Channel Myanmar

2023

Hell House LLC Origins: The Carmichael Manor (2023) 6.3
Hell House LLC Origins: The Carmichael Manor (2023) Hell House LLC Origins: The Carmichael Manor (2023)~ IMDb - 6.3/10, Rotten Tomatoes - 83% ~အခုတစ်ခေါက်ထပ်မံထွက်ရှိလာတဲ့ Hell House LLC ဇာတ်ကားကတော့ ၂၀၁၅၊ ၂၀၁၇ နဲ့ ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ Hell House ရုပ်ရှင်သုံးခုရဲ့ အဆက်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hell House အကြောင်း အဓိကထားရိုက်ကူးထားတာမဟုတ်ဘဲ ဇာတ်လမ်းရဲ့နာမည်အတိုင်း အဗ္ဗဒုန်ဟိုတယ်မီးပြာကျသွားတုန်းက ပါခဲ့တဲ့ အာသာ ကာမိုက်ကယ်ရဲ့ မိသားစုနောက်ကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သက်တမ်းရင့်အမှုအေးတွေနောက် လိုက်နေတဲ့ လူငယ်တစ်ဖွဲ့က လူသတ်မှုဖြစ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ကာမိုက်ကယ်အိမ်ကြီးထဲမှ ၅ ညသွားအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီပေမဲ့ ၅ရက်မပြည့်ခင်မှာပဲ တစ်ဖွဲ့လုံး အစအနရှာမရအောင်ပျောက်သွားခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဘရစ်ဂျစ်၊ ရေဗက္ကာနဲ့ ချေ့စ်တို့သုံးယောက်ဟာ လူသတ်မှုဖြစ်ထားပြီး ...
movie

Hell House LLC Origins: The Carmichael Manor (2023)

2023
The Killer (2023) 7.4
The Killer (2023) The Killer (2023)ပစ်မှတ်ကိုမလွဲဖူးတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ပထမဆုံးလွဲသွားတဲ့အခါ ဘာဖြစ်လာလဲ။ဒီရုပ်ရှင်ကိုတော့ Seven, Zodiac တို့လို အနုပညာမြောက်ကားတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ဒေးဗစ်ဖင်ချာက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဓိကဇာတ်ကောင် ကြေးစားနေရာမှာတော့ X-men ထဲက မက်ဂနီတိုမင်းသား မိုက်ကယ် ဖက်စ်ဘန်ဒါက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် ပြင်သစ်ရုပ်ပြဝတ္ထုတစ်အုပ်ကို ကိုးကားပြီး Seven ရဲ့ ဇာတ်ညွှန်းဆရာ Andrew Kevin Walker ကပဲ ရေးသားပေးထားတာပါ။ဇာတ်လမ်းအကျဉ်းဘဝမှာ ကိုယ်ရေးကိုယ်တာခံစားချက်ဘာမှမပါဘဲ၊ နိုင်ငံတွေ ဘာသာတွေ ယုံကြည်ချက်တွေမထားဘဲ၊ ငွေအတွက်သက်သက် ကြေးစားလူသတ်သမားလုပ်နေတဲ့သူ။ မအောင်မြင်တဲ့အလုပ်မရှိခဲ့တဲ့သူတစ်ယောက်ဟာ တစ်နေ့မှာ ပစ်မှတ်ကိုလွဲချော်သွားခဲ့တယ်။ ဒီလောကမှာ နောက်ဆက်တွဲပြဿနာတွေတက်လာရင် သဲလွန်စတွေကို ရှင်းလင်းကြတာ သဘာဝပဲမို့ သူ့ကိုလည်း အလုပ်အပ်တဲ့သူက သတ်ဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ မသေသွားတဲ့အခါမှာတော့ သူကလည်း သူ့ကိုသတ်မဲ့လူတွေကို တစ်ဆင့်ပြီးတစ်ဆင့်လိုက်ရှာပြီး ဇစ်မြစ်ဆီကို ရောက်အောင်သွားရပါတော့တယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းသလိုပါပဲ။ အဓိကက တွေးစရာလေးတွေနဲ့ ဒိုင်ယာလော့ အလှအပလေးတွေနဲ့ တန်ဆာဆင်ပြီး မဲပြာပုဆိုးဇာတ်လမ်းတစ်ခုကနေ အနုပညာလက်ရာတစ်ခုကို ထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

The Killer (2023)

2023
Ghoomer (2023) 8.6
Ghoomer (2023) Ghoomer 2023 ( ခရစ်ကတ်ဘုရင်မ) IMDb 8.6ခရစ်ကတ်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိလာတဲ့ အသစ်စက်စက် ရုံကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားရဲ့ ၂နာရီကျော်လုံးမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေနဲ့ ရင်တမမကြည့်ရှူရမဲ့ကားဖြစ်တဲ့အပြင် အားလုံးရဲ့အချစ်တော် မင်းသားကြီးအမီတာဘချမ်းကြီးအပြင် သားဖြစ်သူ အဘီရှိတ်ခ်တို့လို ဝါရင့်သရုပ်ဆောင်နှစ်ဦးလဲပါဝင်ထားပြန်ပါတယ်အန်နာ..ခရစ်ကတ်ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့ပွဲ‌တွေထိတက်ချင်ခဲ့တာက သူမရဲ့အိပ်မက်ပေါ့ အစမ်းပွဲလေးတွေမှာ ဝင်ပြိုင်ကစားရင်း ဒိုင်တွေရဲ့ မျက်စိကျခြင်းခံရတဲ့သူမ ..ဒီလိုနဲ့ အင်္ဂလန်_အိန္ဒိယ ခရစ်ကတ်ကစားသမား List ထဲ သူမပါဝင်လာခဲ့ပြီး နောက်ဆုံးဆင့် ရွေးချယ်ပွဲအတွက် လူရွေးပွဲနောက်ပိုင်းမှာ သူမဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်ဒါကတော့ ခရစ်ကတ်ကစားသမားဖြစ်သူက လက်တစ်ဖက်ဆုံးရှုံးလိုက်ရလို့ပါပဲ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ချင်တဲ့သူမရဲ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ဆရာတွေကရော သူ့ကိုဘယ်လိုတွေကူညီသွားမလဲဆိုတာကတော့... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ Tomo ~ BpL ~ Cherry တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 1.14GB Quality…1080p  ...
movie

Ghoomer (2023)

2023
The Road (2023) 8.7
The Road (2023) The Road (2023) အဝေးပြေးလမ်းမ IMDb(8.8/10)ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု...မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာ ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက် ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့ ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်...အဲဒါ‌ကြောင့်ပဲ ကာဗင်စိတ်ချမ်းသာအောင် သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကိုပဲ နှစ်ရက်ခရီးစဉ်သွားခိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုကနေတစ်ဆင့် သားအဖနှစ်ယောက်က ဒီအဝေးပြေးလမ်းမထက်မှာ ဖြတ်သွားရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ဒီလိုကနေ ဒီလမ်းမထက်ကို စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့ မီရာက ဒီလမ်းမရဲ့ နောက်ကွယ်က အကြောင်းတရားကို ထုတ်ဖော်သွားနိုင်သွားမလား နောက်ထပ် ဘယ်သူတွေရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေဦးမလဲဆိုတာကိုတော့ ရှုစားရင်းနဲ့ ခံစားကြည့်ကြပါဦး.... ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Teamမှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

The Road (2023)

2023
She Came to Me (2023) 6.1
She Came to Me (2023) She Came to Me (2023)~ IMDb - 6.1/10, Rotten Tomatoes - 47% ~လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland's Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလော‌ဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ဒီဇာတ်လမ်း‌ကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မ‌လေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ...
movie

She Came to Me (2023)

2023
Pippa (2023)
Pippa (2023) Pippa (2023) "စစ်သည်တော် ပစ်ပ်ပါ"Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။ Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။"စစ်သည်တော် ပစ်ပ်ပါ"ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။ "ပစ်ပ်ပါ"ဆိုတဲ့ အိန္ဒိယရဲ့ ကုန်း‌ရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။ အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ ဖန်တရာထပ်‌နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့ နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆို‌ပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့...တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ ...
movie

Pippa (2023)

2023
The Ship Show (2023) 6.2
The Ship Show (2023) The Ship Show (2023)ဒိတ်တင်းရှိုးပရိသတ်တွေအတွက် ကိုရီးယားဒိတ်တင်ရှိုးတွေကို ကြည့်ရတာငြီးငွေ့နေပြီလား။ ဒီတစ်ခေါက်မှာတော့ ဖိလစ်ပိုင်ဒိတ်တင်ရှိုးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ The Ship Show လို့ခေါ်တဲ့ အစီအစဉ်တစ်ခုအနေနဲ့ တင်ဆက်ထားပြီးတော့ ဆန်ကာတင်ရှိုးတွေရဲ့ထုံးစံအတိုင်း ထုတ်လုပ်ရေးဘက်က ဖောင်လာတင်တဲ့လူတွေအများကြီးထဲက ကာတင် ၁၂ ယောက်ကို ရွေးချယ်ပြီး အတွဲ ၆တွဲကနေ နောက်ဆုံးအနိုင်ရရှိသူကို ဆုကြေးငွေအများကြီးနဲ့ ရုပ်ရှင်တစ်ကားရိုက်ခွင့်ပေးသွားမှာပါ။အဲထဲမှာမှ မိဘတွေဖောင်တင်ပေးလို့ နောက်ဆုံးဆန်ကာတင် ပါမှ သိရတဲ့ Araw နဲ့ မင်းသမီးအရမ်းဖြစ်ချင်လွန်းလို့ ဒိတ်တင်ရှိုးကိုသရုပ်ဆောင်လာလုပ်တဲ့ Chia တို့လည်း ပါဝင်တာပေါ့။ မင်ရှင်တစ်ခုပြီးတိုင်း မဲအနည်းဆုံးတစ်တွဲကိုဖြုတ်မှာဆိုတော့ မဲအနိုင်ရအောင် သရုပ်ဆောင်ပြရပါတော့တယ်။ ဒိတ်တင်ရှိုးတွေရဲ့ဓလေ့အတိုင်း အတွဲတွေရဲ့ပြသနာတွေကို ဖောဖောသီသီမြင်ရမှာပါ။ ဒိတ်တင်းရှိုးတွေရဲ့ Behind the scenes ပုံစံအတိုင်းလေးအတိုင်းပါတာဆိုတော့ အဆင်လေးတွေကို တစ်ဝကြီးငန်းရင်း ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.6GB | 811MB Format… mp4 Duration…. 2h 2min Subtitle…. ...
movie

The Ship Show (2023)

2023
Fukrey 3 (2023) 7.7
Fukrey 3 (2023) Fukrey 3 (2023) "ဆန်ကုန်မြေ‌လေးများအဖွဲ့" IMDb - 7.7/10ဒီတစ်ခါမှာတော့ Fukrey ရဲ့ တတိယမြောက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အရင် ဇာတ်လမ်းတွေအတိုင်းပဲ သူငယ်ချင်းလေးယောက် ဘယ်လိုတွေ ဗရမ်းဗတာလုပ်ကြဦးမလဲဆိုတာကို မြင်တွေ့ရမှာပါ။ဒီဇာတ်ကားမှာတော့ သူငယ်ချင်းလေးယောက်ဟာ စတိုးဆိုင်လေးဖွင့်ထားရင်းနဲ့ပဲ ဘိုလီရဲ့ ရေအရင်းအမြစ်ဝန်ကြီး လုပ်မယ့်ကိစ္စမှာ ပံ့ပိုးဖို့ ဖြစ်လာခဲ့ပါတယ်။ဘိုလာဟာ အာဏာရှိတဲ့အရသာကို မြည်းစမ်းမိရင်းနဲ့ တကယ့်ကို အာဏာရှိတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ဖို့အတွက်နဲ့ ပြည်သူလူထုအပေါ်မှာလည်း မဖြစ်နိုင်တာတွေ ကတိပေး တစ်ဖက်မှာလည်း ရေနံဂိုဏ်းမာဖီးယားတွေနဲ့ အဆက်အသွယ်လုပ်ရင်းနဲ့ပဲ ဘိုလီရဲ့ ဝန်ကြီးဖြစ်အောင် လုပ်မယ့်လမ်းမှာ သူငယ်ချင်းလေးယောက် ဘယ်လိုတလွဲတွေလုပ်ကြဦးမလဲ ဆိုတာကို ဟာသ‌‌လေးတွေနဲ့ ရယ်ရင်းမောရင်း မှုခင်းပိုင်းလေးတွေနဲ့ တွဲပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.67GB / 1.3GB Quality…1080p WEB ...
movie

Fukrey 3 (2023)

2023
Parundhaaguthu Oor kuruvi (2023) 7.6
Parundhaaguthu Oor kuruvi (2023) Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 ThrillerIMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Parundhaaguthu Oor kuruvi (2023)

2023
(18+) Love’s Whirlpool (2014) 6.3
(18+) Love’s Whirlpool (2014) အချစ်ဆိုတာ ဘာလဲ? ကာမတဏှာနဲ့ရော ဘယ်လို အဆက်စပ်ရှိလဲ? ဒါတွေသိချင်ရင်တော့ ဒီကားလေးက သင့်အတွက်ပါပဲ.. တိုကျိုမြို့တနေရာမှာ သုခဘုံလေး ရှိနေပါတယ်။နေရာလေးက ကျဉ်းပြီး အချိန်အကန့်သတ်ရှိပါတယ်... အဲဒီအချိန်ပိုင်း သုခဘုံကျဉ်းလေးထဲကို ဝင်လိုတဲ့သူတွေက ငွေကြေးပေးရပါတယ် ကောင်လေးဆိုရင်တမျိုး ကောင်မလေးဆိုရင်တမျိုး စုံတွဲတွေဆိုရင်တမျိုး ဈေးအသီးသီး သတ်မှတ်ထားပါတယ်....။စည်းကမ်းချက်ကတော့ လာကမ်းလှမ်းတဲ့သူကို အကြောင်းပြချက်မခိုင်လုံပဲမငြင်းရဘူး အကုန်လုံး အခန်းထဲမှာ အဝတ်ဗလာနဲ့ လူစုံဆိုဒ်စုံ......... အချစ်မပါတဲ့ ခံစားချက်တွေနဲ့ အထိအတွေ့တွေ ဘယ်လောက်လေးနက်မလဲ ဘယ်လို ခံစားရလဲဆိုတာ အတွေးကိုယ်စီနဲ့ ကြည့်ရမဲ့ DS Fans တွေအကြိုက်ဇာတ်ကားကောင်းလေးပါပဲ(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…1.8GB / 630MB Quality…1080p BluRay / 720p Format…mp4 Duration….2h 3m Subtitle…. Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(18+) Love’s Whirlpool (2014)

2023
Valatty (2023) 8.6
Valatty (2023) Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie

Valatty (2023)

2023
Shot Boot Three (2023) 8.6
Shot Boot Three (2023) Shot Boot Three (2023) "ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု"IMDb-8.7/10မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.1GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shot Boot Three (2023)

2023
Irugapatru (2023) 8.3
Irugapatru (2023) Irugapatru (2023) (အချစ်ရနံ့တို့မွှေးပျံ့ရာဆီသို့)IMDb Rating 8.2/10 ရရှိထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ သရုပ်ဆောင် ရှရက်ဒါစရီနာ့သ်၊ ဗစ်ကရမ်ပရာဘူ၊ ဗစ်ဟာ့တို့ ပါဝင်သရုပ်ဆောင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့အောင်မြင်တဲ့ဆက်ဆံရေးတစ်ခုဆီကို ဦးတည်မယ့် နည်းလမ်းလေးတွေကို ထောက်ပြပေးသွားမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။"အရင်ကလို အချိန်မပေးဖြစ်တော့ဘူး အရင်ကလို အတူရယ်မောပြီး စကားတွေ မပြောဖြစ်ကြတော့ဘူး ကိုယ်က နီးစပ်ဖို့ ကြိုးစားလေလေ မင်းက နောက်ကို ဆုတ်သွားလေလေ" တစ်ဖက်မှာတော့ " မင်းကနီးစပ်ဖို့ကြိုးစားတိုင်း သူကပိုပြီး စိတ်တွေမွန်းကြပ်လာလေ " ဒီလို ပြဿနာတွေကို စုံတွဲတိုင်းလိုလို ကြုံဖူးကြမှာပါ။ဒီလိုတွေကြုံတွေ့လာရပြီး ဘယ်လိုတွေဖြေရှင်းရမလဲဆိုတဲ့နည်းလေးကိုတော့ ဒီဇာတ်လမ်းထဲက စိတ်ပညာကုထုံးဆရာဝန်တစ်ယောက်ဖြစ်သလို အိမ်ထောင်ရေးအကြံပေးတစ်ယောက်ဖြစ်တဲ့ မစ်တရာမာနူဟာရဲ့ အိမ်ထောင်ရေးလမ်းညွှန်ချက်တွေကနေ ထောက်ပြပေးသွားမှာပါ ။ ဒါ့အပြင် စုံတွဲပေါင်းများစွာရဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေပါ ပြောပြပေးထားတာမလို့ ဇာတ်လမ်းလေးကို ကြည့်ရှုရင်းနဲ့ ကိုယ်ပိုင်အိမ်ထောင်ရေးတို့ သမီးရည်းစားဆက်ဆံရေးတို့မှာ အဆင်ပြေစေမဲ့နည်းလမ်းလေးတွေကို ကြည့်ရှုရမှာမလို့ ...
movie

Irugapatru (2023)

2023
Disco Inferno (2023) 4.0
Disco Inferno (2023) Disco Inferno (2023) ===============ဒီဇာတ်လမ်းလေးက Horror ဇာတ်လမ်းတိုအမျိုးအစားလေးပါ။ ဇာတ်လမ်းအစမှာ ကလေးအရမ်းလိုချင်တဲ့ မိန်းမကြီးတစ်ယောက် က သူကလေးမရနိုင်လို့ ဘုရားကျောင်းက စစ်စတာတစ်ယောက် ကိုသတ်ပြီး သူ့ကလေးကို ခိုးသွားခဲ့တယ်။ အဲ့လိုနဲ့ နှစ်နှစ်ဆယ်ကျော် ကြာပြီးနောက် ဘုရားကျောင်းပျက်အစား ကလပ်အသစ်ပေါ်လာပြီး အကပြိုင်ပွဲတစ်ခုကျင်းပကြတယ်။အဲဒီက ပြိုင်ပွဲဝင်တွေထဲ မယ်လ်နဲ့ ဘရန်ဒန်တို့စုံတွဲလည်း ပါဝင်ပြီး အကပြိုင်ပွဲမစခင်မှာ မယ်လ်တစ်ယောက် သန့်စင်ခန်းခဏဝင်ရင် ပြန်ထွက်လာတော့ ဘုရားကျောင်းပျက်ထဲ ရောက်နေလေရဲ့။ နောက် ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတိုလေးမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(470 MB) Quality............WEB-DL 1080p Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Thwal Htoo Zin Encoder..........SWM
movie

Disco Inferno (2023)

2023
Body Parts (2023) 5
Body Parts (2023) Body Parts (2023)Horror ဆိုကြည့်ချင်ကြတဲ့သူတွေအတွက် ဇာတ်လမ်းပုံစံဆန်းဆန်းလေးနဲ့ movie လေးတစ်ခုတင်ဆက်ပေးပါဦးမယ်ဘာလို့ဆန်းတယ်လို့ ပြောရလဲဆို ရုပ်ရှင်တစ်ခုလုံးက ဇာတ်အိမ်တစ်မျိုးတည်းကိုပဲ ပြသွားတာမျိုးမဟုတ်ဘဲ မတူညီတဲ့ ဇာတ်လမ်း ၅ မျိုးကို ပုံစံအဖုံဖုံနဲ့ တင်ဆက်သွားတာပါဒီဇာတ်လမ်းမှာဆို Stink, A Child Who Sees Ghosts, exorcism.net, The Person Who Lived, String ဆိုပြီး ဇာတ်လမ်း ၅ မျိုးပါဝင်ပါတယ်တစ်ခုချင်းစီရဲ့ ရှုထောင့်နဲ့ အယူအဆ၊ တစ္ဆေသရဲဆိုတာကို ပုံဖော်တဲ့နေရာမှာ မတူညီတဲ့အတွက် ကြည့်ရင်းပျင်းလာတာမျိုး၊ အကြောက်ပေါ့သွားမှာတွေ စိတ်ပူဖို့မလိုပါဘူးနော်... ကိုရီးယား horror တွေ ကြိုက်တတ်တဲ့သူဆို ဒါလေးက မဆိုးဘူးလို့ပဲ ညွှန်းရမှာပဲ..ဇာတ်လမ်းအသေးစိတ်ကိုတော့ ခေါင်းစဉ်ခွဲလေးတွေကို ဖတ်ပြီး ခန့်မှန်းမိမယ်ထင်လို့ ထည့်မရေးတော့ဘူး ဘယ်လိုဇာတ်လမ်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… ...
movie

Body Parts (2023)

2023
Oregon (2023) 4.7
Oregon (2023) Oregon (2023) ============တစ်နေ့တည်းမှာ ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ဇာတ်အိမ် တည်ပြီး လူ့ဘဝအထွေထွေကို ချပြသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ်။ အခက်အခဲတွေကနေ သင်ယူစရာတွေလည်း ရလာကြလိမ့်မယ်။ဒါ ဘဝပဲ မဟုတ်လား။၁၉၈၅ ခုနှစ် နွေရာသီတစ်ရက်မှာတော့ အစ်စတန်ဘူဆိုတဲ့ မြို့လေး ဆီကို ဟာကန်နဲ့ဂါရီဆိုတဲ့ စုံတွဲတစ်တွဲ ရောက်လာခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဆယ်လန် ဆိုတဲ့ သူငယ်ချင်းမလေးကို တိပ်ခွေ လေးတစ်ခွေ ပြန်ပေးဖို့ပါပဲ။ ဖြစ်ချင်တော့ အဲဒီရက်မှာမှ ဆယ်လန်က ခရီးသွားနေတယ်တဲ့။ ဒီတော့ ဆယ်လန့်ရဲ့ အခန်းအပေါ်ထပ်မှာရှိတဲ့ အပေါက်လေးကနေ တိပ်ခွေကို ပစ်ချပေးဖို့ ကြိုးစားကြ‌တာပေါ့။ (တော်တော်အူကြောင်ကြောင်နိုင်တယ်ဆိုပေမဲ့ အကြောင်းရင်းကို သိရင်တော့ နားလည်သွားကြပါလိမ့်မယ်)အဲဒီမှာပဲ တိုက်ခန်းစောင့်ကြီးက သူတို့ကို ပိုင်နက်ကျူးကျော်သူတွေ ဆိုပြီး စွပ်စွဲရာကနေ ရန်တွေစဖြစ်ကြတော့တာပေါ့။ ဒီလိုနဲ့ စုံတွဲနှစ် ယောက်လည်း ရဲစခန်းကို ရောက်လာပြီး ကြုံရဆုံရစခန်းအမှတ်တရ တွေ စတင်လာပါတော့တယ်။ အရှေ့မှာ ညွှန်းခဲ့သလိုပဲ တစ်နေ့တာကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာဖြစ်တဲ့အတွက် အချိုးအကွေ့တွေတော့ မပါခဲ့ပါဘူး။ ဒါပေမဲ့ ကြည့်ရှုပြီးရင်တော့ အတွေးတစ်ခု ကျန်နေစေခဲ့မဲ့ ဇာတ်လမ်းမျိုးဆိုတာကတော့ ငြင်းလို့မရနိုင်တဲ့ အချက်တစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Oregon (2023)

2023
Mount Chiak (2023) 5.9
Mount Chiak (2023) Mount Chaik (2023)ကိုရီးယားရုပ်ရှင်လောကမှာ မြင်တွေ့နေကျမရှိတဲ့ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။Mount Chiak (ချီအာ့တောင်) လို့ အမည်ရတဲ့ ဒီဇာတ်ကားလေးမှာဆိုရင် လူငယ်လေး ၅ ယောက်ဟာ စက်ဘီးစီးဖို့အတွက် ချီအာ့တောင်ကို ထွက်ခွာလာခဲ့ကြပါတယ်။ ချီအာ့တောင်ဟာဆိုရင်တော့ အရင်ကတည်းက တစ္ဆေအကြောင်း၊ အပိုင်းပိုင်းဖြတ်သတ်တဲ့လူသတ်မှုအကြောင်း၊ လူပျောက်မှုအကြောင်းတို့နဲ့ သတင်းကျော်ကြားတဲ့ တောင်တစ်ခုပါ။ဒီလိုနဲ့ သူတို့ ၅ ယောက် တောင်ပေါ်ကို ရောက်ရှိသွားချိန်မှာတော့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့ ဖြစ်ရပ်တွေကို ခြောက်ခြားဖွယ် ကြုံတွေ့လာရပါတော့တယ်။ အရင်ကလည်း လူပျောက်ဆုံးမှုတွေ လူသေမှုတွေ ရှိဖူးထားတဲ့ ကြောက်မက်ဖွယ် ဒီတောင်ပေါ်ကနေ သူတို့ ၅ ယောက် လွတ်မြောက်နိုင်ပါ့မလား၊ ဘယ်လိုထိတ်လန့်စရာတွေနဲ့ ကြုံတွေ့သွားရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။Casts တွေအနေနဲ့ဆိုရင်လည်း Yoon Kyun-Sang, Kim Ye-Won, Lee Tae Hwan နဲ့ Bae Geu-Rin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ စိတ်ပျက်စေရမှာ မဟုတ်ပါဘူး။အညွှန်း နဲ့ ...
movie

Mount Chiak (2023)

2023
Hu Ane Tu (2023) 8.4
Hu Ane Tu (2023) Hu ane Tu (2023) "တစ်လိမ် နှစ်လိမ်" IMDb-8.4/10အချစ်ဆိုတာ လူငယ်တွေပဲကြည်နူးခံစားတတ်တဲ့အရာတဲ့လား....အူမီ့ရှ်ဟာ ဇနီးသည်ဆုံးသွားပြီးနောက် သားဖြစ်သူတေဂျာ့စ်ကို တစ်ယောက်တည်းပျိုးထောင်လာတဲ့သူတေဂျာ့စ်တစ်ယောက်အရွယ်ရောက်လာချိန် ရီဗာဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုးသွယ်မိတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူကကီတကီဆိုတဲ့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့ပြီး ချစ်ခြင်းတစ်ဖန်ပြန်လည်လန်းဆန်းလာတော့တယ်နားလည်မှုရှိတဲ့သားဖြစ်သူဟာဖခင်ရဲ့ အချစ်သစ်အတွက် ကြည်ဖြူသဘောတူ အဖေကလည်းသားအလိုကျနဲ့ သူတို့ဘဝကြည်နူးသာယာချိန်မှာ မထင်မှတ်တဲ့ အလွဲတွေတစ်ခုပြီးတစ်ခုပေါ်လာချိန်မှာတော့....လန်းဆန်းတက်ကြွနေတဲ့ လူငယ်အချစ်နဲ့ နှစ်ရှည်ထိန်းသိမ်းလာရပြီးမှ ပွင့်လင်းထွက်ပေါ်လာတဲ့ လူကြီးနှစ်ယောက်ရဲ့အချစ်တွေ အလွဲအချော်ဟာသလေးတွေနဲ့ ခံစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.17GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Hu Ane Tu (2023)

2023