Channel Myanmar

2023

Por Thozhil (2023) 8.4
Por Thozhil (2023) Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL ...
movie

Por Thozhil (2023)

2023
4K HEVC
Bora (2023)
Bora (2023) Bora (2023)ဒီကားလေးက 2023 ခုနှစ်ထွက် Thriller ကားသစ်လေးဖြစ်ပါတယ်။ အီလွန်ဆိုတဲ့ကောင်မလေးက မက်ဆီကန်ရိုးရာ လူသေများရဲ့နေ့မှာ စည်းကမ်းတင်းကြပ်တဲ့ မိဘနဲ့ အကာအကွယ်လွန်နေတဲ့ရည်းစားရဲ့လက်က‌နေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ခရီးထွက်လာပါတယ်။ လမ်းမှာ ဘိုရာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့မတော်မဆတိုက်မိပြီး အဲဒီကောင်မလေးကို လမ်းကြုံခေါ်တင်လာပါတယ်။အဲဒီကနေမှ သူတို့ရင်းနှီးလာပြီး အီလွန်ကို ဘိုရာက အယ်လ်အေတစ်ဝိုက် လိုက်ပြမယ်လို့ပြောပြီး အီလွန် တစ်ခါမှမလုပ်ဖူးတာတွေကို လုပ်ဖို့ဆွဲဆောင်ပါတော့တယ်။ ဘိုရာနဲ့တွေ့ပြီး အီလွန်မကြုံဖူးတာတွေကိုပါ ကြုံလာရရင်း ဘိုရာကဘယ်လိုလူစားမျိုးလဲ... ဘိုရာနဲ့အတူရှိရတာ အီလွန်အတွက် အန္တရာယ်ရောကင်းရဲ့လား...ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 730MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri ...
movie

Bora (2023)

2023
Vaan Moondru (2023) 5.7
Vaan Moondru (2023) Vaan Moondru (2023) IMDb-5.7/10တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက် ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ်ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေ အဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူ ဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကို ရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.25GB  / 568MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Cherry
movie

Vaan Moondru (2023)

2023
Rakshak – India’s Braves (2023) 8.8
Rakshak – India’s Braves (2023) Rakshak-India's Braves 2023အိန္ဒိယရဲ့သူရဲကောင်းများတဲ့ယူနီဖောင်းနဲ့ခန့်နေတဲ့ Jalebi မင်းသား Varun Mitra နဲ့ အပြုံးချိုချိုမင်းသမီးလေး Kanika Mann တို့အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ သမီးဖြစ်သူကိုဘူတာလိုက်ပို့ရင်း ဖုန်းအားပြည့်ရဲ့လား မုန့်နဲ့ရေကပါရဲ့လားနဲ့ သဲသဲလှုပ်ဂရုစိုက်အချစ်ပိုနေကြတဲ့ မိသားစုလေးကိုကြည်နူးဖွယ်မြင်တွေ့ရမှာပါ အဲဒီချိန်မှာပဲ မထင်မှတ်တဲ့ပေါက်ကွဲမှုတစ်ခု .....ဆိုနူးကတော့ခါးပတ်ညိုရထားတဲ့ ဗိုလ်ကြီးတစ်ဦးပါ ခွင့်ရက်ပြန်လာချိန် အပြုံးချိုချိုမာလာလေးနဲ့ စေ့စပ်ပေးဖို့ အိမ်ကစီစဉ်ထားတာနဲ့တန်းတိုးတာပေါ့ အပြုံးချိုလေးဘယ်လောက်စွမ်းလဲဆို တစ်သက်လုံးမကြိုက်တဲ့ ခရမ်းသီးချက်တောင်စားမယ် ဖြစ်သွားသည်ထိပါပဲ ခွင့်ရက်မစေ့ခင်မှာပဲ တာဝန်ကျလို့ပြန်သွားရချိန်မှာတော့....သာမန်အရပ်သားဘဝမှာ မေတ္တာအပြည့်ကြည်နူးနေတဲ့သူတစ်ယောက် တာဝန်ဝတ္တရားနဲ့ နိုင်ငံ့အကျိုးသယ်ပိုးရချိန်မှာလည်း နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်နေရသူ မေတ္တာဖွဲ့ ၊ စိတ်ခွန်အား ၊ အက်ရှင်တို့ကို တစ်စုတစ်စည်းတည်းမြင်တွေ့ရမဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.59GB / 680MB  Quality…1080p WEB DL /720p Format…mp4 Duration…1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ V ~ Yunni
movie

Rakshak – India’s Braves (2023)

2023
[18+] Manyak (2023) 5.6
[18+] Manyak (2023) Manyak (2023)ဒတ်ဇရေးဟာ သူ့အစ်မခရီးသွားတဲ့အချိန် အိမ်ကိုစောင့်ရှောက်ပေးဖို့ နယ်ဘက်က ကျယ်ဝန်းလှတဲ့အိမ်ကြီးတစ်လုံးဆီကို သူ့ချစ်သူနဲ့အတူရောက်လာခဲ့ပါတယ်။ သူနဲ့သူ့အစ်မဟာ ခပ်တန်းတန်းဆက်ဆံရေးရှိကြပြီး သူတို့အိမ်ရောက်လာတဲ့အချိန်မှာ အိမ်စောင့်တစ်ယောက်ပဲ သူတို့ကိုသော့ပေးဖို့ကျန်ခဲ့ပါတယ်။အဲဒီညမှာပဲ ဒတ်ဇရေးရဲ့ချစ်သူ မော်ဒယ်က မြို့မှာရိုက်ကွင်းရှိလို့ ပြန်သွားတဲ့နောက် အိမ်ကြီးတစ်ခုလုံးမှာ သူတစ်ယောက်ပဲကျန်ခဲ့ပါတော့တယ်။ အဲဒီညသန်းခေါင် ဒတ်ဇရေး ရေထသောက်တဲ့အချိန်မှာ တံခါးအကွယ်က အရိပ်မည်းတစ်ခု သူ့နောက်ကိုပြေးလိုက်လာခဲ့ပြီး သတိမေ့လဲကျသွားခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာ သူသိလိုက်ရတာက အဲဒီညက သူမုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုတာပါပဲ။ဒီအကြောင်းကို ဘယ်သူမှမပြောဘဲထားခဲ့ပေမဲ့ သိတဲ့သူတွေရှိနေပါတယ်။ တရားခံကလည်း သူတို့ထဲကပါပဲ။ မတွေ့ရတာကြာနေတဲ့ Christine Bermas နဲ့ ကားရိုက်ကျဲတဲ့ မမ Sheree တို့က ညီအစ်မတွေအဖြစ်ခေါင်းဆောင်ပါဝင်ထားတဲ့ Thirller ပုံစံ ကားကောင်းတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 720MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration ...
movie

[18+] Manyak (2023)

2023
Maaveeran (2023) 7.5
Maaveeran (2023) Maaveeran (2023) IMDb-7.5/10ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆို သတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။) နောက်ပြီး ငကြောက်။"ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏"ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ "နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ"ဆိုပြီးနေတဲ့သူ။နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်း သံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့....။ ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာ ဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~YH~Zwe~Cherry~Moon~BpL
movie

Maaveeran (2023)

2023
Ostrov (2023)
Ostrov (2023) Ostrov (2023) ============လင်မယားနှစ်ယောက်အပန်း‌ဖြေခရီးထွက်ရင်း ခင်ပွန်းဖြစ်သူက ကွာရှင်းပေးဖို့တာင်းဆိုခဲ့ပါတယ်။အဲ့ဒါကြောင့်ဇနီးဖြစ်သူကစိတ် တိုပြီးချက်ချင်းပြန်ကြဖို့ပြောပါတယ်။ ယောကျာ်းဖြစ်သူကလည်း လေယာဉ်မရလို့ ရတဲ့ကုန်တင်လေယာဉ်အစုတ်နဲ့ပြန်ဖို့စီစဉ်လိုက် ရာမှ လေယာဉ်ပျက်ကျပြီးလင်မယားနှစ်ယာက်ကျွန်းတစ်ခုပေါ် သောင်တင်သွားပါတော့တယ်။အဲတော့ လူသူမရှိတဲ့ကျွန်းပေါ်မှာရန်ဖြစ်ထားကြတဲ့လင်မယား နှစ်ယောက်ဘယ်လိုဖြတ်သန်းကြမလဲ၊ နောက်ပြီးတော့ ဘယ်လို တလွဲတွေလုပ်ကြမလဲ၊ သူတို့နှစ်ယောက်ကြားကသဘောထား ကွဲလွဲမှုတွေကိုဘယ်လိုပြင်ကြမလဲဆိုတာကိုကြည့်ရှုရမဲ့ comedy ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zarni Oo ဖြစ်ပါတယ်)File Size..........(1.67 GB) / (742 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator......Khant Zarni Oo Encoder..........SWM
movie

Ostrov (2023)

2023
Hidimbha (2023) 9.2
Hidimbha (2023) Hidimbha 2023 IMDb 9.2/10 Action/Dramaသည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL
movie

Hidimbha (2023)

2023
The Bigfoot Trap (2023)
The Bigfoot Trap (2023) The Bigfoot Trap (2023)ဒီဇာတ်လမ်းထဲမှာဆိုရင်ဖြင့် အမေရိကတိုက်တစ်ဝှမ်း အယူသီးတဲ့သူတွေကို လိုက်အင်တာဗျူးပြီး သူတို့ဘယ်လိုမိုက်မဲကြောင်းကို ဗီဒီယိုလုပ်ပြီး အရှက်လိုက်ခွဲတဲ့ ဂျော့ရှ်ဆိုတဲ့ သတင်းထောက်တစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူ့အလုပ်ရှင်က Bigfoot ကို ရှာတွေ့တော့မယ်လို့ ကြုံးဝါးနေတဲ့ ရက်ဒ်ဆိုတဲ့ လူဆီကို အလိမ်ဖော်ဖို့အတွက်ဆိုပြီး လွှတ်လိုက်ပါတယ်။အစပိုင်းမှာတော့ ဂျော့ရှ်က ဒီလူလိမ်နေတာပဲဆိုပြီးတော့ သူရလာသမျှသဲလွန်စတွေကို လိုက်ပြီးအဖျက်အမှောင့်လုပ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့ကျ ဂျော့ရှ်ဟာ ရက်ဒ်ရဲ့ သူငယ်ချင်းကို မတော်တဆသတ်မိသွားပါတယ်။ အဲဒီအချိန်ကစပြီး ဂျော့ရှ်တစ်ယောက်ကံဆိုးမိုးမှောင်တွေကျ အဖြစ်ဆိုးပေါင်းများစွာနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ ဂျော့ရှ်ဟာ တကယ်ရှိနေခဲ့တဲ့ Bigfoot ကို ရှာမတွေ့သွားပေမဲ့လည်း လူ့ဘဝရဲ့ အဓိပ္ပါယ်ကို အသက်နဲ့ရင်းပြီးသိသွားခဲ့ရပါတယ်။ဒီဇာတ်ကားရဲ့နာမည်ကို The Bigfoot Trap ဆိုပြီးနာမည်ပေးထားပေမဲ့ Bigfoot နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပြင် လက်တွေ့ဘဝ သင်ခန်းစာတွေကိုပါ ထည့်ပေးထားပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ ကံဇာတာမြင့်နေတဲ့အချိန်မှာ အောက်ခြေလွတ်သွားတတ်ကြပါတယ်။ လောကဓံတရားကို ...
movie

The Bigfoot Trap (2023)

2023
Red, White & Royal Blue (2023) 7.8
Red, White & Royal Blue (2023) Red, White, and Royal Blue (2023)2019 မှာ Casey McQuiston ရဲ့ Red, White, and Royal Blue ဝတ္ထုထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ LGBTQ+ တွေ ပရိသတ်တွေအားလုံး အစောင့်စားရဆုံးဇာတ်လမ်းတွေထဲမှာ ဒီ Red, White, and Royal Blue ပါဝင်ခဲ့ပါတယ်။LGBTQ+ တွေရဲ့အချစ်ရေးက မဖြောင့်ဖြူးပါဘူး၊ လူတွေရဲ့ဝေဖန်မှုတွေကို သာမန်ထက်ပိုခံရပါတယ်ဆိုမှ ဒီအချစ်ရေးမှာပါဝင်နေသူတွေကသာ တကယ့်ထိပ်ခေါင်တွေဖြစ်နေကြရင်ရော။ သူတို့ကတော့ အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ပါပဲ။ အဲလက်စ်က သမ္မတသားဆိုတော့ သူ့အမေပုံရိပ်အတွက် လိုအပ်တဲ့ပွဲတွေတက်၊ ဓာတ်ပုံတွေအရိုက်ခံပေါ့။ ဒါပေမဲ့သူကတကယ်တမ်းတော့ သူ့အမေအတွက်ကမ်ပိန်းမှာ အိုင်ဒီယာတွေပေး နိုင်ငံရေးကိုလေးလေးနက်နက်ပါဝင်ချင်တာပါ။ မင်းသားဟင်နရီကျတော့ တစ်မျိုး။ သူကတော်ဝင်ဘဝကြီးမှာ မွန်းကျပ် ငြီးငွေ့နေတာ။ သူတို့စိတ်နေစိတ်ထားတွေက တော်တော်တူပေမယ့်လဲ နားလည်မှုလွဲနေတာလေးတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် တစ်စက်မှကြည့်မရကြပါဘူး။ ဒါပေမဲ့ ဒီနှစ်ယောက််််သား နိုင်ငံရေးအရချစ်ကြည်မှုပြရင်း ခင်မင်မှုတွေချစ်ခြင်းတွေ တည်ဆောက်သွားတာကို တစ်ဆင့်ချင်းမြင်ကြရမှာပါ။ ဒီကားရဲ့ အကောင်းဆုံးအပိုင်းဆိုရင် Chemistry မိလွန်းတဲ့ မင်းသားနှစ်ယောက်လို့ပြောရမှာပဲ။ ရန်ဖြစ်စကားနိုင်လုချိန်မှာလဲ ...
movie

Red, White & Royal Blue (2023)

2023
Cobweb (2023) 6.1
Cobweb (2023) Cobweb (2023) ============ IMDb Rating - 6.1/10The Boys, Banshee စီးရီးတို့နဲ့ လူသိများတဲ့ မင်းသား Antony Starr ရဲ့ ဟော်ရာ ရုပ်ရှင်အသစ်လာပါပြီ။ ဇာတ်လမ်းကောင်းသလို ကြောက်ဖို့လည်း ကောင်းပါတယ်။ မင်းသမီးကတော့ Now You See Me ထဲက Lula အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lizzy Caplan ပါပဲ။ဇာတ်လမ်းအကျဉ်း - မာ့ခ် နဲ့ ကယ်ရိုးဆိုတဲ့ လင်မယားမှာ ပီတာ ဆိုတဲ့သားလေး တစ်ယောက်ရှိ တယ်။ သူတို့မိသားစုက အိမ်ဟောင်းတစ်ခုထဲမှာ နေကြတယ်။ ပီတာက ညတိုင်း နံရံထဲကနေ ကောင်မလေးတစ်ယောက်ရဲ့ အသံကို ကြားနေရတယ်။ ကြားပြီး လန့်နိုးတိုင်း သူ့မိဘတွေက အိပ်မက်ဆိုးဖြစ်ကြောင်း ပြောပြီး ပြန်သိပ် ပေးကြတယ်။ ဒါပေမဲ့ အဲဒီအသံနဲ့သူနဲ့ ပိုပိုပြီး ဆက်သွယ်မိလာတဲ့အခါ အသံ ရှင်က ပီတာ့ကို ကြောက်စရာလျှို့ဝှက်ချက်ကြီးတွေတွေ ပြောပြပြီး အကူအညီ တောင်းပါတော့တယ်...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.7 GB) ...
movie

Cobweb (2023)

2023
4K HEVC
Adipurush (2023)
Adipurush (2023) Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…2.73GB / 1.33GB Quality…1080p NF WEB DL  / 720p ...
movie

Adipurush (2023)

2023
Marry My Dead Body (2023) 7.5
Marry My Dead Body (2023) Marry my dead body (2023)စော်မရှိဘဲမရှိလေးတွေအတွက် ရွေးစရာတစ်ခုကိုချပြလိုက်တဲ့ Taiwan BL movie ကား Marry My Dead Bodyလေး ထွက်ရှိလို့လာပါပြီ။ Trailerထွက်လာကတည်းက ‌တော်တော်လေးစိတ်ဝင်စားခံနေရတဲ့movieလေးလည်းဖြစ် BL romance သီးသန့်ကြီးမဟုတ်ဘဲ Crime suspense လေးပါတွဲပါသေးတဲ့အပြင် ထိုင်ဝမ်BLပီပီ လက်ကိုင်ရုံနဲ့ပြီးတဲ့ဂျင်း‌တွေနည်းတဲ့ကားလေးဆိုတော့ အများကြီးဆက်မညွှန်းတော့ပါဘူး...21 ရာစု LGBTQကာလကြီးထဲမှာ လိင်တူချစ်သူဆိုတာ ဘာရယ်မဟုတ်ပေမဲ့ homophobic ရဲသားလေးဝူမင်ဟန်ကတော့ ဒါကိုလက်မခံပါဘူး။ လိင်တူချစ်သူဆိုတာကို ရွံစရာလို့သတ်မှတ်တဲ့အပြင် ဂေး ဆို ပိုပြီး ချိုးနှိမ်တတ်လို့ အပြစ်ပေးခံရသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ မူးယစ်ရာဇာကြီးရဲ့ တပည့်တစ်ယောက်ကိုလိုက်ဖမ်းရင်းနဲ့ သူပစ်ချခဲ့တဲ့သက်သေတွေကို လိုက်ကောက်ရင်း သက်သေမဟုတ်တဲ့ စာအိတ်အနီလေးကို ကောက်မိတဲ့အခါ ...စာအိတ်ကိုကောက်လိုက်တာနဲ့ ဝိုင်းအုံလာကြတဲ့အဒေါ်ကြီးတစ်သိုက်နဲ့ သူတို့ပြောသွားတဲ့ စာအိတ်ထဲက ဓာတ်ပုံပိုင်ရှင်‌ကောင်‌လေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ ထူးဆန်းတဲ့စကားတွေဟာ ဝူမင်ဟန်အတွက်တော့ ဟာသတစ်ခုထက်မပိုပါဘူး။ ဓာတ်ပုံပိုင်ရှင်က ကောင်လေးဖြစ်နေပြန်တော့ သရဲနဲ့မှတော့ မဂေးနိုင်ဘူးဆိုတဲ့မင်ဟန်ကတော့ အဘွားကြီးရဲ့ လက်မထပ်ရင်ကံဆိုးလိမ့်မယ်ဆိုတဲ့စကားကို လျစ်လျူရှုပြီးထားခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့မူပိုင်ရှင်လေးက သူ့နောက်ကလိုက်နေလေတော့ သရဲကြောက်တဲ့မင်ဟန်တစ်ယောက် သရဲ‌နဲ့လက်ထပ်ရမယ့်အပြင် သရဲတွေမြင်နေရတဲ့ပြဿနာကြီးက ဆီးကြိုနေတဲ့အခါ...တျဲကြောက်ပါတယ်ဆိုမှ တျဲနဲ့မှညားတဲ့မင်ဟန်တစ်‌ယောက် ပဟေဠိတွေနဲ့ ...
movie

Marry My Dead Body (2023)

2023
[18+] No Hard Feelings (2023) 6.7
[18+] No Hard Feelings (2023) No Hard Feelings (2023)~ IMDb - 6.7/10, Rotten Tomatoes - 70% ~ဂျနီဖာလောရန့်ရဲ့ ရုပ်ရှင်အသစ် တင်ပေးထားပါပြီ။ သရုပ်ဆောင်သစ် Andrew Barth Feldman နဲ့အတူ သရုပ်ဆောင်ထားတဲ့ ဟာသ အချစ်ကားလေးပါ။ ဒီရုပ်ရှင်မှာပါဝင်ဖို့အတွက် မင်းသား Andrew Barth Feldman ဟားဗက်တက္ကသိုလ်တက်ဖို့ကို နောက်ရွှေ့ခဲ့တာ နာမည်ကြီးပါပဲ။ ဒါပေမဲ့ J Law နဲ့ အတူတွဲရကတည်းက တန်နေပါပြီ။ အထူးသဖြင့် J Law ရဲ့ တုံးလုံးခန်းပါနေတာကြောင့်ပါ။ တုံးလုံးခန်းတွေ အသုံးအနှုန်းကြမ်းတွေကြောင့် R rated ဟာသကားဖြစ်ကြောင်း သတိပေးချင်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မက်ဒီဆိုတဲ့ အူဘာတက္ကစီမောင်းတဲ့ အစ်မကြီးဟာ အိမ်အခွန်မဆောင်နိုင်လို့ ကားသိမ်းခံလိုက်ရပါတယ်။ မကြာခင် အိမ်လည်းအသိမ်းခံရနိုင်ပါတယ်။ ဒီအိမ်လေးကို သူ့အမေက အမွေပေးခဲ့တာကြောင့် မဆုံးရှုံးချင်တဲ့ မက်ဒီဟာ ...
movie

[18+] No Hard Feelings (2023)

2023
4K HEVC
What Comes Around (2023) 5.1
What Comes Around (2023) What Comes Around (2023) ====================အန်နာဟာ အမေနဲ့အတူနေတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဖြစ်တယ်။ သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တဲ့အရွယ်မှာ အွန်လိုင်းကနေ အချစ်နဲ့ထိတွေ့မိတယ်။ အရူးအမူးပါပဲ။ သူ့မွေးနေ့မှာ အွန်လိုင်းပေါ်က ကောင်လေးဟာ မိုင်၉၀၀ဆိုတဲ့ အကွာအဝေးကို ဖြတ်ပြီး သူ့ဆီလာတွေ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကြည်နူးစရာ ကောင်းတဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးပါပေါ့။ဒါပေမဲ့ ကောင်လေးဟာ သူ့ကိုတွေ့ချင်လို့လာတယ်ဆိုတာ အကြောင်း ပြချက်တစ်ခုသာသာပါပဲ။ အပြင်မှာ တွေ့ရတော့ ထိုလူဟာ အသက် လိမ်ထားမှန်းသိလိုက်ရတယ်။ တကယ်တမ်းက ၂၈နှစ်အရွယ်အမျိုး သားတစ်ဦးဖြစ်တယ်။ အဲဒီအမျိုးသားရဲ့အချစ်ဦးဟာ အန်နာ့အမေ ပါတဲ့။ ဇာတ်လမ်းတွေကရှုပ်ကုန်ရပြီပေါ့ . ကျန်တာကိုတော့ ဇာတ်ကား ထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.62 GB) / (504 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator......Ngwe Zin Encoder..........SWM
movie

What Comes Around (2023)

2023
Neymar(2023) 6.6
Neymar(2023) Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie

Neymar(2023)

2023
Will You Be My Ex? (2023) 6
Will You Be My Ex? (2023) Will you be my Ex? (2023)ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက် တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူ တွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာ ဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့် ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာ ဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီး ချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက် Joey မိဘတွေက ပေးတဲ့ ...
movie

Will You Be My Ex? (2023)

2023
Bheemadevarapally Branchi (2023) 7.9
Bheemadevarapally Branchi (2023) Bheemadevarapally Branchi (2023) IMDb-7.9/10လတ်တလောထွက်ရှိထားတဲ့ တောင်ပိုင်းဘောလိဝုဒ်ဟာသအရောလေးနဲ့ မိသားစုဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ပညာတတ်နည်းပါးလှတဲ့ ရွာလေးဆီကိုကောလဟလတခုရောက်လာတယ်။ အစိုးရကနေပြီး ဆင်းရဲတဲ့လူတွေကို ဘဏ်ကနေတဆင့်ပိုက်ဆံထောက်ပံ့မယ်ဆိုတဲ့ ကောလဟလ။ ဘာလုပ်ရမလဲဆိုတော့ ဘဏ်ကိုသွားပြီး ဘဏ်စာအုပ်ဖွင့်ရမယ်ဆိုတော့ ပညာလည်းမတတ် ဆင်းလည်းဆင်းရဲကြတဲ့ရွာသူရွာသားတွေ အကုန်လုံး ဘဏ်မှာသွားတန်းဆီပြီး ဘဏ်အကောင့်ဖွင့်ကြတော့တာပေါ့။ကံကောင်းတာလား ဆိုးတာလားမသိ ဂျမ်ပန်နားအမေရဲ့အကောင့်ထဲကို ရူပီးဆယ့်ငါးသိန်းဝင်လာပါရော။ အစိုးရက ပြောထားတဲ့အတိုင်းပေးတယ်ဆိုပြီး ဂျမ်ပန်နားတယောက် ရသမျှပိုက်ဆံ ထင်ရာလျောက်သုံး လျောက်ဖြုန်းပါတော့တယ်။လူတွေဟာ လောဘသားကောင်တွေ ဖြစ်ကြတယ်ဆိုတဲ့အတိုင်း လောဘကြောင့်ဘာမှမမြင်တော့တဲ့အခါ အခွင့်ကောင်းစောင့်နေတဲ့ လူယုတ်မာတွေဆိုတာပေါ်လာကြတာပဲလေ။အသိဉာဏ်နည်းပါးတဲ့ ရွာသားတစ်စုကပါ သူတို့အကောင့်တွေဆီကိုလည်း ဂျမ်ပန်နားတို့လို ရောက်လာမလားဆိုပြီး ပွဲစားကိုပိုက်ဆံတွေပေးကြတဲ့အခါ။ဂျမ်ပန်နားတယောက် သူ့ဆီရောက်လာတဲ့ပိုက်ဆံတွေကနေ ကြုံလာရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မှာလား။ လောဘနဲ့ ပွဲစားကိုယုံအပ်မိကြတဲ့ရွာသားတစ်စုရော ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ။ ရယ်ရင်း မောရင်းနဲ့ပဲ ဒီလောဘသားကောင်တွေ ဘယ်လိုရင်ဆိုင်ကြမလဲကြည့်ကြတာပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူတွေက V ~ Cherry ~ Zwe ~ BpL ~ Yunniတို့ပါပဲ) File size…2.66GB / 1.27GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Cherry ~ ...
movie

Bheemadevarapally Branchi (2023)

2023
Super Hollow Man ( 2023 ) 5.8
Super Hollow Man ( 2023 ) တရုတ်တန်းလမ်းရဲ့ သင်္ချိုင််းမြေတစ်ခုမှာ သရဲခြောက်တယ်ဆိုပြီး ကောလဟာလတွေထွက်နေတဲ့အချိန်... အဲဒီလမ်းမှာသော့ပြင်တဲ့အလုပ်နဲ့ ဘဝကိုပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့ ဖုန့်သာ့ရှန်း...တစ်နေ့သူငယ်ချင်းနဲ့အတူ လောင်းကစားဝိုင်းမှာလိမ်လည်ပြီးဆော့တာကိုမိသွားတာကြောင့် လောင်းကစားဝိုင်းခေါင်းဆောင်က သရဲခြောက်ပါတယ်ဆိုတဲ့ သင်္ချိုင်းမှာ သူတို့ကို ပစ်ထားခဲ့ခံရတယ်...မမျှော်လင့်ပဲ ပြည်ပက တရားမဝင် သုတေသနလုပ်ငန်းရဲ့ လျို့ဝှက်သုတေသနလုပ်ရင်း တူးမိတဲ့ နေရာထဲကိုပြုတ်ကျသွားကာ အဲ့ဒီနေရာက ထူးဆန်းတဲ့မှိုတစ်မျိုးကို မတော်တဆစားမိပြီး ကို်ယ်ပျောက်တဲ့စွမ်းအင်ကိုရသွားခဲ့တယ်....ဖုန့်သာ့ရှန်းက ကိုယ်ပျောက်စွမ်းအင်ကို အသုံးချပြီး လျှောက်လုပ်နေတုန်းမှာ ပြည်ပက တရားမဝင် သုတေသနအဖွဲ့​တွေရဲ့အာရုံစိုက်မှုကိုရသွားပြီး အဖမ်းခံရကာ ဘယ်လိုတွေဆက်လုပ်ဦးမလဲ.... ဒီသုတေသနကရော ဘယ်လိုအစပြုခဲ့လဲ... သူကရော ဒါတွေကို ဘယ်လိုမျိုး အဆုံးသတ်ထိဖြေရှင်းနိုင်ပါ့မလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy  Runtime : 1h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Super Hollow Man ( 2023 )

2023
Sa Muli (2023)
Sa Muli (2023) Sa Muli(2023)ဘဝဆက်တိုင်း ပေါင်းဖက်ပါရစေဆိုတာ ချစ်ကြသူတိုင်းဆုတောင်းကြတဲ့ စကား ဒါပေမဲ့ ဖူးစာနက္ခတ်နဲ့ ကံကြမ္မာမျက်နှာသာပေးဖို့လည်း လိုအပ်သေးတာပဲလေ၁၉၉၀ ပထမဘဝမှာအရမ်းချစ်ကြတဲ့ ဗစ်တာနဲ့ အော်ရိုရာတို့စုံတွဲ ၊ ၁၉၉၅ဒုတိယဘဝမှာ နီကိုးလက်စ်နဲ့ ဘယ်လင်ဆိုတဲ့ ချစ်ကြသူနှစ်ဦး ဒီနှစ်ဘဝလုံးမှာ ကောင်မလေးကသေသွားရပြီး ကောင်လေးတစ်ယောက်တည်း ရင်ကွဲကျန်ခဲ့ရတယ်၂၀၂၀ မှာ ဗစ်တာနဲ့ နီကိုးလက်စ်ပြန်ဝင်စားတဲ့ ပယ်ပဲ သူ့ရဲ့အတိတ်ဘဝနှစ်ခုကိုပြန်မှတ်မိပြီးတဲ့နောက် အော်ရိုရာနဲ့ ဘယ်လင်ကနေပြန်မွေးဖွားလာမဲ့ ချစ်သူလေးကို လိုက်ရှာရင်း အတိတ်ဘဝအကြောင်းကိုဝတ္ထုရေးချလိုက်ပြီ း နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်လာပါတယ် အတိတ်ဘဝနှစ်ခုမှာ သူ့မျက်စိရှေ့မှာပဲသေဆုံးသွားတဲ့ ချစ်ရသူကိုမကယ်နိုင်ခဲ့တာကြောင့် ဒီဘဝမှာလည်း သေကွဲကွဲရမှာအရမ်းကို စိုးရိမ်နေတာပေါ့ ဒီဘဝမှာသူဆုံတွေ့ခဲ့ရတဲ့ ချစ်သူလေးကတော့ အရက်ဆေးလိပ်တွေသောက် သေချင်သေပါစေဆိုပြီး ဘဝကိုပေတေနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေပါတယ် အတိတ်ဘဝလိုဖြစ်မှာစိုးရိမ်လွန်းနေတဲ့ ကောင်လေးနဲ့ ဘာကိုမှစိုးရိမ်မနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးတို့ ဆုံတွေ့တဲ့အချိန်မှာ ကောင်မလေးကအတိတ်အကြောင်းသိမနေပါဘူး ဒီလိုနဲ့ပယ်ပဲကသူတို့ အရင်ဘဝတွေကဆုံတွေ့ခဲ့တဲ့နေရာတွေကို ခေါ်သွားပြီးအတိတ်ကိုပြန်သတိရလာအောင် ကြိုးစားပါတော့တယ်...မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် စိုးရိမ်နေတဲ့ကောင်လေးနဲ့ ဘာမှစဉ်းစားမနေဘဲ ရောက်ချင်ရာရောက်ဆိုပြီးပါလာတဲ့ကောင်မလေးတို့ရဲ့ အတိတ်ဘဝရှာဖွေရေးခရီးစဉ်ဟာ ချစ်ကြည်နူးဟာသမြောက်ဖွယ်လေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Aditi ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်) File size…2.06GB / 904MB Quality…1080p  ...
movie

Sa Muli (2023)

2023