Channel Myanmar

2023

Black Clover: Sword of the Wizard King (2023) 7.7
Black Clover: Sword of the Wizard King (2023) Black Clover: Sword of the Wizard King (2023) ================================== IMDb Rating - 7.7/10Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen type anime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရော Anime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခု Sword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာ ပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမို ကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ် ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေ အတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်း ခံ‌လေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင် အရပ်မရှည်လာ‌သေးပါဘူး။ ...
movie

Black Clover: Sword of the Wizard King (2023)

2023
Space Pups (2023) 6.1
Space Pups (2023) Space Pups (2023)Space Pups သို့မဟုတ် အာကာသထဲက ခွေးလေးတွေပေါ့။ Space Pups ဆိုတဲ့ နာမည်နဲ့ ကာတွန်းကားတွေ ကာတွန်းဇာတ်လမ်းတွဲတွေ ထွက်ဖူးပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်လည်း အဲနာမည်နဲ့ပဲ ထွက်လာတဲ့ Live action ပါပဲ။ IMDb - 6.3 ရရှိထားတာမို့ ဒီရုပ်ရှင်ဟာဆိုရင် မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ တစ်ခေတ်တစ်ခါက ခေတ်စားခဲ့ဖူးတဲ့ မိသားစုအသားပေး စွန့်စားခန်းရုပ်ရှင်အလွမ်းပြေ ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာစီ၊ အေ့စ်နဲ့ ဟက်စ်တို့ဟာ အာကာသတွင်းမှာ ခရီးသွားလာနေတဲ့ ဂြိုဟ်သားတွေပါ။ သူတို့ ခရီးသွားရင်း ဥက္ကာပျံလမ်းကြောင်းထဲဝင်သွားခဲ့လို့ ယာဉ်လည်း ထိခိုက်သွားခဲ့ပြီး ကမ္ဘာပေါ်ကို အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။ ဆင်းသက်လာတဲ့ လမ်းကြောင်းမှာ အစိတ်အပိုင်းတွေ ပြုတ်ကျကျန်နေခဲ့ပါတယ်။ အာစီတို့လည်း အဆိုပါအစိတ်အပိုင်းတွေကို ပြန်ရှာဖို့အတွက် ခွေးလေးတွေအနေနဲ့ ရုပ်ဖျက်လိုက်ပါတော့တယ်။ သူတို့ ဆင်းသက်လိုက်တဲ့နေရာမှာတော့ မြို့ကနေ နွေရာသီကျောင်းပိတ်ရက်မို့ တောမြို့လေးမှာ လာနေနေတဲ့ မိသားစုတစ်စုရှိနေပါတယ်။ အဲဒီမိသားစုက သားဖြစ်သူ ဆမ်နဲ့ သမီးလေး ကက်စီတို့ဟာ ...
movie

Space Pups (2023)

2023
About My Father (2023) 5.8
About My Father (2023) About My Father (2023)သားတစ်ယောက်က လက်ပေါက်ကပ်တဲ့သူ့အဖေအကြောင်း ဖောက်သည်ချထားတဲ့ပုံစံ အမေရိကန်ဟာသရုပ်ရှင်ပါ။ သားအဖနှစ်ယောက်အဖြစ် Sebastian Maniscalco နဲ့ ဂန္ထဝင်မင်းသားကြီး Robert De Niro တို့က အတွဲညီညီသရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဥ်း ~ဆီဘက်ရှန်တို့မိသားစုက အီတလီနိုင်ငံ စစ္စလီကျွန်းက မန်နီစကယ်ကိုမျိုးဆက်ဖြစ်ပြီး ချီကာဂိုအမေရိကန်ကိုပြောင်းရွှေ့ခဲ့ကြတဲ့ Immigrant မိသားစုပါ။ ဆီဘက်ရှန်ဟာ ဖခင်ရဲ့တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတာနဲ့ရောင့်ရဲတတ်ဖို့ ရှက်တတ်ကြောက်တတ်ဖို့ သင်ယူကြီးပြင်းခဲ့ရတယ်။ ဆီဘက်ရှန်ရဲ့ချစ်သူ အယ်လီကတော့ ပွင့်လင်းတဲ့အမေရိကန်သူဖြစ်ပြီး မျိုးရိုးမြင့်တဲ့ ကြေးရတတ်မိသားစုကနေ ဆင်းသက်လာတဲ့သူပါ။ အယ်လီ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ခါကောင်းကိုစောင့်နေတုန်း အယ်လီ့မိသားစုက ဆီဘက်ရှန်ကို ဗာဂျီးနီးယားက သူတို့ရဲ့နွေရာသီစံအိမ်ကို အားလပ်ရက်လာလည်ဖို့ ဖိတ်လိုက်ပါတယ်။ ကံဆိုးတာကတော့ ဆီဘက်ရှန်ရဲ့အဖေပါလိုက်လာတာပါပဲ။ သားအဖနှစ်​ယောက်ရဲ့ တကျက်ကျက်ဆက်ဆံရေး၊ ယဥ်ကျေးမှုမတူတဲ့ မိသားစုနှစ်ခုရဲ့ဂယက်တစ်သိန်းနဲ့တွေ့ဆုံမှု၊ ဆီဘက်ရှန်တစ်ယောက် သူ့အဖေလူ့ဂွစာကြီးနဲ့ အယ်လီတို့မိသားစုကြား ဗျာများရပုံတွေကို တစိမ့်စိမ့်တွေးပြီးရယ်ရတဲ့ဟာသတွေနဲ့ တင်ဆက်ထားလို့ ကြည့်ရကျိုးနပ်စေမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin ...
movie

About My Father (2023)

2023
[18+] Hosto (2023)
[18+] Hosto (2023) Hosto (2023)ပက်ထရစ်ဟာ ငယ်ရွယ်စဉ်က ထင်ရာစိုင်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ သားတစ်ယောက်အဖေဘဝနဲ့ ဘဝကိုကြိုးစားတည်ဆောက်နေပါတယ်။ သူ့မှာ ဇနီးအပြင် ချစ်သူအမျိုးသားလည်းရှိပြီးတော့ အဲဒီအမျိုးသားက သူ့အတွက်အစစအရာရာ ပံ့ပိုးဖြည့်ဆည်းပေးနေတဲ့သူပါ။ သူ့အိပ်မက်ကတော့ ဂျပန်မှာစာသင်ရင်းအလုပ်သွားလုပ်ဖို့ဖြစ်ပြီး အဲဒါတွေကလည်း သူ့သားရဲ့အနာဂတ်နဲ့ သူ့မိသားစုအတွက်ပါပဲ။တကယ်တမ်း သူဂျပန်ကိုရောက်ရှိချိန်မှာတော့ စိတ်ကူးတွေထဲကနဲ့ အစစအရာရာ ကွာခြားနေခဲ့ပြီး လိုအပ်ချက်တွေများလွန်းတဲ့ သူ့မိသားစု၊ အထူးစောင့်ရှောက်မှုလိုအပ်နေတဲ့ သူ့ကလေးအတွက် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ကြိုးစားသမျှတွေ အရာမထင်ဖန်များလာတဲ့နောက် သူနဲ့အတူနေမိတ်ဆွေ ရစ်ချတ်ရဲ့မိတ်ဆက်ပေးမှုနဲ့ ဂျပန်နိုင်ငံရဲ့ Nightlife ထဲမှာ Hosto တစ်ယောက်အဖြစ် အချိန်ပိုင်းလုပ်ဖို့ဖြစ်လာပါတော့တယ် (Hosto ဆိုတာအမျိုးသမီးကြီးတွေနဲ့ အတူထိုင်သောက် စကားပြော လိုအပ်ရင်အဆုံးထိလိုက်လျောရတဲ့အမျိုးသားဂေးရှားသဘောမျိုးပါ)။ဒါပေမဲ့လည်း မိသားစုအတွက် တိုင်းတစ်ပါးမှာ အဆုံးစွန် စွန့်လွှတ်အနစ်နာခံနေမှုတွေကတစ်ဖက်၊ အဲဒီလိုအလုပ်တွေလုပ်နေရတဲ့အတွက် သူ့ဇနီးအပေါ်၊ ချစ်သူအပေါ်၊ သူ့လိပ်ပြာသူမလုံတဲ့ စိတ်တွေနဲ့ရှေ့ဆက်ဖို့ ခက်ခဲလာနေတဲ့ ပက်ထရစ်တစ်ယောက် သူ့အိမ်ရှင်ရဲ့သမီးဖြစ်တဲ့ သီယာဆိုတဲ့မိန်းကလေးက သူ့ကိုကယ်တင်တဲ့အနေနဲ့ သူနဲ့ဟန်ဆောင်လက်ထပ်ဖို့ကမ်းလှမ်းလာတဲ့အခါ... ချစ်သူတွေဝိုင်းနေတဲ့ ...
movie

[18+] Hosto (2023)

2023
Kondraal Paavam (2023)
Kondraal Paavam (2023) Kondraal Paavm(2023) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.97GB / 735MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Had Sub) Encoder….YK Translated by Aditi ~ Chiclon3~ ...
movie

Kondraal Paavam (2023)

2023
My Happy Ending (2023) 5.2
My Happy Ending (2023) My Happy Ending (2023)ဘ၀မှာ ကြောက်စရာရောဂါဆိုးကြီးဖြစ်လာရင် ဘယ်လိုရင်ဆိုင်ကြမှာလဲ... အရှုံးမပေးဘဲ အနိုင်ယူကြမှာလား။ ဂျူလီယာရော့သ်ဆိုတဲ့ အမျိုးသမီးအဖြစ်ကတော့ သူများတွေလိုမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်စရာ အဆုံးသတ်ကို ကိုယ်တိုင်ရွေးချယ်လို့ရတယ်ဆိုတာပြသွားတာပါ။ဂျူလီယာက တစ်ချိန်က ဟောလီးဝုဒ်နာမည်ကြီးသရုပ်ဆောင်ဖြစ်ပြီး ခုချိန်မှာတော့ နာမည်ကျလာပြီး တစ်ချိန်တည်းမှာပဲ အူမကြီးကင်ဆာဖြစ်နေပါတယ်။ ဒါကို သူ့မန်နေဂျာကလွဲရင် သူ့သားသမီးတွေရောဘယ်သူမှမသိပါဘူး။ မကြာခင်မှာ သမီးဖြစ်သူရဲ့လက်ထပ်ပွဲလည်းရှိနေပါတယ်။ သူ့ဆရာ၀န်က ညွှန်းပေးတဲ့ လန်ဒန်အပြင်က ဆေးခန်းလေးမှာ ‌ဓာတုကုထုံးနဲ့ ကီမိုဆေးသွင်းဖို့ရောက်လာပါတယ်။ အဲဒီက သူနေရမယ့်အခန်းမှာ တခြား ကင်ဆာရောဂါသည်အမျိုးသမီး ၃ဉီးလည်းရှိနေပါတယ်။ ရောက်ကာစကတော့ ဂျူလီယာနဲ့ နည်းနည်းအဖုအထစ်လေးဖြစ်ပေမယ့် ပြန်အဆင်ပြေသွားပါတယ်။ ဂျူလီယာရဲ့ကင်ဆာက အဆင့် ၄ ရှိနေပြီး သူတို့ထဲမှာ အဆိုးဆုံးအခြေအနေလို့ပြောလို့ရပါတယ်။ကျန်တဲ့ ၃ယောက်က သူတို့ဆေးတွေသွင်းရလို့ နာကျင်တဲ့အချိန်မှာ နာတဲ့စိတ်ကို ပြေပျောက်အောင်လို့ စိတ်ကူးယဉ်ပြီးကစားတဲ့ အားလပ်ရက်ခရီးဆိုတာမျိုးရှိပါတယ်။ ဂျူလီယာ့ကိုလည်း အဲဒီလိုကစားနည်းကို ပြပေးပြီး သူတို့အတူ ကစားကြပါတယ်။ ဒီလိုနဲ့ ...
movie

My Happy Ending (2023)

2023
Pichaikkaran 2 (2023) 6.0
Pichaikkaran 2 (2023) Pichaikkaran 2 (2023)2016 က ထွက်ရှိထားတဲ့ Pichaikkaran ရဲ့အောင်မြင်မှုအပြီးမှာ ပုံစံတူ stand-alone sequel တစ်ကားဖြစ်တဲ့ Pichaikkaran 2 ဟာ လောလောလတ်လတ်မှာ ရုံတင်ထားတာဖြစ်ပြီး rating တွေလည်းကောင်းသလို ရုံတင်ငွေ ကုဋေ ၃၄ သန်းကျော်အမြတ်ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဆရာဝန်တစ်ယောက်က နှလုံးတွေ‌ ကျောက်ကပ်တွေ အစားထိုးတာတင်မကပဲ ဦးနှောက်အစားထိုးတာကိုပါ အောင်မြင်စွာစမ်းသပ်လ်ုက်နိုင်ပါတယ် ဗီဂျေးဆိုတာကတော့ အောင်မြင်နေတဲ့စီးပွားရေးသမား ဉာဏ်ကြီးရှင်တစ်ယောက်ပါ သူ့ရဲ့လူယံုဆိုတဲ့သူက နောက်ကျောဓားနဲ့ထိုး ခဏနေကဦးနှောက်လဲတဲ့ အစားထိုးမှုကို ဗီဂျေးအပေါ်လုပ်ပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ကြံစည်လာတဲ့အခါမှာ တစ်ခေတ်တစ်ခါက Face-off လိုမျိုး vibe ကိုပြန်ခံစားမိမဲ့အပြင် ဦးနှောက်ချင်းပါလဲပစ်တဲ့ ကျွတ်ဆင်အကွက်ကြီးတွေနဲ့ အက်ရှင်ဒရာမာ ရသစုံကြည့်ရမှာဖြစ်လို့ လက်မလွှတ်ကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွကတော့ Sai ~ chiclon3 ~ BpL ~ Thaik San ~ YH ~ Yunni တို့ပဲဖြစ်ပါတယ် File size…8.56GB/ 3.27GB / 1.23GB Quality…4k ...
movie

Pichaikkaran 2 (2023)

2023
4K HEVC
Shooting Stars (2023) 6.5
Shooting Stars (2023) Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ...
movie

Shooting Stars (2023)

2023
Hearts in the Game (2023) 6.5
Hearts in the Game (2023) Hearts in the Game (2023)~ IMDb rating - 6.5/10 ~ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ...
movie

Hearts in the Game (2023)

2023
Charles Enterprises (2023) 7.1
Charles Enterprises (2023) Charles Enterprises (2023) IMDb 6.7ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရောဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Charles Enterprises (2023)

2023
Tamilarasan (2023) 5.9
Tamilarasan (2023) Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie

Tamilarasan (2023)

2023
Siya (2022) 8.9
Siya (2022) Siya (2023) ************** ဒီ ဟင်ဒီစကားပြောCrime/Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးကိုတော့ Zee5 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး IMDb rating 8.9အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း စီယာဟာ ၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ရွာမှာ အဖေတို့ အဒေါ်တို့နဲ့ နေပါတယ်။ သူက ဒေလီကိုသွားပြီး အလုပ်လျှောက်ဖို့ အိပ်မက်မက်နေခဲ့ပေမဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် သွားခွင့်မရခဲ့ပါဘူး။ တစ်နေ့မှာတော့ ရွာသားတချို့ရဲ့ ယုတ်မာမှုကို ခံလိုက်ရပါ‌တော့တယ်။ ဒါပေမဲ့ သူဟာ အမှန်တရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ယုတ်ညံ့တဲ့ အသိုက်အဝိုင်းကို သတ္တိရှိရှိ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရာမှာတော့ ...စီယာတစ်ယောက် ဘယ်လိုအခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမှာလဲ .... အမှန်တရားက သူ့ကို မျက်နှာသာ ပေးမှာလား ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ...ဇာတ်လမ်းအညွှန်းကတော့ Thaik Sanမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Thaik San,BpLနဲ့ Yunniတို့ပဲ ဖြစ်ပါတယ်။ File size…1.9GB / 771MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik ...
movie

Siya (2022)

2023
Mixed by Erry (2023) 7.1
Mixed by Erry (2023) Mixed by Erry (2023) ================ IMDb Rating - 7.1/10အဦးဆုံးအနေနဲ့ အယ်ရီဆိုတာ ဘယ်သူလဲ၊ အယ်ရီဖရက်တက်စီယို ဆိုတဲ့ပုဂ္ဂိုလ်ကတော့ လက်ရှိအချိန်အထိအပြင်မှာသက်ရှိထင်ရှား ရှိနေသေးပြီး ၁၉၈၀ ကျော်ကာလတွေအတွင်း သီချင်းကတ်ဆက်နဲ့ တိပ်ခွေတွေကို အီတလီနိုင်ငံက လူတွေရဲ့လက်ထဲကိုရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းကြီး (ဝါ) မူပိုင်ခွင့်တွေချိုးဖောက်တဲ့ ရာဇဝတ်သမားလို့ ပြောလို့ရပါတယ်။အယ်ရီ့မှာ ဒီဂျေတစ်ယောက်ဖြစ်ချင်တဲ့ဝါသနာအိပ်မက်လေးတစ်ခု ပါလာတယ်။ သို့ပေမဲ့ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် ဒီဂျေဘဝကိုလက်လွှတ်လိုက်ရတော့မဲ့အချိန်မှာပဲ ကတ်ဆက်ခွေတွေ ရောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ အယ်ရီတို့မိသားစုရဲ့ ဘဝဟာ အရာရာပြောင်းလဲသွားခဲ့ပါတော့တယ်။ဒီဇာတ်ကားလေးကတော့ ဖရက်တက်စီယိုညီအစ်တွေဖြစ်တဲ့ အယ်ရီ၊ ဂီအူ‌ဆက်ပေး နဲ့ အန်ဂျလို တို့ သုံးယောက်သား လောကဓံရဲ့အနိမ့် အမြင့်အတက်အကျတွေကြားထဲကနေ ဘယ်လိုအောင်မြင်အောင် ကြိုးစားခဲ့ကြလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ Netflix ရဲ့ အီတလီ အတ္တု ပ္ပတ္တိ ဒရာမာဇာတ်ကား‌လေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.5 GB) / (675 MB) / (382 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, History Translator.......Khant ...
movie

Mixed by Erry (2023)

2023
Two Souls (2023) 7.9
Two Souls (2023) Two Souls(2023)IMDb -7.9/10နာမည်လေးအတိုင်း စိတ်ဝိဉာဉ်နှစ်ခုဆုံတွေကြတဲ့ ဇာတ်လမ်းလေးပါပဲ အာခေးလ်ဆိုတဲ့‌ကောင်လေးဟာ လက်ထပ်ရမဲ့ချစ်သူပရီယာက ဖောက်ပြန်သွားလို့သတ်သေဖို့ကြိုးစားရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး မသေပဲမျောသွားပါရောစိတ်ဝိဉာဉ်ကလွင့်မျောသွားပြီး အဲဒီဆေးရုံမှာပဲမျောနေတဲ့ တခြားကောင်‌မလေးတစ်ယောက်နဲ့တွေ့ပါတော့တယ် အဲဒီကောင်မလေးကလည်း ပရီယာတဲ့ ဒီလိုနဲ့ပတ်ဝန်းကျင်နဲ့အကန့်တွေခြားနေတဲ့ သူတို့နှစ်ယောက် စကားတွေပြောရင်တွေဖွင့်ခံစားချက်တွေဖလှယ်ကြပေါ့ သူတို့ကိုလက်တွေ့ကမ္ဘာနဲ့ချိတ်ဆက်ပေးနေတဲ့ ချစ်စရာခွေးလေးတစ်ကောင်လည်း ရှိ‌နေပါသေးတယ်ဒီခွေးလေးနဲ့ ဒီနှစ်ယောက်ဝိဉာဉ်ကမ္ဘာမှာ ဘယ်လိုဖြတ်သန်းပြီး လက်တွေ့ကမ္ဘာနဲ့ဘယ်လိုတွေများချိတ်ဆက်သွားမလဲ အာခေးလ်ရဲ့သတ်သေချင်လောက်တဲ့အသဲကွဲ ဒဏ်ရာကြီးကုစားသွားပုံကို အသဲကွဲနေတဲ့ညိုကီတို့အတွက် မိုတီတစ်ဖြတ်အနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Thaik San ~ chiclon3 တို့ပဲဖြစ်ပါတယ်) File size…1.63GB / 758MB Quality…1080p WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chiclon3~ BpL~Thaik San~Moon
movie

Two Souls (2023)

2023
My Fault (2023) 6.3
My Fault (2023) My Fault (2023)~ IMDb - 6.3/10, Rotten Tomatoes - 94% ~စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နိုအာတို့ ၂ယောက်က မောင်နှမတွေအဖြစ် ပတ်သက်ရပါတော့တယ်။ အစပိုင်းတည်းက သူတို့ ၂ယောက်ကအဆင်မပြေပါဘူး။ နိုအာက သူ့အမေ လူချမ်းသာနဲ့ယူတာကို သဘောမတူပါဘူး။နစ်က ငယ်ငယ်တည်းက အဖေနဲ့အမေကွာရှင်းထားလို့ စိတ်ဒဏ်ရာရပြီး ဖအေရှေ့မှာ ပြည့်စုံတဲ့သားလိမ္မာလိုနေပေမယ့် တကယ်က ပြိုင်ကားမောင်းပြိုင် ပါတီတွေတက် ရန်ဖြစ်ပြီး ဆိုးနေတာပါ။ နိုအာကတော့ ဖခင်က သူတို့သားအမိကိုနှိပ်စက်တဲ့အတွက် စိတ်ဒဏ်ရာရနေပြီး သူ့အဖေကို အရမ်းကြောက်ပါတယ်။ နိုအာရဲ့အဖေက‌ သူ့သက်သေခံထွက်ဆိုချက်ကြောင့် ထောင်ကျနေပါပြီ။စရိုက်ချင်းမတူတဲ့ သူတို့၂ယောက်က တစ်ယောက်လမ်းတစ်ယောက် ၀င်မရှုပ်ဖို့ သဘောတူထားပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန် တွေ့နေရတာပါ။ နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတဲ့အတွက် နစ်သွားတဲ့ ပါတီတွေ ကားမောင်းပြိုင်ပွဲတွေမှာ နိုအာပါရှိနေပါတယ်။ သူတို့ ...
movie

My Fault (2023)

2023
Extraction 2 (2023) 8.2
Extraction 2 (2023) Extraction 2 (2023)Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။ မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။Extraction (2020) ဟာ အတော်ကောင်းပါတယ်။ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။ သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။ သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။ ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်....ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Extraction 2 (2023)

2023
4K HEVC
The Secret Kingdom (2023) 4.7
The Secret Kingdom (2023) The Secret Kingdom (2023) ====================ပီတာ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စိုးရိမ်စိတ်ကြီးပြီး ကြောက်တတ်တဲ့ကောင်လေးတစ်ယောက်ပေါ့။ ပီတာကိုယ် တိုင်ကလည်း သူဟာကြောက်တတ်တဲ့သူဆိုပြီးလက်ခံထား သလို၊ သူ့ရဲ့မသိစိတ်ထဲမှာလည်းသူတစ်ခါမှမမြင်ဘူးမကြုံဘူး တဲ့ပုံရိပ်တွေကိုမြင်နေရလို့ကြောက်လန့်နေသူပါ။ ဒီလိုနဲ့ တစ် ရက်သား မိသားစုစီးပွားရေးအခက်အခဲကြောင့် အိမ်ပြောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ပီတာရဲ့ဘဝမှာ ပြောင်းလဲ မှုတွေစဖြစ်လာပါတော့တယ်။ အိမ်ပြောင်းတဲ့နေ့မှာပဲ ထူးဆန်း တဲ့သတ္တဝါလေးတွေက ပီတာနဲ့ညီမဖြစ်သူကို သူတို့ရဲ့နေရာကို ဖမ်းခေါ်သွားပါတော့တယ်။ ဒီလိုနဲ့ ပီတာတစ်ယောက် ဘယ်လို မျိုးအခက်အခဲတွေ တွေ့ရမလဲ၊ သူမြင်နေရတဲ့ ပုံရိပ်တွေနဲ့ကရော ဘယ်လိုဆက်နွယ်နေမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှု လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.63 GB) / (753 MB) / (454 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family Translator.......Thetti Tun Encoder..........SWM
movie

The Secret Kingdom (2023)

2023
Custody (2023) 8.1
Custody (2023) Custody(2023) IMDb 8.1/10 Forrest Gump ကို Remake ပြန်ရိုက်ထားတဲ့ Laal Singh Chaddha ထဲမှာ လေတအားပေါတဲ့ စွပ်ကျယ်ချုပ်တဲ့ဆရာကြီး ဘာလာရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ ရဲမှူခင်းဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်း လူနာတင်ကားအတွက် ဝန်ကြီးချုပ်ကားကိုတောင် တားပြီး လူနာတင်ကားကို လမ်းပေးရဲတဲ့ ရဲတပ်သားလေးရှီဗာတယောက် အချစ်ရေးနဲ့ အမှန်တရားကြားမှာ ဗျာများရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ အမှန်တရားဘက်ရပ်တည်တဲ့အခါ တလောကလုံးနဲ့ကိုယ်တစ်ယောက်တည်း ရင်ဆိုင်တိုက်ပွဲဝင်ရယုံသာမကရာဇဝတ်မှုကျူးလွန်တဲ့သူတွေကလည်း ဟိုလူနဲ့အပိုင် ဒီလူ့တပည့်ပါဆိုပြီး အကာအကွယ်တွေယူ လက်တစ်လုံးခြားတွေလုပ် ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို အမျိုးမျိုးဖိနှိပ်ကြနဲ့ အက်ရှင်ဒရာမာ တရားခွင်စုံနေအောင် ရသစုံခံစားရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် အိန္ဒိယရဲကားကောင်းလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကလည်း သရုပ်ဆောင်ကောင်းကောင်း rating ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရသစုံခံစားရမှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Sai,chiclon3,Thaik San,Bpl,Yunni,Zwe တို့ပဲ ဖြစ်ပါတယ်) File size…10.5GB / 3.45GB / 1.4GB Quality…4k HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~chiclon3~Thaik San~Bpl~ Yunni~ Zwe ...
movie

Custody (2023)

2023
4K HEVC
Kandahar (2023) 6.1
Kandahar (2023) Kandahar (2023)ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Covenant နဲ့ ဆင်တူပါတယ်။ ကောင်းတာချင်းလည်းတူပါတယ်။ မင်းသားကတော့ အက်ရှင်ကားကောင်းတွေအများကြီးရိုက်ထားတဲ့ ဂျရက်ဘတ်တလာပါပဲ။ ဒါရိုက်တာကတော့ Angel Has Fallen နဲ့ Greenland ကို ရိုက်ခဲ့တဲ့ Ric Roman Waugh ဖြစ်ပြီး ဒီရုပ်ရှင်တစ်ခုလုံးကို ဆော်ဒီမှာပဲ ရိုက်ကူးထားတာပါ။ဇာတ်လမ်းကိုတော့ အမေရိကန်တွေ အာဖဂန်ကနေ ဆုတ်ခွာအပြီး တာလီဘန်တွေကြီးစိုးနေချိန်မှာ တည်ထားပါတယ်။ အီရန်နိုင်ငံနဲ့အနောက်နိုင်ငံတွေ အနုမြူလက်နက်လျှော့ချရေး သဘောတူညီချက်ရဖို့ ကြိုးစားနေဆဲကာလပါ။ တွမ်ဟားရစ်ဆိုတဲ့ စစ်ပြန် အမ်အိုင်-၆ လူဟောင်းဟာ စီအိုင်အေမှာ အငှားအေးဂျင့်အနေနဲ့ လုပ်နေပြီး အီရန်စစ်ဆင်ရေးတွေကို လျို့ဝှက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးကတော့ အီရန်နိုင်ငံထဲမှာအသွင်ယူပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို ဖျက်ဆီးရတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုစခါနီးမှာပဲ ပင်တဂွန်က သတင်းပေါက်ကြားမှုဖြစ်ပြီး သူ့နာမည်နဲ့ပုံဟာ အီရန်၊ အာဖဂန် ...
movie

Kandahar (2023)

2023
4K HEVC