Channel Myanmar

2023

Smugglers (2023) 6.8
Smugglers (2023) Smugglers (2023)အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့ မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်း မှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊ တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊ လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့ Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထဂးတာကတော့ Hmwe & Joyz ပဲ ဖြး်ပါတယ်။Genre..... ...
movie

Smugglers (2023)

2023
This Hits Home (2023) 7.4
This Hits Home (2023) This Hits Home (2023)=================ပထမဆုံးအနေနဲ့ ဒီကားက ရုပ်ရှင်မဟုတ်ပါဘူး အသိပညာပေးမှတ်တမ်း ရုပ်ရှင်ပါ။ တိတိကျကျပြောရရင် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို ဆေးပညာရှုထောင့်အရရော ခံရသူတွေရဲ့ရှု‌ထောင့်ကနေပါ သေ‌သေချာ လေးရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ့်မိသားစုထဲမှာမကြုံတွေ့ဖူးရင်တောင်မှ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ ကြားနေရတတ်ပါတယ်။ဥပမာပေးရရင် တောထပျံ့နှံ့နေတဲ့ ကူးစက်ရောဂါတစ်ခုလိုပါပဲ။ ဒါပေမဲ့ လူတိုင်းမသိကြတာက အဲလိုနှိပ်စက်ခံရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရပါ နောက်ဆက်တွဲပြဿနာတွေ ရောဂါတွေဖြစ်လာ တတ်တယ်ဆိုတာပါပဲ။ ဒါကို ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်ပြမလဲ ဖြေရှင်းကြမလဲဆိုတာတွေကို ဗဟုသု‌တအနေနဲ့ကြည့်ရှုရမဲ့ မှတ်တမ်းရုပ် ရှင်တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1 GB) / (371 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary Translator......Khant Sett Naing Encoder..........SWM
movie

This Hits Home (2023)

2023
Spy Kids: Armageddon (2023)
Spy Kids: Armageddon (2023) Spy Kids: Armageddon (2023)5 ကားမြောက် Spy Kids မူဗီ ထွက်လာပါပြီ။ ဒီရုပ်ရှင်ကိုတော့ Spy Kids ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးထားတာပါ။ 90 ဖွားတွေအတွက်တော့ ဒီရုပ်ရှင်တွေက ငယ်ငယ်တုန်းက တစ်ခါနှစ်ခါတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ သိပ္ပံ ကိရိယာအသစ်အဆန်းတွေနဲ့ လူဆိုးတွေကို ချတဲ့ စပိုင်ကလေးတွေ အကြောင်းပါပဲ။ မိသားစုကြည့်ဖို့ ကလေးတွေကို ပြဖို့ အသင့်တော်ဆုံး franchise ပါပဲ။ဇာတ်လမ်းအကျဉ်းတိုနီနဲ့ပတ်တီဆိုတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးစပိုင်နှစ်ယောက်ရဲ့ သားနဲ့သမီးပါပဲ။ သူတို့ဟာ ဂိမ်းဝါသနာအိုးတွေဖြစ်ပြီး ဂိမ်းကစားတဲ့နေရာမှာလည်း အတော်ကျွမ်းကျင်ပါတယ်။ သူတို့ရဲ့အမေနဲ့အဖေက သူတို့ကို ဖုန်းတွေဂိမ်းစက်တွေ နာရီပိုင်းနဲ့ပဲ သုံးခွင့်ပေးပြီး ကန့်သတ်ထားပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်က ဘယ်စနစ်ကိုမဆိုဟက်လို့ရတဲ့ အာမက်ဂက်ဒန်ဆိုတဲ့ဆော့ဝဲကို အိမ်မှာ လျို့ဝှက်သိမ်းထားပြီး ကလေးတွေရဲ့ဂိမ်းကနေ အဟက်ခံရမှာစိုးလို့ပါပဲ။ ဒါပေမဲ့ ဒီဆော့ဝဲကိုလိုချင်နေတဲ့ နည်းပညာသမားလူဆိုးက ကလေးတွေကို ဂိမ်းနဲ့မျှားပြီး ဂိမ်းထဲကနေ တဆင့် ခိုးသွားပါတော့တယ်။ အဲဒီဆော့ဝဲကိုအသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အပြင် ကလေးတွေရဲ့ ...
movie

Spy Kids: Armageddon (2023)

2023
4K HEVC
Gran Turismo(2023) 7.4
Gran Turismo(2023) Gran Turismo(2023)******************* ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီးအကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကိုတကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ  မယုံကြည့်ခဲ့ပေမဲ့ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။ဒါရိုက်တာကတော့ Elysium တို့ District 9 ...
movie

Gran Turismo(2023)

2023
4K HEVC
[21+]My Beloved Little Stepsister-Shouko Takahashi (MIDV-023-Decensored)
[21+]My Beloved Little Stepsister-Shouko Takahashi (MIDV-023-Decensored) Dark Side Production အနေနဲ့ Shouko Takahashi ရဲ့အမာခံ ပရိတ်သတ်ဖြစ်တာနဲ့အညီသူမရဲ့ ဇာတ်ကားတွေထဲမှာ ဇာတ်လမ်းဇာတ်ကွက်တော်တော်ပါတဲ့ MIDV-023 ဇာတ်ကားကိုတော်တော် Clean လုပ်ထားတဲ့ Version ထွက်ရှိလာတာကြောင့်အကြည်ဆုံး Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။ယခင် Version ကို ကြည့်ဖူးရင်လဲ ဒီ Decensored Version ကို ထပ်ကြည့်ပါ...လုံးဝနောင်တမရစေရပါဘူး။[MIDV-023-Decensored Version]ဖြူဖြူဖွေးဖွေးနဲ့ရေဆေးငါးကြီးလို ဖြောင့်တင်းတောင့်စင်းနေတဲ့အလှနဲ့ Shouko Takahashi  လေးရဲ့  အစ်မကြီးတော့ အမိရာဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်လှပတဲ့ရုပ်ရည် ရှက်ကြောက်တတ်တဲ့ အမူအရာလေး‌နဲ့ စိုးရွံ့တုန်လှုပ်တဲ့ မျက်နှာပေးလေးတွေနဲ့ သရုပ်ဆောင်ကောင်းလွန်းတဲ့ အပြင် ပုရိသတွေရဲ့ နှလုံးသားကိုပါ ကိုင်လှုပ်နိုင်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးတွေလည်း ရှိတာမို့ ညိုကီတို့အကြိုက်တွေ့မိမှာပါဇာတ်လမ်းလေးကတော့ ညီမဖြစ်သူကို မိဘတွေကွယ်လွန်ပြီးကတည်းက စောင့်ရှောက်လာခဲ့တဲ့ အမကြီးတယောက်ရဲ့ ဓားခုတ်ရာလက်ဝင်လျှိုပေးတဲ့ တာဝန်ကျေပွန်မှုတွေကို ရှုစားကြရမှာပါ။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ ...
movie

[21+]My Beloved Little Stepsister-Shouko Takahashi (MIDV-023-Decensored)

2023
Shashiyum Shakundhalayum (2023) 9.4
Shashiyum Shakundhalayum (2023) Sasiyum Sakunthalyum (2023)CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Malayalam စကားပြော ဒရာမာ ဇာတ်ကားကောင်းလေး လာပါပြီIMDB 9.8 တောင် ရထားတာနော် ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ အလယ်တန်းကျောင်းနှစ်ကျောင်းက အပြိုင်အဆိုင်ဖြစ်နေပြီး တစ်ဖက်နဲ့ တစ်ဖက်ကလည်း လုံးဝ မတည့်ကြပါဘူးအောင်စာရင်းထွက်တော့ ကလေးတွေရလဒ်မကောင်းလို့ ကျောင်းအုပ်ကြီး တစ်ယောက် ဆရာဆရာမတွေကိုခေါ်ပြီး ဒေါသပုန်ထနေပါတယ်အထူးသဖြင့် English စာနဲ့ သင်္ချာညံ့ကြတာပါ ဒါကို ဟိုဘက်က Excellence ဆိုတဲ့ ကျောင်းက အောင်ချက်ကောင်း အမှတ်လည်းကောင်းတာမို့ တစ်ဖက်ကို ရွာတွေရဲ့ထုံးစံအတိုင်း 'လော်စပီကာ' နဲ့ အပုပ်ချပါတော့တယ်ဆရာတွေကလည်း လစာနှစ်ပဲတစ်ပြားနဲ့ အဆင်မပြေဖြစ်နေပါတယ် ရွာမွေးခြံပေါက် English ဆရာ Sashi ဆိုသူကတော့ ရွာထဲမှာ ဂိုက်လေးတွေလှည့်သင်နေရင်း အကြွေးဆပ် ရုန်းကန်နေရပါတယ်English စာတော်လို့ သတင်းမွှေးတာနဲ့ ကျောင်းအုပ်ကြီးတစ်ယောက် ဂိုက်ဆရာ Sashi ကို သူလိုချင်တဲ့လစာ ပေးပြီး ခေါ်ခန့်လိုက်ပါတော့တယ်ဒီဆရာ ဒီကလေးတွေ ဘယ်လိုဆက်စခန်းသွားကြမလဲ ဆရာ ဆရာမတွေရဲ့ အချစ်ဇာတ်လမ်း လေးတွေလည်း ပါတာမို့အားပေးလိုက်ကြပါဦး(အညွှန်းရေးသားသူက KKKZ ဖြစ်ပြီးBpL ~ ToMo ...
movie

Shashiyum Shakundhalayum (2023)

2023
Cassandro (2023) 6.4
Cassandro (2023) Cassandro (2023) ============= IMDb Rating - 6.4/10 Biography, Drama, Sportတက္ကဆက်ပြည်နယ်က မိန်းမလျာလက်ဝှေ့သမား Cassandro ခေါ် ဆောလ်ရဲ့ ဘဝဇာတ်ကြောင်း မူဗီတစ်ပုဒ်ဖြစ်ပါတယ်။ Cassandro ဟာ NWA World Welterweight, UWA World Lightweight ချန်ပီ‌ယံဟောင်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်ပဲ မိန်းမလျာလက် ဝှေ့သမားတွေဟာ လက်ဝှေ့လောကမှာ နေရာတစ်ခု ရလာခဲ့ခြင်းဖြစ် ပါတယ်။ဒီဇာတ်လမ်းမှာတော့ Cassandro ရဲ့ အပျော်တမ်းမှ တက်သစ်စ၊ တက် သစ်စမှ နာမည်ကြီးလက်ဝှေ့ချန်ပီယံကြီး အဆင့်ဆင့်ဖြစ်သွားခဲ့ပုံတွေ၊ ဒီလောကထဲမှာ သူဘာကြောင့် ခြေချခဲ့လဲဆိုတာတွေ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေး တွေကို သိခွင့်ရမှာဖြစ်ပါတယ်။ လက်ဝှေ့လောကမှာတင်မကဘဲ ဂေး လောက အသိုင်းအဝိုင်းအတွက် Cassandro ဟာ သူ့နည်းသူ့ဟန်နဲ့ စိတ် ခွန်အားတစ်ခု ဖြစ်ကြောင်းတွေ မြင်တွေ့ရပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2 GB) / (792 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator......Act ...
movie

Cassandro (2023)

2023
Lang Lang Plays Disney (2023) 7.2
Lang Lang Plays Disney (2023) Lang Lang Plays Disney (2023) ======================= IMDb Rating - 7.2/10ဇာတ်ကားက Lang Lang ဆိုတဲ့နာမည်ကြီးဂန္တ၀င်သီချင်းတီးတဲ့ ပီယာနိုတီးသူတစ်ယောက်က Disney ဇာတ်၀င်တေးတွေကိုသံစုံ တီးဝိုင်းနဲ့ပြန်လည်တီးခတ်တာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ ကိုယ်ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ကာတွန်းကားတွေထဲကဇာတ်၀င် တေးတွေကို ကိုယ်တိုင်တီးခတ်ခွင့်ရတဲ့ Lang Lang ရဲ့အကြောင်း အပြင် သူ‌ဒီနေရာရောက်အောင်ကြိုးစားခဲ့ရပုံတွေ သူရဲ့စိတ်နေစိတ် ထားတွေကိုပါ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်)File Size..........(1.2 GB) / (478 MB) Quality............WEB-DL 1080p / 720p Duration.........1Hr Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Music Translator......Khant Zar Ni Oo Encoder..........SWM
movie

Lang Lang Plays Disney (2023)

2023
Tulah 6/13 (2022) 5
Tulah 6/13 (2022) Tulah (2023) ဇာတ်လမ်းအစမှာတင်လန့်သွားရတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို ကြည့်ရှုဖို့ အသင့်ပဲလား...ဇာတ်လမ်းအစက ဗိုက်ကြီးနေတဲ့အမေဖြစ်သူရဲ့ နောက်ပိုင်းဇာတ်ကွက်မြှုပ်ထားပြီး ထူးခြားဆန်းပြားတဲ့အရာတွေကို တွေ့မြင်နေရတဲ့ ဂီလန်းတစ်ယောက်... မွေးနေ့မှာပဲ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေစခန်းချခရီးလေးထွက်ပြီး မွေးနေ့ပွဲလေးကျင်းပကြမယ်လို့ စီစဉ်ထားတဲ့သူတို့သုံးယောက်ဆီကို ရောက်လာတဲ့ မကြိုဆိုချင်ဘဲ ကြိုဆိုလိုက်ရတဲ့ နောက်ထပ် သူငယ်ချင်းနှစ်ယောက်...ဒီလိုနဲ့ သူတို့ငါးယောက်စတင်ခဲ့တဲ့ မွေးနေ့ပွဲခရီးစဉ်လေးမှာ ရေတံခွန်သွားဖို့ တောင်ဖြတ်လမ်း‌တစ်လျှောက်က မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေ... ဒီပုံရိပ်တွေနဲ့ မသိခြင်းများစွာက ဘယ်ကနေများ စတင်လာခဲ့တာလဲ ... နောက်ပိုင်းမှာရော ဘယ်လိုစိတ်လှုပ်ရှားစရာတွေကို ဆက်တွေ့ရမလဲကဲကဲ ဒါတွေကို သိချင်လာပြီဆိုရင်တော့ ကြောက်စိတ်ပြေအောင် ချစ်ရသူရဲ့လက်ကိုကိုင်ထားပြီး ကြည့်ရှုလိုက်ကြပါစို့.. ဒီဇာတ်လမ်းလေးကိုတော့ BpL~ ToMo~Dee မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 561MB Quality…720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ ToMo~Dee
movie

Tulah 6/13 (2022)

2023
How to Deal with a Heartbreak (2023)
How to Deal with a Heartbreak (2023) How to Deal with a Heartbreak (2023)အေးအေးငြိမ်ငြိမ်နဲ့ လက်တွေ့ဘ၀နဲ့ဆက်စပ်ပြီး မိသားစုနဲ့ Friendship ကို အဓိက ပုံဖော်ထားတဲ့ ကားလေး လာပါပြီ။အဓိက ဇာတ်ကောင် မာဖေးက စာရေးဆရာလုပ်ရင်းကနေ Influencer လိုင်း‌ ပြောင်းသွားပြီး Blog လေးတွေတင်ကာ ပီရူးမှာ မိဘတွေနဲ့အတူ နေပါတယ်။ သူ့အမေကတော့ စာဆက်ရေးစေချင်ပေမယ့် မာဖေးက စာအုပ်တစ်အုပ်ထုတ်ပြီး ဆက်မလုပ်နိုင်သေးတာပါ။ နောက်တော့ စိတ်အပြောင်းအလဲဖြစ်အောင် ဒုတိယစာအုပ်လည်း ဆက်လုပ်နိုင်အောင် သူငယ်ချင်းတွေဆီ အလည်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်း ၂ယောက်ကတော့ ဘ၀စီမံကိန်းတွေချပြီး အဆင်ပြေနေကြပါတယ်။စိတ်ဓာတ်ကျနေတဲ့ မာဖေးအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး သူ့အဖေကပါ နှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးသွားတဲ့အခါ...နာကျင်မှုတွေ ပူဆွေးမှုတွေကို သူငယ်ချင်း မိတ်ဆွေတွေ အကူအညီနဲ့ ကျော်ဖြတ်ပြီး အချစ်သစ်ရှာဖွေတဲ့ပုံ... စာအုပ်အသစ်ထုတ်နိုင်ဖို့ ကြိုးပမ်းပုံတွေကို ရိုးရိုးရှင်းရှင်း သရုပ်ဖော်ထားတာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ...
movie

How to Deal with a Heartbreak (2023)

2023
Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023
RDX: Robert Dony Xavier (2023) 7.8
RDX: Robert Dony Xavier (2023) RDX:Robert Don't Xavier (2023)IMDb-7.8/10တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်... ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်... ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Dee ~ Moon ~ ToMo
movie

RDX: Robert Dony Xavier (2023)

2023
The Retirement Plan (2023) 5.2
The Retirement Plan (2023) The Retirement Plan (2023)~ Rotten Tomatoes - 60% ~မင်းသားကြီး Nicolas Cage လို့ ပြောလိုက်ရင်တော့ မသိတဲ့သူက မရှိသလောက်ပါပဲ။ ဒီတစ်ခေါက် ဇာတ်ကားမှာတော့ နစ်ကိုလပ်ကေ့ဂ်အပြင် သူ့ရဲ့ ဘော်ဒါရင်းတစ်ယောက်လည်းဖြစ်သလို "Hellboy" ကားတွေနဲ့ လူသိများခဲ့တဲ့ မင်းသားကြီး Ron Perlman လည်း တွဲဖက်အနေနဲ့ တဖန်ပြန်လည်ပါဝင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ အက်ရှ်လေဆိုတဲ့ အမျိုးသမီးဇာတ်ဆောင်ရဲ့ မိသားစုအပေါ်အခြေခံပြီးရိုက်ကူးထားတာပါ။ အက်ရှ်လေရဲ့ အမျိုးသား ဂျင်မီက လူမိုက်အဖွဲ့ထဲဝင်ထားတဲ့ လျှို့ဝှက်သတင်းပေးတစ်ယောက်ပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ဂျင်မီက အထက်အမိန့်နဲ့ သူ့အလုပ်က ထိပ်တန်းလျှို့ဝှက်ချက်တွေပါနေတဲ့ ဟာ့ဒရိုက်တစ်ခုကို ခိုးလာခဲ့ပါတယ်။ ဂျင်မီရဲ့ ဒုစရိုက်အဖွဲ့အစည်းက ခေါင်းဆောင်ဖြစ်တဲ့ ဒွန်နီက ဂျင်မီတို့မိသားစုကို လိုက်ဖမ်းတော့ ဂျင်မီတို့ခဗျာ ထွက်ပြေးရရှာတာပေါ့။ ဒါပေမဲ့ ဂျင်မီရဲ့သမီးဖြစ်သူ ဆာရာကပဲ သူတို့အဘိုးနေတဲ့နေရာကို လေယာဉ်နဲ့လွတ်သွားရှာပါတယ်။ လွတ်သွားတဲ့နေရာကတော့ ...
movie

The Retirement Plan (2023)

2023
Island Escape (2023)
Island Escape (2023) Island Escape (2023)Science-Fiction နဲ့ Horror ကြိုက်တဲ့သူအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လူမသိသူမသိကျွန်း တစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ ဒီကျွန်းက "Elite Soldier" တွေကို မွေးထုတ်ဖို့အတွက် လေ့ကျင့်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကျွန်းဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သုတေသီတစ်ယောက်ဖြစ်တဲ့ စီအီးအိုတစ်ယောက်ရဲ့သမီးကလည်း မတော်တဆမှုထဲပါသွားတဲ့အတွက် စီအီးအိုရဲ့ သမီးကို သွားကယ်ဖို့ ကုမ္ပဏီကနေပြီးတော့ စစ်ပြန်နဲ့ ပရော်ဖက်ရှင်နယ်တစ်စုကို ငှားပါတော့တယ်။ ဒီအဖွဲ့ထဲမှာဆိုရင် ဇာတ်လမ်းရဲ့ မင်းသားဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ချေ့စ်နဲ့ ရပ်စ်ဆိုပြီးပါလာပါတယ်။ သူတို့နှစ်ယောက်က ဒီစစ်ဆင်ရေးမတိုင်ခင် အရင်စစ်ဆင်ရေးတစ်ခုမှာအတူလုပ်ခဲ့ဖူးကြပေမဲ့ အဲဒီစစ်ဆင်ရေးမှာဖြစ်ခဲ့တဲ့မတော်တဆတစ်ခုကြောင့် ချေ့စ်ဟာ အတိတ်မေ့ရောဂါဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ရပ်စ်ကို မယုံသင်္ကာဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချေ့စ်တို့နှစ်ယောက်ဟာ စစ်ဆင်ရေးအတူထွက်ဖြစ်ခဲ့ကြတာပေါ့။လူမသိသူမသိကျွန်းကို ရောက်သွားတဲ့အခါမှာတော့ စစ်ဆင်ရေးထဲပါသွားတဲ့သူတွေအားလုံး ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့စတင်ကြုံတွေ့လာရပါတော့တယ်။ ကျွန်းပေါ်မှာ သုတေသီတစ်ယောက်မှ ရှာမတွေ့တော့တဲ့အပြင် အလောင်းများစွာကို ရှာတွေ့ကြပါတယ်။ ...
movie

Island Escape (2023)

2023
Slotherhouse (2023) 6.1
Slotherhouse (2023) Slotherhouse (2023)~ IMDb - 6.1/10, Rotten Tomatoes - 64% ~ကာတွန်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေထဲမှာ အရမ်းကို နှေးတဲ့အကောင်လေးတွေအဖြစ် ပုံဖော်ထားတဲ့ စလော့သ်ဟာ ဒီရုပ်ရှင်ထဲမှာ မြန်ဆန်ပြီး လူလို ဉာဏ်ကောင်းနေပါတယ်။ ပြီးတော့မှ စိတ္တဇလည်းဖြစ်နေပြီး လူတွေကို လိုက်သတ်တဲ့ ကားမျိုးပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ သားသတ်ရုံကို slaughterhouse လို့ ခေါ်ပြီး အဲဒီစာလုံးကိုမှ မျောက်မောင်းမတွေနဲ့ ဆင်တဲ့ စလော့သ်အကောင်လေးနာမည်နဲ့ ပေါင်းပြီး Slotherhouse လို့ ပေးထားတာပါ။ ဓားတွေသေနတ်တွေနဲ့ ချတာတွေပါပြီး Scary movie ဆန်ဆန် အခွီတွေလည်းပါပါတယ်။~ ဇာတ်လမ်းအကျဉ်း ~အထက်တန်းကျောင်းက မိန်းကလေးဆောင်တစ်ခုမှာ နောက်ဆုံးနှစ် တက်နေတဲ့ အမ်မလီဆိုတဲ့ ကျောင်းသူလေးဟာ တောထဲက မုဆိုးတစ်ယောက်ဖမ်းလာတဲ့ စလော့သ်လေးတစ်ကောင်ကို ခေါ်လာမိပါတယ်။ သူ့ကို တစ်ဆောင်လုံးက သဘောတွေကျပြီး ...
movie

Slotherhouse (2023)

2023
Gandeevadhari Arjuna (2023) 7.5
Gandeevadhari Arjuna (2023) Gandeevadhari Arjuna (2023)IMDb-7.7/10Missionတွေလုပ်ရတဲ့ Agent movieတွေကို နှစ်သက်သူတို့အကြိုက်တွေ့မယ် IMDb 7.7 ရထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ဒီကားထဲမှာတော့ မင်းသားချော Varun Tej ကို အရည်အချင်းမှာ သူမတူအောင်ထက်မြက်ပေမဲ့ အမိန့်မနာခံဘဲ ထင်ရာလုပ်တတ်တဲ့အေးဂျင့်အနေနဲ့ မြင်တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းရာသီဥတုဆိုးရွားစွာပြောင်းလဲမှုဒဏ်ကို ကမ္ဘာနဲ့အဝှမ်းခံစားလာရတဲ့အတွက် အမြဲအိပ်ပျော်နေတတ်တဲ့ UNကြီးလည်းနိုးထလာပြီး ရာသီဥတုပြောင်းလဲမှုအတွက် အဓိကကျတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာ စောင့်ကြည့်သူတွေခန့်အပ်ဖို့ အဆိုတင်သွင်းလာပါတယ်။ အိန္ဒိယနိုင်ငံအတွက် စောင့်ကြည့်သူအဖြစ် လျာထားခံရသူကတော့ သစ်တောဝန်ကြီးအာဒီသရာပါ။စက်ရုံစွန့်ပစ်ပစ္စည်းတွေရဲ့ စွန့်ပစ်မှုကိုကြည့်ရှုစစ်ဆေးအရေးယူရမယ့်သူအဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူ မသမာတဲ့လုပ်ငန်းရှင်တစ်စုရဲ့ မဟာရန်သူတော်ကြီးဖြစ်လာတဲ့ဝန်ကြီးအာဒီသရာ၊ သူ့ကို ကာကွယ်ပေးနေတဲ့ ဆရာဖြစ်သူ‌ဗီဂျေးက ဒဏ်ရာရသွားတဲ့နေရာ အာဂျွန်က ဆရာ့ကိုယ်စား ဝန်ကြီးကိုကာကွယ်ဖို့ဖြစ်လာတဲ့အခါ...ဝန်ကြီးရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့အိုင်ရာနဲ့ တစ်ချိန်ကဇာတ်လမ်းလေးကလည်းရှိနေတော့ အာဂျွန်တစ်ယောက် နောက်ဆံတင်းနေပေမဲ့ ဆရာကလည်း အကူအညီတောင်းတာဖြစ်ပြန်၊ တစ်ဖက်မှာလည်း အမေ့ရဲ့ဆေးကုစရိတ်ကြောင့် ငွေလိုနေတဲ့အခါ အလုပ်ကိုလက်ခံပြီး ဝန်ကြီးကိုကာကွယ်ဖို့ ဖိုင်တွဲနံပါတ် ၁၃ ကိုအရယူဖို့ အာဂျွန်တစ်ယောက် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Alex ~ Dee ~ YH ~ ToMo~KKKZ တို့ပဲဖြစ်ပါတယ် File ...
movie

Gandeevadhari Arjuna (2023)

2023
Soorpanagai{Nene Naa} (2023) 7.3
Soorpanagai{Nene Naa} (2023) Nene Naa (2023) IMDb - 7.3/10 ဒီဇာတ်ကားမှာတော့ အခြားစုံထောက်ကားတွေနဲ့ မတူဘဲ ရှေးဟောင်းသုတေသနဌာနနဲ့ ရဲတွေပေါင်းပြီးတော့ အမှုလိုက်ကြတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ နိုင်ငံခြားသားတစ်ယောက်ဟာ တောထဲကို လေ့လာရေးလာရင်းနဲ့ မြေကြီးထဲကို ဆွဲနှစ်ခံလိုက်ရပါတယ်။ အဲဒီလိုဖြစ်တဲ့နေရာမှာ သွေးကွက်တွေကို တွေ့လိုက်ရတဲ့ ရိန်းဂျားရာဂျီက ရဲတွေကို အကြောင်းကြားလိုက်တဲ့အခါမှာ ဒီအမှုကို လိုက်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ မြေကြီးကို စစ်ဆေးပေးဖို့အတွက် ရှေးဟောင်းသုတေသနဌာနကို အကူအညီတောင်းတဲ့အခါမှာတော့ ဒီဗီရာတစ်ယောက် ရဲတွေကို ကူညီပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ ဒီဗီရာတစ်ယောက် မြေကြီးကို စစ်ဆေးဖို့အတွက် မြေကို တူးခိုင်းလိုက်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ လေးရက်လောက်ကမှ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံခြားသားက အရိုးခြောက်ဖြစ်နေခဲ့ပါပြီ။ ဘာလို့ ဒီလိုအရိုးခြောက်ဖြစ်သွားရတာလဲ …..ဒီအကြောင်းကို စစ်ဆေးရင်း အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီး ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Aditi~Cherry~Moon~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size…2.6GB / 1.25GB Quality…1080p WEB DL /720p Format…mp4 Duration…2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Soorpanagai{Nene Naa} (2023)

2023
No One Will Save You (2023) 6.5
No One Will Save You (2023)     ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလိုအတုလိုလို စဉ်းစားရခက်နေတာပါ။ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရောဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့The Divergent Series: Insurgent တို့ Love and Monsters တို့ကိုဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။မင်းသမီးကတော့ မှတ်မှတ်ရရ Unbelievable  ဆိုတဲ့စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။သူနာမည်ကြီးခဲ့တဲ့ Unbelievable  စီးရီးကိုလည်းချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲသူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ကြည့်လိုက်ကြပါဦး။  File size…  3 GB / 1 GB ...
movie

No One Will Save You (2023)

2023
4K HEVC
Vidyarthi (2023) 9.1
Vidyarthi (2023) Vidyarthi (2023)ဒီဇာတ်ကားက IMDb 9.1 ရထားတဲ့ ဇာတ်ကားဖြစ်ပြီး လုံးဝလက်မလွှတ်တန်းကြည့်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။တက္ကသိုလ်တက်စဉ်က ရတဲ့ Vibeမျိုးလည်း ရပြီးတော့ အစပိုင်းမှာပေါ့ပေါ့ပါးပါးလေးနဲ့ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြမ်းပြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ချိုင်တန်ညာဟာ အရွယ်လွန်မှ စိုက်ပျိုးရေးမေဂျာသင်ဖို့အတွက် ကောလိပ်တတ်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတက်တဲ့ကောလိပ်မှာတော့ မျိုးရိုးအဆင့်အတန်းခွဲခြားတတ်ပြီးတော့ မျိုးရိုးနိမ့်တဲ့သူတွေကို အနိုင်ကျင့်ပြီး မတူမတန်ဆက်ဆံတဲ့သူတွေရှိနေပါတယ်မျိုးရိုးမြင့်တဲ့ အချောအလှလေး မဟာလက်ချ်မီးနဲ့ မျိုးရိုးနိမ့်တဲ့ ချိုင်တန်ညာတို့ တွေ့ပြီး ခင်ကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲ..... လက်ခ်ျမီးရဲ့ အဖေ ဘူပါသီမှာလဲ သတ်ရတဲ့ထိ မုန်းတီး‌အငြိုးဖွဲ့နေတဲ့ ရန်သူတော်ဆက်သ်ရမ်ရှိနေပြီး သမီးရဲ့အသက်ကို ရန်ရှာဒုက္ခပေးလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ.... စတဲ့အချစ်အမုန်း ဇာတ်နိမ့်ဇာတ်မြင့် ရန်ငြိုးအာဃာတတွေနဲ့အတူ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM မှ Moon, Aditi, Alex နဲ့ ToMo တို့ပဲ ဖြစ်ပါတယ်) File size…2.3GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Aditi~ Alex ~ToMo
movie

Vidyarthi (2023)

2023
The Heart of Suhita (2023) 8.6
The Heart of Suhita (2023) The Heart Of Suhita (2023) IMDb - 8.6/10မိုးအေးအေးမှာ အချစ်ဒရာမာအေးအေးလေးနဲ့ ခံစားကြည့်ရှုချင်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rating 8.6 ထိရရှိထားပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့မို့ အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း အာလင်နာဆူဟိတာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်း သိတတ်လိမ္မာပြီး ကိုယ့်ဖြစ်ချင်တာကိုလည်း ရအောင်လုပ်တတ်တဲ့သူတစ်ဦးပါ။ အိုင်အန်ဝါဆိုတဲ့ အစ္စလာမ်ဘော်ဒါကျောင်းမှာ ကြီးပြင်းခဲ့ရပြီး ဂုစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ဂုစ်ဟာ အာလင်နာကို နည်းနည်းလေးမှတောင်စိတ်မဝင်စားပေမဲ့ နှစ်ဖက်မိဘရဲ့ပေးစားမှုကြောင့် နှစ်ယောက်သားလက်ထပ်ဖြစ်ခဲ့ကြပါတယ်။ အာလင်နာဟာ ယောက္ခထီး ယောက္ခမတွေရဲ့ အချစ်ကိုရပေမဲ့ ခင်ပွန်းအချစ်မခံရတဲ့သူတစ်ယောက်ပေါ့။ တစ်ဖက်မှာလည်း ဂုစ်ဟာ ရန်းဂနစ်ဆိုတဲ့ကောင်မလေးကိုသာ စိတ်ဝင်စားနေတဲ့အခါ... ရှေ့ဆက်သူတို့‌တွေဘာတွေဆက်ဖြစ်မယ်ဆိုတာ ဇာတ်အိမ်ခိုင်မာပြီး ငြိမ့်ငြိမ့်လေးနဲ့ အဆုံးထိဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Alex~KKKZ~ToMo~Cherry တို့ပဲဖြစ်ပါတယ်။) File size…1.99GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Moon~Alex~KKKZ~ToMo~Cherry
movie

The Heart of Suhita (2023)

2023