Channel Myanmar

2023

The Vaccine War (2023) 7.6
The Vaccine War (2023) The Vaccine War (2023) IMDb-7.6/10ဒီရုပ်ရှင်က လူသားအားလုံးရဲ့အကျိုးကို ဆောင်နေကြတဲ့သိပ္ပံပညာရှင်တွေကို ဂုဏ်ပြုထားတဲ့ဇာတ်လမ်းပါ။အထူးသဖြင့် အိန္ဒိယက အမျိုးသမီးသိပ္ပံပညာရှင်တွေကို ရည်ညွှန်းထားပါတယ်။ The Tashkent Files (2019)၊ Kashmir Files (2022)တို့လို့ ဆုတွေအများကြီးရခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီးဗီဗက်အက်ဂ်နီဟိုတရီရိုက်ကူးခဲ့တဲ့ ဆေးသိပ္ပံဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အသည်းရောင်ဘီကာကွယ်ဆေးကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ ပိုလီယိုကာကွယ်ဆေးကို နှစ်ဆယ့်နှစ်နှစ်ကျော်ကြာမှမေးခိုင်ကာကွယ်ဆေးကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာမှ အိန္ဒိယပြည်သူတွေကို ထိုးပေးနိုင်ခဲ့တဲ့အတွက် သိပ္ပံပညာရှင် ဒေါက်တာတစ်စုကနေ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံပိုင်ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားပါတယ်။ဆရာဝန်တွေရဲ့ မိသားစုပြဿနာတွေ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအပေါ်ထားတဲ့စေတနာရယ် မလိုသူတွေရဲ့ ဒုက္ခပေးတိုက်ခိုက်မှုတွေရယ်နဲ့ ပေါင်းစပ်ဖန်တီးပုံဖော်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.18GB / 854MB Quality…1080p WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Vaccine War (2023)

2023
Last Call for Istanbul (2023) 5.5
Last Call for Istanbul (2023) RT 100% နဲ့ IMDb 5.6 ရထားတဲ့Netflix အသစ်ထွက် တူရကီ အချစ်ဇာတ်ကားလေး ဖြစ်ပါတယ်။ အိမ်ထောင်ရှိတဲ့ လူနှစ်ယောက် နယူးယောက် လေဆိပ်မှာ ဆုံကြတယ်။ကောင်မလေးရဲ့ ခရီးဆောင်အိတ်ကို တခြားသူက မှားယူးသွားလို့ကောင်လေးက လိုက်ကူညီပေးရင်းကနေသူတို့ဘဝအတွက် ရင်ခုန်၊ စိတ်လှုပ်ရှားစရာ၊ တစ်သက်မမေ့နိုင်စရာညလေးတစ်ညကို ပိုင်ဆိုင်ခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ သူတို့ရဲ့အိမ်ထောင်ကိုယ်စီဆိုတာ ဘာတွေလဲ။ဇာတ်လှည့်ကွက် ကောင်းကောင်းတွေနဲ့ ရင်ခုန်စွာ ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။  File size…  1.4 GB /  682 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 31m Genre .....  Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by El MoH
movie

Last Call for Istanbul (2023)

2023
Chaaver (2023) 7.9
Chaaver (2023) Chaaver 2023 (ပတ်ပြေးကြသူများ) Crime/Thriller IMDb 8.2/10ဒီတစ်ခါမှာတော့ ပဟေဠိဆန်ဆန်ကြည့်ရှုကြရမယ့် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ မူစသူကာဦးစီးတဲ့ ဂိုဏ်းတစ်ခုဟာ ကားတစ်စီးနဲ့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ဂိုဏ်းထဲကသူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ ဘယ်ဆေးရုံမှာမှ ပြလို့မရပဲ ရဲတွေကိုပတ်ရှောင်နေရတဲ့သူတို့ဟာ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ အာရွန်ကို ဒဏ်ရာဆေးထည့်ပေးဖို့ခေါ်လိုက်ပါတယ်။ဘာမှမသိတဲ့အာရွန်တစ်ယောက် ဒီအမှုထဲ မဆီမဆိုင်ပါသွားဖို့ အကြောင်းဖန်ပါတော့တယ်။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အမှုကရော အမှန်တိုင်းပေါ်လာဦးမှာလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V ~ Bpl ~ Yunni ~ ToMo ~ Cherry တို့ပဲဖြစ်ကြပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.8GB / 855MB Quality…1080p WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Bpl ~ Yunni ...
movie

Chaaver (2023)

2023
Project Eerie (2023) 4.2
Project Eerie (2023) Project Eerie (2023) ===============ဒီရုပ်ရှင်ဟာ Halloween ရာသီအတွက်တော့ ကွက်တိပါပဲ။ Found footage ပုံစံ(ရုပ်ရှင်ကို ဇာတ်ကောင်ရဲ့ ကင်မရာကနေ တစ်ဆင့်မြင်ရသလို ကြည့်ရတဲ့ အမျိုးအစားပါ)။ ရုပ်ရှင်မို့လို့ ဒါမျိုးကို မကြိုက်တတ်တဲ့၊ ကြည့်ရင် ခေါင်းမူး တတ်တဲ့သူတွေ မကြည့်သင့်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒီ Found footage အမျိုးအစားက horror, thriller တွေကို ပိုပီပြင်ပြီး တကယ် ဖြစ်နေသလိုမျိုး ခံစားစေရလို့ ကြိုက်ပါတယ်။ Rating တွေ ဘာညာကို သိပ် ဂရုမစိုက်ဘူး horror, thriller ကိုမှ found footage အမျိုးအစားကို ကြိုက်ရင် ဒါကို ကြည့်လိုက်ပါ အချိန်ကုန်ရကျိုးနပ်စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေး ၂ ယောက် ဟာ ဟောလိုးဝင်းညမှာ လျှောက်လည်ကြရင်း ကျောချမ်းစရာ တစ်ခုခုလုပ်ရ အောင်ဆိုပြီး ပိတ်ထားတဲ့ အစိုးရအဆောက်အဦးထဲကို ခိုးဝင်ကြပါတယ်။ အဲမှာ စီဒီတစ်ခွေကို ရှာတွေ့ခဲ့ပြီး အိမ်မှာ ပြန်ဖွင့်ကြည့်ပါတယ်။ အဲအခွေဟာ ...
movie

Project Eerie (2023)

2023
Navigating Christmas (2023) 6.6
Navigating Christmas (2023) Navigating Christmas (2023)ခရစ္စမတ်လည်းနီးလာတာနဲ့အမျှ နှင်း​တွေနဲ့အတူ တဖွဲဖွဲထွက်ရှိလာတဲ့ Holiday Movie ​တွေထဲကမှ ဇာတ်အိမ်​လေးလည်း​ကောင်း ကြည်နူးစရာလည်း​ကောင်းတဲ့ မိသားစုဒရာမာကား​ကောင်း​လေး Navigating Christmas ကို ညွှန်းလိုက်ပါတယ်ခင်ဗျာ။~ ဇာတ်လမ်းအညွှန်း ~မိဘနှစ်ဦး ကွာရှင်းထားလို့ စိတ်ညစ်​​နေတဲ့ ​ဂျေဆန်ဆိုတဲ့ သား​လူပျို​​လေးအတွက် ခရစ္စမတ်​အားလပ်ရက်မှာ အချိန်​ပေး​ပျော်ရွှင်​အောင်လုပ်​ပေးဖို့ စီစဥ်​နေတဲ့ မယ်လန်နီတစ်​ယောက် အပန်း​ဖြေခရီး​နေရာကို စိန့်နီကိုးလတ်ကျွန်းကိုသွားဖို့ ဆုံးဖြတ်မိရာက​နေ ကျွန်းရဲ့ မီးပြတိုက်ကို တာဝန်ယူဖို့ပါ ရုတ်တရက်ဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း ဖခင်ဆုံးသွားပြီးကတည်းက ကျွန်းက​နေထွက်ခွာသွားပြီး ရုတ်တရက် ကျွန်းကိုပြန်​ရောက်လာတဲ့ မီးပြတိုက်ပိုင်ရှင် ပီတာဆန်ဒါဆမ်တစ်​ယောက် မယ်လန်နီနဲ့​တွေ့ဆုံပြီး သူတို့နှစ်ဦးကြား အချစ်ပန်း​တွေ​ပေါက်ဖွားလာတာ​တွေ...ကျွန်းရဲ့ ခရစ္စမတ်ဓ​လေ့​တွေ ကျွန်းပေါ်က လူ​တွေအတွက် ခရစ္စမတ်​နေ့ဟာ အ​ရေးပါပုံ​တွေကို ကြည်ကြည်နူးနူး ​ပျော်​ပျော်ရွှင်ရွှင်ပုံစံ​လေးနဲ့ ရိုက်ပြထား​တာ​ကြောင့် တကယ်ကိုကြည့်လို့​ကောင်းတဲ့ ခရစ္စမတ်ကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 665MB Quality - 1080p, ...
movie

Navigating Christmas (2023)

2023
Bhagavanth Kesari (2023) 7.2
Bhagavanth Kesari (2023) Bhagavanth Kesari (2023) "ခြင်္သေ့မလေးဗီဂျီ" IMDb - 7.3/10ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishna မင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီး Arjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ် ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါနီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။ တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး တင်းခံနေတဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့မိခင်ကို တွေ့ဖို့ သူတို့ရဲ့ ထောင်မှူးကို တောင်းဆိုရာကနေ ထောင်မှူးရဲ့ ခွင့်ပြုချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို အနားမှာ ရှိပေးလိုက်နိုင်ခဲ့ပါတယ်။ ဒီလို ကျေးဇူးတွေကြောင့်နဲ့ ...
movie

Bhagavanth Kesari (2023)

2023
Rajathanthiram: The Piano (2023) 9
Rajathanthiram: The Piano (2023) Rajathanthiram: The Piano (2023) "စန္ဒယားတစ်လုံးရဲ့ လျှို့ဝှက်ချက်" IMDb - 9.5/10တခါတုန်းက အာရူမူဂမ်ဆိုတဲ့ စန္ဒယားဆရာတစ်ယောက်ကို သူ့ရဲ့စိတ်ထားကောင်းမွန်မှုကြောင့် အင်္ဂလိပ်ကြီးတစ်ယောက်က သစ်သားဘူးလေးတစ်ဘူး လက်ဆောင်ပေးသွားခဲ့တယ်။ အာရူမူဂမ်ဟာ အဲဒီသစ်သားဘူးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အလွန်တရာတန်ဖိုးကြီးမားလှတဲ့ ပန်းရောင်စိန်တုံးကြီးကို တွေ့ရှိခဲ့တယ်။သူ့သူငယ်ချင်း စန္ဒယားဒီဇိုင်းပညာရှင်နဲ့ပူးပေါင်းပြီး လျှို့ဝှက်ခန်းပါတဲ့ စန္ဒယားတစ်လုံးဖန်တီးကာ အဲဒီစိန်တုံးကြီးကိုဖွက်ထားခဲ့တယ်။ စန္ဒယားက လျှို့ဝှက်ခန်းကိုဖွင့်ဖို့အတွက် ထူးခြားတဲ့တေးသွားတစ်ပုဒ်ဖန်တီးပြီး အပိုင်းလေးပိုင်းခွဲလို့ သူ့သားသမီးလေးယောက်ကို တပိုင်းစီ သင်ကြားပေးခဲ့ပေမယ့် စိန်တုံးရှိတဲ့လျှို့ဝှက်ချက်ကိုတော့ မပြောခဲ့ပါဘူး။ဒီလိုနဲ့ နှစ်တွေကြာလာတော့ အာရူမူဂမ်တစ်ယောက် အယ်လ်ဇိုင်းမားရောဂါခံစားလာရပြီး စန္ဒယားထဲက စိန်တုံးကြီးကို သူပါမေ့လျော့သွားခဲ့ပါတော့တယ်။ သူတို့မိသားစုကလည်း ပြဿနာတွေ တစ်ခုပြီးတစ်ခုတက်နေတဲ့ကြားမှာမှ အန္တရာယ်များလှတဲ့ လူတစ်စုက ဒီလျှို့ဝှက်ချက်ကို သိသွားတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.2GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Rajathanthiram: The Piano (2023)

2023
Where the Devil Roams (2023) 5.6
Where the Devil Roams (2023) Where the Devil Roams (2023)~ IMDb - 5.6/10, Rotten Tomatoes - 100% ~Rotten Tomatoes မှာ ၁၀၀ရာခိုင်နှုန်းအပြည့်ရထားတဲ့ မြင်ရခဲတဲ့ Horror ကားမျိုးပေါ့။ ဒါပေမဲ့ ဒီကားကို သာမန်ပရိသတ်တွေတော့ သိပ်ကြိုက်တဲ့ထဲမပါဘူး။ ဒါလည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို ဒီကားက မိန်းစထွင်းဟော်ရာကားဆန်ဆန်လိုင်းကို သွားထားတာမဟုတ်ဘူး။ အင်ဒီဆန်ဆန် ဟော်ရာကားမျိုးလို့ပြောရမယ်။ ဟော်ရာဆိုပေမဲ့ သရဲလိုင်းမဟုတ်ဘဲ နတ်ဆိုးလိုင်းပေါ့။ ဒါပေမဲ့ အဲဒီနတ်ဆိုးကို ထည့်သွင်းထားပုံကလည်း တစ်မူထူးခြားနေတယ်။ နတ်ဆိုးပယောဂဆိုတာထက် လူတွေရဲ့ လောဘတရားကို ပိုဇောင်းပေးသလိုလိုတော့ ဖြစ်သွားမယ်။ ပြောသာပြောရတယ် အဲဒီလောက်ရိုးရှင်းနေတဲ့ ဇာတ်လည်းမဟုတ်ပြန်ဘူး။ ဇာတ်ကိုကလည်း နားလည်ရခက်စွာနဲ့ စိတ်ဝင်စားစရာကောင်းနေသလို အပြတွေကလည်း ဘော်ဒီဟော်ရာဆန်ဆန်ကို ရွံစရာကောင်းတာတွေလည်းပါတယ်။ ဒီကားက သမားရိုးကျဟော်ရာကားတွေကြည့်ရတာ ရိုးနေပြီး ကွဲပြားတာလေးကြည့်ချင်တဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာမျှော်လင့်ချက်မှမထားဘဲ ဒီတိုင်းပဲ စိတ်ကိုရှင်းထားပြီးသား ...
movie

Where the Devil Roams (2023)

2023
Squealer (2023)
Squealer (2023) Squealer (2023)ဗန်ဒိန်းတို့ အာနိုးတို့နဲ့ တွဲရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင် Andy Armstrong ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ Horror Thriller ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဇာတ်ညွှန်းကူရေး ပရိုဂျူဆာလုပ်ရင်း ရိုက်ထားတာပါ။ က​နေဒါ ကွင်းဆက်လူသတ်သမား Robert Pickton ဖြစ်စဥ်ကို Inspired ယူပြီး ရိုက်ထားပါတယ်။ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကြိုက်တဲ့လူတွေအတွက် ဒီလအစကမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်စက်စက်ပါပဲ။ Fast & Furious နဲ့ Transformers တို့ထဲ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Tyrese Gibson လို ဘီးကြဲက ဦးဆောင်ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ~မြို့မှာ အမျိုးသမီး​​​ပျောက်ဆုံးမှု​တွေ တိုးလာတာကို မသင်္ကာလို့ ရဲမှူးဂျက်နဲ့ လူမှုဖူလုံ​ရေးဝန်ထမ်း လီဆာတို့ လိုက်စုံစမ်းရင်း မြို့ပြင်က ဝက်​မွေးမြူ​ရေးခြံကို စုံစမ်းဖို့​​ရောက်သွားတဲ့အခါ ဘယ်လို​တွေ ကြုံ​တွေ့ရမလဲ ဆိုတာ​တွေကို ထိတ်ထိတ်လန့်လန့်ကြည့်ရှူကြရပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Squealer (2023)

2023
Boyz 4 (2023) 6.8
Boyz 4 (2023) Boyz 4 (2023) "ကျွတ်ပလွတ် တသိုက်" IMDb- 7.2/10Boyz franchiseရဲ့ လေးကားမြောက်ထွက်ရှိလာပါပြီ။ ငရှုပ်ကောင်တွေ ဒီထဲမှာလည်း လူငယ်သဘာ၀ ဘယ်လိုတွေမွှေကြမလဲဆိုတာ ရိုက်ကူးတင်ဆက်ထားပါတယ်။တစ်နှစ်ပတ်လုံး စာတကုပ်ကုပ်ကြိုးစားခဲ့တဲ့ ကဘီးရ်တစ်ယောက် စာမေးပွဲအောင်စာရင်းထွက်လာတော့ ဘာစာမှမလုပ်တဲ့ ဒွန်ဂါနဲ့ ဒိုင်ယာဆိုတဲ့ငမွေထိုးနှစ်ကောင်ရဲ့နောက်မှာရောက်နေရော။ ဘာမှကောင်းကျိုးမပေးတဲ့ကောင်တွေဆိုပြီး သူငယ်ချင်းအဖြစ်ကရပ်စဲပြီး လန်ဒန်ကိုထွက်သွားတယ်။ ဒွန်ဂါနဲ့ ဒိုင်ယာကလည်း တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ကောင်တွေ။ မရ ရတဲ့နည်းနဲ့ လန်ဒန်ကို လိုက်သွားကြတယ်။ကဘီးရ်တစ်ယောက် လန်ဒန်မှာ ကူနယ်လ်ဆိုတဲ့ကောလိပ်ကလူဆိုးဗိုလ်နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကူနယ်လ်ဆိုတဲ့ကောင်ကလည်း သူ့ကိုယ်သူ အိန္ဒိယသားဖြစ်နေတာကြီးကို မုန်းတဲ့ကောင်။ ဖြစ်ချင်တော့ မမြင်ချင် မခင်ချင်လို့မှ ထွက်သွားတဲ့ ကဘီးရ်တစ်ယောက် ဒွန်ဂါနဲ့ဒိုင်ယာဆိုတဲ့ ငရှုပ်နှစ်ကောင်နဲ့ တစ်ကျောင်းထဲ အတူတူတက်ရတဲ့အခါ...။ဒွန်ဂါနဲ့ ဒိုင်ယာကလည်း ကူနယ်လ်နဲ့ဘော်ဒါတွေဖြစ်သွားပြီး ကူနယ်လ်က သူတို့သုံးကောင်ကို သူ့ရှော်တီလေး ဂရေ့စ်နဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ အဲဒီဂရေ့စ်ဆိုတဲ့ ဆော်လေးက ကဘီးရ်ရဲ့ အချစ်ဦးဖြစ်နေခဲ့တဲ့အခါ...။ကျောင်းတော်ကြီးမှာ ဘယ်လိုတွေမွှေကြနှောက်ကြ ပြဿနာတွေရှာကြမလဲဆိုတာကို ကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Boyz 4 (2023)

2023
Samara (2023) 7.9
Samara (2023) Samara (2023) "ဇာတ်ရှုပ်" =====================IMDb 8.6အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ...။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.1GB ...
movie

Samara (2023)

2023
Territory (2023) 7.9
Territory (2023) Territory (2023) "စားကျက်" IMDb - 8.2/10လူသားစားတဲ့ ကျား၊ တရားမဝင်အမဲလိုက်တဲ့သူတွေ၊ အစိုးရဝန်ထမ်းတွေရယ်နဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာ။ဘေးပတ်ဝန်းကျင်မှာလည်း ရွာငယ်လေးတွေရှိပေမယ့် အဆုံးမရှိတဲ့တောနက်ကြီးလွှမ်းခြုံထားပြီး အဲဒီရွာလေးဘေးမှာတော့ ကျားတွေကျက်စားပါတယ်။ ခန့်မှန်းခြေ ကျားပေါင်း သုံးဆယ်ကျော်ရှိပြီး ကျားတစ်ကောင်ရဲ့ စားကျက်က ၃၈မိုင်ပတ်လည် ဝန်းကျင်လောက်ရှိပါတယ်။ဒီကျားတွေထဲကမှ လူတွေကိုရန်ပြုစားသောက်တဲ့ ကျားတစ်ကောင်ပေါ်လာတဲ့အခါ...။ ဘေးမဲ့ပေးထားတဲ့ ကျားတွေကို တရားမဝင်သတ်ဖြတ်အမဲလိုက်နေတဲ့ ဘယ်ကမှန်းမသိတဲ့ မုဆိုးတွေရောက်လာတဲ့အခါ...။တောခေါင်းတွေ လိုက်လံစုံစမ်းနေတဲ့ကြားကမှ အထက်တရားရုံးချုပ်ကနေ စီဘီအိုင်အရာရှိတစ်ဦးကို ကျားတွေသတ်ခံနေရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တဲ့အခါ...။ သူတို့တွေရဲ့ စားကျက်လုကြပုံကို တောတွင်းအလှတွေနဲ့ ရှုမြင်ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.1GB/ 1GB Quality…1080p WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Territory (2023)

2023
Sukhee (2023) 7.3
Sukhee (2023) Sukhee 2023("ဒေလီက နုပျိုခဲ့သောနေ့ရက်များ") ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.14GB / 971MB Quality…1080p WEB DL ...
movie

Sukhee (2023)

2023
Perjanjian Gaib (2023) 8.4
Perjanjian Gaib (2023) Perjanjian Gaib 2023 (သို့) ငွေနောက်လိုက်လူမိုက်များ IMDb-8.4/10 ညဆို စောင်ခေါင်းမြီးခြုံပြီး သရဲကားလေးကြည့်ရမှဇိမ်ရှိသူတွေအတွက် 2023ထွက် အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ အင်ဒိုသရဲကားတွေ နောက်ပိုင်းမှာ အဆင့်မြင့်လာပြီး ratingကောင်းလာကြပြီဆိုတော့ ဒီကားလေးလည်း ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ အန်ဒရီနဲ့ဝတီတို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆို သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီကပိုက်ဆံအိတ်အနှိုက်ကောင်းပြီး အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင် အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့်လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်းလခအရမ်းများနေတဲ့ အဘွားအိုကိုစောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံး‌ဆီ ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောင့်ရှောက်ပေးရမယ့်အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့လင်မယားနှစ်ယောက် ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းကို Alexမှရေးသားပြီး ဘာသာပြန်ကတော့ ToMo ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်) File size…611MB Quality…720p WEB DL Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo ~ Yunni ~ Alex
movie

Perjanjian Gaib (2023)

2023
Leo (2023) 7.1
Leo (2023) Leo (2023) ========= IMDb Rating - 7.1/10နောက်ဆုံးအသစ်ထွက်ရှိလာပြီး တောင်းဆိုမှုများနေတဲ့ Animation ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့ လီယိုဆိုတဲ့ ကျောင်းမွေးတိကလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင် ထားပါတယ်။လီယိုဆိုတဲ့ ဖွတ်ကြီးနဲ့ စကွစ်တယ်ဆိုတဲ့ လိပ်ကြီးတို့က အလယ်တန်းကျောင်း တစ်ခုမှာ ကလေးတွေအတွက် သင်ထောက်ကူအနေနဲ့ မွေးထားတဲ့ တိကလေး တွေပါ။ ငါးတန်းအခန်းကို ကြီးစိုးထားကြပြီး ခေတ်အဆက်ဆက်က ကလေး တွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ လီယိုတစ်ယောက် သူ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အကြောင်းကို မမျှော်လင့်ဘဲ သိခဲ့ လိုက်ရတယ်။မွေးကတည်းက ဖန်ကန်ထဲမှာပဲ နေလာခဲ့ရတဲ့သူ့အဖို့ ပြင်ပကမ္ဘာကြီးနဲ့ ထိတွေ့ ဆက်ဆံသွားချင်တာ သူ့ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ ဒီလိုနဲ့ အခန်းထဲက စရိုက်မျိုးစုံနဲ့ ကလေးတွေဆီကနေ ကပ်ပြီး ပြင်ပကမ္ဘာကို ရောက်ဖို့ ကြိုးစားပါတော့တယ်။ မနိုင်စိန်ငါးတန်းကလေးတွေနဲ့ အဘိုးကြီးလီယိုတို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့ရဲ့နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားနိုင်မလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြည့်လိုက်ရအောင်ပါ။ Child psychology အကြောင်းကိုလည်း သီချင်းလေး တွေနဲ့ တင်ဆက်ပေးသွားတာမို့ ခံစားမှုရသအစုံအလင်ပေးနိုင်မဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie

Leo (2023)

2023
Manodrome (2023)
Manodrome (2023) Manodrome (2023)အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ ...
movie

Manodrome (2023)

2023
Your Lucky Day (2023) 5.9
Your Lucky Day (2023) Your Lucky Day (2023)~ IMDb - 5.8/10, Rotten Tomatoes - 88% ~ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့။ ငွေအတွက်ဆိုရင် ဘာမဆိုစတေးမယ့်သူတွေ မနည်းမနောပါပဲ။ မက်လောက်စရာ မီလီယံချီတဲ့ငွေတွေဆိုရင်တော့ ဘာပြောစရာတောင်လိုမလဲပေါ့။မီဂါဘောထီလက်မှတ်အကြီးဆုံးဆုက 156 မီလီယံဒေါ်လာပါ။ အဖိုးကြီးတစ်ယောက် စတိုးဆိုင်တစ်ဆိုင်မှာ ထီလက်မှတ်လာတိုက်ရင်း ဆုကြီးပေါက်တော့ ဆေးလုခံရလို့ဘူနေတဲ့ ဆေးသမားက သေနတ်တစ်လက်နဲ့၀င်လုပါတယ်။ အဲဒါကို ကိုလှရွှေတစ်ယောက်က ၀င်တားရင်း ဆေးသမားရော ကိုလှရွှေရောလျှောပါလေရော။ ဆေးသမားက ဆိုင်ထဲမှာရှိတဲ့ ဆိုင်ပိုင်ရှင်ရယ် ကိုယ်၀န်သည်ချစ်သူစုံတွဲတစ်တွဲရယ်ကို ဓါးစားခံအဖြစ်ထားထားပေမဲ့ ဝေစုခွဲပေးမယ်လို့ မက်လုံးပေးတာကြောင့် ကြံရာပါဖြစ်ကုန်ရင်းနဲ့ ‌လောဘအမှောင်ထဲတိုး၀င်မိကြပြီး လျှောပြီထင်တဲ့ရဲက‌လည်းပြန်နိုးလာတဲ့အခါမှာ ဇာတ်တွေရှုပ်ကုန်ကြပါတော့တယ်။သရုပ်ဆောင်အနေနဲ့ကလည်း ဇူလိုင်ကမှ ကွယ်လွန်သွားခဲ့တဲ့ Euphoria သရုပ်ဆောင် Angus Cloud က အဓိကပါ၀င်ထားလို့ သူ့ရဲ့မျက်လုံးလှလှလေးနဲ့ ခပ်လေးလေးရှရှအသံကို အလွမ်းပြေကြည့်ရှုနိုင်မယ့်ကားလေးပါပဲ။ စိတ်အပန်းပြေစေမယ့်အပြင် ပညာယူစရာတွေလည်းရလို့ လက်လွတ်မခံသင့်တဲ့ကားလေးပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

Your Lucky Day (2023)

2023
Mutt (2023) 6.3
Mutt (2023) Mutt (2023)~ IMDb - 6.5/10, Rotten Tomatoes - 88% ~ဒီဘက်ခေတ်တွေမှာ LGBT အကြောင်း ပုံဖော်ရိုက်ပြတဲ့ ရုပ်ရှင်တွေ ပေါသည်ထက်ပေါများလာပေမဲ့ LGBT ထဲက‌ ထရန်ဂျန်ဒါတွေအကြောင်း သီးသန့်ရုပ်ရှင်တော့ ရိုက်ပြကြတာတော့ ရှားတယ်လို့ ပြောရပါမယ်။ ဒီတစ်ခါ Mutt ကတော့ အမျိုးသမီးဘဝကနေ အမျိုးသားအဖြစ် ပြောင်းလဲလိုက်တဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းကို စေ့စေ့ငှငှရိုက်ပြထားတယ်။ ဂေးတို့ ဘိုင်တို့ လတ်တို့ထက် ထရန်တွေကို မိသားစုဝင်တွေအတွက် လက်ခံဖို့ ပိုခက်ခဲမယ်ထင်ရတာပါပဲ။ ဘာလို့ဆို သူက ခန္ဓာကိုယ်ကိုပါလိုက်ပြောင်းလဲပစ်လိုက်သကိုး။ ဒီရုပ်ရှင်ကလည်း အဲဒီလို လက်ခံဖို့ခက်ခဲနေကြသူတွေအကြောင်းနဲ့ သူ့ရွေးချယ်မှု သူတောင် ပြန်သံသယဝင်မိလာတဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းပဲ။မိဘတွေ ရည်းစားဟောင်းတွေ အကုန်လုံးက သူ့ဖြစ်တည်မှုကို လက်မခံနိုင်ကြတဲ့အပြင် အမကနေ အထီးပြောင်းတဲ့နောက် နာမည်ပါပြောင်းပစ်ရတာဆိုတော့ ဘဏ်အကောင့် ဘာညာပြဿနာတွေလည်း ကြုံရတဲ့အကြောင်းတွေအစုံပြထားတယ်။ ဒီရုပ်ရှင်က ပုံမှန် LGBT ...
movie

Mutt (2023)

2023
Brave Citizen (2023)
Brave Citizen (2023) Brave Citizen (ရဲရင့်ပြည်သူ) 2023အိုလံပစ်ချန်ပီယံလောင်းဖြစ်ခဲ့ပေမယ့် ပြဿနာတစ်ခုကြောင့် အားကစားလောကကနေ နှုတ်ထွက်လိုက်တဲ့ ဆိုရှီမင်(Shin Hye Sun) ဟာ မူယောင်းအထက်တန်းကျောင်းမှာ အချိန်ပိုင်းစာရိတ္တဆရာမအနေနဲ့ ခက်ခက်ခဲခဲအလုပ်ရခဲ့ပါတယ်။ကျောင်းမှာလည်း မိဘကျောထောက်နောက်ခံနဲ့ ဆိုးချင်တိုင်းဆိုး ရမ်းကားချင်တိုင်းရမ်းကားလွန်းတာကြောင့် ဆရာတွေပါမကျန် တစ်ကျောင်းလုံးရဲ့ ရွံကြောက်ဖြစ်နေတဲ့ ကျောင်းသားဟန်ဆူဂန်းတို့အဖွဲ့က အနိုင့်ကျင့်စိုးမိုးနေတာပါ။အချိန်ပြည့်ဆရာမဖြစ်ဖို့အတွက် ကျောင်းမှာဖြစ်နေတဲ့ မတရားမှုတွေအကုန်လုံးကို မျက်စိကိုမှိတ် နားကိုပိတ်ပြီး မသိချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပေမယ့် ကိစ္စတစ်ခုကြောင့် ဟန်ဆူဂန်းနဲ့ ထိပ်တိုက်တိုးမိသွားတဲ့အခါ. . . . .ဆရာမဆိုဂျီမင်တစ်ယောက် တကယ်ပဲ မတရားမှုကိုမသိချင်ယောင်ဆောင်သွားနိုင်မလား အချိန်ပြည့်ဆရာမဖြစ်လာနိုင်ပါ့မလားဆိုတာကတော့. . . . . ပရိသတ်တွေရဲ့အချစ်တော် မာမားနဲ့ အထိန်းတော်ကြီးတို့ရဲ့ နှစ်ယောက်တွဲအမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ဗီလိန်အချောလေးရဲ့ visual ကိုပါ တစ်ချက်ခုတ်နှစ်ချက်ပြတ်ရှုစားနိုင်မယ့် ဇာတ်ကားလေးဖြစ်တာကြောင့် CM ကနေ ခုပဲကြည့်ရှုအားပေးလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။Genre..... Acion, Comedy, Drama Quality…. 1080p | 720p File size… 1.6GB ...
movie

Brave Citizen (2023)

2023
Chatrapathi (2023)
Chatrapathi (2023) Chatrapathi (2023) "ချာထရာပတ်သီ"ချန်မရန်ရဲ့ Naayak (2013)ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ V. V. Vinayakရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကို Prime Videoကထုတ်လွှင့်ခဲ့ပြီဖြစ်လို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ချာထရာပတ်သီဆိုတာ မြန်မာလိုဆို ဧကရာဇ်မင်းပေါ့။ ရှီဗာကို လူထုက ချာထရာပတ်သီဆိုပြီး ကင်ပွန်းတပ်ကြတယ်။ နိုင်ငံရေးထဲမှာပါဝင်ပြီး လူထုကိုဒုက္ခပေးနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကို ပြန်လည်တိုက်ခိုက်ပေးတဲ့အတွက်ပေါ့။ရှီဗာက ပါကစ္စတန်ဘက်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ဦး။ ထွက်ပြေးရင်း ပျောက်ဆုံးနေခဲ့တဲ့ အမေဖြစ်သူနဲ့ ညီလေးကို လိုက်ပြီးရှာနေခဲ့သူ။ ဆပ်ပ်နာဆိုတဲ့ အရာရှိအမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပြီး ဆပ်ပ်နာက ရှီဗာရဲ့အမေနဲ့ညီလေးကို ကူရှာပေးရင်း နှစ်ဦးသားချစ်ခင်စုံမက်ခဲ့တယ်။ဒီလို လူပျောက်ရှာနေတဲ့ကြားထဲကမှ မွေးစားအဖေဖြစ်သူရဲ့ သားအရင်းအာရှို့ခ်ရဲ့ အငြိုးထားရန်လိုခြင်းကိုလည်း ခံနေရပြန်တယ်။ အာရှို့ခ်က ရှီဗာရဲ့ရန်သူတွေနဲ့ ပူးပေါင်းပြီး ရှီဗာကို ဒုက္ခပေးဖို့ကြံလာတဲ့အခါ...။ ရှီဗာတစ်ယောက် ပျောက်ဆုံးနေတဲ့ အမေနဲ့ညီလေးကို ရှာတွေ့ပြီး ချစ်ရသူနဲ့အတူတူ ပျော်ရွှင်စွာနေနိုင်သွားမလားဆိုတာ...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.4GB /1.5GB  Quality…1080p WEB ...
movie

Chatrapathi (2023)

2023