Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2023
Ballerina (2023)
Ballerina (2023)ကလဲ့စားချေတာတွေ တရားမဝင်လောကတွေနဲ့ သက်ဆိုင်တဲ့ Netflixကနေ အသစ်ထွက်ရှိလာတဲ့ Actionကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဘဝပေး အခြေအနေအရ ကိုယ်ခံပညာပါကျွမ်းကျင်တဲ့အပြင် အကြောက်အလန့်မရှိတဲ့ Jang Ok Ju က ဘော်ဒီကတ်အဖြစ် အလုပ်လုပ်ရင်း ဘဝကို အသက်မဲ့စွာဖြတ်သန်းနေတဲ့ မိန်းကလေးပါ။အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ထားတဲ့ သူ့အတွက် သူငယ်ချင်း Choi MinHee နဲ့တွေ့ပြီး ပြောင်းလဲလာခဲ့ပါတယ်။ ကံဆိုးမှုတွေကြောင့် ပျော်ရွှင်မှုတွေက ကြာရှည်မခံပါဘူး။သူ့သူငယ်ချင်းဖြစ်တဲ့ ဘဲလေးအကမယ် Min Heeဆီမှာ မူမမှန်တဲ့ကိစ္စတွေဖြစ်လာခဲ့ပြီး သူကိုယ်တိုင် ဝင်ကလဲ့စားချေဖို့ဖြစ်လာပါတော့တယ်။Min Heeက ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့နေခဲ့ရသလဲဆိုတာအပြင် Ok Juရဲ့ strong female lead character နဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလးပါ။ဆယ်ကျော်သက် မိန်ကလေးတွေအတွက် ပညာပေးလည်းဖြစ်တဲ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်တယ်ဆိုတာကို ညွှန်းပေးလိုက်ပါတယ်။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီတော့ ဘာသာြပန်ထားတာကတော့ Milkeux နဲ့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Action, ...
movie
Ballerina (2023)
2023
4K HEVC
5.2
Expend4bles (2023)
နာမည်ကျော် အက်ရှင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ The Expendables ရုပ်ရှင် လေးကားမြောက် လာပါပြီ။ အစိုးရအေဂျင်စီတွေ တရားဝင်လုပ်လို့မရတဲ့ စစ်ဆင်ရေးတွေကို လုပ်ပေးရတဲ့ စတေးခံ၊ အသေခံအဖွဲ့ပါပဲ။ တက္ကစီကတုံးမင်းသား၊ ပြား ၅၀၊ မျက်လုံးနဲ့တင်ပြီးနိုင်တဲ့ မီဂန်ဖောက်၊ Raid မင်းသား၊ Ong-bak မင်းသား၊ ဒေါ့ဖ်လန်ဂရင်၊ စတားလုံး အစရှိတဲ့ အားနေချနေတဲ့ကောင်တွေကို ထည့်ထားပါတယ်။ ဒီတော့ ချကြတာ ထိုင်ကြည့်ကြပါ။ ဇာတ်လမ်းအကျဉ်းထုံးစံအတိုင်း လူဆိုးကြီးတစ်ယောက်က အဏှမြူဗုံးနဲ့ပတ်သတ်တဲ့ အရမ်းဆိုးတာကို လုပ်ပါတယ်။ အဲဒါကို မင်းသားတို့အဖွဲ့က လိုက်ကြိတ်ပါတယ်။ ဒါပါပဲ။ ကြည့်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Thriller Quality…. 4K | 1080p | 720p File size… 4.88GB | 2GB | 881MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Expend4bles (2023)
2023
4K HEVC
8.8
Mistake (2023)
Mistake 2023IMDB 8.8 ရထားတဲ့ Telugu ဘာသာစကား Crime/Thriller ဇာတ်ကားကောင်းတစ်ကားကို စိတ်ဝင်စားစရာ ဇာတ်အိမ်နဲ့ ကြည့်ရှူရမှာပါဇာတ်လမ်းကတော့ Telugu ရုပ်ရှင်လောက တည်ရှိရာ ဂျူဗလီဟေးလ် ဆိုတဲ့ နေရာလေးက တိုက်ခန်းတစ်ခုမှာ နေကြတဲ့ သူငယ်ချင်းသုံးယောက် အကြောင်းပါသူတို့ရဲ့ ကိုယ်စီကိုယ်စီရည်းစားကောင်မလေးတွေကလည်း မျက်စိအစာကျွေးစရာ တစ်ယောက်တစ်မျိုးစီလှကြတော့ ကြည့်ရတာ တန်မှာပါလေရုပ်ရှင်ခေါင်းစဥ်အတိုင်းပဲ သူတို့ ဘဝတစ်ကွေ့ကွေ့မှာ ဘယ်လိုမှားမှန်းမသိတဲ့ 'အမှား' လေးတွေကနေ အသက်အန္တရာယ် ဘယ်လိုခြိမ်းခြောက်ခံရမလဲဒုစရိုက်လောကက လူမိုက်တွေလက်ကနေ သူတို့ကောင်မလေးတွေနဲ့အတူ ဘယ်လိုလွတ်အောင်ပြေးကြမလဲ ဒီလိုကားတွေမှာ မပါမဖြစ် "စိန်"တွေရဲ့ အရှုပ်တော်ပုံကိုပါ CM ပရိသတ်ကြီးရုံးပိတ်ရက်မှာ ရှူစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့KKKZ ~ V ~ ToMo ~ Alex ~ Yunni တို့ပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.23GB ...
movie
Mistake (2023)
2023
4
Honeysweet (2023)
Honey Sweet (2023)အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း...အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Honeysweet (2023)
2023
Vindicta (2023)
Vindicta (2023)ဟောလိုးဝင်းပွဲနီးလာတာနဲ့အမျှ သည်းထိတ်ရင်ဖိုကားတွေ တဖွားဖွားထွက်လာတဲ့အထဲကမှ ကြည့်ရှူသူကို ဇာတ်လမ်းအဆုံးထိလည်းဆွဲခေါ်နိုင်တဲ့အပြင် ရင်တထိတ်ထိတ်နဲ့လည်း ကြည့်ရမယ့် လျှို့ဝှက်သည်းဖိုဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အထက်လူကြီးတွေလာဘ်စားမှုကြောင့် ဆန္ဒပြပွဲတွေဖြစ်နေတဲ့ မြို့လေးတစ်မြို့မှာ ဆိုးဝါးတဲ့လူသတ်မှုတွေဖြစ်နေတဲ့အချိန် လု တစ်ယောက် သူ့ရဲ့ ပထမဆုံး ရှေးဦးသူနာပြုအလုပ်ဆင်းတဲ့နေ့မှာပဲ မမျှော်လင့်ထားတဲ့ လူသတ်မှုတွေ ကြုံလာရတဲ့အခါ... တဖက်မှာလည်း ဒီကိစ္စတွေမတိုင်ခင် လွန်ခဲ့တဲ့ငါးနှစ်တုန်းက တိုက်ဟောင်းတစ်ခုမီးလောင်မှုမှာ မိသားစုတစ်စု မီးထဲပါသွားပြီး အဲဒီကိစ္စမှာ ပါဝင်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ရက်စက်စွာ အသတ်ခံနေရပါတယ်။အသတ်ခံရတဲ့သူတွေနဲ့ ဖြစ်ရပ်ဆိုးမီးလောင်မှုကြီးနဲ့ ဘယ်လိုပတ်သက်နေလဲ... လူသတ်သမားကရော ဘာကြောင့် သူတို့ကိုလိုက်သတ်နေရတာလဲ... လု ဆီကိုရော တိုက်တိုက်ဆိုင်ဆိုင် လူသတ်မှုကြီးက ရောက်ရှိလာတာလား... ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းပြီးတဲ့အထိ ဆက်သာကြည့်လိုက်ကြပါတော့။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 845MB Quality - 1080p, 720p Format - mp4 Duration - ...
movie
Vindicta (2023)
2023
9.8
Prema Vimanam (2023)
Prema Vimanam (သို့) အိပ်မက်ဆီသို့ (2023)IMDb - 10/10ကျွန်တော်တို့ရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သူငယ်ချင်းတွေ ရွယ်တူတွေ ဘာလုပ်လုပ် ဘာစားစား အိမ်ကိုပြန်ပူဆာရင်းနဲ့ အမေနားရွက်လိမ်ဆွဲတာခံရတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုတစ်ချိန်က အမှတ်တရတွေကို CMပရိသတ်တို့ ပြန်အမှတ်ရနိုင်ဖို့ Prema Vimanamဆိုတဲ့ Teluguရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းရာမူးနဲ့လာချူးတို့ညီအစ်ကိုဟာ ငွေကြေးမပြည့်စုံတဲ့ လယ်သမားကြီးအိမ်က ကလေးနှစ်ယောက်ပါ။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့မိသားစုက ကလေးတွေပီပီ ဘောင်းဘီပြဲရင်တောင် မလဲနိုင်လေတော့ ရွယ်တူကလေးတွေလှောင်တာခံရတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သူတို့ကစားနေကြအဖွဲ့ထဲက ဆာတစ်ရှ်ဆိုတဲ့ကလေးက လေယာဉ်ပျံကြီးစီးပြီး ဘုံဘေကိုသွားတယ်လို့ကြားလိုက်ချိန်မှာတော့ ဒီကလေးနှစ်ယောက် လေယာဉ်ပျံရူးစရူးကြပါတော့တယ်။ ဆန္ဒပြင်းပြနေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး သူတို့ရဲ့အိပ်မက်ကို အဖျက်တွေမပြောချင်တဲ့အဖေဖြစ်သူကလည်း သီးနှံအထွက်ကောင်းရင်သွားမယ်လို့ ပြောလိုက်တဲ့အခါ....အိမ်အခြေအနေက လယ်ကိုကြွေးရှင်လက်အပ်ရမယ့်ဆဲဆဲဆိုပေမဲ့ ကလေးပီပီ ဘာမှမသိတဲ့ ရာမူးနဲ့လာချူးတို့ညီအစ်ကိုနှစ်ယောက် သူတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ တစ်ဖက်က မျိုးရိုးအဆင့်အတန်းကွာခြားချက်ကြောင့် ခိုးရာလိုက်ပြေးလာတဲ့ မာနီနဲ့အာဘီသာတို့စုံတွဲကလည်း လေယာဉ်စီးဖို့ဖြစ်လာတော့ ဒီအတွဲနဲ့ဒီကလေးတွေဆုံတွေ့ပြီး ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ။ အိပ်မက်ကိုရှာတဲ့သူနဲ့ အချစ်ကိုရှာတဲ့သူတို့တွေ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနိုင်မလားဆိုတာ ကျေးလက်အလှ ကျေးလက်ဓလေ့တွေကိုခံစားရင်း ကြည့်ရှုလိုက်ကြပါစို့လား။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood teamမှဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Prema Vimanam (2023)
2023
5.7
Spirit Doll(2023)
Spirit Doll (2023)CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ်ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် "မိခင်သောက" အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါအညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ...
movie
Spirit Doll(2023)
2023
6.2
Kushi (2023)
Kushi(2023)ဒီနေ့တင်ဆက်ပေးမှာကတော့ အသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.2/10 ရရှိထားတဲ့ အချစ်ကားလေးပဲဖြစ်ပြီး မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ ဗီဂျေးနဲ့ ဆမန်သာတို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘာသာမဲ့မိသားစုက မွေးဖွားလာတဲ့ သူဌေးသားလေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုကမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ဇာတ်လမ်းအစမှာ ငွေကြေးပြည့်စုံတဲ့ မင်းသားတစ်ယောက် အတွေ့အကြုံလိုချင်တာသက်သက်နဲ့ နယ်မြေကြမ်းတဲ့ ကတ်ရှ်မီးယားဒေသကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ရာက ခရီးရောက်မဆိုက်က်တိုက်ပွဲနဲ့တိုးပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဒုက္ခမျိုးစုံကြားနေနေရင်းက မင်းသမီးကိုတွေ့ပြီး အကြွေကြီးကြွေသွားပါလေရော။ အချစ်ကြီးချစ်မိနေတဲ့ မင်းသားတစ်ယောက် မင်းသမီးနားနေရဖို့ နည်းလမ်းမရွေးကြိုးစားလာရင်း အကြမ်းဖက်တွေလက်ထဲကလည်း ပြေးရ၊ ကလေးတွေလည်းရှာရနဲ့ နှင်းတောင်ပေါ်က အချစ်သူရဲကောင်းကြီးဖြစ်လာတော့တာပါပဲ။နောက်ဆုံးမှာတော့ တောင်တွေအထပ်ထပ်ကျော်လို့ အတားအဆီးအမျိုးမျိုးဖြတ်လာအပြီးမှာ သူတို့တကယ်တမ်းကျော်ရမယ့်တောင်နှစ်လုံးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါတော့တယ်။ အဲ့ဒါကတော့ သူတို့ရဲ့ အဖေတွေပါပဲ။ ဘာသာမဲ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ အိန္ဒိယဘာသာရေးခေါင်းဆောင်ဖခင်နှစ်ယောက်ရဲ့ သားသမီးတွေဖြစ်တဲ့ သူတို့ ပန်းသီးပေါတဲ့ဒေသမှာ ပေါက်ဖွားလာတဲ့ အချစ်ပန်းသီးလေးကို ဆက်ထိန်းသိမ်းပြီး ဒီတောင်ကို ကျော်နိုင်မှာလားဆိုတာကိုတော့ ရယ်ရင်းမောရင်း၊ ကတ်ရှ်မီးယားရဲ့အလှတွေကို ခံစားရင်း ကြည့်ရှုနိုင်ဖို့ အညွှန်းကိုတော့ Aditi မှ ရေးသားပြီး CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…11GB / 3.5GB / 1.52GB Quality…4k SDR HEVC ...
movie
Kushi (2023)
2023
4K HEVC
6.2
Partner (2023)
Partner 2023 (သို့) ညိုကီမှပျိုမဒီ IMDb - 6.3/10တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။ အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။ တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက် ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကို ဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.45GB / 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~BpL~V~YH~ToMo~KKKZ
movie
Partner (2023)
2023
6.8
Sisi & I (2023)
Sisi & I (2023)~ IMDb - 6.8/10, Rotten Tomatoes - 80% ~ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ...
movie
Sisi & I (2023)
2023
Bite the Dust (2023)
Bite the Dust (2023)Cowboy ကားကြိုက်တဲ့သူတွေအတွက် ကောင်းဘွိုင်လိုစွန့်စားခန်းရော ဘောက်ဆင်ထိုးတာပါ ပါတဲ့ Country ကားပါ။ဒက်ခ်ျနဲ့ဝေကိုတို့နှစ်ယောက်က ဆုငွေကြေညာထားတဲ့ လူဆိုးတွေကို လိုက်ဖမ်းတဲ့ ဆုကြေးမုဆိုးတွေဖြစ်ပြီး ကြေးကြီးကြီးရမယ့် လူဆိုးနောက်လိုက်ရင်း မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ မြို့လေးက ရွှေထွက်ပေမဲ့ ရဲမှူးနဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်ထားတဲ့ မိုင်းသူဌေးကြောင့် မြို့သားတွေ ဘာမှမရတဲ့အပြင် မြို့ကပါ အကြွေးထဲနစ်နေပါတယ်။ဝေကိုတို့ ပစ်ဖမ်းလာတဲ့လူဆိုးအတွက်ဆုငွေကိုလည်း မပေးသေးဘဲ ရွှေ့ဆိုင်းထားတဲ့အတွက် သောင်တင်နေရင်း ဒီမြို့ကို မွေးစားဖို့ရထားနဲ့ပို့လိုက်တဲ့ ကလေးတွေအခြေအနေသိရအောင် လာစုံစမ်းတဲ့ မိန်းကလေးနဲ့ ဆုံပါလေရော။မိဘမဲ့ကလေးတွေနဲ့ မိုင်းသူဌေး ဘယ်လိုပတ်သက်နေတာလဲ... သူ့လုပ်ရပ်တွေ သိသွားတဲ့အခါ လူယုတ်မာတွေလက်ကနေ မြို့လေးကို ဘယ်လိုကယ်တင်မလဲဆိုတာ ဆက်အားပေးလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 740MB Quality - 1080p, 720p Format - mp4 Duration - 1H ...
movie
Bite the Dust (2023)
2023
Tebus (2023)
Tebus (2023)အန်နဟာ မီဒီယာတွေပေါ်မှာတော့ အရာရာပြည့်စုံပြီး ဆိုးသွမ်းနေတဲ့ ဆူချီလက်၀တ်ရတနာရဲ့ ဆက်ခံသူသူဌေးသမီးတစ်ဦးပေါ့။ ဒါပေမယ့်အဖေအရင်း ဆုံးပြီးတဲ့နောက်မှာ မပျော်မရွှင်နေနေရတဲ့အန်နရဲ့အဖြစ်ကို ဘယ်သူမှမသိကြပါဘူး။အန်န့အဖေရဲ့ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ဘာကာက အန်န့အဖေဆုံးပြီးတဲ့နောက် ဆူချီလုပ်ငန်းကို ဦးစီးလိုက်ပြီး အန်န့အမေနဲ့လက်ထပ်ကာ အန်နရဲ့အဖေအသစ်ဖြစ်လာပါတော့တယ်။ သူက ဂရုစိုက်တဲ့အဖေအဖြစ် ကြင်နာတတ်တဲ့ခင်ပွန်းကောင်းအဖြစ်နေနေပေမယ့် ထက်မြတ်တဲ့အန်နကသာ အဲ့မျက်နှာဖုံးအောက်မှာဘာရှိလဲ သိနေခဲ့ပါတယ်။ အန်န့အမေဟာလည်း ဘာကာရဲ့အယုံသွင်းခြင်းခံထားရတာမို့ အန်နပြောတာတွေလည်းနားမထောင်ပေးတော့ပါဘူး။ ဆူချီလက်၀တ်ရတနာဆိုင်တစ်ခုရဲ့ အရည်အချင်းရှိတဲ့လုံခြုံရေး၀န်ထမ်း ဂျိုဟန်ဟာ အကြောင်းကြောင်းကြောင့် အန်နရဲ့ကိုယ်ရံတော်တစ်ယောက်ဖြစ်လာပါတယ်။ ဂျိုဟန်ရဲ့ ညီလေးက နှလုံးမှာစက်တပ်ထားရပြီး နှလုံးအစားထိုးမခွဲစိတ်ရရင် နှစ်ပတ်အတွင်းသေဆုံးတော့မှာဖြစ်ပါတယ်။ ညီလေးအတွက် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို အရယူမယ့် ဂျိုဟန် နဲ့ ပထွေးကို ရင်ဆိုင်တိုက်ခိုက်ရမယ့် အန်နတို့ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစရာအက်ရှင်ဇာတ်၀င်ခန်းတွေနဲ့ အတူ ဂျိုဟန်ရဲ့ညီလေးအပေါ်မေတ္တာကို ကြည်နူးဖွယ်ကောင်းစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p File size… 1.9GB | 902MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie
Tebus (2023)
2023
6.7
Rohan at the Louvre (2023)
Rohan at the Louvre (2023)ဒီဇာတ်ကားလေးကတော့ ပန်းချီအနုပညာကို နောက်ခံထားပြီး Mystery ဆန်ဆန် ရိုက်ထားတဲ့ ဂျပန်ဇာတ်ကားပဲဖြစ်ပါတယ်။ Rohan ဟာ ဂျပန်မှာသာမက နိုင်ငံရပ်ခြားမှာပါ နာမည်ကျော်ကြားတဲ့ မန်ဂါရုပ်ပြရေးဆဲွသူတစ်ယောက်ပါ။ သူဟာ အရောင်တွေကို လေ့လာလိုက်စားတဲ့နေရာမှာ အားသန်ပြီး သူ့ဆီမှာ သဘာ၀လွန်စွမ်းအားတစ်ခုလဲ ရှိပါတယ်။ တရက်မှာ သူ လေ့လာနေတဲ့ အရောင်ကို ဆဲွထားတဲ့ ပန်းချီတစ်ချပ်ကို လေလံပဲွမှာ လေလံဆဲွရာကနေမှ ဒီပန်းချီကားကို တခြားလိုချင်သူတွေလဲရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီပန်းချီကားကို ရေးဆဲွသူနောက်ကို ခြေရာခံရာကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော် လုဗ်ပြတိုက်ဆီကို ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။ ရိုဟန်တစ်ယောက် သူရှာဖွေနေတဲ့ ပန်းချီကားကိုတွေ့သွားမလား? Adventure, Fantasy, Mystery genre ကြိုက်နှစ်သက်သူတွေအဖို့ ရုပ်ပြကာတွန်းကနေ Live Action အနေနဲ့ ပြန်လည်ရိုက်ထားတဲ့ ဒီဇာတ်ကားက အာသာပြေစေမှာပါ။Genre..... Adventure,Drama , Mystery Quality…. 1080p | 720p File size… 1.6GB | 640MB Format… mp4 Duration…. 1h ...
movie
Rohan at the Louvre (2023)
2023
Tiger Running (2023)
Tiger Running (2023)ထိုင်းဟာသကား မျှော်နေကြသူတွေအတွက် အူတက်အောင်ရယ်ရမယ့် ဇာတ်ကားအသစ်စက်စက်လေး ရပါပြီနော်ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့…ပေတေဆိုးမိုက်နေတဲ့ လူဆိုးလေး Cheetah ဟာ တစ်ရက်မှာတော့ ဘယ်သူတွေမှန်းမသိတဲ့ လူတချို့က ရိုက်နှက်သွားတာကို ခံလိုက်ရပါတယ်အဲဒီလို ရိုက်နှက်ခံရပြီး သေလုမြောပါး ဖြစ်နေတဲ့ Cheetah ကို ကယ်တင်လိုက်တဲ့သူကတော့ ဘုန်းကြီးကျောင်းသား ကျောင်းဆရာလေး Tuay ပါဒါပေမဲ့ Tuay အတွက် အံ့အားသင့်စရာကတော့ သူကယ်လိုက်တဲ့သူဟာ သူနဲ့တစ်ထေရာတည်းတူတဲ့သူ ဖြစ်နေတာပါပဲ။ ဒါကြောင့် Tuay ဟာ Cheetah လို ဟန်ဆောင်ပြီး ရိုက်နှက်သွားသူတွေကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်Tuay ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီး ရိုက်နှက်သွားသူတွေကို ရှာတွေ့သွားမလား၊ Cheetah ကရော ပြန်သတိရလာပါ့မလား၊ Tuay နဲ့ Cheetah က ဘာလို့ ရုပ်ချင်းတူနေကြတာလဲ ဆိုတဲ့ မြှုပ်ကွက်လေးတွေကိုတော့ ရယ်ရင်းမောရင်းပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။Genre..... Drama, Action Quality…. 1080p | 720p File ...
movie
Tiger Running (2023)
2023
What If (2023)
What If (2023)ဇာတ်လမ်းဟာ drama-romance ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ Manny Paloက ရိုက်ကူးထားတာပါ။ Alessandra de Rossi နှင့် JM de Guzman တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းက ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးဇနီးမောင်နှံကိုအခြေတည်ရိုက်ကူးထားတာပါ။သူတို့ဟာအိမ်ထောင်ရေးကို ပြိုကွဲစေနိုင်တဲ့ ခက်ခဲတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရတယ်။ နှစ်ဦးစလုံးက မတူညီသောဘဝတွေ အလိုဆန္ဒနှင့်လိုအပ်ချက်တွေ၊ မိသားစုဝင်ရောက်စွက်ဖက်မှု၊ အသက်မွေးဝမ်းကျောင်း၊ မနာလိုမှုတွေလို လက်တွေ့အိမ်ထောင်ရေးပဋိပက္ခတွေကိုရိုက်ကူးတင်ဆက်ထားတာပါ။သူတို့ အဆင်ပြေသွားမှာလား၊ ကွဲသွားမှာလား ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.7GB | 536MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie
What If (2023)
2023
6.5
Face Off 6: The Ticket Of Destiny (2023)
Face off 6 : The Ticket of Destiny (2023)Vietnam Anthology seriesထဲမှာ တော်တော်လေးလူကြိုက်များတဲ့ Face off seriesရဲ့ ၆ ကားမြောက်ဖြစ်တဲ့ Ticket of destiny လေး ထွက်ရှိလာပါပြီ။ Face off 1ကစလို့ မမျှော်လင့်ပဲနဲ့ ရုတ်တရက်ပြဿနာတွေရင်ဆိုင်ရတဲ့အစဉ်အလာမပျက် Face off 6 မှာရော ဘာတွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ငွေဆိုတာ ကံကောင်းခြင်းဆိုလည်းဟုတ် ကံဆိုးခြင်းဆိုလည်းဟုတ်တဲ့ အသွားနှစ်ဖက်နဲ့ဓားတစ်လက်ပါ။ ဘယ်လောက်ပဲ ငွေဟာအရေးမကြီးပါဘူးပြောနေပါစေ အချိန်တန်ရင် Second Godလို့တင်စားရတဲ့ငွေရဲ့ခြေရင်းမှာ ကျွန်တော်တို့တော်တော်များများ ကျရှုံးရတာချည်းပါပဲ။ ဒီကားလေးထဲမှာလည်း မမျှော်လင့်ဘဲရောက်လာတဲ့ ငွေထုပ်တစ်ထုပ်ကြောင့် ပြောင်းလဲသွားတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ကံကြမ္မာကို ရှုစားရမှာဖြစ်ပါတယ်။သမီးလေးကလည်းချူချာ ကိုယ်ပိုင်လုပ်ငန်းကလည်း အခြေအနေမဟန်လှတဲ့ဖွန်တစ်ယောက် သူငယ်ချင်း ၆ ယောက်ရဲ့မွေးနေ့တွေကိုစုပြီးတော့ ထီထိုးလိုက်ပါတယ်။ ဒီထီလက်မှတ်သာ ဆုကြီးတစ်ဆုပေါက်ခဲ့ရင် အားလုံးအညီအမျှခွဲယူပြီး အားလုံးတူတူ ဘဝကိုပြောင်းလဲပစ်လို့ ဆင်းရဲတွင်းကနေအလွတ်ရုန်းမယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။ ဒီထီလက်မှတ်ကိုတော့ ...
movie
Face Off 6: The Ticket Of Destiny (2023)
2023
6.5
Hello Ghost (2023)
Hello Ghos (2023)လူတွေက ဘယ်လိုအချိန်မျိုးတွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။ အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။ သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။ ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့် ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။ လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။ ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။ နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ... မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။ ကရက်စနာက သရဲတွေကို မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီး အဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။ အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲ သူတို့ကရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie
Hello Ghost (2023)
2023
Bad Things (2023)
Bad Things (2023)တကယ်တမ်း ကျွန်တော့်အမြင်မှာ ဒီကားက Psychological Thriller ပိုဆန်နေတဲ့အပြင် ဇာတ်လမ်းကလည်း အပြနှေးပါတယ်။ ဒါကြောင့်ပဲ Jump scare တွေ၊ တစ်ချိန်လုံး ခြောက်လှန့်နေမှ ကြိုက်တဲ့သူမျိုးအတွက်ဆိုရင် နည်းနည်းပျင်းဖို့ကောင်းတယ်လို့ ခံစားမိပါလိမ့်မယ်။ဆောင်းတွင်းကြီး ဟိုတယ်တစ်ခုမှာ ဖြစ်တာကို ဇာတ်လမ်းတည်ထားတာမို့ တစ်ချက်တစ်ချက် The Shining ရုပ်ရှင်က vibe လည်း ရနေပါတယ် နည်းနည်း မှီငြမ်းထားတယ် ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းတွင်းတစ်ခုမှာ ရူသီဟာ အဘွားဖြစ်သူဆီကနေ အမွေရတဲ့ စွန့်ပစ်ဟိုတယ် အဟောင်းကြီးကို ရောင်းဖို့အတွက် ရည်းစားဖြစ်သူ ကယ်လ် ၊ သူငယ်ချင်းဖြစ်သူ မက်ဒီရယ်၊ အကြုံလိုက်လာတဲ့ ဖရန်တို့နဲ့အတူ မြို့လေးဆီကို လာခဲ့ပါတယ်။ ဟိုတယ်မှာကလည်း ဘယ်သူမှမရှိတာမို့ ရူသီတို့တွေ လွတ်လွတ်လပ်လပ်နေကြရင်း၊ ဟိုတယ်တွေက သရဲဇာတ်လမ်းတွေကို ပြောပြကြရင်း အေးဆေး အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့် ဖရန် တစ်ယောက် တကယ်မရှိတာတွေကို ဟိုဟိုဒီဒီ မြင်လာပြီးတော့ ဘယ်လိုတွေ ခြောက်လှန့်ခံရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့လိုက်ပါဦး။အညွှန်း ...
movie
Bad Things (2023)
2023
8
Mission: Impossible – Dead Reckoning Part One (2023)
Mission: Impossible - Dead Reckoning Part One (2023)~ IMDb - 8/10, Rotten Tomatoes - 96% ~Mission: Impossible – Fallout (2018) ရဲ့ အဆက်ဖြစ်တဲ့ Dead Reckoning Part 1 လာပါပြီ။ ဒါဟာ သတ္တမမြောက် M:I ရုပ်ရှင်ပဲဖြစ်ပါတယ်။ Fallout, Top Gun တို့ရဲ့ ဇာတ်ညွှန်းဆရာ Christopher McQuarrie ကပဲ ဇာတ်ညွှန်းရေးသား ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နှစ်ကားတွဲဖြစ်ပြီး Dead Reckoning Part II ကိုလည်း ဆက်ပြီးရိုက်ကူးသွားမှာပါ။ တွမ်ခရုရဲ့ သက်စွန့်ဆံဖျားစတန့်တွေနဲ့ နာမည်ကြီးခဲ့တဲ့ M:I ရုပ်ရှင်တွေဟာ ဒီကားမှာလည်း အရှိန်ကို ဆက်ထိန်းထားတုန်းပါပဲ။ ဝေဖန်ရေးဆရာတွေရဲ့ Rating တွေအရ ...
movie
Mission: Impossible – Dead Reckoning Part One (2023)
2023
4K HEVC
7
Marrying the Mafia : Returns (2023)
Marrying the Mafias : Returns (2023)ဟာသကား မျှော်နေကြသူတွေအတွက် စိတ်အပန်းပြေစေမယ့် Marrying The Mafia: Returns (2023) ထွက်ရှိလာပါပြီMarrying The Mafia ဟာဆိုရင် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ I & II ထွက်ရှိထားခဲ့ပြီးသားဖြစ်ပြီး ဝက်ဝက်ကွဲ ရယ်ခဲ့ရသလို အခု ၂၀၂၃ ခုနှစ်အတွက် ထွက်ရှိလာတဲ့အခါမှာလည်း ရယ်ရင်းမောရင်း စိတ်ပင်ပန်းစရာတွေကို ပြေပျောက်စေဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်လှတဲ့ စာရေးဆရာတိုရီဟာ တစ်ညမှာတော့ အမှတ်မထင် မိန်းကလေးတစ်ယောက်နဲ့ အတူအိပ်မိသွားခဲ့ပါတယ်။ ဒီခေတ်ကြီးထဲမှာ One Night Stand မိတာဟာ အထွေအထူးမဟုတ်ပါဘူးလို့ တွေးထားခဲ့ပေမဲ့ တကယ်တမ်း အဲဒီမိန်းကလေးရဲ့မိသားစုဟာ နာမည်ကြီးလွန်းလှတဲ့ လူမိုက်ဂိုဏ်းတစ်ခု ဖြစ်နေတဲ့အခါမှာတော့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြားက စာရေးဆရာတိုရီရဲ့ဘဝဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုသွားကြရမှာပါ။Casts တွေအနေနဲ့ဆိုရင်လည်း နာမည်ကြီးတွေပဲဖြစ်ကြတဲ့ မင်းသမီးကြီး Kim Soo-mi, မင်းသား Yoon Hyun-min ...
movie
Marrying the Mafia : Returns (2023)
2023
First
33
34
35
36
37
Last
Previous
Next