Channel Myanmar

2023

Sulaikha Manzil (2023) 7.2
Sulaikha Manzil (2023) Sulaikha Manzil 2023 (IMDb 8.4/10)ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ ဝမ်းသာမှာလား ပျော်ရွှင်မှာလား ရင်ခုန်စိတ်လှုပ်ရှားမှာလား ကြည်နူးနေမှာလား ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့ယခုဇာတ်ကားလေးထဲမှာလည်း အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့မိသားစုတွေရဲ့ကူညီမှုကရော အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား သူငယ်ချင်းတွေကရော ကူညီကြမှာလား ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့ FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်) File size…2.3GB /1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sai~Aditi~Chiclon3~Yunni~Nyein~BpL
movie

Sulaikha Manzil (2023)

2023
Hypnotic (2023) 5.5
Hypnotic (2023) Hypnotic (2023)ဒါရိုက်တာ Robert Rodriguez ရိုက်ကူးပြီး ဘန် အက်ဖလစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါ။ လှည့်ကွက်လေးတွေပါတဲ့ အက်ရှင် သရေလာ အမျိုးအစားပါပဲ။ ဘန်ဟာ ရွတ်ခ်ဆိုတဲ့ ရဲစုံထောက်တစ်ယောက်ပါ။ သူ့ရဲ့သမီးလေးကို တစ်နေ့မှာ လူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးလုံးဝ ပြန်ရှာမတွေ့တော့ပါဘူး။ သူ့ကိုပြန်ပေးဆွဲသွားတဲ့လူကလည်း သူ့သမီးရဲ့နေရာကိုလုံးဝမမှတ်မိဘူးဖြစ်နေပါတယ်။ အဲဒီအမှုကို လက်လျှော့လိုက်ရပြီး သူ အခြားအမှုတစ်ခုကိုလိုက်ရင်းနဲ့ လူတွေကို အိပ်မွေ့ချပြီး အမိန့်ပေးချင်ရာပေးနိုင်တဲ့အစွမ်းရှိသူတစ်ယောက်နဲ့ တွေ့သွားပါတော့တယ်။ အဲဒီလူက သူ့သမီးပျောက်ဆုံးမှုနဲ့ ထူးထူးခြားခြား ဆက်စပ်နေပြီး အဲဒီလူနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ...အညွန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 622MB | 305MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron
movie

Hypnotic (2023)

2023
[18+] Kabayo (2023)
[18+] Kabayo (2023) Kabayo (2023)Laurene နဲ့ Conrad တို့ဟာ ခုနစ်နှစ်ကြာ လက်တွဲလာခဲ့တဲ့ချစ်သူတွေဖြစ်ပြီး သက်တမ်းကြာလာတဲ့စုံတွဲတွေမှာဖြစ်တတ်တဲ့ ကတောက်ကဆပြဿနာလေးတွေရှိနေပါတယ်။ Laurene က သူဌေးသမီးဖြစ်ပြီး Conrad က သူ့အစ်ကိုရဲ့အောက်မှာ ဝန်ထမ်းဖြစ်နေတာ၊ မပြည့်စုံတဲ့ Conrad အတွက် Laurene အလိုတွေကိုမဖြည့်ဆည်းနိုင်တာတွေကလည်း သူတို့ဆက်ဆံရေးမှာအဖုအထစ်တွေပါပဲ။တစ်နေ့တော့ အမေရိကားက ပြန်ရောက်လာတဲ့ လော်ရိန်းသူငယ်ချင်း Easton ဆိုတဲ့သူဌေးသားနဲ့ Conrad တို့ကို မိတ်ဆက်ပေးလိုက်ပြီးတဲ့ နောက်မှာတော့ Bisexual ဖြစ်တဲ့ Easton က Conrad ကိုစိတ်ဝင်စားသွားခဲ့ရာကနေ သူတို့ဟာ ထူးခြားတဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုကို ဖန်တီးမိပါတော့တယ်။Lovely Ladies Dormitory ထဲက ရွှေရင်ဌေးဌေးမင်းသမီးငယ်လေး Julia Victoria ဦးဆောင်ပါဝင်ထားပြီး၊ နောက်ပိုင်းအများကြီး မြင်လာရဖို့ရှိတဲ့ Franchesca Flores တို့၊ Apple Castro တို့မျက်နှာသစ်ကလေးတွေအားဖြည့်ထားပါသေးတယ်။ ရှုစားကြည့်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ...
movie

[18+] Kabayo (2023)

2023
Girlfriend Na Pwede Na(2023) 6.5
Girlfriend Na Pwede Na(2023) Girlfriend na pwede na (2023) imdb6.5/10ဒီဇာတ်လမ်းလေးကတော့ အချစ် ကြည်နူးမူ နဲ့ ဟာသလေးတွေကို ပေါင်းစုပြီး ကြည့်ရမည့်ကားလေးတစ်ကားပါ အချစ်ကြောင့် ငိုရ ရီရ အခြေအနေအမျိူးမျိူးအကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး ဟာသလေးခပ်စိပ်စိပ်နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ရုပ်ရှင်လေးတပုဒ်ဆိုလဲမမှားပါဘူးဇာတ်လမ်းအကျဉ်းကတော့ အချိန်အကြာကြီးအတူရှိလာခဲ့တဲ့ တက်သစ်စဒါရိုက်တာလေးနဲ့ သူ့ရဲ့ချစ်သူ အူကြောင်ကြောင်ကောင်မလေးတိုရဲ့ အဆင်မပြေမှုတွေကနေ စထားပါတယ် ပန်ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့စီးပွားရေးနယ်ပယ်မှာတော့ အောင်မြင်နေတဲ့အမျိုးသမီးလေး တဦးဖြစ်ပေမယ့် ချစ်သူဒါရိုက်တာလေး သိပ်ကိုရူးသွပ်တဲ့ ရုပ်ရှင်တွေနဲ့ပက်သက်လာရင်တော့ ဘာမှမသိသူလေးပါ.... ကိုယ့်နယ်ပယ်နဲ့ကိုယ် အောင်မြင်နေကြပေမယ့် သူ့ချစ်သူဒါရိုက်တာလေးက မတူညီတဲ့ သူတိုရဲ့နယ်ပယ်တွေကို နှိင်းယှဉ်ပြီး ပန်ကို ဝေဖန်အပြစ်တင်လာတဲ့အခါ... သူတိုရဲ့အချစ်ရေးဟာ အဆင်ပြေပါတော့မလား ဘယ်လိုပြန်ညှိနှိင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါဒီဇာတ်ကားလေးက ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပြီ ဆုံးရူံးပြီးမှနောင်တရနေရမဲ့အဖြစ်မျိူးတွေကို ရှောင်လိုရအောင် ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ရောနှောဖန်တီးထားတာကြောင့် ရယ်ရယ်မောမောနဲ့ ကြည့်ရှုသွားရမယ့်ဇာတ်လမ်းလေးတပုဒ်ပဲဖြစ်ပါတယ် File size…1.82GB / 679MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Girlfriend Na Pwede Na(2023)

2023
The Swan Princess: A Fairytale Is Born (2023)
The Swan Princess: A Fairytale Is Born (2023) The Swan Princess : A Fairytale is born (2023)ပေါ့ပေါ့ပါးပါးနဲ့ ဘေဘီလေးတွေ သဘောတွေ့စေမဲ့ ကာတွန်းကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ယူဘတ်တာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ လယ်သမားတစ်ယောက်နဲ့ လက်ထပ်ပြီး အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူနဲ့ ဦးရီးတော် နှစ်ဝမ်းကွဲလောက်တော်တဲ့ ဘုရင်ကြီးက သေဆုံးသွားတော့ သူ့ကို နန်းတင်ပေးခဲ့ပါတယ်။ ရိုးရိုးသားသား လယ်သမားမိန်းမ ဘဝကနေ ချက်ချင်း လက်ငင်း ဘုရင်မ ဖြစ်သွားတော့ ဘယ်လိုတွေအခက်ခဲတွေကြုံတွေရပြီး လင်မယားနှစ်ယောက်ပေါင်းပြီး ပြဿနာတွေရှင်းကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.2GB | 640MB | 302MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ...
movie

The Swan Princess: A Fairytale Is Born (2023)

2023
Kelab Rojak (2023)
Kelab Rojak (2023) Kelab Rojak (2023)အိမ်နဲ့ကွိုင်ကွိုင်နေတဲ့ စီအမ်ပရိသတ်အပေါင်းသူတော်ကောင်းတို့အတွက် မိသားစုနဲ့အတူကြည့်ရှုသင့်တဲ့ Malay family dramaလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဆယ်ကျော်သက်ဘဝ သားသမီးတွေနဲ့ မိဘတွေကြားကgeneration gap ပြဿနာတွေ ဘာသာရေး ယဉ်ကျေးမှုကွာဟချက်၊ မိဘရဲ့မျှော်လင့်ချက်နဲ့ ကိုယ့်အိပ်မက်က ထပ်တူမကျတဲ့အခါ ဖြစ်လာတဲ့ပဋိပက္ခ စတဲ့ မိသားစုတိုင်းမှာ ဖြစ်နေကြပြဿနာတွေကို တစေ့တစောင်း ရိုက်ကူးပြထားတဲ့ ရုပ်ရှင်လေးပါ။အလီရှာဟာ တရုတ်-မလေးကပြားမလေးတစ်ယောက်၊ ‌အတော်ကြီးအလုပ်ရှုပ်နေပြီးတော့ မိသားစုကိုချစ်ပေမဲ့ ချစ်ကြောင်းထုတ်မပြတတ်တဲ့ အလုပ်ပဲသိတဲ့ ကိုတရုတ်ကြီးချန်ဝါနဲ့ တီတီတာတာ ဘာမှမရှိအလုပ်ပဲသိတဲ့ ချန်ဝါကို အလစ်တဲလေးစိတ်ပျက်နေတဲ့နိုရာရဲ့ သမီးဖြစ်သူပေါ့။ နှစ်‌ယောက်လုံးက ကိုယ်စီအလုပ်လုပ်နေကြတာဆိုတော့ ပြေလည်တဲ့မိသားစုဖြစ်ပေမဲ့ သမီးဖြစ်သူအလီရှာအတွက်တော့ နွေးထွေးမှု အာရုံစိုက်ခံရမှုဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ ချန်ဝါတစ်ယောက် ကေအယ်လ်ကနေ လန်ကာဝီကို အလုပ်နဲ့ရွှေ့ပြောင်းရမဲ့အကြောင်းကို နိုရာကိုရော အလီရှာကိုပါ ဘာမှမပြောဘဲ ရုတ်တရက်စီစဉ်လိုက်လေတော့ နိုရာလည်းအလုပ်ထွက်ပြီး ကမောက်ကမဖြစ် အလီရှာလည်း သူငယ်ချင်းနဲ့အတူ အကပြိုင်ပွဲဝင်ဖို့လုပ်ထားတာလည်း ပျက်သွားပါတော့တယ်။ ပြိုင်ပွဲအကြောင်း အသိပေးဖို့လုပ်ပေမဲ့ လန်ကာဝီပြောင်းဖို့ကို ကြိုမပြော‌လို့ ပြဿနာတက်နေတဲ့ အဖေနဲ့အမေကြောင့် အခွင့်အရေးမရဘဲ လန်ကာဝီကို ပါသွားပါတော့တယ်။ကေအယ်လ်ကတော့ မြို့ကြီးပြကြီးဖြစ်တဲ့အပြင် လူတန်းစားစုံတဲ့နေရာဆိုတော့ ယဉ်ကျေးမှုမတူတာကို သိသိသာသာ မခံစားရပေမဲ့ လန်ကာဝီကကျောင်းမှာ ...
movie

Kelab Rojak (2023)

2023
Where the Tracks End (2023) 7.2
Where the Tracks End (2023) Where the Tracks End (2023)~ IMDb rating - 7.2/10 ~" လောကကြီးမှာ ရှင်သန်နိုင်ဖို့ ပုတ်သင်ညိုလို ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေနေတတ်ရမယ် " တဲ့။ဒီကားထဲက အဓိကကျတဲ့ဒိုင်ယာ‌လော့ပါ။ အဓိပ္ပါယ်ရှိပါတယ်။ ဘ၀မှာ ရေကြည်ရာမြက်နုရာ နေထိုင်ရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။အေးအေးငြိမ်ငြိမ်လေးကြည့်ရမယ့် စပိန်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အီကာဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းကလေးတွေက အဓိကဇာတ်လိုက်တွေပါ။ အီကာရဲ့အဖေက ရထားလမ်းဖောက်တဲ့အလုပ်သမားဖြစ်တဲ့အတွက် သူတို့မိသားစုက ရထားလမ်းဖောက်ရာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ဒီလိုနဲ့ မက်ဆီကိုက နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ ဒီ‌နေရာလေးမှာ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ဆရာမနဲ့ ခွေးလေးကို ရခဲ့ပါတယ်။နယ်မြို့လေးဆိုတော့ စာသင်ကျောင်းလေးကလည်း ကျောင်းသားအနည်းစုပဲရှိပြီး ကျောင်းအုပ်ဆရာမတစ်ယောက်တည်းကပဲ စာသင်ပေးပါတယ်။ အဲဒီဆရာမက အီကာကို စာဖတ်တတ်အောင် သင်ပေးပါတယ်။ သူက အီကာကို ပုတ်သင်ညိုတစ်ကောင်လို နေနိုင်ရမယ်လို့ ‌ဆုံးမခဲ့သူပါ။အီကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေလည်းရလာပြီး သူတို့နဲ့ အတူ ...
movie

Where the Tracks End (2023)

2023
The Unborn Soul (2023) 5.3
The Unborn Soul (2023) The Unborn Soul (2023)ဗီယက်နမ် Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horror ဆိုပေမယ့် ဒရာမာကားကောင်းကောင်းတစ်ကားလို ဇာတ်လမ်းအချိတ်အဆက်မိမိ တင်ပြထားတာမို့ တစ်ကားလုံး ပျင်းမနေဘဲ အဆုံးထိ ကြည့်မိမယ့်ကားမျိုးပါပဲ။အမျိုးသမီးဇာတ်ကောင် ၃ ယောက်ရဲ့ ဆက်နွယ်မှုတွေကို တင်ပြရင်းနဲ့ ဒီဇာတ်လမ်းက ပုံပေါ်လာမှာပါ။ပထမဆုံးအမျိုးသမီး "ထောင်"ကတော့ ယောက်ျားဖြစ်သူနဲ့အတူ ကလေးရဖို့အတွက် လေးနှစ်တောင်စောင့်ဆိုင်းခဲ့ရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အတိတ်က မကောင်းမှုတွေကြောင့် သူ့အိမ်မှာ သန္ဓေသားဘဝနဲ့ သေဆုံးရတဲ့ကလေးသရဲကပ်ပြီး ဒုက္ခရောက်တော့တာပါပဲ။ဒုတိယအမျိုးသမီး "ဖွန်း" ကတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းက ဆရာဝန်ပါ။ တစ်ဖက်မှာ သူတစ်ပါးကလေးအသက်သတ်နေရပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့သားလေး မင်းကို အသက်ဆက်ရှင်‌နိုင်အောင် ကြိုးစားနေရတာပါ။ သားအတွက် ဆေးဖိုးရှာနိုင်အောင် ကိုယ်ဝန်ဖျက်ချရတဲ့ ဖွန်းတစ်ယောက် လိပ်ပြာလုံလုံနဲ့ လုပ်နိုင်ပါ့မလား။တတိယအမျိုးသမီးကတော့ နတ်မိမယ်လေးမိဘမဲ့ဂေဟာက အမျိုးသမီးပါ။ မိဘမဲ့တွေကို စောင့်ရှောက်ရတာအပြင် ကိုယ်ဝန်ဖျက်ချပြီးထွက်လာတဲ့ သန္ဓေသားအလောင်းတွေကို ကောင်းရာမွန်ရာမှာ မြေမြှုပ်ရင်းနဲ့ အောက်ဆိုက်ရှာနေရတဲ့သူပေါ့။ သူ့ရဲ့အကြောင်းအရာကရော ဘယ်လိုဆက်ဖြစ်မလဲ။ ဒီအမျိုးသမီးသုံးယောက် ဘယ်လိုဆက်စပ်နေမလဲ။ သန္ဓေသားသရဲတွေနဲ့ သူတို့သုံးယောက်ရဲ့ ပတ်သက်ဆက်နွှယ်ပုံက ဘယ်လိုလဲဆိုတာကိုတော့ ဒီကားထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။အညွှန်း နဲ့ ...
movie

The Unborn Soul (2023)

2023
Windmill (2023)
Windmill (2023) Windmill (2023)စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတစ်ယောက်က သူခံစားခဲ့ရတဲ့အတိုင်း ပြန်ကျူးလွန်မိတတ်ကြသလား?အသစ်ထွက်ရှိထားတဲ့ Windmill 2023 ဇာတ်ကားမှာဆိုရင်တော့ ဖခင်ရဲ့နှိပ်စက်ဆိုးသွမ်းမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ ဂျောင်ဟွန်းဟာ သူ့ဖခင်လိုလူမျိုး ဘယ်တော့မှဖြစ်မလာစေရဘူးလို့ စိတ်ဆုံးဖြတ်ထားပြီး လက်ဝှေ့အားကစားသမားဖြစ်ဖို့ပဲ ကြိုးစားနေခဲ့သူတစ်ယောက်ပါဒါပေမဲ့ တစ်နေ့မှာတော့ ဒုက္ခရောက်နေတဲ့ကောင်မလေး ဆွန်းဟီကိုကယ်တင်ရင်း လူမိုက်အုပ်စုတစ်စုနဲ့ ပတ်သက်မိသွားခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ လက်ဝှေ့သမားဖြစ်ဖို့ကို စွန့်လွှတ်လိုက်ရပါတော့တယ်ဒါ့အပြင် အဘိုးဖြစ်သူရဲ့ရောဂါကြောင့် ဂျောင်ဟွန်းတစ်ယောက် ငွေအသည်းအသန်လိုအပ်လာချိန်မှာတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါ လူမိုက်မဖြစ်ရဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့တဲ့ ဂျောင်ဟွန်းတစ်ယောက် တကယ်ပဲ အပြစ်ကင်းကင်းစင်စင်နဲ့ နေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူကိုယ်တိုင်မသိလိုက်ခင်မှာတင် သူ့အဖေလိုလူမျိုး ဖြစ်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော်အဓိကသရုပ်ဆောင်တွေအဖြစ် B1A4 အဖွဲ့ဝင်ဟောင်း Cha Sun-Woo နဲ့ Lovelyz အဖွဲ့ဝင်ဟောင်း Yoo Ji-Ae တို့က ပါဝင်ထားကြတာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p | 480p File size… ...
movie

Windmill (2023)

2023
Karma Strikes (2023) 6.0
Karma Strikes (2023) Karma Strikes (2023)IMDb-6/10ဇာတ်ကားနာမည်ကိုက ကံကြမ္မာရဲ့ရိုက်ချက် ..အကြောင်းအကျိုးဒွန်တွဲနေတဲ့ ဒီလောကကြီးမှာ ဝဋ်ကြွေးအတွက် ပြေးလွတ်ရာလမ်းဆိုတာ မြူတစ်မှုန်စာတောင်မရှိ အဆင်သင့်ဖြစ်မနေရင်တောင် အချိန်တန်လို့ ကြွေးဟောင်းဆပ်ချိန်ကျရင် အကုန်လွှတ်ချခဲ့ရတာပါပဲ ‌ဒီကားဟာဆိုရင် သူချစ်ခင်တို့လိုလည်း လောင်ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ပယောဂဆန်ဆန် ကြောက်နေရမှာပါ ဇာတ်ကားကြည့်ပြီးရင်လည်း အတွေးတစ်ခုစီကျန်နေခဲ့မယ့် အချစ် ၊ သည်းထိတ်ရင်ဖို အဆွေး ရသအစုံခံစားချင်တဲ့သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ ဒီကားလေးကိုတော့ လက်လွှတ်မခံကြဖို့ ညွှန်းဆိုရင်း...ဇာတ်လမ်းအညွှန်း.... အန်နေးလ်နဲ့ဆိုနီတို့ကနေရလာတဲ့ တစ်ဦးတည်းသောသမီးလေး ဆိုနမ် အန်နေးလ်က တစ်ဦးတည်းသောသမီးလေးကို ချစ်လွန်းလို့ စာသင်တာတောင်အိမ်မှာပဲ မျက်စိအောက်ကအပျောက်မခံသင်စေချင်တယ် ဒီသမီးလေး ၂၃ နှစ်ပြည့်မွေးနေ့မှာ မွေးနေ့လက်ဆောင်အနေနဲ့ ချစ်သူ‌နဲ့တွေ့ပေးဖို့ပြောလာတော့ အန်နေးလ်တစ်ယောက်အလွယ်တကူသဘောမတူခဲ့ပါဘူး ‌အေဂျင်စီတွေနဲ့ငှားပြီး နောက်ကြောင်းရာဇဝင်တွေစုံစမ်းသည်ထိပါပဲ သင့်တော်တဲ့သူ၊သမီးကလည်းအရမ်းချစ်နေသူမို့ သဘောတူလိုက်ပါပြီ ဒီလိုနဲ့ သူတို့ မိသားစုလေးပျော်ရွှင်ရတော့မယ်လို့ ထင်တဲ့အချိန်မှာ ချစ်သမီးကနင်ပဲငဆတွေပြောပြီး ထဖောက်ပါတော့တယ် ဆရာဝန်ကတော့စိတ်ရောဂါတစ်မျိုးဘာညာပြောနေပေမဲ့ အန်နေးလ်ကတော့ တစ်ခုခုကိုသိနေတဲ့ပုံပါပဲသမီးကသာ အရာရာ သမီးကိုအရမ်းချစ်တတ်တဲ့ ဖခင်တစ်ယောက်... သူသိထားတာဘာများဖြစ်မလဲ.... ဇာတ်အလှည့်အပြောင်းလေးတွေမှာ မတူညီတဲ့အတက်အကျလေးတွေနဲ့ ကိုယ်တိုင်ပဲကြည့်ရှူခံစားကြည့်ပါဦး (အညွှန်းရေးသားသူကတော့ BpL နဲ့ Yunni ...
movie

Karma Strikes (2023)

2023
Pachuvum Athbhuthavilakkum (2023) 7.6
Pachuvum Athbhuthavilakkum (2023) Paachuvum Albhuthavilakkum 20232023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုများစွာကိုရရှိထားပါတယ်ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သား လူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီး ကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေ အလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီး တစ်ကားလုံးဖြစ်နေတဲ့ ‌အကြောင်းပါဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင် ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ် File size…2.4GB / 1GB Quality…1080p WEBDL /720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Chiclon3~Yunni~BpL~HM~Nyein~Sai
movie

Pachuvum Athbhuthavilakkum (2023)

2023
Blood & Gold (2023) 6.6
Blood & Gold (2023) Blood And Gold (2023)~ IMDb - 6.6/10, Rotten Tomatoes - 67% ~နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe ...
movie

Blood & Gold (2023)

2023
When Love Springs (2023) 6.2
When Love Springs (2023) When Love Springs (2023) =================== IMDb Rating - 6.2/10Junior PR ဖြစ်တဲ့ Rory Richards က သူ့မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည် ​ကတိကဝတ်ပြန်တည်ပွဲအတွက် Lilac Lake တည်းခိုခန်းကို ရောက်လာခဲ့တယ်။ အဲဒီ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှာ သူ့ကို လမ်းခွဲခဲ့တဲ့ ရည်းစားဟောင်း Jason နဲ့ တန်းတိုးတာပဲ။ Jason မှာက ဘာဘီရုပ်လိုလှတဲ့ ရည်းစားကောင်မ လေးအသစ် ရှိနေပြီ။ကောင်မလေး ချောချောလေးရနေပြီဖြစ်တဲ့ Ex ကို ပြန် တွေ့တော့ FA Rory လည်း လန့်ပြီး အရှက်မကွဲချင်လို့ ဟိုတယ်ပိုင်ရှင်သား Noahကို သူ့ရည်းစားပါလို့ လိမ်ပြော လိုက်တယ်။ Noah မှာက သူ့အလုပ်တွေနဲ့ ရှုပ်နေပြီးသား။ သူတို့ဟိုတယ် အခြေအနေမကောင်းတော့လို့ မရောင်း ရအောင် ကြိုးစားနေတဲ့အချိန် Rory က သူ့ကို သူ့ရဲ့ရည်း စားအဖြစ် ဟန်ဆောင်ပေးဖို့ ဂျီတိုက်ခဲ့တယ်။ Noah လည်း ငြင်းပေမဲ့ နောက်ဆုံးတော့ သူတို့တွေ အပေးအယူတစ်ခု ပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ...
movie

When Love Springs (2023)

2023
To Catch a Killer (2023) 6.6
To Catch a Killer (2023) To Catch a Killer (2023)ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။အယ်လနောကတော့ သာမန်ရဲတပ်သား။မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။လက်သည်ကတော့ တစ်ယောက်တည်းပဲ။သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ ...
movie

To Catch a Killer (2023)

2023
Yaanai Mugathaan (2023) 9.5
Yaanai Mugathaan (2023) Yaanai Mugathaan (2023)IMDb-9.6/10ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာ တည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့် သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ် "သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ" တဲ့။ ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။ တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။ တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်‌ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီး သူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။"ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ" ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။ (အညွှန်းကို chiclon3 ...
movie

Yaanai Mugathaan (2023)

2023
Big George Foreman (2023) 6.5
Big George Foreman (2023) Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie

Big George Foreman (2023)

2023
White Men Can’t Jump (2023) 4.7
White Men Can’t Jump (2023) White Men Can't Jump (2023) ======================Sports Type နဲ့ Basketball ကြိုက်တဲ့ဘရားသားတို့အတွက် ဇာတ်ကားကောင်းလေးလာပါပြီ။ 1992 ကထွက်ထားတဲ့ White Men Can't Jump ကို remake ပြန်လုပ်ထားတဲ့ကားပါ။ 1992 ရုပ်ရှင်မှာတော့ Zombieland မင်းသားကြီး Woody Harrelson နဲ့ Blade မင်းသားကြီး Wesley Snipesတိုက အတွဲမိမိတင်ဆက် သွားခဲ့ပါတယ်။ ရုပ်ရှင်နာမည်တူနေတာကလွဲလို ဇာတ်လမ်းဇာတ် အိမ်ကတော့ ပြောင်းလဲသွားတယ် အရင်ကားက လူတွေလည်း ပြန်မပါလာဘူး ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ပုံ စံနဲ့သူ ကွဲထွက်နေပြီး ကြည့်လိုအဆင်ပြေပါတယ်။ ဒီဇာတ်ကားရဲ့တွဲဖက်နှစ် ယောက်က Jeremy အဖြစ်နဲ့အမေရိကန် ရက်ပ်ပါ Thomas Harley၊ ပြီးတော့ Kamal အဖြစ် Sinqua Walls တို့ သရုပ်ဆောင်ထားပါတယ်။Kamal Allan ရဲ့ဘတ်စကတ်ဘောစကေးက NBA မှာကစားခွင့်ရဖို့ အထိ ရေပန်းစားနေသလို အောင်မြင်မှုအမြောက်အမြားရထားတဲ့ ဆယ်ကျော်သက် တက်သစ်စအထက်တန်း ကျောင်းသားလေးပါ။ သူရဲ့အဖေရဲ့ စနစ်တကျပျိုးထောင်ပေးမှုနဲ့ ဒီလိုအခြေအနေအထိ တက် လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမယ့် ...
movie

White Men Can’t Jump (2023)

2023
Robots (2023) 5.1
Robots (2023) Robots (2023) ===========ကိုယ့်ကိုယ်ပွားစက်ရုပ် clone တွေများထုတ်နိုင်ရင် အဲဒီစက်ရုပ် တွေနဲ့ ဘာလုပ်ချင်ကြသလဲ။ ဒီကားထဲက ချားလ်စ်ကတော့ သူ့ ကိုယ်ပွားစက်ရုပ် စီတူးကို သူ့အစားအလုပ်လုပ်ခိုင်းတယ်။ အိမ် သန့်ရှင်းရေး ထမင်းဟင်းချက် စွယ်စုံခိုင်းတဲ့အပြင် စီတူးရဲ့ အပြော ချိုချို ကြင်နာတတ်တဲ့စိတ်ထားကိုသုံးပြီး ကောင်မလေးတွေနဲ့ အိပ် ရအောင်ပါလုပ်တဲ့ ငပွေပါ။ ချားလ်စ်ရဲ့ အမဲလိုက်ကွင်းကတော့ ရေခဲ ပြင်စကိတ်ကွင်းပါတဲ့။ အဲဒီမှာ သူသဘောကျတဲ့ကောင်မလေးတွေနဲ့ ဝင်ဝင်တိုက်ပြီး ဇာတ်လမ်းထွင်ပါတယ်။ကောင်မလေးတွေ သူ့ကိုချစ်လာအောင်လုပ်ရတာကတော့ စီတူးရဲ့ တာဝန်ပေါ့။ အယ်လိန်းဆိုတဲ့ကောင်မလေးကတော့ သိုက်တူးသမား။ ရေလျှံတဲ့ဘဲကြီးတွေနဲ့သွားချိတ်ပြီး သူတို့နဲ့အိပ်ဖို့က အယ်လိန်းရဲ့ ကိုယ် ပွားစက်ရုပ် အီးတူးရဲ့တာဝန်ဖြစ်ပါတယ်။ တစ်နေ့ကျ ရေခဲပြင် စကိတ် ကွင်းမှာ ချားလ်စ်နဲ့အယ်လိန်းတို့တွေ့ပြီး အတွဲတွေဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အစား စီတူးနဲ့ အီးတူးက အိပ်ဖြစ်သွားကြပြီး ချစ်မိသွားကြရာကနေ ထွက်ပြေးပါတော့တယ်။ တကယ်က စက်ရုပ် ကိုယ်ပွားထုတ်တာက တရားမဝင်ဘဲ မိတာနဲ့ ထောင်နှစ်ရှည်ကျမှာပါ။ ဒီလိုနဲ့ ချားလ်စ်နဲ့အယ်လိန်းတို့ရဲ့ စက်ရုပ်လိုက်ဖမ်းပုံတွေကို ရှုစားရမယ့် Sci-fi / fantasy ဇာတ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.24 GB) / ...
movie

Robots (2023)

2023
Satthi Gaani Rendu Yekaralu (2023) 6.6
Satthi Gaani Rendu Yekaralu (2023) Sathi Gani Rendu Ekaralu 2023 IMDb 5.8/10 Comedy/Dramaကျေးလက်တောရွာလေးတစ်ခုမှာ ဘိုးဘွားပိုင်မြေ‌ကို ထိန်းသိမ်းရင်း လုပ်ကိုင်စားသောက်နေတဲ့ ဆာသီဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ အရင်က ဘိုးဘွားပိုင်မြေဧကများစွာရှိပေမယ့် အဖေဖြစ်သူရဲ့မကောင်းတဲ့ အကျင့်စရိုက်တွေကြောင့် ၂ဧကသာရှိတော့တဲ့မြေကို သားစဉ်မြေးဆက် ဆက်ပြီးအမွေပေးနိုင်အောင် ထိန်းသိမ်းနေရတာဖြစ်ပါတယ်။တစ်ဖက်မှာ သမီးဖြစ်သူရဲ့ရောဂါအတွက် ခွဲစိတ်ဖို့ငွေတွေလိုလာတဲ့အခါ အဖေဖြစ်သူ ဆာသီတစ်ယောက် တွေးပူရပါတော့တယ်။ ဇနီးဖြစ်သူကလည်း အမျိုးမျိုးဖိအားပေးနေတာကြောင့် ငွေ ရအောင်ကြံရပါတော့တယ်။ ပိုင်ဆိုင်သမျှကို ထုခွဲရောင်းချပြီး သမီးဖြစ်သူကို ဆေးကုပေးလိုက်ချင်ပေမယ့်လည်း ဘိုးဘွားပိုင်မြေကို ထိန်းသိမ်းရဦးမှာ ဖြစ်တဲ့အတွက်ကြောင့် အကြပ်ရိုက်နေပါတော့တယ်။ တစ်နေ့မှာတော့ မတော်တဆမှုဖြစ်ထားတဲ့ ကားတစ်စီးကနေ ခရီးဆောင်အိတ်ရလာပြီး သူ့အခက်အခဲတွေ ဖြေရှင်းနိုင်တော့မယ်လို့လည်း ယုံကြည်နေပါတယ်။ ဒီခရီးဆောင်အိတ်ကို ဖွင့်ဖို့ရွာလည်နေရှာပါတယ်။တစ်ဖက်မှာလည်း ဒီခရီးဆောင်အိတ်ကိုရှာတဲ့သူရှိနေသလို ဒီအမှုကို စုံစမ်းနေတဲ့သူလည်း ရှိနေပါတယ်။ ဆာသီတစ်ယောက် သူထင်ထားသလို အခက်အခဲတွေဖြေရှင်းနိုင်တော့မလား။ ဒီအမှုကဘာတွေဆက်ဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းကို Cherry မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ Cherry,BpL,chiclon3,NyeinAye,Aditi တို့ပဲဖြစ်ပါတယ်) File size…2.1GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 53mins Subtitle….Myanmar Subtitle ...
movie

Satthi Gaani Rendu Yekaralu (2023)

2023
Tid Noi: More Than True Love (2023)
Tid Noi: More Than True Love (2023) Tid Noi : More than true love (2023) ===========“Pee Mak”, “Ghost of Mae Nak”, “Nak”, “Nang Nak” တို့ကို ကြည့်ဖူးပြီးသားသူတွေကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး မီးနေသည်သရဲ Mae Nak Phra Khanong အကြောင်း စိမ်းမယ်မထင်ပါဘူး။Mae Nak အကြောင်းကို သိနေပြီးသားသူတွေအတွက် ဇာတ်လမ်းကျောရိုးကတော့ မထူးဆန်းလောက်ပေမယ့် ဒီတစ်ခါအတွက် အဓိကဇာတ်လိုက်ကျော်ကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ Pee Mak လည်းမဟုတ်သလို Mae Nak လည်းမဟုတ်ပါဘူး။ အရမ်းလှတယ်လို့ နာမည်ကြီးခဲ့တဲ့ Mae Nak ကိုချစ်ခဲ့တဲ့သူက Pee Mak တစ်ယောက်တည်းမကလောက်ဘူးလို့ တွေးမိဖူးတဲ့သူတွေရှိတယ် .. ဟုတ်?ဟုတ်ပါတယ် Mae Nak တို့အိမ်နားက Mae Nak နဲ့ငယ်ငယ်လေးတည်းကအတူကြီးပြင်းလာခဲ့ပြီး Mae Nak ကို Pee Mak ထက်မသာရင်တောင် ...
movie

Tid Noi: More Than True Love (2023)

2023