Channel Myanmar

2023

Metalocalypse: Army of the Doomstar (2023) 6.8
Metalocalypse: Army of the Doomstar (2023) Metalocalypse: Army of the Doomstar (2023) ================================= IMDb Rating - 6.8/10American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypse တို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ "Metalocalypse: The Doomstar Requiem" ရဲ့ Sequel ဖြစ်တဲ့ "Metalocalypse: Army of the Doomstar"(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံး အနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်း ကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDb rating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်း ကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်း တစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်က‌နေ ကမ္ဘာကြီးကိုကယ်တင်ဖို့"Song of Salvation"ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ် လိုကယ်တင်နိုင်မှာလဲ၊ "Song of Salvation"ဆိုတာ ...
movie

Metalocalypse: Army of the Doomstar (2023)

2023
Reinventing Elvis: The 68′ Comeback (2023) 7.8
Reinventing Elvis: The 68′ Comeback (2023) Reinventing Elvis: The 68' Comeback (2023) ================================ IMDb Rating - 7.8/10Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင် မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artist တစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာ ကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960 ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆို ရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိ ကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့ အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ် နေတဲ့ အချိန်ပါပဲ။စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက် ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis ...
movie

Reinventing Elvis: The 68′ Comeback (2023)

2023
Ruined (2023) 4.0
Ruined (2023) Ruined (2023) ===========ရစ်ချတ်နဲ့ အိုလီဗီယာ တို့နှစ်ယောက်သားဟာတစ်ယောက်ကိုတစ်ယောက် သိပ်ကိုချစ်ကြတဲ့ စုံတွဲလေးပေါ့။ ဒီလိုနဲ့ လက်ထပ်လိုက်ကြပြီး အလုပ်အကိုင် ကလည်း ရစ်ချတ်ကလည်း သွားဖွားမီးယပ်အထူးကု၊ အိုလီဗီယာကလည်း ဗိသုကာဒီဇိုင်နာဆိုတော့ အိုကေစိုပြေနေခဲ့ကြတာပေါ့။ အဘက်ဘက်ကနေ ပြည့်စုံနေတဲ့ မိသားစုလေးထဲကို ဝင်နှောင့်တဲ့ ပြသနာက ကြီးပါတယ်။ အိမ် ထောင်သက် ၁၀ နှစ်ကြာတဲ့အထိ ရစ်ချတ်တို့ ကလေးမရနိုင်သေးပါဘူး။ ကြာလာတော့လည်း အိမ်ထောင်ရေး အဖုအထစ်တွေဖြစ်ပြီး တစ်ပူပေါ် နှစ်ပူ ဆင့်တော့တာပေါ့။ဒီလိုနဲ့ မိန်းမဖြစ်သူ အိုလီဗီယာတစ်ယောက် အိမ်ထောင်ရေးကုထုံး ဆွေးနွှေးဖို့ ဖြစ်လာတဲ့အခါမှာတော့ တာဝန်ခံ ဆရာဝန်မလေးဟာ တချိန်က ယောင်္ကျား ဖြစ်သူရဲ့ အဆက်ဟောင်း ဖြစ်နေတဲ့အခါမှာတော့ ယောင်္ကျားဖြစ်သူနဲ့ အဆက် ဟောင်းတို့ အတိတ်မှာဘာတွေဖြစ်ခဲ့ကြမလဲ။ အဆက်ဟောင်းကရော နှစ်တွေ အကြာကြီးကြာပြီးမှ ဘာဖြစ်လို့ ပြန်ပေါ်လာရသလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thettti Tun ဖြစ်ပါတယ်)File Size..........(1.3 GB) / (473 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator......Thettti Tun Encoder..........SWM
movie

Ruined (2023)

2023
The More Love Grows (2023) 6.4
The More Love Grows (2023) The More Love Grows (2023)The More Love Grow(2023) ဆိုတဲ့ ဇာတ်လမ်းလေးဟာ Romance အမျိုးအစားဒရာမာကားလေးဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပြီး ဂရုစိုက်လေအချစ်တိုးလာလေဖြစ်တဲ့အခါမျိုးရှိသလို၊ အချစ်ဆိုတာအချိန်နဲ့အမျှပြောင်းလဲနေတာလည်းရှိတတ်ပါတယ်။ ဒီလိုပါပဲ ဒီဇာတ်လမ်းလေးမှာ ဟယ်လန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ယောကျာ်းဖြစ်သူရဲ့ကွာရှင်းမှုကြောင့် စိတ်ဓာတ်တွေကျပြီး ဆောက်တည်ရာမရဖြစ်နေချိန်မှာ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် ပတ်ဝန်းကျင်ကလူတွေနဲ့အဆင်ပြေအောင် သူ့ကိုကုစားပေးမယ့်အရာကဘာလဲ။ဟုတ်ကဲ့ဆက်ပြီးရှူစားပေးကြပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.3GB | 678MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

The More Love Grows (2023)

2023
Stories Not to be Told (2023) 6.2
Stories Not to be Told (2023) Stories not to be told (2023)ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Stories Not to be Told (2023)

2023
Família (2023)
Família (2023) Familia (2023)ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊ အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။ မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ ...
movie

Família (2023)

2023
Vacation Friends 2 (2023) 5.3
Vacation Friends 2 (2023) Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie

Vacation Friends 2 (2023)

2023
Rumba Therapy (2023) 6.2
Rumba Therapy (2023) Rumba Therapy (2023)တိုနီ... တိုနီဟာ အသက်ခပ်ကြီးကြီး ကျောင်းကားဒရိုင်ဘာ၊ မိသားစုမရှိ သားသမီးမရှိ လုပ်ဖောက်ကိုင်ဖက်ကိုလည်း လုပ်ဖော်ကိုင်ဖက်လောက်ပဲ ဘဘောထားတဲ့သူ။ တစ်နေ့တော့ တိုနီတစ်ယောက် နှလုံးဖောက် ဆေးရုံရောက်ပြီး ပြန်သတိရတဲ့နောက် ဆရာဝန်ဟာ ဆွေးမျိုးသားချင်းကို အသိပေးဖို့ တိုနီ့ကို မေးတဲ့အခါ တိုနီဟာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်းဖြေခဲ့ပါတယ်။ ဆရာဝန်ဟာလည်း လူနာတွေကို ဘဝနေဝင်ချိန်မှာ ချစ်ရသူတွေနဲ့ နွေးနွေးထွေးထွေးနေဖို့ တိုက်တွန်းခဲ့ပါတယ်။နောင်တဆိုတာ နောင်မှ ရဆိုသလိုပဲ တိုနီဟာလည်း တစ်ချိန်က သူ့လုပ်ရပ်တွေအတွက် နောင်တစိတ်ဝင်လာပါတော့တယ်။ တိုနီဟာ မိန်းမနဲ့ သမီးကို စွန့်ပစ်ခဲ့တဲ့ ဖခင်မပီသတဲ့ လူတစ်ယောက်၊ ဒီအမှားတွေကို သူပြုပြင်ချင်လာပါတော့တယ်။ မသေခင်မှာ မိန်းမနဲ့ သမီးကို တွေ့ချင်လာပါတော့တယ်။အရင်မိန်းမကို ပြန်တွေ့ရတာဟာ လွယ်ကူပါတယ်... ကလေးဘဝကတည်းက သူထားရစ်ခဲ့တဲ့ မာရီယာလေးကို ဖအေအဖြစ်နဲ့ မျက်နှချင်းဆိုင်ရဖို့ကသာ ခက်ခဲတာပါ။ ဒီတော့ သမီးရှိရာ အကသင်တန်းကျောင်းကြီးကို လိုက်လာရင်း... တိုနီဟာ သူ့သမီးကို သူဟာ မာရီယာ့ဖအေပါလို့ ဘယ်လို အသိပေးမလဲ အသိပေးနိုင်ခဲ့တဲ့နောက်ရော ဘယ်လိုတွေ ဆက်ဖြစ်မလဲ ...
movie

Rumba Therapy (2023)

2023
Yaadhum Oore Yaavarum Kelir (2023) 7.1
Yaadhum Oore Yaavarum Kelir (2023) Yaadhum Oore Yaavarum Kelir (2023) IMDb-7.1/10မင်းသားကြီးဗီဂျေးစည်သူပတီရဲ့ ဒုက္ခသည်တစ်ယောက်အနေနဲ့ သူယုံကြည်ရာနောက် လိုက်ခဲ့ရပုံတွေကို အားတက်ဖွယ်ကြည့်ရှုရမှာပါ။ ဘယ်သူလဲ ဘယ်ကလာတာလဲ ဘာလို့ဒီမှာရှိနေတာလဲ ဘယ်ကိုသွားမှာလဲဆိုတဲ့ ပဟေဠိတွေနဲ့လူတစ်ယောက်။ဒီကမ္ဘာကြီးကို ဘာလို့ဖန်တီးခဲ့လဲဆိုတာ ကျွန်တော်၃နှစ်သားတည်းကတွေးဖူးတယ်။ ဘာလို့လဲဆိုတော့ လူသားအချင်းချင်း တိုက်ပွဲတွေဖြစ်ကြတယ် အကြောင်းက နယ်မြေလေးကြောင့်တဲ့။ ဒါဆိုဒီနယ်မြေက ဘာအတွက်လဲလို့မေးတော့ လူတွေရှင်သန်ဖို့ပါတဲ့။ အုပ်စုဖွဲ့နေတဲ့လူတွေကိုကာကွယ်ဖို့ ဥပဒေပြဋ္ဌာန်းပြီး ဒီဥပဒေကိုကာကွယ်ဖို့ ခေါင်းဆောင်ရွေးကြတယ်။ ခေါင်းဆောင်နောက်လိုက်ပြီး နိုင်ငံတစ်နိုင်ငံတည်ထောင်လိုက်တယ်။ ဒီနိုင်ငံကိုကာကွယ်ဖို့ဆိုပြီး လူတွေသတ်ကြပြန်ရော။ ဒါဆိုဘာလို့နိုင်ငံဖွဲ့စည်းလည်းဆိုတော့ လူတွေကို ကာကွယ်ဖို့ပါတဲ့။ဆိုတော့ ဒီနေ့ထိ ကျွန်တော့်မေးခွန်းအတွက် အဖြေမရှိခဲ့...။ဘယ်နေရာ ဘယ်အချိန်မှာ ဗုံးထပေါက်မလဲစိုးရိမ်နေရတဲ့ သီရိလင်္ကာရဲ့ ဒေသလေးတစ်ခုဆီကနေ စောင့်ရှောက်လာခဲ့ရတဲ့ ကလေးတယောက်ကို ဖာသာကြီးက ကလေးကျွမ်းကျင်တဲ့ဂီတနောက်ကိုလိုက်ဖို့ လန်ဒန်ကိုလွှတ်လိုက်တယ်။ အသက်ဆယ့်ရှစ်နှစ်ကျော်လို့ မှတ်ပုံတင်ပြန်လျှောက်ရာက ပျောက်သွားတဲ့အတောအတွင်း လူသတ်မှုနဲ့ထောင်ကျခဲ့ကြောင်းထွက်ပေါ်လာတဲ့ အမှန်တရားတွေကြားထဲမှာ ဘာဖုံးကွယ်မှုတွေရှိနေမလဲ။အဲဒီလို အခက်အခဲတွေကြားက သူ့ကိုစောင့်ရှောက်ခဲ့တဲ့ ဖာသာကြီးဖြစ်စေချင်တဲ့ ဂီတပညာရှင်ကြီးဖြစ်နိုင်မလားဆိုတာကတော့.. (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Zwe Yan ~V တို့ပဲ ဖြစ်ပါတယ်) File size…2.1GB / 903MB Quality…1080p WEB DL / 720p Format…mp4 Duration….1h ...
movie

Yaadhum Oore Yaavarum Kelir (2023)

2023
[18+] Kahalili (2023) 5.4
[18+] Kahalili (2023) Kahalili (2023)သူဌေးရပ်ကွက်က စံအိမ်ကြီးတစ်လုံးကို မာသာဆိုတဲ့ကောင်မလေးတစ်ယောက် အိမ်အကူလုပ်ဖို့ အူလည်လည်နဲ့ ရောက်လာပါတယ်။ အိမ်ရှင်မက ထွက်ကြိုဆိုပြီး နေရာချပေး အိမ်တစ်ခုလုံးကိုလိုက်ပြပြီး နွေးနွေးထွေးထွေးစကားပြောပေမဲ့ မာသာပုံစံက မထုံတက်တေးပါပဲ။ရောက်ပြီးမကြာခင်မှာဘဲ တကယ်တမ်း ဘာကြောင့် မာသာကိုအလိုရှိတယ်ဆိုတဲ့ အကြောင်းရင်းကို အိမ်ရှင်တွေဘက်ကထုတ်ပြောလာပါတယ်။ အဲဒါကတော့ ကလေးမရနိုင်တဲ့ သူတို့လင်မယားအတွက် မာသာက သဘာဝနည်းနဲ့ အငှားကိုယ်ဝန်လွယ်ပေးဖို့ပါပဲ။သူတို့လင်မယားဟာ ဘာသာရေးတရားလွန်ကိုင်းရှိုင်းသူတွေဖြစ်ပြီး မာသာဟာ ဘုရားသခင်ကစေလွှတ်လိုက်တဲ့သူ၊ ပြီးတော့ အပျိုစင်တစ်ယောက်လို့ ယုံကြည်နေကြတာပါ။ ဒါပေမဲ့ တကယ်တမ်းတော့ မာသာဟာ သူတို့ထင်နေသလိုရိုးရိုးအေးအေးမဟုတ်ပဲ တကယ့်ကိုပြောင်းပြန်စရိုက်နဲ့ အတိတ်ဆိုးရှိတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ရက်စက်ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေ သွေးသံရဲရဲတွေတင်မက သီရိစံတွေ Orgy တွေ ကြိုးတုပ်တာတွေ ကျာပွတ်နဲ့ ရိုက်တာတွေ မျက်နှာပေါ်တက်ထိုင်တာတွေပါ ပါဝင်တဲ့အတွက် မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းကကောင်းပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 870MB Quality - 1080p, 720p IMDb Rating ...
movie

[18+] Kahalili (2023)

2023
After the Bite (2023) 6.1
After the Bite (2023) After the Bite (2023) ============== IMDb Rating 6.1/10ဒီဇာတ်လမ်းလေးကတော့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ငါးမန်းဖြူတွေရဲ့ အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ Documentary တစ်ခုဖြစ်ပါတယ်။Documentary ပုံစံလေးကတော့... နှစ်စဉ်နွေရာသီရောက်တိုင်း အပန်းဖြေဖို့ လူအများလာရောက်ကြတဲ့ ကိတ်ပ် ကုဒ်ကမ်းခြေကို ငါးမန်းတွေရောက်ရှိလာပြီး လူသေဆုံးသည်အထိ တိုက်ခိုက် မှုတွေဖြစ်လာတဲ့အခါ မြို့နေဒေသခံတွေက သက်ဆိုင်ရာအဖွဲ့အစည်းကို ကိုင် တွယ်ဖြေရှင်းပေးဖို့အတွက် တောင်းဆိုလာကြပါတယ်။ တစ်ဖက်ကလည်း အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်း ဖို့တာဝန်ရှိလာတဲ့အခါ နှစ်ဦးနှစ်ဖက် အခက်တွေ့ရပုံတွေ၊ အများပြည်သူ အပန်း ဖြေတဲ့ ကမ်းခြေကို ပိတ်ထားရမယ့်အခြေအနေထိ ရောက်လာတာကြောင့် ကျွမ်းကျင်သူတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ငါးမန်းဖြူတွေကိုထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ကြတော့တာပေါ့။နောက်ပိုင်းထိခိုက်သေဆုံးမှုတွေမရှိအောင် ထိန်းသိမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ကိတ်ပ်ကုဒ်ကမ်းခြေကို မူလအတိုင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဖွဲ့လိုက် လှိုင်း စီးတာတွေ ရေလွှာလျှောစီးတာတွေ ကျင်းပပြုလုပ်နိုင်ခဲ့ကြတယ်။ အဏ္ဏဝါထိန်း သိမ်းရေးအဖွဲ့အနေနဲ့လည်း ငါးမန်းဖြူတွေသာမက ပင်လယ်ဖျံနဲ့ တခြားမျိုးစိတ် တွေကိုပါ အကောင်းဆုံးထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတင်ဆက်မှုနဲ့အတူ ကိုယ်မသိသေးတဲ့ သဘာဝရဲ့အ ကြောင်းတွေကိုပါ လေ့လာခွင့်ရတာကြောင့် အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့ Documentary ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ei Po ဖြစ်ပါတယ်)File Size..........(2.66 GB) ...
movie

After the Bite (2023)

2023
Here Comes the Groom (2023) 5.1
Here Comes the Groom (2023) Here.Comes.The.Groom(2023)ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်ဟာသရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒါရိုက်တာမာနီနက်ဇ်ကရိုက်ကူးတည်းဖြတ်ထားတာပါ။ Metro Manila Summer Film Festival မှာ ရုပ်ရှင်ဆု၃ဆုနဲ့ဇာတ်ဆောင်ဆု၉ဆုရရှိထားတဲ့ဇာတ်လမ်းလေးပါ။ ၂၀၁၀မှာဒါရိုက်တာမာတီနက်ဇ်ဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးထုတ်လုပ်တဲ့ Here Come The Bride အောင်မြင်မှုကြောင့် ၂၀၂၂နှစ်လယ်လောက်မှာအလားတူဇာတ်လမ်းရိုက်ကူးဖို့ထပ်ဆုံးဖြတ်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့မိသားစုတစ်စုဟာ မင်္ဂလာပွဲကျင်းပဖို့အပန်းဖြေစခန်းသို့အသွား လမ်းမှာမာမီရှိန်းတို့တစ်သိုက်ကားဘရိတ်ပေါက်ပြီးလာတဲ့ကားနဲ့‌ခေါင်းချင်းဆိုင်တိုက်မိပါလေရော။ ဖြစ်ချင်တော့ အချိန်ကနေကြတ်နေတဲ့အချိန် ရောက်နေတဲ့နေရာကသံလိုက်တောင်ကုန်း စတဲ့အကြောင်းတရားတွေကြောင့် လူတွေဝိညာဉ်ချိန်းကုန်တဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလို့ကောင်းတဲ့ဇာတ်လမ်းလေးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 2.6GB | 1.27GB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

Here Comes the Groom (2023)

2023
Burned by Love (2023) 5.0
Burned by Love (2023) Burned by Love (2023) =================ဒီကားလေးကတော့ American Assassin ဇာတ်ကားထဲက မင်းသမီး ချောလေး Shiva Negar ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ် ဆောင်ထားတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်းလေးတစ်ကားဖြစ် ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အတွင်းခန်း အလှပြင်ပန်းချီဆရာ အနေနဲ့ အသက်မွေးတဲ့ Shiva တစ်ယောက် ခင်ပွန်းသည်ရဲ့ ဖောက်ပြန် မှုကို လက်ပူးလက်ကြပ်မိသွားပြီး အိမ်ထောင်ကွဲဘဝကိုရောက်သွား ရှာပါတယ်။ တစ်နှစ်လောက် ကြာတဲ့အထိ Move on မလုပ်နိုင်တော့ အတူနေအခန်းဖော်က ဘဲလေးဘာလေးရအောင် ဆိုပြီး Tinder လိုမျိူး Dating Account ဖွင့်ပေးပြီး သုံးခိုင်းရာကနေ Shiva တစ်ယောက် Marco ဆိုတဲ့ဘဲနဲ့ ညိသွားပါတော့တယ်။ ဖြစ်ချင်တော့ Marco က ကြာကူလီ ဖိုးတွမ်တီးသမားဖြစ်နေတော့ ပိုက်ဆံလည်းရှုံး အသည်းလည်းကွဲ မိအေးနှစ်ခါနာဖြစ်ပါတော့တယ်။ အဲတော့ သူ့လိုမျိုး နောက်ထပ်ကောင်မလေးတွေ မခံရလေအောင်ဆို ပြီး လိုင်းပေါ်မှာ သတိပေးစာတွေထုတ်၊ မိန်းကလေးအချင်းချင်းရင်ဖွင့် ကြနဲ့ Carry on လုပ်တဲ့အခါမှာ Marco တစ်ယောက် စားပေါက်ပိတ် သွားပါတော့တယ်။ စားပေါက်ပိတ်သွားတဲ့ ကြာကူလီ Marco က ...
movie

Burned by Love (2023)

2023
See You On Venus (2023) 5.8
See You On Venus (2023) See You on Venus (2023)ဗီးနပ်စ်ကို သိပ်သဘောကျတဲ့ မီရာဆိုတဲ့ကောင်မလေးရှိတယ်။ မီရာ့အတွက်တော့ ဗီးနပ်စ်ကဂြိုလ်တစ်ခုဆိုတာထက် သူ့စိတ်ကူးယဥ်ကမ္ဘာပဲဆိုပါတော့။"မီရာ နင်ဘာလို့ ဗီးနပ်စ်မှ ဗီးနပ်စ်ဖြစ်နေတာလဲ ဘာတွေများထူးခြားလို့လဲ ဗီးနပ်စ်က" "ငါ့ဗီးနပ်စ်ပေါ်မှာတော့ စစ်ပွဲတွေမရှိဘူး နာကျင်မှုတွေ ဆာလောင်မှုတွေမရှိဘူး ကလေးတွေကို မချစ်တတ်တဲ့မိဘတွေမရှိဘူး"မီရာကတော့ မိဘမဲ့ဂေဟာကကောင်မလေးပါ။ မီရာက ဗီးနပ်စ်ကိုတော့မသွားနိုင်ပေမယ့် သူ့အမေရှိနိုင်တဲ့စပိန်ကိုသွားပြီး အမေရှာပုံတော်ထွက်ဖို့ပြင်ဆင်နေသူလေးပါ။ စပိန်သွားဖို့ကို သူကနှစ်နှစ်တာငွေကို ခြစ်ခြစ်ကုပ်ကုပ်စုပြီး အသက်သာဆုံးဖြစ်အောင်စီစဥ်ထားတာပါ။ မီရာ့သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်။ "နင်မွေးဖွားလာတဲ့အတွက် ဝမ်းသာနေတဲ့လူတစ်ယောက်ယောက် တစ်နေရာရာမှာတော့ အမြဲရှိနေတယ်တဲ့"ဒါပေမဲ့မီရာခရီးမထွက်ခင်ပဲ ကောင်လေးတစ်ယောက်နဲ့ဆုံတယ်။ ဒီကောင်လေးက သူ့ကိုယ်သူ မွေးလာမသင့်တဲ့လူတစ်ယောက်လို့ထင်နေပြီး သတ်သေဖို့ကြိုးစားနေတာပါ။ သွက်လက်လွန်းတဲ့ဆယ်ကျော်သက်လေးမီရာက ဒီကောင်လေးကိုကူညီဖို့ကြိုးစားကြည့်ချင်စိတ်နဲ့ သူ့ခရီးစဥ်မှာအတင်းဆွဲခေါ်သွားတော့တာပါပဲ။ စပိန်တစ်ခွင်ကို ဗန်ကားလေးနဲ့ပတ်ပြီး မီရာ့အမေကိုရှာပုံတော်ဖွင့်တာက တစ်ချိန်ကထွက်ခဲ့တဲ့ Letters to Juliet ကိုသတိရစေတယ်။ စပိန်ရဲ့ အလှတရားတွေကိုလဲ ခံစားရဦးမယ်။ ဇာတ်လမ်းဇာတ်အိမ်လဲခိုင်မာပြီး ရထားတဲ့ IMDb rating 7 နဲ့လဲထိုက်တန်တယ်လို့ပြောပါရစေ။ ဒီကားကြည့်ပြီးရင် မီရာ့ရဲ့ဗီးနပ်စ်ပေါ်မှာ ပြန်ဆုံချင်ပါသေးတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… ...
movie

See You On Venus (2023)

2023
Love, Sex and 30 Candles (2023) 4.9
Love, Sex and 30 Candles (2023) Love, Sex and 30 Candles (2023) ========================ဒီခယ်လီဒီ၊ နော်လာဇီ၊ လင်ဒါနဲ့ ရှာဒေးတို့ဟာ တက္ကသိုလ်ကျောင်းသူ ဘဝကတည်းကစသိလာကြပြီး အခု အသက် ၃၀ ပြည့်တော့မယ့်အချိန် ထိ အင်မတန်ကိုရင်းနှီးခင်မင်နေကြတဲ့သူငယ်ချင်းလေးယောက်ပဲဖြစ် ပါတယ်။ဒီခယ်လီဒီက တယ်ဘိုဂိုဆိုတဲ့သူနဲ့ ဆယ်နှစ်ကျော်လောက်ချစ်ကြိုက်ခဲ့ပြီး သမီးလေးတစ်ယောက်တောင်ရှိနေပေမယ့်လို့ အခုချိန်ထိ လက်မထပ်ရ သေးပါဘူး။ နော်လာဇီကတော့ Single တစ်ယောက်ပါ၊ Single ဆိုပေမယ့် လည်း သူ့အသက် ၃၀ ပြည့်မွေးနေ့ရက်မှာတင်ပဲ သူ့မှာကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ လင်ဒါကတော့ ချစ်သူ၊ ရည်းစားတွေသာ ဗလပွများပြား နေပေမယ့် ငယ်ဘဝက ဖခင်နဲ့ဝေးကွာခဲ့ရမှုတွေ၊ မိခင်မကျန်းမမာဖြစ်မှုတွေ ကြောင့် commitment issues တွေရှိနေပြီး Relationship က ဒီထက်ပိုလေး နက်ပြီး လက်ထပ်မယ့်အဆင့်ရောက်လာပြီဆိုတာနဲ့ ချက်ချင်းကိုပဲ အဆက် ဖြတ်ပစ်လေ့ရှိတဲ့သူတစ်ယောက်ပေါ့။ ရှာဒေးဆိုတဲ့မိန်းကလေးကတော့ မိန်းကလေးအများစုစိတ်ကူးယဉ်တတ်သလို အိပ်မက်ထဲကမင်းသားလေးနဲ့တွေ့ ပြီးလက်ထပ်ရဖို့ကို ငယ်စဉ်ကတည်းကစိတ်ကူးယဉ်ခဲ့သူတစ်ယောက်ပါ။ သူ စိတ်ကူးယဉ်ခဲ့ရသလိုပဲ လက်တွေ့မှာလည်း Perfect ဖြစ်တယ်ဆိုတဲ့ယောကျ်ား နဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပေမယ့်လို့ ခင်ပွန်းလောင်းဖြစ်သူက ထင် ထားသလောက်လည်း Perfect ဖြစ်နေတာမဟုတ်ပါဘူး။ဒီတော့ မကြာခင် အသက် ၃၀ ...
movie

Love, Sex and 30 Candles (2023)

2023
The Last Voyage of the Demeter (2023) 6.4
The Last Voyage of the Demeter (2023) The Last Voyage of the Demeter (2023) ============================= IMDb Rating - 6.4/10ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ...
movie

The Last Voyage of the Demeter (2023)

2023
4K HEVC
Shohorer Ushnotomo Din E (2023) 6.6
Shohorer Ushnotomo Din E (2023) Shohorer Ushnotomo Din E (2023)IMDb-6.6/10မဆုံစည်းလိုက်ကြတဲ့ ချစ်ခြင်းတွေမှာ ဒုတိယအကြိမ်အခွင့်အရေးရခဲ့ကြရင်.....လန်ဒန်ကို ကျောင်းသွားတက်ဖို့ထောက်ပံ့နိုင်စွမ်းအပြည့်ရှိတဲ့ မိသားစုကမွေးဖွားလာသူနဲ့ ထူးချွန်ပြီး သာမန်ကျောင်းဆရာမမိသားစုကမွေးလာသူတို့ အချစ်တွေနဲ့နှစ်ယောက်တစ်အိမ်မက်အတွက် ပညာတော်သင်သွားကြဖို့ ဆုံးဖြတ်ကြပြီးမှ ကိုယ်ရေးကိုယ်တာ မိသားစုပြဿနာတွေနဲ့ ဝေးကွာသွားခဲ့ရတယ်နှစ်အနည်းငယ်ကြာပြီး အလုပ်ရတဲ့သူ ကျောင်းတက်နေသူနဲ့ အားလုံးအသားကျနေချိန်မှ ချစ်ရသူတွေ ကောလိပ်က သူငယ်ချင်းတွေပြန်ဆုံစည်းလာကြပြီး နီးစပ်ဖို့အခွင့်အရေးထပ်ရလာချိန်မှာ...နီးမလိုနဲ့ ဝေးခဲ့ကြသူတွေ ၊ အချစ်နဲ့ဘဝကို တစ်ထပ်တည်းထပ်တူကျအောင် ပုံသွင်းနိုင်ကြမလားဆိုတာ ရှုထောင့်မျိုးစုံကနေခံစားကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.14GB / 615MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Zwe ~ Yunni 
movie

Shohorer Ushnotomo Din E (2023)

2023
Inside Man (2023) 5.5
Inside Man (2023) Inside Man (2023) ==============ဒီကားလေးကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကြည့်ပြီးခွီခဲ့ရတဲ့ ' The Girl Next Door ' ကားထဲက Matthew Kidman တစ်ဖြစ်လဲ Emile Hirsch ပါဝင် သရုပ်ဆောင်ထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးဖြစ်ပြီး ဖြစ်ရပ် မှန်ဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့ ရဲတစ်ယောက် အလုပ်မှာ တော်ပေမယ့် အိမ်ထောင်ရေးဘက် အာရုံမစိုက်နိုင်တော့ တစ်ရက်သား မိန်းမ ကိုပန်းလေးပေးရင်း ဇကောဝိုင်းလှည့်ဖို့ အိမ်ကိုစောစောပြန်လာတဲ့အခါမှာ မိန်းမဖြစ်သူက တခြားယောင်္ကျားတစ်ယောက်နဲ့ ဇကောဝိုင်းလှည့်ခါနီး အခြေ အနေနဲ့ သွားတိုးပါတော့တယ်။ စိတ်မထိန်းနိုင်ပဲ ခြံကျော်ကောင်လေးကို စုတ် ပြတ်သတ်သွားအောင် ဘော်ဘီ ထိုးလိုက်မိချိန်မှာတော့ ချစ်သူကမုန်းဖဲကရှုံး ဆိုသလိုမျိုး မိန်းမဖြစ်သူနဲ့လည်း ဝေး၊ အလုပ်ကနေလည်း ရာထူးချခံရဖြစ် သွားပါတော့တယ်။ဘော်ဘီတစ်ယောက် စိတ်ညစ်ညစ်နဲ့ အသည်းကွဲလူမိုက်လေးလုပ်နေတုန်း လူဆိုးနှစ်ယောက်ကြားက ရန်ပွဲကိုမဆီမဆိုင် ဝင်ပါမိသွားပြီး၊ ဖြစ်ချင်တော့ သူဝင်ကယ်လိုက်တဲ့ လူဆိုးက ရဲတွေဘက်ကတောင် မနိုင်လို့လွှတ်ပေးထား ရတဲ့ အကောင်ကြီးကြီးဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အားယားနေတဲ့ဘော်ဘီ တစ်ယောက် နောက်ကြောင်းကိုလိုက်ရင်းနဲ့ မိန်းမလေးရဲ့ အထင်ကြီးမှုလေး ပြန်ရပြီး အဆင်ပြေ၊ ...
movie

Inside Man (2023)

2023
Indiana Jones and the Dial of Destiny (2023) 6.8
Indiana Jones and the Dial of Destiny (2023) Indiana Jones and the Dial of Destiny (2023)~ IMDb - 6.8/10, Rotten Tomatoes - 69% ~ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ...
movie

Indiana Jones and the Dial of Destiny (2023)

2023
4K HEVC