Channel Myanmar

2023

High School Serenade / Gita Cinta Dari SMA (2023) 8.3
High School Serenade / Gita Cinta Dari SMA (2023) High School Serenade / Gita Cinta Dari SMA (2023)ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက် ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက် ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲ အတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.3GB | 671MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar ...
movie

High School Serenade / Gita Cinta Dari SMA (2023)

2023
Maximum Truth (2023) 4.8
Maximum Truth (2023) Maximum Truth (2023) ==================ဒီဇာတ်ကားဟာဆိုရင် ခါတိုင်းမြင်တွေ့နေကြ ပုံမှန် Comedy ဇာတ် ကားတွေနဲ့ မတူပါဘူး။ ဇာတ်လမ်းတင်ဆက်ပုံဟာလည်း ရုပ်ရှင်ရိုက် တဲ့အဖွဲ့တစ်ခုက မှတ်တမ်းရုပ်ရှင်လိုက်ရိုက်တဲ့ပုံစံမျိုးနဲ့မို့ ကြည့်ရတာ အမြင်ဆန်းနေပါတယ်။ ပရိသတ်ကို ဟာသတွေနဲ့ အတင်းကြီးထိုးထည့် နေတာမျိုး မဟုတ်ဘဲ တွေးရင်း၊ သေချာနားလည်အောင် ကြည့်ရင်းနဲ့ မှ ရယ်မောစေတဲ့ဟာမျိုးပါ။ အခုပြောခဲ့တဲ့ ဟာသမျိုးတွေကို ကြိုက် တယ်ဆိုရင် လက်လွှတ်မခံပါနဲ့ အကြံပေးချင်ပါတယ်။ Maze Runner, Teen Wolf, Love and Monster အစရှိတဲ့ ရုပ်ရှင်တွေအပြင် တခြား ရုပ်ရှင်များစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Dylan O'Brien က အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဆိုင်မွန် အဖြစ် ပါဝင်ထား ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရစ်ခ်ဟာ သူ့ကိုပိုက်ဆံပေးလာလျှင် ဘယ်လို အမှုမျိုးမဆို လိုက်ပေးတဲ့ ရှေ့နေတစ်ယောက်ပါ။ သူက ရှေ့နေတင်မက ဘဲ သူများရဲ့ မကောင်းကွက်ကို ရှာပေးတာမျိုးတွေအထိ လုပ်ကိုင်ပါတယ်။ တစ်နေ့မှာ အလုပ်ရှင်တစ်ယောက်က အန်တိုနီယိုကယ်လီဇန်းဆိုတဲ့ လွှတ် တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေတဲ့လူတစ်ယောက်ရဲ့ မ ကောင်းကွက်ကို ရှာပြီး ...
movie

Maximum Truth (2023)

2023
That Peter Crouch Film (2023) 7.2
That Peter Crouch Film (2023) That Peter Crouch Film (2023)~ IMDb - 7.2/10, Rotten Tomatoes - 89% ~ရပ်ကွက်အခေါ် "ပီတာခရော့" ပြောင်ပြီးခေါ်တာ "ပီတာငပျော့" ချစ်လို့ခေါ်ရင် "ပီတာငကျော့"ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် ...
movie

That Peter Crouch Film (2023)

2023
Amar Es Madurar / To Love Is To Grow (2023)
Amar Es Madurar / To Love Is To Grow (2023) Amar Es Madurar / To Love is to Grow (2023)ဘဝမှာ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်တဲ့သူအလွန်နည်းပါတယ်။ တချို့ဆို မိန်းမရပြီးတာနဲ့ ကိုယ့်အိပ်မက်တွေက အလိုလိုစွန့်လွှတ်ပြီးသားဖြစ်သွားကြတယ်။ War and peace စာအုပ်ထဲက စာသားလေးလိုပဲ ရောင်းရင်း မိန်းမယူမယ်ဆို ကိုယ့်အိပ်မက်တွေအကောင်ထည်ဖော်ပြီးတဲ့အချိန် ဒါမှမဟုတ် မိန်းမတွေကိုလုံးဝစိတ်ကုန်သွားတဲ့အချိန်မှ မိန်းမယူပါတဲ့။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဲ့လိုရည်ရွယ်ချက်နှစ်ခုလုံး အကောင်ထည်ဖော်နိုင်ခဲ့တဲ့ အာဂ ယောကျာ်းတစ်ယောက်အကြောင်းပါ။ ဂျုအန်ဟာ ဖက်ရှင်မော်ဒယ် အလန်းလေးတစ်ယောက်နဲ့ ကြိုက်ပေမဲ့ ဘာမှစောက်ဖြစ်မရှိတဲ့သူပါ ပြောရရင်စော်ကပြန်အမ်းထားတဲ့ကောင်ပေါ့။ ဒါပေမဲ့ သူ့မှာအိပ်မက်တစ်ခုတော့ရှိတယ် သူ့အိပ်မက်ကတော့ ဘောလုံးပါပဲ ကန်ဖို့တော့မဟုတ်ဘူး ဘောလံုးနဲ့ပတ်သက်တာ အကုန်လုပ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ စော်ကအမ်းလဲထားရသေး သဝန်လဲတိုခံရတော့ ကြာတော့သိပ်မကြည်တော့တာနဲ့ လမ်းခွဲသွားပါရော။ ဒါပေမဲ့ အချစ်ကြီးသူတို့ထုံးနှလုံးမှုပြီး စော်ပြန်ပြီးအထင်ကြီးခံရဖို့ အိပ်မက်တွေနောက်လိုက်ရင်း ဘာတွေပေးဆပ်ရမလဲ။ သူ့စော်ကော ပြန်ရဦးမှာလားဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမဲ့ ကိုလံဘီယာက Romance comedy ကားလေးပါ။ ကြည့်ရှုအားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်.Genre..... Comedy, Romance Quality…. ...
movie

Amar Es Madurar / To Love Is To Grow (2023)

2023
About Us But Not About Us (2023) 6
About Us But Not About Us (2023) ပွင့်လင်းရာသီမြန်မာပြည်ဖြစ်လာပြီဆိုတော့လည်း မီယမ်မာကြီးမှာလည်း LGBTQ နဲ့ပတ်သက်လို့ အရင်ကထက် ပိုပွင့်လင်းလာတဲ့အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့လည်း လုံးဝကြီးပွင့်လင်းတာလည်း မဟုတ်သေးပြန်တော့ လွဲမှားနေတဲ့ Myths လေးတွေတော့ ရှိပါသေးတယ်။ ဒီဖိလစ်ပိုင်ကားလေးကို အကြိုက်ဆုံးအချက်ကိုပြောရမယ်ဆိုရင်တော့ LGBTQs are just humansဆိုတဲ့အချက်ကို ချပြထားတာကိုပါပဲ။ Privilege လူတန်းစားလည်းမဟုတ်သလို နှိမ်ချစရာလည်းမဟုတ်တဲ့ သာမန်လူလိုပဲ ဆိုးကွက် ကောင်းကွက်တွေအကုန်ရှိနေနိုင်တယ်ဆိုတဲ့ Human natureကိုချပြထားတဲ့ရုပ်ရှင်လေးပေါ့။ ဖိလစ်ပိုင်ဒရာမာတွေ ကြိုက်နှစ်သက်တဲ့လူတွေဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ဇာတ်လမ်းလေးကိုတော့ ကိုဗစ်ရောဂါ ထကြွသောင်းကျန်းနေတဲ့ကာလမှာ အခြေတည်ထားပြီးတော့ တက္ကသိုလ်က အင်္ဂလိပ်ဘာသာပရော်ဖက်ဆာဖြစ်တဲ့ အဲရစ်က သူ့ရဲ့တပည့်ဖြစ်တဲ့ လန်းစီလော့နဲ့ လာတွေ့တာကနေ အစပျိုးထားပါတယ်။ ဆရာကတော့ သိပ်လှတဲ့သက်တန့်ကြီး ကွေးနေပေမဲ့ တပည့်ဖြစ်တဲ့လန့်စ်ကတော့ ရေရေရာရာမသိတဲ့ မကွေးတကွေးလေးပေါ့။ ဒါပေမဲ့ ဆရာဖြစ်သူအဲရစ်ရဲ့ အထူးအထူးသော အလေးပေးမှု ဂရုစိုက်မှုတွေကြောင့် ပတ်ဝန်းကျင်ကပြောစရာဖြစ်နေတာပေါ့။ အဲရစ်ဘက်ကကြည့်တော့လည်း ပထွေးကရိုက်နှက်ခံရလို့ ခိုကိုးရာမဲ့တပည့်ကို ဂရုစိုက်ပေးတာဖြစ်ပြီး ပတ်ဝန်းကျင်ကကြည့်တော့လည်း ၁၇ နှစ်တာတွဲခဲ့တဲ့ချစ်သူ နာမည်ကျော်စာရေးဆရာမားကပ်စ်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားရတာ လန့်စ်နဲ့အဲရစ်ကြားက ကရုဏာပိုလွန်းတဲ့ဆက်ဆံရေးကြောင့်လား သို့လော သို့လောပေါ့။ဒီလိုနဲ့ ထွေရာလေးပါးစကားဝိုင်းလေးကနေ အရှိန်တက်လာတဲ့ သူတို့ ...
movie

About Us But Not About Us (2023)

2023
The Civil Dead (2023) 6.3
The Civil Dead (2023) The Civil Dead (2023) ================ IMDb Rating - 6.3/10ဒီကားလေးကတော့ Clay လို့ခေါ်တဲ့ အပျော်တမ်းဓာတ်ပုံစရာ တစ်ယောက်ရဲ့ ကြုံခဲ့တာလေးကိုရိုက်ကူးထားတာပါ။ Clay က များသောအားဖြင့် အိမ်မှာဘဲ ဘီယာလေးသောက်လိုက် Chill လိုက်နဲ့ နေတတ်တဲ့ အိမ်တွင်းပုန်းဖက်တီးလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့မှာချစ်သူကောင်မလေးတော့ရှိပါတယ်။ အိမ်ငှားခပေး ရက်နီးလာပြီဆိုရင် ကောင်မလေးကခိုင်းတော့ Clay တစ်ယောက် ပုံလေးဘာလေးထွက်ရိုက်ရတာပေါ့။တစ်နေရာကျ သူရိုက်မဲ့ ရိုက်ကွင်းထဲ လူတစ်ယောက်က လာပိတ် ရပ်နေတော့ Clay လည်း ဘာညာသွားပွားရင်းနဲ့ အမှတ်မထင် စကားလက်ဆုံကျပြီး ခင်မင်သွားပါတော့တယ်။ လူတစ်ယောက် ဓာတ်ပုံရိုက်မဲ့ရှေ့ ဖြတ်လျှောက်တာတောင် ခုကာလမှ သိပ်ကြိုက် ကြတာမဟုတ်ဘူးမှတ်လား၊ အခုလိုရိုက်မဲ့ view ထဲ တည့်ကြီးရပ် နေတာကကျ ဘောင်ကျော်သွားပါပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရပ်နေ တဲ့သူကလည်း အမြင်ကတ်ပုဒ်မနဲ့ရပ်နေတာမဟုတ်ဘဲ သူ့ကိုမမြင် နိုင်ဘူးထင်လို့ သူ့ဖာသာရပ်နေတာပါ၊ ဘာလို့ဆို သူက သရဲဖြစ်နေ လို့ပါဘဲ။ အဲတော့ သရဲ နဲ့ ဘော်ဒါဖြစ်သွားတဲ့ Clay တစ်ယောက် ဘာတွေဘယ်လိုကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File ...
movie

The Civil Dead (2023)

2023
Twisted Sister (2023) 5.0
Twisted Sister (2023) Twisted Sister (2023) ===============ကျွန်တော်တို့ ဘဝမှာ ရှိနေမှန်းမသိခဲ့တဲ့ အစ်မတစ်ယောက် ရုတ်တရက်‌ ပေါ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ မိဘတွေ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကို အမွေဆက်ခံပြီး ချစ်စရာသမီးလေး ခင်ပွန်းနဲ့အတူ အမ်မလီရဲ့ ဘဝလေးက ပြီးပြည့်စုံနေပါတယ်။ တစ်ရက်မှာတော့ ကလေးထိန်း အလုပ် လျှောက်မယ့် အမျိုးသမီးတစ်ယောက် အမ်မလီတို့ အိမ်ကို ရောက်လာပါ တယ်။ အဲဒီအမျိုးသမီးက သူ့ကိုယ်သူ အမ်မလီရဲ့ မိဘတွေ စွန့်ပစ်လိုက် တဲ့ အစ်မရင်း လီလီပါလို့ ပြောလာပါတော့တယ်။ကုမ္ပဏီအလုပ်တွေနဲ့ ဖိအားများနေပြီး အားကိုးစရာ လိုအပ်နေတဲ့ အမ်မလီ တစ်ယောက် အစ်မကို စိတ်ချလက်ချ ယုံကြည်နိုင်ပါ့မလား၊ တစ်ချိန်တည်း မှာပဲ အမ်မလီတစ်ယောက် တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံလာရချိန် တ ရားခံက ဘယ်သူလဲ၊ အမ်မလီနဲ့ မိဘတွေက လီလီ့ကို ဘာလို့ စွန့်ပစ်လိုက် တာလဲ ဆိုတာတွေကို ရင်တမမ ခံစားရမှာမလို့ အားလုံးအတူ ခံစားကြည့် လိုက်ကြရအောင်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်)File Size..........(1.4 GB) / ...
movie

Twisted Sister (2023)

2023
Ishq-e-Nadaan (2023) 7.4
Ishq-e-Nadaan (2023) Ishq-e-Nadaan 2023ယခုတစ်ခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဟင်ဒီအချစ်ဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကြီးနီနာဂူပတာတို့ အဓိကပါဝင်ထားပြီး ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေများစွာပါဝင်ထားပါတယ်။ဇာတ်လမ်းတစ်ပုဒ်ထဲမှာ စုံတွဲသုံးတွဲတို့ရဲ့အချစ်ဇာတ်လမ်းကို အချိတ်အဆက်မိမိတင်ဆက်ထားပါတယ်။ - ဘဝကိုရုန်းကန်နေရပြီး တစ်နေ့မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ခဲ့တဲ့သူတစ်ဦး - သားနဲ့ချွေးမဖြစ်သူတို့အိမ်ကို အလည်သွားရမှ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံပြီး အချစ်‌တွေပြန်ပေါက်ဖွားလာသူ - မချစ်ရက်တော့တဲ့သူတစ်ဦးနဲ့ ချစ်တတ်လွန်းသူတစ်ဦးတို့ဆုံကြရာဝယ်...ဒီလိုနဲ့အချစ်ရဲ့ အဓိပ္ပာယ်ကိုယ်စီရှာဖွေရင်း အချစ်ဆိုတဲ့ဟာကို သူတို့ဘယ်လိုခံယူထားကြတယ်ဆိုတာ အသီးသီးအဖြေရှာကြရင်း ဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းရှုပ်ယှက်ခတ်သွားတာမျိုးမဖြစ်စေဘဲ သူ့ဇာတ်ကောင်နဲ့သူ အံဝင်ခွင်ကျနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~BpL~V~Zwe~Cherry~YH တို့ပဲဖြစ်ပါတယ်။ File size…1.75 GB / 643.3 MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder…YK Translated by Moon~BpL~V~Zwe~Cherry~YH
movie

Ishq-e-Nadaan (2023)

2023
Tu Jhoothi Main Makkaar (2023) 6.7
Tu Jhoothi Main Makkaar (2023) Tu Jhoothi Main Makkar (2023) IMDb - 6.7 / 10ဒီတစ်​ခေါက်မှာက​တော့ ဟာသဆန်ဆန်နဲ့အချစ်ဇာတ်လမ်း​လေးကို သ​ဘောကျကြသူ​တွေအတွက် နာမည်ကြီးမင်းသား​ချော Ranbi Kapoor နဲ့ မင်းသမီး​ချော​လေး Shraddha Kapoor တို့ ပါဝင်သရုပ်​ဆောင်ထားပြီး Box Office ၂၁၉.၇၂ကု​ဋေအထိရရှိထားတဲ့ Tu Jhoothi Main Makkarဆိုတဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာတဲ့ ဟာသအချစ်ဇာတ်ကား​ကောင်း​လေးနဲ့ တင်ဆက်​ပေးလိုက်ပါတယ်မစ်ကီဆိုတဲ့သူ​ဌေးသား​လေးဟာ ချစ်သူ​တွေကိုလမ်းခွဲရာမှာ ကူညီ​ပေးတဲ့ လမ်းခွဲ​​ရေးသမား​လေးဖြစ်ပါတယ် ကိုယ့်ချစ်သူကိုလမ်းခွဲစကား​ပြောဖို့ အခက်​တွေ့​နေသူတိုင်းက မစ်ကီကိုအကူညီ​တောင်း​​လေ့ရှိပါတယ် ဒီလိုသူများအကျိုး​ဆောင်ရာမှာ ​အောင်မြင်ခဲ့တဲ့မစ်ကီတစ်​ယောက်က သူ့အချစ်ဆုံးသူငယ်ချင်း မန်နူကိုသူ့​ကောင်မ​လေးနဲ့ လမ်းခွဲ​ပေးဖို့ကူညီရာမှာ​တော့ ဒုက္ခလှလှ​တွေ့ပါ​တော့တယ်အ​ကြောင်းက​တော့ မန်နူရဲ့သတို့သမီး​လောင်းဖြစ်သူကင်ချီရဲ့ သူငယ်ချင်းတင်နီဆိုတဲ့ ​မိန်းမလှ​လေးကိုမြင်မြင်ချင်း​ချစ်မိသွားတဲ့အတွက်​ကြောင့်ပါပဲ မစ်ကီတစ်​ယောက်သူ့သူငယ်ချင်းကို လမ်းခွဲ​ပေးဖို့အတွက် ဆက်ကူညီ​ပေး​လေမလား ဘယ်လိုအလွဲလွဲ​အ​ချော်​ချော်​တွေကြုံပြီး ​ ဖြေရှင်းမလဲ ဒါ့အပြင်မိန်းမလှ​လေးတင်နီနဲ့လမ်းခွဲ​ရေးသမား​လေးမစ်ကီကြားက ကွာခြားချက်​တွေ​ကြောင့်ဘယ်လိုကိစ္စ​တွေကြုံရမလဲဆိုတာ ဟာသ​နှောပြီးရိုဆန်ဆန်​​လေးဖြစ်တဲ့အချစ်ဇာတ်လမ်း​လေးကို ရင်ခုန်စွာကြည့်ရှူ့ရ​အောင် File size…10GB /2.71GB / 1.4GB Quality…4k NF WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (HardSub) Encoder….YK Translated by KhinKhin~Yunni~BpL~Sai~ThaikSan
movie

Tu Jhoothi Main Makkaar (2023)

2023
4K HEVC
Seasons (2023)
Seasons (2023) Seasons (2023)သွေးသားမတော်စပ်တဲ့ ဖိုမပတ်သက်မှုမှာ တဏှာကင်းတဲ့ "၅၂၈" အချစ်ဆိုတာရှိပါ့မလား။ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကြားမှာတောင်မှပေါ့။ အများစုကတော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ တိတ်တခိုးကြိုက်နေတတ်တာပါပဲ။ ဘေးနားမှာ အမြဲအသင့်ရှိနေပြီး တစ်ချိန်မှာ ကိုယ့်ကိုမြင်လာမလား စိတ်ကူးတွေနဲ့ပေါ့။ဒီလိုပါပဲ... ချာလီနဲ့ကတ်တို့ သူငယ်ချင်းနှစ်ယောက်က အချင်းချင်း "၅၂၈" အချစ်နဲ့ပဲချစ်ကြတယ်လို့ လက်ခံထားကြတဲ့သူပါ။ ကတ်တစ်ယောက် စင်ဂယ်ဘ၀နဲ့နေနေတာကို မကြည့်ရက်လေသူ ချာလီက ဂျိန်းဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ချိတ်ပေးလိုက်တာပေါ့။ ဖင်ယားမှုတစ်သိန်း အာမ,မခံဆိုတဲ့စကားအတိုင်း ဂျိန်းဖြစ်သူ ကတ်ဘ၀ထဲရောက်လာမှ ချာလီတစ်ယောက် သူ ကတ်ကိုကြိတ်ချစ်မိနေမှန်း သတိထားမိပါတော့တယ်။ ကတ်ကလည်း ဂျိန်းဖြစ်သူကို လက်ထပ်ခွင့်တောင်းတော့မယ့်အချိန် ချာလီကလည်း ကတ်ကိုအဆုံးရှုံးမခံနိုင်တော့တဲ့အတွက် ကြံမိကြံရာကြံလိုက်မိပါတယ်။ အဲဒီကနေမှ သူနဲ့ကတ်ရဲ့ဆက်ဆံရေးက ဘယ်ဆီကို ဦးတည်သွားမလဲ ဆိုတာကို ဒီ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးမှာ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, ...
movie

Seasons (2023)

2023
Bird Box Barcelona (2023)
Bird Box Barcelona (2023) Bird Box Barcelona (2023)ဒါဟာ ၂၀၁၈ မှာထွက်ရှိခဲ့တဲ့ Bird Box ရုပ်ရှင်ကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုပါ။ နောက်ဆက်တွဲဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဘာစီလိုနာမှာ ဆင်ဆင်တူ ဖြစ်ပျက်နေပုံကို ပြသထားတာပါ။ ထူးဆန်းတဲ့အရာတစ်ခုကြောင့် ကမ္ဘာပျက်ကိန်းကြီး တစ်ခုဖြစ်ခဲ့ပြီး အဲဒီအရာကို မြင်လိုက်တဲ့သူတိုင်းဟာ သေကြောင်းကြံသွားကြပါတယ်။ ဒါမှမဟုတ် အဲဒီအရာရဲ့ ကျေးကျွန်တွေဖြစ်လာပြီး အခြား မျက်လုံးကို အုပ်ထားတဲ့သူတွေကို အတင်းမျက်လုံးဖွင့်အောင် လုပ်လိုက်ကြပါတယ်။ အဲဒီအရာကလည်း မျက်လုံးတွေဖွင့်ကြည့်မိအောင် မျိုးစုံလှည့်စားစည်းရုံးတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် ဆီဘက်ရှန်ဆိုတဲ့သူနဲ့ သူ့ရဲ့ သမီး အန်နာတို့ ပါပါတယ်။ ဇာတ်လမ်းက လှည့်ကွက်လေးတွေနဲ့မို့ အများကြီးတော့ ပြောပြလို့မရပါဘူး။ သူတို့တွေလည်း ဒီကပ်ဘေးကြီးထဲကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p File size… 1.6GB | 832MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Bird Box Barcelona (2023)

2023
An Unforgettable Year – Spring (2023)
An Unforgettable Year – Spring (2023) An Unforgettable Year : Spring (2023)******************************************ဒီတစ်ခါတော့ An Unforgettable Yearရာသီလေးခုထဲက Springမှာ ပေါက်ဖွားခဲ့တဲ့အချစ်ဇာတ်လမ်းလေးကို ရှုစားရမှာပါ...။ပန်းတွေပွင့်ကြတဲ့ နွေဦးအလှဟာဆိုရင် ပန်းချီလေးဆွဲ ဘောင်လေးသွင်းထားသင့်တဲ့အလှလေးဗျ..။ဒီဇာတ်လမ်းထဲမှာလည်း ဂျက်စမင်ဟာဆိုရင် ငယ်ငယ်လေးကတည်းက ပန်းချီပညာကို ရူးသွပ်သူ..၊အချိန်ပြည့် ပန်းချီကိုရူးသွပ်သူပေါ့...။သို့ပေမဲ့ ဂျက်စမင်ရဲ့ အမေဖြစ်သူကတော့ သမီးကို စီးပွားရေး ကောလိပ်သာဆက်တက်စေချင်ပြီးပန်းချီပညာနောက်ကိုလိုက်ခွင့်မပေးပါဘူး...။ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် စာကိုသာကြိုးစားခဲ့ရပေမယ့် အထက်တန်းနှစ်မှာတော့သင်္ချာကို တဗုန်းဗုန်းကျပါလေ‌ရော...။ဘယ်လောက်ထိဆိုးသလဲဆိုရင် သင်္ချာစာမေးပွဲဖြေရင် စာမေးပွဲကိုစိတ်မပါနိုင်ဘဲအဖြေလွှာမှာ ပုံတွေချည်း ဆွဲနေလို့ သုညရခဲ့သူလေးပါ..။သူ့အတွက်က သင်္ချာအောင်မှ အထက်တန်းအောင်ပြီးအမေဖြစ်သူတက်စေချင်တဲ့ စီးပွားရေးကောလိပ်တက်နိုင်မှာပါ...။ဒါမှမဟုတ် သင်္ချာမအောင်မယ့် အတူတူ အိမ်ကို ပုန်ကန်ပြီးပဲအနုပညာသင်တန်းတက်လိုက်ရမလားနဲ့ဝေခွဲမရဖြစ်နေပြီပေါ့...။ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် သင်္ချာအောင်ဖို့ ဂိုက်ဆရာလေး ဒါဗီနဲ့ဆုံတွေ့ခဲ့ပြီး...ဒါဗီကပါ ပန်းချီပညာဘက်ကိုလိုက်သင့်ကြောင်း အားပေးအားမြှောက်ပြုလာတဲ့အခါမှာတော့ Springကာလ မမေ့နိုင်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် အစချီခဲ့ပါတော့တယ်...။File size : 1.56GB / ...
movie

An Unforgettable Year – Spring (2023)

2023
Blind (2023) 5.4
Blind (2023) Blind 2023Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL
movie

Blind (2023)

2023
World’s Best (2023) 5.4
World’s Best (2023) World's Best (2023) ===============ကျွန်တော်တို့ လိုင်းပေါ်မှာ အိန္ဒိယလူမျိုး ကလေးတွေ သင်္ချာအိုလံပစ် ဝင်ပြိုင်ကြတဲ့ ဗီဒီယိုတွေ ခဏခဏတွေ့ဖူးကြတယ်ဟုတ်။ သူတို့က ကလေးတွေကို သင်္ချာနဲ့ ပတ်သက်ရင် အရမ်းလည်း train ပေးကြသ လို ပြိုင်ပွဲတွေမှာ အများဆုံး ဆုရကြတာလည်း အိန္ဒိယလူမျိုးတွေပဲဗျ။ ဒီဇာတ်ကားလေးကလည်း သင်္ချာတွက်တာ အရမ်းတော်တဲ့ ပရမ်ဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးပြထားတာပါ။ ဒါပေမဲ့ သူ့ချည်းပဲ လားတော့ မဟုတ်ဘူးပေါ့။  အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ သင်္ချာအိုလံ ပစ်တွေမှာ ဆုတွေရပြီး အထက်တန်းအဆင့်သင်္ချာကို ခုန်ပျံကျော်လွှား သင်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်လည်းပါပါသေးတယ်၊ သူကတော့ ပရမ်ပါ။သူ့ရဲ့အမေဖြစ်သူကလည်း ပရမ် နောက်ထပ်သင်္ချာအိုလံပစ်မှာ အနိုင်ရဖို့ အားသွန်ခွန်စိုက်ကို လေ့ကျင့်ပေးလိုက်တာ ထမင်းစားလည်း အလီရွတ် လမ်းလျှောက်လည်း အလီရွတ်တဲ့အထိပါပဲ။ တစ်နေ့မှာ သူ့ရဲ့ကျောင်းက မိသားစုနဲ့ပတ်သက်တဲ့ သင်္ချာအီကွေးရှင်းတစ်ခုကို ထုတ်ခဲ့ဖို့ အဆိုင်းမန့် ပေးလိုက်တဲ့ အချိန်မှာတော့ ပရမ်တစ်ယောက် တိုင်တွေစပတ်ပါတော့တယ်။ အကြောင်းကတော့ သူ့ရဲ့အဖေဖြစ်သူက ငယ်ငယ်ကတည်းက ဆုံးပါးသွား ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ သိပ်မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ့ အဖေရဲ့ မှတ်စုစာအုပ်လေးကို ...
movie

World’s Best (2023)

2023
All the World Is Sleeping (2023) 5.3
All the World Is Sleeping (2023) All the World Is Sleeping (2023)=======================သာမန်လူတွေလို မြေပြင်မှာ ရပ်နေတာမဟုတ်ဘဲ ဟိုးက မှောင်မဲ နေတဲ့ တွင်းနက်ကြီးထဲ ကျနေတဲ့သူတွေရှိတယ်။ တကယ်ကျမကျ မသေချာရင်တောင် အဲ့လိုကျနေတယ်လို့ ခံစားရတဲ့သူတွေပေါ့လေ။ ကျတဲ့ပုံစံအမျိုးမျိုး၊ ကျတဲ့တွင်းအမျိုးမျိုးလည်းရှိသေးတယ်။ ဒီဇာတ် ကားထဲမှာတော့ မူးယစ်ဆေးဝါးတွင်းကြီးထဲကို ကျနေတဲ့ မြေအောက် ကမ္ဘာကလူတွေကို တွေ့ရမှာပါ။မလွှဲမရှောင်သာလို့ပဲဖြစ်ဖြစ်၊ မသိလိုက်ခင်မှာပဲဖြစ်ဖြစ်၊ စိတ်ထွက် ပေါက်အနေနဲ့ဖြစ်ဖြစ်၊ ကြိုက်လို့ပဲဖြစ်ဖြစ်၊ မှားယွင်းတဲ့ဖြေရှင်းနည်း တစ်ခုအနေနဲ့ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ်၊ ကြီးပြင်းလာရတဲ့ပတ် ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် အမျိုးမျိုးသောမြစ်ဖျားခံရာ အကြောင်းအ ရင်းတွေဆီကနေ မှားယွင်းနဲ့နည်းလမ်းတွေနဲ့ သုံးစွဲမိပြီး ထိုတွင်းနက် ကြီးထဲကို ကျသွားရသူတွေ။ ပြန်တက်နိုင်ကြပါလေမလား။ဘယ်သူ့အမှားလို့ အပြစ်တင်ရပါ့လေမလဲ။ မွေးဖွားလာခဲ့ရတဲ့ ပတ် ဝန်းကျင်ကို လက်ညှိုးထိုးမလား။ ကံကိုပဲပုံချမလား။ တစ်ပါးသူအမှား ကြောင့်ဖြစ်နိုင်မလား။ ကိုယ့်ကိုယ်၌မှာသာ ဖြစ်နေတဲ့အရာမို့လို့ ကိုယ် ကိုယ်တိုင်ပဲ ကြိုးစားရုန်းထွက်မှဖြစ်တော့မှာပါ။ ဒီဇာတ်ကားထဲမှာတော့ သမီးကိုချစ်တဲ့စိတ်ကြောင့် မူးယစ်ဆေးနွံထဲကနေ မရ,ရအောင် ရုန်း ထွက်ပြခဲ့တဲ့ သန်မာတဲ့ မိခင်ငယ်တစ်ယောက်ကို မြင်တွေ့ရပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.62 GB) / (500 MB) Quality............WEB-DL 1080p ...
movie

All the World Is Sleeping (2023)

2023
Cascade (2023) 4.9
Cascade (2023) Cascade (2023) ============Honest review ပေးရရင် Survival movies တွေကို စွဲလမ်းကြတဲ့ သူတွေတဲ့အတွက် ကြည့်သင့်တဲ့ကားမျိုးထဲမှာ ပါတယ်ဗျ။ အရမ်းကြီး သွေးပျက်စရာကောင်းလောက်တဲ့ထိ မဟုတ်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲ ခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ လျှော့တွက်လိုက်လို့တော့ မရဘူးပေါ့။ဘယ်နေရာမှာမဆို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ဗင့်စ်၊ ဗင့်စ် လုပ်သမျှ အကုန်လိုက်အားပေးတတ်တဲ့ချစ်သူ အမ်မလီ၊ ကြောက်တတ်ပြီး ဘဝကို ရိုးရိုးလေးပဲ နေချင်တဲ့ ဂျက်ဆီ၊ လူမိုက်ခေါင်းဆောင်ရဲ့ သမီးတစ်ဖြစ်လဲ ဂျက်ဆီရဲ့ ချစ်သူဖြစ်သူ အဲလက်စ်။ဒီဆယ်ကျော်သက်သူငယ်ချင်းလေးယောက် နာမည်ကျော်ရေတံခွန် တစ်ခုဆီ တောင်တက်ခရီးနှင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရေတံခွန်ဆီကို ရောက်တဲ့အချိန်မှာပဲ ဗင့်စ်တစ်ယောက် ရုတ်တရက် တောင်ပေါ်က နေ ခုန်ချသွားခဲ့တယ်။ ဗင့်စ်ကို ရှာဖို့အတွက် ကျန်တဲ့သုံးယောက်က အပြေးဆင်းခဲ့ကြချိန်မှာတော့ အလောင်းတစ်လောင်းနဲ့ မူးယစ်ဆေးတွေ အပြည့်တင်ထားတဲ့ ပျက်ကျနေတဲ့ လေယာဉ်တစ်စီးကိုပါ တွေ့လိုက် ရပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းတစ်ခုက ဂိုဏ်းသားတွေ ရောက် လာပြီး အားလုံးကို လိုက်သတ်ဖို့ ကြံစည်ကြချိန်မှာတော့ Survival movie တစ်ပုဒ် စတင်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ...
movie

Cascade (2023)

2023
Transformers: Rise of the Beasts (2023) 6.5
Transformers: Rise of the Beasts (2023) Transformers: Rise of the Beasts (2023) ============================= IMDb Rating - 6.5/107 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို ...
movie

Transformers: Rise of the Beasts (2023)

2023
4K HEVC
Mi Maestra se comió a mi amigo (2023) 5.6
Mi Maestra se comió a mi amigo (2023) Mi Maestra se comió a mi amigo (2023) ============================သောမတ်စ်ဆိုတဲ့ကောင်လေးဟာ မကောင်းဆိုးဝါးမွန်းစတား တွေအကြောင်းကို အရမ်းပဲစိတ်ဝင်စားပြီး အချိန်ရတိုင်း အဲဒီ ဟာနဲ့ပတ်သတ်တဲ့စာအုပ်တွေပဲဖတ်နေလေ့ရှိတဲ့ကောင်လေး ပေါ့။ တစ်မိသားစုလုံးမှာလည်း သူနဲ့ဝါသနာတူတာဆိုလို့ သေ ဆုံးသွားပြီဖြစ်တဲ့သူ့အဖေပဲရှိတာပါ။ တစ်နေ့မှာတော့ သော မတ်စ်တို့အတန်းကိုသင်နေကျ အင်္ဂလိပ်စာဆရာမကရုတ်တ ရက်နှုတ်ထွက်သွားပြီးတော့ အဲဒီနေရာမှာ ဆရာမအသစ်တစ် ယောက် အစားဝင်လာခဲ့ပါတယ်။ အဲဒီနေ့မှာတင်ပဲ ကံဆိုးပြီး သောမတ်စ်တစ်ယောက် သူဖတ်နေကျ မကောင်းဆိုးဝါးကာ တွန်းစာအုပ်ကို ဆရာမအသစ်ဆီမှာအသိမ်းခံလိုက်ရပါတယ်။ မကျေနပ်တာနဲ့ပဲ နောက်ရက်မှာပြန်ခိုးယူဖို့သွားတော့ အဲဒီဆ ရာမရဲ့လျှို့ဝှက်ချက်တစ်ခုကိုသိလိုက်ရပါတယ်။ အဲဒါကတော့ သူ့ဆရာမဟာ ကလေးတွေကိုစားတတ်တဲ့မကောင်းဆိုးဝါးတစ် ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။သူ့ကို လူတိုင်းက စိတ်ကူးယဉ်ကမ္ဘာမှာပဲနေနေတဲ့‌သူဆိုပြီး အမေ နဲ့အစ်ကိုကပါသတ်မှတ်ထားကြတော့ ဒီအကြောင်း‌ကို သောမတ်စ် ပြန်ပြောပြလိုက်မယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ သူ့သူငယ်ချင်း တွေကရောယုံကြည်ပေးနိုင်မှာလား။ ဆရာမအသစ်ရဲ့အန္တရာယ်က နေရော ဘယ်လိုရင်ဆိုင်ကာကွယ်ကျော်လွှားသွားမှာလဲ။ ဒါတွေ အားလုံးကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းနဲ့ပဲအဖြေရှာကြည့် ကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.25 GB) / (415 MB) / (267 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, ...
movie

Mi Maestra se comió a mi amigo (2023)

2023
Black Lotus (2023) 4.8
Black Lotus (2023) Black Lotus (2023) ==============ဒီတစ်ခေါက် ခပ်ကြမ်းကြမ်းလေးမှ ကြိုက်နှစ်သက်တဲ့ ပရိတ် သတ်ကြီးအတွက် Worldwide kickboxing champion ဖြစ် တဲ့ Rico Verhoeven ကအဓိကသရုပ်ဆောင်ထားပြီး Captain America:Winter Soldier မှာကတည်းက ပရိတ်သတ်ကြီးသိရှိ ပြီးသားဖြစ်လောက်မယ့် Frank Grillo ပါ။ ဒီဇာတ်ကားမှာ ဗီလိန် အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းကတော့... အထူးတပ်ဖွဲ့ဝင် Matteo တစ်ယောက် ပြဇာတ်အဖွဲ့တစ်ခုကို အ ကြမ်းဖက်သမားတွေက ဖမ်းဆီးထားလို့ ကယ်ဆယ်ပေးဖို့ စစ်ဆင် ရေးလုပ်နေခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ Matteo အတွက် သူ့ဘ ဝအတွက် စိတ်ဒဏ်ရာရစေတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကိုကြုံတွေ့ခဲ့ ရတာကြောင့် နှစ်ပေါင်းများစွာကြာအောင် ဇာတ်မြှုပ်ပြီးနေထိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူအတိတ်ကိုပြန်ပြီး ခွင့်လွှတ်မှုတောင်းခံဖို့အတွက် မိသားစုတစ်စုဆီကိုသွားတဲ့အချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ဆို သလို အဲဒီမိသားစုမှာလည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က အလိုရှိ နေတဲ့ရာဇဝတ်ဂိုဏ်းကြီးတစ်ခုကြောင့် ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ရင် ဆိုင်ခဲ့ရပြန်ပါတယ်။ ဒီတော့ Matteo တစ်ယောက် အဲဒီဂိုဏ်းနဲ့ ဘယ် လိုရင်ဆိုင်တိုက်ခိုက်သွားမှာလဲ...အထူးတပ်ဖွဲ့ဝင်တစ်ယောက်ပီပီ မိသားစုဝင်ကို ဘယ်လိုကယ်တင်ပေးသွားမှာလဲဆိုတာကို Thriller ဆန်ဆန် ကြည့်ရှူရမယ့် Action ကားကောင်းလေးတစ်ခုပဲဖြစ်ပါ တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.23 ...
movie

Black Lotus (2023)

2023
The Out-Laws (2023) 5.5
The Out-Laws (2023) The Out-laws (2023)ငါးယောက်မြောက် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့ဘရိုနန်ရဲ့ အက်ရှင် ဟာသ ကားအသစ်လာပါပြီ။ အိုဝင် နဲ့ ပါကာတို့ဟာ လက်ထပ်ခါနီး စုံတွဲတစ်တွဲဖြစ်ပါတယ်။ အိုဝင်ကတော့ ဘဏ်မန်နေဂျာဖြစ်ပြီး ပါကာက ယောဂသင်တန်းဆရာမပါ။ မင်္ဂလာဆောင် နီးလာချိန်မှာ အိုင်ဝင်နဲ့ပါကာရဲ့မိဘတွေလည်း ရောက်လာကြပါတယ်။ ပါကာရဲ့ မိဘနှစ်ယောက်ဟာ သူတို့သမီးကိုလာမတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ခါနီးမှပဲ ရောက်လာတော့တာပါ။ သူတို့ရောက်ပြီး မကြာခင် မင်္ဂလာဆောင်မဲ့နေ့ မရောက်ခင်မှာပဲ အိုဝင်ရဲ့ဘဏ်ကို ဓားပြတိုက်ခံလိုက်ရပါတယ်။ ဓားပြတွေက အကြောင်းသိဖြစ်နေပြီး အိုဝင်ရဲ့ လျို့ဝှက်ကုတ်တွေအကုန်လုံးကို သိနေတာကြောင့် အိုဝင်ဟာ သူ့ယောက္ခမတွေလက်ချက်လို့ သံသယရှိသွားပါတော့တယ်။ ဒီတော့ဘဏ်ဓားပြတွေနောက်ကို လိုက်ပြီးဖော်ထုတ်ဖို့ ကြိုးစားရင်း ရှုပ်သထက် ရှုပ်လာပြီး အန္တရာယ်တွေနဲ့တွေ့လာတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Romance, Action, Comedy Quality…. 1080p | 720p | 480p File size… 1.25GB | 709MB | 341MB Format… mp4 Duration…. ...
movie

The Out-Laws (2023)

2023