Channel Myanmar

2023

Luther: The Fallen Sun (2023) 6.6
Luther: The Fallen Sun (2023) Luther: The Fallen Sun (2023) ======================= Rotten Tomatoes 65%, IMDb Rating 6.7/10၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့ စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။  Idris Elba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the Ring Trilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါ တယ်။ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန် ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ် ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင် ကျအောင် လုပ်လိုက်ပါတော့တယ်။ဒီလိုနဲ့ Luther ...
movie

Luther: The Fallen Sun (2023)

2023
Dada(2023) 8.5
Dada(2023) Dada (2023)IMDb-8.5/10ရုံတင်ငွေငါးဆမကမြတ်ခဲ့တဲ့ 2023 နောက်ဆုံးထွက် ဆယ်ကျော်သက်အချစ်ရူးလေး မာနီနန်ကန်နဲ့ စင်ဒူတို့ရဲ့ ဘဝဇာတ်လမ်းလေးဇာတ်လမ်းအညွှန်း မာနီနဲ့ စင်ဒူတို့နှစ်ယောက်ဆယ်ကျော်သက်အရွယ်မှာပဲ အချစ်နယ်ကျွံပြီး ကိုယ်၀န်ရသွားချိန်မှာ နှစ်ဖက်မိဘကလည်းမထောက်ပံ့ ကိုယ်ထူကိုယ်ထရပ်တည်ကြရပါတော့တယ် ကျောင်းစာတစ်ဖက်အလုပ်တစ်ဖက်နဲ့၀င်ငွေဟာ အိမ်စရိတ် မီးဖွားစရိတ် ဘာမှမလုံလောက်ခဲ့ပေမယ့် အချစ်လတ်လတ်ဆတ်ဆတ်တွေနဲ့ ဒုက္ခပင်လယ်ကြား ပြုံးပျော်နေကြတုန်းပါပဲဒါပေမယ့် တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းကြမ်းခဲ ဘာညာသာရကာဆိုတာ ပိုးစိုးပက်စက်ဂျင်းဆိုတဲ့အကြောင်းကို ဇာတ်ကားလေးမှာ အောင့်သီးအောင့်သက်နဲ့ကြည့်ရှုရမှာပါ အခက်အခဲတွေကြားက မိတ်ဆွေတွေ အိမ်ထောင်ရေးမှာ ချစ်ကြည်နူးတစ်တီတူးပြီးရင် ကြုံတွေ့ရမဲ့လက်တွေ့ဘဝတွေ သားသမီးဆိုတာ ဘယ်လိုပျိုးထောင်ရလဲဆိုတဲ့ ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးပါးနဲ့ အတွေးများစေရမဲ့ ဇာတ်ကားလေးပါ က‌ဗျာဆရာတစ်ယောက်ရဲ့ စာသားလေးနဲ့ပဲ အညွှန်းကို အဆုံးသတ်ပေးပါရစေကျွန်တော်တို့အချစ်ကိုကိုးကွယ်ခဲ့ဖူးတယ်..... လောကဓံနဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့ အချစ်ဟာ အငွေ့ပျံပြီး ရှောင်ပြေးသွားခဲ့တယ်...... File size…2.85GB  / 993MB Quality…1080p True WEB DL /720p Format…mp4 Duration…2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ Sai ThuRein
movie

Dada(2023)

2023
The Ritual Killer (2023) 4.1
The Ritual Killer (2023) The Ritual Killer (2023) =================မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ် ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာ တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက် ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ် ရာနဲ့ဖခင်တစ်ယောက်ပါ။တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့ တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့် လိုက်ကြပါတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.45 GB) / (575 MB) / (335 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......CM Team Encoder..........SWM
movie

The Ritual Killer (2023)

2023
Christy(2023) 5.3
Christy(2023) Christy 2023IMDb-5.7/10 တောင်ပိုင်းမာလာရရမ်မင်းသမီးချော မလာကာမိုဟမ်နမ်ကနေ မမအဖြစ်ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာအယ်ဗင်ဟင်နရီရဲ့ ဖြစ်ရပ်မှန်ခံစား ပွဲဦးထွက်ဇာတ်ကားလေးဖြစ်ပါတယ်ပင်လယ်ကမ်းခြေနယ်မြို့လေးက ကျောင်းသားလေးရွိုင်.... လူငယ်သဘာဝပျော်လိုက်ပါးလိုက်နဲ့ စာမေးပွဲတွေတဖုန်းဖုန်းကျ.... မိဘတွေက မြို့ပေါ်ခေါ်တော့မယ်လုပ်မှ ကြောက်လန့်တကြားနဲ့ စာမေးပွဲဖြေဖို့ ကျူရှင်ပြေးတက်တဲ့ ရွိုင်.... လှပတဲ့ ကျူရှင်ဆရာမ ခရစ်စတီ.... မမကလှပေမဲ့ အိမ်ထောင်ရေးကံမကောင်း အိမ်ထောင်‌စောစောကျပြီး ကွာရှင်းထားတော့ ရွိုင်ကိုကလေးလိုပဲဆက်ဆံတဲ့ မမ.... တစ်သက်လုံးဘယ်သူချွတ်ချွတ်မကျွတ်ပေမဲ့ မမချွတ်မှပဲ ပြောစကားနားထောင်မယ်ဆိုတဲ့ သားလိမ္မာလေးရွိုင်...ဇာတ်လမ်းလေးက ပုံမှန်ရိုးရိုးလေးဆိုပေမယ့် ဆန်းနေတာက သိပ်လှတဲ့မမနဲ့ သူငယ်နှပ်စားရွိုင်တို့ရဲ့ အချစ်ဇာတ်လမ်းပါ အိန္ဒိယမမဆိုတော့ အိန္ဒိယဆန်ဆန်ဆွဲဆောင်မှုလေးတော့ရှိပါတယ် ဒါ့အပြင်တခြားမိသားစုရေးရာလေးတွေ ဟာသလေးတွေလဲပါဝင်တာမို့ မပျင်းမရိနဲ့ အဝကြည့်ရမှာပါဆရာဝန်ညွှန်ကြားချက်မှာ လက်ဖက်ရည်တစ်ခွက်ပေးပါ ဒူးယားတစ်လိပ်ပေးပါ မမကျွန်တော့်ကိုပြန်ချစ်ပါ ဒီကောင် လက်နက်ချရမယ်တဲ့ File size…1.76GB / 883MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein~BpL~ Yunni~ Cherry
movie

Christy(2023)

2023
Christopher(2023) 6.8
Christopher(2023) Christopher 2023 (IMDb 6.8/10)အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေအိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင် ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါ ဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါ ဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့ မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူး အဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ် ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ........ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင် လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါ ရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက် ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ File size…2.25GB / 1.1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie

Christopher(2023)

2023
[18+] Lawa (2023) 7.4
[18+] Lawa (2023) Lawa (2023)~ IMDb rating - 7.4/10 ~ပီတာဟာ လူငယ်ဗီဒီယိုရိုက်ကူးရေးသမားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်အတော်များများကို မြို့ပြင်က စုံတွဲတွေချိန်းတွေ့တတ်တဲ့ တောအုပ်မှာကုန်ဆုံးလေ့ရှိပါတယ်။ သူ့ဝါသနာကချောင်းကြည့်ခြင်းဖြစ်ပြီး သူ့ရဲ့ကြားပေါက်အလုပ်အကိုင်ကတော့ တောအုပ်ထဲမှာ လွတ်လွတ်လပ်လပ် အချစ်နယ်ကျွံတတ်တဲ့ အတွဲတွေကို ဗီဒီယိုရိုက်ပြီး ဝက်ဘ်ဆိုဒ်ပေါ်တင်ရောင်းစားတာပါပဲ။တစ်နေ့မှာတော့ တစ်ယောက်တည်းလာထိုင်နေတဲ့ မိန်းမလှလေးတစ်ယောက်ကို စိတ်ဝင်စား ချဉ်းကပ်မိရာကနေ အဲ့ဒီမိန်းကလေးက သူ့ရည်းစားကိုသတ်နေတာကို အမှတ်မထင် ဗီဒီယိုရိုက်မိခဲ့ပါတယ်။ အဲဒီမှာတင် အထိတ်တလန့်နောက်ဆုတ်လိုက်ရမယ့်အစား သိချင်စိတ် စိတ်ဝင်စားစိတ်နဲ့ မိန်းကလေးရဲ့ဆွဲဆောင်မှုတွေက သူ့ကိုအနားပိုရောက်အောင် တွန်းပို့ခဲ့ပြီးတဲ့နောက်မှာတော့...ဇာတ်လမ်းဇာတ်ကွက်မိုက်သလို ရိုက်ကွင်းရိုက်ကွက်တွေလဲ မိုက်ပါတယ်။ အမိုက်ဆုံးကတော့ Vivamax မင်းသမီးလေးတွေ အများကြီးက ပီတာရဲ့ချောင်းရိုက်ခံစုံတွဲတွေအဖြစ် Cameo ပါဝင်ထားပေးတဲ့အချက်ပါပဲ။ အားလုံးလည်း သဘောကျကြမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 590MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - ...
movie

[18+] Lawa (2023)

2023
Butta Bomma (2023) 6.8
Butta Bomma (2023) Butta Bomma 2023 Drama/ Romance IMDb 7.8/10အာရ်ပူက ရွာလေးတစ်ရွာမှာ ဆသ်ရာခေါ်တဲ့မိန်းမလှလေးတစ်ယောက်ဟာ အိမ်အလုပ်တွေကူပေးရင်း ငြိမ်းချမ်းစွာနေထိုင်နေပါတယ်။ ၂၁ရာစုရောက်နေပြီး စမတ်ဖုန်းတွေနဲ့ တိုးတက်နေတဲ့ခေတ်မှာတောင် အားလုံးနဲ့အဆက်အသွယ်လုပ်ဖို့ ဆသ်ရာမှာ ကီးပတ်ဖုန်းလေးတစ်လုံးသာရှိပါတယ်။တစ်ဖက်မှာလည်း မူရ်လီဆိုတဲ့ကောင်လေးဟာ သုံးဘီးမောင်းရင်း ဘဝကိုရိုးသားစွာနဲ့ ကြိုးစားရုန်းကန်နေပါတယ်။ တစ်ရက်မှာ ဆသ်ရာတစ်ယောက် ဖုန်းနံပါတ်မှားခေါ်မိရာကနေ မူရ်လီဆီကို ရောက်သွားပါတော့တယ်။ အသံချိုချိုသာသာလေးတွေကို သဘောကျတဲ့မူရ်လီဟာလည်း လူချင်းမမြင်ရပဲ ဖုန်းထဲကနေတစ်ဆင့် ဆသ်ရာကို ကြွေမိသွားပါတော့တယ်။ဒီလိုနဲ့ ဖုန်းထဲကနေပဲ အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပြီး အပြင်မှာတွေ့ကြဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ချင်နီဆိုတဲ့သူဌေးသားတစ်ယောက်က ဆသ်ရာကိုကြိုက်နေကာ လိုက်ပိုးပန်းပေမယ့် သူ့အမေသူဌေးမကြီးကတော့ မောက်မာပြီး ဆသ်ရာတို့မိသားစုကို အထင်သေးစွာဆက်ဆံပါတယ်။ မူရ်လီနဲ့ဆသ်ရာ တွေ့ဆုံကြတော့မယ့်အချိန်မှာ အာကေဆိုတဲ့သူတစ်ယောက်ရုတ်တရတ်ပေါ်လာပါတော့တယ်။ ဒီလိုဆို ဆသ်ရာ မူရ်လီ အာကေ နဲ့ ချင်နီတို့ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အာကေကရောဘာကြောင့်ပေါ်လာရတာလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.5GB / 1.05GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ ...
movie

Butta Bomma (2023)

2023
Maybe I Do (2023) 4.9
Maybe I Do (2023) Maybe I Do (2023) ===============တိုးတက် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရ လူငယ်တွေရဲ့ အချစ်ရေးကလည်း တမျိုးတဖုံ ပြောင်း လဲလာသလို အိမ်ထောင်ရေးတစ်ခုကို အတည်တကျ တည်ဆောက်ဖို့ ကြောက်ရွံ့လာကြပါတယ်။အိမ်ထောင်ရေးတစ်ခုကို စတင်ဖို့ Commitment, Loyalty, Trust စတဲ့ အခြေခံအချက်တွေလိုအပ်သလို အိမ်ထောင် ကျပြီးကာစ ချစ်ကြည်နူးချိန်တွေကုန်ဆုံးပြီး၊ ပြဿနာတွေ ပေါ်လာတဲ့အချိန် ဘယ်လိုအရာတွေက အိမ်ထောင်ရေးတစ်ခု ကို ဆက်လက်တည်မြဲအောင် တွန်းအားပေးသလဲ ဆိုတာတွေ ကို မတူညီတဲ့ ခံယူချက် စိတ်နေစိတ်ထားတွေနဲ့ ချစ်သူနှစ်ဦး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲ။အိမ်ထောင်တစ်ခုကို စတင်ဖို့ကြိုးစားချိန် အခက်အခဲ၊ အလှည့် အပြောင်း၊ လွန်ဆွဲမှုများကို လေးနက်တဲ့ ဒိုင်ယာလော့ဒ်တွေ ကြားထဲက ဟာသနှောရင်း တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ် ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်)File Size..........(1.45 GB) / (484 MB) / (267 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr ...
movie

Maybe I Do (2023)

2023
Gulmohar(2023) 8.0
Gulmohar(2023) Gulmohar 2023IMDb-8.1/10မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ်မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း ‌သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ်သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ File size…2.27GB / 883MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Thaik San 
movie

Gulmohar(2023)

2023
A Side of a Relationship (2023) 5
A Side of a Relationship (2023) A Side of a Relationship (2023)ဒီဇာတ်ကားထဲမှာဆိုရင်တော့ မတူညီတဲ့ဇာတ်လမ်းတိုလေး (၄) ပုဒ်ကို တစ်ထိုင်တည်း ကြည့်ရှုခံစားနိုင်မှာမို့ ကြည့်နေကြကားတွေနဲ့မတူတဲ့ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။(၁) အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်ဂျင်ဟွန်းနဲ့ ဒါရိုက်တာဂယောင်းရမ်တို့ဟာ အင်တာဗျူးတစ်ခုမှာ သတင်းထောက်မလေးကိုတစ်ယောက်ကိုတွေ့ပြီး အချင်းချင်း အချစ်ပြိုင်ဘက်တွေဖြစ်လာကြတဲ့အခါ...။(၂) စတိုးဆိုင်မန်နေဂျာဖြစ်တဲ့ အိုဂျွန်ဆော့ဟာ ဓားပြတစ်ယောက်ရဲ့ခြိမ်းခြောက်မှုကို ခံနေရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကိုဆက်သွယ်လိုက်ပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ နောက် ၁၀ မိနစ်ကြာမှ ရောက်ရှိလာမှာဖြစ်တာကြောင့် ဂျွန်ဆော့တစ်ယောက်က ဓားပြကို ၁၀ မိနစ်ကြာ အချိန်ဆွဲထားနိုင်ပါ့မလား။(၃) စကားမပြောနိုင်တဲ့ ဂစ်တာသမားလေးနဲ့ မျက်စိမမြင်တဲ့အဆိုတော်မလေးတစ်ဦးတို့ဟာ ပြဿနာတစ်ခုကြောင့် လူမိုက်တွေလိုက်ဖမ်းတာကို ခံနေရတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီဒုက္ခကနေလွတ်အောင် ဘယ်လိုများကြိုးစားအားထုတ်ကြမလဲ။(၄) ပစ္စည်းတစ်ခုကိုထိလိုက်တာနဲ့ အဲဒီပစ္စည်းနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကို အကုန်သိနိုင်တဲ့ စုံထောက်ဟျွန်းဆော့ဟာ အဲဒီအစွမ်းကြောင့်ပဲ အမှုတိုင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လူသတ်မှုတစ်ခုရဲ့နစ်နာသူဟာ သူနဲ့သိတဲ့မိန်းကလေး ရှီယွန်းဖြစ်နေတဲ့အခါ ဟျွန်းဆော့တစ်ယောက် ဒီအမှုရဲ့တရားခံကို ရှီယွန်းရဲ့ပစ္စည်းတွေကနေတဆင့် ရှာဖွေဖော်ထုတ်နိုင်ပါ့မလား။ရသမတူတဲ့ ဇာတ်လမ်း (၄) ပုဒ်ကို ဇာတ်ကားတစ်ကားထဲမှာတင် ကြည့်ရှုခံစားနိုင်မယ့်အပြင် အသစ်အဆန်းတွေ ...
movie

A Side of a Relationship (2023)

2023
Curious Caterer: Grilling Season (2023) 6.4
Curious Caterer: Grilling Season (2023) Curious Caterer: Grilling Season (2023) ============================= IMDb Rating - 6.4/10ကလေးတစ်ယောက်အမေ ဂိုဒီတယောက် သူငယ်ချင်း ဖြစ်သူ၏ စနိုက်ကြော် ခံလိုက်ရပြီး စနိုက်မ သူငယ်ချင်း မွေးနေ့မှာ အကျွေးအမွေးတာဝန်ခံအဖြစ် လုပ်ဖို့ကြုံလာ ပါတယ်။ကံဆိုးချင်တော့ အဲ့ဒီနေ့ညပဲ ထိုသူငယ်ချင်းမ အသတ်ခံ ရတဲ့ကိစ္စမှာ အကင်စက်လည်းပေါက်ကွဲသွားတာမို့ လုပ်ငန်း နာမည်ပျက်ကိန်းဆိုက်လာတာကြောင့် စုံထောက်အဆင် လေးရဲ့ အကူညီကိုယူပြီး မွေးနေ့ပွဲတက်သူတွေထဲကနေ တရားခံကြိုးစားရှာဖွေကြပုံကိုမြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။စုံထောက်မှုခင်းကားလဲ ကြည့်ချင်တယ် ဦးနှောက် ခြောက်ခံပြီးလဲ မစဉ်းစားချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး မှုခင်းကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.5 GB) / (590 MB) / (340 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery Translator.......Chit Min Thu Encoder..........SWM
movie

Curious Caterer: Grilling Season (2023)

2023
Alone(2023) 4.4
Alone(2023) Alone 2023ဒီဇာတ်ကားလေးမှာ Drishyam(Tamil Version)ရဲ့မင်းသားကြီး Mohanlal ကဦးဆောင်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးက မင်းနဲ့စပြီး မင်းနဲ့ဆုံးတယ်လို့ ပြောရလောက်အောင် ကိုဗစ်ကာလမှာ မင်းသားတစ်ယောက်တည်း ဖုန်းတွေပတ်ပြောနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါကျွန်တော်တို့အနေနဲ့ ရှယ်ခြောက်ပါတယ်ဆိုတဲ့ Annabelle တို့ Conjuring တို့လိုမျိုး jumpscare တွေနဲ့ ရှယ်ဖြဲခြောက်ခံရတဲ့အရသာမျိုးကိုသဘောကျမှာပါဒီကားလေးမှာတော့ jumpscare တွေသိပ်မထည့်ဘဲနဲ့ ကာလာတွေကလဲလင်းချင်းနေပြီး တစ်ယောက်တည်းပါလားဆိုတဲ့ ခံစားချက်ကြောင့် တွေးရင်းနဲ့ ကျောထဲထိစိမ့်စိမ့်လာမှာပါဟုတ်ပါတယ် ကိုဗစ်ကာလတိုက်ခန်းအသစ်ကိုပြောင်းလာတဲ့ မင်းသားဟာ သူတစ်ယောက်တည်း စကားပြောသံတွေကို ကြားနေရတဲ့အခါမှာ ဒါကစိတ်ထင်မှားတာလား ဘာဖြစ်တာလဲဆိုတာ သူကိုယ်တိုင်အဖြေရှာရင်းနဲ့ အဲ့အသံတွေနောက်ကဇာတ်လမ်းကို အဖြေရှာဖို့ကြိုးစားမဲ့ ရုပ်ရှင်ကားလေးပါ တစ်စိမ့်စိမ့်တွေးကြောက်ရင်း ဘာကြောင့်လဲဆိုတာသိချင်တဲ့သူတွေအတွက် ဒီ horror/thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ် File size…1.9GB /837MB Quality….1080p TRUE WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai Thu Rein
movie

Alone(2023)

2023
Vasantha Mullai (2023) 8.3
Vasantha Mullai (2023) Vasantha Mullai (2023)IMDb 8.3/10ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ ထူးဆန်းတဲ့ဟိုတယ်ထဲမှာပိတ်မိနေပြီး လွတ်လမ်းရှာရမဲ့ Psychologicial Thriller Actionဇာတ်ကားဖြစ်တဲ့ Vasantha Mullaiပဲဖြစ်ပါတယ်ရူဒရာ ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်​နေတဲ့ဝန်ထမ်းတစ်​ယောက်က ​ နေ့တိုင်းမအိပ်ဘဲအလုပ်ချည်းဖိလုပ်​နေလွန်းလို့ မကြာခဏသတိ​လစ်​တတ်တဲ့ အလုပ်ရူးတစ်​ယောက်ဖြစ်ပါတယ်သူဒီလိုကြိုးစား​နေရတဲ့အ​ကြောင်းကလည်း သူချစ်ရတဲ့နီလာဆိုတဲ့ မိန်းက​လေးကိုမ​ကြောင့်မကြ​ရွှေ​ပေါ်မြတင်ထားနိုင်ဖို့ပါပဲ ဒါပေမဲ့ ဒီလိုအလုပ်ကြိုးစားပြီးအိပ်ရေးပျက်ရတဲ့ရလဒ်အနေနဲ့ ကျန်းမာရေးမကောင်းဖြစ်လာတော့ အားလပ်ရက်ယူတဲ့အနေနဲ့ နီလာနဲ့အတူခရီးထွက်ခဲ့ကြတယ် လမ်းမှာထူးဆန်းတာတွေကြုံခဲ့ပေမဲ့ သတိမထားမိခဲ့ကြတဲ့သူတို့ ထူးဆန်းတဲ့ဟိုတယ်တစ်ခုဆီရောက်သွားပြီး တစ်ညလုံးကို အသက်ဘေးကနေလွတ်အောင်ပြေးရမဲ့ကိန်းဆီဆိုက်ရောက်လာတဲ့အခါမှာတော့.... File size…1.68GB / 705MB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Yunni~ Khin Khin
movie

Vasantha Mullai (2023)

2023
All the Places (2023) 5.6
All the Places (2023) All the Places (2023) ===============ဆိုင်ကယ်တစီးနဲ့ ရောက်တတ်ရာရာ ခရီးသွားဖို့စိတ်ကူးထား တယ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ။ ဆိုင်ကယ်စီး ရတာ မကြိုက်တဲ့သူတွေကတော့ နေပူဖင်နာလို့ကြိုက်မှာမဟုတ် ပေမယ့် ကားစီးရတာနဲ့ မတူတဲ့ လွတ်လပ်မှုက ဆိုင်ကယ်နဲ့မှရ နိုင်တာမဟုတ်လား။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅နှစ်ကြာလူချင်းမတွေ့ဖြစ် ကြတဲ့ ဖာနဲ့ ဂါဘို တို့မောင်နှမ၂ယောက် ဖခင်ဖြစ်သူရဲ့ နာရေးကျမှ ပြန်တွေ့ဖြစ်ကြပါတယ်။ အလုပ်အရမ်းများတဲ့ အကိုဖြစ်သူ ဖာ ဟာ နာရေးကိုနောက်ကျမှရောက်လာလို့ ညီမဖြစ်သူရဲ့ဒေါ်သဖြစ်မှု ခံခဲ့ရတယ်။ ဖခင်အိမ်ရောက်တဲ့အခါ ပင်ပေါင်ကစားရင်း ကလေး ဘဝက (၁၈)နှစ်ပြည့်ရင် ဆိုင်ကယ်စီးပြီး မြို့အနှံ့ လျှောက်လည်ဖို့ဆွဲ ထားတဲ့ မြေပုံလေးကို အမှတ်တမဲ့ပြန်တွေ့ကြရာက မောင်နှမ(၂) ယောက် မထင်မှတ်ပဲ ခရီးအတူတူ ထွက်ဖြစ်ကြတာပေါ့။ဆိုင်ကယ်စီးရင်း ခရီးလမ်းတလျှောက် အခက်အခဲတွေ ပျော်စရာတွေ အချစ်သစ်တွေ မပြောဖြစ်ပဲသိမ်းထားကြတဲ့ လျှို့ဝှက်ချက်တွေ အတွေ့အကြုံသစ်တွေကို မက်ဆီကိုရဲ့ လှပတဲ့ရှုခင်းတွေ ဓလေ့တွေနဲ့ အတူ မြင်တွေ့ရမှာဖြစ်ပြီး၊ အလောင်ဇာတ်ကားတွေ ကြည့်ပြီးလောင် မြိုက်နေသူတွေအဖို့ စိတ်သက်သာရာရစေမယ့် ဇာတ်လမ်းမျိုးလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.48 GB) / (657 MB) ...
movie

All the Places (2023)

2023
A Sunday Affair (2023) 4.6
A Sunday Affair (2023) A Sunday Affair (2023) ================= Romance, DramaNetflix ကရိုက်တဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်အချစ်ဇာတ်လမ်းတွေ မဟုတ်ပဲ 30 ကျော် လူ 3 ယောက်ရဲ့ လူကြီးဆန်ဆန် တစ်ယောက် နဲ့တစ်ယောက် Play ကြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။ အူချေးနဲ့ တိုရင်းဟာ ငယ်ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ် ။ နှစ်ယောက်လုံးဟာ ကိုယ်ပိုင် စီးပွားရေးကိုယ်စီနဲ့ရပ်တည်နေနိုင်တဲ့ strong woman တွေပါပေါ့။ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲကို ဆန်းဒေးဆိုတဲ့ player တစ်ယောက် ရောက်လာပြီး သူငယ်ချင်းနှစ်ယောက်လုံးကို အပျော်အဖြစ် ပြိုင်တွဲ ရင်းနဲ့ နောက်ဆုံးမှာတော့ ဘယ်သူ့ကို တကယ်ချစ်မိသွားလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.7 GB) / (755 MB) / (447 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance, Drama Translator.......Thiha ...
movie

A Sunday Affair (2023)

2023
A Man Called Otto (2023) 7.6
A Man Called Otto (2023) A Man Called Otto (2023)မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ ဒရာမာ ရုပ်ရှင်အသစ်လေးဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုရုပ်ရှင်သက်သက်ပါပဲ။အော့တိုဆိုတာ့ ခပ်ရင့်ရင့်နဲ့အလုပ်ကိုအတိအကျလုပ်တတ်တဲ့လူ့ခွစာကြီး တစ်ယောက်ရှိပါတယ်။ အားလုံးကို ဆူပူ အပြစ်တင်နေပေမဲ့ အကူအညီလိုအပ်ရင်လည်းအကုန်လုပ်ပေးတတ်တာမို့ အားလုံးကချစ်ကြပါတယ်။ အဲဒီအချိန်မှာပဲ သူ့အိမ်ဘေးကို တွမ်မီနဲ့မယ်ရီဆောဆိုတဲ့ ဇနီးမောင်နှံနဲ့ ကလေးလေးနှစ်ယောက်ပြောင်းလာပါတယ်။ အဓိကကတော့ အော့တိုဘာလို့ ဒီလိုဂွကျကျ အဘိုးကြီးဖြစ်နေလဲဆိုတဲ့ နောက်ကြောင်းရယ်၊ လက်ရှိကာလမှာ သူတို့ကိုနှင်ထုတ်ဖို့ကြိုးစားနေတဲ့အိမ်ခြံမြေလုပ်ငန်းရှင် လူယုတ်မာတွေကို ရပ်ကွက်သားတွေစည်းစည်းလုံးလုံးပြန်တိုက်ထုတ်ပုံတွေရယ်ကို မေတ္တာတရားပုံဖော်မှုသက်သက်နဲ့ တင်ဆက်ထားတာပါပဲ။တွမ်ဟန့်ကို ဒစ်ဂျစ်တယ်အထူးပြုလုပ်ချက်နဲ့ လူငယ်ပုံဖန်တီးတဲ့နေရာမှာတော့ The Burbs 1989 က ပုံတွေကို အခြေခံပြီး ပြုလုပ်ထားတာပါ။ တွမ်ဟန့်ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူကတော့ Truman Hanks ဖြစ်ပြီး တွမ်ဟန့်ခ်ရဲ့ သားအရင်းပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 940MB | 464MB Format… mp4 Duration…. ...
movie

A Man Called Otto (2023)

2023
Waltair Veerayya (2023) 6.8
Waltair Veerayya (2023) Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True  WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~Taylor~ Yunni ~ Khin Khin
movie

Waltair Veerayya (2023)

2023
Varisu(2023) 6.5
Varisu(2023) Varisu (2023) Action, Drama IMDb 6.5/10 (30K)ခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့ မင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်က အစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။ သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။ လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးနော် File size…3.27GB / 1.4GB Quality…4k HEVC AMZ WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL~ Yunni ~ Khin Khin ~ ...
movie

Varisu(2023)

2023
4K HEVC
Love My Scent (2023) 6.1
Love My Scent (2023) Love My Scent (2023)“ကြည်မြမွှေးတဲ့ ပီယဆေး” လေး တစ်ဖုံလောက်များ မလိုချင်ကြဘူးလား ညိုကီတို့ဘာမှလုပ်တတ်တာမရှိပေမဲ့ ချစ်တော့ချစ်တတ်တယ်ဆိုတဲ့သူတွေအတွက် မှော်ဆန်တဲ့အခွင့်အရေးမျိုးက ရောက်လာတတ်ပါတယ် ဒီဇာတ်ကားလေးထဲမှာဆိုရင် ဘဝကြီးကို နမော်နမဲ့နဲ့ဖြတ်သန်းနေရတဲ့ အချစ်ရူးလေးဂင်ချန်းဆူက ရေမွှေးလေးတစ်မျိုးကြောင့် စော်ကြည်ဘဲလေးဖြစ်သွားတာကို မြင်ရမှာပါဒါပေမဲ့ ရေမွှေးဆွတ်မှရမယ့်အချစ်ကို သူကိုယ်တိုင်က တကယ်ပဲလိုချင်ရဲ့လား… ဒီရေမွှေးကြောင့် ဂင်ချန်းဆူရဲ့ဘဝကြီးက ဘယ်လိုအလွဲအမှားတွေများ ဆက်ဖြစ်နေဦးမလဲဆိုတာ အခွီတစ်လိုင်းကြည့်ရှုခံစားရမှာမို့ Rom-Com ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီး ဆက်ဆက်ကြည့်ရှုခံစားလိုက်ကြပါဦးCasts တွေအနေနဲ့ကတော့ မင်းသားချော Yoon Si-Yoon နဲ့ Business Proposal ထဲကမင်းသမီးလေး Seo In Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ အချောလေးတွေရဲ့ဇာတ်ကားကို လက်လွှတ်မခံလိုက်နဲ့နော်အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 528MB ...
movie

Love My Scent (2023)

2023
Vaalvi(2023) 8.7
Vaalvi(2023) Vaalvi (2023) IMDb 8.5/10Drishyam ဇာတ်လမ်းနဲ့ပုံစံတူ လူသတ်မှုကို ရဲတွေ CCTV တွေ မျက်မြင်သက်သေတွေနဲ့ တစ်ပတ်လှည့်ပြီး အလီဘိုင်ရှာမဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် တစ်မိနစ်မှအလွတ်မခံချင်လောက်အောင်ဟာကွက်မရှိတဲ့ လူသတ်အစီအစဉ်တွေနဲ့ Drishyam ကိုလွမ်းနေမဲ့လူတွေအတွက်အလွမ်းပြေကြည့်ရှူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်အာဗီနီ နဲ့ အာနီကတ်ဆိုတာက လင်မယားတွေ အိမ်ထောင်သက် ၁၄နှစ်ထဲဝင်လာပေမဲ့ကလေးမရတဲ့အပြင် အာ‌ဗီနီက စိတ်ရောဂါအထူးကုနဲ့ပြနေရတဲ့အထိကျန်းမာရေးမကောင်းဖြစ်နေသူပေါ့ ဒါကိုယောကျာ်းဖြစ်သူ အာနီကတ်ကစိတ်ကုန်နေပါတယ် စိတ်ကုန်တဲ့အပြင်ကို သွားဆရာဝန်မ ဒီဗီကာဆိုသူနဲ့ကြိတ်ပုန်းခုတ်နေခဲ့တာပါ ဒီတော့ ကြားထဲကစိတ်ရောဂါဝေဒနာသည်ကို‌အပျောက်ဖျောက်ဖို့အရေး နှစ်ယောက်ပေါင်းအကြံထုတ်ကြပါတော့တယ်သူတို့ရဲ့အစီအစဉ်ကတော့ CCTV ရှေ့ လူမြင်ကွင်းရှေ့မှာ အလီဘိုင်ရဖို့ပါ မိန်းမတို့ရဲ့ဉာဏ်နီဉာဏ်နက်ကို ဘယ်သူမှလိုက်မမှီတာမို့ ဒီလိုဟာကွက်မရှိတဲ့အစီအစဉ်က အောင်မြင်သွားမလားဆိုတာ ကြားထဲမှာရီရခက်ငိုရခက် plot twist တွေလဲပါသေးတာမို့ ကြည့်ရတာ ရင်တမမနဲ့ dark comedy ဆန်ဆန်လေးဖြစ်တာမို့ ပရိသတ်များကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင် File size… 1.6GB /  788MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~BpL~Yunni
movie

Vaalvi(2023)

2023