Channel Myanmar

2023

Hopeless (2023) 6.3
Hopeless (2023) Hopeless (2023)ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလို မင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီး အနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့ မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီး Blue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်..ဇာတ်လမ်း အကျဥ်းကတော့၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေ သူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။ တစ်နေ့မှာ‌တော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက် Chi-geon ဆီက အကူအညီယူမိပြီး ...
movie

Hopeless (2023)

2023
The Great Indian Family (2023) 6.3
The Great Indian Family (2023) The Great Indian Family (or) အိန္ဒိယရဲ့ အကောင်းဆုံးမိသားစု =================================== IMDb - 6.9/10 ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် ဇာတ်ကား‌‌လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗဒ်ဗက်ရ် ထရီပတ်သီ (ခ) ဘန်ဂျန်ကူးမားဆိုတဲ့ ကောင်လေးဟာ သူတို့နေထိုင်ရာမြို့လေးရဲ့ အလေးစားခံရဆုံး ပုရောဟိတ်ကြီး စီရာရမ် ထရီပတ်သီရဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။ဗဒ်ဗက်ရ်ဟာ ငယ်ရွယ်စဉ်က မြွေလှေကားဂိမ်းကို သဘောကျနှစ်ခြိုက်သူ တစ်ဦးလည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ အီရှ်ဝါယာမယ်ပနီဟာလည်း (တစ်ကျောင်းလုံးက ကောင်လေးတွေ သဘောကျရတဲ့ သူဌေးသမီးလေး) သူနဲ့ တစ်ကျောင်းတည်းတက်နေသူဖြစ်ပြီးတော့ အီရှ်ဝါယာဟာ သူရဲ့ မွေးနေ့ကို ဗဒ်ဗက်ရ်ကို ဖိတ်ကြားလိုက်ပါတယ်။ပုရောဟိတ်ကြီးရဲ့ သားဖြစ်တဲ့အလျောက် ဗဒ်ဗက်ရ်ဟာလည်း ပုရောဟိတ်လေးဖြစ်လာဖို့ ပွဲတော်ကျင်းပဖို့ အချိန်ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ အီရှ်ဝါယာရဲ့ မွေးနေ့နဲ့ ပွဲတော်လုပ်မယ့်နေ့က တိုက်ဆိုင်လို့ နေပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ကို သွားဖို့အတွက် အားခဲထားပေမယ့် ပရောဟိတ်လေးအဖြစ် ခံယူဖို့ ကတုံးတုံးခံလိုက်ရရင်း အဖေဖြစ်သူဟာ မွေးနေ့ပွဲတစ်ခုကို ‌‌ရိုးရာပွဲပြုလုပ်ပေးဖို့အတွက် သွားရာကို သားဖြစ်သူကိုပါ ခေါ်သွားတဲ့အခါမှာ သူ့သူငယ်ချင်းဖြစ်သူရဲ့ ...
movie

The Great Indian Family (2023)

2023
Kannur Squad (2023) 8.1
Kannur Squad (2023) Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie

Kannur Squad (2023)

2023
Oppenheimer (2023) 8.7
Oppenheimer (2023) Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie

Oppenheimer (2023)

2023
4K HEVCHDR
Sly (2023) 7.1
Sly (2023) Sly (2023)~ IMDb - 7.1/10, Rotten Tomatoes - 77% ~စတားလုံး ကို ဘယ်သူလဲလို့ အထူးတလှယ် မိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး။Rocky Franchise, Rambo Franchise တွေနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အသက်ကြီးမှ The Expendables နဲ့ပါ အက်ရှင်ကားတွေဆက်ရိုက်ခဲ့တယ်။ ဒီ Documentary ဟာ စတားလုံးရဲ့ ခက်ထန်တဲ့ ငယ်ဘဝကနေ ဟောလိဝုဒ်ရဲ့တောင်ထိပ်တွေအထိ ဘယ်လို ခြေအားပြင်းပြင်း ဆောင့်တက်ခဲ့သလဲဆိုတာကို ခြေရာကောက်ရင်း သူထမ်းပိုးထားရတဲ့ နောင်တတွေကို ဖြုတ်ချခဲ့ဖို့ ကြိုးပမ်းပုံတွေအကြောင်းပါ။Arnold Schwarzenegger နဲ့ Quentin Tarantino တို့လည်း ပါဝင်ထားပါတယ်။" ငါ့မှာ နောင်တတွေရှိလား... အေးပေါ့ နောင်တတွေအများကြီးရှိတာပေါ့ "ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ‌ထိတ်ထိတ်ကြဲစတားတစ်ယောက်အ‌တွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်က အသက်ကြီးတဲ့အချိန်မှာ ...
movie

Sly (2023)

2023
Ghost (2023) 8.5
Ghost (2023) Ghost 2023 "တစ္ဆေ"IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင် ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ် အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ် အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ "Big Daddy" ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကို ယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲ ဗာမန်တို့ ...
movie

Ghost (2023)

2023
Red Rooms (2023) 7.4
Red Rooms (2023) Red Rooms (2023)~ IMDb - 7.4/10, Rotten Tomatoes - 100% ~Award - 4 wins, 7 nominationsအင်တာနက်အသုံးပြုသူအများစုအနေနဲ့ Deep Web တို့၊ Dark Web တို့ကို မသုံးဖူးကြရင်တောင် တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး ကြားဖူးကြပါလိမ့်မယ်။ ဆရာ့ဆရာကြီးတွေကလည်း မယောင်မလည် လက်တည့်စမ်းလို့မကောင်းတဲ့အရာလို့လည်း သတိပေးကြတာကိုကြားဖူးကြမှာပါ။ ကိုယ်တွေလက်ရှိသုံးနေတဲ့ အင်တာနက်၀က်ဘ်ဆိုဒ်တွေကို Surface Web လို့ခေါ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဖက်ကတော့ Deep Web ပါပဲ။Deep Web က သူ့ဟာသူကောင်းကျိုးရှိပေမဲ့ လူသားတွေထုံးစံနဲ့အညီ မကောင်းမှုမှာမွေ့လျော်တတ်တဲ့နောက် အနက်ဆုံး Dark Web ဆီကိုရောက်သွားတတ်ကြပါတယ်။ အဲဒီမှာတော့ လူသတ်မုဒိမ်းထိတ်လန့်စရာဗီဒီယိုတွေ လက်နက်ရောင်း၀ယ်ရေးကစလို့ လူရဲ့အသားအရောင်းအ၀ယ်တွေ မကောင်းမှုမှန်သမျှအကုန်ရတဲ့ ‌ဒစ်ဂျစ်တယ်မှောင်ခိုဈေးကွက်ကြီးရှိတာပါပဲ။ဒီကားလေးကတော့ အဲဒီ Deep Web ကို အခြေခံထားတဲ့ ...
movie

Red Rooms (2023)

2023
Tiger Nageswara Rao (2023) 6.9
Tiger Nageswara Rao (2023) Tiger Nageswara Rao 2023 ( လူဆိုးဗိုလ် ကျားကြီး)ဘောလီးဝုဒ်ပရိသတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလာခင်မှာ ဒါကတော့ တောင်ပိုင်းပရိသတ်တွေအကြိုက် မင်းသားကြီး ရာဗီတီဂျာရဲ့ တောင်ပိုင်းကျားကြီးပဲဖြစ်ပါတယ်ရဲမှူးကြီး တိုက်ဂါးကဘယ်လိုလူလဲ?…. သူသာ နိုင်ငံရေးလုပ်ရင် အမတ်ဖြစ်နိုင်တဲ့ ဉာဏ်ရည်ရှိတယ်….. သူသာ အားကစားသမားဆို နိုင်ငံအတွက် ရွှေတံဆိပ်တွေ ပလူပျံနေမှာ… သူသာ စစ်တပ်ထဲဝင်ရင် သူ့သတ္တိနဲ့တင် စစ်ပွဲတွေနိုင်ကုန်မှာ….ဒါပေမဲ့ ကံဆိုးချင်တော့ သူကရာဇဝတ်သားဖြစ်နေတယ်… မသိဘဲယူတာ သူခိုးတဲ့ လုယူသွားရင် ဓားပြတဲ့ ဒဲ့စိန်ခေါ်ပြီး ယူသွားရင် တိုက်ဂါးပဲ…. ဒီစာသားတွေကို ကြည့်လိုက်ရုံနဲ့ တိုက်ဂါးဘာကောင်လဲဆိုတာ ပရိသတ်ကြီးတို့ ရိပ်စားမိလောက်ပါပြီ လူဆိုးဗိုလ်ကြီး တိုက်ဂါးရဲ့ ကလေးဘဝကနေ လူဆိုးကြီးဖြစ်လာတဲ့ ဘဝအကြောင်းတွေ ရဲတွေကို မလိမ့်တပတ်နဲ့ ကတုံးပေါ်ထိပ်ကွက်ပုံတွေကို ဉာဏ်ချင်းပြိုင်တာတွေကို အက်ရှင်အစုံနဲ့ တောင်ပိုင်းကားပီပီ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြပေးထားတာမို့ တောင်ပိုင်းကျားကြီးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Tiger Nageswara Rao (2023)

2023
The Creator (2023)
The Creator (2023) The Creator (2023) ============== IMDb Rating - 7.1/10စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပြီး ဖျက်ဆီးဖို့ တာဝန် ပေးခံရတဲ့ လူသားတပ်သားတစ်ယောက်အကြောင်းကို သိပ္ပံစွန့်စားခန်း အက်ရှင်အဖြစ် Godzilla 2014 တို့ Rogue One တို့ရဲ့ ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသားအဖြစ် TENET ထဲက မင်းသား John David Washington (ဒန်ဇယ် ဝါရှင်တန် ရဲ့သား) က ပါဝင်ထားပါတယ်။ IMDb 7.1 အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း - ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေ တီထွင်ပါတယ်။ ခိုင်းလို့ကောင်း‌အောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံး ကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်း တစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစု ကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေ ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ် ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို ...
movie

The Creator (2023)

2023
4K HEVC
Congrats My Ex! (2023) 9
Congrats My Ex! (2023) ဂုဏ်ယူပါတယ် ရည်းစားဟောင်းရယ် (၂၀၂၃)တကယ်လို့ ကိုယ်က ရည်းစားဟောင်းရဲ့မင်္ဂလာပွဲကို စီစဉ်ပေးရတာဆို ဘယ်လိုနေကြမလဲ???လီဆာဆိုတဲ့ကောင်မလေးက သူ့အဖွဲ့ဝင် အော့ဖီနဲ့ကျန်တို့နဲ့အတူ မင်္ဂလာပွဲစီစဉ်ပေးတဲ့ ကုမ္ပဏီဖွင့်ထားပါတယ် တစ်ရက်ကျတော့ အီန္ဒိယစုံတွဲ အာရွန်နဲ့မိုနီကာတို့ရဲ့မင်္ဂလာပွဲကို ထိုင်းမှာကျင်းပဖို့ သူတို့ဆီလာအပ်ပါတယ် လီဆာကလည်း ရည်းစားဟောင်းဖြစ်သူအာရွန်ရဲ့ပွဲကိုလက်ခံခဲ့သလို ပွဲအတွက် ကင်မရာမန်းကလည်း လီဆာရဲ့ရည်းစားဟောင်း ထင်က တာဝန်ယူပေးထားရပါတယ် ၁၅၀၀ / မုမအွန် (နိုင်) လီဆာ ကတော့ ဒီပွဲစီစဉ်ချိန်မှာ ရည်းစားဟောင်းနဲ့ ပြန်ပတ်သက်မှုရှိသွားမလားလီဆာကို မမေ့နိုင်တဲ့ထင်တစ်ယောက်လည်း ဒီပွဲအပြီးထိ လီဆာနဲ့အတူအလုပ်တွဲလုပ်နေရတာကြောင့် ထင် နဲ့ လီဆာတို့ ဘယ်လိုဆက်ဖြစ်မလဲ အာရွန်နဲ့မိုနီကာကရော မင်္ဂလာပွဲကို ပြီးမြောက်စွာကျင်းပနိုင်မလားဆိုတာကတော့P'Bright နဲ့ P'Bella တို့ရဲ့ ဓာတုဗေဒ မိမိလေးနဲ့ အရိုခန်းတွေကို “ဂုဏ်ယူပါတယ် ရည်းစားဟောင်းရယ်” ဇာတ်ကားထဲမှာ ကြည့်လိုက်ရအောင်ပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.7GB | ...
movie

Congrats My Ex! (2023)

2023
Apurva (2023) 7.7
Apurva (2023) Apurva 2023 (အမြန်လမ်းမှ ကြမ္မာဆိုး)ဘောလီးဝုဒ်ဇာတ်ကားတွေထဲမှာ အရမ်းကိုမှရှားပါးတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို Disney plus က Streaming လုပ်လုပ်ချင်းမှာပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီထဲက မင်းသမီးက heopanti 2 Student of the tear 2 Marjaavaav ဇာတ်ကားတို့နဲ့လူသိများမှာဖြစ်တဲ့ ညှို့အားပြင်း လုံးကြီးပေါက်လှ မင်းသမီးလေး Tara Sutaria (တာရာ) ပဲ ဖြစ်ပါတယ်မင်းသမီးလေးက လှသလောက် ဇာတ်ကတော့ ပိုးစိုးပက်စက်နာပါတယ် I spit on your grave လိုမျိုးလူဆိုးဓားပြတွေကြား ရောက်သွားလို့ အနှိပ်စက်ခံ အနိုင်ကျင့်ခံရတာကို လက်လွတ်ထွက်ပြေးပြီး လက်စားပြန်ချေရမယ့် ဇာတ်လမ်းလေးပါအဓိကဇာတ်ဆောင် အပရူဗာအဖြစ် မင်းသမီးချောလေးတာရာက အထူးသရုပ်ဆောင်ပေးထားပြီး သူ့ရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်း ဆစ်ဒါ့သ်ရှိရာသို့အသွားမှာ အဝေးပြေးလမ်းမှာ သူခိုးဂျပိုးတွေ ဓားပြတိုက်ဖမ်းခေါ်တာခံလိုက်ရကာ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ survival အရသာအပြည့်အဝခံစားရမဲ့ thriller ကားကောင်းလေးလို့ ချက်ချင်းပြေးကြည့်ကြပါလို့ လက်တို့ပေးပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Apurva (2023)

2023
Mom’s Christmas Boyfriend (2023)
Mom’s Christmas Boyfriend (2023) Mom's Christmas Boyfriend (2023)မကြာခင် ခရစ္စမတ်ရောက်တော့မှာဆိုတော့ ရိုဆန်ဆန် ခရစ္စမတ်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သွေးအရင်းအချာမဟုတ်ပေမဲ့ သားအမိနှစ်ယောက်ကြားက ခိုင်မာတဲ့ သံယောစဉ်နဲ့ Bond ကို အချစ်‌ရေးပါ ထည့်ပြီး လှလှပပ ပုံဖော်ထားတာ ခံစားရမှာပါ။အမ်မာက လီလီဆိုတဲ့ကလေးမလေးကို တရုတ်ကနေ ခေါ်လာပြီး မွေးစားထားတဲ့ စင်ဂယ်မားသား... သွေးမတော်သားမစပ်ပေမဲ့ သမီးအရင်းလို ချစ်ပေးပြီး နှစ်စဉ် ခရစ္စမတ်‌ ရောက်တိုင်း သူတို့နှစ်ယောက်လုံး သဘောကျတဲ့ ခရစ္စမတ်ရိုးရာတွေ လုပ်ကြတယ်။ အမ်မာ့အတွက်တော့ လီလီဟာ အရာရာဖြစ်ပြီး လီလီကလည်း ၁၀နှစ်ပဲရှိသေးပေမဲ့ သိတတ်နားလည်တဲ့ကလေးတစ်ယောက်ပါ။ဒီနှစ်ခရစ္စမတ်မှာတော့ အမ်မာတို့ လုပ်အားပေးတဲ့ပရဟိတအဖွဲ့အတွက် လက်ဆောင်တွေကို ဝေါ့သ်ကုန်တိုက်စတိုးမှာ ၀ယ်ရင်း ဆန်းကြယ်တာ အစပြုလာတာပါ။ လီလီက ဝေါ့သ်မှာလုပ်တဲ့ ခရစ္စမတ်ဆုတောင်းပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ပါတယ်။ လီလီရဲ့ဆုတောင်းက ထူးခြားတဲ့အတွက် ဆုရသွားပြီး သူ့ဆုတောင်းကို ဖြည့်ဆည်းပေးရတဲ့အခါ...လီလီရဲ့ဆုတောင်းက ခရစ္စမတ်မှာ သူ့အမေ ချစ်သူရှာတွေ့ဖို့ ဖြစ်နေတဲ့အခါ...ဝေါ့သ်ကုန်တိုက်စတိုးက ...
movie

Mom’s Christmas Boyfriend (2023)

2023
Fingernails (2023) 5.9
Fingernails (2023) Fingernails (2023)Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ ...
movie

Fingernails (2023)

2023
[18+] Japino (2023)
[18+] Japino (2023) Japino (2023)အာယူးနဲ့ အကီတို့ဟာ ဘားကချေသည်နဲ့ အနှိပ်သည်မလေးတွေဖြစ်ပြီး ဆင်းရဲမွဲတေမှုဒဏ်ကနေ လွတ်မြောက်ဖို့၊ မျှော်လင့်ရာမှာ အခြေကျဖို့ အိပ်မက်တွေနဲ့ကြိုးစားနေကြသူတွေဖြစ်ပါတယ်။ အာယူးမှာ ယူကိုဆိုတဲ့ သူငယ်ချင်းမက ချစ်သူမကျကောင်လေးရှိပြီး အကီမှာလည်းချုပ်ချယ်သဝန်တိုတတ်တဲ့ ဒေါသကြီးတဲ့ တာကာဆိုတဲ့ ချစ်သူရှိပါတယ်။အကီ့ဘဝကို လုံခြုံအောင်မစောင့်ရှောက်နိုင်ပေမဲ့ သူ့ရဲ့အနှိပ်သည်အလုပ်သဘောသဘာဝအရ ဖောက်သည်တွေနဲ့ဆက်ဆံရေးကိုတော့ တားမြစ်ပြဿနာရှာလေ့ရှိတဲ့အပြင် မတော်တဆကိုယ်ဝန်ရှိလာတဲ့အခါ အကီကို အိပ်မက်တွေ အနာဂတ်တွေခဏထားခိုင်းပြီး ကလေးကိုရအောင်မွေးဖို့ အကျပ်ကိုင်ပါတော့တယ်။ အဲဒီအဖြစ်အပျက်တွေကနေစတင်ပြီး မသက်ဆိုင်ဘူးလို့ထင်ထားရတဲ့ အာယူးနဲ့ အကီတို့ရဲ့ဘဝတွေဟာ လမ်းချင်းယှက်ဆုံဖို့ဖြစ်လာခဲ့ပါတယ်။တလောက ထွက်ထားတဲ့ Hosto ဇာတ်ကားနဲ့တစ်ဆက်တည်းရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီဇာတ်ဆောင်တွေပဲပြန်လည်ပါဝင်ထားပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 690MB Quality - 1080p, 720p IMDb Rating - 4.6/10 Format - mp4 Duration - 1H 11Min Genre - Drama Subtitle ...
movie

[18+] Japino (2023)

2023
Rajamartanda (2023) 8.7
Rajamartanda (2023) Rajamartanda (2023) "ရာဂျာ မန်တရာ" IMDb - 8.2/10ရာဂျာဆိုတာ ကလေးဘ၀ကတည်းက ဗေဒင်ဆရာတစ်ယောက် အိမ်ရှေ့မှာလာရပ်ပြီး ဒီကလေးက သာမာန်မဟုတ်ဘူး ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် ဘုရင်လိုလူမျိုးဆိုပြီး နိမိတ်ဖတ်ခြင်းခံခဲ့ရသူ။ အရွယ်ရောက်လာတော့လည်း တရားမျှတမှုအတွက်ဆို လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ မင်္ဂလာပွဲမှာတောင် သတို့သမီးကို မြင်းဖြူကြီးစီးလို့ သွားခိုးပြီး ပြဿနာအတက်ခံရဲတဲ့သူ။ဂီသာကတော့ မဟုတ်မခံသူပေါ့ လူဆိုတာမွေးတည်းကမျိုးရိုးဗီဇနဲ့ပါလာတာမို့ သေတဲ့အထိဖျောက်လို့မရဘူးလို့ ဆရာနဲ့ပြိုင်ငြင်းမိလေတော့ ဆရာဖြစ်သူက တစ်လအတွင်းသက်သေရှာလာပြီးမှ ငါ့အတန်းလာတက်ဆိုပြီးတော့ နှင်ထုတ်လိုက်ပါလေရော။ ဒီလိုနဲ့ ဒီဆတ်ဆတ်ထိမခံ ၂ယောက် ဆုံတွေ့ဖို့ဖြစ်လာတဲ့အခါ...ဒေါသဖြစ်ချိန်မှာ ရာဂျာတစ်ယောက် သူမဟုတ်တဲ့တခြားတစ်‌ယောက်လို သိသိသာသာကြီး ကွဲထွက်နေတဲ့ပုံစံကြောင့် multiple personality disorderရှိတယ်ထင်ပြီး ရာဂျာကိုလေ့လာပြီး ဆရာကိုသက်သေပြချင်တဲ့ဂီသာတစ်‌ယောက် ရာဂျာနဲ့ရင်းနှီးဖို့ကြိုးစားရင်းက ရာဂျာဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ မတရားသဖြင့် အသက်ဆုံးရှုံးလိုက်ရတဲ့ မာသန်ဒါတော်ဝင်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်‌နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.7GB / 1.4GB Quality…1080p WEB DL ...
movie

Rajamartanda (2023)

2023
[18+] Tuhog (2023) 5.5
[18+] Tuhog (2023) Tuhog (2023)အက်ဘီဟာ သူနာပြုအကူကောင်မလေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူမိုက်ကယ်ကတော့ စစ်သားတစ်ယောက်ပါ။ ဖခင်နဲ့အဆင်မပြေတဲ့ မိုက်ကယ်ဟာ အက်ဘီနဲ့အတူသီးခြားနေခဲ့ပေမဲ့ သူ့ဖခင်နှလုံးရောဂါဖောက်ကြောင်း သတင်းရတဲ့အချိန်မှာတော့ အက်ဘီရဲ့ စေ့စပ်ပေးမှုနဲ့အတူ ဖခင်ကြီးနဲ့ပြန်အတူနေဖို့ဖြစ်လာခဲ့ပါတယ်။ ဖခင်အိမ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ မိုက်ကယ်တစ်ယောက် ရှေ့တန်းပါသွားရင်း ကျဆုံးသွားခဲ့ပြီဆိုတဲ့သတင်းရောက်လာပါတော့တယ်။အက်ဘီက သူ့ချစ်သူမရှိတော့တဲ့ အိမ်ကြီးမှာဆက်မနေနိုင်တော့ကြောင်းပြောဖို့ ကြိုးစားခဲ့ပေမဲ့ မိုက်ကယ့်ဖခင်ရဲ့တားမြစ်မှုကြောင့်နေဖြစ်ရာကနေ သန်တုန်းမြန်တုန်းယောက္ခမလောင်းကြီးနဲ့ သွေးသားဆူဖြိုးတဲ့အရွယ်ကိုမှ ယောက်ျားတွေရဲ့အထိအတွေ့နဲ့ဝေးတာကြာပြီဖြစ်တဲ့ အက်ဘီတို့ဟာ အိုးချင်းထား အိုးချင်းတီးကြပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဇာတ်လမ်းစပြီး မကြာခင်မှာပဲ သေပြီလို့မှတ်ယူထားခဲ့တဲ့ မိုက်ကယ်အိမ်ပြန်ရောက်လာတဲ့အခါမှာတော့...။Pantaxa Laiya ပြိုင်ပွဲဝင် Vivamax စင်တင်မင်းသမီးလေး Apple Dy ဦးဆောင်ပါဝင်ထားပြီး ထုံးစံအတိုင်း မင်းသမီးသစ်လေးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ထားပေးပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 840MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - ...
movie

[18+] Tuhog (2023)

2023
Tantiram Chapter 1: Tales of Sivakasi (2023) 8.7
Tantiram Chapter 1: Tales of Sivakasi (2023) Tantiram (2023)"တစ္ဆေများရဲ့မာယာ"IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါ မျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ"ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ" ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာ ကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ်ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ်ဒီကားထဲက "ဂျင်" ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေက ဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ်ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲ ဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ "ဂျင်" တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ် သို့ပေသိ တော်တော်ဖြစ်တဲ့ "ဂျင်" ပုဂ္ဂိုလ်တို့ဟာ လူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကို စောင့်ပြီး သွေးဆောင် ...
movie

Tantiram Chapter 1: Tales of Sivakasi (2023)

2023
Under the Boardwalk (2023) 7.3
Under the Boardwalk (2023) Under the Boardwalk (2023)~ IMDb - 7.3/10, Rotten Tomatoes - 90% ~ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တို့ရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့ နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို့ အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး‌ လောကကြီးကို ရင်ဆိုင်ရဲဖို့ ...
movie

Under the Boardwalk (2023)

2023
The Blind (2023) 6.1
The Blind (2023) The Blind(2023) ============ Drama., Biographyအမေရိကန် တီဗီစတား ဖေးလ်ရောဘတ်ဆန်ရဲ့ ဘဝအကြောင်းကို ရိုက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ် ဖေးလ်ဟာ နာမည်ကြီးတစ်ယောက်မဖြစ်ခင်က အရမ်းဆိုးသွမ်းပြီး မိသားစုမှာ မူးယစ်ရမ်းကားနေတဲ့ အရက်သမားတစ်ယေဦက်ဖြစ်ခဲ့ပါတယ် သူ့ရဲ့ မိုက်ရူးရဲဆန်မှုကြောင့် မိန်းမ၊ ကလေး ၃ ယောက်နဲ့လည်း ကွဲခဲ့ရပြီး တောထဲမှာ တစ်ယောက်ထဲ အမဲလိုက်မူးရူးနေတဲ့ အရူးကြီးတစ်ယောက်အထိဖြစ်ခဲ့ပါတယ်... ဘာသာရေးဆရာတစ်ဦးနဲ့တွေ့ပြီး ယေရှုဆီမှာ အပြစ်ဝန်ခံဆေးကြောသန့်စင်ပြီးမှ လူကောင်းတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်လာကာ အောင်မြင်တဲ့လူတစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင် တီဗီစတားတစ်ယောက် ဖြစ်လာခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.3GB | 672MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... Aaron
movie

The Blind (2023)

2023