Channel Myanmar

2023

Take Me Back for Christmas (2023) 7.1
Take Me Back for Christmas (2023) Take Me Back for Christmas (2023) ========================== IMDb Rating - 7.1/10ဒီ Take Me Back For Chrismas လို့ခေါ်တဲ့ကားလေးကတော့ ကြည့်ပြီးရင် ရင်ထဲမှာ ကျန်ခဲ့မယ့် ကားမျိုးထဲ ပါပါတယ်။ နွေးနွေး ထွေးထွေးနဲ့ အတိတ် ပစ္စပ္ပုန် အနာဂတ် အရာအားလုံးကို ဒါရိုက် တာကြီး Joy Holliday က သေသေချာချာ တင်ဆက်ထားတာပါ။ မိသားစု၊ အချစ်၊ ‌ခရစ်စမတ်ရဲ့ တကယ့်အဓိပ္ပာယ် အကုန်လုံးရဲ့ အရေး ပါပုံကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ တနေ့ ရီနေးဟာ အလုပ်က ပြန်စိတ်ပျက် လက်ပျက်နဲ့ ကူကယ်ရာ မဲ့နေတဲ့အချိန် ထူးဆန်းတဲ့ ‌နတ်သူငယ်ဝတ်စုံ ဝတ်ထားတဲ့ မိန်းမတစ်ယောက်ပေးခဲ့တဲ့ ‌ခေါင်းလောင်းလေးကို တီး ပြီးတော့ ဆုတောင်းမိပါတော့တယ်။ တောင်းမိတဲ့ ဆုတောင်းတာ "ခြား နားတဲ့ ဘဝမှာ နေရပါစေ" တဲ့။ ထူးဆန်းစွာနဲ့ သူ့ဆုတောင်းတွေပြည့်ပြီး နောက်တနေ့မနက်မှာ နယူးယောက်က အအောင်မြင်ဆုံး ကုမ္ပဏီအကြီး ကြီးရဲ့ ရုံးခန်းထဲမှာ ...
movie

Take Me Back for Christmas (2023)

2023
The PA and the Manhattan Prince (2023) 5.5
The PA and the Manhattan Prince (2023) The PA and the Manhattan Prince (2023) ==============================လူစီ ဝုဒ်ဆိုတာကတော့ နယူးယော့ခ်မြို့ကြီးမှာ သွက်သွက်လက်လက်နဲ့ ဘယ်ပြဿနာမဆို အဆင်သင့် ဖြေရှင်းပေးနိုင်တဲ့အပြင် ကိုယ့်အကျိုးထက် တပါးသူရဲ့ အကျိုးကိုပဲ ရှေ့တန်းတင်တတ်တဲ့ ကိုယ်ရေးလက်ထောက်(PA) ကောင်မလေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ တော်၀င်မင်းသား တစ် ယောက် ဖြစ်တဲ့ ရူးပတ်ရဲ့ ကြင်ယာတော် ရွေးချယ်ဖို့အတွက် မျက်နှာဖုံး၀တ် ကပွဲတစ်ခုကို စီစဉ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။လူစီတစ်ယောက် ဒီပွဲကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဖြစ်မြောက်သွား အောင် စီစဉ်ပေးနိုင်ပါ့မလား။ ဆွဲဆောင်မှုရှိသလောက် PAတိုင်းကို အမြဲတမ်း တစ်ပတ်ရိုက် သူ့ကို အမြဲ စမ်းသပ်ဖို့ပဲ စဉ်းစားနေတဲ့ မင်းသား ရူးပတ်တို့အ ကြားမှာရော ဘယ်လိုမျိုး‌တွေဆက်ဖြစ်လာမလဲ။ ခေတ်သစ် စင်ဒရဲလား ဇာတ် လမ်းလေးတစ်ခုလိုမျိုး သူတို့နှစ်‌ယောက်ရဲ့ ဇာတ်လမ်းလေးကရော ပြီးဆုံးသွား နိုင်ပါ့မလားဆိုတာကို CM ပရိတ်သတ်ကြီးကကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်)File Size..........(1.71 GB) / (583 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

The PA and the Manhattan Prince (2023)

2023
Letters to Santa (2023) 5.9
Letters to Santa (2023) Letters to Santa (2023) ================= IMDb Rating - 5.9/10ခရစ္စမတ်ကာလမှာ မိသားစုနဲ့အတူကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေးကို တင်ဆက်ပေး လိုက်ပါတယ်။ အန်းနရစ်တို့ဇနီးမောင်နှံက အကြောင်းကိစ္စတစ်ခု ကြောင့် စိတ်အလိုမကျဖြစ်ပြီး သီးခြားစီ အိမ်ခွဲနေကြတာပါ။ သူတို့မှာ ဆမ်နဲ့ အစ်ဇီဆိုတဲ့ကလေးနှစ်ယောက်ရှိတယ်။ ခရစ္စမတ်ပိတ်ရက်မှာ ကလေးတွေကို စာအုပ်ဆိုင်လိုက်ပို့ရင်းနဲ့ ကလေးတွေက ဆန်တာဖိုးဖိုးနဲ့ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒီမှာ ကလေးတွေကို ဘာလိုချင်လဲမေး‌တော့ အငယ်လေးအစ်ဇီက မရေမရာ ဖြစ်နေတာနဲ့ ဆန်တာဖိုးဖိုးက မှော်ဘောပင်လေးတစ်ခုလက်ဆောင်ပေးလိုက် တယ်။ မှော်ဘောပင်နဲ့ ဆန်တာဖိုးဖိုးဆီစာရေးလိုက်ရင် ဆန္ဒတွေ တကယ်ဖြစ် လာမယ်ပေါ့။ဒါပေမဲ့ ဒီမှော်ဘောပင်က အရာရာကိုမပေးနိုင်ဘူး။ ကိုယ့်ကျိုးအတွက်မဟုတ်ဘဲ တဖက်သားကိုအကျိုးရှိစေမယ့်ဆန္ဒမျိုးမှ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆန်တာဖိုးဖိုး က မှာလိုက်တယ်။ ဒီလိုနဲ့အစ်ဇီက ညရောက်တာနဲ့ခွေးလေးလိုချင်တယ်ဆိုပြီး ဆန် တာ့ဆီကို စာရေးပို့လိုက်တဲ့အခါ...တကယ်ရော ခွေးလေးက ရောက်လာမှာလား။ တခြားဘာတွေများ ထပ်ပြီးတောင်းဆိုကြမလဲဆိုတာသိချင်ရင် ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့သူတွေအတွက် အချိန်ပေးရကျိုး နပ်စေမယ့် ပေါ့ပေါ့ပါးပါးစီးမြောရမယ့် ဇာတ်ကားလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.55 GB) / (674 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

Letters to Santa (2023)

2023
How to Have Sex (2023) 6.6
How to Have Sex (2023) How to Have Sex (2023)~ IMDb - 6.6/10, RT - 95%, Meta - 80% ~ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ British တွေရဲ့ သမားရိုးကျ ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခေတ်ဆန်တဲ့ Plot မျိုးကို British စတိုင်လ်ဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ထူးခြားပြီး လက်ရာမြောက်လွန်းတာကြောင့် ဇာတ်ဆောင်မင်းသမီးအပြင် စာရေးသူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူကိုယ်တိုင် British Independent Film Awards နဲ့ Europeon Film Awards မှာပါ အသီသီးဆုတွေရရှိထားကြပါတယ်။ ဒါအပြင် Rotten Tomatoes မှာ 95% ရရှိထားတဲ့အတွက် မခေတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။တာရာ၊ စကိုင်းနဲ့ အမ်တို့ သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းစာမေးပွဲအပြီး နွေရာသီအားလပ်ရက်မှာ အပျော်ခရီးထွက်ခဲ့ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း လူငယ်တွေ အထူးသဖြင့် အနောက်တိုင်းသားတွေက ...
movie

How to Have Sex (2023)

2023
Conjuring Kannappan (2023) 6.5
Conjuring Kannappan (2023) Conjuring Kannappan (2023) "အိပ်မက် ခေါ်သံ" ============================== IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ် တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ ...
movie

Conjuring Kannappan (2023)

2023
Kaathal – The Core (2023) 8.2
Kaathal – The Core (2023) Kaathal – The Core (2023) ဗဟိုအူတိုင်IMDb-8.2/10 Rotten tomatoes -100%အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ လက်လွတ်မခံသင့်တဲ့ မလေယာလမ်းဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပြန်ပါပြီ။Raatchasi (2019)ထဲမှာ ကြမ်းခဲ့တဲ့ စစ်တပ်အရာရှိ ကျောင်းအုပ်ဆရာမကြီးကို မှတ်မိတယ်ဟုတ်။ အဲဒီ မင်းသမီးချောကြီး ဂျိုသီကာက ဒီထဲမှာလဲ အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်နေပြန်ပါပြီ။ မင်းသားကလည်း နုပါတယ်ဆိုတဲ့ဘောလိ၀ုဒ်မင်းသားကြီးတွေထက်ပိုနုနေတဲ့ တောင်ပိုင်းမင်းသားကြီးမမ်မိုတီ။ ဝေဖန်ခြင်းခံရသလောက် အရမ်းကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဆိုလည်း မမှားဘူးပေါ့။ဇာတ်လမ်းကိုအကျဉ်းချုံးပြောရရင် မိဘကို မလွန်ဆန်နိုင်လို့ မိဘပေးစားတဲ့သူနဲ့လက်ထပ်လိုက်ရတဲ့အမျိုးသမီး အူမာနာ၊ ခင်ပွန်းဖြစ်သူကလည်း နယ်နယ်ရရမဟုတ် တစ်ချိန်ကဘဏ်မန်နေဂျာဖြစ်ပြီး အခုချိန်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အမတ်လောင်းတစ်ယောက်ဖြစ်တဲ့ မက်သရူး၊အများအမြင်မှာတော့ အူမာနာဟာ သိပ်တော်တဲ့ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ ဂုဏ်ယူ‌နေတဲ့ဇနီးတစ်ယောက် အများသူငါက အားကျရတဲ့အိမ်ထောင်ရှင်မတစ်ယောက်လို့ ထင်ရက်စရာရှိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ တကယ့်လက်တွေ့ဘဝက အူမာနာကတော့ ဖန်သားနန်းတော်က ပင်တိုင်စံဘုရင်မတစ်ယောက်သာသာရယ်ပါ။ ဘာလို့လဲဆိုတော့ ခင်ပွန်းဖြစ်သူအမတ်လောင်းမက်သရူးက ကိုယ်တိုင်က လိင်တူစိတ်ဝင်စားသူဖြစ်ပါရဲ့နဲ့၊ ကိုယ့်မှာလည်း လိင်တူချစ်သူရှိနေပေမဲ့ အများအမြင်မှာ ဇွတ်ကျားလေးဖြစ်အောင် Anti LGBTတစ်ယောက်လုပ်နေတဲ့အပုန်းဖြစ်နေလို့ပါပဲ။ဘာသာရေးအယူအဆ အိန္ဒိယလူနေမှုအသိုင်းအဝိုင်းရဲ့ဖိအားတွေကတစ်ဖက်၊ လူထုကလည်း LGBTကိုလက်ခံတဲ့နေရာမဟုတ်လေတော့ အမတ်ဖြစ်ချင်တဲ့မက်သရူးတစ်ယောက် ...
movie

Kaathal – The Core (2023)

2023
All Dirt Roads Taste of Salt (2023) 5.9
All Dirt Roads Taste of Salt (2023) All Dirt Roads Taste of Salt (2023)~ IMDb - 5.9/10, RT - 90%, Meta - 86% ~A24 ရဲ့ ကားအသစ်ပါ။ ပုံမှန်ဆို A24က သူတို့ထုတ်လုပ်ထားတဲ့ကားတွေတင်မဟုတ်ဘဲ ဖြန့်ချိရေးသက်သက်လည်းလုပ်တတ်ပေမဲ့ ဒီကားကိုတော့ A24 က ထုတ်လည်းထုတ် ဖြန့်လည်းဖြန့်ထားပါတယ်။ လုံးဝ A24 လက်ထွက်ကားစစ်စစ်လို့ပြောရပါမယ်။ ရုပ်ရှင်ကတော့ Independent Film ပါပဲ။ ဒီနှစ်ရဲ့ အကောင်းဆုံး Independent Film ၁၀ကားထဲက တစ်ကားအဖြစ် ဝေဖန်ရေးသမားတွေက သတ်မှတ်ထားတယ်။A24 ဟာ ဒါရိုက်တာတွေကို သူတို့ငယ်ဘဝအကြောင်း ရိုက်စေချင်ခဲ့ဖူးတဲ့ စတူဒီယိုပီသစွာပဲ ဒီကားကလည်း Raven Jackson ရဲ့ ငယ်ဘဝနဲ့မကင်းတဲ့ ရုပ်ရှင်အဖြစ်အသက်သွင်းထားတယ်။ ဇာတ်ကတော့ လူမဲအမျိုးသမီးတစ်ယောက်ရဲ့ ငယ်ဘဝကနေ ကြီးလာတဲ့အထိ ဘဝတစ်ခုအကြောင်းရိုက်ပြထားရုံပါပဲ။ ဒီလိုရိုက်ပြတာမှာ ...
movie

All Dirt Roads Taste of Salt (2023)

2023
Annapoorani (2023) 5
Annapoorani (2023) Annapoorani - The Goddess of Food (2023)"အိန္ဒိယချန်ဂင်" IMDb- 4.8/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ စားဖိုမှူးမလေးအကြောင်း တမီလ်အချစ် အချက်အပြုတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အဓိကဇာတ်ကောင်ကတော့ Jawan(2023)မှာ ရှရွတ်ခန်းဇနီး ရဲမေမလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော နာယန်သရာပဲဖြစ်ပါတယ်။ဘုရားကျောင်းမှာ ဘုရားဆွမ်းချက်ပေးရတဲ့ သက်သတ်လွတ်စားတဲ့ မျိုးရိုးဇာတ်အနွယ်မြင့် မိသားစုက အမျိုးသမီးလေးတစ်ယောက်။ဒီအမျိုးသမီးလေးရဲ့ အိပ်မက်က အိန္ဒိယဂုဏ်ဆောင် ကမ္ဘာကျော်စားဖိုမှူးကြီးဖြစ်ဖို့။ သက်သတ်လွတ်ဟင်းတွေကို ထူးရှယ်ချက်ပြုတ်နိုင်ပေမဲ့လည်း အသားမစားတဲ့အတွက် အသားဟင်းချက်ဖို့ အသားကိုင်ဖို့ကျ အဆင်မပြေဖြစ်နေရရှာ။သူ့ကိုပိုးပန်းနေတဲ့ ကိုယ်တော်ချောရဲ့ ကောင်းမှုနဲ့ အဖေဖြစ်သူမသိအောင် အသားဟင်းတွေချက်ပြုတ်မြည်းစမ်းလာတဲ့အခါ။အဖေဖြစ်သူက သူ့သမီးလေး အမ်ဘီအေတက်နေတယ်အမှတ်နဲ့ ကျောင်းကိုအလာမှာ အသားဟင်းတွေချက်ပြုတ် မြည်းစမ်းနေတဲ့သမီးဖြစ်သူကိုတွေ့တဲ့အခါမှာတော့။ သူဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားသွားနိုင်မှာလားဆိုတာ...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.4GB / 2.06GB / 980MB Quality…WEBDL 4k HEVC / WEB DL 1080p ...
movie

Annapoorani (2023)

2023
4K HEVC
Eileen (2023) 6.5
Eileen (2023) Eileen (2023)~ IMDb - 6.6/10, RT - 85%, Meta - 71% ~မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family ...
movie

Eileen (2023)

2023
4K HEVC
Tholvi F.C (2023) 7.5
Tholvi F.C (2023) Tholvi F.C.(2023) "တက်နိုင် ဖျားရောက်"IMDb - 8.4/10တစ်နာရီကျော်အတွင်းမှာ အခက်အခဲကိုယ်စီနဲ့ ကျရှုံးနေရတဲ့ လူတွေရဲ့ဘ၀ကို ဟာသလေးနှောပြီးရိုက်ကူးသွားတဲ့ မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Tholviဆိုတာ အရှုံးသမားတွေတဲ့။ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရသမျှ အခက်အခဲတိုင်းမှာ ရှုံနိမ့်နေကြရသူတွေပေါ့။သေချာနေတဲ့အလုပ်ကို ပစ်ပြီး ကိုယ်ပိုင်ဆိုင်လေးကနေ ဆိုင်ခွဲတွေအများကြီးဖွင့်ဖို့အထိရည်ရွယ်ထားတဲ့သူ...။ Crypto Currencyကို အနာဂတ်အတွက်စိတ်ကူးယဉ်ပြီး ရှိသမျှပိုက်ဆံရင်းနှီးမြှုပ်နှံထားတဲ့သူ...။ ဘောလုံးသမားအိပ်မက်ကို အကြောင်းကြောင်းကြောင့် စွန့်လွှတ်လိုက်ရပြီး နည်းပြလုပ်နေတဲ့သူ...။ စာကြည့်တိုက်မှာ အလုပ်လုပ်ရင်း ၀တ္ထုတွေရေးပြီး စာအုပ်တိုက်တွေစီပို့နေတဲ့သူ...။ အရင်းအနှီးမရှိဘဲ ဇာတ်လမ်းတွေလိုက်ရှာရင်း ဒါရိုက်တာလုပ်ရုပ်ရှင်ဖန်တီးချင်တဲ့သူ...။...စတဲ့ တစ်ခုခုကို ကြိုးစားနေကြရင်း ရှုံးနိမ့်နေကြတဲ့သူတို့တွေ။ သူတို့တွေရဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ရဲ့ အရှုံးကို တွန်းလှန်နိုင်လိုက်မှာလားဆိုတာကိုတော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးကပါ ကြည့်ရှုဝေဖန်ပေးကြပါဦးလားခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.5GB / 738MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Tholvi F.C (2023)

2023
Curry & Cyanide: The Jolly Joseph Case (2023) 6,7
Curry & Cyanide: The Jolly Joseph Case (2023) Curry & Cyanide - The Jolly Joseph Case (2023) ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု IMDb - 6.7/10 Documentary ဇာတ်လမ်းတွေကို သဘောကျတဲ့CMပရိသတ်တို့အတွက် အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၉ ခုနှစ်က Koodathayi Cyanide Killings(ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု)ဆိုပြီး အိန္ဒိယတစ်ခွင်မှာ ဖိန့်ဖိန့်တုန်သွားစေတဲ့ Netflixဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ပြီး အတော်လေးဂယက်ရိုက်သွားတဲ့အတွက် ဒီအကြောင်းကို ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ကူးထားတာတွေရှိခဲ့ပေမဲ့ အခုတစ်ခါမှာတော့ မတူညီတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ Netflix version လေးကို ရှုစားကြည့်ကြပါဦး။2019 ခုနှစ် အောက်တိုဘာလ နံနက်ခင်းဝေလီဝေလင်းအချိန်၊ အိမ်တိုင်းမှာ လူတိုင်းတောင်မနိုးထသေးတဲ့ ဒီအချိန်မှာ ကူဒါသာရီဆိုတဲ့မြို့လေးမှာတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်သွားပါတယ်။ လူအများကလေးစားရတဲ့ လူတိုင်းနဲ့အဆင်ပြေတဲ့ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့မိသားစုဝင် ၆ ယောက်ကို Cyanide လို့ခေါ်တဲ့ အဆိပ်ပြင်းတစ်မျိုးနဲ့ သတ်ခဲ့တဲ့ လူသတ်တရားခံအဖြစ်နဲ့ ...
movie

Curry & Cyanide: The Jolly Joseph Case (2023)

2023
Keedaa Cola (2023) 8.3
Keedaa Cola (2023) Keedaa Cola (2023) "ကီဒါ ကိုလာ"အသစ်ထွက်ရှိထားတဲ့ အမှန်အကန်ရယ်ရမယ့် တေလဂူး crime/comedy ကားလေးဖြစ်ပါတယ်IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင် "ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း" လို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့ စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း ...
movie

Keedaa Cola (2023)

2023
12th Fail (2023) 9.2
12th Fail (2023) 12th Fail (2023) "ရိုးဂုဏ်"IMDb - 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ...
movie

12th Fail (2023)

2023
4K HEVC
Heaven Down Here (2023) 7.0
Heaven Down Here (2023) Heaven Down Here (2023) ==================== IMDb Rating - 7.0/10Heaven Down Here 2023 ကို ဒါရိုက်တာ Anne Wheeler က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 7.၀ ရရှိထားပါတယ်။ ခရစ်စမတ် ဒရာမာကားလေးပါနော်။ မိသားစုတွေ ပြန်ပြီး ဆုံစည်းကြတာ ၊ ပျော် ရွှင်ကြတာ တွေကို တင်ဆက်ထားတာပါ။အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ မိသားစုတွေ ဆုံစည်းနိုင်အောင်ကြိုး စားကြခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ပြန်မတွေ့နိုင်တာ ၊ သဘောထားတွေ မတိုက်ဆိုင်ကြ တာ ဒါတွေကြောင့် ကွဲကွာနေကြတာရှိပါတယ်။ အားလုံး ကြိုးစားပြီး တော့ နားလည်မှုတွေ ပြန်ပြီးရယူကြဖို့ခရစ်စမတ်ကာလရှိနေရတာလို့ သုံးသပ်တင်ပြထားပါတယ်။ အားလုံးမယ်ရီခရစ်စမတ်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.72 GB) / (615 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thy Santa Encoder..........SWM
movie

Heaven Down Here (2023)

2023
And Yet, You Are So Sweet (2023) 6.6
And Yet, You Are So Sweet (2023) And Yet, You Are So Sweet (2023)~ IMDb – 6.6/10, MyDramaList – 7.6/10 ~အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို ...
movie

And Yet, You Are So Sweet (2023)

2023
[18+] Hibang (2023) 8.5
[18+] Hibang (2023) Hibang (2023)အီဆာဆိုတဲ့ကောင်မလေးဟာ ခေါင်းမှာဒဏ်ရာတစ်ခုနဲ့၊ အတိတ်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဗလာနဲ့ လူသူမနီးတဲ့အရပ်ကအိမ်တစ်လုံးမှာ နိုးထလာခဲ့ပါတယ်။ အနားမှာ သူ့ကိုသိပ်ရင်းနှီးတဲ့ပုံနဲ့ ထရစ်စတန်ဆိုတဲ့ လူငယ်တစ်ယောက်ရှိနေပြီး အဲဒီလူငယ်က သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းငါးနှစ်ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ အီဆာနောက်ကိုတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကြောင့် အခုလိုမတော်တဆဒဏ်ရာရပြီး အတိတ်မေ့ခဲ့ရတာဖြစ်ကြောင်း၊ အခုလည်း အဲဒီလူလက်ကနေ လွတ်ဖို့ ဒီလိုလူသူမနီးတဲ့ နေရာတစ်ခုကိုတိမ်းရှောင်နေရကြောင်းရှင်းပြသလို သူတို့ရဲ့အတိတ်က အထောက်အထားတွေကိုလည်း အခိုင်အမာပြပါတယ်။အီဆာ့စိတ်ထဲမှာ သူ့ကိုရင်းနှီးနေပေမဲ့ ချစ်သူခင်ပွန်းတစ်ယောက်လိုချစ်တဲ့စိတ် နည်းနည်းမှမခံစားမိတာကြောင့် အရာရာကိုသံသယထားနေရင်းက သူ့သံသယကိုခိုင်မာစေတဲ့ ကိစ္စတွေတစ်စစပေါ်လာပါတော့တယ်။2023 ရဲ့နောက်ဆုံးထွက်အနေနဲ့ အသစ်စက်စက် မင်းသမီးလေးတစ်ယောက်ကို စင်တင်မိတ်ဆက်ပေးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ Rica Gonzales လို့ခေါ်ပြီး အလှအပနေရာမှာတော့ ရှေ့က စီနီယာမမတွေထက်မလျော့သလို တခြားနေရာမှာလည်း တင်းပြည့်ကျပ်ပြည့်ဖြစ်တဲ့အတွက် Vivamax's Crush အသစ်လေးကို အားပေးရှုစားအကဲဖြတ်ကြရအောင်ပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 900MB Quality - 1080p, 720p IMDb Rating - ...
movie

[18+] Hibang (2023)

2023
Calling Sahasra (2023) 8.1
Calling Sahasra (2023) Calling Sahasra (2023) "ခေါ်သံ" IMDb 8/10သွေးအိုင်ရဲရဲထဲက ပြတ်ကျနေတဲ့လက်တစ်စုံ အော်ဟစ်နေတဲ့လူတွေရဲ့အသံတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ဒီလူတွေအော်ဟစ်သံကိုမြိန်ရေရှက်ရေနဲ့ နားသောတဆင်နေကြတဲ့လူ့အဖွဲ့အစည်းကလည်းရှိသကိုး စာရင်းသွင်းပြီးမှသာဒီဝဘ်ဆိုဒ်ထဲဝင်ခွင့်ရှိတဲ့လူ့အဖွဲ့အစည်းတွေကိုခြေရာခံဖို့ကမလွယ် သူတို့ကဒီဝဘ်ဆိုဒ်ကိုလူစီဖာလို့ခေါ်ကြသတဲ့လူစီဖာရဲ့နှိပ်စက်ခန်းကနေ လွတ်မြောက်လာတဲ့လူတွေရှိပေမဲ့ ထရော်မာတွေများနေတာကြောင့်မေးမြန်းလို့မရတော့ ဘဲဥအစရှာမရဖြစ်နေကြတဲ့ပြည်သူတွေ..အာဂျေးကတော့ အက်ပ်တီထွင်သူတစ်ဦးပါ သူ့ညီမဖြစ်သူက ရဲတွေကိုယ်တိုင်တောင် လုပ်လာတဲ့သက်တမ်းတစ်လျှောက်ဒီလိုရက်စက်တဲ့လူသတ်မှုမျိုးမကြုံဖူးဘူးလို့ပြောရလောက်တဲ့အထိ လူမဆန်စွာအသတ်ခံခဲ့ရလို့ တခြားမိန်းကလေးတွေပါဒီလိုဖြစ်မယ်စိုးပြီး ကယ်ဆယ်ရေးဆိုတဲ့အက်ပ်တစ်ခုတီထွင်နေသူပေါ့ဟိုက်ဒရာဘတ်ကရုံးမှာတာဝန်ကျလို့ ဟိုက်ဒရာဘတ်ဆီပြန်လာရင်းနဲ့လမ်းမှာဆင်းကတ်ဝယ်မိပါတယ် ဒီဆင်းကတ်ကိုရှုထောင့်မျိုးစုံက ရိုက်ပြထားတဲ့ရိုက်ကွင်းကြောင့် ဒီဆင်းကတ်ကဘာများဖြစ်နေမလဲ သူ့ဘဝထဲဒီဆင်းကတ်ရောက်လာပြီးတော့မှ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.1GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Calling Sahasra (2023)

2023
Moon Maidens (2023) ၄.၅
Moon Maidens (2023) Moon Maidens (2023) ================အညွှန်းမစခင် ဇာတ်ကားမှာပါဝင်တဲ့လူကြီးပြကွက်တချို့ကြောင့် ကလေးသူငယ်တွေ၊မိသားစုတွေနဲ့ အတူကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ဇာတ်လမ်းအဖွင့်မှာတော့ မက်စ်တစ်ယောက် အိမ်နီးချင်းမိန်းမနဲ့ ကုတင်ပေါ်ရောက်နေတာကို အလုပ်ခရီးကနေ စောပြန်လာတဲ့ မိန်းမက လက်ပူးလက်ကြပ်သွားတာနဲ့အစပြုထားပါတယ်။ ပြဿနာအကြီးအကျယ်တက်မလို့ရှိသေး၊ သူတို့အိမ်နားမှာ ကျ လာတဲ့ဥက္ကာခဲအပိုင်းအစကို သူ့မိန်းမက ကောက်ကိုင်လိုက်ရာ ကနေ အခြေအနေတွေပြောင်းပြန်ဖြစ်သွားတော့တာပါပဲ။ဖောက်ပြန်လို့စိတ်ဆိုးရမဲ့အစား သူ့မိန်းမက အရမ်းတွေအလိုက် သိပြီး လင်ထိပ်ထားစံပုံစံမျိုးဖြစ်သွားပါတယ်။ ဒါ့အပြင် အဲ့ဥက္ကာခဲ အပိုင်းအစကို ဆွဲကြိုးလုပ်ပြီး တခြားမိန်းကလေးတွေကိုပါ လိုက် ဝတ်ခိုင်းရင်း အဲ့မိန်းကလေးတွေပါ ထူးထူးဆန်းဆန်းပြောင်းလဲကုန် တော့တာပါပဲ။ တစ်ဖက်မှာတော့ မက်စ်လုပ်နေတဲ့ ဂြိုဟ်တုစီမံကိန်း ကို ခိုးဖို့ကြံနေတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိပါသေးတယ်။ ဆက်လက်ပြီး ဇာတ်သိမ်းနဲ့အဖြေကိုသိရအောင် ဇာတ်ကားကိုကြည့် ရှုခံစားလိုက်ကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(720 MB) / (300 MB) Quality............WEB-DL 1080p / 720p Duration.........1Hr Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Sci-Fi Translator.......Ngwe Zin Encoder..........SWM
movie

Moon Maidens (2023)

2023
Mangalavaaram (2023) 6.8
Mangalavaaram (2023) Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း ‌နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie

Mangalavaaram (2023)

2023