Channel Myanmar

2023

Father of the Milky Way Railroad (2023) 6.3
Father of the Milky Way Railroad (2023) Father of the Milky Way Railroad (2023)~ IMDb – 6.3/10, MyDramaList – 7.9/10 ~ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father ...
movie

Father of the Milky Way Railroad (2023)

2023
Oceans Are the Real Continents (2023) 6.4
Oceans Are the Real Continents (2023) Oceans are the real Continent (2023)IMDb 6.6/10ကျူးဘားနိုင်ငံမှာ အကျပ်အတည်းအမျိုးမျိုးကြောင့် လူတွေအလုံးအရင်းနဲ့ နိုင်ငံကနေပြောင်းရွှေ့ထွက်ခွာကြတဲ့ အကြောင်းကို မိသားစုလေးတစ်စုကိုအခြေပြုပြီး ရိုက်ကူးထားတဲ့ ကျူးဘန်းကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းသားလေး ၂ယောက်အမေ အီဒစ်သ်တို့လင်မယားဟာ ကျူးဘားနိုင်ငံသားတွေဖြစ်ကြပါတယ်။ အီဒစ်သ်ဟာ ရုပ်သေးရုပ်ကပြဖျော်ဖြေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမရဲ့အမျိုးသားနဲ့အတူ တခြားနိုင်ငံကိုရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ဖို့ပြင်နေပါတယ်။ဒါပေမဲ့ တစ်ချက်ချက် အမျိုးသားဖြစ်သူနဲ့လည်း အတိုင်အဖောက်မညီဖြစ်ပြီး စကားတွေများရတတ်တာပေါ့ ယောက်ျားလေးများရဲ့ သဘာဝနဲ့ မိန်းကလေးတို့ရဲ့ သဘာဝအရ။ဒါပေမဲ့လည်း နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အမေရိကကိုသွားဖို့ ပြင်ဆင်စရာအားလုံးပြင်ဆင် စီစဉ်စရာအားလုံးစီစဉ်ပြီးသွားတဲ့နောက်မှာ သူတို့မိသားတစ်စု နိုင်ငံကနေ အဆင်ပြေပြေထွက်ခွာပြီး မိသာစုလေးပျော်ရွှင်စွာ ဆုံစည်းနိုင်မလား အလွဲလွဲ အကွဲကွဲလေးတွေ ဖြစ်လာဦးမလားဆိုတာတော့ ဇာတ်ကားထဲမှာ အဖြေရှာဖော်ထုတ်ကြည့်စေချင်ပါတယ်ခင်ဗျာ။အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ဖြစ်ပါတယ်ခင်ဗျ။ File size… 1.5GB / 561MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Ko Wunna
movie

Oceans Are the Real Continents (2023)

2023
After (2023) 6
After (2023) After 2023ပဲရစ် လူတိုင်းက City of Romanceလို့ တင်စားရတဲ့မြို့ရဲ့ ကလပ်တစ်ခုမှာ ဆုံတွေ့ခဲ့တဲ့ ဖီလစ်စီနဲ့ဆာအစ်ကလပ်ဆိုတဲ့အတိုင်း ကခုန်မူးရူးကြရင်း စကားတွေပြောရင်းနဲ့ ပါတီပွဲဆက်တစ်ခုကိုလိုက်ဖို့ ဖီလစ်စီက ဆာအစ်ကိုဖိတ်ရင်း ဖီလစ်စီအိမ်ကိုရောက်ဖို့ ဖြစ်လာတဲ့အခါ...လူတိုင်းရဲ့ အိပ်မက်မြို့တော်လို့တင်စားရတဲ့ ပဲရစ်မြို့ရဲ့ လှပတဲ့နောက်ကွယ်က လူမျိုးရေးခွဲခြားမှုတွေ ရုန်းကန်ရတာတွေ ပင်ပန်းမှုတွေနဲ့ night lifeနောက်ကွယ်က လူတွေကြားမှာ လျော့ပါးလာတဲ့ခံစားချက်တွေအကြောင်း ဆွေးနွေးသွားပုံလေးတွေကို ရှုစားလိုက်ရအောင်ပါ။ File size…1.5GB / 556MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex
movie

After (2023)

2023
Dormitory (aka) Yurt (2023) 6.9
Dormitory (aka) Yurt (2023) Domitory (2023) Genre – Drama IMDB – 6.9/10ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ခံစားချက်တွေကို ဖိနှိပ်ချုပ်ချယ်တဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ သဘောတရားလေးတွေကို ရိုက်ပြထားတဲ့ တူရကီ ဒရမ်ကားလေး ဖြစ်ပါတယ်။အာမက်ဆိုတာက အထက်တန်းကျောင်း တက်နေတဲ့ ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက် အင်္ဂလိပ်စာလည်း တော်သလို အိမ်ကလည်း ချမ်းသာတဲ့ထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ အဲဒီမှာ ပြဿနာက စလာတယ် ဖခင်ဖြစ်သူက ဘာသာရေးကို အလွန်အမင်း ယုံကြည်သက်ဝင်သူ ဖြစ်တဲ့အလျောက် သားဖြစ်တဲ့လူကို သူ ငယ်ငယ်တုန်းက မရခဲ့တာမျိုး မဖြစ်ခဲ့တာမျိုးကို သားဖြစ်သူကျမှ ဇွတ်အတင်း ဖြစ်စေချင်တဲ့ တစ်ဖက်သတ်ဆန္ဒတွေနဲ့ အစ္စလာမ် လူငယ်ဘာသာရေးအဆောင်ကို ပို့ပါတော့တယ်။အဲဒီမှာပဲ ညအိပ် မနက်ကျ ကိုယ့်ကျောင်းကိုသွား ပြီးရင် အဆောင်ပြန် ဘာသာရေးလုပ် အဆောင်အလုပ်တွေလုပ် စသဖြင့်ပေါ့လေ။ ဒါပေမဲ့ အဆောင်မှူးရဲ့ တင်းကြပ်ပြီး သာမန်ထက်လွန်ကဲတဲ့ ဘာသာရေးအမြင်တွေ ခိုင်းစေမှုတွေ ရွယ်တူတခြားလူငယ်တွေရဲ့ အနိုင်ကျင့်မှုလေးတွေကြား အာမက်တစ်ယောက် စိတ်တွေညစ်နေရင်းနဲ့ ပျော်ပျော်နေတတ်တဲ့ ဟာကန်ဆိုတဲ့ လူငယ်လေးနဲ့ သူငယ်ချင်း ဖြစ်လာပြီး ...
movie

Dormitory (aka) Yurt (2023)

2023
Kanwar (2023) 6.3
Kanwar (2023) Kanwar 2023 မြစ်Imdb 7.3ဒီကားကတော့ လူငယ်တွေကိုအဓိကအနေနဲ့ရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ကားမျိုးပါ စစချင်းကိုတည်းက လူငယ်သဘာဝ ခေါင်းဆောင်နေရာလုကြတယ် ကျောင်းသားခေါင်းဆောင်ဆိုတဲ့ကောင်ကို အကုန်ဝိုင်းသမပြီး ဘယ်သူကဆရာဆိုတာဗိုလ်လုကြတယ်ပေါ့မင်းသားတို့က နှစ်တိုင်းအကျင့်တစ်ခုရှိတယ် အဲဒါကတော့ဘုရားဖူးထွက်ကြတာပါ တစ်နှစ်ကိုတစ်ခေါက်ထွက်ပြီးတော့ အပြစ်တွေကိုဆေးကြောတယ်ပေါ့ဗျာ ရွာထဲကလည်း လိုက်ချင်တဲ့လူကခပ်များများရယ် ဒီနှစ်သွားရင် သူ့ကိုခေါ်ပါ ငါ့ကိုခေါ်ပါနဲ့ပေါ့ ဒါပေမဲ့မထွက်ခင်မှာကို မင်းသားမှာက အမည်မပေါ်တဲ့ရောဂါဖြစ်လာခဲ့တယ် ဆရာဝန်နဲ့ပြတော့လည်း မည်မည်ရရမပေါ် ဒီလိုနဲ့ကန်ဝါက ဂင်္ဂါမြစ်မှာအပြစ်တွေဆေးကြောဖို့ဆိုပြီး ခရီးစတင်ခဲ့ပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် အပျင်းပြေအနေနဲ့ကြည့်ရှုဖို့ဆို မဆိုးလှတဲ့ကားမို့ အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ရှုသင့်ပါကြောင်း( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thaw ~ Alex ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 2.8GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Thaw ~ Alex ~ BpL 
movie

Kanwar (2023)

2023
Descendants of the Dark (2023)
Descendants of the Dark (2023) Descendants of the Dark 2023 (အမှောင်ယံထဲက ကစားပွဲ)ကယ်ဗင်နဲ့ အာဗန်လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ ထူးထူးဆန်းဆန်း ကစားပွဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒီကစားပွဲကတော့ ၄နှစ်မှာ တစ်ကြိမ်ပဲ ကစားရမှာဖြစ်ပြီးတော့ စက်တင်ဘာ ၇ရက်နေ့တစ်ရက်ပဲ ကစားလို့ရတာဖြစ်ပါတယ်။ ဒီလိုကစားဖို့အတွက်လည်း လူအများကြီးလိုအပ်တဲ့အတွက်ကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ စက်တင်ဘာလ ၇ရက်နေ့မှာ ပါတီပေးမယ်ဆိုပြီးတော့ သူငယ်ချင်းတွေအကုန်လုံးကို သူတို့အိမ်ကို ဖိတ်ကြားလိုက်ပါတော့တယ်။အစပိုင်းမှာတော့ ပါတီရဲ့ထုံးစံအတိုင်း ပျော်ပျော်ပါးပါးသောက်သောက်စားစားပဲပေါ့။ ပါတီပြီးလို့ နားပြီဆိုတဲ့အချိန်ရောက်တော့မှ ညီအစ်ကိုနှစ်ယောက်ဟာ ကစားပွဲကို ဘယ်လိုပုံစံနဲ့ စတင်သွားမလဲ ...... ဒီကစားပွဲကရော ဘယ်လိုခြောက်ခြားဖွယ်တွေနဲ့ ပြည့်နှက်နေမလဲ .......ဒီကစားပွဲရဲ့ ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ ..... ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ခြောက်ခြားမှုအပြည့်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo ပဲဖြစ်ပါတယ်) File size…1.1GB / 486MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 2min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~V~Alex~ToMo
movie

Descendants of the Dark (2023)

2023
SPY x FAMILY CODE: White (2024) 7.4
SPY x FAMILY CODE: White (2024) Spy X Family Code: White (2023) Genre - Anime, Action, Comedy IMDB – 7.4/10 MyAnimeList – 8.1/10ချစ်စရာကောင်းတဲ့ Anya လေးတို့ မိသားစု ဒီတစ်ခါမှာတော့ စီးရီးအနေနဲ့မဟုတ်ပဲ ရုပ်ရှင်ကားအဖြစ် ရုံတင်ခဲ့တာ အခုတော့ အကြည်ထွက်လာပြီဖြစ်လို့CM ပရိသတ်တွေအတွက် ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးက အရှေ့ပိုင်းမှာ သူတို့မိသားစုလေးအကြောင်းကို အကြမ်းဖျဉ်းလေး ရှင်းပြထားတာပါပြီး သီးသန့် Missionလုပ်ကြတဲ့ဇာတ်အိမ်လေး ဖြစ်နေတော့ စီးရီးမကြည့်ဖူးတဲ့လူတွေလည်း အဆင်ပြေလောက်မယ်ထင်ပါတယ်။ဒါပေမဲ့လည်း ထွက်ခဲ့သမျှ S2 ထိ ကြည့်ထားရင်တော့ ပိုကောင်းတာပေါ့လေ CM မှာလည်း အကုန်တင်ဆက်ပေးထားပါတယ်ဗျ။ ထုံးစံအတိုင်း သူလျှိုဖေဖေကြီး Loid ရယ် လုပ်ကြံသတ်ဖြတ်ရေးသမား မေမေကြီး Yor ရယ် သူများစိတ်ကို ဖတ်နိုင်တဲ့ Anya တို့ မိသားစု ဒီတစ်ခေါက်တော့ နှင်းတွေကျပြီး အေးချမ်းတဲ့ Frigis မြို့လေးကို မိသားစုလိုက် ခရီးထွက်ပြီး ပြဿနာရှာကြမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ Strix ...
movie

SPY x FAMILY CODE: White (2024)

2023
Fight Against Evil Ⅱ (2023) 5.9
Fight Against Evil Ⅱ (2023) 2021 ခုနှစ်က ထွက်ခဲ့တဲ့ Fight Against Evil ဇာတ်လမ်းရဲ့ အဆက်လေးပဲဖြစ်ပါတယ် ပထမကားကို ကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကိုနိပ့်ပီး ကြည့်နိုင်ပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်‌ယောက်ဟာ KTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေ တရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီး ငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ်လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေ sucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ် လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့် ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲ စုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyawt ပဲ ဖြစ်ပါတယ်။ Filesize : 1.1 GB / 667 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Fight Against Evil Ⅱ (2023)

2023
A Prince (2023) 5.6
A Prince (2023) A Prince (2023)ယခုဇာတ်ကားဟာဆိုရင် ထူးဆန်းတဲ့တင်ဆက်ပုံမျိုးနဲ့ ဇာတ်ကားလို့ပဲ ဆိုရမှာပါ။ ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်ပြီး ခံစားချက်အမျိုးမျိုး ပေးနိုင်မယ်လို့ ထင်ပါတယ်။ IMDb rating အနေနဲ့တော့ 5.6, Rotten Tomatoes 70% ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပီရဲယ်ဂျိုးဆက်ဖ်ဟာ ဥယျာဉ်ပန်းမန် စိုက်ပျိုးခြင်းပညာကို သင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါ။ သူ့အဖေဟာ မုဆိုး၊ သူ့အမေဟာ တိရစ္ဆာန်ရုပ်လုံးသွင်းတဲ့ပညာရှင်တို့နဲ့အတူ ကြီးပြင်းခဲ့ရတဲ့သူပါ။ ဒါပေမယ့် သူ့အဖေနဲ့အမေဟာ အမြဲတမ်း ငြင်းခုန်ရန်ဖြစ်နေကြတာမို့လို့ စိတ်ဒဏ်ရာရခဲ့သူပါ။ ပီရဲယ်ဂျိုးဆက်ဖ်ဟာ အတန်းထဲမှာ ထူးခြားနေတဲ့သူမို့ အတန်းထဲကို စာလာသင်တဲ့ ဆရာရဲ့ ဂရုစိုက်မှုကို ခံရပါတယ်။ ပီရဲယ်ဟာ ဥယျာဉ်မှူးအလုပ်လုပ်ရင်း သူ့ရဲ့ ဆန်းပြားတဲ့ လိင်ပိုင်းဆိုင်ရာ စွဲလန်းမှုပွင့် ထွက်လာပြီး ဘဝကို ရှေ့ဆက်လျှောက်ဖို့ကြိုးစားပါတော့တယ်.....အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 573MB Format… mp4 Duration…. 1h ...
movie

A Prince (2023)

2023
Adi (2023) 5.5
Adi (2023) Adi (2023) "ရန်ငြှိုး"CM ပရိသတ်အတွက် ဒီတစ်ခါမှာဆိုရင် မလေယာလမ် မိသားစု/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နန်ဒူဟာ ဂီတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးနဲ့ စေ့စပ်ထားသူဖြစ်ပြီး လက်ထပ်ရဖို့အရေး စိတ်လှုပ်ရှားလို့မဆုံး ဖြစ်နေသူပါရုံးမှာ လက်မှတ်ထိုးတဲ့နေ့ အမျိုးတွေ တရုန်းရုန်းနဲ့ တက်ကြွလှုပ်ရှားဖွယ် နေ့လေးမှာမှ အပြန်လမ်းမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရှေ့မကြည့်နောက်မကြည့် မောင်းလာတာကို ဆဲလိုက်မိရာကနေ အချင်းများရန်သတ်ကြပြီး ရခါစဇနီးနုနုထွတ်ထွတ်လေးရှေ့မှာ အရိုက်ခံလိုက်ရတဲ့အတွက် ဇနီးအသစ်စက်စက်ရှေ့မှာ သိက္ခာကျသလိုခံစားသွားရတဲ့ မင်းသားဖြစ်သူက သူ့သိက္ခာအဖတ်ဆည်ဖို့အရေး ပြန်လက်စားချေဖို့ကြိုးစားရာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ ယောကျာ်းမာနအကြောင်းကို ဟာသနှောပြီး ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.9GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adi (2023)

2023
Paradise (2024) 7.8
Paradise (2024) Paradise (2024)ကောင်းကင်ဘုံခရီးIMDb-8.1/10ငါးနှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် သီရိလင်္ကာကို ခရီးထွက်လာကြတဲ့ အိန္ဒိယကချစ်သူစုံတွဲရာမ ၊ ရာဝဏဇာတ်တော်လာ စာပေတွေသမိုင်းတွေနဲ့ အေးချမ်းတဲ့ရာသီဥတု စိမ်းစိုတဲ့ပတ်ဝန်းကျင်တွေကြား ချစ်သူနှစ်ယောက်ရဲ့အချစ်တွေနဲ့ အရာရာဟာလှပနေခဲ့တယ်အချိုပေါ်သကာလောင်းသလို သူတို့အနှစ်နှစ်အလလက ကြိုးစားလာတဲ့အရာတစ်ခုကလည်း ‌အကောင်အထည်ပေါ်အောင်မြင်လာတယ် သူတို့ရဲ့ရိုက်ကူးထုတ်လုပ်ရေးအတွက် Netflix ကနေ တရားဝင်ထောက်ပံ့ကြေးရလိုက်တာပဲဆန္ဒပြပွဲတွေ မတည်မငြိမ်တွေဖြစ်နေတဲ့အရပ်မှာ ခရီးစဉ်အဆုံးထိအေးချမ်းပျော်ရွှင်နိုင်မလားလက်တွေ့ခရီးရော ဘဝခရီးရောမှာ ကောင်းကင်ဘုံလို အိပ်မက်တွေပြည့်ဝပျော်ရွှင်ဖို့ ထင်သလောက်လွယ်ကူနေမလား ဘယ်လိုအနှောင့်အယှက်တွေကြား ရင်ဆိုင်ရုန်းကန်ရဦးမလဲအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size… 1.8GB / 794MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ToMo
movie

Paradise (2024)

2023
Kapil Return (2023) 6.2
Kapil Return (2023) Kapil returns 2024 အိပ်မက်ပန်းတိုင်မနက်ခင်းနိုးထလာရင် ပျော်စရာတွေနဲ့အစပြုတတ်တဲ့မိသားစုတစ်စု ယောကျာ်းကအလုပ်သွားဖို့ပြင်ဆင် မိန်းမကအိမ်မှုကိစ္စလုပ် သားဖြစ်သူဘာရတ်ကစာတွေလုပ်ရင်းပေါ့ သားဖြစ်သူကိုမျှော်မှန်းထားကြတာက ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အကောက်ခွန်ဦးစီးဖြစ်ဖို့ စသဖြင့်ပါဒါပေမဲ့ဒီကလေးက ခရစ်ကတ်မှာ ပါရမီပါလာပါတယ် ခရစ်ကတ်မှာနာမည်ကြီးတစ်ယောက်ဖြစ်ချင်ပေမဲ့ ဖခင်ဖြစ်သူကတော့ ခရစ်ကတ်ဆိုအရမ်းမုန်းတီးတာပါ ဘော်လီဘော ဘောလုံးကြိုက်တာကစားလို့ရပေမဲ့ ခရစ်ကတ်ကိုတော့ အသုံးမဝင်တဲ့ကစားနည်းလို့မှတ်ယူထားတာပေါ့ သူဒီလိုမုန်းတီးရတာလည်းအကြောင်းရှိပါတယ်ခရစ်ကတ်ကို အရမ်းသဘောကျခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ခရစ်ကတ်လောကထဲကထွက်ခဲ့ရလို့ပါ ဒါကဘာများဖြစ်မလဲဖခင်မုန်းတီးနေတဲ့ခရစ်ကတ်ကိုမှ ဝါသနာပါမိသူဘာရတ်နဲ့ အထိမခံမုန်းတီးနေတဲ့အာရှို့ခ်ကြား ဘယ်လို၂ပါးသွားမယ်ဆိုတာ ထင်မှတ်မထားတဲ့ plot twist တွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.9GB / 940MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 51mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by CM Bollywood Team
movie

Kapil Return (2023)

2023
Luxembourg, Luxembourg (2023)
Luxembourg, Luxembourg (2023) Luxembourg, Luxembourg (2023)ဥရောပရုပ်ရှင်တွေထဲကနေ ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်တဲ့ ယူကရိန်းနိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ IMDb rating 7.9, Rotten Tomatoes 83% ရရှိထားပါတယ်။ Drama ရုပ်ရှင် ကြိုက်နှစ်သက်သူဆိုရင်တော့ မိုးရွာတဲ့နေ့မှာ အိပ်ရာထဲကနေ အေးဆေး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်မျိုးလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကိုလာနဲ့ ဗက်စ်ယာတို့ဟာ ယူကရိန်းက အမြွှာညီအစ်ကိုတွေပါ။ ဘာမှမရှိတဲ့မြို့လေးမှာ ရှင်သန်ကြီးပြင်းကြရင်း ဗက်စ်ယာကတော့ ရဲဝန်ထမ်းဖြစ်သွားပြီး ကိုလာကတော့ ဘတ်စ်ကားလည်း မောင်းသလို ကြုံရာအလုပ်တွေလုပ်သလို လူဆိုးလေးတစ်ယောက်ဖြစ်နေပါတယ် ။ တစ်နေ့မှာ ကိုလာ့ဆီကို သူ့အဖေ လူဇင်ဘတ်နိုင်ငံမှာ မတော်တမှုအကြီးကြီးဖြစ်ကြောင်း သေလုမျောပါးဖြစ်နေကြောင်း ယူကရိန်းကောင်စစ်ဝန်ရုံးမှ ဆက်သွယ်လာပါတယ်။ အဲဒါနဲ့ ကိုလာလည်း လူဇင်ဘတ်ကို သွားဖို့လုပ်ပါတယ် ဒါပေမယ့် အမေဖြစ်သူနဲ့ ဗက်စ်ယာတို့ကတော့ မသွားဖို့တားပါတယ်။ ကိုလာကတော့ သွားဖို့ အတင်းလုပ်ပါတော့တယ်......အညွှန်းန့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.6GB ...
movie

Luxembourg, Luxembourg (2023)

2023
Jilebi (2023) 7.3
Jilebi (2023) Jilebi (2023)"ဂျလေဘီ" ===================၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ IMDb 7.5 ရ ကောလိပ်ဟာသ သရဲကားလေးတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။တောင်ပိုင်း ကားကောင်းတော်တော်များများမှာ ပါဝင်တတ်တဲ့ မင်းသမီးလေး ရှီဗာနီနဲ့ မင်းသား အန်ကိသ်ကိုင်ယာတို့က ဒီရုပ်ရှင်ထဲမှာ အဓိကသရုပ်ဆောင်ထားကြတာပါ။ဇာတ်လမ်းကတော့ ကောလိပ်တက်ရင်း အဆောင်မှာနေကြတဲ့ ဂျလေဘီတစ်သိုက်နဲ့စတယ်ပေါ့။ ဘာတာဝန်မှ ယူစရာမရှိသေးတဲ့ ကောလိပ်ကျောင်းသားတွေဖြစ်တဲ့အလျောက် ဆရာတွေ လက်မြှောက်ရတဲ့အထိ အရက်သောက်၊ ဖဲရိုက်၊ ရန်ဖြစ် ကဲချင်တိုင်းကဲနေကြတဲ့ ကာမယ်တို့အဖွဲ့ထဲကတစ်ယောက်က ကျောင်းသူတစ်ယောက်ကို အဆောင်ထဲ ခိုးသွင်းမိရာကစပြီး သရဲခြောက်သလိုလို အပမှီသလိုလို တလွဲတချော်တွေဖြစ်ကြပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.6GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jilebi (2023)

2023
You and Me / Ikaw At Ako (2023) 6.8
You and Me / Ikaw At Ako (2023) You and Me (2023)ဒီဇာတ်ကားလေးမှာ လူ့ဘဝရဲ့ဆည်းဆာနေဝင်ချိန်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ အဖိုးနဲ့အဖွားတို့ရဲ့ လက်ရှိဆည်းဆာအချိန်ကာလ၊ သူတို့နှစ်ဦးရဲ့ သက်လတ်ပိုင်းအရွယ်မှာ မိသားစုဘဝတစ်ခု တည်မြဲနိုင်ဖို့အတွက် အချင်းချင်း သည်းခံအားတင်းရင်း ရင်ဆိုင်ဖြတ်ကျော်မှုတွေ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ နားလည်ပေးမှုနဲ့ ဆက်လက်ညှိနှိုင်းလိုခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဘဝအခက်အခဲစိန်ခေါ်ချက်ကို သရုပ်ဖော်ပြသထားပါတယ်။ ဒါ့အပြင် နွေရာသီတောတွင်းစခန်းချသင်တန်းကာလအတွင်းမှာ ဆုံတွေ့ကြတဲ့ ကလေးငယ်လေးနှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး တွယ်နှောင်ရစ်မိကြတဲ့ သံယောဇဉ်တွေကိုလည်း ဖော်ကျူးပြသထားပါတယ်။သက်လတ်ပိုင်းအရွယ်မှာ ချစ်ရသူလက်တွဲဖော်ဆီကနေ ရယူချင်တဲ့ နားလည်ပေးမှုနဲ့ အချစ်၊ တစ်ဦးချင်းစီရဲ့ မညီမျှတဲ့ နားလည်သည်းခံပေးနိုင်မှုအတိုင်းအတာ၊ ချစ်နေကြဆဲဆိုပေမယ့်လဲ အတူတူ ဆက်မရှိနိုင်ကြတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချိန်တွေ၊ အတက်အကျ ခံစားချက်မျိုးစုံကို ပြန်ပြောင်းသတိရတွေးမိပုံနဲ့ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ ဘဝနေဝင်ချိန် လက်တွဲဖော်အချစ်၊ ပိုင်ဆိုင်လိုစိတ်များတဲ့ လူငယ်သက်လတ်ပိုင်း အချစ်နဲ့ ကလေးငယ်ဘဝ သူငယ်ချင်းသံယောဇဉ်ကြီးမားကြပုံ စတဲ့ မတူညီတဲ့ ချစ်ခြင်းမေတ္တာပုံစံများကို အရွယ်သုံးမျိုးနဲ့ ဖော်ကျူးပြသထားတဲ့အတွက် မလွတ်တမ်းကြည့်ရှုခံစားသင့်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်...Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 580MB Format… mp4 Duration…. ...
movie

You and Me / Ikaw At Ako (2023)

2023
Layangan Putus: The Movie (2023) 6.1
Layangan Putus: The Movie (2023) layangan putus (2023) (IMDb 6.1/10)ဒီတစ်ခါ အာရှကားနှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက် အင်ဒိုဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ အာရှကားတွေ ထုံးစံအရ ဇာတ်လမ်းလေးကတော့ သိပ်မထူးခြားဘူးဆိုပေမယ့် အာရှကားတွေဆိုတဲ့အတိုင်း ဒိုင်ယာလော့တွေ ဇာတ်လမ်းအချိုးအကွေ့တွေက ရသမြောက်တယ်ဆိုတာ ပြောပြချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဇနီးကီနန်နဲ့ သမီးလေးရာယာဆိုပြီး သာယာတဲ့ဘဝလေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ ရုပ်ရှိရေလျှံကျားတို့ထုံးစံအရ စမောဆွဲပြီးတော့ အဲ့ဒါကို မယားကြီးကသိသွားတဲ့အခါ သူ့ကိုကွာရှင်းသွားပါတယ် အဲ့ဒါနဲ့ အဲရစ်လည်း အငယ်လေးလီဒီယာနဲ့ လက်ထပ်ပြီးတော့ အိမ်ထောင်သစ်ထူထောင်ခဲ့ပေမယ့် သူ့စိတ်က ငယ်ကချစ်မမေ့သာတဲ့ ကီနန်ဆီမှာပဲ တဝဲဝဲလည်နေတဲ့အခါမှာ အိမ်ထောင်ရေးဇာတ်လမ်းလေးဆိုပေမယ့်လည်း ဘဝသင်ခန်းစာယူတတ်ရင် ယူလို့ရတာမို့ ပရိသတ်ကြီးတို့ဆက်ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်...Genre..... Dramal, Romance Quality…. 1080p | 720p File size… 1.1GB | 565MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie

Layangan Putus: The Movie (2023)

2023
Danshari Paradise (2023) 6.5
Danshari Paradise (2023) Danshari Paradise (2024)~ IMDb - 6.5/10, MyDramaList - 7.9/10 ~ဒီရုပ်ရှင်ကတော့ ဂျပန်သွားတာ တော်တော်ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီလောကနဲ့ မကင်းတဲ့လူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်လို့ထင်တာပါပဲ။ ဒီရုပ်ရှင်မှလည်း မဟုတ်ပါဘူး။ အချစ်ကားတွေမဟုတ်ဘဲ ဂျပန်တွေရဲ့ ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေကို ဖော်ပြထားတဲ့ ကားတော်တော်များများ အသစ်ထဲမှာရော အဟောင်းထဲမှာရော တော်တော်များပါတယ်။ မသကာ Yasujirō Ozu တို့၊ Hirokazu Kore-eda ရိုက်တာတွေကိုတော့ ကြည့်သင့်ပါတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့လတွေတုန်းကလို သူတို့ယဉ်ကျေးမှုမသိဘဲ ဆာကူရာကိုင်းသွားချိုးမိနေမှာ စိုးရပါတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုကို သိအောင်လုပ်ပေးတာနဲ့ ပလိန်းကြီး မလိုအပ်တာတွေပါ စည်းကမ်းတင်းကြပ်တာတွေ မလိုအပ်တာတွေ လုပ်ခိုင်းတာတွေနဲ့တော့ မတူလှဘူးပေါ့။ ဒီနှစ်ခုကြားက စည်းက တော်တော်တော့ ပါးတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုတစ်ခုကို ချစ်တတ်အောင် သင်ပေးလိုက်ရင်တော့ သူ့နှလုံးသားနဲ့သူ ခွဲခြားကြပါလိမ့်မယ်။ဒီရုပ်ရှင်ကတော့ ...
movie

Danshari Paradise (2023)

2023
Rekha (2023) 6.4
Rekha (2023) Rekha 2023 ရေခါIMDb -6.4/10သူများအလုပ်ကို စပ်စပ်စုစုရှိတတ်တဲ့ ရပ်ကွက်စီစီတီဗီတွေများတဲ့ရပ်ကွက်မှာနေရတဲ့ရေခါဟာ ရှက်ရွံ့တတ် ကြောက်တတ်တဲ့ သာမန်မိန်းကလေးတွေမတူတဲ့ မိန်းကလေးတစ်ယောက်ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အတင်းအဖျင်းတွေပြောပြော ရေခါကတော့ သူ့ရဲ့ရပ်တည်ချက်အတိုင်းပဲ လုပ်တတ်တဲ့သူပါ။ရှေးရိုးစွဲတဲ့ အမေကြီးကတော့ ရေခါနဲ့မကြာခဏစကားများတတ်ပေမဲ့ သူ့ကိုအမြဲအလိုလိုက် နားလည်ပေးတဲ့အဖေကိုတော့ အရမ်းချစ်တဲ့ အဖေချစ်သမီးလေးပေါ့။ရှေးရိုးစွဲလူကြီးတွေကြားမှာ နေရသူပီပီ ရေခါက သူ့မှာချစ်သူရှိတာကိုထုတ်မပြောဘဲ ညတိုင်းဖုန်းနဲ့ပဲ တီတီတာတာလုပ်‌နေပေမဲ့ ချစ်သူအာဂျွန်ကတော့ ဖုန်းနဲ့စကားပြောရတာလောက်နဲ့ မတင်းတိမ်နိုင်ပဲ တစ်လက်မပေးတစ်မိုင်လိုချင်လာပြီး အဓမ္မရယူဖို့ကြံလာတဲ့အခါ...အရာရာတိုင်းမှာ ဆုံးဖြတ်ချက်ပြတ်သားခဲ့တဲ့ ရေခါတစ်ယောက် အချစ်နဲ့ပတ်သက်ပြီး မရေရာမသေချာရာကနေ စလိုက်တဲ့မီးပွားက ဘယ်လောက်ထိပြဿနာကြီးသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ ToMo ~ KKKZတို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 649MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ ToMo ~ KKKZ
movie

Rekha (2023)

2023
Revolver LILY (2023) 5.2
Revolver LILY (2023) Revolver LILY (2023)ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Revolver Lily ဆိုတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။၁၉၂၄ ခုနှစ်ကို အခြေတည်ရိုက်ထားတာဖြစ်ပြီး သုံးနှစ်ကျော်အတွင်းလူပေါင်း ၅၇ ယောက်ကို သတ်ခဲ့တဲ့ Yuri ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yuri Ozone ဟာ အသက် ၁၆ နှစ်ကတည်းက လျှို့ဝှက်ထောက်လှမ်းရေးဖြစ်ခဲ့ရာကနေ သုံးနှစ်အတွင်းမှာ လူပေါင်း ၅၀ ကျော်ကိုသတ်ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီး ဆယ်နှစ်ကျော်ကြာအောင် တိုကျိုက ပြည့်တန်ဆာအိမ်ရဲ့ပိုင်ရှင်အဖြစ် နေထိုင်နေခဲ့တာဖြစ်ပါတယ်။တစ်ရက်မှာတော့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ Hosomi Shinta ဆိုတဲ့ကလေးက သူ့ကိုကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ Shinta ဟာ သူ့အဖေဖြစ်သူ Hosomi Kinya ချန်ထားခဲ့တဲ့ ပျောက်ဆုံးနေတဲ့ရန်ပုံငွေတွေရဲ့ အဓိကသော့ချက်စာရွက်စာတမ်းတွေကို ကိုင်ဆောင်ထားတာဖြစ်ပြီး စစ်တပ်ရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရတာပါ။ Yuri ဟာ Shinta ရဲ့တောင်းဆိုမှုကို လက်ခံပြီး Shinta ကိုကာကွယ်ပေးခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်း Shinta ရဲ့အဖေဖြစ်သူနဲ့ လူသတ်သမားရဲ့ပတ်သက်ဆက်နွယ်မှုတွေ၊ ဂျပန်စစ်တပ်ကဘာကြောင့်မို့ အဲဒီစာရွက်စာတမ်းတွေကို အသည်းအသန်လိုချင်နေခဲ့ရလဲဆိုတာတွေကို Yuri က ဘယ်လိုတွေစုံစမ်းဖော်ထုတ်ပြီး ...
movie

Revolver LILY (2023)

2023
Higuita (2023) 7
Higuita (2023) Higuita 2023 လှည့်ကွက် Imdb -7.9'ပန်ညာနိုဒ်မူကွန်ဒါ' တဲ့ ကန်နူရ်မြို့မှာတည်ရှိတဲ့ဒီလူက သူ့ရှေ့ကားပိတ်ရပ်ရင်တောင် ပိတ်ရပ်တဲ့ကောင်အသေပါ ဒီလောက်တောင်အာဏာရှိတဲ့နိုင်ငံရေးသမားတစ်ယောက် သူ့ကိုကာကွယ်ပေးတဲ့ဘော်ဒီဂတ်တိုင်းလိုလို လုပ်ကြံခံရပြီး သေဆုံးတတ်တာက ပုံမှန်လိုတောင်ဖြစ်နေလေရဲ့ သတင်းစာတွေ TV သတင်းတွေမှာဆို ‌မတွေ့ချင်မှအဆုံးပေါ့အယာပါဒါ့စ် သူကတော့ဖခင်ဆုံးသွားပြီးနောက် လေလွင့်နေသူတစ်ဦး ဖခင်ကရဲဝန်ထမ်းဖြစ်လို့ စည်းမျဉ်းအရဆက်ဆံသူက ၂နှစ်အတွင်းတာဝန်ဆက်လက်ထမ်းဆောင်ခွင့်ရှိပေမဲ့ ရဲအလုပ်ကိုကြောက်လို့ မလုပ်ချင်လို့ဆိုတဲ့အကြောင်းနဲ့ပတ်ရှောင်လာခဲ့တာ နှစ်အတော်ကြာသွားတာပေါ့ နောက်ဆုံးအမေဖြစ်သူက ကျိန်ဆဲပါလေရော သူ့ထက်အငယ်သမီးမိန်းကလေးရှိသေးတော့ နင့်ညီမကိုပဲ ရဲထဲဝင်ခိုင်းမယ် နင်ကသုံးစားမရဆိုပြီးပြောတာကျ သူကလက်သင့်မခံပါဘူး ဒီလိုနဲ့ သူတို့မြို့က ပါတီခေါင်းဆောင်ကိုအကျိုးအကြောင်းသွားပြောပြီး အဖေရဲ့ရာထူးကို သူ့ကိုပေးဖို့အပူကပ်ရတော့တယ် နိုင်ငံရေးဆိုတော့လည်း အပေးရှိအယူရှိရတာပေါ့သူကဘာပြန်ပေးရမလဲဆိုတော့ ကန်နူရ်ကိုသွားပြီး ပန်ညာနိုဒ်မူကွန်ဒန်ကို ဘော်ဒီဂတ်သွားလုပ်ပေးရမှာပါ သူငယ်ချင်းတွေကလည်း မင်းသွားတာနဲ့သေမှာဆိုပြီးဝိုင်းတား တစ်ဖက်ကလည်း ပါတီကိုကတိပေးပြီးသားဖြစ်နေလေတော့ အယာပါတစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ သွားတိုင်းသေတဲ့‌ဒီရာထူးကို သူကိုင်တွယ်နိုင်မှာလားဆိုတာကိုတော့ ။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ Sue ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 2.08GB /1.06GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Higuita (2023)

2023