Channel Myanmar

2023

Your Christmas or Mine 2 (2023) 5.8
Your Christmas or Mine 2 (2023) Your Christmas or Mine 2 (2023) ========================၂၀၂၂ ခရစ်စမတ်မှာ ရထားချင်းလွဲပြီး အိမ်မှားရောက်သွားခဲ့ကြတဲ့ ဂျိန်းစ်နဲ့ ဟေလေတို့ ချစ်သူနှစ်ယောက် အခု ၂၀၂၃ ခရစ်စမတ်မှာ လည်း လွဲကြပြန်ပါပြီ။ဒီတစ်ခေါက်ကတော့ ဒီလိုပါ။သူတို့နှစ်ယောက် ခရစ်စမတ်ပိတ်ရက်မှာ နှစ်ဖက်မိသားစုတွေနဲ့ အတူတူ အပ်စ်တောင်တန်းမှာ နှင်းလျှောစီးဖို့ စီစဉ်ထားကြပါတယ်။ လူကုံထံတွေဖြစ်တဲ့ ဂျိန်းစ်တို့ဘက်က နှင်းတောင်တန်းတွေရဲ့ အလယ် မှာရှိတဲ့ ကြယ်လေးပွင့်ဇိမ်ခံဟိုတယ်ကြီးမှာ ဘိုကင်တင်ထားကြပြီး သာမန်မိသားစုလေးဖြစ်တဲ့ ဟေလေတို့ဘက်ကတော့ သက်သာချောင် ချိရေး တည်းခိုအိမ်လေးမှာပဲ ဘိုကင်ယူထားကြတာပါ။ ဒါပေမဲ့ ဖြစ် ချင်တော့ နှစ်ဖက်မိသားစုက ကားချင်းလွဲတက်သွားကြပြီး နေရာတွေ မှားရောက်ကုန်ကြပါပြီ။ မိုးနဲ့မြေလို ကွာခြားတဲ့ နေရာနှစ်ခုကို လွဲပြီး ရောက်သွားကြချိန်မှာတော့ သူတို့တွေ ဘာဆက်ဖြစ်လာမလဲ၊ ဂျိန်းစ်နဲ့ ဟေလေတို့ကရော ဘယ်လိုဆက်နှစ်ပါးသွားကြဦးမလဲဆိုတာကို ပျော် ပျော်ပါးပါးကြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.7 GB) / (700 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar ...
movie

Your Christmas or Mine 2 (2023)

2023
Finestkind (2023) 5.7
Finestkind (2023) Finestkind (2023) ============= Crime, Drama, ThrillerWednesday မင်းသမီး Jenna Ortega အပြင်... နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommy lee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီး အကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါး ဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိ ပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝ ကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူ စွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက် လာခဲ့ပါတယ်။အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်း ကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့ အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေ ဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိ ကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ် ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထား သလောက် မရိုးရှင်းတော့ပါဘူး။သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို (၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, ...
movie

Finestkind (2023)

2023
Enjoy (2022) 8.5
Enjoy (2022) Enjoy (2022) ပျော်စရာ အရှုပ်တော်ပုံများ *********************************************** ဒီဇာတ်ကားလေးကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance/Comedyအမျိုးအစား အချစ်ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းကောလိပ်တွေထဲက တစ်ခုဖြစ်တဲ့ ချင်နိုင်းက VACကောလိပ်ကို BAC တက်ဖို့အတွက် မိန်းကလေး ၃ယောက် ရောက်လာခဲ့တယ်။ ကောလိပ်မှာရှိတဲ့ ကျောင်းသားဟောင်းစီနီယာ တွေက သူတို့ကို ဘာTaskလုပ်ရမယ် ညာTaskလုပ်ရမယ် မဟုတ်ရင် အခန်းထဲ သွားလို့မရဘူးဆိုပြီး ဂျင်း ဝိုင်းသိပ်ပါတော့တယ်။ပြီးတော့ တစ်ခါ ဂျောနီဆင့်ဆိုတာ ဘယ်သူလဲလို့ မေးပြန်တော့ ရိုးအလှတဲ့ မိန်းကလေး ၃ယောက်ခမျာ ဒီနာမည်ကို တစ်ခါမှမကြားဖူးတဲ့အတွက် ဘာပြောလို့ပြော ရမှန်းမသိဖြစ်နေတော့တာပေါ့။စီနီယာတွေက ဒီနာမည်ကို တစ်ပါတ်အတွင်း သိအောင်လုပ်ခဲ့ဖို့ ရာဇသံ ပေးလိုက်ရာက ... ဘယ်လို အရှုပ်တွေကို ဟာသနှောပြီး တင်ဆက် ပေးထားလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေး ကြပါလို့ .... အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BollywoodTeam မှ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.35GB / 1.14GB Quality…WEB DL 1080p ...
movie

Enjoy (2022)

2023
To All a Good Night (2023) 7.7
To All a Good Night (2023) To All a Good Night (2023) ===================To All A Good Night ဇာတ်ကားကတော့ ခရစ်စမတ်ဒရာမာ ကားလေးပါနော်။ လျှို့ဝှက်ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ ဇာတ်အိမ်ကို စစ်မှုထမ်းဟောင်းတွေရဲ့ စိတ်ဒဏ်ရာတွေမှာ သွားပြီး တော့ လျှို့ဝှက်အခြေတည်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့ သင့်တော်တဲ့ခရစ်စမတ်ကားလေးပါ။ ခရစ်စမတ်က မိသားစုတွေ အားလုံးအတွက် အမှတ်တရတွေကို ပြန်ပြီးအမှတ်ရစေပါတယ်။အဲဒီအခါမှာ ဝမ်းသာစရာတွေချည်း မဟုတ်ဘဲ ဝမ်းနည်းစရာတွေပါ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းစရာတွေကိုကျော်ဖြတ် ပြီးသွားရင်တော့ ခံနိုင်ရည်ရှိတဲ့သူအဖြစ်ရောက်ရှိသွားကြတာပါပဲ။ ဒီလိုကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ့်အနားမှာ အားပေးမယ့်သူလိုအပ် ပါတယ်။ ဆမ် နဲ့ စီစိီတို့ ဘယ်လို ကျော်ဖြတ်သွားကြပါသလဲ ။ ဒီရုပ် ရှင်ကို ဒါရိုက်တာ Andy Mikita က ရိုက်ကူးထားပြီးတော့ IMDb rating 7.7 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.97 GB) / (722 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, ...
movie

To All a Good Night (2023)

2023
The Holdovers (2023) 8
The Holdovers (2023) The Holdovers (2023)~ IMDb - 8/10, RT - 96%, Meta - 82% ~တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It's a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို... နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ...
movie

The Holdovers (2023)

2023
Showdown at the Grand (2023) 5.4
Showdown at the Grand (2023) Showdown at the Grand (2023)~ Rotten Tomatoes - 100% ~ငယ်ငယ်တည်းက မိသားစုအမွေအနှစ်ဖြစ်တဲ့ ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်ခံခဲ့ပြီး အမှတ်တရတွေပြည့်နေတဲ့ ဂန္ထ၀င်ရုပ်ရှင်ရုံကြီးကို တန်ဖိုးထား ဂုဏ်ယူတဲ့ ဂျော့ရှ်...အချိန်တွေကြာလာတော့ စီးပွားရေးသိပ်အဆင်မပြေတော့ပေမဲ့ မစွန့်ပစ်ဘဲ ဆက်လက်ထိန်းသိမ်းခဲ့သူ။ ဂျော့ရှ်အကြိုက်ဆုံး အက်ရှင်ကားတွေရဲ့ ဇာတ်လိုက်ကျော်သူရဲကောင်းက ကလော့လုဟယ်လီဒေးဖြစ်ပြီး သူပါသမျှရုပ်ရှင်တိုင်း မလွတ်တမ်းကြည့်ခဲ့ပြီး ပစ္စည်းတွေပါ စုဆောင်းထားပါတယ်။ပြသာနာက အဖွဲ့အစည်းတစ်ခုက ဂျော့ရှ်တို့ရပ်ကွက်မှာ ခေတ်မီ Facilities တွေ အရာအားလုံးပါ၀င်တဲ့ အိမ်ရာစီမံကိန်းလိုမျိုးဆောက်ဖို့ စီစဉ်တာကနေ စပါတယ်။ ဂျော့ရှ်ရဲ့ရုပ်ရှင်ရုံရော အနားတစ်ဝိုက်က နေရာတွေကိုပါ ၀ယ်ပြီး ဖယ်ခိုင်းတာကြောင့်ပါ။ ဂျော့ရှ်က သူ့အတွက်အရာရာဖြစ်တဲ့ နေရာကိုမရောင်းဘူးငြင်းဆန်တဲ့အခါ... Developers တွေက နည်းမျိုးစုံသုံးပြီး ဖယ်ပေးအောင် ကြိုးပမ်းပါတော့တယ်။ ဂျော့ရှ်ကလည်း တစ်ဖက်မှာ သူ့ရုံလူ၀င်အောင် သူ့ရဲ့သူရဲကောင်းကြီး ဟယ်လီဒေးကို မရရအောင် ဖိတ်ခေါ်ခဲ့ပါတယ်။ဟယ်လီ‌ဒေးရောက်လာတဲ့နေ့မှာပဲ ရန်သူတွေက ၀င်ရောက်အကြမ်းဖက်တဲ့အခါ ...
movie

Showdown at the Grand (2023)

2023
Sesham Mike-il Fathima (2023) 7.0
Sesham Mike-il Fathima (2023) Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10)ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ…တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ…ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး….အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ...
movie

Sesham Mike-il Fathima (2023)

2023
Chicken Run: Dawn of the Nugget (2023) 6.7
Chicken Run: Dawn of the Nugget (2023) ကမ္ဘာကျော်ကာတွန်းကားတွေထဲက တစ်ကားဖြစ်တဲ့ Chicken Run 2000 ရဲ့ အဆက်ဖြစ်တဲ့Chicken Run: Dawn of the Nugget လာပါပြီ။နာမည်ကြီးဇာတ်ကားတွေကို မရှည်ရှည်အောင် ဆွဲဆန့်ပြီးရိုက်ကြတဲ့ခေတ်ထဲမှာ ကောင်းပါ့မလားလို့ ထင်ရပေမဲ့ဒီတစ်ကားကတော့ ကောင်းသွားပါတယ်။Rating လည်း Imdb 7.1 အထိ ရထားပါပြီ။ သရုပ်ဆောင်တွေကတော့ Westworld ဖန်တွေကြိုက်မဲ့Thandiwe Newton က အဓိက မင်းသမီး ဂျင်ဂျာ၊ ရော့ကီနေရာမှာShazam မင်းသား Zachary Levi၊ သူတို့ရဲ့ သမီး မော်လီနေရာမှာတော့Game of thrones ထဲက အချစ်တော်လေးBella Ramsey က ပါဝင်ထားပါတယ်။  ဇာတ်လမ်းအကျဉ်းကြက်ခြံကနေ ထွက်ပြေးလာကြတဲ့ ဂျင်ဂျာတို့တစ်သိုက်ဟာလူမရှိတဲ့ကျွန်းတစ်ခုပေါ်မှာ လွတ်လွတ်လပ်လပ် အခြေချနေကြတာ ကြာပါပြီ။ဂျင်ဂျာနဲ့ ရော်ကီမှာလည်း မော်လီဆိုတဲ့ သမီးလေး ရလာပါပြီ။သူတို့ဟာ လူတွေနဲ့ဝေးရမှာ နေဖို့ကြိုးစားပြီး သူတို့သမီးမော်လီကိုလည်း ကြက်ခြံတွေအကြောင်း မပြောထားမိပါဘူး။အရွယ်ရောက်လာတဲ့မော်လီဟာ လောကကြီးကိုစူးစမ်းရင်းနဲ့ ရန်သူဟောင်း ...
movie

Chicken Run: Dawn of the Nugget (2023)

2023
Creatura (2023) 6.8
Creatura (2023) Creatura (2023)~ IMDb - 6.8/10, Rotten Tomatoes - 93% ~"Creatura" ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ "Creature" သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား "Creatura" မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ "Hyper Active" ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ...
movie

Creatura (2023)

2023
Divinity (2023) 5.9
Divinity (2023) Divinity (2023)~ IMDb - 5.9/10, RT - 57%, Meta - 61% ~ဦးနှောက်ခြောက်စရာမရှိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ဦးနှောက်ခြောက်ချင်တဲ့လူတွေအကြိုက်တွေ့စေမယ့်ရုပ်ရှင်ပါ။လက်တွေ့လူ့သမိုင်းတလျှောက်မှာ မအိုဆေးရှာပုံတော်ဖွင့်ခဲ့ကြတာ တစ်ပုံတပင်ရှိပါတယ်။ ဒီအကြောင်းကိုရုပ်ရှင်တွေ ဝတ္ထုတွေ ရေးခဲ့ကြတာလည်း မနည်းပါဘူး။ ဒီရုပ်ရှင်ကတော့ မအိုဆေးရှာတွေ့သွားပြီး မအိုဆေးသောက်ကြသူတွေရဲ့ကမ္ဘာဖြစ်သွားပုံပါ။ တကယ့်အပြင်မှာ မအိုဆေးဆိုပြီး အရက်သောက်ကြသလိုတော့မဟုတ်ဘူး။ ဒါက မအိုဆေးစစ်စစ်ပေါ့။ ဒါပေမဲ့ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။ အဲဒါကိုလည်း ကြည့်ရင်းနဲ့မှ တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရဲ့ ပါဝင်ပစ္စည်းကလည်း သိပ်ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက မသိဘဲ သောက်သုံးကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ ညီအစ်ကို ၂ ယောက်က ကောင်းကင်ပေါ်က ကျလာပြီး အဲဒီဆေးဖန်တီးတဲ့လူကို ဖမ်းချုပ်ပြီး သူ့ရဲ့ဆေးကိုပြန်သွင်းတယ်။ အဲဒီကနေမှ တဖြည်းဖြည်း အထုတ်‌ဖြည်ပြသွားတာပါပဲ။ထူးခြားတဲ့အချက်ကတော့ ဒီရုပ်ရှင်ကို အဖြူအမည်းနဲ့ရိုက်ထားတယ်။ ကမ္ဘာကြီးက အိပ်မက်ဆိုးကြီးလိုဖြစ်သွားပုံကိုပြချင်တဲ့သဘောပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ ...
movie

Divinity (2023)

2023
Minus 31: The Nagpur Files (2023) 7.1
Minus 31: The Nagpur Files (2023) Minus 31: The Nagpur Files(2023) IMDb - 7.2/10အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲ ရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။ တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။ အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကို လိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 845MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Minus 31: The Nagpur Files (2023)

2023
Spark: L.I.F.E. (2023) 9.4
Spark: L.I.F.E. (2023) Spark L.I.F.E (2023) IMDb -9.4/10Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ...
movie

Spark: L.I.F.E. (2023)

2023
The Squad (2023) 4.0
The Squad (2023) The Squad (2023) =============ဂျီနာ ဘယ်လာ နဲ့ ဒါနီတို့ဟာ မိဘမဲ့တွေဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက မွေးစားမိဘတွေရဲ့အိမ်ကနေ ပြန်ပေးဆွဲခံရပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ သူတို့ကိုပြန်ပေးဆွဲသွားသူက အယ်လ်ဖာလို့ခေါ်တဲ့အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်အဆင့် ဖြစ်အောင်လေ့ကျင့်သင်ကြားပေးခဲ့ရာကနေ the squad ဆိုတဲ့နာမည်နဲ့ သူတို့သုံးယောက်အဖွဲ့က မြေအောက်လောကမှာနာမည်ကြီးလာခဲ့ပါတယ်။တစ်နေ့မှာတော့ သူတို့ရဲ့မွေးစားမိခင်လိုဖြစ်နေတဲ့ အယ်လ်ဖာအသတ်ခံခဲ့ ရတဲ့နောက် ကလဲ့စားချေဖို့စုံစမ်းကြရင်း သူတို့ထက် အဆပေါင်းများစွာ အင်အားသာလွန်တဲ့ ရန်သူတွေနဲ့အပြိုင်ကြဲဖို့ဖြစ်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.3 GB) / (444 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Alias Encoder..........SWM
movie

The Squad (2023)

2023
Fashion (2008) 6.9
Fashion (2008) Fashion (2008) "အိပ်မက်များဆီသို့..." IMDb - 6.9/10ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီး သန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲ နှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။ အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရော ကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာ အိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့ သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာ ဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.5GB Quality…BluRay 1080p /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie

Fashion (2008)

2023
Iron Mask (2023) 8
Iron Mask (2023) Iron Mask (2023)ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့် Iron Mask (2023) ထွက်ရှိလာပါပြီ။Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက် လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့် Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာ သဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Fantasy Quality…. 1080p | 720p File size… 890MB | 348MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar ...
movie

Iron Mask (2023)

2023
[18+] Sugar Baby (2023) 7.4
[18+] Sugar Baby (2023) Sugar Baby (2023)Azi Acosta လေးရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ဂျနီဖာနဲ့ ရီကာတို့ဟာ အထက်တန်းကျောင်းတုန်းက ငယ်သူငယ်ချင်းတွေဖြစ်ပြီး အခုချိန်မှာတော့ ဂျနီဖာက ငယ်ချစ်ဦးဖြစ်သူနဲ့ယူပြီး လက်ကြောမတင်းတဲ့အိမ်ထောင်ဖက်ကြောင့် ခက်ခက်ခဲခဲရုန်းကန်နေရပြီး ရီကာကတော့ ရူးဂါးဒိတ်တင်လောကထဲမှာ အကောင်ကြီးကြီးတစ်ကောင်ကို ဝင်အောင်းပြီး ချမ်းသာနေပါတယ်။သူတို့နှစ်ယောက်ပြန်ဆုံချိန်မှာ ဂျနီဖာကိုသူ့သူဌေးက ခြေတော်တင်ဖို့ကြိုးစားပြီး မအောင်မြင်ချိန်မှာအလုပ်ဖြုတ်ခဲ့သလို သူ့ကလေးကလည်း သွေးကင်ဆာအစပျိုးနေတဲ့အချိန်ပါ။ အိမ်ထောင်ဖက်ကိုလည်းအားကိုးမရ လောလောဆည်ဝင်ငွေမရှိတဲ့ ဂျနီဖာတစ်ယောက် ရီကာကိုပဲ အားကိုးလိုက်ရပြီး ရီကာတို့ရဲ့ငွေရလွယ်တဲ့လောကထဲ တိုးဝင်လာခဲ့ရပါတယ်။ အဲဒီမှာ ဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်တစ်ခုက ဂျနီဖာနဲ့ရီကာတို့ဟာ ကျောင်းတုန်းက အချစ်တော်ဆန်ဆန်တွဲခဲ့ကြပြီး အခုချိန်ကိုယ့်လမ်းကိုယ်လျှောက်နေပေမဲ့ ရီကာက ဂျနီဖာကို သံယောဇဉ်မကုန်သေးတာပါပဲ။ရီကာအဖြစ် An/Na ထဲက ကံဆိုးသူအန်နာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမ Robb Guinto ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလည်းကောင်းသလို ကြမ်းလည်းကြမ်းတဲ့ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.15GB, 985MB Quality - 1080p, 720p IMDb Rating - ...
movie

[18+] Sugar Baby (2023)

2023
Swing (2023) 6.6
Swing (2023) Swing (2023)အချစ်၊ လိင်ကိစ္စ နဲ့ အိမ်ထောင်ရေးက အတော်ကို နက်နဲပါတယ်။ ဒီဇာတ်ကားမှာ ဒါကို တင်ပြသွားတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။ကယ်ဗင်က ကလေးအမေဖြစ်တဲ့ ပမ် နဲ့ လက်ထပ်ထားပြီးပတော့ ပမ် မှာတော့ ချစ်စရာကောင်းတဲ့သားလေး ဂျိတ် ရှိပါတယ်။ ကယ်ဗင် က ဂျိတ်ကို သားအရင်းလေို ချစ်ပေမဲ့ သူ့သွေးသားအရင်းကိုလည်း လိုချင်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ ကလေးရအောင် မစွမ်းနိုင်သူက ကယ်ဗင် ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ကယ်ဗင် နဲ့ ပမ် တို့ အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ ဖြစ်လာခဲ့လို့ ပမ်က ကယ်ဗင် နဲ့ စိတ်ပြေလက်ပျောက် ဆွစ်ဇာလန်ကို ခရီးထွက်ခဲ့ရင်း လိင်ကိစ္စက သက်သက်၊ အချစ်က သက်သက်၊ အိမ်ထောင်ရေးက သက်သက်လို့ ထင်လိုက်မိတဲ့ ကယ်ဗင် ကိုယ့်အိမ်ထောင်ဘက်ကို တခြားယောကျာ်းတစ်ယောက်နဲ့ ပေးအိပ်မိလိုက်တဲ့ ကယ်ဗင် တစ်ယောက် မိန်းမဖြစ်သူ ပမ်က တခြားယောကျာ်းတစ်ယောက်နဲ့ အိပ်လိုက်မိတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ?အချစ်ဆိုတာ "ဒန်း" လိုမျိုး ဟိုဘက်လွှဲ၊ ဒီဘက်လွှဲလို့ ...
movie

Swing (2023)

2023
Unknown: Cave of Bones (2023)
Unknown: Cave of Bones (2023) Cave Of Bones ( 2023 ) ကမ္ဘာကြီးဟာ လျို့ဝှက်ဆန်းကြယ်ပါတယ်ဟိုးခေတ်အစက ဘယ်အချိန်ဘယ်နေရာတွေမှာဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး ဒီ Documentary film မှာဆိုရင်တော့ရုပ်ကြွင်းမနုဿဗေဒပညာရှင် Lee Bergerကတောင်အာဖရိကမှာရှိတဲ့ Rising Star လိုဏ်ဂူကကမ္ဘာ့ရှေးအကျဆုံးသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့အဲဒီ သင်္ချိုင်းတွေ ကို ဖန်တီးခဲ့တဲ့ဟိုမိုနလယ်ဒီလို့ခေါ်တဲ့မျိုးစိတ်တစ်မျိုးရဲ့ဇစ်မြစ်ကို ဖော်ထုတ်ခဲ့တဲ့ ခရီးစဉ်ပါဝင်ပါတယ် ဟိုမိုနလယ်ဒီတွေရဲ့ နေထိုင်မှုဘဝ ၊ အသွင်အပြင်နဲ့ အမူအကျင့်တွေကိုအသေးစိတ်ကျကျဖော်ထုတ်ပြထားပြီးတော့ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့လူသားတွေဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဇစ်မြစ်ကိုအနည်းငယ် တီးမိခေါက်မိဖြစ်သွားစေမှာပါစိတ်ဝင်စားစရာလည်းကောင်းပြီး ဗဟုသုတတွေ အများကြီးရမဲ့Documentary filmကို CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် File size…  2.9 GB /  1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie

Unknown: Cave of Bones (2023)

2023
Star Syndrome (2023) 9
Star Syndrome (2023) ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။ Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီး ပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။ အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး . တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Star Syndrome (2023)

2023