့ကျောင်းကိုထွက်လာခဲ့ရင်းနဲ့ ဂုရုကြီးရဲ့တပည့်နဲ့ဆုံပြီး ဂုရုကြီးမှာခဲ့တဲ့ မီးလင်းတဲ့အနုမြူမှိုဆိုတာကိုရှာဖို့ ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း စစ်တပ်ရဲ့လျှို့ဝှက်နေရာတစ်နေရာမှာ လူတွေကိုဖမ်းဆီးပြီးတော့ ဓာတ်နဲ့တို့ပြီး စမ်းသပ်မှုတွေလုပ်နေပေမဲ့ လိုချင်တဲ့ရလဒ်အထိ မရောက်နိုင်တဲ့လူတစ်စုကရှိနေပြန်ပါတယ်။ရှန်ကာဓာတ်လိုက်သလိုခံစားနေရတာကရော ဓာတ်တို့စမ်းသပ်မှုတွေလုပ်နေတဲ့ စစ်တပ်ရဲ့လျှို့ဝှက်နေရာနဲ့ ဘာတွေပတ်သက်နေမလဲ။ ...
movie
Gaami (2024)
2024
Damaged (2024)
Damaged (2024)မင်းသားကြီး Samuel L. Jackson ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ Action, Thriller, Crime ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ တကယ်လို့ သင်ဟာ rating တွေကို သိပ်ဂရုမစိုက်တတ်ဘူး ကိုယ့်ဘာသာကိုယ် ကြည့်ပြီးမှ ဆုံးဖြတ်ရတာကို ကြိုက်တယ်ဆိုရင် ဒီကားကို ကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ကျွန်တော့်အမြင်မှာလည်း rating တွေ နည်းနေတာ မတန်သလိုမျိုး ခံစားရလို့ပါ။ ရုပ်ရှင်ဟာ သူ့ဇာတ်လမ်းဇာတ်ကွက်နဲ့ ထိုက်သင့်သလောက်ကောင်းမွန်တာမို့ပါ။ ကျွန်တော့် အမြင်ဖြစ်တာမို့ မှားကောင်းမှားနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမှာ လူ ၅ ယောက်ကို သတ်ပြီး ခန္ဓာကိုယ်တွေ ဖြတ်တောက်ပြီး ဘာသာရေးဆိုင်ရာ သင်္ကေတတွေ ထားခဲ့တဲ့ ကွင်းဆက်လူသတ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက် ၅ နှစ်အကြာ စကော့တလန်မှာ အဆိုပါကွင်းဆက်လူသတ်မှုနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ ကောင်မလေး နှစ်ယောက် အသတ်ခံရတဲ့အမှု ဖြစ်လာပါတော့တယ်။ လောဆန်ဟာ ချီကာဂိုရဲဌာနက ဖြစ်ပြီး အဆိုပါ ကွင်းဆက် လူသတ်မှုကို ...
movie
Damaged (2024)
2024
8.2
Premalu (2024)
Premalu (2024) "စမ်းတဝါးဝါး" IMDb - 8.3/10အသစ်ထွက်ရှိလာတဲ့ လူငယ်အချစ်ဟာသ မလေယာလမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရူပီး သုံးကုဋေရင်းပြီး ၁၃၆ကုဋေတောင် ပြန်ရခဲ့တာဆိုတော့ ပရိသတ်အတော်လက်ခံခဲ့တဲ့ ရုပ်ရှင်လို့ ပြောရမှာပေါ့။ဆာချင်ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်မှာ လေးနှစ်လုံးချစ်ခဲ့ရတဲ့ ခရတ်ရှ်လေးကို ဖွင့်ပြောဖို့အလုပ် သူရင်ဖွင့်နေကျ ဘော်ဒါဘော်ကျွတ်နဲ့ သူ့မဒီလေးက ချစ်နေတာကြာပေါ့ဆိုလို့ ဆာချင်တစ်ယောက် အသဲကွဲခဲ့တာကစပါတယ်။ဆာချင့်မိသားစုက အိမ်တွင်းရေးအဆင်မပြေ။ မိဘဖြစ်သူတွေက တစောင်းစေးနဲ့မျက်ချေး၊ တွေ့လိုက်တာနဲ့ ရန်တကျက်ကျက်။ အစ်မဖြစ်သူက လင်ပူမိ၊ အားနေ မတော်ရသေးတဲ့လင်နဲ့ စကားများလိုက် ပြန်ချစ်လိုက်နဲ့မျက်စိနောက်စရာ။ဒီလိုအပူတွေကနေဝေးရာကို ပြေးချင်သူက ဆာချင်။ ဆာချင်ရဲ့ရည်မှန်းချက်က ယူကေကိုသွားဖို့။ ဗီဇာရဖို့အရေး ရှိုးမန်းနီးပြစရာမရှိတော့ ဗီဇာကမကျ။ ဘူနေတဲ့ဆာချင်တစ်ယောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို တောပြောင်းပါတော့တယ်။ဒီမှာပဲ ပညာရေးမှာ သိပ်မကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက် လမ်းပျောက်နေရာကနေ အချစ်၊ အလွမ်း၊ သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုတွေနဲ့ ဘ၀သင်ခန်းစာတွေကို တင်ဆက်ပြသသွားမှာမို့ ခံစားကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.5GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard ...
movie
Premalu (2024)
2024
6.5
The 66th Annual Grammy Awards (2024)
The 66th Annual Grammy Awards (2024) ===============================ဒီ 2024 ဂရမ်မီပွဲမှာတော့ Special Event တွေရော History Making တွေရော အများကြီးပါ။ နှစ် ၃၀ ကြာပြီးမှ Billy Joel ရဲ့ Comeback, အသက် ၈၀ ပြည့်ပြီးမှ ပထမဆုံးအကြိမ် ဂရမ်မီ စင်မြင့်ထက်မှာ လာ ဖျော်ဖြေတဲ့ Joni Mitchell, Album of the Year လေးကြိမ်ဆက်တိုက် ဆွတ်ခူးဖူးတဲ့ ပထမဆုံးသောသူ ဖြစ်လာတဲ့ Taylor Swift, အနုပညာ သက်တမ်း ၁၈ နှစ်အကြာမှ ပထမဆုံးသော ဂရမ်မီလိပ်ပြာလေးကို ဆွတ် ခူးရရှိခဲ့သူ Miley Cyrus... စသဖြင့် အမှတ်တရတွေ စုံလှတဲ့ ပွဲတစ်ပွဲပါ။ အမှတ်တရတွေ အများကြီးနဲ့ ၆၆ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲကြီးကို အားလုံး ပြန်လည်ခံစား ကြည့်ရှုနိုင်ဖို့ CM က တင်ဆက်ပေးလိုက်ပါတယ်။စကားချပ်: ဘာသာပြန်ရတဲ့ ...
movie
The 66th Annual Grammy Awards (2024)
2024
Senakulo 2024: Traslacion (2024)
Senakulo 2024 : Traslacion 2024Religionဆိုတာဘာလဲလို့မေးလာရင် ကိုးကွယ်ယုံကြည်မှုလို့ဖြေကြမှာပေါ့။ တစ်နည်းအားဖြင့်ပြောရရင်တော့ ဒုက္ခတွေ့ချိန် အကြံကုန်လမ်းဆုံးချိန်မှာ အားကိုးရာ ခိုလှုံရာအနေနဲ့ သတ်မှတ်ကြတဲ့အရာပါပဲ။ physicalရော mentalရော မစွမ်းတော့ရင် spiritual လမ်းစဉ်လိုက်တတ်ကြတာပဲမဟုတ်ပါလား။ ဒါကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ဗီဗာဟာ ကျောက်ကပ်ရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ကလေးတစ်ယောက်၊ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်ပီပီ ရွယ်တူတွေနဲ့ ပြေးလွှားဆော့ကစားချင်ပေမဲ့ ကစားခွင့်မရတဲ့သူလေး၊ ဘယ်လောက်ပဲ အမေကထိန်းချုပ်နေပါစေ တစ်ခါတလေ ခိုးဆော့ရင်းနဲ့ ဖျားလိုက်နာလိုက်ချူချာလိုက်နဲ့ ပတ်လည်ရိုက်နေတာပေါ့။တစ်နေ့မှာတော့ ဗီဗာရဲ့ကျောက်ကပ်က ကယ်မရတော့တဲ့အကြောင်း ကျောက်ကပ်ဆေးရင်းနဲ့ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ပြီး အလှူရှင်ရှိရင် အဆင်ပြေကြောင်း ဆရာဝန်ကပြောလိုက်ချိန်မှာတော့ အမေဖြစ်သူငယ်ထိပ်မိုးကြိုးပစ်တဲ့အဖြစ်နဲ့ ကြုံရပါတော့တယ်။ ကိုက်ညီတဲ့အလှူရှင်ရော ခွဲစိတ်ကုသဖို့ကိုပါ မတတ်နိုင်လေတော့ နောက်ဆုံးမှာ သူ့ရဲ့ကိုးကွယ်ရာကတော့ ဘုရားသခင်ကိုပါပဲ။ခလုတ်ထိမှအမိတဆိုသလို အခက်ကြုံရင် ကိုးကွယ်ရာကိုတ,တတ်ကြတဲ့ လူသဘာဝနဲ့အတူ ခရစ်တော်သမိုင်းကြောင်း တစေ့တစောင်းရှုစားရင်းနဲ့ ဗီဗာတို့သားအမိ ဘယ်လိုဆက်ဖြစ်ကြမလဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(ခရစ်ယာန်အသုံးအနှုန်းများကို အတတ်နိုင်ဆုံးဘာသာပြန်ဆိုထားတာဖြစ်လို့ အလွဲလေးများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။)အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alex တို့ပဲဖြစ်ပါတယ် File size…2.1GB / ...
movie
Senakulo 2024: Traslacion (2024)
2024
9.3
Byri: Pagam 1 (2024)
Byri Pagam 1 (2024) "ခိုပြိုင်ပွဲ"IMDb 9.3 ရထားတဲ့ တမီးလ် ဟာသ/ဇာတ်ကြမ်းကားလေး တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံ နာဂါကွိုင်းမြို့က ခိုငှက်တွေ မွေးကြ ပြိုင်ကြတဲ့ ဓလေ့ကို ရိုက်ကူးထားတာ ဖြစ်ပြီး ဟာသ အက်ရှင် ဇာတ်ကြမ်း ဒရာမာ ရသစုံလင်စွာ ကြည့်ပျော်မယ့် ဇာတ်ကားတစ်ကားပါနာဂါကွိုင်းဆိုတဲ့ နယ်မြို့လေးမှာ တမူထူးခြားတဲ့ ဓလေ့တစ်ခုရှိလို့နေပါတယ် အဲဒါကတော့ ခိုတွေကို မွေးမြူကြပြီး ယှဥ်ပြိုင် ပျံသန်းပွဲတွေ လုပ်ကြတာပါကလေးအစ လူကြီးအဆုံး ခိုမွေးတာကို ဝါသနာထုံကြပြီး ဒီအတွက် ပေးဆပ်ရတာ ပြဿနာတွေ တစ်မျိုးတဖုံစီ အမျိုးမျိုးဖြစ်ကြတာတွေလည်း မနည်းပါဘူးဇာတ်လိုက်ကျော် လင်ဂမ်ဆိုသူကလည်း အပါအဝင်ဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ လူချမ်းသာတွေကို မလှိမ့်တပတ်လုပ်ပြီး ခိုရောင်းလိုက်၊ အရက်သောက်လိုက် ရပ်ကွက်ထဲမှာ ခိုသူခိုးခိုးခံရတယ်လို့ လာတိုင်ရင် အုပ်စုလိုက် ဝိုင်းရိုက်ကြနဲ့ တရုန်းရုန်းပါပဲဒီလိုနဲ့ တစ်စုံတစ်ခုကို စွဲလမ်းစိတ်ကြောင့် နောက်ဆုံးမှာ ကိုယ်ချစ်ရတဲ့သူတွေကို ထိခိုက်ပြီး အကွဲကွဲအပြဲပြဲဖြစ်ရပုံတွေကို ရသစုံလင်စွာတင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Byri: Pagam 1 (2024)
2024
6.6
Death Whisperer / Tee Yod (2024)
Tee Yod / Death Whisperer (2024)Thai horrorတွေထဲမှာ ထူးထူးခြားခြား IMAX certified cameraနဲ့ ရှယ်ရိုက်ကူးထားတဲ့first thai imax horrorဖြစ်တဲ့အပြင် lead castကိုကြည့်ရင်လည်း acting တစ်ပေါက် ရှမ်းရှမ်းတောက်တဲ့ Nadech နဲ့ပွဲထွက်လာတဲ့ Death Whispererမနှစ်ထဲက တနုံ့နုံ့နဲ့ OTTတက်ဖို့ မျှော်ခဲ့ရ၊ ရုံမှာကြည့်တဲ့သူတွေရဲ့ အညွှန်းအတိုအစလေးတွေနဲ့ စိတ်ကူးပဲယဉ်နိုင်ခဲ့တဲ့သူထဲ စီအမ်ပရိသတ်တွေပါခဲ့မယ်ဆိုရင် ခုပဲကြည့်ရှုခံစားလိုက်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ဖြစ်ရပ်မှန်လိုလို ဘာလိုလိုပြောနေကြပေမဲ့ သက်ကြီးစကားသက်ငယ်ကြား လက်ဆင့်ကမ်းရာကနေ websiteမှာ ပို့စ်အနေနဲ့တက်လာပြီး လူသိများလာတဲ့ဒီဇာတ်လမ်းလေးက ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းနေလို့လဲ။ B.O စံချိန်တွေဘာတွေချိုးတဲ့အထိ အထာကျတဲ့ရုပ်ရှင်ကလည်းဖြစ် Sequel လည်းလာဖို့ရှိတော့ Thai horror fanမှန်ရင်တော့ လက်မလွှတ်တမ်းကြည့်သင့်ပါကြောင်း ပြောရင်းနဲ့ပဲ ဇာတ်လမ်းကိုဆက်လိုက်ရအောင်ပါ။ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေက အတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။ အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။ဒီရွာလေးမှာ သမီး ၃ ...
movie
Death Whisperer / Tee Yod (2024)
2024
Kung Fu Panda 4 (2024)
ကွန်ဖူးပန်ဒါ ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီမင်းသား ဂျက်ဘလက်ပဲ အသံသရုပ်ဆောင်ထားပြီးမင်းသမီး Awkwafina က ကျန်းအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။အရင်ထွက်ခဲ့တဲ့ ၃ ကားလုံးကိုလည်းချန်နယ်မြန်မာ web နဲ့ app တွေမှာ ကြည့်နိုင်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဒီ ၄ ကားမြောက်မှာတော့ ပိုဟာ ရန်သူပေါင်းစုံကိုနိုင်ပြီးနဂါးစစ်သည်တော်လည်းဖြစ်နေတာကြာပြီဆိုတော့ပိုခက်တဲ့ ရန်သူနဲ့ တာဝန်တွေ ပေါ်လာပါပြီ။ ပိုဟာ ဆရာအူးဂွေးရဲ့ ပညာရှိခေါင်းဆောင်နေရာကိုဆက်ခံရတော့မှာဖြစ်ပြီး သူ့ရဲ့ နဂါးစစ်သည်တော်နေရာမှာဆက်ခံဖို့လည်း လူသစ်ရွေးရတော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေမလုပ်ချင်တဲ့ ပိုအတွက်တော့တကယ့် ပြဿနာကြီးပါပဲ။ အဲဒီအချိန်မှာပဲ ခမီလီရန် ဆိုတဲ့ မှော်ဆရာမကလည်း ပိုရဲ့ ရန်သူအားလုံးပေါင်းထားတဲ့အစွမ်းတွေကို ရအောင်ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ ခမီလီရန် နဲ့ ရင်ဆိုင်ရင်း ပိုတစ်ယောက် ဘယ်လိုထပ်ပြီး အလင်းတွေရအဆင့်တွေမြင့်လာမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 3.4 GB / 1.8 GB / 874 MB Quality… Web-Rip 4K / 1080p / 720p Format… ...
movie
Kung Fu Panda 4 (2024)
2024
4K HEVC
7.6
Rebel (2024)
Rebel (2024) တမီလ်နာမည်ကျော်တေးရေးဆရာတဖြစ်လဲ အဆိုတော်၊ သရုပ်ဆောင်နဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ဂျေဗွီပရာတ်ကတ်ရှ်ကူးမားရဲ့ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၀ဝန်းကျင်က မူနာမှာ ကောလိပ်ကျောင်းတက်နေတဲ့ တော်လှန်ကျောင်းသားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ အိန္ဒိယပြည်ဟာ ဘာသာစကားပေါ်မူတည်ပြီး ပြည်နယ်တွေပိုင်းခြားခံခဲ့ရတယ်။ အင်္ဂလိပ်တွေအုပ်စိုးစဉ်ကာလမှာ တမီလ်လူမျိုးတွေက အမြတ်ကြီးထုတ်ဂုတ်သွေးစုပ်ကြတဲ့ ကုမ္ပဏီတွေရဲ့လက်ဖက်စိုက်ခင်းတွေမှာ မငတ်ရုံတမယ်စားသောက်ဖို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရတယ်။ဒီလို ပင်ပန်းဆင်းရဲကြီးစွာနဲ့ လုပ်ကိုင်ရတဲ့လူမျိုးတွေက လူငယ်တွေမှာလည်း ကောလိပ်ဆက်တက်ဖို့လျောက်ရင် တစ်နှစ်မှ နှစ်ယောက် သုံးယောက်ပဲ တက်ခွင့်ရကြတယ်။ တက်ခွင့်ရလို့တက်တဲ့အခါမှာလည်း လူမျိုးစွဲ ဝါဒစွဲတွေနဲ့နှိမ်ချဆက်ဆံခံကြတာကို မခံနိုင်တဲ့ဆုံးမှာ ပြန်လည်တွန်းလှန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်အကြောင်းကို တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 2.54GB / 1.15GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Rebel (2024)
2024
7.5
Operation Laila (2024)
Operation Laila (2024)"လိုင်လာအော်ပရေးရှင်း" ==================================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2GB/1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Operation Laila (2024)
2024
9
E-Mail (2024)
E-mail (2024) "ကြွေလည်းမလှည့် ကြက်လည်းမခုန်" IMDb - 9.0/10အွန်လိုင်းဂိမ်း၊ အွန်လိုင်းလောင်းကစားတွေကိုအခြေခံရိုက်ကူးထားတဲ့ တမီလ်ထိတ်လှန့်သဲဖိုရုပ်ရှင်ကားလေး တင်ဆက်ပေးပါရစေ။နေရာအသီးသီးက အမျိုးသမီးလေးငါးယောက်ဟာ ချန်နိုင်းမှာအလုပ်လုပ်ဖို့အတွက် တိုက်ခန်းတစ်ခုမှာ စုပေါင်းနေကြပါတယ်။ဒီထဲမှာ အာဘီဆိုတဲ့အမျိုးသမီးလေးကတော့ ထက်ထက်မြတ်မြတ် သွက်သွက်လက်လက်ဆိုပေမဲ့ သူလုပ်ကိုင်နေတဲ့ အိမ်ခြံမြေလုပ်ငန်းမှာတော့ အဆင်မပြေလှပါဘူး။ အဲဒါအပြင် မိုဘိုင်းဂိမ်းတွေကိုလည်း အစွဲကြီးစွဲနေသူလေးတစ်ယောက်ပေါ့။ အလုပ်မှာအဆင်မပြေတဲ့အပြင် အကြွေးတွေကလည်းပူနေတော့ အတူနေသူငယ်ချင်းတွေက ငြူစူလာကြပါတယ်။တစ်ရက် အွန်လိုင်းလောင်းကစားဂိမ်းကြော်ငြာတစ်ခုကနေ လူသုံးယောက်မှာ ဘယ်သူသေမလဲရွေးလိုက်ရာက ရူပီးတစ်သိန်းနိုင်လိုက်တဲ့နောက် အဲဒီဂိမ်းရဲ့နောက်ကွယ်က ရှုပ်ထွေးပွေလီလှတဲ့အကြောင်းတရားတွေ ဆက်နွယ်လာတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.21GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
E-Mail (2024)
2024
8.8
Tantra (2024)
Tantra 2024 တစ္တေကကြိုးIMDb - 8.6/10နေရာတစ်ခု အရာဝတ္ထုတစ်ခု ဒါမှမဟုတ် လူတစ်ယောက်မှာရှိတဲ့ ကောင်းတဲ့အငွေ့အသက်နဲ့ မကောင်းတဲ့အငွေ့အသက်ဆိုတာရှိပြီး ဒါကိုလူတိုင်း အနည်းနဲ့အများတော့ ခံစားမိကြတာချည်းပါပဲ။သိပ္ပံနည်းကျခေါ်မယ်ဆိုရင်တော့ auraပေါ့ဗျာ။ ပန်းရောင်စုံနဲ့လှပနေတဲ့ပန်းခင်းကြီးကနေ အပြုသဘောဆောင်တဲ့auraကိုခံစားမိသလို သင်္ချိုင်းကုန်းရောက်ရင်လည်း creepy aura နဲ့ ကျောချမ်း ကြက်သီးထတတ်ကြတာပါပဲ။အခုဒီကားလေးထဲမှာတော့ တခြားသူတွေထက် ဒီ auraကိုပိုခံစားမိနေတဲ့ ရေခါဆိုတဲ့မိန်းကလေးတစ်ယောက်အကြောင်းပေါ့။ရေခါဟာ ငယ်စဉ်ကတည်းက မေတ္တာမရရှာတဲ့ ကောင်မလေးတစ်ယောက်၊ မွေးကတည်းက အမေကလည်းမီးတွင်းမှာဆုံးသွားဝောာ့ အဖေဖြစ်သူကလည်း ဂြိုဟ်ဆိုးမလို့ပဲ သူ့ကိုမြင်နေတာပေါ့။ ရေခါက ညဘက်မှာ အိပ်ရင်းလမ်းလျှောက်တဲ့ရောဂါရှိပါသေးတယ်။မေတ္တာငတ်နေရှာတဲ့ ရေခါလေးကိုမှ ချစ်မိသွားတာကတော့ တေဂျာ၊ တေဂျာဟာလည်း ပြည့်တန်ဆာသားမလို့ တစ်ရွာလုံးနှိမ်တာခံနေရတဲ့သူပါ။ ဒီလိုနဲ့ အချစ်ချင်းဖလှယ်ပြီး ပျော်ရွှင်နေကြရာက ကြမ္မာငင်ပါတော့တယ်။အဲဒါကတော့ ရေခါက ဝိညာဉ်တွေကိုလက်ခံနိုင်တဲ့အစွမ်းရှိနေပြီး သူ့ထဲကို ဝိညာဉ်ဆိုးတစ်ကောင် ဝင်ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ တေဂျာနဲ့ရေခါရဲ့အချစ်ကရော ဒီနတ်ဆိုးဝိညာဉ်ကို အောင်နိုင်မလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunni ဖြစ်ပါတယ်) File size…2.2GB / 1GB Quality…WEB DL 1080p / ...
movie
Tantra (2024)
2024
7.7
Chaari 111 (2024)
Chaari 111 (2024) အေးဂျင့်ချာရီIMDb 8.2/10 ဒါရိုက်တာတစ်ဖြစ်လဲ ဟာသသရုပ်ဆောင်မင်းသားကြီး Vennela Kishore ပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်စုံထောက်အေးဂျင့်ကားလေး ထွက်ရှိလို့လာပါပြီIMDb အရလည်းမဆိုးသလို ဇာတ်လမ်းသဘောအရလည်း ဟာသလေးတွေနှောထားတာဖြစ်လို့ အပျင်းပြေကြည့်ရှူဖို့ အဆင်ပြေတဲ့ဇာတ်ကားတစ်ကားပါပဲ အစိုးရဌာနတွေဆိုတာ စည်းမျဉ်းတွေအတိုင်း စာအုပ်ကြီးအတိုင်းလိုက်နာရတဲ့ အဖွဲ့အစည်းတွေပါ အမှုတစ်ခုအဆုံးသတ်ဖို့ဆို လိုအပ်တာထက် ကြာရှည်နေတော့ဝန်ကြီးချုပ်ကနေ တစ်နိုင်ငံလုံးမှာ ၃ယောက်ပဲသိတဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်ဒီအဖွဲ့ရဲ့တာဝန်ရှိသူကတော့ ဗိုလ်မှူးပရာဆပ်ရောင်ဝ် .. စာအုပ်ကြီးတိုင်းလုပ်ဖို့မလိုဘဲ တိကျမှန်ကန် မြန်ဆန်တဲ့နည်းနဲ့ တိတ်တဆိတ်ဖြေရှင်းကြတဲ့ အတော်ဆုံးတွေစုပေါင်းထားတဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုပေါ့ ဒီလိုနဲ့တစ်နေ့ ဈေးဝယ်စင်တာတစ်ခုမှာဗုံးပေါက်ခဲ့တယ် ဒဏ်ရာရသူအများအပြားနဲ့ သေဆုံးသူတွေရှိနေပေမဲ့ ဗုံးအစအနမတွေ့ရလို့ အကျပ်ရိုက်နေကြတာပေါ့ ဆိုတော့ထုံးစံအတိုင်းလျှို့ဝှက်အေးဂျင့်အဖွဲ့အစည်း ရူရမ်နီတရာခေါင်းပေါ်ကျလာပါလေရော ဖြစ်ချင်တော့ ရှိတဲ့အေးဂျင့်တိုင်းက ကိုယ်စီအမှုတစ်ခုဆီကိုင်ထားလို့ မအားမလပ်ဖြစ်နေပြီး ရာထူးဆိုင်းငံ့ထားတဲ့ ချာရီဆိုတဲ့အေးဂျင့်ပဲကျန်ပါတော့တယ်ချာရီဆိုတာက အဆုံးသတ်မှာအမှုကိုဖြေရှင်းနိုင်ပေမဲ့ ဖြေရှင်းနေစဉ်မှာတော့ အရှုပ်အထွေး အပျက်အစီးတွေများလို့ အထက်လူကြီးတွေနှလုံးရောဂါရရတဲ့လူတစ်ယောက်ပါ သူ့လက်ထဲဒီလိုပြည်သူစိတ်ဝင်စားနေတဲ့အမှုထည့်ဖို့ဖြစ်လာချိန်မှာတော့ ဘယ်လိုအလွဲတွေနဲ့ နှစ်ပါးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းကိုတော့ Yunni မှရေးသားထားပြီး CM Bollywood Team ကဘာသာပြန်ဆိုထားပါတယ်) File size…1.6GB / ...
movie
Chaari 111 (2024)
2024
Room 0 (2024)
Room 0 (2024)အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။ တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများ ဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိ ကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲ ဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။ မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့် ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။ အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။ နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller, Sci-fi Quality…. 1080p | 720p File size… ...
movie
Room 0 (2024)
2024
First
10
11
12
13
14
Last
Previous
Next