Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2024
Longing (2024)
Longing ( 2024 )အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ...
movie
Longing (2024)
2024
Mayavanam (2024)
Mayavanam (2024)ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့ လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာ တက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊ အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့် ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကို သူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ်အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးက သူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့ သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့အန္တရာယ်တွေရောက်လာချိန်မှာတော့.......အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ် File size… 2.2GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni
movie
Mayavanam (2024)
2024
4.7
Mazhai Pidikatha Manithan (2024)
Mazhai Pidikkatha Manithan (2024) "ဇာတ်မြှုပ်သူ"ဒီနေ့မှာတော့ 2024 ခုနှစ်ထွက် အသစ်စက်စက် ဘောလိဝုဒ်အက်ရှင်ခပ်ကြမ်းကြမ်းကားလေး တစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိစ္စတစ်ခုကြောင့် ဇာတ်မြှုပ်နေထိုင်ရဖို့ဖြစ်လာတဲ့ လျို့ဝှက်အထူးအေးဂျင့်တစ်ယောက်ဟာ နယ်မြို့လေးမှာ လာပြီးအခြေချပါတယ်။ အဲ့ဒီမြို့လေးမှာနေတဲ့ အခြေခံလူတန်းစား အတော်များများက ကျပန်း အလုပ်လုပ်ဖို့လာခေါ်တဲ့နေ့စားအလုပ်တွေကို လိုက်လုပ်ကြ လေ့ရှိပါတယ်။ဆိုတော့ တစ်နေ့မှာ ဒါလီလို့ခေါ်တဲ့ ငွေတိုးချေးစားလုပ်ငန်းက လူမိုက်လုပ်ဖို့ လူလာငှားတဲ့အခါ ကျွန်တော်တို့ဇာတ်လိုက် အထူးစစ်သားဟောင်းကြီးကိုလည်း ခေါ်သွားပါတယ်။ အဲ့ဒီမှာ သူတို့ဘယ်လောက် အနိုင်ကျင့်ပြီးငွေကိုညှစ်ယူနေကြလဲဆိုတာ သူအတိုင်းသား သိခဲ့မြင်ခဲ့ရတာပေါ့။အဲ့ဒီနောက်မှာပဲ အမျိုးသမီးတစ်ယောက်ဟာလည်း ဒီလို အကြွေးကိစ္စတွေနဲ့ လုံးပါးပါးမှာကိုမြင်ပြီး သူဝင်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်။ တစ်မြို့လုံးက ငွေတိုးချေးစားသမား လက်အောက်လူမိုက်တွေနဲ့ ဇာတ်မြှုပ်နေတဲ့ အထူးစစ်သားတစ်ယောက် ထိပ်တိုက်တွေ့ကြမယ့် ကားလေးပါ။ စိတ်ဝင်စားစရာကောင်းပြီး အက်ရှင်ဇာတ်ကြမ်းတွေကို ကြိုက်တတ်တဲ့ ပရိသတ်တွေကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်ခင်ဗျ။) File size… 2.96GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Mazhai Pidikatha Manithan (2024)
2024
6
Trisha on the Rocks (2024)
Trisha on the Rocks (2024) "ပူပင်ကြောင့်ကြမဲ့ အချစ်"IMDb 6.5CM ပရိသတ်ကြီးအတွက် ရင်ကိုအေးစေမယ့် ဂူဂျာရတ် စကားပြော အချစ်/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Shaitaan (2024) က မင်းသမီး Janki Bodiwala က မိဘစကားနားမထောင်ဘဲ ကိုယ်ထင်ရာလုပ် ပျော်ရာသွားတတ်တဲ့ တက်တက်ကြွကြွမိန်းကလေး ထရီရှာနေရာက ပါဝင်ထားပြီးဗစ်ရှဲလ်ကတော့ အရက်ပုန်းရောင်းချတဲ့ ကလေကချေဖြစ်ပါတယ်... တစ်ည ထရီရှာ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီမှာ အရက်လာပို့တဲ့ ဗစ်ရှဲလ်နဲ့ စကားပြောဖြစ်သွားပါတယ်အထက်တန်းလွှာက မိန်းကလေးဖြစ်ပေမယ့် ကလေကချေ ဗစ်ရှဲလ်ရဲ့ လွတ်လပ်တဲ့ဟန်နဲ့ စကားဖော်ရွေမှုကို သဘောကျသွားတဲ့အတွက် အဲဒီညမှာပဲ အချစ်ဇာတ်လမ်းခင်းလိုက်ကြပါတယ်မနက်မိုးလင်းတော့ သူတို့နှစ်ယောက်သဘောတူ တစ်ညတာကနေ အဆင့်ထပ်မတက်ဖို့ပြောကာ လမ်းခွဲလိုက်ပြီးနောက်မှာမှ ထရီရှာ သူ့ကိုမဖြစ်မနေ ပြန်လိုက်ရှာဖို့ လိုလာတဲ့အခါမှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.5GB / 1.06GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Trisha on the Rocks (2024)
2024
5.3
OMG: O Manchi Ghost (2024)
O.Manchi Ghost 2024 သရဲခြောက်တဲ့အိမ်ကြီးImdb 6.3ရေစက်ဆိုတာ ရှောင်မရသလို တစ်နေရာစီနေကြတဲ့လူတွေစုပြီး ဒုက္ခတစ်ခုတည်းခံစားရဖို့ဖြစ်လာတဲ့အခါ...ပိတ်ရက်မှာအနားယူရင်းကြည့်ဖို့ ရယ်လည်းရယ်ရ ကြောက်လည်းကြောက်ရမဲ့ သရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ် ဘဝမှာ ကြုံဆုံခဲ့ရတဲ့လူတွေက သူငယ်ချင်းဖြစ်နိုင်သလို ချစ်သူအပြင် ရန်သူပါဖြစ်လာနိုင်ကြတဲ့လောကကြီးမှာ ပြဿနာကိုယ်စီနဲ့ ရဲစခန်းမှာလာဆုံကြတဲ့လူ၄ယောက် အမတ်ပိုစတာကို နွားချေးနဲ့ပက်သူကတစ်ဦး ရဲကားဆီတိုင်ကီထဲ သေးပေါက်ထည့်သူတစ်ဦး ရဲကားကိုဝင်တိုက်သူကတစ်တွဲနဲ့ တွေ့ဆုံမိကြတယ်သူတို့အားလုံးရဲ့ဆုံမှတ်က ပိုက်ဆံကြောင့်ပါပဲ ဘုံဖြစ်နေတဲ့ပိုက်ဆံကို မသမာနည်းနဲ့ရှာဖွေဖို့ ၄ယောက်သားခေါင်းချင်းဆိုင်ပြီး စဉ်းစားတော့ အမတ်သမီးကိုပြန်ပေးဆွဲရင်းငွေညှစ်မယ်ပေါ့ ပြန်ပေးဆွဲပြီဆို ထားဖို့နေရာလိုတာကြောင့် လူမနေတဲ့အိမ်ကြီးကိုရွေးလိုက်မိတယ် သူတို့မသိတာက ဒီအိမ်ကြီးမှာနှစ်ရှည်လများကပ်တွယ်နေတဲ့ သရဲမတစ်ကောင်ရှိတယ်ဆိုတာပါပဲ ဒီအိမ်ထဲဝင်လာသူမှန်သမျှ သူ့လက်ကမလွတ်သလို အဝင်ပဲရှိပြီး ထွက်လမ်းမရှိတဲ့ ဒီအိမ်ကြီးထဲ သူတို့ဘယ်လို၂ပါးသွားကြမယ်ဆိုတာ ကြည့်ရှုလိုက်ပါဦးရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn တို့ပဲဖြစ်ပါတယ် ) File size…2.28GB / 1.10GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ ToMo ~ Alex ~ KKKZ ~ ...
movie
OMG: O Manchi Ghost (2024)
2024
6.5
Kotee (2024)
Kotee (2024) "ကိုတီ"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖို/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရိုးသားမှုဆိုတာ မနည်းရှာဖွေယူရမယ့် ဂျာနာသာမြို့လို သူခိုးသူဝှက်ပေါများတဲ့နေရာမှာ အလုပ်မျိုးစုံလုပ်ရင်း အမေ၊ ညီလေး၊ ညီမလေးတို့ကို ရိုးရိုးသားသားလုပ်ကျွေးသူ 'ကိုတီ' ညီမ မင်္ဂလာဆောင်နိုင်ဖို့၊ ညီဖြစ်သူအတွက် လုပ်ငန်းထောင်ပေးနိုင်ဖို့၊ အိမ်လေးကို ပြုပြင်ဖို့ တစ်ကုဋေကို မခိုးမဝှက်ဘဲ ရှာမယ်လို့ ကြွေးကြော်ထားတဲ့ ကိုတီနဲ့ သူ့အလုပ်ရှင်တို့ ပြဿနာတက်ကြရာ ...သူ့ကို ဒေါသထွက်သွာစေတဲ့ စကားတစ်ခွန်းကတော့ "လူတိုင်းရဲ့အတွင်းစိတ်မှာ သူခိုးတစ်ယောက်ကိန်းအောင်းနေတယ်" ဆိုတဲ့ စကားပါပဲ ဒါကို တစ်စက်လေးမှ လက်မခံတဲ့ ကိုတီတစ်ယောက် ပိုက်ဆံချေးဖို့လိုလာတော့ ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာ ပင်ကိုရိုးသားမှုကို သူဆက်ထိန်းနိုင်ဦးမလားဆိုတာ ပရိသတ်ကြီး အားပေးကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ် File size… 3.14GB / 1.70 GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard ...
movie
Kotee (2024)
2024
7.6
Darling (2024)
Darling 2024 (ဒါလင်)စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကို စာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင် မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရ စာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်, အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့ လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီး ပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုက သမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ ....... မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.4GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Darling (2024)
2024
7.7
Blink (2024)
Blink 2024 အချိန်ခရီးသွား Imdb 7.7လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါလောက်တော့ ပြန်အသွားချင်ဆုံးခုနှစ်တစ်ခုရှိပါတယ် မှားခဲ့တာတွေပြင်ကောင်းပြင်မယ် ပျော်ခဲ့တာတွေထပ်ပျော်ကောင်းပျော်မယ်အကြိုက်ဆုံးခုနှစ်ဆိုတာ လူတိုင်းနီးပါးမှာရှိတတ်ကြမှာပါ တကယ်လို့သာ အဲဒီနှစ်တွေဆီ ပြန်သွားခွင့်ရမယ်ဆိုရင် လက်ရှိမှာဘာတွေများပြောင်းလဲသွားမလဲ စာမေးပွဲမအောင်သေးလို့ အလုပ်မရှိသေးတဲ့အာပူ ..သူတို့မှာပြဇာတ်ရုံလေးတစ်ခုတော့ရှိပါတယ် သရုပ်ဆောင်ကောင်းကြလို့ သူ့ပရိသတ်နဲ့သူကတော့ရှိတယ်ပေါ့ အစိုးရအလုပ်အတွက် တစ်ဖက်မှာလည်းစာလုပ်ရင်း တစ်ဖက်မှာလည်းကျောင်းစရိတ်ရှာရင်း ဘဝကိုချစ်ရသူနဲ့ဖြတ်သန်းနေသူတစ်ဦးပါ ဒီလိုနဲ့တစ်နေ့ သူတိုကပွဲရုံဆီ အဘိုးအိုတစ်ဦးရောက်လာခဲ့တယ်ဒီနေရာမှာအာပူ့အကြောင်းပြောရရင် ဖခင်မရှိတော့ဘဲ မိခင်နဲ့သာနေထိုင်နေရသူပါ ဒီအဘိုးကြီးရောက်လာပြီးတော့ မင်းအဖေမသေသေးကြောင်း မင်းအမေကိုပြောလိုက်ပါလို့ စကားစလာခဲ့တယ် အဖေသေပြီလို့ပဲသိထားတဲ့အာပူတစ်ယောက် မယုံမကြည်နဲ့ ဘယ်သူ့မှလည်းမေးလို့မရ အဘိုးကလည်းပြောပြီးပျောက်သွားလေတော့ ဖခင်ရှာပုံတော်ဖွင့်ဖို့ အတိတ်ကိုအချိန်ခရီးသွားဖို့ သူ့ဘဝဘယ်လိုတွေပြောင်းလဲသွားမယ်ဆိုတာကိုတော့ ။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 1.9GB / 897MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Blink (2024)
2024
5.8
Jackpot! (2024)
Jackpot 2024နာမည်ကျော် ကိုရီးယား Squid Game တို့ The hungover games တို့လို Fun ဂိမ်းတွေဆော့ သတ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေဖြစ်တဲ့ John Cena, Marvel သရုပ်ဆောင်သစ်တွေဖြစ်တဲ့ Shang Chi မင်းသားကြီး Simu Liu နဲ့ awkwafina တို့ အဓိကပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို သရုပ်ဆောင်ဖြစ်ဖို့အတွက် ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြို့မှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာ ဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကေတီလုံခြုံအောင်နေဖို့လိုတာပေါ့။ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးတဲ့ နိုးအယ်လ်ခေါ် ဂျွန်စီနာကြီးနဲ့တွေ့ပြီး သူ့ကိုကာကွယ်ပေးပေမဲ့ တစ်မြို့လုံးက လိုက်သတ်နေတဲ့ ကေတီ့ကိုသူလည်း ကာကွယ်မပေးနိုင်ပါဘူး။ အဲ့လိုနဲ့ ပြေးကြရင်း သူတို့လို ထီပေါက်တဲ့လူတွေကို အကာအကွယ်ပေးပြီး ကော်မရှင်ယူတဲ့ ရှမ်းကြီးတို့တဲ့ ...
movie
Jackpot! (2024)
2024
7.7
Golam (2024)
Golam ( ဂိုလမ် ) 7.7/10 · IMDbအလုပ်ရှင်သူဌေးကို လုပ်ကြံကြမယ့် ဝန်ထမ်းတွေအကြောင်းဇာတ်ကားဖြစ်ပြီးသည်းထိတ်ရင်ဖိုမှုခင်းစုံထောက်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း- ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာ အလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့် အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်..ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ... Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင် လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့် လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိ ဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ) File size… 1.7GB / 715MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Golam (2024)
2024
7.1
Indrani – Epic1: Dharam vs Karam (2024)
Indrani: Epic-1 Dharam vs Karam ( 2024 ) "စူပါဂဲလ်အင်ဒရာနီ"CM ပရိသတ်ကြီးအတွက် အိန္ဒိယ time travel ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၁၂၂ ခုနှစ်မှာ တရုတ်တွေက အိန္ဒိယနဲ့ကမ္ဘာကြီးကို ကျူးကျော်ဖျက်စီးဖို့ သွေးတိုးစမ်းလာပါတယ်..သူတို့မှာ ရန်သူ့လေယာဉ်တွေကို ခြေရာခံထောက်လှမ်းလို့မရအောင် တားဆီးပေးတဲ့ Material တစ်ခုကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာကြောင့် ပြဿနာကြီးဖြစ်လာပါတယ်..အဲဒီပြဿနာကိုဖြေရှင်းဖို့ အဲဒီ Material အကြောင်းသိဖို့လိုလာတဲ့အတွက် အချက်အလက်ရှာဖွေရာကနေ ဒီ Material ကို အောင်မြင်စွာစတင်စမ်းသပ်နိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က အိန္ဒိယလူမျိုးသိပ္ပံပညာရှင်တွေဖြစ်ကြောင်းကို သိရှိသွားပါတော့တယ်..ဒါပေမဲ့ သူတို့ဟာ ပရောဂျက်အောင်မြင်ကြောင်းကြေညာပြီးနောက်တစ်ရက်ကစပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားကြတာမလို့ သုတေသနကြီးဟာလည်း သူတို့နဲ့အတူ ပျောက်ဆုံးသွားရပါတယ်.. ဒီလိုနဲ့ လက်ရှိအိန္ဒိယနဲ့ကမ္ဘာကြီးကို ကာကွယ်ကယ်တင်ဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကိုသွားပြီး ဘာတွေဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းဖော်ထုတ်ဖို့ဖြစ်လာပါတယ်..လွန်ခဲ့တဲ့နှစ်တစ်ရာက ဘာတွေဖြစ်ခဲ့သလဲနဲ့ ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn ...
movie
Indrani – Epic1: Dharam vs Karam (2024)
2024
5.5
Nelma Kodama: The Queen of Dirty Money(2024)
Nelma Kodama: The Queen of Dirty Money (2024) IMDB: 5.5 Genre: Documentary Nelma Kodama ဆိုတာကတော့ ဘရာဇီးနိုင်ငံက ငွေရောင်းငွေဝယ်လုပ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူပါဝင်ပတ်သက်ပြီး ဘယ်လိုမျိုး ငွေကြေးခဝါချခဲ့လဲ၊ ဘယ်လိုမျိုး ငွေမည်းဈေးကွက်ကအလုပ်လုပ်ခဲ့လဲဆိုတာကိုမြင်ရမှာဖြစ်ပါတယ်။မှောင်ခိုဈေးကွက်ထဲမှာ ဘယ်လိုမျိုးအလုပ်လုပ်တယ်၊ ဘယ်လိုမျိုး သူတို့ငွေကြေးတွေကိုလဲလှယ်ခဲ့လဲ၊ ခဝါချခဲ့လဲ၊ အထူးတပ်ဖွဲ့က သူတို့ကိုဘယ်လိုများဖမ်းခဲ့လဲဆိုတာကို မြင်ရမှာဖြစ်ပါတယ်။ File size…1.3GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lucifer Maximoff
movie
Nelma Kodama: The Queen of Dirty Money(2024)
2024
8.7
The Birthday Boy (2024)
The Birthday Boy (2024) "မွေးနေ့ရှင်"ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖို တေလဂူးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် တေလဂူးရုပ်ရှင်တို့ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းအကျဥ်းကတော့အမေရိကားမှာ ကျောင်းတက်နေကြတဲ့ သူငယ်ချင်းငါးယောက် အချင်းချင်းစကြနောက်ကြတဲ့ ရယ်မောသံတွေပြည့်နေတဲ့ စကားဝိုင်းလေးမှာ ဘာလူ့မွေးနေ့အတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြောင်း သူငယ်ချင်းတစ်ယောက်က ပြောလာပါတယ်အမေရိကားမှာ ငွေကိုစိစစ်ပြီး သုံးစွဲနေရတဲ့ သူတို့အဖို့ အစွမ်းကုန် ခြေလွတ်လက်လွတ် ကဲလို့ရမယ့် သူငယ်ချင်းမွေးနေ့ရောက်တဲ့အခါ အမူးသောက်ကြပြီး ... ပျော်ကြပါးကြ ပရမ်းပတာတွေ လုပ်ရင်းမှ လက်လွန်ကြက်သွန်တွေဖြစ်ကာ ထိတ်ထိတ်ပျာပျာ ကြံမိကြံရာတွေ လုပ်ကြပုံကို ပရိသတ်ကြီးကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.8GB / 892MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
The Birthday Boy (2024)
2024
Ghudchadi (2024)
Ghudchadi (2024) “သားအဖနှစ်ယောက် ငါးပါးမှောက်” Genre – Family, Comedy, Romanceနာမည်ကျော်မင်းသားကြီး တစ်လက်ဖြစ်တဲ့ Sanjay Dutt ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိထားတဲ့ မိသားစုဟာသအချစ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်ဗျာ။ ဒါအပြင် မင်းသမီးချောကြီး Raveena Tandon တို့အပြင် တခြားမင်းသမီးငယ်ငယ်ချောချောလေး Khushali Kumar ကပါ အားဖြည့်ထားတော့ မိုက်နေရောပေါ့။ဇာတ်လမ်းလေးကတော့ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ခင်ပြီး နွေးထွေးကြတဲ့ အဘွားရယ် အဖေရယ် သားဖြစ်သူရယ်ဆိုပြီး မိသားစုလေး ရှိကြတယ်။ အဘွားဖြစ်သူက ဘုရားတရားလုပ် လူကြီးဖြစ်တဲ့အတွက် ခေတ်မမှီတဲ့လူပေါ့လေ၊ အဖေကတော့ စစ်ပြန်အငြိမ်းစား ကာနယ်ကြီးတစ်ယောက် အပေါင်းအသင်းတွေနဲ့ ဂေါက်လေးဘာလေးရိုက်ပြီး မိခင်အမေအိုကြီးကို စောင့်ရှောက်ပေးနေသူ၊ သားဖြစ်သူကျ သူငယ်ချင်းတစ်ယောက်နဲ့အတူ အတွင်းခံလုပ်ငန်းကြီးကို စွန့်ဦးတီထွင်သူအဖြစ် စတင်လှုပ်ရှားနေကြတာပေါ့။သားဖြစ်သူကိုလည်း အဘွားဖြစ်သူရော အဖေဖြစ်သူကပါ မျက်စိနောက်ပြီး မိန်းမပေးစားချင်နေပေမဲ့လည်း အဆင်မပြေနေဘူးပေါ့လေ။ တစ်ရက်ကျ သားဖြစ်သူက သူငယ်ချင်းမင်္ဂလာဆောင်သွားရင်းနဲ့ သတို့သမီးရဲ့ သူငယ်ချင်းဖြစ်သူလေးကို ကြွေလာပါလေရော။ဒါတင်မကဘူး အဖေဖြစ်သူကလည်း မိန်းမဖြစ်သူ ဆုံးထားတာ နှစ် ၂၀ လောက်ရှိနေတဲ့အချိန် ရုတ်တရက် ငယ်ချစ်ဦးနဲ့ ပြန်ဆုံတွေတဲ့အချိန် ငယ်ကအချစ်အနှစ်တရာဆိုပြီးလုပ်။ ခက်တာက သားအဖနှစ်ယောက်ခင်ဗျာ ...
movie
Ghudchadi (2024)
2024
6.1
Phir Aayi Hasseen Dillruba (2024)
Phir Aayi Hasseen Dillruba (2024) "ချစ်ရပါသော" IMDb - 6.3/10စောင့်မျှော်နေကြတဲ့ Haseen Dillruba(2021)ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို Netflixကနေ ထုတ်လွှင့်ခဲ့ပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ အရင်ဇာတ်ကောင်တွေပဲဖြစ်တဲ့ ၁၂တန်းကျမင်းသား ဗီခရန့်၊ ကျွန်တော့်အတွက်တော့ ဘယ်မင်းသမီးမှ တုပြိုင်ကာယှဉ်လို့မနှိုင်းနိုင်တဲ့ မင်းသမီးချောလေး တာ့ပ်ဆီးတို့ပါပဲ။မင်းသား မင်းသမီးရဲ့အချစ်ဇာတ်လမ်းကို မသိသေးဘဲ ဒီကားကြည့်ရင်တော့ တစ်ခုခုလိုအပ်နေသလို ခံစားရမှာဖြစ်လို့ မကြည့်ဖူးသူတွေက Haseen Dillruba(2021)ကို အရင်ကြည့်လိုက်ကြပါဦး။ချစ်သူအတွက် လက်တစ်ဖက်ကို စတေးခဲ့တဲ့ အချစ်သူရဲကောင်းကြီး ရီရှူ။ အရင်ကားဇာတ်သိမ်းမှာပြီးသွားတဲ့အတိုင်း ရီရှူတစ်ယောက် အချစ်အတွက် အရာရာစတေးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။တရားဥပဒေကိုတော့ အချစ်နဲ့သက်သေပြလို့မရတဲ့အတွက် တိမ်းရှောင်နေရင်း အချစ်က မြစ်တစ်စင်းဆို ကမ်းတစ်ဖက်စီဖြစ်လို့နေတဲ့ ချစ်သူနှစ်ယောက် အချစ်မြစ်ကြီးကိုဖြတ်သန်းဖို့ကြိုးစားကြရာမှာ မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ကံကြမ္မာတစ်ပတ်လည်ပြန်လေသလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.78GB / 817MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Phir Aayi Hasseen Dillruba (2024)
2024
6.4
Nadanna Sambhavam (2024)
Nandanna Samhbavam (2024) "လွတ်မြောက်ရာ" IMDb - 6.4/10ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nadanna Sambhavam (2024)
2024
5.7
Indian 2: Zero Tolerance (2024)
Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
Indian 2: Zero Tolerance (2024)
2024
6.5
Turbo (2024)
Turbo (2024) "ဇိုး" IMDb - 6.5/10ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့ မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့ သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။ သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။ တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.8GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Turbo (2024)
2024
7.5
Love Li (2024)
Love Li (2024)"မီးတောက်" ======================ကန်နာဒါရုပ်ရှင်တွေမှာ ဗီလိန်နေရာက သရုပ်ဆောင်တာများတဲ့ မင်းသား ဗာဆီရှ်သာဆင်မ်ဟာ ဇာတ်လိုက်နေရာကရိုက်ထားတဲ့ အသစ်ထွက် ရိုးမန့်စ်အက်ရှင် ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆီရှ်သာဟာဆိုရင် K.G.F လို ရုပ်ရှင်မျိုးမှာတောင် ဗီလိန်နေရာက ပါဝင်ဖူးသူဖြစ်တဲ့အတွက် ကန်နာဒါရုပ်ရှင်လောကမှာ အတော်အသင့် နာမည်ကြီးနေပြီဖြစ်တဲ့မင်းသားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းကတော့.. သူ့ချစ်သူကို ထိလို့ဆိုပြီး ထိတဲ့လက်ကို ခုဝာ်ဖြဝာ်တဲ့ထိကြမ်းတဲ့၊ ကြမ်းပေ့ဆိုတဲ့ လူမိုက်တွေကတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မိဘမဲ့ မိုက်ရူးရဲတစ်ယောက် ချစ်ရတဲ့မိန်းကလေးနဲ့ လက်ထပ်ပြီး အခြေချဖို့ကြိုးစားနေတုန်းမှာ အခြေအနေအရပ်ရပ်က သူ့ကို ဂိုဏ်းစတားတစ်ယောက်ဖြစ်လာအောင် တွန်းပို့တဲ့အတွက် ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပုံကို တောင်ပိုင်းကားဆန်ဆန် မြင်တွေ့မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရော၊ နောက်ခံတီးလုံးတွေရော၊ အက်ရှင်ခန်းတွေရော တော်တော်လေး မဆိုးလှတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် စီအမ်ဘောလိဝုဒ်တီးမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.5GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Love Li (2024)
2024
7.6
Kailasa Kasidre (2024)
Kailasa Kasidre 2024 ပျားရည်ဆမ်းခရီးလမ်းဒီတစ်ခါမှာတော့ စော်မလိုက်တတ်တဲ့ဘဲကြီးတွေနဲ့ တော်ကီအလန်းနဲ့မချုပ်တတ်တဲ့လူတွေဖို့ ဟာသလည်းရ ပညာလည်းရမဲ့ကားလေး တင်ဆက်ပေးထားပါတယ်ဒီပါ့ခ်နဲ့ အန်ဂျလီတဲ့ သူတို့တွေ့ဆုံပုံက မီးပွိုင့်မိရင်းစခဲ့တယ် ဘေးချင်းယှဉ်ရပ်မိရင်း ဇာတ်လမ်းဖြစ်တည်ခဲ့ပုံက ရုပ်ရှင်ဆန်ဆန်ပေါ့ မြင်မြင်ချင်း သဘောကျမိသွားလို့ အန်ဂျလီ့နောက်တစ်ကောက်ကောက်လိုက်ရင်း သူ့ဖြစ်တည်မှုတွေကို အသေးစိတ်စုံစမ်းခဲ့တယ်အရမ်းလိုချင်နေရင် ရကိုရတယ်ဆိုတဲ့ သူ့ခံယူချက်နဲ့ ဒီပါ့ခ်တစ်ယောက် အန်ဂျလီ့ကိုရဖို့ကြိုးစားရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခုထဲပါသွားခဲ့ရတယ် အန်ဂျလီကလည်း ခေသူမဟုတ် ရုပ်လေးရော ဘော်ဒီလေးပါမိုက်တဲ့အပြင် အလုပ်အကိုင်လေးကလည်းကောင်းဆိုတော့ တော်ရုံလူစိတ်ထဲမထည့်တတ်သူလေး ဒီလိုကောင်မလေးအချစ်ကိုရဖို့ ဒီပါ့ခ်တစ်ယောက် ဘယ်လိုတွေကြိုးပမ်းပြီး ဘာတွေဆက်ဖြစ်သွားမယ် သူ့ဘဝဘာတွေပြောင်းလဲကုန်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 2.6GB/ 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ ToMo
movie
Kailasa Kasidre (2024)
2024
1
2
3
Last
Next