Channel Myanmar

2023

Centurion: The Dancing Stallion (2023) 6.8
Centurion: The Dancing Stallion (2023) Centurion: The Dancing Stallion (2023) ============================ IMDb rating - 6.8/10ဒီနေ့မှာတော့ မက္ကစီကန်ရဲ့မြင်းအကပြိုင်ပွဲတွေကိုကြည့်ရင်း ပရိတ် သတ်တွေအားလုံး ကြက်သီးထသွားစေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း ကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ... အဲလစ်စီယာကတော့ မြင်းစီးရတာကိုအရမ်းကိုစိတ်အားထက်သန်တဲ့ သူပါ။ မြင်းစီးလိုက်ရင်သူ့ရဲ့ဘဝပြဿနာတွေထဲကနေ လွတ်မြောက် သွားတယ်လို့ ခံစားရတဲ့သူပေါ့။ သူကအရည်အချင်းရှိပြီး ဒီနှစ်မှာတော့ မြင်းအကပြိုင်ပွဲမှာဝင်ပြိုင်ဖို့ မြင်းကောင်းရှာရင်း စန်ကျူရီယန်ဆိုတဲ့ မြင်းဖြူလေးတစ်ကောင် သူ့ဆီကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံတ ရားကမျက်နှာသာမပေးချင်တော့ သူ့မှာသွေးကင်ဆာရောဂါခံစားခဲ့ရပြီး သူစိတ်အားထက်သန်တဲ့မြင်းစီးတဲ့ဝါသနာနဲ့ ဝေးရာမှာနေခဲ့ရပါတော့ တယ်။ ဒီတော့ အဲလစ်စီယာတို့ရဲ့ ဟောလ်မွေးမြူရေးခြံကိုဂုဏ်ဆောင် ပေးနိုင်မယ့် မြင်းစီးသမားလေး ဒန်နီက ပြည်နယ်မြင်းအကပြိုင်ပွဲမှာ အဲလစ်စီယာရဲ့ကိုယ်စားပါဝင်ယှဉ်ပြိုင်ပေးပါတော့တယ်။ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပြီး အဲလစ်စီယာ ဒန်နီနဲ့ မြင်းဖြူလေး စန်ကျူရီယန်တို့ကြားက ဆက်နွှယ်မှုကို စိတ်ဝင်စား ဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ei Po ဖြစ်ပါတယ်)File Size..........(1.83 GB) / (725 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Ei Po Encoder..........SWM
movie

Centurion: The Dancing Stallion (2023)

2023
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023) 7.3
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023) Justice League x RWBY: Super Heroes & Huntsmen, Part Two (2023) ================================================= IMDb Rating - 7.3/10DC animation နဲ့ အမေရိကန် anime ဇာတ်လမ်းတွဲ RWBY တို့ တွဲဖက် crossover လုပ်ထားတဲ့ Huntsmen အပိုင်း ၂ ထပ်ထွက် လာပါပြီ။ဂျက်စတစ်လိဂ်အဖွဲ့ ရူဘီတို့ကမ္ဘာထဲက ဗီလိန်ကြီးကို နှိမ်နင်းပြီး သူတို့ကမ္ဘာကို ပြန်လာခဲ့ပေမယ့်၊ ကေးဂေါ့ဆိုတဲ့ ဗီလိန်က မသေ ဆုံးသွားဘဲ လူသားကမ္ဘာထဲကို လွတ်မြောက်သွားပါတယ်။ ရူဘီတို့ ကမ္ဘာထဲက ဝတ်စ်ဆိုတဲ့ မသေမျိုးတစ်ယောက်နဲ့ပူးပေါင်းကာ ဂျက် စတစ်လိဂ်တို့ကမ္ဘာကို အပိုင်သိမ်းပြီး လူသားမျိုးနွယ်ကို ခြိမ်းခြောက် လာတဲ့အခါမှာ...စူပါမန်း ဘတ်မန်း ဝန်းဒါးဝူးမန်းတို့ပါဝင်တဲ့ ဂျက်စ တစ်လိဂ်နဲ့ RWBY တို့အဖွဲ့ ပူးပေါင်းကာ လူသားကမ္ဘာကို ကာကွယ် ရပါတော့တယ်။ Part 1 မကြည့်ရသေးသူများက ဒီလင့်က ဒေါင်းလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.62 ...
movie

Justice League x RWBY: Super Heroes & Huntsmen, Part Two (2023)

2023
Justice League x RWBY: Super Heroes & Huntsmen, Part One (2023) 5.2
Justice League x RWBY: Super Heroes & Huntsmen, Part One (2023) Justice League x RWBY: Super Heroes & Huntsmen, Part One (2023) ================================================= IMDb Rating - 5.2/10DC ရဲ့ justice league animation ကားသစ်လေးပါ။ Justice leagueတစ်ဖွဲ့လုံး Darkside နဲ့တိုက်ခိုက်ရင်း တစ်ခြား ကမ္ဘာကို အပို့ခံလိုက်ရပါတယ် ။ အဲ့ဒီကမ္ဘာမှာ justice league တစ်ဖွဲ့လုံး ဆယ်ကျော်သက်တွေဖြစ်ကုန်ပြီး အစွမ်းတွေလည်း ပျောက်ကုန်ပါတယ်။ အဲ့ဒီအစား သူတို့ရောက်သွားတဲ့ကမ္ဘာက အစွမ်းရှိတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ပြီး နေသားတစ်ကျဖြစ်ဖို့ ကြိုးစားရပါတယ် ။ကမ္ဘာအသစ်မှာ အစွမ်းအသစ်တွေရလာပြီး Batman ဆိုရင် အတောင်ပံတွေပေါက်လာပါတယ်။ နောက်ဆုံးတော့ သူတို့ကမ္ဘာ ကို ပြန်သွားဖို့ကြိုးစားရင်း မူလအစွမ်းတွေရဖို့ ကမ္ဘာသစ်ဆီက villainကြီးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.8 GB) / (710 MB) / (449 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr ...
movie

Justice League x RWBY: Super Heroes & Huntsmen, Part One (2023)

2023
[18+] Sila Ay Akin (2023)
[18+] Sila Ay Akin (2023) Sila ay akin (2023)Vivamax ရဲ့နာမည်အကြီးဆုံး၊ လူကြိုက်အများဆုံး၊ အဟော့ဆုံး အသည်းကျော်လေးနှစ်ယောက်ဖြစ်တဲ့ Angeli Khang နဲ့ Azi Acosta တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကိုဆိုရင် ငုတ်တုတ်ထိုင်နေရင်တောင် ကြည့်ကောင်းတယ်ဆိုတဲ့ ပရိသတ်တွေရှိတဲ့အတွက် အထူးတလည်တော့ညွှန်းစရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းအနေနဲ့ သူတို့နှစ်ယောက်ဟာ ညီအစ်ကိုနှစ်ယောက်ကိုယူထားတဲ့ လင်ညီအစ်မတွေပါ။ နှစ်ယောက်လုံးက မိဘမဲ့တစ်ကောင်ကြွက်တွေဖြစ်ပြီး တွယ်တာစရာဆိုလို့ ခင်ပွန်းသည်တွေရဲ့မိခင်ကြီးနဲ့ သူတို့မွေးစားညီမလေးတစ်ယောက်သာ ရှိပါတယ်။ သူတို့ရဲ့ခင်ပွန်းသည်တွေဟာ ဂေးဘားတစ်ခုမှာ အဖော်အချွတ်ကချေသည်တွေဖြစ်တဲ့အတွက် အဲဒီကဆင့်ပွားလာတဲ့ လူမှုရေးပြဿနာတွေ၊ ဆင်းရဲမွဲတေမှုတွေ အစချီတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ပြဿနာတွေကို တစ်မိုးအောက်မှာအတူရင်ဆိုင်ရပုံတွေကို ရှုမြင်ရမှာဖြစ်ပါတယ်။မင်းသမီးနှစ်ယောက်ကောင်းသလို ဇာတ်လမ်းလည်းကောင်းတဲ့ကားပါ။ ရှုစားကြပါဦး...(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.11GB, 2GB, 915MB Quality - 4K HEVC, 1080p, 720p Format - mp4 Duration - 1H 45Min Genre ...
movie

[18+] Sila Ay Akin (2023)

2023
4K HEVC
The Devil on Trial (2023) 5.6
The Devil on Trial (2023) The Devil on Trial (2023)မကောင်းဆိုးရွားကခိုင်းလို့ သတ်မိတာပါဆိုတဲ့ လူသတ်မှုကို သိကြတယ်မလား။ The Conjuring 3 ကြည့်ဖူးရင်တော့ သိမှာ အသေအချာပဲပေါ့။ ကြည့်ဖူးတယ်ဆိုရင်တော့ ဒီ Documentary လေးကို ကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ်။၁၉၈၁ ခုနှစ်မှာပေါ့။ အာနီဂျွန်ဆင်ဆိုတဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့ အိမ်ရှင်၊ အလုပ်ရှင် အယ်လန်ဘိုနိုဆိုတဲ့သူကို ဓားနဲ့ လေးချက်ထိုးပြီး သတ်လိုက်တယ်။ တရားရုံးရောက်တော့ သူတို့ဖက်က လျှောက်လှဲချက်က မကောင်းဆိုးရွားအပူးခံရလို့ လုပ်မိတာပါ၊ ဒီကိစ္စအကြောင်း ဘာမှမမှတ်မိပါဘူးလို့ ပြောပါတယ်။အမေရိကန်တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ အမှုပါ။ Ed နဲ့ Lorraine Warren တို့ရဲ့ လူသိရှင်ကြား နာမည်အကြီးဆုံး အမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အမှုက ဒီအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်း လူသတ်မှုဖြစ်ပေမဲ့ မကောင်းဆိုးရွားပူးကပ်တာတွေ ပါလာတော့ စိတ်ဝင်စားစရာဖြစ်သွားတာပေါ့။ ဒီ Documentary က အဲဒီအမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ...
movie

The Devil on Trial (2023)

2023
Angaaragan 8.7
Angaaragan Angaaragan 2023 (တောနက်ထဲကပဟေဠိစံအိမ်) IMDb - 8.7/10Halloween ပွဲလည်းနီးကပ်လာပြီဆိုတော့ တမူထူးလို့ ဘောလိဝုဒ်ဟော်ရာလေးနဲ့ငြိမ့်ချင်တဲ့ စီအမ်ပရိသတ်ကြီးအကြိုက် Horror, Thriller ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။သရဲကားဆိုပေမဲ့ နည်းနည်းလည်းအခွီဓာတ်လေးနှောထားတာဆိုတော့ မျက်နှာကွယ်ထားစရာရင်ခွင်ကြီးမရှိတဲ့ အက်ဖ်အေတစ်သိုက်အတွက်လည်း အဆင်ပြေပါကြောင်း ထပ်လောင်းပြောရင်းနဲ့....ဇာတ်လမ်းအကျဉ်း ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး တစ်ချိန်က သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေအလှကိုနှစ်သက်တဲ့ ခရီးသွားတွေကြားမှာ တော်တော်ကို ရေပန်းစားခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်‌နေ့မှာ ဒီအပန်း‌ဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့် ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်း‌ဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး ‌‌အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။အဲဒီမှာ ရှီဗာလည်း အပန်း‌ဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။ တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီ စစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်း‌ဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်... လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာ ဘာတွေရှိနေတာလဲ။ ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲ‌ဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

Angaaragan

2023
Yaaro (2022)
Yaaro (2022) Yaaro (2022) "မဖိတ်ခေါ်ထားသော ဧည့်သည်"ထိုင်ခုံအစွန်းက မခွာပဲ ရင်တမမ ထိုင်ကြည့်ရမယ့် တမေးလ် psychological-horror/ thriller တစ်ကားတင်ဆက်ပေးလိုက်ပါတယ်"ဂျွန်" က ခန့်မှန်းရခက်တဲ့လူ သူပိုင်တဲ့အိမ်က အကြီးကြီး ဒါပေမယ့် အလုပ်ထဲမှာ သူဌေးမငယ်ငယ်တစ်ယောက် ဆူတာ အမြဲခံရတဲ့ ဝန်ထမ်း တစ်ချိန်က ချမ်းသာတဲ့မိဘတွေလည်း ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှကုန်ပြီး သားလေးအတွက် အိမ်တစ်လုံးပဲ ကျန်ခဲ့တယ် အမေဖြစ်သူကလည်း စိတ်ရောဂါနဲ့ဆုံး အဖေကလည်း ဇနီးဇောနဲ့ စိတ်ဒဏ်ရာရပြီး အိမ်က ပျောက်သွားလို့ "ဂျွန်" တစ်ယောက် အိမ်ကြီးထဲမှာ တစ်ကိုယ်တည်းနေရတယ်ချန်နိုင်းမြို့ကြီးမှာ တစ်နေ့တခြား ကွင်းဆက်လူသတ်မှုတွေ များလာတယ် သတင်းတွေမှာတော့ "အိမ်ပြင်မထွက်ပါနဲ့ သူစိမ်းအဝင်မခံပါနဲ့" စသဖြင့် တောက်လျှောက် တက်နေတာပဲတစ်နေ့ ညဘက်ကြီး ခြံထဲကို လူစိမ်းတစ်ယောက် ဝင်လာပြီး "ရေတိုက်ပါ" လို့ ဂျွန်ကို ပြောတယ် ဂျွန်လည်း ပထမ တော့ အတင်းငြင်းလွှတ်ပေမယ့် နောက်ဆုံးတော့ သူစိမ်းအတွက် ရေသွားယူနေတုန်း ပြန်လာတော့ အဲဒီလူ မရှိတော့ဘူးအဲဒီအချိန် အမှတ်တမဲ့ ...
movie

Yaaro (2022)

2023
Peddha Kapu – 1 (2023) 8.0
Peddha Kapu – 1 (2023) Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB --- 8.0/10ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့ သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့က ဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ ……အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတွေကို ...
movie

Peddha Kapu – 1 (2023)

2023
Rangoli (2023) 9.2
Rangoli (2023) Rangoli (2023) "ချယ်မှုန်းရောင်စုံ" IMDb-9.3/10မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ဇာတ်လမ်းအညွှန်းကျွန်တော့်နာမည် ဆပ်သရာ။အစိုးရအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင်။ အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက် အဖေရယ် အမေရယ် အစ်မရယ်။အဖေသင်ပေးထားတဲ့ တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲ ကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။ အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေ အပေါင်းအသင်းမှားနေတယ်ဆိုပြီး ကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ် ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်နဲ့ မပြောင်းချင်ဘူးပြောပေမယ့် မိဘတွေစကားမလွန်ဆန်နိုင်တဲ့အတွက်ပြောင်းခဲ့တယ်။လမ်းမှာတစ်ခါတွေ့ခဲ့ဖူးပြီး စွဲလန်းခဲ့ရတဲ့ ကျစ်ဆံမြီးနဲ့ကောင်မလေး။ အဲဒီကောင်မလေးနဲ့ ကျောင်းအသစ်မှာ ပြန်တွေ့ခဲ့တယ်။ အဲဒါနဲ့အတူ အဲဒီကျောင်းကကောင်တွေရဲ့အနိုင်ကျင့်မှုတွေရယ်ရောပေါ့။ ကျွန်တော်ဘယ်လိုတွေ ဖြတ်သန်းရမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 2.95GB  / 1.13GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie

Rangoli (2023)

2023
The Burial (2023) 7.1
The Burial (2023) The Burial (2023)~ IMDb - 7.1/10, Rotten Tomatoes - 91% ~ဒီကားမှာ ကားမရိုက်တာ နည်းနည်းတော့ကြာပြီဖြစ်တဲ့ Tommy Lee Jones ကြီးက စကေးပြန်ပြထားသလို Jamie Foxx လည်းပါပါတယ်။ The Great Debaters တို့ Birds of Prey တို့ Lovecraft Country တို့မှာ သရုပ်ဆောင်စွမ်းပြခဲ့ဖူးတဲ့ Jurnee Smollett လည်းပါပါတယ်။ ဒီထဲလည်း စကေးထပ်ပြပြန်တာပါပဲ။ ဒီကားကို ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ် အခြေတည်ထားတယ်။ အော်စကာဝိုင်းလား မတ်တွိုင်းရဲ့စကားလားတော့မသိဘူး။ တစ်ခါတခါ လက်တွေ့ဘဝက ဖစ်ရှင်တွေထက် ပိုဆန်းကြယ်တယ်ဆိုတဲ့ စကားလိုပဲ။ ဒီဖြစ်ရပ်မှန်ကလည်း သောက်ဆန်းကြီးပါပဲ။ပြောရရင် ဒီကားထဲ တွမ်မီလီဂျုန်းကြီးက သုဘရာဇာလုပ်တာ... သုဘရာဇာလုပ်ငန်းကို ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားလို မျိုးနဲ့ရိုးနဲ့လုပ်လာတာ။ သူမွေးထားတဲ့ များပြားလှတဲ့ သားသမီးမြေးမြစ်တွေကို အမွေပေးဖို့ ...
movie

The Burial (2023)

2023
Iraivan (2023) 5.0
Iraivan (2023) Iraivan 2023 (သို့) အပြုံးလူသတ်သမားIMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား ..ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie

Iraivan (2023)

2023
Flora and Son (2023) 7.1
Flora and Son (2023) Flora and Son (2023)~ IMDb - 7.1/10, Rotten Tomatoes - 94% ~ဂီတဟာ လူတွေကို နှလုံးသားချင်းပိုနီးစေတယ်။ သီချင်းထဲမှာတော့ ဘဝဟာရှိချင်မှရှိမှာပေမဲ့ ဘဝထဲမှာတော့ သီချင်းကို အားလုံးလိုခဲ့ကြတယ်။ ဒီဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရပြီး ကလေးကိုရော ကိုယ့်ဘဝကိုယ်ရော မုန်းနေတဲ့ အမေနဲ့ အမေကိုပါထထဆဲနေတဲ့ ဘာကိုမှမကျေနပ်နေတဲ့ကလေး သားအမိအကြောင်းပေါ့။ သားလေးသာ နည်းနည်းကြီးလာတယ်။ သားအမိကြား နားလည်မှုတစ်စက်မှမရဘဲ ဆဲလိုက်ဆိုလိုက် သေသွားရင်ကောင်းမယ်တွေးလိုက် လုံးလည်ချာလည်လိုက်နေတဲ့ သားအမိပါပဲ။ သားဆိုလည်း ခိုးမှုနဲ့ စခန်းခဏခဏရောက်နေတဲ့ လူပေလူရေလေး။ဒီလိုနဲ့ သူ့အမေက သူ့သားမွေးနေ့မှာ ဂီတာဟောင်းတစ်လက် မွေးနေ့လက်ဆောင်ပေးတယ်။ သားက ဂီတာကိုစိတ်မဝင်စားဘူး။ ကွန်ပျူတာနဲ့ဖန်တီးရတဲ့ ဂီတကိုပဲ စိတ်ဝင်စားတာဆိုတော့ အဖက်မလုပ်ဘူး။ အဲဒါနဲ့ပဲ ကလေးအမေက ဂီတာကို အွန်လိုင်းကနေ သူ့ဘာသာသင်ရင်း ဂီတကိုပိုချစ်တတ်လာတယ်။ သူ့သားကလည်း သူ့ဘာသာတော့ သီချင်းတွေဖန်တီးနေတဲ့ကလေး။ ...
movie

Flora and Son (2023)

2023
Chandramukhi 2 (2023)
Chandramukhi 2 (2023) Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စားဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း*********************************အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် ...
movie

Chandramukhi 2 (2023)

2023
Long Live Love! (2023) 7.5
Long Live Love! (2023) Long Live Love! (2023)Comedyပိုင်တဲ့ Sunnyနဲ့Chompooတို့ရဲ့ "အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး Netflix ကနေ ထွက်ရှိလာပါပြီGAPက Beckyလေးကလည်း ပါဝင်ထားပါသေးတယ်ဒီကားကတော့ အလွယ်ပြောရရင်လူတွေရဲ့ အချစ်နဲ့ ဘဝအပေါ် အမြင်တွေကို မေးခွန်းထုတ်သွားတာပါပဲ။ ဒီလိုမျိုး ကြုံလာရရင် ဘာလုပ်မလဲ လက်လျှော့မလား ပြန်ကြိုးစားမလားဆိုတာပေါ့။ အမှန်တရားဆိုတာ ရှုထောင့်အပေါ်မူတည်တယ်ဆိုသလိုပဲ ဘယ်လိုဆုံးဖြတ်ရင် အမှားလည်း အမှန်လည်း ပြောဖို့လည်းမဖြစ်နိုင်ပါဘူး။ဒီရုပ်ရှင်ထဲမှာ ပြောသွားသလိုပါပဲ - "လူတစ်ယောက်ကို အရမ်းချစ်မိသွားရင် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့သွားတတ်တယ်" တဲ့။ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ချစ်တာကအမှန်လား လူတစ်ယောက်ကိုပဲ အရမ်းဆက်ချစ်သွားတာက အမှန်လား။ဒီရုပ်ရှင်မှာတော့ အဓိက ဆေတီ နဲ့ မယ်တာဆိုတဲ့ စုံတွဲလေးက ပါဝင်ထားပါတယ်။ သူတို့အရမ်းချစ်တဲ့စုံတွဲပါ၊ အရမ်းလည်းမုန်းတဲ့စုံတွဲပါ၊ သစ္စာမရှိတဲ့စုံတွဲပါ၊ သစ္စာလည်းရှိတဲ့စုံတွဲပါ၊ နားလည်မှုမရှိတဲ့စုံတွဲပါ၊ အရမ်းနားလည်ပေးတဲ့စုံတွဲလည်းဟုတ်ပါတယ်။ ဒီတော့ အချစ်ကို သက်တော်ရာကျော်ရှည်စေချင်တာ စုံတွဲတိုင်းပါပဲ။ လက်တွေ့မှာတော့ အချစ်ကို ဖျားနာစေတဲ့ အရာတွေအများကြီးရှိနေပြီတာကို ဒီရုပ်ရှင်မှာ မြင်ရပါလိမ့်မယ်။ အချစ်နေပြန်ကောင်းလားမလား အချစ်သေဆုံးသွားမလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့။အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Long Live Love! (2023)

2023
A Really Haunted Loud House (2023) 6.4
A Really Haunted Loud House (2023) A Really Haunted Loud House (2023) ===========================October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ ...
movie

A Really Haunted Loud House (2023)

2023
Deltopia (2023) 4.5
Deltopia (2023) Deltopia (2023) ============အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက အိုင်လာဗီစတာဆိုတဲ့နေရာမှာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေ နှစ်တိုင်း လုပ်ကြတဲ့ Deltopia ဆိုတဲ့ အကြီးဆုံးပါတီကြီးအကြောင်းဖြစ်ပါတယ်။ Alcohol, Drugs သုံးစွဲမှုတွေ ကြမ်းတမ်းတဲ့စကားတွေပါတာမို့ မိသား စုနဲ့ ကြည့်ဖို့တော့မသင့်တော်ပါဘူး။ပါတီမှာသောင်းကျန်းကြပြီး အလွဲတွေဖြစ်ကုန်တဲ့ဇာတ်လမ်းမျိုးသဘော ကျရင် ကြည့်ကြည့်သင့်တယ်လို့ပြောချင်ပါတယ်။ အထက်တန်းကျောင်း သားဂျက်ခ်ဟာ ငယ်ငယ်ကတည်းကသဘောကျခဲ့တဲ့ ကျောင်းနေဖက် ကောင်မလေးဟန်နာကို ဖွင့်မပြောပဲမျိုသိပ်ထားခဲ့ရာမှာ အထက်တန်း ကျောင်းနောက်ဆုံးနေ့ကိုရောက်ခဲ့ပြီဖြစ်ပါတယ်။ ဟန်နာက ကျောင်းပြီး ရင် နယူးယောက်မြို့ကိုပြောင်းတော့မယ်ဆိုတာကို သိရတဲ့အခါ ဟန်နာ တို့သွားမယ့် Deltopia ပါတီကို အမီလိုက်ပြီး ဖွင့်ပြောဖို့ကြိုးစားရာမှာ အမေရိကန်နိုင်ငံရဲအကြီးဆုံးပါတီမှာဘာတွေကြုံရမလဲကြည့်ရမှာဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်)File Size..........(2.27 GB) / (789 MB) Quality...........WEB-DL 1080p / 720p Duration........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Pyi T. Nyein Encoder..........Zin Phyo Aung
movie

Deltopia (2023)

2023
Case 30 (2023) 8.3
Case 30 (2023) Case 30 (2023) "သုံးဆယ်မြောက်အမှု" IMDb-8.4/10လတ်တလောထွက်ရှိထားတဲ့ တလေဂူးရဲမှုခင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပဲ ဒုရဲအုပ်တစ်ယောက်ရဲ့ သုံးဆယ်မြောက်အမှုကို ဇာတ်တည်ထားပါတယ်။မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတယ်။အဲဒီမိန်းကလေးအသတ်ခံရတဲ့အမှုက ရဲအရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှု။ထူးဆန်းတာက မိန်းကလေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကို စုံစမ်းရတာ ခက်ခဲနေရော။အိမ်နီးချင်းတွေကလည်း သူဘယ်ကလာလဲ ဘာလုပ်လဲမသိပေမဲ့ ယောကျ်ားတစ်ယောက် လာလာပြီးအတူနေတာတစ်ခုပဲသိကြတယ်။အတူနေအမျိုးသားဖြစ်တဲ့ ရည်းစားဖြစ်သူကိုတွေ့တော့လည်း အဲဒီအသတ်ခံရတဲ့ရက်ပိုင်းမှာ တခြားအမျိုးသမီးတစ်ယောက်နဲ့ မိဘတွေသဘောအတိုင်း စေ့စပ်ပွဲလုပ်ခဲ့တဲ့သူဖြစ်နေတယ်။ စုံစမ်းရင်းနဲ့ပဲ အမှုကထင်မှတ်မထားတာတွေ ဖြစ်လာ၊ တွေ့လာပါတော့တယ်။ အရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှုဖြစ်တဲ့ ဒီအမှုမှာ မိန်းကလေးကိုသတ်တဲ့ တရားခံကိုရှာတွေ့မှာလား။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Alex~BpL~ToMo~Aditiတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.75GB / 777MB Quality…1080p WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Alex~BpL~ToMo~Aditi
movie

Case 30 (2023)

2023
If You Were the Last (2023) 6.3
If You Were the Last (2023) If You Were the Last (2023)~ IMDb - 6.3/10, Rotten Tomatoes - 85% ~အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ...
movie

If You Were the Last (2023)

2023
Kindling (2023) 6.1
Kindling (2023) Kindling (2023) ============ IMDb Rating - 6.1/10 Genre – Drama, Romance“အရာဝတ္ထုလေးတွေ တစ်စုံတစ်ခု လောင်ကျွမ်းသွားတဲ့အခါ.. ဒီ ဒြပ်မှုန်လေးတွေဟာ လေထုလွှာထဲကို လွှင့်ပါသွားပြီးတော့ ထာဝရ တည်ရှိနေနိုင်တယ်” - ဆစ်ဒ်ဇာတ်ကားနာမည် Kindling ဆိုတာ မြန်မာလိုဆို မီးစာတဲ့… ကျွန်တော်တို့ဘဝတွေမှာ ဆက်လက်ပြီး တောက်လောင်နေဖို့ အတွက် လိုအပ်တဲ့ မီးစာလေးတွေလို့ မြင်မိတယ်။ လက်ရှိဘဝမှာ ချစ်ခင်မြတ်နိုးရတဲ့လူတွေကို သူတို့ ကိုယ့်အနားက ထွက်ခွာမသွား ခင် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ၊ ဘာတွေတူတူ ဖြတ်သန်းပြီးပြီလဲ၊ ဘယ်လို တန်ဖိုးထားခဲ့သလဲ မမေ့လိုက်ဖို့ အရေးကြီးတယ် မဟုတ် ပါလား။ဆစ်ဒ် - မကြာခင် ရက်ပိုင်းအတွက် သေဆုံးရတော့မယ့် ကောင်လေးတစ်ယောက် ဒစ်ဂ် - ဆစ်ဒ်တို့ အိမ်မှာ လာနေပြီး အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ ငယ်သူငယ်ချင်း ဝူဖီ - ပေါက်ကရလုပ် အစအနောက်သန်ပြီး ခေါင်းဆောင်လုပ်ချင်သူ ပလော့ဒ် - အရှက်အကြောက်ကြီးသူ အများဝိုင်းစတာကို အမြဲခံရသူ ဒရစ်ဘယ် - သဘောမနောကောင်း ကောင်မလေးဆို စကားမပြောရဲတဲ့သူဒီလို ...
movie

Kindling (2023)

2023
Krishna Gadu Ante Oka Range (2023) 8.0
Krishna Gadu Ante Oka Range (2023) Krishna Gadu Ante Oka Range (2023) -အိမ်မက်တွေနဲ့အိမ်IMDb-8/10ပြီးပြည့်စုံတဲ့မိသားစုအိမ်လေး လိုချင်ကြတာ မိသားစုတိုင်းရဲ့ အိမ်မက်လေးပါပဲခရစ်ရှနာငယ်ဘဝမိသားစုလေးက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး ကြင်နာကြတဲ့ ချစ်စရာမိသားစုလေးပေါ့ အလုပ်တွေကြိုးစားကြပြီး ကိုယ်ပိုင်အိမ်လေးရဖို့ ကြိုးစားနေကြသူတွေ တစ်ဆင့်ချင်းဆောက်ရင်း ကြိုးစားရင်း အကောင်ထည်ဖော်ကြရင်း အိမ်လေးကိုမြင်ယောင်ပြီး " စိတ်ကူးတွေနဲ့ပျော်နေကြတဲ့အချိန် ကြမ္မာမုန်တိုင်းဝင်ပါတော့တယ်...မိသားစုရဲ့ အလေးထားရတဲ့ အိမ်ထောင်ဦးစီးကြီးကားတိုက်ခံရလို့ဆုံးသွားတဲ့အချိန် ဆောက်လက်စအိမ်လေးလည်း အပြီးမသတ် မိသားစုဘဝလေးလည်း လစ်ဟာသွားတော့တယ်ဒီအိမ်လေးနဲ့ မိသားစုရဲ့ကျန်တဲ့တာဝန်တွေကို ဆက်ယူရတာကတော့ ကလေးဘဝကနေအရွယ်ရောက်လာတဲ့ ခရစ်ရှနာ... သူ့လက်ထက်မှာရော မပြီးပြည့်နိုင်သေးတဲ့မိသားစုဘဝနဲ့ အိမ်ဂေဟာလေးကိုပြည့်စုံအောင်လုပ်နိုင်မလားရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollowood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team 
movie

Krishna Gadu Ante Oka Range (2023)

2023