Channel Myanmar

2023

Spider-Man: Across the Spider-Verse (2023) 9.1
Spider-Man: Across the Spider-Verse (2023) IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl  4k / 1080p ...
movie

Spider-Man: Across the Spider-Verse (2023)

2023
4K HEVC
The Passenger (2023) 5.9
The Passenger (2023) The Passenger (2023)~ IMDb - 5.9/10, Rotten Tomatoes - 76% ~နာမည်ကျော် Horror ဇာတ်ကား‌တွေကို ထုတ်ထုတ်ပေးနေကျ Blumhouse ရဲ့ နောက်ဆုံးထွက်ကားပါ။ခုဇာတ်ကားကတော့ ငယ်ငယ်ကတည်းက Introvert ဖြစ်ပြီးတော့ Neurodevelopmental Disorder ဆိုတဲ့ စိတ်ရောဂါရနေတဲ့ ဘရက်ဒ်လေဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတပါ။ ဘရက်ဒ်လေက သူငယ်ငယ်တုန်းက ကျောင်းမှာမတော်တဆမှု တစ်ခုဖြစ်ပြီးကတည်းက ဘယ်အရာမှာမဆို ဆုံးဖြတ်ချက်ချဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး ကိုယ့်ပေါ်ကိုယ် ရပ်တည်ရမယ့်အစား သူများပြောတာမှန်သမျှကို ခေါင်းညိတ်ပြီး အောက်ကျခံတဲ့လူစားမျိုးပေါ့။ တစ်နေ့ သူ့အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရန်ဖြစ်ရင်း လူသတ်မှုဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ ဘန်ဆန်ဆိုတဲ့ ဘရက်ဒ်လေ့ လုပ်ဖော်ကိုင်ဖက်ဟာ ဘရက်ဒ်လေ့ရဲ့ စိတ်ဒဏ်ရာ(ရောဂါ) ကိုကုဖို့ဆိုပြီး ရှာပုံတော်ထွက်ပါတော့တယ်။ဒီဇာတ်ကားဟာ Semi-Thriller နဲ့ Horror ဇာတ်ကားဖြစ်လို့ မိုးအေးအေးလေးမှာ Chill ချင်တဲ့ ...
movie

The Passenger (2023)

2023
Zoey 102 (2023) 5.1
Zoey 102 (2023) Zoey 102 (2023)ဘဝမှာဖြစ်ချင်တာတွေများပြီး ဟိုဟာလည်းလုပ်ချင် သည်ဟာလည်းလုပ်ချင်နဲ့ အလွဲတွေဖြစ်ကုန်တဲ့ ဇိုအီဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသ ဒရာမာအရောလေးတွေနဲ့ကြည့်ရှုကြရမှာပါ။ဇိုအီဆိုတာက ရသစုံတီဗွီရှိုးထုတ်လုပ်ရေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ ဇိုအီတို့က LOVE:Fully Charged ဆိုတဲ့ ချိန်းတွေ့တဲ့တီဗွီရှိုးတစ်ခုရိုက်နေတာဖြစ်ပြီး အဲဒီရှိုးမှာ ဇိုအီ မရှိလို့မဖြစ်တဲ့ ကလေးပေါက်စလိုဖြစ်နေတဲ့ ပါဝင်သူတစ်ယောက်ရှိနေပါတယ်။ အဲဒါနဲ့ပဲ ဇိုအီလည်းရာထူးတိုးပြီး ရှိုးရဲ့ဇာတ်သိမ်းပိုင်းကို ကိုင်တွယ်ဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ဇိုအီ့အချစ်ဆုံးသူငယ်ချင်း မင်္ဂလာဆောင်မယ့်ရက်နဲ့တိုက်နေပါတယ်။ အောင်မြင်မယ့်အခွင့်အရေးနဲ့ သူငယ်ချင်းအရင်းကြီးရဲ့ကြားမှာ နှစ်ခုလုံးကိုဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါအပြင် ရည်းစားဟောင်းနဲ့ပြတ်ပြီးကတည်းက ဘဲမရှိသေးလို့ဆိုပြီး အနှိမ်မခံရအောင် အယောင်ဆောင်ရည်းစားလည်းငှားလိုက်ပါသေးတယ်။ တကယ့်မင်္ဂလာပွဲနေ့နဲ့ ရှိုးပွဲနောက်ဆုံးပိုင်းနေ့ရောက်တဲ့အခါ ဘာတွေဖြစ်မလဲ ဇိုအီတစ်ယောက်ဘယ်လိုအမျိုးစုံကြိုးခုန်မလဲဆိုတာကို ကြည့်ရှုအားပေးနိုင်ပါပြီ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Ei Pai ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p File size… 1.7GB | 878MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hnin Ei Pai Encoder ...
movie

Zoey 102 (2023)

2023
The Kept Mistress Killer (2023) 5.1
The Kept Mistress Killer (2023) The Kept Mistress Killer (2023)The Kept Mistress Killer ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်ကားလား။ ပြောရရင်တော့မဟုတ်ပါဘူးခင်ဗျ။ ‘Next-Door Nightmare,’ ‘Escaping My Stalker,’စတဲ့ မှုခင်းဖြစ်ရပ်ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးသားတဲ့ စတီဗင်ရာမန်ရဲ့နောက်ဆုံးထွက်လက်ရာလေးပါ။ ဇာတ်ညွန်းရေးတဲ့သူက တကယ်ဖြစ်ရပ်မှန်မှုခင်းနဲ့တူအောင်၊ မှုခင်းရဲ့သဘောသဘာဝ၊လူတွေရဲ့စိတ်ခံစားချက်ကို ကြည့်ရှုသူရဲ့စိတ်ထဲ ရသမြောက်အောင် ထည့်သွင်းပေးဖို့ ဆိုတာ မလွယ်လှပါဘူး။ဒီဇာတ်လမ်းလေးမှာဆိုရင်လည်း ကတ်သရင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာအလုပ်လျှောက်တာ၊CEOကသဘောကျပြီးချက်ချင်းတန်းခန့်ပါလေရော။ လုပ်ကလုပ်မယ်တောင်မကြံသေးဘူး သူဌေးအရင်မိန်းမအသတ်ခံရလိုပြဿနာတွေတက်ပါလေရော။ လူတိုင်းကလူသတ်တရားခံဖြစ်နိုင်နေတော့ တရားခံဘယ်သူလဲဟေ့ဆိုပြီး ခေါင်းစားရတဲ့ဇာတ်လမ်းလေးပါပဲဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p File size… 1.4GB | 653MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

The Kept Mistress Killer (2023)

2023
Maghrib Time (2023) 6
Maghrib Time (2023) Waktu Maghrib (2023)အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။ သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။ ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။ ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။ မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ် နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။ အစ္စလာမ်ဘာသာဝင်တွေမှာလဲ ညနေချိန်မှာဝတ်ပြုမှုရှိပါတယ်။ အဲ့ဒီဝတ်ပြုမှုအတွက် ဗလီသွားတာကလွဲရင် အပြင်သွားခြင်းကိုရှောင်လေ့ရှိကြပါတယ်။ အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။ အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လို့ပါ။ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။ နောက် အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလား ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲ အနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာတွေ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.3GB | 637MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Maghrib Time (2023)

2023
The Hand (2023)
The Hand (2023) The Hand (2023)ဒီတစ်ခါတော့ အိပ်မက်ထဲကို လိုက်နှောင့်ယှက်နေတဲ့ လက်မည်းကြီး ကြော်ငြာလိုပဲ လက်ကြီးက အိမ်ထဲရောက်လာတဲ့ Horror ဇာတ်လမ်း တစ်ပုဒ်တင်ဆက်ပါဦးမယ်တစ်ရက်မှာ ဘုံးဆူတို့ အိမ်က အိမ်သာခွက်ထဲကို ဘယ်ကလာမှန်းမသိတဲ့ လက်တစ်ဖက်က ထွက်လာပါလေတယ်အဲဒီလက်ကို ဘယ်လိုလုပ်ရမှန်းမသိလို့ အရေးပေါ်ကို အကြောင်းကြားလိုက်တဲ့အခါ တပ်ကူတွေတော့ရောက်လာပါရဲ့ အကုန်လုံး အိမ်သာထဲမှာပိတ်မိကုန်ကြပါရောအဲလိုနဲ့ အိမ်သာထဲမှာ လက်တစ်ချောင်းနဲ့ အသက်ရှင်အောင် ကြိုးစားရမှာဖြစ်ပြီး လူတွေကိုဒုက္ခပေးတဲ့ အဲဒီလက်ကြီး ထွက်လာတဲ့အကြောင်းအရင်းကဘာလဲ၊ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror Quality…. 1080p | 720p File size… 834MB | 387MB Format… mp4 Duration…. 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

The Hand (2023)

2023
The Blackening (2023) 6
The Blackening (2023) The Blackening (2023)လူဖြူလူမည်းခွဲခြားမှုဇာတ်လမ်းတွေကို ကြည့်ဖူးသလောက် များသောအားဖြင့်လေးနက်ကြတယ် ဇာတ်လမ်းအားဖြင့် ဟဲဗီးဖြစ်ကြတယ်။ ရုပ်ရှင်တွေထဲမှာလဲ ပုံသေကားကျသတ်မှတ်မှုတွေ ခွဲခြားမှုတွေရှိကြတယ်ပေါ့။ ဥပမာ လူသတ်ကားတွေမှာ အရင်ဆုံးသေသွားတာက လူမည်းဇာတ်ကောင်ပဲ။ လူဖြူတွေနောက်ဆုံးအသက်ရှင်ကျန်ဖို့ လူမည်းကအရင်စတေးပေးရသလိုပေါ့။ ဒါပေမဲ့ လူမည်းတွေကရောပြန်ခွဲခြားမှုမလုပ်ဘူးလားဆိုရင်လုပ်တာပဲ။ တစ်ခေတ်တစ်ခါကလူဖြူတွေလုပ်ခဲ့သလိုတော့မဟုတ်ပါဘူး။ မသိမသာခပ်ပါးပါးလေးတွေပေါ့။ ဥပမာ နစ်ဂါဆိုတဲ့စကားဆိုရင် အဖြူက အမည်းကိုခေါ်လို့မရဘူး ဒါပေမဲ့ အမည်းအမည်းအချင်းချင်းသုံးတယ် ပြီးတော့အမည်းကအဖြူကို နစ်ဂါလို့ပြန်ခေါ်ကြတယ်။ တစ်ခါတစ်ရံမှာလဲ ကိုယ်ကမရည်ရွယ်ဘဲ တခြားလူမျိုးကိုခွဲခြားမိတာတွေ ကိုယ့်အချင်းအချင်းမှာပဲ ပြန်ခွဲခြားမိတာတွေလဲရှိတတ်တာပဲ။ ဒီကားထဲတော့ အဲ့လိုအကြောင်းအရာတွေကို တစ်ကားလုံးခွီရင်းကြည့်ရမှာပါ။ အဲ့ဒါအပြင်သည်းထိတ်ရင်ဖိုလဲပါသေးတော့ တော်တော်ပြည့်စုံပြီပေါ့။ဇာတ်လမ်းအကျဥ်းပြောရရင် နစ်ဂါသူငယ်ချင်း၈ ယောက်ပေါ့ ဆယ်နှစ်ကြာမှပြန်ဆုံကြတယ်။ သည်းထိတ်ရင်ဖိုကားတွေထုံးစံအတိုင်း နေရာကောင်းကောင်းကိုမသွားကြဘဲ တောထဲကအိမ်လေးတစ်အိမ်ကိုရွေးလိုက်ကြရော။ အဲ့အိမ်ထဲကိုလဲရောက်တော့ သူတို့ဂိမ်းကစားရတယ်။ ဂိမ်းကလူမည်းနဲ့ပတ်သက်တဲ့အရာတွေကိုမေးပါလေရော။ အဲ့ဒါအပြင်ရုပ်ရှင်ကားတွေနဲ့လဲသက်ဆိုင်နေပါသေးတယ်။ ဥပမာ Friends စီးရီးထဲမှာပါဝင်ခဲ့တဲ့လူမည်းငါးယောက်နာမည်ကိုဖြေပါ။ အဖြေမှန်ရင်မှန် မမှန်ရင်သေပေါ့။ သူတို့လူမည်းစစ်မစစ်ကိုစမ်းနေသလိုပါပဲ။ ဒီဂိမ်းကို စီစဥ်နေတာကဘယ်သူဖြစ်မလဲ။ သူတို့ထဲကတစ်ယောက်ယောက်ပဲလား။ သူတို့ကိုအိမ်ဌားထားတဲ့လူဖြူတွေပဲလား။ ဘယ်သူတွေရောသတ်ခံရမလဲ။ရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်ကြီးရော သူမေးတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့မေးခွန်းတွေ ဘယ်လောက်ကိုဖြေနိုင်မလဲဆိုတာပါ ဝင်ဖြေကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror Quality…. 1080p | 720p File size… 1.1GB | 560MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar ...
movie

The Blackening (2023)

2023
Dream Wedding (2023) 5.6
Dream Wedding (2023) Dream Wedding (2023) ==================ဇာတ်လမ်းကတော့ ရည်းစားမရှိဘဲ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီး ကံထူးသွားတဲ့အပျိုကြီး မမ အကြောင်းပါ။ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ရောင်းတဲ့ အရောင်းပွဲတော်ကို ကိတ်နဲ့မီဂန်တို့ ညီအစ်မနှစ်ယောက် ရောက်လာကြပါတယ်။ နှစ်ပတ်နေရင် မင်္ဂလာဆောင်တော့မယ့် ညီမ ဖြစ်သူ မီဂန်အတွက်ဝယ်ဖို့ ခြမ်းဖို့ ရောက်လာကြတာပါ။ ကိတ်ကတော့ ညီမကို အဖော်လိုက်ပေးတဲ့ အပျိုကြီးမမပါ။ အရောင်းပွဲတော်မှာ မင်္ဂလာ ဆောင်ဖက်ရှင်ရှိုးပွဲအပြင် မင်္ဂလာဆောင်မယ့် စုံတွဲတွေကို ဒေါ်လာ (၁) သိန်းတန် အိပ်မက်၊ မင်္ဂလာပွဲကြီးမဲဖောက်ပေးမယ့် အစီအစဉ်လည်း ရှိနေပါတယ်။အဲဒီမှာပဲ လက်သွက်ခြေသွက် မီဂန်က စိတ်မြန်လက်မြန်နဲ့  ကံစမ်းမဲထဲမှာ ကိတ်ရဲ့နာမည်ကို ထည့်လိုက်ပါတော့တယ်။ ထောင်ချီတဲ့ လူတွေထဲမှာ ကံထူးနိုင်ချေ မရှိဘူးဆိုပြီး ထည့်လိုက်ပေမဲ့ ကံကောင်းတာလား ကံဆိုး တာလား ပြောလို့ မရအောင်ကိုကံထူးရှင်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီးရဲ့ ခံစားခွင့်တွေကို ခံစားနိုင်ဖို့ ကိတ်နဲ့ မီဂန်တို့ ဘယ်လိုတွေ ကြံဖန်ကြမလဲဆိုတာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ...
movie

Dream Wedding (2023)

2023
Skinford: Death Sentence (2023)
Skinford: Death Sentence (2023) skinford: death sentence (2023)CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ ရှေ့မှာလည်း Skinford ဆိုပြီး ဇာတ်ကားတွေထွက်ရှိပြီးသား နောက်ဆက်တွဲ Thriller,Horror ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်အဓိကဇာတ်လိုက်ကျော် စကင်ဖို့ဒ်က သူ့ရဲ့နာမကျန်းဖြစ်နေတဲ့ အဖေကိုကယ်ဖို့ ပိုက်ဆံရအောင် ပစ္စည်းတစ်ခုကို ပို့ပေးဖို့ မှောင်ခိုဂိုဏ်းတစ်ခုနဲ့ အပေးအယူတစ်ခုလုပ်ခဲ့ပါတယ် အဲ့မှာသောက်တလွဲတွေစဖြစ်ပြီး ကိုယ့်ကိုသတ်ခိုင်းတဲ့သူက သူ့ဆီရောက်လာပြီး ကိုယ်ကျင်းကိုတူးနေရတဲ့အချိန်မှာ... ကျင်းထဲက စော်တစ်ပွေက ဝုန်းခနဲဆို အရှင်လတ်လတ်မြေမြှပ်ခံရကနေ ပေါ်လာပါတယ် ကံကောင်းချင်တော့ အဲ့စော်က မသေအောင်လုပ်ပေးနိုင်တဲ့အစွမ်းရှိတော့ စကင်ဖို့ဒ်ကြီးမှာ သူ့ကိုသတ်တာလဲမသေတဲ့အပြင် တွင်းထဲကစော်ကပါ အူကြောင်ကြားနဲ့ အပြင်ထွက်လာတဲ့အခါ သူကို့ဘယ်သူကလာသတ်တာလဲ သူပို့ပေးခဲ့တဲ့ပစ္စည်းတွေဘယ်မှာလဲ သူ့ဝေစုကဘယ်မှာလဲ စသည်ဖြင့် အရာရာကိုအဖြေရှာဖို့ကြိုးစားရပါတော့တယ် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ခန်းတွေအပြင် မြှုပ်ကွက်များစွာနဲ့ ရှယ်လန်းတဲ့ဇာတ်လမ်းလေးမို့ ပရိသတ်ကြီး အကြိုက်တွေ့မှာအမှန်ပဲမို့ အားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Crime, Thriller Quality…. 1080p | 720p File size… 944MB | 493MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai ...
movie

Skinford: Death Sentence (2023)

2023
Prisoner’s Daughter (2023) 6.3
Prisoner’s Daughter (2023) Prisoner's Daughter (2023)လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့ အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။ လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။ လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲ ငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။ Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။ Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox ( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီး သူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။ တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ...
movie

Prisoner’s Daughter (2023)

2023
My Husband’s Worst Mistake (2023) 5.5
My Husband’s Worst Mistake (2023) My Husband's Worst Mistake (2023)မိန်းမကို တစ်ခါလေး သစ္စာမရှိလိုက်တာက လူသတ်မှုနဲ့ အဖမ်းခံရတဲ့အထိပါ ဖြစ်သွားနိုင်တာလား? ကန့် နဲ့ ဆာရာတို့ လင်မယားက လူစီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမယ့် ကန့်က အလုပ်ကိုပဲအမြဲဦးစားပေးနေလို့ အိမ်ထောင်ရေးက အေးတိအေးစက်ဖြစ်နေတာ ကြာပါပြီ။ တစ်ရက်တော့ ကန့်တစ်ယောက် မထင်မှတ်ထားဘဲ အလုပ်ကဝန်ထမ်းအငယ်မလေး အေမီနဲ့ တစ်ညအိပ်မိသွားတယ်ပေ့ါ။ ဖြစ်ချင်တော့ သူအိပ်မိလိုက်တဲ့ ဝန်ထမ်းမလေးကလည်း မထင်မှတ်ဘဲ ဆုံးသွားပြီး သူ့ရဲ့ အလုပ်က ပြိုင်ဖက် မီဂူရယ်ကလည်း သူနဲ့ ဝန်ထမ်းမလေးဓာတ်ပုံတွေနဲ့ သူ့ကိုပြန်ခြိန်းခြောက်လာတော့ မိန်းမကို ဖောက်ပြန်မိတဲ့အကြောင်းပြောပြလိုက်ရပါတော့တယ်။ အရင်ကတည်းက စိတ်ပျက်နေတဲ့ မိန်းမဖြစ်သူက ဒီကိစ္စပါ ဖြစ်လာတော့ ကန့်ကို အိမ်ခွဲနေခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ခွဲနေတုန်းမှာ ဆာရာက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဘရက်နဲ့ရင်းနှီးလာပါတယ်။ တစ်ဖက်မှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကန့်နဲ့ ဆာရာမကွဲကွဲအောင် ဓာတ်ပုံတွေ ပို့လာတော့ ကန့်လည်း အလုပ်က ပြိုင်ဖက် မီဂူရယ်ထင်ပြီးပြဿနာသွားရှာတော့တာပေါ့။ သူပြဿနာသွားရှာခဲ့တဲ့ မီဂူရယ်တစ်ယောက် မထင်မှတ်ဘဲ ဆုံးသွားပြီး ကန့်တစ်ယောက် သံသယရှိတဲ့လူသတ်သမားအနေနဲ့ အဖမ်းခံရတာကြောင့် ဆာရာက သူတွဲနေတဲ့ ရှေ့နေဖြစ်သူဘရက်ကို ...
movie

My Husband’s Worst Mistake (2023)

2023
Maggie Moore(s) (2023) 6
Maggie Moore(s) (2023) Maggie Moores (2023)ဒီ Maggie Moores ဆိုတဲ့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဒါရိုက်တာ John Slattery ကရိုက်ကူးထားတာပါ။2000 ခုနှစ် အောက်တိုဘာလ 12 ရက်နေ့မှာ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။ အောက်တိုဘာလ 16 ရက်နေ့မှာ နာမည်တူ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦးထပ်အသတ်ခံရပြန်တယ်။ နှစ်ဦးစလုံးအသတ်ခံရတာဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့လက်ချက်ဆိုတာပါပဲ။ပထမလူကို မှားသတ်မိလို့ ဒုတိယလူကိုထပ်သတ်တာလား ဒါမှမဟုတ် ပထမအမှုကို ရှုပ်ထွေးအောင် ဒုတိယလူကို ထပ်သတ်လိုက်တာလားကတော့ ယနေ့ထိတိုင်အငြင်းပွားနေကြဆဲပါ။အားလုံးလည်း ပဟေဠိလေးတွေ ဖြစ်သွားမလား ဆိုတာတော့ ဇာတ်လမ်းကြည့်ရင်း အတွေးပွားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime,Thriller Quality…. 1080p | 720p File size…966MB | 527MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Maggie Moore(s) (2023)

2023
Andy Somebody (2023)
Andy Somebody (2023) Andy Somebody (2023)ဒီဇာတ်လမ်းကတော့ သာမန်လူရိုးလူဖြောင့်တစ်ယောက်က ဒုစရိုက်သမားတစ်ယောက်လို ငွေတွေလိမ်လည်ထွက်ပြေးရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ဇာတ်လမ်းပေါ့။ အန်ဒီက စာရင်းကိုင်တစ်ယောက်ပါ။ သူက ပလတ်စတစ်ဆာဂျင်ဒေါက်တာရှစ်ဖလက်ဆီမှာစာရင်းကိုင်လုပ်တယ်။ ဒေါက်တာဆိုလို့အထင်ကြီးမသွားနဲ့ဦး။ ရှစ်ဖလက်ကအခွန်တွေရှောင်တယ် တရားမဝင်ဆေးတွေဖြန့်တယ် ပလတ်စတစ်ဆာဂျင်လုပ်စရာမလိုတဲ့သူတွေကို နတ်သမီးလောက်လှနေရင်တောင် နင်ကဘီလူးမလောက်ပဲလှတယ် ပြင်မှဖြစ်မယ်ဆိုတာမျိုးပြောပြီး ခွဲစိတ်မှုတွေအတင်းလုပ်ခိုင်းတယ်။ အန်ဒီက အဲ့ဒါတွေကိုသဘောမတွေ့ဘူး။တစ်နေ့တော့ ဒေါက်တာက အခွန်ရှောင်မှုနဲ့ဂျေးထဲအောင်းရခါနီးဖြစ်တော့ အန်ဒီ့ကိုစာရင်းတွေလိမ်လည်ပြီးဆွဲခိုင်း သူလစ်ဖို့ရာကမ်းလွန်အကောင့်တွေအတင်းဖန်တီးခိုင်းလုပ်တယ်။ အဲ့မှာနဂိုထဲကစိတ်ညစ်ပြီးပြေးဖို့ကြံနေတဲ့အန်ဒီက မထူးပါဘူးဆိုပြီး ဒေါက်တာ့ရဲ့ပိုက်ဆံသုံးသန်းကိုယူပြီးပြေးပါလေရော။ ဒေါက်တာကလဲ သူ့တပည့်ကျော်စီအိုင်အေထွက်လူမိုက်ကို အန်ဒီ့နောက်လိုက်ဖို့လွှတ်လိုက်ရာကနေ ဒုစရိုက်သမားမဟုတ်တဲ့ အန်ဒီတစ်ယောက်သူတို့လက်ကဘယ်လိုပြေးမလဲဆိုတာကို ဒီဟာသအက်ရှင်ဇာတ်လမ်းမှာကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.1GB | 515MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
movie

Andy Somebody (2023)

2023
Gray Matter (2023)
Gray Matter (2023) Gray Matter (2023)Sci-Fi Thriller ကားကောင်းကောင်းလေကြိုက်တတ်တဲ့သူတွေ Thr Witch(Korea) တို့ Stranger Things တို့လိုဇာတ်ကားမျိုး Thriller လဲဆန်ရမယ် စူပါပါဝါနဲ့ကောင်မလေးတစ်ယောက်လဲ ပါရမယ် ဇာတ်ကွက်ကလဲ လှည့်ကွက်လေးတွေနဲ့မှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် 2023 ထွက် Grey Matter ဆိုတဲ့ကားလေးတင်ပေးလိုက်ပါတယ်။Grey Matter ဆိုတာကတော့ ဦးနှောက်နဲ့ ကျောရိုးမကြီးဆက်တဲ့နေရာက အရေးပါတဲ့ ဦးနှောက်တစ်ရှုးနေရာလေးကို ပြောတာပါ။ အဲ့နေရာလေးက စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ မှတ်ဉာဏ်တွေ စိတ်ခံစားချက်တွေ လှုပ်ရှားမှုတွေအတွက် အရေးပါတဲ့နေရာလေးပါ။ ဒါကလဲ ဒီဇာတ်ကားရဲ့ အဓိကအရာလေးမို့ ဒီလိုနာမည်ပေးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စိတ်စွမ်းအားတွေရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ အမေဖြစ်သူနဲ့ နှစ်ယောက်တည်းနေပြီး ကျောင်းလဲမတက်ရ အပြင်လဲမထွက်ရပဲ အိမ်မှာပဲစာသင်ပြီးနေနေရပါတယ်။ အမေဖြစ်သူကတော့ သူတို့လိုစွမ်းအားရှိတဲ့သူတွေ လိုက်ဖမ်းနေတာကြောင့်ဆိုပြီး ဘယ်ကိုမှပေးမသွားသလို ဘယ်သူနဲ့မှလဲအဆက်ဆံမလုပ်ခိုင်းပါဘူး။ ဒါပေမဲ့ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း အရာရာကိုစူးစမ်းပြီး တခြားကလေးတွေလိုပဲ နေ့စဉ် ကျောင်းသွား သူငယ်ချင်းတွေထားပြီး ပုံမှန်ဘဝလေးကို လိုချင်နေတာပါ။တစ်နေ့တော့ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူနဲ့ လိုက်သွားပြီး တခြားဆယ်ကျော်သက်လေးတွေနဲ့သွားပြီးတွေ့ရာကနေ သူ့ရဲ့အစွမ်းကိုမထိန်းချုပ်နိုင်တော့ဘဲ လွတ်ထွက်သွားရာကနေ စပြီးသူ့အမေပြောထားသလိုပဲ သူ့ကိုလာဖမ်းသွားမလား ဒါမှမဟုတ် သူ့အမေကပဲ ...
movie

Gray Matter (2023)

2023
A Place to Fight For (2023) 6.1
A Place to Fight For (2023) A Place to fight for (2023)ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့ လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။ သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။ အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။ နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။ မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ် ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။ သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ ...
movie

A Place to Fight For (2023)

2023
Bones of Crows (2023) 6.4
Bones of Crows (2023) Bones of Corws (2022)(RT 94% , IMDb 6.6 )ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် ...
movie

Bones of Crows (2023)

2023
Deadly Entanglement (2023) 720
Deadly Entanglement (2023) Deadly Entanglement (2023) ======================လောကမှာ ပစ္စည်းတစ်ခုခုကိုပဲဖြစ်ဖြစ်၊ လူတစ်ယောက်ကိုပဲဖြစ်ဖြစ် ကိုယ်မှမပိုင်ဆိုင်ရရင် တခြားဘယ်သူ့ကိုမှပိုင်ဆိုင်ခွင့်မပေးနိုင်လောက် တော့တဲ့ စွဲလမ်းစိတ်ကြီးမားတဲ့သူတွေရှိကြမှာပါ။ ကျွန်တော်တို့တတွေ ဟာ တွေ့ဆုံကြုံကွဲ ဆိုတဲ့ သံသရာစက်ဝန်းထဲမှာပဲ လည်ပတ်နေတာ ဖြစ်လို့ တစ်ခါတစ်ရံ မစွန့်လွှတ်ချင်ပေမဲ့လည်း စွန့်လွှတ်လိုက်ရတဲ့ အခိုက် အတံ့ပေါင်းများစွာ ကြုံတွေ့ကြရမှာ။ အဲလိုမှ မဟုတ်ပဲ တစ်ဖက်သတ် အတင်း တွယ်ကပ်နေမယ်ဆိုရင်တော့ 'တစ်ဖက်သတ်' ဆိုတဲ့အတိုင်း တစ်ဖက်ကို သတ် ရင်း ကိုယ်ပါသေတတ်တယ်မဟုတ်လား။ဒီဇာတ်ကားလေးထဲမှာလဲ ကွာရှင်းပြီးတဲ့ သူ့ရဲ့ခင်ပွန်းဟောင်းကို ဖက်တွယ် မိတဲ့ ဒီဒရာ ဆိုတဲ့ တစ်ယောက် သူတို့ရဲ့ သားလေးကို အုပ်ထိန်းခွင့် ရဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခင်ပွန်းဟောင်းရဲ့ မိသားစုနဲ့ ပတ်သတ်ဖို့အကြောင်းဖန် လာပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်အစစ်က သူ့ခင်ပွန်းရဲ့ အနား မှာ ရှိတဲ့ တခြားသူတွေကို ဖယ်ရှားပစ်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သား ရယ် ခင်ပွန်း ရယ် ဇနီးဟောင်းရယ် ဇနီးသစ်လေးရယ် ကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ် ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.39 ...
movie

Deadly Entanglement (2023)

2023
Kutch Express (2023) 6.7
Kutch Express (2023) IMDb-6.7/10ငယ်ငယ်ကသွားကြီးလေး ကြီးမှခန့်ချောလေးဖြစ်လာတဲ့ Darsheel Safary ၊ အပြင်မှာခပ်လန်းလန်းနေတတ်ပြီး ရိုးအတဲ့ဇာတ်ကောင်နေရာနဲ့ Manasi Parekh ၊ ဆံဖြူသည်ထိ မပင်မပန်း ကျရာဇာတ်ကောင်မျိုးစုံလုပ်နိုင်နေသေးတဲ့ မင်းသမီးကြီးRatna Pathak Shah အရွယ်သုံးပါးစုံစုံလင်လင် ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း‌ကိုယ့်မွေးနေ့မှာတောင် ကျန်တစ်အိမ်သားလုံးရဲ့အကြိုက်တွေကိုရွေးပြီး စုံနေအောင်ချက်ပေးတတ်တဲ့ မွန်ဂီဟာ သူ့ကိုယ်သူအိမ်ထောင်ရေးကံ မိသားစုကံကောင်းလွန်းသူပါဆိုပြီး ပျော်နေသူပေါ့ သူက မိသားစုအရေးနဲ့ မီးဖိုချောင်ထဲမှာပဲဘဝကိုမြှုပ်ထားပေမဲ့ ဘာမှမသိမတတ် နုံနုံအအတော့မဟုတ်ပါဘူးသူ့ခင်ပွန်း ဒါမက်ရှ်ကတော့ ခပ်ရိုးရိုးပုံတုံးတုံးနေတဲ့အိမ်ရှင်မကို အထင်မကြီးလူရာမသွင်းပါဘူး မွေးနေ့ကိုတောင် ဘေးလူပြောမှသိ ဟတ်ပီးဘတ်ဒေးပြောပေးဖို့တောင် နှုတ်ဆွံ့နေသတဲ့ ဒီလိုအိမ်ထောင်ရေးမှာဖြစ်လာမဲ့အဖုအထစ်ကတော့ ဖောက်ပြန်မှုကလွဲတခြားမရှိ....ဒါမက်ရှ် ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ဖောက်ပြန်နေမှန်းသိလိုက်ရချိန် ဒီလူကိုပဲတစ်မျက်နှာတစ်ကမ္ဘာလုပ်ထားတဲ့ မွန်ဂီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ...အိမ်ထောင်ဆိုတာ မကုန်မခမ်းနိုင်အမျိုးစုံသုခဒုက္ခပေါင်းစုံရာကမ္ဘာပဲလေ ဒီတော့ဒီကားမှာရော ဒီလိုပဲဖန်တရာထေဇာတ်လမ်းပုံစံဖြစ်နေပါ့မလားဘယ်လိုမတူညီတဲ့ရှုထောင့်တွေပါမလဲ...(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Aditi ~ YH ~ V တို့ပဲဖြစ်ပါတယ်) File size…2.1GB / 844MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie

Kutch Express (2023)

2023
Sun Moon (2023) 5.3
Sun Moon (2023) Sun Moon (2023)သတို့သား မရှိခဲ့တဲ့ Kelsey ရဲ့ မင်္ဂလာပွဲ ... ဘာလို့လဲဆိုတော့ ဘုရားသခင်က ပြောလို့ လက်ထပ်လို့မရဘူး ဆိုတဲ့ဆင်ခြေနဲ့ သူချစ်ရတဲ့သူရဲ့ပစ်ပယ်ခြင်းကိုခံလိုက်ရတဲ့ Kelsey တစ်ယောက်အတွက် ဘုရားသခင်က သူမကိုကျ ဘာလို့ မပြောတာလဲဆိုတဲ့ လူတွေရဲ့မေးခွန်းကို ဖြေပေးစရာစကား သူ့မှာ ရှိမနေခဲ့ပါဘူး။ ဘုရားကျောင်း နဲ့ လူတွေကို ရင်ဆိုင်​တွေ့ဖို့ ကြောက်နေတဲ့ Kelsey က မင်္ဂလာပွဲကပစ္စည်း​တွေယူဖို့ မတတ်နိုင်ဘဲဘုရားကျောင်းကိုသွားရပြန်တယ် ။ အဲ့ဒီမှာ အခါအခွင့်သင့်စွာနဲ့ ထိုင်ဝမ်မှာ အင်္ဂလိပ်စာသင်ပေးဖို့ အလုပ်ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ဘဝရဲ့ ရှုံးနိမ့်မှုတွေနဲ့ လှောင်ပြောင်ခံရခြင်းတွေဆီကထွက်ပြေးဖို့ ထိုင်ဝမ် ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ Kelsey တစ်ယောက် သူ့ရဲ့ဒဏ်ရာတွေကို ထိုင်ဝမ်မှာကုစားနိုင်ပါ့မလားဆိုတာ ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Phyu Phyu Thant ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.5GB | 799MB Format… mp4 Duration…. 1h ...
movie

Sun Moon (2023)

2023