Channel Myanmar

2023

Good Night (2023) 8.4
Good Night (2023) Good Night 2023ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစု‌ဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Good Night (2023)

2023
Tiku Weds Sheru (2023) 3.7
Tiku Weds Sheru (2023) Tiku Weds Sheru (2023) IMDb-3.7/10 ဘောလီးဝုဒ်လောကမှာ ပွဲရှာတာနာမည်ကြီးတဲ့ မင်းသမီးကန်ဂနားထုတ်ပေးခဲ့ပြီး Cameoပါဝင်ထားတဲ့ နဝါးဇ်ရဲ့ရှားရှားပါးပါး Drama/Romanceကားလေးပါ။ ဇာတ်လမ်းလေးကလည်း မဲပြာပုဆိုးတွေက ကွဲထွက်နေတဲ့ ပိုးပုဆိုးလေးလို ထူးထူးခြားခြားဇာတ်လမ်းဇာတ်ကွက် အလန်းလေးမို့ အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်မင်းသားကြီးနဝါးဇ်ကဒီကားထဲမှာ ဒါရိုက်တာ ဇာတ်ညွှန်း သရုပ်ဆောင်ရူး ပြောရရင် ကိုယ်ပိုင်ဇာတ်ကားရိုက်ချင်နေတဲ့ သရုပ်ဆောင်ရူးလေးပါ ..အကြွေးတွေကလဲတပုံတပင်နဲ့ ဘာမဆို စိတ်နှစ်ပြီးလုပ်တတ်တယ်ဆိုတဲ့ ဆရာကြီးရဲ့တကယ့်အလုပ်ကတော့ ရွှေကြာချိတ်ဆက်ရေးပါ.. ရုပ်ရှင်တွေထဲမှာ ဖြတ်လျောက်လည်းလုပ်တယ်..လုပ်တိုင်းလည်း ခိုင်းသလိုငြိမ်ငြိမ်မနေပဲ တောင်ပြောဝင်ပြောလုပ်လို့ ကန်ထုတ်ခံရပါတယ် အဲ့အချိန်မှာအိမ်ကပေးစားတဲ့ |ရှော်တီလေးကို ပိုက်ဆံလဲရမိန်းမချောချောလေးရဆိုပြီး သပိတ်ဝင်အိတ်ဝင်လက်ထပ်လိုက်ပါတယ်မွမ်ဘိုင်းမြို့ကြီးက အိမ်မက်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတယ် ညတွင်းချင်းတောင် ဘဝတစ်ခုကို ပြောင်းလဲတိုးတက်စေနိုင်တယ်တဲ့ တီကူးတစ်ယောက် သူ့အိမ်မက်တွေ ပြည့်ဝနိုင်ဖို့ ချစ်ရသူကိုမျှော်ကိုးရင်း စောင့်နေခဲ့တာ ကြာပါပြီ ‌တစ်နေ့မှာ မွမ်ဘိုင်းသားကြီးက အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ မွမ်ဘိုင်းမြို့ကြီးကို လိုက်ရဖို့ကြံပြီး ကိုနဝါးဇ်(ရှယ်ရူး)နဲ့လက်ထပ်ဖို့ ခေါင်းညိတ်လိုက်ပါတယ်ဇာတ်လမ်းနာမည်အတိုင်း တီကူးနဲ့ရှယ်ရူးတို့ညားကြလေသည်ပေါ့တယောက်နဲ့တယောက်အကြောင်း သေချာမသိဘဲယူလိုက်ကြတဲ့နှစ်ယောက် တယောက်အရှုပ်အထုပ်တွေကို တယောက်ကသိပြီး အချင်းချင်းဘယ်လိုညှိနှိုင်းအဖြေရှာကြမလဲဆိုတာတော့....။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Saii~BpL~V~ThaikSanတို့ပဲဖြစ်သည်) File size… 2.45GB /  1.01GB Quality…1080p WEB DL /720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard ...
movie

Tiku Weds Sheru (2023)

2023
War of the Worlds: The Attack (2023) 4.0
War of the Worlds: The Attack (2023) War of the Worlds: The Attack (2023) ========================== Genre: Horror, Sci-fi, Thrillerဟတ်ရယ် ဟန်နာရယ် အိုဂီရယ် နက္ခတ္တဗေဒပညာရှင် သူငယ်ချင်း ၃ ယောက် ရှိကြပါတယ်။ တစ်ရက်တော့ ကမ္ဘာမြေပေါ်ကို အာကာ သထဲကနေ အစိမ်းရောင် အလင်းတန်းတွေ ပြုတ်ကျလာပါတယ်။ ဒီမှာ သူငယ်ချင်း ၃ ယောက်သား ဥက္ကာခဲကြွေတယ်ဆိုပြီး လိုက်ပြီး စူးစမ်းလေ့လာဖို့လုပ်တုန်း ဒါတွေဟာ ဥက္ကာခဲမဟုတ်ပဲ အင်္ဂါဂြိုလ် ပေါ်က ဂြိုလ်သားတွေ ရောက်လာတယ်ဆိုတာ သိလိုက်ရပါတယ်။အဲဒီမှာ ရန်သူလား မိတ်ဆွေလားမသိရတုန်း ဂြိုလ်သားတွေက အလျင် အမြန်ပဲ တိုက်ခိုက်ကြတဲ့အခါ အိမ်ကိုထွက်ပြေးလာပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲ စဉ်းစားနေကြတုန်း စစ်တပ်အမြှောက်တပ်ထဲက စစ်သားတစ်ယောက်က သူတို့ဆီ ဂြိုလ်သားတွေလက်ကနေ ထွက်ပြေး ရောက်ရှိလာပါတယ်။ အဲဒီမှာ သူငယ်ချင်း ၃ ယောက်ရယ် စစ်သားကြီးရဲ့ အကူအညီနဲ့ ဒီလို ဂြိုလ်သားခေတ်ပျက်ကြီးမှာ ဘယ်လိုအသက်ရှင်အောင် လုပ်ကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ သိပ္ပံဆန် ဆန် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ...
movie

War of the Worlds: The Attack (2023)

2023
Mavka: The Forest Song (2023) 7.4
Mavka: The Forest Song (2023) Mavka: The Forest Song (2023) ====================== IMDb Rating - 7.4/10ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb - 7.4 ရထားတဲ့ အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့ graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့ အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ် ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း အညွှန်းလေး စလိုက်ကြရအောင်။ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင် တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက် နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင် ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး လေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ် ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ် ထိဆိုပါတော့။ ...
movie

Mavka: The Forest Song (2023)

2023
Lakadbaggha(2023) 6.5
Lakadbaggha(2023) Lakadbaggha 2023 IMDb - 6.3/10Zee5 ကနေအသစ်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းအက်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က Asur ဇာတ်လမ်းတွဲမှာရဲမေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောရီဒီး နဲ့ အက်ရှင်ကားတွေဆိုပိုင်နိုင်လှတဲ့ မင်းသားအန်ရှုမန်က အာဂျွန်အဖြစ်ပါဝင်ထားပါတယ်။ ခပ်သွက်သွက်အက်ရှင်တွေနဲ့ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေ ပိုပြီးအကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်း အာဂျွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့ သာမန်စာပို့သမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ခွေးလေးပျောက်သွားတာကိုလိုက်ရှာရင်း တရားမဝင်တိရစ္ဆာန်မှောင်ခိုလုပ်ငန်းတစ်ခုကို တွေ့သွားခဲ့တယ်။ အဲ့ထဲမှာတော့ ရှားပါးအိန္ဒိယမျိုးစိပ်(Hyena)ဆိုတဲ့ ခွေးမျိုးစိပ်ကိုအဓိကထားမှောင်ခိုကြတယ်။ ဒါကိုသိတဲ့ အာဂျွန်ဟာ လူသိမခံဘဲ စေတနာ့ကင်းသမားတစ်ယောက်လို အသွင်ယူပြီး တားဆီးဖို့ကြံစည်ပေမဲ့ ဥပဒေဘောင်အတွင်းကလုပ်တာမဟုတ်တာကြောင့် ရဲတွေကသူ့ကိုအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာ‌တော့ အာဂျွန်ဟာခွေးလေးတွေကိုကယ်တင်ပြီး မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ပါဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~BpL~Cherry~V~ThaikSan~Zwe တို့ပဲဖြစ်ပါတယ်။ File size…2.01 GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~BpL~Cherry~V~ThaikSan~Zwe
movie

Lakadbaggha(2023)

2023
Inhuman Kiss 2 (2023) 5.3
Inhuman Kiss 2 (2023) Inhuman Kiss 2 (2023)ခလောက် အဖြစ် JJ krissanapoom Pibulsonggram ဆောင် အဖြစ် Ninky Chanya McCloryလူသားနဲ့ခေါင်းပြတ်သရဲမ(မီးစားစုန်း)ကြားက အချစ်ရေးကတော့ နောက်တစ်ခါဖြစ်လို့လာပါပြီခုတ်အီနွန်ရွာက ခေါင်းပြတ်သရဲမသေသွားပြီး ၂၂ နှစ်အကြာမှာ နွိုင်းဟာ သမီးတယောက်ရှိခဲ့ပါတယ် နွိုင်းရဲ့သမီးဆောင်ဟာ ငယ်ငယ်ကတည်းက ခေါင်းပြတ်သရဲမဖြစ်နေခဲ့ပါတယ် အဲ့ဒါကိုထိန်းချုပ်ဖို့ သူမအဖေနဲ့ဖာသာဩဂတ်စ်တင်ဟာ ဆေးဖက်ဝင်အပင်တွေနဲ့ သူမအတွက်ဆေးတွေဖန်တီးခဲ့ပါတယ် ခလောက်ကတော့ ဖာတာမွေစားထားတဲ့သားလေးပေါ့ သူ့ကိုယ်ထဲမှာထူးခြားတာတစ်ခုခုရှိနေပါတယ် တစ်နေ့မှာ ခလောက်နဲ့ဆောင်တို့တွေ့ဆုံကြပြီး သူငယ်ချင်းတွေဖြစ်သွားကြရင်း သံယောဇဉ်တွယ်ပြီး ချစ်မိသွားခဲ့ကြတယ် ခေါင်းပြတ်သရဲမကောလဟာလသတင်းတေထွက်သွားပြီးနောက် ခေါင်းပြတ်သရဲမကိုဖမ်းချင်တဲ့နိုင်ငံခြားသားတစ်ဖွဲ့ရှိပါတယ်သူတို့ ခေါင်းပြတ်သရဲမကိုဖမ်းနိုင်ပါ့မလား ခေါင်းပြတ်သရဲမနဲ့ခလောက်အချစ်ရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုလိုက်ရအောင်နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy, Horror, Romance Quality…. 1080p | 720p | 480p File size… 1.7GB | 762Mb | 380MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Inhuman Kiss 2 (2023)

2023
Sergeant (2023) 8.4
Sergeant (2023) Sergeant (2023)ဆာဂျင်အနေနဲ့ မင်းသားကြီး Randeep Hooda ၊ ခပ်မိုက်မိုက်မင်းသမီးချောလေး Sapna Pabbi နဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်မင်းသားကြီးAdil Hussain တို့လို သရုပ်‌ဆောင်ကြီးတွေနဲ့ အချိတ်အဆက်ကောင်းကောင်းရိုက်ကူးပြထားတဲ့ကားလေးဖြစ်ပါတယ်ဆာဂျင်ကြီးနစ်ခေးရှာမာတစ်ယောက် အမှုလိုက်ရင်း အမှုပတ်ရတဲ့ကားပါကလင်းမ်ဆိုတဲ့ကောင်လေးအမှုကိုလိုက်ကယ်ရင်း ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသလို ကောင်လေးကိုလည်းမကယ်လိုက်နိုင် သူ့ဘဝနဲ့ အလုပ်ရဲ့ ဂုဏ်သိက္ခာတွေကိုပါ ဆုံးရှုံးလိုက်ရပါတယ်ဒီလိုနဲ့ အရက်ကိုအဖော်ပြုရင်း အရက်စွဲသွားချိန်မှာ ရေနစ်သူ ဝါးကူထိုးဆိုတဲ့အတိုင်း ကလင်းမ်သေရတာသူ့ကြောင့်လို့ပဲအပြစ်တွေတင် ၊ စကားတွေဟာလည်း သူ့အလုပ်ကလူတွေကြား သက်ရောက်မှုမရှိ ၊ အတိတ်ကမဖော်ထုတ်နိုင်ခဲ့တဲ့အမှုအကြောင်းကိုပါ ပြန်ဖော်ပြီးပြစ်တင်ပြောဆိုကြနဲ့ ဆာဂျင်ကြီးတစ်ယောက် ကိုယ်စိတ်ခန္ဓာ အရှက်သိက္ခာအားလုံးဆုံးရှုံးလိုက်ရချိန်က ဘယ်လိုပြန်လည်ရုန်းထမလဲ အတိတ်ကအမှုအကြောင်းအရာနဲ့ ကလင်းမ်ရဲ့ အမှုမှန်ရောပေါ်ထွက်လာဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Yunni ~ Thaik San တို့ပဲဖြစ်ပါတယ် File size…1.24GB / 550MB Quality…1080p WEB DL / 720p Format…mp4 Duration…2h 3m. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL ~ Zwe ~ ...
movie

Sergeant (2023)

2023
Lust Stories 2 (2023) 7.2
Lust Stories 2 (2023) Lust Stories 2 (2023) IMDb-6.2/10(Rating 18+ဖြစ်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါ)2018ခုနစ်ကထွက်ရှိခဲ့တဲ့ Emmyဆန်ခါတင် Lust Stories(2018)ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကို Netflix မှထုတ်လွှင့်ခဲ့ပါပြီ။ပရိတ်သတ်အသဲစွဲ မင်းသမီး‌တွေဖြစ်ကြတဲ့ တောင်ပိုင်းမင်းသမီးကြီး တမန်နားဘာတီယာနဲ့ DDLJထဲက ဟင်ဒီမင်းသမီးကြီးကားဂျိုးနဲ့ ပြစ်ချက်မရှိအောင်လှပါလေသော မရူနားလ်ထာကုရ်တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။။အရင်ကားလိုပဲ 18+အဆင့်သတ်မှတ်ထားပေမယ့် လိင်စိတ်အသားပေးထားတာမျိုးမဟုတ်ဘဲ လိင်မှုဆိုင်ရာပညာပေးသဘောအနေနဲ့ အဓိကရိုက်ကူးထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့လက်တွဲဖော်အမျိုးသားများမသိတဲ့အချက်တွေ သူတို့ကိုယ်တိုင်တောင် မသိတဲ့စိတ်နေစိတ်ထားတွေကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားပါတယ်။ ဒီကားမှာလည်း ဒါရိုက်တာလေးဦးကနေမတူညီတဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ အမျိုးသမီးတွေကိုအဓိကနေရာကနေ တင်ဆက်ထားပါတယ်။အိမ်ထောင်ရေးမှာ လိင်စိတ်ကအဓိကကျတာမျိုးဟုတ်မနေပေမယ့် loveနဲ့ sexနှစ်မျိုးလုံးယှဉ်တွဲမှသာ အိမ်ထောင်ရေးတခုတည်မြဲနိုင်ကြောင်းကို ဇာတ်လမ်းတိုလေးပုဒ်နဲ့ တပုဒ်ချင်းရသတွေပေါ်လွင်အောင် အကောင်းဆုံးတင်ဆက်ထားတာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ Voldemort,Moon,Zwe,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.9GB / 736MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Voldemort~ Moon ~ Zwe ~ ThaikSan
movie

Lust Stories 2 (2023)

2023
Hard Feelings (2023) 4.8
Hard Feelings (2023) Hard Feelings (2023) ===============ဇာတ်လမ်းနာမည်အတိုင်းပါပဲ 18 ယောက်စုပြီးမှ ကြည့်ရမဲ့ ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့မသင့်တဲ့ စကားပြောခန်းတွေ ပါဝင်တဲ့အတွက်ကြောင့် ရှက်တတ်သူများ ဝေးဝေးကရှောင်ပါ။ ဟိုအခန်းပါလား၊ ဒီ အခန်းပါလား မေးခြင်းများ သည်းခံတော်မူကြပါကုန်။ကဲ ဇာတ်လမ်းကတော့ ဒီလို။ ချာလီက ငယ်ပါမဖွံ့‌ဖြိုးသေးတဲ့ ကောင်လေးတစ်ယောက်။ ဒါကြောင့် သူ့ကို ကျောင်းကလူတွေခေါ်ကြတာ ဂျိုးပျောက် ကောင်ချာလီ တဲ့။ ပစ္စည်းမဲ့လူတန်းစားဆိုတော့ ရှယ်ပလန်နဲ့ ကို bully ခံရတာပေါ့။ သူ့မှာသူငယ်ချင်းဆိုလို့ ပေါလ်လာဆို တဲ့ ကောင်မလေးတစ်ယောက်ပဲရှိတယ်။ နှစ်ယောက်လုံးက လည်း ဟိုဒင်းဟိုဟာတောင် မပြုဖူးကြသေးတဲ့ virgin လေး တွေဆိုပါတော့။ တစ်နေ့မှာ ချာလီနဲ့ ပေါလ်လာတို့နှစ်ယောက် အိမ်ခေါင်မိုးပေါ်မှာ ထိုင်နေကြတုန်း မိုးကြိုးစက်ကွင်းမိသွား ကြပြီး နောက်တစ်နေ့မှာတော့ နှစ်ယောက်လုံးရဲ့ ဖွားဖက်တော် က လူလားမြောက်သွားကြတဲ့အပြင် တော်ကီတွေပါ ထပွား လာတော့တာပဲ။ဒီလိုနဲ့ ဂျိုးပျောက်ကောင်ချာလီလည်း စော်နဲ့တွေ့တာနဲ့ တန်း အချက်ပြတဲ့ ပစ္စည်းရှိလူတန်းစားဖြစ်လာပြီး၊ ပေါလ်လာက လည်း 24/7 ဂျိန်းဖို့ပဲ အာရုံရနေတဲ့ ပိပိလေးတစ်ခုကို ပိုင်ဆိုင် သွားတဲ့အခါမှာတော့ Hard feeling ဇာတ်လမ်းကြီး စတင် လာပါတော့တယ်။ ...
movie

Hard Feelings (2023)

2023
Live (2023) 6.5
Live (2023) Live (2023)CM Bollywood ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.5/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၈ ရေဘေးမှာ အင်တိုက်အားတိုက်ကူညီခဲ့ပြီး သူရဲကောင်းမလေးလို့ပါခေါ်ဝေါ်ကြတဲ့ အဘက်ဘက်ကပြည့်စုံတဲ့ ဆရာဝန်မလေး အမ်မလာ..တနေကုန်လုံး အလုပ်နဲ့‌ပေါ့ပါးပေါ့ပါးပါးဖြတ်သန်းခဲ့ရင်းက ည ၁၁ နာရီဆိုတာနဲ့ သူပဲသိတဲ့ခြောက်လှန့်မှုနဲ့ ရင်ဆိုင်ရပါပြီ။ ဘာများလဲ... ရေတွက်မရတဲ့ Spam message တွေပါပဲ။ တနေကုန်ဘယ်ကရိုက်ထားမှန်းမသိတဲ့ သူ့ရဲ့မသင့်တော်ရာနေရာတွေကို မသင့်တော်တဲ့ရှုထောင့်နဲ့ရိုက်ထားတဲ့ပုံတွေ မသင့်တော်တဲ့စကားတွေနဲ့ သူ့ရဲ့ညတိုင်းဟာ ကုန်ဆုံးနေရပါတယ်။တစ်ဖက်မှာလည်း သူ့လက်ပေါ်မှာကြီးလာပြီး ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတဲ့ကောင်မလေး ... ပြည့်တန်ဆာတိုက်ဖျက်နှိမ်နင်းရေးရေးစီမံချက်မှာ ဖမ်းဆီးရေးလုပ်နေတဲ့လူအုပ်ကြားရောပါပြီး အဖမ်းခံရရာက နောက်ကြောင်းပါအစဆွဲထုတ် လူထုအရှက်ခွဲမှုကြီးခံရပါတော့တယ်။ ဒါကိုသူငယ်ချင်းဖြစ်သူ သတင်းထောက်နဲ့ ပူးပေါင်းဖြေရှင်းရင်း မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ.... ဘာတွေဘယ်လိုရင်ဆိုင်ရမလဲ ..ပြဿနာတွေအားလုံးကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။(အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, BpL, Voldemort,Yunni နဲ့ Thaik San တို့မှ ဘာသာပြန်တင်ဆက်ပေးတာပဲဖြစ်ပါတယ်။) File size…2.01GB / 873MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard ...
movie

Live (2023)

2023
[18+] Tayuan (2023) 7.7
[18+] Tayuan (2023) Tayuan (2023)~ IMDb rating - 7.7/10 ~အယ်လာ (Angeli Khang) ဟာ ငယ်ရွယ်ပြီးထက်မြက်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင် မိန်းမငယ်တစ်ယောက်ဖြစ်ပြီး ယောက်ျားတွေကို အပျင်းပြေ စားစရာလို့ပဲ သဘောထားတတ်သူပါ။ ယောက်ျားတွေနဲ့ပတ်သက်ရင် သူ့မှာ စည်းမျဉ်းတွေများစွာရှိပြီး လူတစ်ယောက်ကို နှစ်ခါပြန်မတွေ့တာ၊ ကိုယ့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုပြောမပြတာ အစရှိတာတွေ ပါဝင်ပါတယ်။ဒါတွေဟာလည်း ငယ်ရွယ်စဉ် အချစ်ဦးနဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကြောင့်ဖြစ်ပြီး နောက်ပိုင်းတွေ့ကြုံလာရတဲ့ယောက်ျားမှန်သမျှ သူ့စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့်လည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့အလိုဆန္ဒကိုပြီးမြောက်အောင် ဖြည့်ဆည်းမပေးနိုင်တဲ့ ယောက်ျားတွေကိုကြုံရဖန်များလာတဲ့နောက် အယ်လာတစ်ယောက် ပုံမှန်လုပ်ရိုးလုပ်စဉ်ကနေ ခွဲထွက်ပြီး စွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ ရီကိုဆိုတဲ့လူကိုတွေ့ခဲ့ရတာပါပဲ။ရီကိုဆိုတာ အယ်လာ ကားမအားတဲ့ရက် အလုပ်အသွားမှာ ဘတ်စ်ကားစီးမိတဲ့ လမ်းကြောင်းပေါ်က လက်မှတ်ရောင်းသမား (စပယ်ယာ) တစ်ယောက်ပါ။ စံချိန်စံညွှန်းမြင့်မား စည်းကမ်းချက်တွေများလှတဲ့ အယ်လာတစ်ယောက် သာမန်ဘတ်စ်ကားလက်မှတ်ရောင်းလေးကိုမှ အစွဲလန်းကြီးစွဲလန်းပါတော့တယ်။အစပိုင်းမှာတော့ သွေးသားဆန္ဒအတွက်သက်သက် နှစ်ယောက်လုံး ရည်ရွယ်ခဲ့ပေမဲ့ တစ်ဖြည်းဖြည်းသံယောဇဉ်တွယ်တာခိုင်မာလာပြီး ...
movie

[18+] Tayuan (2023)

2023
Kazhuvethi Moorkkan (2023) 6.4
Kazhuvethi Moorkkan (2023) Kazhuvethi Moorkan ( 2023 ) ============================= IMDb 6.4/10အသစ်ထွက်ထားတဲ့ တမီလ် ကျေးလက် အက်ရှင်ကားမိုက်မိုက်လေးတစ်ခုကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ကီဇာသီရူဆိုတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးမှာ မူရ်ကာနဲ့ ဘွန်မိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ မူရ်ကာငယ်ငယ်က နွားခွေ့ခံရတဲ့အချိန်မှာ ဘွန်မိက မူရ်ကာ့အသက်ကိုကယ်ပေးဖူးတာကြောင့် မူရ်ကာဟာ ဘွန်မိအပေါ်မှာ အင်မတန်သံယောဇဉ်ရှိပါတယ်။ဇာတ်မြင့်၊ ဇာတ်နိမ့်ကွာခြားချက်တွေရှိပေမဲ့ မူရ်ကာဟာ ဘွန်မိဘက်က အမြဲတမ်းရပ်တည်ပေးပြီး ဘွန်မိကလည်း မူရ်ကာအတွက်ဆို ဘာမဆိုကူညီတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။ အဲဒီလိုသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဟာ ရွာကိုရောက်လာတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်မိပြီး နိုင်ငံရေးသမားတွေက သူတို့ကို ရန်တိုက်ပေးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ တစ်စနဲ့တစ်စ အမှိုက်ကနေ ပြသာဒ်မီးလောင်တဲ့ထိဖြစ်ကုန်ပါတော့တယ်။ဒီ Kazhuvethi Moorkan ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ပိုင်း ကျေးလက်အက်ရှင်ကား ကြိုက်တတ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့်ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာရဲ့ Bollywood team ကနေ မြန်မာဘာသာသို့ ပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်ဗျ...။ ( ဒီရုပ်ရှင်ရဲ့အညွှန်းကိုတော့ Zwe Yan က ရေးသားပြီး ဘာသာပြန်ဆိုသူတွေကတော့ Voldemort, Aditi, Bpl, Yunni, ThAIk San, နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ...
movie

Kazhuvethi Moorkkan (2023)

2023
Knights of the Zodiac (2023)
Knights of the Zodiac (2023) Knights of the Zodiac (2023)စိတ်ကူးယဉ် မှော်ရုပ်ရှင် အသစ်တစ်ကားလာပါပြီ။ ဂျပန် မန်ဂါကာတွန်း Saint Seiya ကို အခြေခံရိုက်ကူးထားပြီး မင်းသားကတော့ One Piece Live Action စီးရီးမှာ Roronoa Zoro အဖြစ်ပါဝင်ထားတဲ့ Mackenyu ပဲဖြစ်ပါတယ်။ အက်ရှင်ပိုင်းမှာ ပိုင်နိုင်ကြောင်းကိုတော့ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ ဇာတ်ပို့အနေနဲ့ မင်းသားကြီး ရှောင်ဘင်း ( ကားတိုင်းသေ) နဲ့ ပါရာနာဝေမင်းသား Mark Dacascos တို့ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းသမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။ အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို ...
movie

Knights of the Zodiac (2023)

2023
You Hurt My Feelings (2023) 7
You Hurt My Feelings (2023) You Hurt My Feelings (2023)~ IMDb - 7/10, Rotten Tomatoes - 95% ~တစ်ခါတလေမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် သုံးလိုက်တဲ့မုသားတွေက အဲဒီလူတွေကို နာကျင်စေတတ်ပါတယ်။ ဒီကားကတော့ ယုံကြည်မှု၊ မုသားတွေနဲ့ ချစ်ရတဲ့သူတွေကို ပြောတတ်တဲ့အကြောင်းအရာတွေအကြောင်းရိုက်ထားတာပါ။ဘက်နဲ့ ဒန်တို့ လင်မယားမှာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး သူတို့ စုံတွဲက နှစ်တွေကြာတဲ့ထိ အချစ်မပြယ်ဘဲနေခဲ့ကြပါတယ်။ ဘက်က စာရေးဆရာမဖြစ်ပြီး ဒန်ကတော့ ကုထုံးဆရာ၀န်ပါ။ ဘက်မှာ ဆာရာဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူက အိမ်တွင်းအလှဆင်တဲ့သူပါ။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ကြီးခဲ့ပြီး လက်ရှိနောက်တစ်အုပ်ထုတ်ဖို့လုပ်တဲ့အချိန်မှာ အေးဂျင့်က သဘောမကျပါဘူး။ ဒန်ကတော့ သဘောကျတယ်ပဲပြောပါတယ်။ ဘက်က ဒန်ပြောတာကို ယုံပါတယ်။ဒန်ကလည်း သူ့အလုပ်မှာအဆင်မပြေတာတွေကြုံရပြီး ဆာရာတို့လင်မယားကလည်း ကိုယ်စီ အလုပ်မှာ စိတ်မောစရာတွေရှိနေကြပါတယ်။ ဆာရာရဲ့ခင်ပွန်းမက်က ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ကံဆိုးတာက တစ်ရက်မှာ ဒန်နဲ့ ...
movie

You Hurt My Feelings (2023)

2023
Oh Belinda (2023) 5.4
Oh Belinda (2023) Oh Belinda (2023)ဒီဇာတ်လမ်းကတော့ လက်ရှိအချိန်ကနေ ရာဇဝင်ထဲ Webtoon ထဲ ဝတ္ထုထဲ ရောက်သွားတဲ့ဇာတ်လမ်းမျိုးတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကြော်ငြာရိုက်ရင်း ကြော်ငြာထဲက ဇာတ်ကောင်အမျိုးသမီးရဲ့ကမ္ဘာကိုရောက်သွားတဲ့အကြောင်းပါ။~ ဇာတ်လမ်းအကျဥ်း ~ဒီလာရာဟာ အောင်မြင်တဲ့တူရကီသရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်။ တစ်နိုင်ငံလုံးကချစ်ကြတဲ့မင်းသမီးတစ်ယောက်အဖြစ်နဲ့ သူ့ဘဝက အစစအရာရာ ချောမွေ့နေခဲ့တယ်။ ခေါင်းလျှော်ရည်ကြော်ငြာတစ်ခုကို လက်မခံလိုက်ခင် အချိန်ထိပေါ့။ ခေါင်းလျှော်ရိုက်တဲ့ Scene ပြီးလို့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူ့ကိုယ်သူ ဟန်ဒန်ဖြစ်နေတာတွေ့လိုက်ရပါတော့တယ်။ ကြော်ငြာထဲကအတိုင်း ကလေးနှစ်ယောက်အမေ အိမ်ထောင်သည် ဘဏ်ဝန်ထမ်း ဟန်ဒန်ပေါ့။ဒီဘက်ကမ္ဘာမှာလည်း ဒီလာရာရဲ့လောကက သူတွေအကုန်ရှိနေပေမဲ့ ဘယ်သူမှသူ့ကိုမမှတ်မိကြပါဘူး။ ဘယ်သူမှမမှတ်မိ အရူးလိုဝိုင်းကြည့်ခံရပြီး ဟန်ဒန်တို့အိမ်သားတွေကလည်း ဟန်ဒန်စိတ်ဖောက်သွားတယ်အထင်နဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ ပြင်နေပါတယ်။အဲဒီနောက် ဒါဟာသူ့အတွက် Test တစ်ခုဆိုတာ ဒီလာရာသဘောပေါက်သွားပါတယ်။ သရုပ်ဆောင်လုပ်နေရင်း ဒီလောကထဲရောက်လာတဲ့အတွက် ဒီလောကထဲကပြန်ထွက်ဖို့ သရုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဒန်အစစ်ရဲ့ ညစ်ပတ်တဲ့အမှန်တရားတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဘဝကြီးကရှုပ်ထွေးလာတဲ့အခါ ဒီလာရာတစ်ယောက်သူ့ကမ္ဘာကိုပြန်သွားနိုင်တော့ပါ့မလား...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai ...
movie

Oh Belinda (2023)

2023
Nana’s Boys (2022) 46
Nana’s Boys (2022) Nana's Boys (2022) ==============ဒီတစ်ခေါက်ပရိတ်သတ်ကြီးအတွက် ခပ်အေးအေး BL Drama အမျိုးအစားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ကြေကွဲဖွယ်ရာအရိပ်အယောင်တွေ ပြည့်နေတဲ့ လူနှစ်ယောက် သူတို့ဆက်ဆံရေးကအရင်လို မခိုင်မြဲတော့တာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ် ဝင်တစားရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းကောင် လေးတစ်ပုဒ်ပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အမာရီလို့ခေါ်တဲ့ ကောင်လေးရဲ့မွေးနေ့ကို သူ့ရဲ့ဘဲကြီးဖြစ်တဲ့ Q က အစီအစဉ်တွေအပြည့်ချထားပါတယ်။ မွေးနေ့မှာ သူငယ် ချင်းတွေနဲ့ ပါတီတွေလည်းဆင်နွှဲမယ်၊ နောက်နေ့ခရီးပါထွက် မယ်‌ပေါ့။ ဒါပေမဲ့ သူတို့မထင်မှတ်ထားတာက အနားမှာပေါက် ကွဲမှုတစ်ခုဖြစ်ပြီး လူတွေကိုအပြင်မထွက်ရအမိန့်ထုတ်လိုက် တာပါ။ ဒါကြောင့် Q တစ်ယောက် သူစီစဉ်ပေးထားတာတွေ ပျက်ကုန်လို့စိတ်ကုန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ကပဲ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကြားက အထစ်အငေါ့လေးတွေကို နှစ်ယောက်သား သေချာအချိန်ယူပြီး ဆွေးနွေးပြောပြတိုင်ပင် ခွင့်ရသလို ဖြစ်ခဲ့ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.4 GB) / (421 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......June Encoder..........SWM
movie

Nana’s Boys (2022)

2023
Kisi Ka Bhai… Kisi Ki Jaan (2023) 6.8
Kisi Ka Bhai… Kisi Ki Jaan (2023) Kisi Ka Bhai Kisi Ki Jaan (2023) ******************************************ယခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2023 ခုနှစ်ထွက် ရုံ‌တင်ငွေ 182 ကုဋေထိရခဲ့တဲ့ ဆလူးဘိုင်လို့ ချစ်စနိုးခေါ်ကြတဲ့ စလ်မာန်ခန်းက ဘိုင်ဂျန်း(အကိုကြီး)နေရာက ဦးဆောင်ပါဝင်ထားပြီး ဆလူးရည်းစားသစ်လေး ပူဂျား၊ အာသောကမင်းသားဆစ်ဒါးသ်နီဂဟမ်နဲ့ မင်းသမီး‌ချောလေး ဝရ်နာလီ ဘတ်နာဂရ်အပြင် တမီးလ်သရုပ်ဆောင်ကြီး ဂျဂါပသီဘာဘူကလည်း ကိုဒါသီ နာဂေးရှ်ဝရ်အဖြစ်နဲ့ အားဖြည့်ပါဝင်လာတဲ့ အက်ရှင်ဒရာမာ ရုံတင်ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အကိုကြီးဂျန်းဆိုတဲ့ ဆလူးဘိုင်နဲ့ ညီသုံးယောက်ရှိပါတယ် သွေးမတော်သားမစပ် မိဘမဲ့ဂေဟာကပါ သူတို့ကို အကိုကြီးဂျန်းက မိဘမဲ့ဂေဟာမီးလောင်တော့ မွေးစားခဲ့ပြီး သူ့ညီသုံးယောက်နဲ့သူရဲ့ သံယောဇဉ်ကို အပြတ်မခံနိုင်လို့ အိမ်ထောင်မပြုပဲ လူပျိုကြီးလုပ်နေပါတယ် (အပြင်မှာကတော့ ကျန်ရစ်ဂေါ်မစွံပါ)ဒါပေမဲ့ သူ့ညီသုံးယောက်ကတော့ အကိုကြီးလို အိမ်ထောင်ရေးကို ရန်ငါမပြတ်ပဲ ရည်းစားလေးတွေ ကိုယ်စီခိုးထားထားပါတယ် အကိုကြီးကိုလည်း အရမ်းချစ် ရည်းစားလေး‌တွေကိုလည်းမခွဲနိုင်တော့ အကိုကြီး လူပျိုကြီးကိုပဲ အစွံထုတ်ပေးဖို့ သူတို့အကိုကြီးရဲ့ ex ကို မွမ်ဘိုင်းထိသွားရှာပြီး ခေါ်မလို့လုပ်ခဲ့ပေမဲ့အကိုကြီးရဲ့ ex ကတော့ သူများရင်ခွင်ထဲရောက် လင်ရလို့ ကလေးတစ်ယောက်ပါ မွေးနေပြီမို့ အကိုကြီးကို ...
movie

Kisi Ka Bhai… Kisi Ki Jaan (2023)

2023
4K HEVC
Pretty Red Dress (2022) 6.5
Pretty Red Dress (2022) Pretty Red Dress (2022) ==================သိပ်လှတဲ့ အနီရောင်ဝတ်စုံတစ်စုံက မိသားစုတစ်စုကို လုံးဝပြောင်းလဲ ပေးလိုက်တဲ့အကြောင်းပေါ့။ ဖုံးနေတာတွေ ပုန်းနေတာတွေ ပေါ်လာပြီး၊ မိသားစု၃ယောက်လုံး တစ်ဦးချင်းစီရဲ့သွင်ပြင်အစစ်အမှန်တွေကို ထွက် ပေါ်လာစေတယ်လို့ပဲ ဆိုရလေမလား။ သမီးကိုကျွေးမွေးဖို့ အလုပ်လုပ် ရင်း သူ့ရဲ့အိပ်မက်ကို လက်မလွှတ်နိုင်ဘဲ တစ်ဖက်တစ်လမ်းကနေ ဖြစ် ညှစ်ကြိုးစားနေတဲ့အမေ။ ယောက်ျားလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ အပြင် မိဘတွေနဲ့အစေးမကပ်တဲ့ သမီးလေး။ ဇိုးလိုလို ဘာလိုလိုနဲ့ ထောင် ကနေ ထွက်လာခါစအဖေ။တစ်နေ့မှာတော့ ချစ်ဇနီးရဲ့အလိုကိုအရင်းပြုလို့ အစ်ကိုဖြစ်သူရဲ့ဆိုင်မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပြီး အိမ်သူသက်ထားလိုချင်လှပါချည်ရဲ့ဆိုတဲ့ အနီရောင်ဝတ်စုံလှလှလေးကို မောင်မင်းကြီးသားက ချွေးနှဲစာနဲ့ မဖြစ် ညှစ်ကျယ်ဝယ်ပေးရှာတော်မူတယ်။ အဲလိုနဲ့ အဲဒီအနီရောင်ဝတ်စုံ သူတို့ အိမ်ရောက်လာချိန်ကစလို့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုအရင်းပြု ပြီး မိသားစုဆက်ဆံရေးကြား အဖုအထစ်၊ချိုင့်ခွက်လေးတွေ ဟိုနေရာ သည်နေရာကနေ ပေါ်လာတော့တာပေါ့။ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော၊ကိုယ့်ဘေးနားက ကိုယ့်မိသားစုလောက် အရေးကြီးပါ့မလား။ အဲဒီအနီရောင်ဝတ်စုံကြောင့် သူတို့၃ယောက်လုံး ပြောင်းလဲသွားတယ်။ အသိတွေပြောင်းလဲသွားတယ်။ အမူအကျင့်တွေပြောင်းလဲသွားတယ်။ အမြင်တွေပြောင်းလဲသွားတယ်။ နည်းလမ်းတွေပြောင်းလဲသွားတယ်။ ဒီမိသားစုကတော့ တစ်ဦးချင်းစီရဲ့ ပြောင်းလဲမှုတွေကို စစ်မှန်တဲ့သံယောဇဉ်တွေနဲ့ လက်ခံပေးခဲ့ကြပါသတဲ့လေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.19 GB) / (804 ...
movie

Pretty Red Dress (2022)

2023