Channel Myanmar

2023

Breathe (2023) 5.8
Breathe (2023) Breathe 2023 IMDb - 5.5/10ဝန်ကြီး မစ္စတာအာဒီတယာဗီရ်မာက ဂေါက်ကွင်းမှာ မူးလဲသွားတာကြောင့် အရေးပေါ်ကုသရင်း Breatheဆေးရုံကိုရောက်သွားခဲ့ပါတယ်။လူထုကလည်း ဝန်ကြီးဘာဖြစ်လဲအရမ်းကိုသိချင်နေခဲ့ပါတယ်။ ဝန်ကြီးက ဆေးရုံရောက်တဲ့အချိန်မှာပဲ ဝန်ကြီးရဲ့ တိတ်တိတ်ပုန်းသားဖြစ်တဲ့ အာဘီကလည်း ဝန်ကြီးတက်တဲ့ဆေးရုံရဲ့ အရေးပေါ်ခန်းမှာတက်ရောက်ကုသနေရင်းနဲ့ ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူ ကာဒါလီနဲ့တွေ့ဆုံခဲ့ပါတယ်။ဆေးရုံရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို လူထုကိုတင်ပြရင်း မှားယွင်းစွာတင်ပြထားတာကို သိလိုက်တဲ့ ဝန်ကြီးရဲ့တိတ်တိတ်ပုန်းသားလေး အာဘီကနေ မသင်္ကာဖြစ်ပြီးတော့ သူ့အဖေရဲ့အကြောင်းကို ဘာလို့ ဒီလိုတင်ပြရလဲဆိုတဲ့အကြောင်းကို စုံစမ်းရင်းနဲ့ပဲ ဒီဇာတ်လမ်းလေးဖြစ်လာတာဖြစ်ပါတယ်။အာဘီတစ်ယောက် သူ့အဖေရဲ့ကိစ္စကို စုံစမ်းရင်း နောက်ကွယ်မှာ ဘယ်လိုအရာတွေကို ရှာဖွေတွေ့ရှိသွားမလဲ ............. ဝန်ကြီးကရော ကျန်းမာရေးပြန်ကောင်းလာပါ့မလား ....... အာဘီနဲ့ ကာဒါလီတို့ရဲ့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်မလဲ........ အစရှိတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Sai~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.1GB / 939MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~V~ToMo~Yunni
movie

Breathe (2023)

2023
B 32 Muthal 44 Vare (2023) 6.9
B 32 Muthal 44 Vare (2023) B 32 Muthal 44 Vare 2023 (ပွင့်သောပန်းတိုင်း လန်းပါစေသား )IMDb-7.0/10 ဒီမိုကရေစီတို့ ကျားမတန်းတူတို့ ဘယ်လောက်ပဲဟစ်ကြွေးနေပါစေ၊ ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေဟာ ခွဲခြားမြဲခွဲခြားခံနေရဆဲ၊ ဖိနှိပ်ခံနေရဆဲပါပဲ။ဒါကိုမီးမောင်းထိုးပြဖို့အတွက် woman empowerment ရုပ်ရှင်တွေ အများကြီးရိုက်ကူးခဲ့တဲ့ထဲမှာမှ ပုံစံကွဲလေးတစ်မျိုးနဲ့ တင်ပြလာတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ လူရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ရည်မှန်းထားတဲ့ own expectations တွေရှိသလိုပဲ ပတ်ဝန်းကျင်က အသိုင်းအဝိုင်းက ကိုယ့်အပေါ်ထားတဲ့မျှော်မှန်းချက်တွေလည်း ရှိနေပြန်ပါတယ်။ အခုဒီကားလေးထဲမှာတော့ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်က အမျိုးသမီးတွေအပေါ်ထားတဲ့ gender expectation တွေ gender normsတွေကို လူတန်းစားအလွှာမတူတဲ့ အမျိုးသမီး ၅ ယောက်နဲ့ transgender manတစ်ယောက်ရဲ့ ရှုထောင့်နဲ့ တင်ပြထားတာပါ။လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတွေပီပီ ပတ်ဝန်းကျင်ကရိုက်ခတ်မှုတွေ၊ lgbtတွေကိုခွဲခြားမှုတွေ၊ အမျိုးသမီးတွေဖြစ်နေတဲ့အတွက် အလုပ်ခွင်ကနေ အပိုဆောင်းရလာတဲ့ဖိအားတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး positive reviewတွေ ပိုင်ဆိုင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာမလို့ စီအမ်ပရိသတ်တို့လည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamကပဲဖြစ်ပါတယ်) File size…1.1GB/ 588MB Quality…WEB DL ...
movie

B 32 Muthal 44 Vare (2023)

2023
Sound Party (2023) 7.9
Sound Party (2023) Sound Party (2023) သူ‌ဋ္ဌေးလောင်းအိပ်မက်IMDb-8.1/10 ရှေးတုန်းကဘုရင်တွေက သူတို့အစေခံတွေ အလုပ်လုပ်တာတော်ရင် ရွှေအိုး ၊ ရွှေဒင်္ဂါးပြားတွေဆုချကြတယ် ။ဒါပေမဲ့အသုံးမချတတ်တဲ့သူတွေက ဒါတွေကို အိမ်ထဲမှာပဲ ကျင်းတူးမြှုပ်ထိန်းသိမ်းရာကလွဲ ဘာမှမလုပ်တတ်ကြဘူးတဲ့ ။ဒီလိုနဲ့ ခေတ်အဆက်ဆက်ပြောင်းလာရင်း အိမ်ထဲတင်ရွှေအိုးတူးမိချမ်းသာသူတွေရှိလာကြတယ်။ ဒီ‌ဇာတ်ကားထဲက ကူးမားတို့မိသားစုကတော့ မျိုးနဲ့ရိုးနဲ့ တစ်မိသားစုလုံး ကြွယ်ဝချမ်းသာချင်စိတ်ပြင်းထန်ကြသူတွေ အပေါ်ကပြောခဲ့တဲ့အကြောင်းသိပြီး အိမ်ထဲပဲပတ်တူးရမလား တွေးတဲ့သူ...၊ တက်ကျမ်းတွေဖတ်အိပ်မက်တွေမက်ပြီး အကြီးကြီးတွေပဲ မှန်းတဲ့သူ...၊ ရှိသမျှဘုရားအကုန်လက်အုပ်ချီပူဇော်ပြီး အားတဲ့ဘုရားဆင်းမပါဆိုတဲ့ ကြွယ်ဝရေးအမြဲဆုတောင်းနေသူ....၊ ဒီလို လူမျိုးစုံပါနေတဲ့မိသားစုဟာ တစ်ရက်မှာတော့ ထိုင်တွေးလို့မဖြစ် လက်တွေ့အကောင်အထည်ဖော်မှဆိုပြီး ကြီးပွားချမ်းသာရေးနည်းလမ်းမျိုးစုံစဉ်းစားပြီး ကြိုးစားကြတော့တာပါပဲ...၊ကြီးပွားရေး ဒီလောက်ထိစိတ်အားထက်သန်နေတဲ့မိသားစု တကယ်အောင်မြင်ဖြစ်ထွန်းသွားမလား တလွဲတချော်တွေကြားက ဟာသဖျော်ဖြေမှုရနိုင်မလားဆိုတာ ရှုစားကြည့်ကြပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size…2.44GB /1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Sound Party (2023)

2023
Freud’s Last Session (2023) 6
Freud’s Last Session (2023) Freud's Last Session (2023)~ IMDb - 6/10, RT - 45%, Meta - 49% ~စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က ...
movie

Freud’s Last Session (2023)

2023
And Then Come the Nightjars (2023) 6.4
And Then Come the Nightjars (2023) And Then Come the Nightjars (2023)~ IMDb - 6.4/10, Rotten Tomatoes - 80% ~ခွာနာလျှာနာရောဂါကို တော်တော်များများ ကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ်လောက်တုန်းကပေါ့ ဗြိတိန်မှာ ခွာနာလျှာနာ အကြီးအကျယ်ကူးစက်ပျံ့နှံခဲ့ပါတယ်။ မွေးမြူရေးခြံပေါင်း ၁၀,၀၀ လောက် ကူးစက်ခံရတာကြောင့် လူပေါင်း ၈၀၀၀ ကျော်လောက် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့လုပ်ငန်းစဉ်မှာ ‌ဗြိတိသျှပေါင် ၃ဘီလီယံကျော် ကုန်ကျခဲ့ပါတယ်။ မွေးမြူရေးတိရစ္ဆာန်ပေါင်း ၆.၅ သန်းလည်း အသတ်ခံခဲ့ရပါတယ်။အခု ဒီရုပ်ရှင်ကတော့ အဲဒီအချိန်ကာလကို ပြန်တည်ထားတာပါ။ အဲဒီအခြေအနေအကျပ်အတည်းကို နောက်ခံထားပြီးရေးဖွဲ့ထားတဲ့ ဆုရပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းလိုက်တာပဲဖြစ်ပါတယ်။မွေးမြူရေးခြံရှင် အဖိုးကြီးတစ်ဦးနဲ့ လူလတ်ပိုင်း ဒေသန္တရတိရစ္ဆာန်ဆရာဝန်တစ်ဦးကြားက အပိုဆာဒါးမပါတဲ့ ရိုးရှင်းနွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို တွေ့မြင်ရမှာပါ။ ခြံရှင်အဖိုးကြီးဟာ သူ့ရဲ့ နွားတွေကို သားသမီးတွေနဲ့မခြားချစ်သူဖြစ်ပြီး သူ့ရဲ့ ...
movie

And Then Come the Nightjars (2023)

2023
Rani: The Real Story (2023) 8.9
Rani: The Real Story (2023) Rani The Real Story (2023) "လူသတ်တရားခံ အိမ်ဖော်မလေးရာနီ"IMDb-9/10နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါ ဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်....။ သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကို မထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်...။အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။ ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ.....။ ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့် ကျန်အိမ်ရှင်‌တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်...။ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါ ဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ်လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကို လွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်....။ ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ....။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.6GB  / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ...
movie

Rani: The Real Story (2023)

2023
Laala (2023) 9.0
Laala (2023) Laala (2023) ဘဝမျဉ်းပြိုင်များ IMDb 9/10ဒီဇာတ်ကားမှာ ရှာမီနာ လက်ရှ်မီးနဲ့ ရှာဂျီလို့ခေါ်တဲ့ ဇာတ်ကောင်သုံးယောက်ရဲ့ဘဝတွေကို ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ခြောက်နှစ်အရွယ်သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ လက်ရှ်မီးဟာ သမီးဖြစ်သူအတွက် ဖခင်တစ်ယောက်ရှာနေချိန်မှာ facebook ကနေ ရှာဂျီနဲ့တွေ့ဆုံခဲ့ပါတယ်… သူနဲ့ရှာဂျီရဲ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ… ရှာမီနာကတော့ ယောကျ်ားတစ်ယောက်ရဲ့ကာကွယ်မှူရှိမှ ဘေးကင်းမယ်လို့မှတ်ယူထားတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ထွက်သွားပြီး နေရာအများကြီးကို ခြေဆန့်ချင်နေတဲ့သူတစ်ယောက်…သူ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ… ဒီ၃ယောက်ရဲ့ဘဝတွေက ဘယ်လိုဆက်စပ်နေမလဲ… သင်ခန်းစာယူစရာတစ်ခုခု သေချာပေါက်ရမှာမလို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။ File size…1.43GB/ 718MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Laala (2023)

2023
Tiger Stripes (2023) 6.1
Tiger Stripes (2023) Tiger Stripes 2023ဒီဇာတ်ကားဟာ မလေးအမျိုးသမီးဒါရိုက်တာ အမန်ဒါနယ်အူက သူ့ရဲ့ပွဲဦးထွက်လက်ရာအဖြစ် လက်စွမ်းပြရိုက်ကူးထားတာဖြစ်ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ဝေဖန်ရေးဆရာတွေရဲ့အကောင်းဆုံးရုပ်ရှင်ဆု၊ ၉၆ မြောက်အော်စကာဆုပေးပွဲအတွက် မလေးရှားနိုင်ငံရဲ့ ကိုယ်စားပြုရုပ်ရှင် စတဲ့ ဆုပေါင်း ဂုဏ်ပုဒ်ပေါင်းများစွာရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။.....ဇာတ်ကားကတော့ Body Horror ကားဖြစ်လို့ တချို့ဇာတ်ဝင်ခန်းတွေကတော့ အသက်မပြည့်သူတွေ ရောဂါအခံရှိသူတွေ မကြည့်ရှုသင့်ကြောင်း တစ်ခါတည်း ပြောကြားပေးလိုပါတယ်။......ဇာတ်လမ်းလေးကတော့ ကြုံတွေ့နေကျ အာရှနိုင်ငံအများစုရဲ့ မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်ကြုံရတဲ့ပြသနာလေးတွေ ရှေးရိုးစွဲကြတဲ့ လူ့အဖွဲ့အစည်းတွေ မိန်းမတွေကို လူတန်းစားခွဲခြား ဆက်ဆံတာတွေ စတဲ့ပြသနာများစွာကိုပဲ ရိုက်ကူးပြထားတာပါ ထူးခြားသွားတာကတော့ မတူညီတဲ့ရှုထောင့်တစ်ခုကနေ ယနေ့ခေတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတော့ ဒီလိုပြသနာတွေဟာ ခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ရှိနိုင်သေးတာလားလို့ မေးခွန်းထုတ်မိမှာပါပဲ တစ်တော့ခ်ဆော့နေတဲ့ကောင်မလေးမှာ Mens ကြောင့် သူငယ်ချင်းတွေကြားထဲပြသနာတက်တဲ့အထိ Sex education အားနည်းတယ်ဆိုတာ အရှေ့တိုင်းရဲ့တချို့ရှေးရိုးစွဲမှုတွေကို မေးခွန်းထုတ်ချင်စရာပါပဲ... ကိုယ်တိုင်ကြည့်ဖြစ်မှ ပိုအရသာရှိမဲ့ကားမို့ အားလုံးပဲ အာရှအမျိုးသမီးဒါရိုက်တာတစ်ယောက်ရဲ့ ကမ္ဘာထိထိုးဖောက်နိုင်ခဲ့တဲ့ ပွဲဦးထွက်လက်ရာကို ခံစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Horror Quality…. 1080p | 720p File size… 1.9GB | 758MB Format… ...
movie

Tiger Stripes (2023)

2023
Mrs. Influencer (2023) 7
Mrs. Influencer (2023) Senora Influencer (2023)အခုခေတ်မှာ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းရဲ့နိစ္စဓူဝမှာ မပါမဖြစ်အရာတစ်ခု ဖြစ်လာနေပါပြီ။ ကိုယ်တိုင်သိ၍ဖြစ်စေ မသိ၍ဖြစ်စေ တန်ဖိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာမှာ မွှေနှောက်ရှာဖွေရင်း အတင်းအဖျင်းတွေ ပွဲတွေရှာဖတ်ရင်း ဖြုန်းမှန်းမသိ ဖြုန်းမိနေတာပေါ့။ ဒီလိုပြော‌နေတဲ့ ကျွန်တော်သည်လည်း ဆိုရှယ်မီဒီယာမှာ နစ်မျောနေတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမဲ့ လိုတာထက်ပိုလာရင် ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ကလေးတွေအတွက်တော့ ဒီဆယ်လီရူးရောဂါက အတော်ကြီးတဲ့ဒုက္ခဖြစ်လာမှာပါ။ အခုဒီကားလေးကတော့ ဆိုရှယ်မီဒီယာရဲ့ လူထုအပေါ်သက်ရောက်မှုကို တစ်စေ့တစ်စောင်း မီးမောင်းထိုးပြထားတာပေါ့။ဖာတီမာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါကြောင့် ကုသမှုခံယူနေရတဲ့သူပေါ့။ ဒါပေမဲ့ အရူးကိုအရူးလို့ပြောရင် အရူးစိတ်ဆိုးသလိုပဲ ဖာတီမာကိုလည်း သူ့မိဘတွေက စိတ်ရောဂါကုဖို့ပြောရင် ဖာတီမာ အရမ်းစိတ်ဆိုးပါတယ်။ ဒါပေမဲ့လည်း မကုရင် ရင့်လာမယ့်ရောဂါဆိုတော့ အဖေကဘာမှမေးနေပြောမနေတော့ဘဲ ဖာတီမာကို ဆေးတွေအတင်းတိုက်ပြီး အိမ်ထဲပိတ်ထားတာပေါ့။ ဒီလုပ်ရပ်က မှန်လားမှားလားတော့မသိပေမဲ့ ဖာတီမာအတွေးထဲမှာတော့ အဖေကသူ့ကိုအဆိပ်တိုက်ပြီး အိမ်ထဲပိတ်ထားတယ်၊ အမေကလည်း သူ့ကိုယ်သူသတ်သေသွားတယ်ဆိုတဲ့ စိတ်ဒဏ်ရာတွေ ကြီးစိုးနေတာပေါ့။တစ်နေ့မှာ ဖာတီမာတစ်ယောက် အဖေ့ပိုက်ဆံကိုခိုးပြီး ဂျက်ကီဆိုတဲ့ life style influencerရဲ့ ဆွေးနွေးပွဲတက်ရာကနေ ဂျက်ကီရဲ့ ကမ္ဘာကြီးကို မဟားတရားအကောင်းမြင်တဲ့ အချိုသပ်စကားတွေထဲ မျောပြီး အရူးတောင်ပံတပ်‌သလို ဖြစ်‌နေချိန် ဖုန်းဝယ်လိုက်ချိန်မှာတော့ ဘဝမှာကွက်လပ်တွေပြည့်နေတဲ့ ...
movie

Mrs. Influencer (2023)

2023
Chhota Bheem Shakti Astra Ki Khoj (2023) 7.7
Chhota Bheem Shakti Astra Ki Khoj (2023) Chhota Bheem Shakti Astra Ki Khoj(2023) ချိုတာဘီးမ်နှင့်နတ်လက်နက်ရှာပုံတော်IMDb- 7.7/10 ရှားရှားပါးပါး indian cartoon လေးလည်းဖြစ် မီယမ်မာပရိသတ်နဲ့လည်းမစိမ်းလှတဲ့ ချိုတာဘီးမ်ဆိုတဲ့ကာတွန်းလေးကို တင်ဆက်လိုက်ပေးလိုက်ပါပြီ။ထုံးစံအတိုင်းပဲ ဇာတ်လိုက်ကျော်ကြီးချိုတာဘီးမ်နဲ့ သူငယ်ချင်းတစ်စုက ဒီတစ်ခါမှာရော လူတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ ရှုစားကြပါဦး။ စကြာဝဠာကြီးထဲက ဂြိုဟ်တွေအများကြီးရှိတဲ့ထဲမှာ ရှက်တီဆိုတဲ့ဂြိုဟ်တစ်လုံးလည်း ထူးထူးဆန်းဆန်းပါဝင်ပါတယ်။ ဒီဂြိုဟ်ရဲ့ထူးခြားမှုကတော့ ဂြိုဟ်ကြီးရပ်တည်နိုင်ဖို့ကို ရှက်တီလက်နက်ဆိုတဲ့ နတ်လက်နက်က စွမ်းအင်ပေးထားတာပါ။ဒီရှက်တီလက်နက်သာမရှိရင် တစ်ပတ်အတွင်း ဂြိုဟ်ကြီးကပျက်စီးသွားမှာဖြစ်သလို ဂြိုဟ်သားတွေလည်း တစ်ခါတည်းအတူသေကုန်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နတ်လက်နက်ဆိုတဲ့အတိုင်း ပိုင်ဆိုင်လိုသူတွေကများတော့ ဒီရှက်တီလက်နက်ကိုသိမ်းပြီး ဂြိုဟ်တစ်ခုလုံးကို မင်းမူချင်တဲ့ရှရူးဒါ့စ်က ဒီလက်နက်ကို လာခိုးပါတော့တယ်။ ဒီတော့ ဂြိုဟ်သားတွေလည်း ကြံရာမရဖြစ်ပြီးတော့ ရှက်တီလက်နက်ကို ယာဉ်ပျံပေါ်တင်ပြီး ရောက်မိရောက်ရာကိုလွှတ်လိုက်ရာကနေ ကမ္ဘာပေါ်ကို ရောက်လာတော့တာပေါ့။ဒီလိုနဲ့ပဲ ရှရူးဒါ့စ်တစ်ယောက် ချိုတာဘီးမ်တို့သူငယ်ချင်းတစ်သိုက်ဆီကို ရှက်တီဂြိုဟ်ရဲ့ဘုရင် အယောင်ဆောင်ပြီး ရှက်တီလက်နက်ကို ကူရှာပေးဖို့ လာတောင်းဆိုရာကနေ ချိုတာဘီးမ်တို့ နတ်လက်နက်ရှာပုံတော်ခရီးစဉ်စဖို့ဖြစ်လာပါတော့တယ်။ ဒီတစ်ခါမှာရော ချိုတာဘီးမ်တို့သူငယ်ချင်းတစ်စု ရှက်တီလက်နက်ကို ဝင်လုချင်သူတွေနဲ့ရင်ဆိုင်လို့ ရှက်တီဂြိုဟ်သူဂြိုဟ်သားတွေနဲ့ ကမ္ဘာမှာရှိတဲ့သူတွေကိုပါ ထပ်မံကယ်ဆယ်နိုင်ဦးမလား စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)( CMရဲ့ ...
movie

Chhota Bheem Shakti Astra Ki Khoj (2023)

2023
Chhota Bheem MahaShaitaan Ka Mahayudh (2023) 9.1
Chhota Bheem MahaShaitaan Ka Mahayudh (2023) Chhota Bheem Mahashaitaan Ka Mahayudh (2023) ချိုတာဘီးမ်နှင့် မဟာရှိုက်တန်နတ်ဆိုးကြီး IMDb- 9.1/10ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ချိုတာဘီးမ်ကာတွန်းကားလေး ဇာတ်ကားအနေနဲ့ထွက်လာခဲ့ပါပြီ။ လောလောလတ်လတ် အဗာထာကြည့်ပြီးတဲ့သူတွေဆို ပိုပြီးတော့ သဘောခွေ့ကြမှာပါ။မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးက ကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ........ ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား ...... ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Chhota Bheem MahaShaitaan Ka Mahayudh (2023)

2023
Behind Veils (2023) 6.3
Behind Veils (2023) Sir Madam Sarpanch (2023) "ဆိုရှယ်မီဒီယာပါးဝတဲ့ ဂူရူဒေ့ဗ်တို့ရွာ" IMDb-6.2/10National Film Award ဆုရှင်ကြီး Praveen Morchhale ရေးတဲ့ ရွာလေးတစ်ရွာရဲ့ ဟာသအဖုံဖုံနဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ဆုံးသွားတဲ့ဖခင်ရဲ့ ဆန္ဒကြောင့် ဇာတိရွာမှာစာကြည့်တိုက်ဆောက်ပေးဖို့ပြန်လာခဲ့တယ် ရွာရောက်လို့ ဦးလေးဖြစ်သူ ဂူရူဒေ့ဗ်နာမည်နဲ့လိုက်စုံစမ်းရာကစ ရွာလည်တော့တာပဲ တစ်ရွာလုံးမှာ ဂူရူဒေ့ဗ်က လက်ညှိုးထိုးမလွဲဖြစ်နေတယ်တဲ့ အဘွားဖြစ်သူကလည်း ဆိုရှယ်မီဒီယာတွေနဲ့ အကျွမ်းတဝင်ရှိပြီး လက်ဖက်ရည်အစား အမြှုပ်ကော်ဖီတိုက်ပါတဲ့ စာကြည့်တိုက်အတွက် စာအုပ်တွေထားဖို့အတွက်နေရာရှာကြပြန်တော့ သူ့အဖေပိုင်ခဲ့ဖူးတဲ့အိမ်ဟာ ရွာလူကြီးတွေအပိုင်သိမ်းထားရာဖြစ်နေတယ် ဒီလိုနဲ့ ရွာလူကြီးဆီသွား မြေပြန်တောင်းရာက ၈ တန်းအောင်ရွာလူကြီးနဲ့ MBA ဘွဲ့ရ မြို့သူအန်နာတို့ ထိပ်တိုက်တွေ့လာချိန်မှာ....မြို့နဲ့အလှမ်းဝေးပေမဲ့ ဆိုရှယ်မီဒီယာတွေနဲ့ အလှမ်းမဝေးတဲ့ အတွေးစုံအမျိုးစုံ ရွာဒေသခံတွေကြား ဘယ်လိုဆက်ဖြစ်ကြမလဲ.....အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.2GB / ...
movie

Behind Veils (2023)

2023
Narayana & Co (2023) 5.9
Narayana & Co (2023) Narayana & Co (2023) "နာရာယာနာနဲ့ အပေါင်းအပါများ" IMDb - 5.9/10ပေါ့ပေါ့ပါးပါးနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ မိသားစုဒရာမာ ဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးပါရစေဗျ။ ဇာတ်လမ်းရဲ့နာမည်အတိုင်းပါပဲ နာရာယာနာဆိုတဲ့ ဘိုးတော်နဲ့ သူ့အပေါင်းအပါတွေဖြစ်တဲ့ ဗြောင်းဆန်အောင် တလွဲတွေလုပ်ကြတဲ့မိသားစုပေါ့။နာရာယာနာဆိုတာ နှစ်ပေါင်းသုံးဆယ်လုံး ဘဏ်တစ်ခုမှာ ငွေကိုင်ဆိုတဲ့အလုပ်ကလွဲ ဘာမှစိတ်မဝင်စားတဲ့သူ။သူ့ဘ၀တလျောက် ဒီအလုပ်ကိုပဲ လုပ်လာခဲ့တာ။ ဇနီးသည်ဖြစ်သူကကျ ဆာရီကလွဲဘာမှစိတ်မဝင်စား။ဘ၀တလျောက်လုံး ဘယ်သူကဘယ်ဆာရီဝတ်ထားတာနဲ့ သူ ဘယ်ဆာရီကြိုက်တယ်ဆိုတာကိုပဲ အာရုံထားတဲ့သူ။သားအကြီးကောင်ကကျ လောင်းကစားသမား။အချိန်ပြည့် သူ့ခေါင်းထဲမှာ လောင်းကစားလုပ်ဖို့အတွေးရှိတဲ့သူ။ အငယ်ကောင်ကကျ တဏှာရူး နှာဘူး။ဘေးအိမ်ကအဒေါ်ကြီး အင်္ကျီလဲတာပဲ မှန်ပြောင်းတစ်လက်နဲ့ ချောင်းကြည့်နေတဲ့ကောင်။ရထားပေါ်မှာ တောင်းစားရတဲ့ဘ၀ကနေ လူချမ်းသာတစ်ယောက်ဖြစ်လာတဲ့ ဂန်းစတားကြီးတစ်ယောက်လည်းရှိသေးတယ်။ သူက နာရာယာနာတို့မိသားစုနဲ့ ဘာမှမဆိုင်။ဆိုင်လာတာက သားနှစ်ယောက် ယူလာတဲ့ဒုက္ခတွေကနေ နာရာယာနာတို့တစ်မိသားစုလုံး ရာဇဝင်အိုးကို ဒုတ်နဲ့သွားထိုးမိရာကစတဲ့ဇာတ်လမ်းပေါ့။ဒီလိုအလွဲလွဲအချော်ချော်တွေနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ တလေဂူးလ်ဟာသဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.6GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Narayana & Co (2023)

2023
The Pregnancy Scheme (2023)
The Pregnancy Scheme (2023) The Pregnancy Scheme (2023)တစ်ခါကြည့်လောက်တော့ စိတ်ကျေနပ်မှုပေးနိုင်မဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျူလီယာဆိုတဲ့ အမျိုးသမီးလေးက အတူနေချစ်သူနဲ့ လမ်းခွဲထားတဲ့အပြင် အလုပ်ကလည်း ပြုတ်ထားပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလားတော့မသိ ကိုယ်ဝန်ရှိနေတာကို ရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ဝန်က ပထမသုံးလပတ်ထဲရောက်နေခဲ့ပြီ။ ကိုယ်ဝန်ကိုဆေးခန်းအပ်ဖို့ အာမခံတွေကလည်း သွင်းမထားနိုင်တော့ ငွေရေးကြေးရေးအရမ်းကို ကျပ်တည်းနေခဲ့တယ်။ လမ်းခွဲထားတဲ့ရည်းစားဖြစ်သူကလည်း သူ့အပူနဲ့သူဆိုတော့ ငွေရေးကြေးရေးပိုင်းကို မကူညီနိုင်။ ဒီမှာပဲ အချစ်ဆုံးသူငယ်ချင်းကနေတဆင့် ရင်းနီးခွင့်ရတဲ့ အာလန်နာဆိုသူပေါ်လာပါတယ်။ အာလန်နာရဲ့အကြံနဲ့ သူ့ရဲ့ကိုယ်ဝန်ရှိကြောင်းပြတဲ့ ဆီးစစ်တဲ့အတံတွေကို အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေတဲ့ အမျိုးသမီးတွေဆီရောင်းစားရာကနေ ပိုက်ဆံအဆင်ပြေလာခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကြီးကို ဂျူလီယာ စိတ်မလုံလို့ ဆက်မလုပ်ချင်တော့တဲ့အချိန်မှာတော့ အာလန်နာဆီက ခြိမ်းခြောက်မှုတွေနဲ့အတူ ရန်လိုမှုတွေကိုပါ ရင်ဆိုင်ရပါတော့တယ်။ ဒီပြဿနာကို ဂျူလီယာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုကြပါဦး။(ဒီရုပ်ရှင်ကို aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Thriller Quality…. 1080p | 720p File size… 1.2GB | 517MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... ...
movie

The Pregnancy Scheme (2023)

2023
Khichdi 2: Mission Paanthukistan (2023) 5
Khichdi 2: Mission Paanthukistan (2023) Khichdi 2 (2024)အခုတစ်ခါတင်ဆက်ပေးမှာကတော့ စွန့်စားခန်းဟာသကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ တလွဲဟာသတွေတစ်ပုံကြီးနဲ့ ပါးစပ်မပိတ်တမ်းရယ်ရမယ့်ကားလေးပဲဖြစ်ပါတယ်နော်။မထုံတတ်တေးနဲ့ ခပ်တုံးတုံးခပ်အအ မိသားစုတစ်စုရှိတယ်။ ပရေခ်မိသားစုလို့ခေါ်တယ်။ ဖြစ်ချင်တော့ အဲ့ဒီမိသားစုဝင်တစ်ဦးဟာ ပန်တူကစ္စတန်နိုင်ငံရဲ့ဘုရင်ကြီးနဲ့သွားတူနေတယ်။ အဲ့ဒီနိုင်ငံကတော့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးနဲ့ နေလို့မသင့်တော်ဆုံးသော နိုင်ငံတစ်နိုင်ငံပေါ့။ ပန်တူကစ္စတန်ဘုရင်ကြီးဟာ အိန္ဒိယနိုင်ငံရဲ့အတော်ဆုံးသိပ္ပံပညာရှင်ကြီးကို သူ့အကြမ်းဖက်ရေးလုပ်ငန်းစဉ်တွေအတွက် ဖမ်းဆီးချုပ်နှောင်ထားတယ်။ဒါကို ပရေခ်မိသားစုက ကယ်ထုတ်ပေးရတော့မှာပေါ့နော်...။အူကြောင်ကြောင်မိသားစုနဲ့ ကြောက်စရာကောင်းတဲ့ ဘုရင်ကြီးနဲ့တွေ့ကြတဲ့အခါ ဖြစ်လာမယ့်အလွဲလေးတွေနဲ့ဟာဒယရွှင်ဆေးဘယ်လိုကြွေးမလဲဆိုတာကိုတော့ ဆက်လက်ပြီးကြည့်လိုက်ကြတော့နော်။ File size…2.2GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Khichdi 2: Mission Paanthukistan (2023)

2023
Anwar: The Untold Story (2023)
Anwar: The Untold Story (2023) Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie

Anwar: The Untold Story (2023)

2023
Memory (2023) 6.7
Memory (2023) Memory (2023)~ IMDb - 6.7/10, RT - 84%, Meta - 72% ~လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ ...
movie

Memory (2023)

2023
4K HEVC
Lovely, Dark, and Deep (2023)
Lovely, Dark, and Deep (2023) Lovely, Dark, and Deep (2023)~ Rotten Tomatoes - 88% ~ဒီဟော်ရာကားကတော့ ခရမ်းချဉ်သီးရိတ်တင်တော်တော်လေးကောင်းနေတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးရိတ်တင်သီးသန့်ကောင်းနေတဲ့ ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း မရှင်းမလင်းလေးတွေနဲ့ပဲ လာတတ်သလို သိသိသာသာထင်ထင်ရှားရှား ခြောက်ခန်းလှန့်ခန်းလည်း အများကြီးမပါတတ်ဘူး။ တစိမ့်စိမ့်နဲ့ ရင်ဖိုရတဲ့ ရုပ်ရှင်မျိုးပဲ။ဇာတ်ကတော့ Park Rangers ခေါ် အမျိုးသားဥယျာဉ်အကြီးကြီးတွေထဲက တောခေါင်းတွေနဲ့ အဲဒီဥယျာဉ်ကြီးထဲက လျှိ့ဝှက်သည်းဖိုတွေအကြောင်းပဲ။ ကမ့်ပ်လာချတဲ့လူတွေကြား ရေပန်းစားတဲ့ ဥယျာဉ်ကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သဘာဝလွန်လို့ပြောရင်ပိုမှန်လောက်မယ်။ ရိန်းဂျားတွေက အဲဒီဥယျာဉ်ကြီးထဲ လူတွေပျောက်ပျောက်နေတာကို သိကြပေမဲ့ မသိကျိုးကျွန်ပြုထားကြတယ်။ ဘာလို့လဲဆိုတဲ့ လျှို့ဝှက်ချက်ကို အမျိုးသမီးရိန်းဂျားတစ်ယောက်က ဖော်ထုတ်ဖို့နီးစပ်လာခဲ့တယ်။ သူဖော်ထုတ်နိုင်ခဲ့လား မဖော်ထုတ်နိုင်ခဲ့ဘူးလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် ရုပ်ရှင်ပေါ့။ ဒီဟော်ရာကားက ၂၀၂၁ကထွက်ခဲ့တဲ့ In The Earth တို့လို အမျိုးအစားလို့ပြောရမယ်။ အဲဒီထက်တောင် ပိုသိမ်မွေ့တယ်။ သိသိသာသာကြီးခြောက်လှန့်ပြသွားတာတွေသိပ်မပါပေမဲ့ ခုနောက်ပိုင်းဟော်ရာကားကောင်းတွေရဲ့ ...
movie

Lovely, Dark, and Deep (2023)

2023
Enaku Endey Kidaiyaathu (2023) 9.1
Enaku Endey Kidaiyaathu (2023) Enaku Endey Kidaiyaathu (သို့) အငမ်းမတော်တစ်ခွက်IMDb-9.1/10 တစ်ပတ်လုံးပင်ပန်းထားတဲ့သောကြာညအတွက် အပန်းဖြေဖို့အသင့်တော်ဆုံးဖြစ်မယ့် suspenseနဲ့comedyကို အချိုးကျရောစပ်ထားတဲ့ ဟာသကားလေးတစ်ကားကို စီအမ်ချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်လေးကလည်း သောကြာညမှာ သပွတ်အူလိုက်သွားတဲ့ ကြောင်ခံတွင်းပျက် တက္ကစီသမားတစ်ယောက်အကြောင်းပေါ့။ တစ်ပတ်လုံးတက္ကစီဆွဲထားရတဲ့ ကားဆရာကြီး‌ ဆေကာတစ်ယောက် ယမကာလုလင်တို့ထုံးစံအတိုင်း တစ်ပတ်တာအမောကို အရက်ဝိုင်းလေးနဲ့ ဖြေဖျောက်ဖို့ကြံတာပေါ့။ဒီလိုနဲ့ နောက်ဆုံးခရီးသည်ကိုပို့ပြီးရင် သူငယ်ချင်းနဲ့အတူ အမှောက်ကစ်မယ်ဆိုတဲ့မိုတီနဲ့ သွားအကြိုမှာတော့ ခရီးသည်ဟာ ဘားကနေထွက်လာတဲ့ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ပုံနဲ့ လှလှပပဝတ်စားထားပေမဲ့ မျက်နှာမသာမယာဖြစ်နေတဲ့ မဒမ်တစ်ယောက်ဖြစ်နေပါသတဲ့။ အချိန်မတော်ကြီး မျက်ဝန်းမှာ မျက်ရည်စတွေတွဲခိုလို့ထွက်လာတဲ့ မဒမ်ကိုကရုဏာသက်မိသွားတဲ့ဆေကာလည်း စိတ်ပြေလက်ပျောက်ဖြစ်အောင် ထွေရာလေးပါးစကားတွေဖောင်ဖွဲ့ပြောပေးရင်း အထီးကျန်နေတဲ့မဒမ်‌လေးတစ်‌ယောက် စကားပြောကောင်းတဲ့ ကားဆရာကြီးနဲ့ မသိမသာခင်မင်သွားကြတော့တာပေါ့။ဒီလိုနဲ့ မဒမ်ရဲ့အိမ်မှာ ချပေးခဲ့တာကို မဒမ်ကအရက်သောက်မှာနဲ့တူတူ သူငယ်ချင်းနဲ့မသောက်ဘဲ သူနဲ့သောက်ဖို့ ရှယ်ပလန်နဲ့ဆွယ်ပါတော့တယ်။ အစကတော့ ဆေကာလည်း စည်းကမ်းဘာညာအကြောင်းပြပြီးမူနေပေမဲ့ မဒမ်အ‌ချောလေးကလည်း အဆွယ်ကကောင်း အိမ်ကြီးအိမ်ကောင်းကြီးမှာ အရက်အကောင်းစားတွေလည်းရှိနေမှာဆိုတော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်အောင် မဒမ့်အိမ်ကိုလိုက်ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။လောဘဇောရယ်လို့ဖြစ်လာရင် အရှိန်သတ်ရခက်တဲ့ လူ့သဘာဝအရ ဆေကာလည်း အစကတော့ အရက်သောက်ဖို့ပဲသွားတာပေမဲ့ အိမ်အကြီးကြီးထဲမှာ မိန်းမချောလေးနဲ့ နှစ်ယောက်တည်းရှိနေတဲ့အပြင် ဒီလောက်ခမ်းနားတဲ့အိမ်ကြီးရဲ့ရတနာတွေနဲ့အတူ အထီးကျန်နေတဲ့ အိမ်ကြီးရှင်သခင်မကိုပါ ဖြည့်ဆည်းပေးချင်၊ အပိုင်သိမ်းချင်တဲ့စိတ်ရိုင်းတွေဝင်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ...
movie

Enaku Endey Kidaiyaathu (2023)

2023