Channel Myanmar

2023

Love in Taipei (2023) 5.7
Love in Taipei (2023) Love in Taipei (2023)Young Adult စာအုပ်တွေ၊ Young Adult ရုပ်ရှင်တွေကို ခံစားရတာ ပေါ့ပေါ့ပါးပါး ကြည်နူးစရာလေးတွေများပါတယ်။ (များသောအားဖြင့်ပေါ့လေ) အခုလည်း Abigail Wen ရဲ့ Young Adult ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Love Boat, Tapei ကို ပုံဖော်ထားတဲ့ Love in Taipei ဆိုတဲ့ Romance Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ ဩဂုတ်လမှ ထွက်ရှိထားတဲ့ ဇာတ်ကားလေးက ဝတ္ထုနဲ့ နည်းနည်းတော့ ကွဲပြားသွားတာတွေရှိပေမယ့် ပေါ့ပေါ့ပါးပါး ကြည့်လို့ အဆင်ပြေတဲ့ ကားပါပဲ။အမေရိကန်ကို ရွေ့ပြောင်းအခြေချနေထိုင်တဲ့ ထိုင်ဝမ်မိသားစုတစ်ခုမှာ တစ်သက်လုံး မိဘအလိုကျ စာတွေပဲလုပ်လာခဲ့တဲ့ အဲဗားဟာ နွေကျောင်းပိတ်ရက်မှာတောင် သူ့မိဘတွေ စီစဉ်တဲ့အတိုင်း အမေရိကန်ကနေ ထိုင်ဝမ်ကို လေ့လာရေးခရီးထွက်လာရပါတယ်။ သူထင်တာထားက စည်းကမ်းတွေ တင်းကျပ်ပြီး ပျင်းစရာကောင်းတဲ့ ကျောင်းတစ်ခုကို သွားရမယ်ပေါ့လေ။ ဒါပေမယ့် သူထင်ထားသလို မဟုတ်ဘဲ အဲဒီကျောင်းမှာ ...
movie

Love in Taipei (2023)

2023
Kurukkan (2023) 5.9
Kurukkan (2023) Kurukkan (2023) IMDb-6.1/10ဘတ်ဂျတ်ရူပီး၂ကုဋေကျော်အသုံးပြုရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာမှုခင်းရုပ်ရှင် မလေယာလမ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော် ဆယ်လီတယောက် အသတ်ခံရတဲ့အမှုကိုလိုက်ရင်း မီဒီယာရှေ့မှာ အရှက်တကွဲဖြစ်ခဲ့တဲ့ ရဲအရာရှိက သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အရေး အဲဒီလူသတ်မှုတရားခံကိုကြိုးစားပြီးရှာခဲ့တယ်။သူ့စိတ်အထင်နဲ့ပဲ ဟာရီဆိုတဲ့လူကို လူသတ်တရားခံအဖြစ် စွပ်စွဲပြီးတဲ့နောက် ရုံးတော်မှာ ယုတ္တိရှိရှိနဲ့ မမှန်သက်သေထွက်ဆိုတတ်တဲ့ လူယုတ်မာတယောက်နဲ့ပေါင်းပြီး ဟာရီကို လူသတ်တရားခံအဖြစ်ဖမ်းခဲ့တယ်။သက်သေအထောက်အထားတချို့ကလည်း ဟာရီဆီ့ကိုညွှန်ပြနေလေတော့ တရားခံအဖြစ်နဲ့ အမှုရင်ဆိုင်ရပါတော့တယ်။မဟုတ်မှန်းသိလာရက်နဲ့ သူ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အရေး လုပ်ကြံဖန်တီးသူ ရဲအရာရှိနဲ့ တရားခံရိုးစွပ်ခံရသူဟာရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြပုံတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Zwe Yan~BpL~Moonတို့ပဲဖြစ်ပါတယ်) File size…1.8GB / 860MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni~V~Zwe Yan~BpL~Moon
movie

Kurukkan (2023)

2023
You Got Me Twisted! (2023) 4.3
You Got Me Twisted! (2023) You Got Me Twisted! (2023) =====================ဒီကားကတော့မကောင်းတဲ့ ယောကျာ်းနဲ့သာကြုံခဲ့ရတဲ့ Mahogany ရဲ့ ဘ၀အကြောင်းပဲဖြစ်ပါတယ်။ သူမဟာငယ်ငယ်ကတည်းကအချစ်ကို လိုက်ရှာခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်အရွယ်ရောက်လာပြီးအိမ်ထောင်ပြု တဲ့အခါ သူရချင်တဲ့အချစ်ကိုမရဘဲ အိမ်တွင်းအကြမ်းဖက်မှုသာခံခဲ့ရ ပါတယ်။သူမအဲ့ဒီအိမ်တွင်းအကြမ်းဖက်မှုကနေဘယ်လိုလွတ်မြောက်အောင် လုပ်မလဲ လွတ်မြောက်ရင်‌ရော တစ်ခြားယောကျာ်းထပ်ယူမှာလား၊ ထပ်ယူရင်ရော သူငယ်ငယ်ကတည်းကမျှော်လင့်ခဲ့တဲ့အချစ်မျိုးနဲ့အချစ် ခံရမှာလား၊ ဒါမှမဟုတ် အိမ်တွင်းအကြမ်းဖက်သူနဲ့ပဲထပ်ကြုံရဦးမှာလား ဆိုတာကို ကြည့်ရှု့ရမယ့် Drama ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်)File Size..........(1.53 GB) / (480 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Khant Zar Ni Oo Encoder..........SWM
movie

You Got Me Twisted! (2023)

2023
The Boogeyman (2023) 6.1
The Boogeyman (2023) ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီးကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကိုကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင်ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။ဇာတ်လမ်းအကျဉ်းအဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။သူဟာ အလင်းကိုကြောက်ပါတယ်။အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။ဒီလိုမျိုးပါပဲ။စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။သူတို့ရဲ့အမေကတော့ မကြာသေးခင်‌လေးက ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံးကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက်ဒေါက်တာဟာပါနဲ့ လာပြပါတယ်။သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်ကသတ်သွားကြောင်း ...
movie

The Boogeyman (2023)

2023
4K HEVC
Slum Dog Husband (2023) 8.2
Slum Dog Husband (2023) Slum Dog Husband (2023) IMDb-8.2/10အက်ရှင်ကားတွေ ကြည့်ရတာ ပျင်းနေမှာစိုးလို့ အခုတစ်ခေါက်တော့ CMပရိသတ်ကြီးအတွက် အပြောင်းအလဲအနေနဲ့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်"777 Charlie "ဆိုတဲ့ဇာတ်ကားလေးပြီးကတည်းက ခွေးလေးတွေပါတဲ့ ဇာတ်ကားလေးတွေ ကြည့်ချင် နေတဲ့ ပရိသတ်ကြီးအတွက် ဒီကားလေးက Charlie ကို ပြန်ပြီး သတိတရဖြစ်စေဦးမှာပါဇာတ်ကားက ဟာသကားဖြစ်သလိုပဲ ဇာတ်ကွက်တွေကလည်း ဟာသဆန်ဆန်ပါပဲ ဒီကားထဲမှာ လာချီဆိုတဲ့ ဇာတ်လိုက်ကျော်မင်းသားက သူ့ကောင်မလေးဖြစ်သူ မွန်နီကာနဲ့ သမီးရည်းစားဘဝနဲ့နေရတာ အိမ်မှာလည်း အမေဖြစ်သူက လွတ်လွတ်လပ်လပ် ဖုန်းပြောချင်တာတောင် ခွင့်မပြု၊ အပြင်ကိုသွားပြန်‌တော့လူမြင်ကွင်းမှာ မဖွယ်မရာလုပ်တယ်ဆိုပြီး "ရဲတွေက အမှုဆင်ပြီးဖမ်း အဲဒီလိုကိစ္စတွေကြောင့် လာချီနဲ့မွန်နီကာတို့ သူတို့ရဲ့အိမ်တွေကို သူတို့နှစ်ယောက်ကို လက်ထပ်ပေးကြဖို့တောင်းဆိုကြပါတော့တယ်နှစ်ဖက်စလုံးက မိဘတွေက ငယ်သေးလို့ လက်မထပ်ပေးချင်ကြပေမဲ့လက်မထပ်ပေးရင် နှစ်ယောက်စလုံးက ခိုးပြေးကြမယ် ဆိုလို့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး မင်္ဂလာဆောင်ပေးဖို့ ရက်ရွေးကြတဲ့အခါ မိဘတွေက မင်္ဂလာဆောင်ကြမဲ့ ဇာတ်လိုက် ကျော် လာချီနဲ့မွန်နီကာတို့ရဲ့ မွေးနေ့တွေကို မမှတ်မိတာကြောင့် လက်ထပ်မဲ့ရက်ရွေးဖို့ အဆင်မပြေဖြစ်ကြပြန်တယ် ၊ ဒါနဲ့ တခြားဘယ်လိုနည်းလမ်းရှိသေးလဲလို့ မေးတော့ ဘုန်းကြီးက မွေးနေ့၊မွေးရက်တွေမသိဘဲ လက်ထပ်ချင်တယ်ဆိုရင်တော့ ...
movie

Slum Dog Husband (2023)

2023
Mob Land (2023) 5.5
Mob Land (2023) Mob Land (2023)မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ...သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ...ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ...ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune ...
movie

Mob Land (2023)

2023
Pizza 3: The Mummy (2023) 6.3
Pizza 3: The Mummy (2023) Pizza 3: The Mummy (2023) IMDb-7.0/10နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်) File size…1.9GB/ 752MB Quality…1080p WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~YH~Yunni
movie

Pizza 3: The Mummy (2023)

2023
You Are So Not Invited to My Bat Mitzvah (2023) 6
You Are So Not Invited to My Bat Mitzvah (2023) You Are So Not Invited to My Bat Mitzvah (2023)ဒီကားလေးကတော့ လတ်တလော Rotten Tomato မှာ Rating 95% ရနေတဲ့ ဟာသကားလေးပါပဲ။ မင်းသားကြီး Adam Sandler နဲ့ သူ့ရဲ့ မိန်းမ၊ သူ့ရဲ့သမီးတွေ မိသားစုလိုက် ပါဝင်သရုပ်ဆောင်ထားတာပါပဲ။ သူ့ရဲ့မိန်းမနဲ့သမီးတွေဆိုပေမဲ့ အကုန်လုံးက အရင်ကတည်းက အောင်မြင်ပြီးသား သရုပ်ဆောင်၊မော်ဒယ်တွေမို့ အခုရုပ်ရှင်မှာမှ ပွဲထုတ်တာမျိုးတော့မဟုတ်ပါဘူး။ ဒီကားက Are You There God? It's Me, Margaret နဲ့အတော်လေးကို ပုံစံဆင်တူပြီး၊ Anne with an E တို့လို ကလေးဘဝကနေ အရွယ်ရောက်တဲ့အချိန်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရိတ်တင် ကောင်းရတဲ့အချက်ကတော့ အဖေလုပ်တဲ့သူနဲ့ သမီးတွေ အရမ်း သဘာဝကျကျ လိုက်ဖက်ညီနေတာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ချစ်ဖို့ကောင်းနေတာပါပဲ။ ဒီတော့ မိန်းကလေး အချစ်ဆုံးသူငယ်ချင်းတွေကြားကအဖြစ်အပျက်တွေ မိသားစုကြားကအဖြစ်အပျက် ဒရမာ ...
movie

You Are So Not Invited to My Bat Mitzvah (2023)

2023
My First Barbie: Happy DreamDay (2023) 7.7
My First Barbie: Happy DreamDay (2023) My First Barbie: Happy DreamDay (2023) ============================== IMDb Rating - 7.7/10AI တွေခေတ်စားလာတဲ့အချိန်မှာ ဘာဘီတို့လည်း AI ကို အားကိုးတတ် လာပါပြီ။ ဒီကားလေးမှာတော့ ဘာဘီတို့တစ်သိုက်စီစဉ်တဲ့မွေးနေ့မှာ AI ကိုခိုင်းလွန်းရာကနေ ပြင်လွန်းပြီးဖင်ချွန်းသွားတာပါ။ Chelsea တစ်ယောက် မွေးနေ့နီးလာလို့ Surprise party ရမလား မျှော်တကိုးကိုးဖြစ်နေတဲ့အချိန် မှာ သူတွက်ထားသလိုပဲ ဘာဘီကလည်း ပါတီတစ်ခုလုပ်ပေးဖို့ စီစဉ်ထား ပါတယ်။ စီစဉ်တယ်ဆိုတာကလည်း အကြံဉာဏ်ပဲထုတ်ရပြီး လက်မလှုပ်ရ လောက်တဲ့အထိကို သက်သာတာပါ။Dreamhouse ဆိုတဲ့ Home AI လေးကတော့ သူ့ရဲ့ Screen surface ပတ် ပတ်လည်မှာ Light နဲ့ Electromagnetic imagery ပေါင်းစပ်ထားတဲ့ Projector လေးတွေပါလို့ User အမိန့်ပေးသမျှပစ္စည်းတွေရဲ့ ပုံရိပ်ကိုဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ ဘာဘီတို့သူငယ်ချင်းတစ်သိုက်က Dreamhouse app ကိုသုံးပြီး ပါတီအကြီးအကျယ်လုပ်ဖို့ ပြင်ကြတဲ့အချိန်မှာ တစ်ယောက်တစ်မျိုးစီနဲ့ Command အလွန်အကျွံပေးမိကြပါတယ်။ ကိုယ်မလုပ်ရဘူးဆိုတိုင်း Dreamhouse AI ကို ခဏခဏခေါ်ပြီး ...
movie

My First Barbie: Happy DreamDay (2023)

2023
BRO (2023) 7.8
BRO (2023) IMDb-7.8/10ရုံတင်ငွေ ၁ ဘီလီယံကျော်ရခဲ့တဲ့ ဘဝအတွက်ခဏလောက် အတွေးဝင်သွားစေမဲ့ဇာတ်ကားကောင်းလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ်ဒီကားရဲ့ ဒါရိုက်တာ Samuthirakani ရိုက်သမျှကားတိုင်းဟာလည်း ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ ဘ၀ဒဿနဇာတ်ကားကောင်း‌တွေချည်းပါပဲအစ်ကိုကြီးအဖရာဆိုတဲ့အတိုင်း တစ်မိသားစုလုံးရဲ့တာဝန်တွေအတွက် အလုပ်တွေစီးပွားရေးတွေနဲ့ပဲ အချိန်ကုန်နေတဲ့ မာ့ခ် မုန့်တစ်ခုကိုကုန်အောင်မစားနိုင်ချစ်သူနဲ့တောင် နှစ်ဦးအတူထိုင်စကား‌မပြောနိုင် ညီအစ်ကိုမောင်နှမတွေနဲ့တောင် စကားလက်ဆုံမကျနိုင်သည်ထိ အဆုံးစွန်ကြိုးစားနေခဲ့တာပေါ့သူအစွမ်းကုန်ကြိုးစားလို့ ရလဒ်ကောင်းတွေရလာတဲ့အသက်သုံးဆယ်အရွယ် GM ဖြစ်တော့မဲ့အချိန် ချစ်သူမိသားစုညီအစ်ကိုမောင်နှမတွေကို အချိန်ပေးတော့မဲ့အချိန်မှာ သေသွားခဲ့ရတယ်တမလွန်နဲ့ ပစ္စုပ္ပန်ကြားကာလလေးမှာ အချိန်နတ်ဘုရားနဲ့တွေ့ပြီး လူ့ပြည်ကိုပြန်ဖို့တောင်းဆိုခဲ့တယ် သူပြန်လာနိုင်တဲ့အချိန်က ရက်ပေါင်းကိုးဆယ်... လူပြည့်ပြန်ရောက်တဲ့အချိန်မှာလည်း အချိန်နတ်ဘုရားက ထပ်ကြပ်မကွာလိုက်နေခဲ့တယ်.. သူရရှိတဲ့ ရက်ပေါင်းကိုးဆယ်မှာ အဓိပ္ပာယ်ရှိတဲ့ဘဝပိုင်ဆိုင်အောင်ကြိုးစားနိုင်မလား... တစ်ချက်ချက်အသံပေးပြီး ရွေ့လျားနေတဲ့အချိန်မှာ ချစ်ရသူတွေနဲ့အတူ ဘဝကိုဖြတ်သန်းဖို့ မမေ့ကြနဲ့နော် (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.54GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Moon ~ ...
movie

BRO (2023)

2023
Baby (2023) 7.9
Baby (2023) Baby (2023) IMDb-7.9/10 အခုတင်ဆက်ပေးမယ့် ရုံတင်ငွေကုဋေခုနစ်တယ်ထိ ရရှိအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးက တလေဂူးစကားပြော အိန္ဒိယအချစ်ဇာတ်လမ်းတစ်ပုဒ်။"တကယ်တော့ အချစ်ဆိုတာ သိစိတ်ရဲ့ခဏတာရူးသွပ်မှုနဲ့ မသိစိတ်ရဲ့စိတ်လိုလက်ရနိုင်တဲ့ထင်မြင်ချက်နှစ်ခု အေးစက်စွာခပ်မြူးမြူးတွေ့ဆုံတဲ့ တဒင်္ဂလေးပါပဲ။ချစ်သူနဲ့အတူ ချစ်ခဲ့တယ်ဆိုတဲ့ သက်တမ်းကလည်း အသေအချာစစ်ကြည့်ရင် အဲဒီတဒင်္ဂရဲ့ပြတ်တောက်မှုကို သတိမပြုမိဘဲ ဆက်ပြီးထင်ခဲ့မိတဲ့ မသိစိတ်ရဲ့လှည့်စားမှုတရပ်ပါ။ဒီတဒင်္ဂတွေက တခုနဲ့တခုပတ်သက်နေပေမဲ့လည်း တခုနဲ့တခု တာဝန်တော့မယူ။ခင်ဗျားတို့လက်ထဲမှာ ရှိနေတဲ့အဲဒီတဒင်္ဂလေး ပျက်စီးသွားတာနဲ့ ရှေ့မှာရှိခဲ့တဲ့ တဒင်္ဂများစွာတို့ကလည်း ပြိုလဲပျက်စီးသွားနိုင်တယ်။ဒါမှမဟုတ် ရပ်တန့်ငြိမ်သက်သွားတတ်ကြတယ်။ အချစ်ဆိုတာ တဒင်္ဂသာပိုင်ဆိုင်ရတတ်တဲ့ ခံစားမှုအစုအဝေးတခုပဲဖြစ်ပြီး တဒင်္ဂတည်းနဲ့ ဆုံးရှုံးသွားနိုင်တဲ့အရာလည်း ဖြစ်တယ်။"(ဒီစကားစုက ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ၀တ္ထုထဲက စကားပြေကို စကားပြောနဲ့ပြန်ရေးပြထားတာပါ)ဒီဇာတ်လမ်းက သစ္စာမဲ့တာလား သစ္စာရှိနိုင်လွန်းတာပဲလား ကျွန်တော်လည်းမဝေခွဲတတ်။ ငယ်ငယ်ကတည်းက အိမ်နားနီးချင်းကောင်လေးနဲ့ကောင်မလေးတို့ ဆယ်တန်းကျောင်းသားဘ၀မှာ ချစ်သူတွေဖြစ်ခဲ့ပြီး ကောင်မလေးက ကောလိပ်ကိုသွားတက်တဲ့အချိန် တတိယတယောက်ပေါ်လာတဲ့အခါမှာတော့။ ချစ်ခြင်းတရားဆိုတာ ဝေးကွာနေတာပဲဖြစ်စေ အနီးဆုံးမှာပဲရှိနေပါစေ စိတ်ချင်းနီးပြီးချစ်တတ်သူတို့အဖို့ပါပဲ။ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုကြည့်ပြီး ကြည့်ရှုသူအပေါင်းဘ၀အမောတွေတိုးလာကြပါစေလို့ဆန္ဒပြုရင်း တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…2.7GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe~BpL~V
movie

Baby (2023)

2023
Bengaluru Boys (2023) 9.3
Bengaluru Boys (2023) Bengaluru Boys 2023ပရိသတ်တွေအတွက် ယခုပဲထွက်ရှိလာတဲ့ rating IMDb 9.1/10 ရရှိထားတဲ့ ကန်နာဒါ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဘဝမှာ နောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရတဲ့ ကုတင်အမှတ် ၄၉ ပေါ်က အချိန်မှာ ကိုယ်နဲ့အတူပါလာတာ ဘာတွေလဲ?? စည်းစိမ်ဥစ္စာ အိမ်ရာတိုက်တာတွေလား ငွေကြေးချမ်းသာစည်းစိမ်တွေလား ကိုယ့်ရဲ့ ထွက်သက်ငင်ရတော့မဲ့အချိန်တွေမှာ ကိုယ့်ကိုအဖော်ပြုပေးမှာ ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေပါ ကိုယ့်ရဲ့ ဘဝမှာ တူတူဖြတ်သန်းခဲ့ရတဲ့ မိတ်ဆွေကောင်းတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပေါ့ခုလိုလေးနက်တဲ့ ဒသနတွေနဲ့အစပြုထားပေမယ့် အဲ့ဒဿနတွေအစပြုရာဒီကားလေးက ကျောင်းသားဘဝ ပျော်စရာလေးတွေနဲ့ ငယ်ဘဝကနေ ပေါ့ပေါ့ပါးပါးပဲ ပျော်ရွှင်ဖွယ်ရာ အစပြုတင်ဆက်ထားပြီးမှ လေးနက်တဲ့ ဒဿနတွေကို ပြထားတာမို့ လက်မလွှတ်သင့်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Saii ~ V ~ BpL ~Zwe ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.84GB / 971MB Quality…1080p WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii ...
movie

Bengaluru Boys (2023)

2023
[18+] Call Me Alma (2023)
[18+] Call Me Alma (2023) Call Me Alma (2023)လူအမျိုးမျိုး စိတ်အထွေထွေရှိကြသလို ပြည့်တန်ဆာတွေမှာလည်း အမျိုးမျိုးစရိုက်အဖုံဖုံရှိကြတယ်။ ဒူးထောက်ရတာ သဘောကျတဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ၊ အချင်းချင်းဖြတ်ခုတ်တဲ့ လောဘသားတွေ၊ ဝါသနာပါလို့ ဒီအလုပ်လုပ်ကြတဲ့သူတွေ၊ တကယ့်ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်တစ်ခုလိုသာ သဘောထားသူတွေ စသဖြင့် အမျိုးမျိုးပေါ့လေ။ သူတို့အများစုရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ဒီဘဝကကယ်တင်ပေးမယ့်၊ သူတို့ကိုမြတ်မြတ်နိုးနိုးလက်ထပ်ယူမယ့် ကယ်တင်ရှင်တစ်ယောက်ယောက်ကိုပါပဲ။ကျွန်မမှာတော့ အဲဒီလို အတွေးအယူမှား မျှော်လင့်ချက်အမှားတွေမရှိဘူး။ သူတို့အားလုံးနီးပါး နာမည်အတုတွေသုံးလေ့ရှိကြပေမဲ့ ကျွန်မကတော့ မသုံးဘူး။ကျွန်မနာမည် "အယ်လ်မာ" ပါ။အယ်လ်မာက ဒီဘဝမှာပျော်ပျော်နေသလို မနက်ဖြန်ကိုလည်း သိပ်မစဉ်းစားပါဘူး။ သူ့ဘဝရဲ့အတိတ်ဆိုးတွေကို ပြောပြလေ့မရှိသလို ပြန်တွေးနေတာမျိုးလည်းမရှိပါဘူး။ သူဟာ ပစ္စုပ္ပုန်ကိုပဲ တည့်တည့်ရှုမြင်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ဘဝထဲကို အတိတ်ကသူ့မိခင်ဆိုသူ ရှီလာဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက် ချဥ်းနင်းဝင်ရောက်စပြုလာချိန်မှာ အယ်လ်မာဘယ်တုန်းကမှခေါင်းထဲမရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ခံစားမိစပြုလာပါတယ်။အားလုံးရဲ့ အချစ်တော်လေး Azi Acosta ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ တော်တော်မိုက်ပါတယ်။ ရှုစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ...
movie

[18+] Call Me Alma (2023)

2023
Padachone Ingalu Kaatholee (2022) 5.6
Padachone Ingalu Kaatholee (2022) Padachone Ingalu Katholi(2023)IMDb-6/10လူပျိုသိုးကြီးတို့ အစွံထုတ်တဲ့ရွေးကောက်ပွဲ ရွေးကောက်ပွဲကတော့ တကယ့်ရွေးကောက်ပွဲအစစ်ပါ အဲ ဒီရွေးကောက်ပွဲမှာပါနေတဲ့ အရွယ်လွန်လူပျိုကြီးတွေက ‌ ရွေးကောက်ပွဲ‌အရေးနဲ့အတူ သူတို့လူပျိုဘဝကျွတ်ရေးကိုပါတွဲအကျိုးဆောင်နေကြတဲ့ ရွေးကောက်ပွဲကြယ်တွေခူးမပေးနိုင်ပေမဲ့ ရေတွင်းတဲ့ကျနေတဲ့ကြက်ကိုတော့ မင်းအတွက်ဆင်းကယ်ရဲပါတယ်ဆိုတဲ့ အချစ်သူရဲကောင်းကြီး တစ်သက်လုံးဂေါ်မစွံအဆင်မပြေရင်းက အိမ်ကိုလာတည်းတဲ့ ကောလိပ်ကျောင်းသူလေးကို မျက်စိကျသွားသူ အရွယ်လွန်လူပျိုကြီးတွေနဲ့ ရောင်စုံသစ်လွင်ပျိုမြစ်တဲ့ အချစ်ဆုံတဲ့အချိန် ဘယ်လိုရယ်ပွဲဖွဲ့ရမလဲရှုစားကြည့်ပါဦး(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 2.3GB / 1.11GB Quality…1080p WEB DL /720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Yunni
movie

Padachone Ingalu Kaatholee (2022)

2023
Aachar & Co (2023) 8.0
Aachar & Co (2023) Aachar & Co (2023) IMDb-8.1/10သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာက မိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်း ကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ် ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီ ရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကို သူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာက ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့ သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။ အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက် အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်း ခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်) File size…1.6GB/ 685MB Quality…1080p WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Zwe~Moon~V
movie

Aachar & Co (2023)

2023
Lakiro (2023) 5.2
Lakiro (2023) Lakiro (2023) IMDb 5.2/10 Drama/Musicalတယောက်နဲ့တယောက်ချစ်လို့ပဲဖြစ်ဖြစ် မိဘဆွေမျိုးအသိုင်းအဝိုင်းက ပေးစားလိုက်လို့ပဲဖြစ်ဖြစ် အိမ်ထောင်တခုတည်ဆောက်ပြီးတဲ့အခါ အဲဒီအိမ်ထောင်ရေးကို သာယာစွာနဲ့ဆက်လက်တည်မြဲစေဖို့ ဘာတွေလိုအပ်လဲ။ အချစ်လား ငွေကြေးချမ်းသာမှု ဒါမှမဟုတ် အလုပ်အကိုင်တွေလား သားသားမီးမီးတွေလား။ပုံမှန်အချစ်ဇာတ်လမ်းတွေမှာတော့ လူနှစ်ယောက် ချစ်မိကြပြီးရင် ပျော်ပျော်ရွှင်ရွှင်လက်ထပ်လိုက်ကြပါတယ်ဆိုပြီး ဇာတ်သိမ်းသွားတတ်ကြပေမယ့် ဒီဇာတ်လမ်းမှာတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ ဟရီရှီနဲ့ ရီချာဟာ တက္ကသိုလ်ကျောင်းတော်ကြီးမှာ ဆုံတွေ့ခဲ့ပြီး ချစ်ခဲ့ကြတယ်။ သမီးရည်းစားဘဝကို ဖြတ်သန်းပြီးကြတဲ့အခါမှာ အလုပ်ကိုယ်စီနဲ့အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ လက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့ ဒါဟာ သူတို့အတွက်တတော့ ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ပဲ ပြဿနာတွေရဲ့အစဖြစ်လာပါတယ်။ အလုပ်ကိုယ်စီလုပ်နေကြတာကိုက ကွာရှင်းဖို့လမ်းစတစ်ခုဖြစ်လာပါတော့တယ်။ အရမ်းချစ်ခဲ့ကြတဲ့ သူတို့တွေ ဒီအိမ်ထောင်ရေးကို တည်မြဲဖို့ကြိုးစားကြမှာလား။ဒီတိုင်းပဲ လက်လွှတ်ဆုံးရှုံးခံလိုက်ကြမလားဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry~V~BpL~Yunni~Zweတို့ပဲဖြစ်ပါတယ်။) File size…2.06GB / 898MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry~V~BpL~Yunni~Zwe
movie

Lakiro (2023)

2023
Past Lives (2023) 8.4
Past Lives (2023) Past Lives (2023)~ IMDb - 8.4/10, Rotten Tomatoes - 97% ~သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်...ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်...တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်...ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ...
movie

Past Lives (2023)

2023
4K HEVC
Puppy Love (2023) 6.4
Puppy Love (2023) Puppy Love (2023) =============== IMDb Rating - 6.4/10အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင် သူတွေနဲ့ အာ‌ဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။ နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။ သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာ အသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာ‌ဝုအထီးလေးတစ်ကောင်ကို သနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။ တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်း ခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေ ဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆို သလို ...
movie

Puppy Love (2023)

2023
4K HEVC
Shubh Yatra (2023) 7.6
Shubh Yatra (2023) Shubh Yatra (2023) IMDb 7.6/10ဒီတစ်ခါမှာတော့ နိုင်ငံရပ်ခြားသွားဖို့စီစဉ်ပြီး တိုင်ပတ်နေတဲ့အဖွဲ့ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ် မိုဟန်နဲ့ ဟာရ်ဒစ်ခ်ဆိုတဲ့သူငယ်ချင်း၂ယောက်.. နို့ထွက်ပစ္စည်းအရောင်းဆိုင်ဖွင့်ပြီး စီးပွားရေးလေးစကာမှ အရှုံးပေါ်ပြီးအကြွေးတွေလည်ပင်းရောက်ရုံတင်မက မိုးလင်းတာနဲ့အိမ်ရှေ့မှာ အကြွေးရှင်တွေက လာထိုင်စောင့်နေတာပုံမှန်နေ့ရက်တွေလိုပါပဲ...ဒီလိုနဲ့တစ်နေ့ သူတို့မြို့ထဲက နိုင်ငံခြားထွက်သွားတဲ့ ပြည်တော်ပြန်တစ်ယောက်ပြန်ရောက်လာခဲ့တယ် ပြန်ရောက်လာပုံကလည်းဒေါ်လာတွေလမ်းမှာကြဲချတဲ့ ဘောစိအနေနဲ့ပေါ့ ..ဆိုတော့သူတို့လည်းအားကျပြီး အမေရိကန်ကို အကြွေးရှင်တွေဆီက ပိုက်ဆံထပ်ချေးပြီး သွားဖို့ပြင်ပါတယ် ဒီကြားထဲ ပက်စ်ပို့တွေ ဗီဇာကိစ္စတွေနဲ့ မနူးမနပ်၂ယောက်သား ဘယ်လိုစခန်းသွားကြမလဲ သူတို့ရောက်ချင်တဲ့အမေရိကန်ကိုရော ရောက်နိုင်ကြပါ့မလားဆိုတာကတော့...(အညွန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~V ~Zwe Yan တို့ပဲ ဖြစ်ပါတယ်) File size….1.62GB / 748MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~V ~Zwe Yan
movie

Shubh Yatra (2023)

2023
[18+] Kamadora (2023) 6.3
[18+] Kamadora (2023) Kamadora (2023)အီကာဖာယာဒိုဟာ အဆောင်သူလေးတစ်ယောက်ဖြစ်ပြီး ဒေးဗစ်ဆန်ကုန်တိုက်ကြီးမှာ အရောင်းစာရေးလုပ်ပါတယ်။ မျက်နှာချိုအပြုံးချိုနဲ့ လူတကာချစ်ခင်နှစ်သက်ခြင်းခံရတဲ့သူဟာ မဟုတ်မခံ ဆတ်ဆတ်ကြဲလေးလည်းဖြစ်ပြီး ရိုင်းစိုင်းတဲ့ ကပ်စတမ်မာတွေနဲ့လည်း ပြဿနာဖြစ်တတ်လို့ မန်နေဂျာရုံးခန်းထဲကို မကြာခဏခေါ်ဆူခံရတတ်ပါသေးတယ်။ ဒါပေမဲ့လည်း ဘယ်သူမှမသိတာက အဲဒီသဘောကောင်းတဲ့မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာ ကြောက်စရာပင်ကိုစရိုက်တစ်ခုရှိနေတယ်ဆိုတာကိုပါပဲ။အီကာရဲ့ငယ်ဘဝဟာ မြတ်နိုးတို့ ကြယ်စင်တို့လို ကြမ်းတမ်းလွန်းခဲ့ပါတယ်။ ရှာမကျွေးနိုင်တဲ့ဖခင်ဖြစ်သူကို သူ့မိခင်က စွန့်ခွာခဲ့ပြီးနောက် ငယ်စဉ်ကတည်းက ပထွေးနဲ့အတူနေခဲ့ရတယ်။ အရွယ်မရောက်တစ်ရောက်အချိန်လေးမှာ ပထွေးဖြစ်သူကစော်ကားလို့ အိမ်ကထွက်ပြေးခဲ့ပြီး လမ်းဘေးရောက်ခဲ့ရတာပါ။ အဲဒီမှာ ကယ်တင်ရှင်တစ်ယောက်နဲ့တွေ့ခဲ့ရပေမဲ့ အဲဒီကယ်တင်ရှင်ဖြစ်သူကလည်း သူ့ကိုမွေးပြီးစားနေတဲ့အခါမှာတော့... အဲ့ဒီဘဝကလွတ်ဖို့ နည်းပေါင်းစုံသုံးပြီး ကြိုးစားတော့မှာဖြစ်ပါတယ်။အီကာအဖြစ် Lovely Ladies Dormitory ထဲမှာ ချစ်စရာကောင်မလေး အယ်လ်မာဇာတ်ရုပ်နဲ့ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ Tiffany Grey လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 845MB Quality - 1080p, 720p IMDb Rating - ...
movie

[18+] Kamadora (2023)

2023