Channel Myanmar

2023

Muzzle (2023) 5.6
Muzzle (2023) Muzzle (2023) ============ Crime,ThrillerBatman ကားတွေထဲမှာ Harvy Dent (Two Face ) အဖြစ်သရု်ဆောင်ခဲဲ့တဲ့ မင်းသားကြီး Aaron Eckhart ရဲံ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်မှုခင်းအရာရှိ ဂျိတ်ရိုဆာက တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် သူ့ဘေးမှာ အဖော်ပြုပေးမယ့် K-9 မျိုးစိတ် ဂျာမန် ရဲခွေးကြီးတစ်ကောင်ပဲရှိပါတယ် ဘယ်သွားသွား သူ့ကိုကားနဲ့အမြဲခေါ်သွားပြီး အလုပ်မှာရော အိမ်မှာပါသူ့ရဲ့ တစ်ဦးထဲသောမိသားစုဝင်လိုဖြစ်နေတာပေါ့ တစ်နေ့ မူးယစ်သမားတွေကို သူ့ခွေးနဲ့လိုက်ဖမ်းရင်း လူတစ်ယောက်က ဂျာမန်စကားနဲ့ သူ့ခွေးကို ယဉ်ပါးအောင်လုပ်ကာ သေနတ်နဲ့ပစ်သတ်သွားပါတယ်... ခွေးကို ဂျာမန်လိုခိုင်းနိုင်တာ သူတို့ရဲဌာနက ခွေးထိန်းနဲ့ ရဲအချို့ပဲရှိပါတယ်... မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျိတ်အတွက်... သူ့ခွေးအတွက် ဂျွန်ဝစ်လိုမျိုး လက်စားချေဖို့ ပြန်လာခဲ့ပါပြီ...(အညွှန်းနဲ့ဘာာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ် )Genre..... Thriller Quality…. 1080p | 720p File size…1.1GB | 711MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha ...
movie

Muzzle (2023)

2023
Lucky Man (2023) 7.1
Lucky Man (2023) Lucky Man (2023)IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကို ဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ.. ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိ သူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါမြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ် အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်.... စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်.. တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လား သူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ.......ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါ comedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲ ခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ...
movie

Lucky Man (2023)

2023
Barber (2023) 5
Barber (2023) Barber (2023)~ IMDb - 5/10, Rotten Tomatoes - 75% ~ဒီကားလေးကတော့ လတ်တလောမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ Crime, Drama, Mystery ကားလေးပါ။ Game of Thrones မှာ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်သွားခဲ့တဲ့ "Little Finger" သရုပ်ဆောင်မင်းသား Aidan Gillen က အဓိကဇာတ်‌ကောင် အလွတ်စုံထောက်ဗယ်လ်ဘာဘာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ အိုင်ယာလန်နိုင်ငံ ကိုဗစ်လော့ဒေါင်းအချိန်ကာလအတွင်းကို တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗယ်လ်ဆီကို မုဆိုးမအဖွားကြီးတစ်ယောက်က ဆာရာဆိုတဲ့ မြေးမလေးပျောက်ဆုံးမှုအတွက် အမှုလိုက်ပေးဖို့ လာငှားရမ်းရာကနေ စတင်ပါတယ်။ ဗယ်လ်တစ်ယောက် အမှုလိုက်ရင်း ရဲတပ်ဖွဲ့အင်စပက်တာနဲ့ ကျောင်းတော်ဟောင်းက ရန်စတွေအပြင် ဗယ်လ်ရဲ့သပွတ်အူလိုဘ၀ကိုပါ စိတ်၀င်တစားကြည့်ရှုရမှာပါ။ သာမန်လူပျောက်မှုလေးတင်မဟုတ်ဘဲ နောက်ကွယ်မှာ Plot Twist လေးတွေပါ ရှိနေတာမို့ အားလုံးပဲ ဗယ်လ်နဲ့အတူ ဆာရာကိုလိုက်ရှာကြည့်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe ...
movie

Barber (2023)

2023
Harkara (2023) 9.3
Harkara (2023) Harkara (2023)IMDb-9.7/10ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ်အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက် အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူ သူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာ ရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံ သူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာ သူသိခဲ့ရတဲ့....လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့ အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ် File size…2.24GB / 1.03GB  Quality…1080p WEB DL /720p Format…mp4 Duration…2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alex ~ KKKZ ~ YH
movie

Harkara (2023)

2023
Let’s Get Married (2023) 5.8
Let’s Get Married (2023) Let's Get Married (2023)IMDb-6.3/10CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ | ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ"ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်" "လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်| ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်" ဒါတွေက ကြားဖူးနေကျပါ "လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်" ဆိုတာမျိုးရော ကြားဖူးကြလားဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေ အမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်‌ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ.. အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာက ယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါသမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်‌အမောလေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ် File size… 2.62GB ...
movie

Let’s Get Married (2023)

2023
Hustle 3 (2023) 4.9
Hustle 3 (2023) Hustle 3 (2023) ============ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ အန်တိုနီရိုဂျက် ဖာဆန် က ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပြီး အကြောင်းအရာကတော့ အမေရိကန်ပြည် ထောင်စု ၊ မေရီလဲန်းပြည်နယ် ဘောလ်ဒီမိုးမြို့က တရားမဝင်ဒုစရိုက်လုပ် ငန်းတွေ ၊ လူသတ်မှုတွေ ၊ မူးယစ်ဆေးတွေ အကြောင်းကို အ​ခြေပြုပြီး ရိုက် ကူးခဲ့တာပါ။ ဒီဇာတ်လမ်းမှာ အာဖရိကန် - အမေရိကန် လူမျိုး အနုပညာသ ရုပ်ဆောင်တွေ အမြောက်အများ(၂၀ ဦးခန့်) ပါဝင်ထားပြီးတော့ ရိုက်ကူးထား ပါတယ်။လူမိုက်ဂိုဏ်းတွေမှာ ဖြစ်လေ့ရှိတဲ့ ၊ အခြေအနေတွေနဲ့ သူတို့အလုပ်တွေမှာ သုံးလေရှိတဲ့ စကားတွေနဲ့ ပြောဆိုထားတာတွေ များတာကြောင့် ကနေ့ခေတ် ဗန်းစကားတွေ အမြောက်အများ ၊ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေအမြောက် အများကိုတော့ တွေ့ရမှာပါ။ အဓိကအကြောင်းအရာကတော့ ဘောလ်ဒီမိုးမြို့ ကို မူးယစ်ဂိုဏ်းနှစ်ခုက လက်ဝါးကြီးအုပ်ထားတဲ့အခြေအနေမှာ သူတို့ဂိုဏ်း နှစ်ဂိုဏ်းက မတည့်ကြသလို၊ သူတို့ဂိုဏ်းနှစ်ခုကို အောက်ခြေမှာ ပုန်ကန်လို ကြသူတွေရှိပြန်တာကြောင့် ပြသနာပေါင်းစုံရှိနေပါတယ်။ တစ်ဘက်ကလည်း အစိုးရရဲ့ မူးယစ်နှိမ်နင်းရေးက ဝင်လာတာမို့ ဇာတ်အိမ်က ခပ်ရှုပ်ရှုပ်ဖြစ်တာ ကြောင့် ...
movie

Hustle 3 (2023)

2023
Anchorage (2023) 5.2
Anchorage (2023) Anchorage (2023) ==============ဒီဇာတ်ကားရဲ့ထူးခြားချက်က အဓိကသရုပ်ဆောင် ၂ယောက်ရယ်၊ ၃မိနစ်စာလောက်ပါလာတဲ့ရဲအရာရှိကလွဲလို့ တခြားသရုပ်ဆောင် မပါဝင်ပါဘူး။ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်နှစ်ယောက်က ဒီဇာတ်ကားကိုရိုက်ဖို့ အချိန်ငါးရက်ပဲယူခဲ့ရတယ်။ ရိုက်ကူးရတဲ့ အချိန်နဲ့ဘတ်ဂျက်အရရော နည်းပါးပေမဲ့ ဇာတ်လမ်းအစကနေ အဆုံးအထိ တမျိုးလေးဆွဲခေါ်သွားမယ့်ကားမျိုးပါ။ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ဖြစ်ပျက်နေကြကိစ္စတချို့ကိုလည်း ထည့်သွင်းပြီးရိုက်ပြထားလို့ ကိုယ်နဲ့တိုက်ဆိုင်တာလည်း ပါလာနိုင် ပါတယ်။ ဇာတ်လမ်းအကျဉ်းက ညီအစ်ကိုနှစ်ယောက်က ဘယ်က မှန်းမသိယူလာတဲ့ ‌မူးယစ်ဆေးပြားတွေကိုရောင်းဖို့ ဖလော်ရီဒါကနေ အလက်စကာကို ကားတစ်စီးနဲ့ထွက်လာတဲ့ဇာတ်လမ်းလေးပါ။ လမ်း တစ်‌လျှောက် ပေါက်တတ်ကရလုပ်တာတွေ၊ပြောတာဆိုတာမှန်သမျှ ကို ကြည့်ရှုရမယ့် Drama ကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.17 GB) / (421 MB) Quality............WEB-DL 1080p / 720p Duration........1Hr 19Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......ZWT Encoder..........SWM
movie

Anchorage (2023)

2023
Kelce (2023) 8.4
Kelce (2023) Kelce (2023) ========== IMDb Rating - 8.4/10ဒီဇာတ်လမ်းကတော့ အမေရိကန်ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးထဲက တစ်ယောက်ဖြစ်တဲ့ ဂျေဆန်ကယ်လ်စီရဲ့အကြောင်းကိုမှတ်တမ်းတင်ရိုက်ကူး ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဂျေဆန်ဟာSuper Bowl ချန်ပီယံ။ First- team All Pro ၅ ကြိမ်။ Pro Bowl ၆ ကြိမ်ရရှိထားပြီး လက်ရှိမှာ Philadelphia Eagles အသင်းမှာကစားနေတာလည်းဖြစ်ပါတယ်။ညီဖြစ်သူကလည်း သူနဲ့အတူဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပါ တယ်၊၊ ဂျေဆန်တို့ညီအစ်ကိုဟာ ငယ်စဉ်ကတည်းက အားကစားကိုရူးသွပ်ကြ သူတွေဖြစ်ပြီး အမေရိကန်ဘောလုံးကစားနည်းအပြင် အခြားအားကစားတွေပါ ကစားခဲ့ကြပါတယ်။ လောကခံရဲ့အနိမ့်အမြင့်တွေကြားထဲကနေ အထက်တန်း ကျောင်းသားဘဝမှာ ဘောလုံးအားကစားသမားကိုရွေးချယ်ပြီး ပရော်ဖက်ရှင် ကစားသမားဘဝအထိရောက်လာအောင် ဘယ်လိုရုန်းကန်ခဲ့ရပြီး အောင်မြင်မှု တွေ ဆွတ်ခူးခဲ့ရလဲဆိုတာစိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.23 GB) / (823 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 43Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Sport Translator......Tin Myo Lwin Encoder..........SWM
movie

Kelce (2023)

2023
A New Breed of Criminal (2023) 4.0
A New Breed of Criminal (2023) A New Breed of Criminal (2023) =======================ခေတ်သစ်လူဆိုးကြီးရဲ့ ဘဝအကြောင်းကို တစ်ချက်လောက်လေ့လာ ရအောင်လားဗျာ...စတီဗန်ဆေယာ့စ်အကြောင်းဆိုပေမယ့် နယူးကာ ဆယ်မှာသတင်းမွှေးနေတဲ့ ဆေယာ့စ်မိသားစုအကြောင်းဆို ပိုပြီးမှန်မယ် ထင်ပါတယ်။လမ်းပေါ်မှာမွေး လမ်းပေါ်မှာကြီး လမ်းပေါ်မှာကျင်လည်ခဲ့ရတဲ့ ဂျွန်ဆေ ယာ့စ်အတွက် သူ့သားတွေကို လမ်းဗိုလ်ဖြစ်စေချင်တာတော့ မဆန်းပါ ဘူး။ ဒါပေမဲ့ လမ်းဗိုလ်မဟုတ်ဘဲနဲ့ မြို့ဗိုလ်ဖြစ်သွားတာတော့ သူတို့အ စွမ်းအစနဲ့သူတို့ပေါ့နော်။ ဆေယာ့စ်အုပ်စုကို မျက်စိအနောက်ဆုံးကတော့ နယူးကာဆယ်ရဲအဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက အတော်ဆုံးဗီလိန်အဖေ က သေချာသင်ကြားပေးထားတော့ သက်သေလုံးဝရှာမရဘဲ ထောင်ထဲ ထည့်လို့မရတာ နှစ်နဲ့ချီကြာနေပါပြီ။လည်လွန်းတဲ့ဘီး.. Eနင်းမိတယ်ဆိုသလို ဖမ်းမိဖို့အလွန်ခက်လွန်းတဲ့ ဆေယာ့စ်အုပ်စု ထောင်နှုတ်ခမ်းဖျားဝမှာ ဘယ်လိုခြေချော်ကျမလဲ ဒါမှ မဟုတ် Eကိုပဲပွတ်ကာသီကာလေး ရှောင်ပြီးထွက်သွားမလားဆိုတာကို တော့ ဆက်ကြည့်လိုက်ရအောင်ဗျာ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime Translator......Jo Jo Va Encoder..........SWM
movie

A New Breed of Criminal (2023)

2023
The Stratum (2023) 4.1
The Stratum (2023) The Stratum (2023) ==============ဒီတစ်ခါ CM ပရိတ်သတ်ကြီးတို့ကို တင်ဆက်ပေးမဲ့ကားလေးကတော့ ၂၀၅၀ခုနှစ်နောက်ပိုင်းတွေကို အခြေတည်တဲ့ အနာဂတ်စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီခေတ် လေကနေတဆင့်ကူး စက်တဲ့ ချောင်းဆိုးသွေးပါရောဂါကပ်ကြီးကလည်း ပျံ့နှံ့နေပြီး သူဌေး တွေကတော့ အာကာသထဲကယာဉ်ပျံကြီးတွေပေါ်မှာ သီးသန့်နေကြ ပါတယ်။အောက်ခြေကလူတွေကို ဓာတ်ရောင်ခြည်တွေသင့်စေပြီး ဂုတ်သွေး စုပ်အမြတ်ထုတ်နေတဲ့ သူဌေးတွေကို ပြန်တော်လှန်တဲ့အဖွဲ့ရယ်၊ အဲ အဖွဲ့က ငှားထားတဲ့ကြေးစားဟက်ကာ ဇာတ်လိုက်ရယ်၊ အာကာသ ထဲက ရွိုက်ကော့ပ်လုပ်ငန်းစုအကြီးအကဲရဲ့ဖွက်ထားတဲ့သမီး(မင်းသ မီး)တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (586 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Sci-Fi Translator......Ngwe Zin Encoder..........SWM
movie

The Stratum (2023)

2023
Rotting in the Sun (2023) 7.0
Rotting in the Sun (2023) Rotting in the Sun (2023) ================== IMDb Rating - 7.0/10စိတ်ကူးယဉ်‌မဟုတ်ဘဲ တကယ့်လက်တွေ့ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတဲ့ ခပ်ဆန်းဆန်း comedy-triller ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ထူးခြားချက်က စာရေးဆရာ၊ ဒါရိုက်တာ ဆဘတ်စ်ရှန်ဆေလ်ဗာနဲ့ ဟာသ သရုပ်ဆောင်မင်းသား ဂျော်ဒန်ဖတ်စ်မန်းတို့က သူတို့ကိုယ်တိုင်အနေနဲ့ ခေါင်းဆောင်ပါ၀င်ထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့... ဆဘတ်စ်ရှန်ဟာအနုပညာလောကမှာ အောင် မြင်မှုရ‌အောင်ကြိုးစားနေတဲ့ ဒါရိုက်တာ၊ ပန်းချီဆရာပါ။ suicide လုပ်တဲ့ ကိစ္စတွေစိတ်၀င်စားတတ်ပြီး ပါးစပ်ကလည်း အမြဲထုတ်ပြောတတ်ပါတယ်။ ဆေးစွဲပြီး စိတ်ဓာတ်ကျ‌နေတဲ့ ဆဘတ်စ်ရှန်တစ်ယောက် တစ်နေ့တော့ ဂေး တို့ပျော်စံရာလို့နာမည်ကြီးတဲ့ nudist ကမ်းခြေကို ရောက်သွားပါတယ်။ အဲဒီ မှာ ဆိုရှယ်အင်ဖလူရန်ဇာ ဂျော်ဒန်ဖတ်စ်မန်းနဲ့ ‌တွေ့ဆုံခဲ့ပါတယ်။ အဲဒီကစ လို့ သူတို့နှစ်ဦး ပရောဂျက်တစ်ခု အတူလုပ်ဖို့ ဖြစ်လာပါတယ်။ အဲဒီပရော ဂျက်ကို ဆဘတ်စ်ရှန်ရဲ့အိမ်မှာ အတူလုပ်ကြဖို့ စီစဉ်ထားပါတယ်။ ပရောဂျက် အလုပ်စဖို့ ဂျော်ဒန်ရောက်လာချိန်မှာတော့ ဆဘတ်စ်ရှန်တစ်ယောက် အိမ် မှာမရှိဘဲ ထူးဆန်းစွာပျောက်ဆုံးနေတဲ့အခါ...။*** ဇာတ်လမ်းမှာ nudist beach က ဇာတ်၀င်ခန်းတွေနဲ့ မိသားစုအတူမကြည့် သင့်တဲ့ ဇာတ်၀င်ခန်းနည်းနည်း ပါ၀င်တဲ့အကြောင်း ...
movie

Rotting in the Sun (2023)

2023
The Nurse That Saw the Baby on the Highway (2023) 4.3
The Nurse That Saw the Baby on the Highway (2023) The Nurse That Saw the Baby on the Highway (2023) =====================================ဒီရုပ်ရှင်ကတော့ ဖြစ်ရပ်မှန်တစ်ခုကို မခြေခံပြီးရိုက်ကူးထားတာပါ။ သူနာပြုကျောင်းတက်နေတဲ့ မာလီဝယ်လ်ဆန်ဟာ ‌ကျောင်းစာ၊ အလုပ် နဲ့ ဖောက်ပြန်တတ်တဲ့ရည်းစားကြားမှာ ရုန်းကန်နေတဲ့ သူပဲဖြစ်ပါတယ်။ သူမရဲ့ရည်းစားဆီကနေ အာရုံစိုက်မခံရတော့ သူမရဲ့ပြန်ပေးဆွဲမှုကို အတုလုပ်ခဲ့ရင်း နောက်ဆုံးမှာထိန်းမရဘဲ တစ်နိုင်ငံလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ အကြောင်းကို စိတ်ဝင်တစားကြည့်ရူရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်)File Size..........(964 MB) / (263 MB) Quality............WEB-DL 1080p / 720p Duration.........49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator......Nang Aye Myat Phoo Encoder..........SWM
movie

The Nurse That Saw the Baby on the Highway (2023)

2023
King of Kotha (2023) 6.6
King of Kotha (2023) King Of Kotha (2023)IMDb - 6.6/10အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်‌‌ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်က‌တော့ ToMo, Zwe, Alex, ...
movie

King of Kotha (2023)

2023
4K HEVC
Polly Pocket Sparkle Cove Adventure (2023) 6.8
Polly Pocket Sparkle Cove Adventure (2023) Polly Pocket Sparkle Cove Adventure (2023) ================================ IMDb Rating - 6.8/10သာမန်လူသားတွေ မမြင်နိုင်တဲ့ Dimension တွေမှာ Pockite လို့ခေါ်တဲ့ မှော်ကျောက်မျက်မျိုးစုံ ပျံ့နှံ့တည်ရှိနေပါတယ်။ Pockite အရောင်ကွဲတွေ တိုင်းမှာ ကိုယ်စီအစွမ်းသတ္တိတစ်မျိုးစီ ရှိကြတာပါ။ ဒီကျောက်မျက်ကို မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းအသုံးချတဲ့ Pockite ကိုင်ဆောင်သူတွေလည်း ကမ္ဘာ အနှံ့၊ Dimension အစုံမှာ ရှိနေကြပါသေးတယ်။ Pockite တို့ပေါ်ရာမြေကို တော့ Sparkle Cove လို့ခေါ်ပြီး Prudence Pocket ဆိုတဲ့ နယ်လှည့်ခရီး သည်မိန်းကလေးတစ်ယောက်က Pockite ပေါင်း ၃၀၀ ကျော်ကို ရှာဖွေတွေ့ ရှိခဲ့တာပါ။ မှော်အစွမ်းမျိုးစုံနဲ့ Pockite တွေအားလုံးကို ကိုယ့်အမျိုးအတွက်ပဲ သုံးမယ့်အစား Prudence က သူ့မျိုးဆက်တွေကို ခရမ်းရောင် Pockite တစ် မျိုးပဲ အမွေပေးပါတယ်။ချုံ့/ချဲ့သတ္တိရှိတဲ့ ခရမ်းရောင် Pockite လေးကို အဆင့်ဆင့်လက်ဆင့်ကမ်းလာ ရင်း Prudence မျိုးဆက်ပီသပြီး စွန့်စားရတာကြိုက်တဲ့ ...
movie

Polly Pocket Sparkle Cove Adventure (2023)

2023
Trauma Therapy: Psychosis (2023) 4.0
Trauma Therapy: Psychosis (2023) Trauma Therapy: Psychosis (2023) =========================တိုဘင်ဗန့်စ်ဟာ "အကယ်၍ သင့်ကလေးသေလုဆဲဆဲဖြစ်နေချိန်မှာ ကယ်လို့ ရတဲ့နည်းရှိတယ်ဆိုရင် အဲဒီနည်းကို ဂရုစိုက်ပါဦးမလား၊ ကယ်လို့ရမရဆိုတဲ့ ရလဒ်ကိုပဲ ဂရုစိုက်မှာပေါ့"ဆိုတဲ့ စကားကိုလက်စွဲသုံးပြီး 'ရလဒ်'တွေကိုပဲ အာ ရုံစိုက်တဲ့လူတစ်ယောက်။ သူ့ရဲ့တရားမဝင် ကုသရေးစင်တာမှာ စိတ်ရောဂါ အမျိုးမျိုးခံစား‌နေရတဲ့ လူတွေကို ကြမ်းတမ်းရက်စက်တဲ့နည်းတွေနဲ့ ကုပေး တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။တိုဘင်ဗန့်စ်ကို ပရိတ်သတ်နည်းနည်းပဲ ရှိတဲ့စင်ပေါ်တင်ပေးလိုက်ရင်တောင် တခဏအတွင်း တပ်တစ်တပ်လုံးစာပရိတ်သတ်တွေကို သိမ်းသွင်းနိုင်တယ်လို့ တင်စားကြတယ်။ အဲလိုအပြောအဟောကောင်းလို့လည်း သူ့ကု‌သရေးစင်တာ က တရားမဝင်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာတောင် ယုံကြည်သူတွေရှိနေဆဲ။ဒီဇာတ်ကားထဲမှာတော့ သူ့ကုသရေးစင်တာကိုရောက်လာကြတဲ့ လူတစ်စုကို အခြေတည်ပြီး သူ့နည်းလမ်းတွေက ဘယ်လောက်ရက်စက်ပြီးကြမ်းတမ်းကြောင်း ကိုယ်တိုင်ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1 GB) / (359 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator......Ngwe Zin Encoder..........SWM
movie

Trauma Therapy: Psychosis (2023)

2023
Kick (2023) 8.4
Kick (2023) Kick (2023)IMDb-8.5/10ဟာသမင်းသားစူပါစတား Santhanam ခေါင်းဆောင်ပါဝင်ထားပြီး ရှာရွတ်တို့ခေတ်တည်းက ဟာသဇာတ်ပို့အနေနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား အန်ကယ်ကြီး Brahmanandam လည်း ပါဝင်ထားပါတယ်။ ဒီကားထဲက ရှီဗာနီ့ဘော့စ်နေရာမှာ ပါဝင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး Manobala မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်‌သွားတဲ့ကားလည်းဖြစ်ပါတယ်။ဆိုတော့ ဒီကားက ရိုက်ကွင်းရိုက်ကွက်ထက် ဒီဟာသအကျော်အမော်တွေရဲ့ ကြိုးစားမှုနဲ့ အမှတ်တရအဖြစ် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းအညွှန်း ရှီဗာနီနဲ့ ဆန်တို့ရှ်ဆိုတာ အပြိုင်ကြော်ငြာအေဂျင်စီ ကုမ္ပဏီနှစ်ခုမှာ လုပ်ကြသူတွေ ၊ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင်တော်ကြချဲကြသူတွေပေါ့ ဆန်တို့ရှ်က အမြဲဉာဏ်များပြီးနှာတဖျားသာနေတာကြောင့် ရှီဗာနီက ကြော်ငြာကောင်စီကို တိုင်စာတင်တာကအစပြု သူတို့တွေ့ကြတော့တာပါပဲဒီနယ်ပယ်အတွင်းက အတော်ဆုံးလူနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့ပွဲကို အရယ်အမောအလွဲအချော်လေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Dee ~ Alex ~ Yoon ~ KKKZ တို့ပဲဖြစ်ပါတယ် File size…3.18GB / 1.35GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ...
movie

Kick (2023)

2023
[18+] Patikim-tikim (2023) 5.8
[18+] Patikim-tikim (2023) Patikim-tikim (2023)မီယိုဟာ ဟိုတယ်တစ်ခုရဲ့ ဧည့်ကြိုဌာနမှာ အလုပ်လုပ်ပြီး ဧပရယ်ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ သူ့ချစ်သူ ဧပရယ်ဟာ တဏှာပိုင်းမှာအရမ်းထန်ပြီး သူလုံးဝမထနိုင်တဲ့အထိ အလွတ်မပေးတတ်တဲ့အတွက် ဧပရယ်ကိုလမ်းခွဲပြီး တည်ငြိမ်တဲ့မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်တစ်ခုကိုတည်ထောင် သားတွေသမီးတွေမွေးဖို့ ဆုံးဖြတ်ချက်ကိုချခဲ့ရပါတယ်။အဆင်သင့်ဆိုသလိုပဲ သူ့ကိုဌာနကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးပေးဖို့ သူ့အထက်အရာရှိက လျာထားတယ်ဆိုတာကို သိလိုက်ရတဲ့အချိန် ငယ်ချစ်ဦးတစ်ယောက်ဖြစ်တဲ့အိုင်ဗီကပါ သူ့ဟိုတယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ အထက်က နိမိတ်ပြတာပဲလို့ယူဆပြီး အိုင်ဗီကို ချဉ်းကပ်ခွင့်ရဖို့ လုံးပန်းပါတော့တယ်။ ဒါပေမဲ့ အိုင်ဗီဟာ သူတို့ ဟိုတယ်ပိုင်ရှင်အစ်မကြီးဖြစ်တဲ့ ဘီရန်ကာနဲ့ ချစ်ကျွမ်းဝင်ပြီး ဟိုတယ်မှာလာဒိတ်နေတာကိုသိလိုက်ရတဲ့အချိန်မှာတော့...မီယိုတစ်ယောက် ရာထူးတိုးဖို့လမ်းကိုရွေးမလား... နှလုံးသားနောက်ကိုလိုက်မလား... ဧပရယ်တစ်ယောက်ကရော သူ့ကို လွယ်လွယ်နဲ့လမ်းခွဲပေးပါ့မလား... ဆိုတာကိုဆက်လက်ရှုစားကြပါ။Thriller တွေ အထွက်များခဲ့တဲ့နောက် ရှားရှားပါးပါးထွက်လာတဲ့ အချစ်ဟာသဇာတ်လမ်းလည်းဖြစ်၊ ဒရာမာ မချိုး၊ ဗီလိန်မပါတဲ့ ပေါ့ပေါ့ပါးပါး အပျော်ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ကြည့်ရှုအားပေးကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 751MB Quality - 1080p, ...
movie

[18+] Patikim-tikim (2023)

2023
Cherish & Ruelle (2023) 6.0
Cherish & Ruelle (2023) Cherish and Ruelle(2023)IMDb-6/10လူငယ်စွန့်စားခန်းတွေကိုသဘောကျတဲ့ ပရိသတ်တို့အကြိုက်တွေ့စေမယ့် movieလေးတစ်ကားဖြစ်တဲ့ Cherish and Ruelleကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ teenage adventure ပီပီ Cherishနဲ့Ruelleဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကြားကfriendshipနဲ့ ရွှတ်နောက်နောက်စွန့်စားခန်းလေးတွေကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းမိဘတွေကိုယ်တိုင်က မလိုလို့စွန့်ပစ်တာခံရတဲ့ချယ်ရစ်ရှ်အတွက်တော့ သူ့ကိုသမီးရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ မိဘတွေရဲ့သူငယ်ချင်းတစ်ဖြစ်လည်း ဒေါ်လေးယူနာဟာ သူ့ရဲ့တစ်ယောက်တည်းသော မိသားစုဝင်ပါပဲ။ အ‌ဒေါ်တစ်ခု တူမတစ်ခုနဲ့ နေခဲ့ရတာဖြစ်ပေမဲ့ ဒေါ်လေးယူနာ မတော်တဆမဖြစ်ခင်အထိတော့ တော်တော်လေး ပျော်ရွှင်ရတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရတာပေါ့။ ဒါပေမဲ့ ကံကြမ္မာက အလှည့်မသာလေတော့ အဒေါ်ဖြစ်သူရဲ့မတော်တဆမှုနဲ့အတူ သူတို့အိမ်လေးကို ဆုံးရှုံးလိုက်ရပါတော့တယ်။အဒေါ်ရဲ့အိမ်ကလေးကို ပြန်ဝယ်ပေးဖို့ ကြိုးစားမယ်လို့ ချယ်ရစ်ရှ်တစ်ယောက် ဆုံးဖြတ်ထားပေမဲ့ သူရှာနိုင်တဲ့ငွေနဲ့ အိမ်တန်ဖိုးက အလှမ်းဝေးလွန်းနေတဲ့အခါ...ခိုးရတာကို စွန့်စားခန်းတစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့ရူရဲလ်ကလည်း ချယ်ရစ်ရှ်ကိုကူညီမယ်ဆိုပြီး အတူပူးပေါင်းကြံစည်လိုက်မှ psychopathအယ်လီယိုနဲ့ငြိတဲ့အခါမှာတော့ ချယ်ရစ်ရှ်နဲ့ရူရဲလ်တို့ ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~KKKZ~Deeတို့ပဲဖြစ်ပါတယ်) File size…703MB / 407MB Quality…1080p WEB DL /720p Format…mp4 Duration….1h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex~KKKZ~Dee
movie

Cherish & Ruelle (2023)

2023