Channel Myanmar

2023

Lingoccha (2023) 8.8
Lingoccha (2023) Lingocha (2023) လင်ဂိုချာအချစ်ဇာတ်လမ်းတစ်ပုဒ်IMDb-8.8/10လင်ဂိုချာကစားရင်း ဖြစ်တည်လာတဲ့အချစ်တစ်ခု အဲဒီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်။လင်ဂိုချာကစားရင်းစတွေ့မိတဲ့ ကောင်မလေးကို မြင်မြင်ချင်းသဘောကျသွားတဲ့ရှီဗာ ။ အဲဒီကောင်မလေးက ဟိုးအဝေးကြီးက ဒူဘိုင်းကိုသွားရတော့မယ်ဆိုတော့ သူတို့အချစ်ဇာတ်လမ်းက မစခင်အဆုံးသတ်တော့မလို....ဒါပေမဲ့ နှစ်အတော်ကြာလာတဲ့အချိန်မှာကောင်မလေးက ပြန်ရောက်လာခဲ့တယ် ဒူဘိုင်းပြန်အလှသွေးကြွယ်နေတဲ့ နိုရီဂျာလေး.. ရှီဗာကတော့ အလုပ်မယ်မယ်ရရမရှိသူငယ်ချင်းတွေနဲ့ ပျော်ပါးကခုန်နေနေတဲ့သူ.. ငယ်ချစ်ဦးလေး နိုရီဂျာပြန်လာမှန်းသိရတော့ မရေရာတဲ့ဘဝကို ခိုင်မာအောင် ရှီဗာကစကြိုးစားတော့တာပေါ့ သူ့ကို လုံးဝမမှတ်မိတော့တဲ့ နိုရီဂျာအတွက် ရှီဗာ့ရဲ့ နည်းလမ်းစုံကြိုးစားမှုတွေနဲ့ အချစ်ဟာသဇာတ်လမ်းလေးကိုရှုစားကြည့်ပါဦးအဖွင့်မှာတင် ပရိသတ်ကြီးကိုကြိုဆိုတဲ့သီချင်းလေးနဲ့စထားတာမို့ သီချင်းမြူးမြူးလေးတွေနဲ့ ခံစားကြည့်ရှုရမှာပါအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.9GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Lingoccha (2023)

2023
Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) 6.5
Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) Tokyo Revengers 2 Part 1: Bloody Halloween - Destiny (2023)Anime ရော Manga ပါ နာမည်ကြီးခဲ့တဲ့ Tokyo Revengers 2 ရဲ့ Live Action ထွက်ရှိလာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ Takemichi ဟာ သူ့မျက်စိရှေ့မှာတင် Tokyo Manjikai ဂိုဏ်းက သူ့ချစ်သူ Hinata ကို သတ်သွားတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ Takemichi တစ်ယောက် ချစ်သူကိုကယ်တင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဆီကို အချိန်ခရီးသွားခဲ့ပါတော့တယ်။ Hinata ကို ကယ်တင်ဖို့ အတိတ်ကအဖြေကို ရှာဖွေရမယ့် Takemichi ဟာ တကယ့်‌အဖြေကို တွေ့ရှိသွားချိန်မှာတော့…။Tokyo Manjikai ဂိုဏ်းကို တည်ထောင်ခဲ့သူ လူ ၆ ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ဆက်စပ်နေတဲ့ အဲဒီအဖြေကို Takemichi တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲ။ သူ့ချစ်သူ Hinata ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ် ...
movie

Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023)

2023
Evie (2023)
Evie (2023) Evie (2023)Psychological နဲ့ Demonic Creature နှစ်ခုပေါင်းစပ်ထည့်သွင်းထားတဲ့ Horror အမျိုးအစားဖြစ်ပါတယ်။ ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။ အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။ သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား... သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ...
movie

Evie (2023)

2023
Good Grief (2023) 6.4
Good Grief (2023) Good Grief (2023)~ IMDb - 6.4/10, RT - 78%, Meta - 60% ~Schitt's Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt's Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes - 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ...
movie

Good Grief (2023)

2023
Tejas (2023) 6.2
Tejas (2023) Tejas (2023) ထူးချွန်သူ IMDb - 6.2/10ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြော ဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။ အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။ အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။ သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ ကြိုးစားပါတော့တယ်။ တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များ ကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 1.4GB / 656MB  Quality…WEB DL 1080p / ...
movie

Tejas (2023)

2023
Antony (2023) 8.0
Antony (2023) Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Antony (2023)

2023
Mission Raniganj (2023) 7.7
Mission Raniganj (2023) Mission Raniganj (2023) IMDb-7.7/10မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ရုံတင်ကားကြီး တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့ နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။ချာနိုဘိုင်း,The Dam, စသည်ဖြင့် သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် သောက်တလွဲတွေထလုပ်မိလို့ အသက်နဲ့ရင်းအလုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံတွေကို ရိုက်ကူးပြသခဲ့တဲ့ဇာတ်ကားတွေလိုပဲ အခုဇာတ်ကားမှာတော့ မင်းသားကြီး အာရှေးကူးမားက အစွမ်းပြထားပါတယ်။ အားရှေးကူးမားဟာ ခုလို သူရဲကောင်းဆန်ဆန် ဇာတ်လမ်းတွေ အတ္တပတ္တိဇာတ်လမ်းတွေက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိတာကိုတော့ ဝန်ခံပါရစေ။ အဲ့မူရင်းလူတွေကို မသိဖူးမမြင်ဖူးပေမဲ့ သူတို့ဒါမျိုးလုပ်ခဲ့ပါလားဆိုတဲ့ Vibe ကိုတော့ အာရှေးကူးမားက ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီတော့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကား ဇာတ်လမ်းကြီးလဲကြိုသိတယ်ဆိုပေမဲ့ ကြားထဲမှာ တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ...
movie

Mission Raniganj (2023)

2023
4K HEVC
Kidnap For Romance (2023) 7.1
Kidnap For Romance (2023) Kidnap for Romance (2023) IMDb - 7.1/10ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။ သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီး သူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာ မပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။ မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါ လိုက်ဖြေရှင်းနေရသူ။ တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kidnap For Romance (2023)

2023
Monster (2023) 8
Monster (2023) Monster (2023)Original Name - KaibutsuIMDb - 8/10 Rotten Tomatoes - 96%နာမည်ကျော် ဂျပန် ဒါရိုက်တာ Hirokazu Koreeda ရဲ့ လက်ရာမွန် ဇာတ်ကားသစ် ရပါပြီ။IMDb - 8/10, Rotten Tomatoes - 96% ထိ ရရှိထားပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေကြား ရေပန်းစားနေတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ...ဆာအိုရီမုဂိနိုဟာ Single mother တစ်ဦးဖြစ်ပြီး မီနတိုမုဂိနို ဆိုတဲ့ သားလေးတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းလာတဲ့ မီနတိုရဲ့အပြုအမူတွေကြောင့် ကျောင်းက မိခင်ဖြစ်သူ ဆာအိုရီ့ကို ခေါ်တွေ့ပါတော့တယ်။မီနတို ထူးဆန်းလာရတဲ့အကြောင်းအရင်းကတော့ ဟိုရှိခါဝယိုရီ ဆိုတဲ့ သူငယ်ချင်းကောင်လေးကြောင့်ပါ။သူများနဲ့မတူဘဲ ထူးခြားနေပြီး အများက “မကောင်းဆိုးဝါး” လို့ ခေါ်ကြတဲ့ ယိုရီကြောင့် မီနတိုတစ်ယောက် ဘယ်လို‌တွေ ထူးဆန်းလာခဲ့သလဲ။ ဘာကြောင့်များ ယိုရီက သူများနဲ့မတူဘဲ ထူးခြားနေရတာလဲ။ ဒီကလေးနှစ်ယောက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ စတာတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဂျပန်ဇာတ်ကားကောင်းလေးတစ်ကားပါပဲနော်။အညွှန်းကိုတော့ ...
movie

Monster (2023)

2023
Saachi (2023) 8.8
Saachi (2023) Saachi (2023) "ဆာချီ" ====================ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက် ရေလည်ဇာတ်နာတဲ့ IMDb 9/10 ရထားတဲ့ တေလဂူးစကားပြော ရုံတင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆာချီတို့ရဲ့ ရွာလေးမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်နေပါတယ်။ ဆာချီရဲ့ အဖေဟာ ဆံပင်ညှပ်ဆိုင်သေးသေးလေးဖွင့်ပြီး မိသားစုကို ရှာကျွေးနေသူပါ။ သူတစ်ယောက်တည်းရဲ့လုပ်စာနဲ့ မိသားစု ထမင်းနပ်မှန်ဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့အတွက် ဆာချီ့အဖေက ခေါင်းကိုက်ရောဂါ တဖြည်းဖြည်းစွဲလာတာတောင် ဆေးခန်းမပြနိုင်ခဲ့ပါဘူး။ နောက်ဆုံး အိပ်ရာထဲ ဗုန်းဗုန်းလဲသွားချိန်မှာတော့ သူတို့မိသားစုရဲ့ တာဝန်အလုံးစုံဟာ ဆာချီ့ပခုံးပေါ်ကို လုံးလုံးလျားလျား ကျရောက်လာတဲ့အတွက် ဆာချီတစ်ယောက် သူ့အဖေရဲ့ ဆံပင်ညှပ်ဆိုင်လေးကို လက်လွှဲယူလိုက်ရပါတော့တယ်။မိသားစုရဲ့ အခက်အခဲတွေကို ဆာချီဖြေရှင်းနိုင်မှာလား၊ ရွာမှာ လူတွေပျောက်နေတာ ဘာကြောင့်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ပဟေဠိတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.03GB /  1GB Quality…WEB DL ...
movie

Saachi (2023)

2023
After Sundown (2023) 5.7
After Sundown (2023) နေကွယ်ပြီးနောက် ရောက်သည့်အခါ (၂၀၂၄)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ မူဗီလေးကတော့ CM ပရိသတ်ကြီးတို့အကြိုက် ထိုင်း BL ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၉၆၁ ခုနှစ်ကာလကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဆန်ရာဝီဆိုတဲ့ ကောင်လေးဟာ ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတဲ့ လိမ္မာပြီး နူးညံ့သိမ်မွေ့တဲ့ ၂၁ နှစ်အရွယ်ကောင်လေးပါ ရည်ရွယ်ချက်ကြီးမားပြီး စာပေလေ့လာချင်တဲ့ကလေးမို့ တစ်နေ့မှာ သူ့ဆရာတော်ရဲ့မိတ်ဆွေဟောင်းဖာလစ်ရဲ့တောင်းဆိုချက်အရ သူ့ရဲ့ ပညာရေး နဲ့ အနာဂတ်အတွက် ဖာလာနန်ကွန်ကို လိုက်သွားခဲ့ရပါတော့တယ်တစ်ဖက် အဘိုးဖာလစ်ကလည်း မြေးဖြစ်သူ ဖရာဖလန် ၂၅ နှစ်မှာ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမယ်ဆိုတဲ့ဟောကိန်းကြောင့် သူ့မြေးနဲ့ ကံကြမ္မာပေါင်းစည်းဖို့ ကြမ္မာလက်တွဲဖော်ကို ရှာနေတဲ့အချိန်မှာ အဘက်ဘက်က ကိုက်ညီနေတဲ့ ရာဝီတစ်ယောက် ဖရာဖလန်ရဲ့ ဖူးစာဖက်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်သူတို့နှစ်ဦးရဲ့ကံကြမ္မာပေါင်းစည်းမှုကရော အဆင်ချောလှပပါ့မလား အတိတ်က အာဃာတတွေကရော သူတို့အားလုံးကို ဘယ်လိုလောင်မြိုက်စေဦးမလဲဆိုတာကို Horror Vibe လေးနှောပြီးကြည့်ရမှာမို့ မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Char Ou တို့ပဲ ...
movie

After Sundown (2023)

2023
Jenni (2023)
Jenni (2023) Jenni (2023) အရုပ်သရဲမလေးဂျန်နီဒီတစ်ခါမှာလည်း သရဲကားကြိုက်ပရိသတ်တွေအတွက် ရုံတင်သရဲကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဂေ့ရှ်က တစ်ရက်မှာ လုပ်ငန်းခွင်ထဲကို သားဖြစ်သူချန်ဒရူကို ခေါ်သွားရာကနေ ချန်ဒရူလေးဟာ လုပ်ငန်းခွင်ထဲကနေ သစ်သားပန်းပုရုပ်လေးတစ်ယောက်ကို ကောက်ရလာပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့မှာပဲ မြေတူးနေရင်း စက်အကောင်းကြီးကနေ ထိုးရပ်သွား၊ တရားရုံးကနေလည်း လုပ်ငန်းခွင်ကို ခေတ္တနားထားဖို့ စာရောက်လာတာတွေနဲ့ မာဂေ့ရှ်တစ်ယောက် အလုပ်က အဆင်မပြေဖြစ်နေခဲ့ပါတယ်။ချန်ဒရူလေးဟာ ကောက်ရတဲ့အရုပ်လေးကို အရမ်းကို ကြိုက်နှစ်သက်ပြီးတော့ အဖေတွေ အမေတွေက ဘယ်လိုပဲ လွှင့်ပစ်ဖို့ပြောပြော လွှင့်မပစ်ဘဲ တစ်ချိန်လုံး အရုပ်လေးကို ကိုယ်နဲ့မကွာအနားမှာပဲ ထားလို့နေပါတော့တယ်။ ဒီအရုပ်လေး ရောက်လာတဲ့နောက်ပိုင်းမှာ ချန်ဒရူလေးဟာ အရင်နဲ့မတူတော့ဘဲ ကလန်ကဆန်တွေ လုပ်လာပြီး သူ့ရဲ့ အမူအယာတွေ ထူးဆန်းလို့လာပါတော့တယ်။နောက်ပိုင်းမှာ ချန်ဒရူလေးဟာ ဘယ်လိုထူးဆန်းတာတွေ လုပ်ဦးမလဲ .......... ချန်ဒရူကောက်ရလာတဲ့ အရုပ်လေးမှာရော ဘယ်လိုနောက်ကြောင်းတွေ ရှိနေလဲ ........ အရုပ်လေးထဲမှာရော ဘယ်လိုအရာမျိုးက ပူးကပ်နေတာလဲ ........ ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Cherry~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Jenni (2023)

2023
The Trial (2023) 8.4
The Trial (2023) The Trial 2023 ဒိုင်ယာရီနောက်ကွယ်ကအမှန်တရားဉာဏ်ကစားရတာကြိုက်တဲ့ မှုခင်းပရိသတ်တို့အတွက် India အလှမယ်တစ်ယောက်ဖြစ်တဲ့ Spandana Palli ရဲ့ the trialဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရူပါရော ဘော်ဒီပါလန်းတဲ့ Spandanaတစ်ယောက် ဘယ်လိုဇာတ်လမ်းလှည့်ကွက်နေတဲ့ ကြည့်ရှုသူကို အတွေးများစေမလဲဆိုတာ ရှုစားကြပါဦး။ရူပါနဲ့အာဂျေးဟာ မိဘချင်း‌ပေးစားလို့ အကြောင်းပါခဲ့တာဆိုပေမဲ့ အများအမြင်မှာတော့ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပေါ့။ ဒီလိုနဲ့ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်မှာ ရူပါအတွက် အာဂျေးက အံ့အားသင့်စရာလေးစီစဉ်ပြီးတော့ ရမ်နာဂါက The Nestဆိုတဲ့တိုက်ခန်းကိုလာခဲ့ဖို့ခေါ်တာပေါ့။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာပါလာတဲ့သတင်းကတော့ သူတို့ရဲ့အသိမိတ်ဆွေအားလုံးအတွက် အံ့အားသင့်စရာဖြစ်သွားတာပါ။ ဒီသတင်းကတော့ အာဂျေးတစ်ယောက် နှစ်ပတ်လည်နေ့စပရိုက်စ်တိုက်နေတုန်း တိုက်ပေါ်ကခြေချော်ကျပြီး ဆုံးသွားပါပြီတဲ့။မတော်တဆမှုတစ်ခုနဲ့ ဒီအမှုကိုပိတ်လိုက်ပေမဲ့ အာဂျေးရဲ့အသိုင်းအဝိုင်းကတော့ မကျေနပ်ကြပါဘူး။ ဒီကြားထဲကမှ အရက်ဘားတစ်ခုမှာ ရည်းစားဟောင်းနဲ့ပျော်ပါးနေတဲ့ပုံကိုမြင်လိုက်တော့ ညီမဝမ်းကွဲဖြစ်တဲ့ ဗိုင်ရှနာဗီက အာဂျေးရဲ့အခန်းမှာရှာဖွေရင်းနဲ့ အာဂျေးရဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့သွားပါတော့တယ်။ အထဲမှာလည်း အိမ်ထောင်သက်တမ်းတစ်လျှောက် ကိုယ်ရောစိတ်ပါ ညှင်းပန်းခံနေရသယောင်အရေးအသားတွေကြောင့် ဒိုင်ယာရီကို သက်‌သေအနေနဲ့ တရားရုံးကို တင်သွင်းလိုက်အပြီးမှာ အာဂျေးရဲ့သေဆုံးမှုကို ပြန်စစ်ဆေးဖို့တာဝန်က အင်စပက်တာရာဂျိဗ့်ရဲ့ပခုံးပေါ်ရောက်လာပါတော့တယ်။အာဂျေးနဲ့ရူပါကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။ အာဂျေးရဲ့သေဆုံးမှုဟာ တကယ်ပဲ သွေးရိုးသားရိုးမဟုတ်ဘူးလား။ ကိုယ်တိုင်လည်း လက်ထောက်အင်စပက်တာဖြစ်တာမလို့ နယ်နယ်ရရမဟုတ်တဲ့ရူပါကို ရာဂျိဗ့်တစ်ယောက် စစ်မေးရင်း အမှုမှန်ကိုဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။( အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

The Trial (2023)

2023
Napoleon (2023) 6.5
Napoleon (2023) Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie

Napoleon (2023)

2023
4K HEVC
Saandrithazh (2023) 8.3
Saandrithazh (2023) Saandrithazh (2023)"တဝဲလည်လည်" ==============================IMDb 8.3/10 အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက်အချစ်ဟာသရုပ်ရှင်လေးကို စီအမ်အိန္ဒိယပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ကာရူဗာရိုင်ဆိုတဲ့ ရွာလေးဟာ ရေလည် ခေတ်ရှေ့ပြေးတဲ့ ရွာလေးပါ။ တစ်ရွာလုံးမှာ တိုက်တွေချည်းပဲရှိပြီး စီစီတီဗွီ အပြည့်တပ်ထားတဲ့ စံပြကျေးရွာဆုကိုတောင်ရတဲ့ ရွာလေးပေါ့။ ရွာက ခေတ်ရှေ့ပြေးပေမဲ့ ရွာသားတွေကတော့ ရှေးရိုးစွဲကြပြီး စည်းကမ်းအင်မတန် တင်းကျပ်ထားတာ အစိုးရက ပေးတဲ့ စံပြကျေးရွာဆုကိုတောင်ငြင်းပြီး ဆုလာပေးတဲ့ ဝန်ကြီးကိုပါ ရွာထဲပေးမဝင်တဲ့အထိ ခေါင်းမာကြပါတယ်။အဲဒီလို ခေတ်ရှေ့ပြေးပြီး ခေတ်နောက်ကျတဲ့ ရွာလေးကို စိတ်ဝင်စားတာကြောင့် သတင်းယူဖို့အတွက် သတင်းထောက်မလေးတစ်ယောက် ခိုးဝင်လာတဲ့အချိန်မှာတော့...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3GB/ 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Saandrithazh (2023)

2023
Dangerous Waters (2023) 5.1
Dangerous Waters (2023) Dangerous water (2023) =================စွန့်စားခန်း thriller ကားကောင်းကောင်းမျှော်နေသူတွေအတွက် အရမ်းမိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပင်လယ်ပြင်ကို မွေးနေ့အပျော်ခရီး ရွက်လွှင့်ထွက်လာခဲ့တဲ့ ရို့စ် ၊ အယ်မာနဲ့ ဒဲရက် စတိုက်တို့ ၃ ယောက်ဟာ... တဖြည်းဖြည်းနဲ့ရေစီးကြောင်းပြောင်း လဲမှုကြောင့် ဘာမြူဒါတြိဂံနားအထိရောက်သွားပါတယ်။ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ ခရီးဆက်ရင်း လူသူမနေနဲ့ စွန့်ပစ်ကျွန်းကြီးကိုရောက်သွားတဲ့အခါမှာတော့ ဆန်းကြယ်မှုတွေနဲ့ အပြည့်ဖြစ်နေခဲ့ပြီး သူတို့ ၃ ယောက်ကြားမှာလည်း မပြီးပြတ်သေး တဲ့ ပြဿနာလေးတွေကိုဖြေရှင်းရင်း သမုဒ္ရရာကြီး‌ကနေ ဘယ်လို လွတ်မြောက်သွားမလဲဆိုတာကို စိတ်၀င်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.5 GB) / (560 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thiha Yan Naing Encoder..........SWM
movie

Dangerous Waters (2023)

2023
Spaghetti (2023) 5.6
Spaghetti (2023) Spaghetti (2023) ==============သူနာပြု‌မလေး လီနာဆိုင်မွန်တစ်ယောက် အလုပ်သွားရင်း လမ်းမှာကားပျက်သွားတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဖြစ် တဲ့ စကော့တီရဲ့အကူအညီကို မယူချင်ဘဲယူလိုက်ရတယ်။ လီနာနဲ့ စကော့တီတို့ အပြန်အလှန်စကားတွေပြောရင်း ညစာ အတူစားဖို့ချိန်းတဲ့အထိရင်းနှီးသွားကြရော။ ဒါပေမဲ့ ‌လီနာက စကော့တီအပေါ် အရမ်းသဘောကျသွားပြီး သူ့ကိုပိုင်ဆိုင်ချင် လာတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူ ညွှန်းပေးတဲ့ မှော်ဆ ရာမကြီးဆီမှာ အစီအရင်သွားလုပ်မိလိုက်တယ်။ အဲလိုအစီ အရင်လုပ်ပြီးနောက် သူ(မ)ဘဝ ဘယ်လိုမျိုး‌အကြီးအကျယ် ပြောင်းလဲဆိုတာကို ဟော်ရာဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.28 GB) / (491 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 21Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Khant Sett Naing Encoder..........SWM
movie

Spaghetti (2023)

2023
Amerikatsi (2023) 7.2
Amerikatsi (2023) Amerikatsi (2023)~ IMDb - 7.2/10, Rotten Tomatoes - 88% ~Amerikatsi ဟာ သူ့ Tagline နဲ့ တော်တော်လိုက်ဖက်တဲ့ ရုပ်ရှင်တစ်ကားလို့ပြောရမယ်။ ပြောရရင် ဒီဇာတ်ကားတစ်ခုလုံးရဲ့ Point of View ဟာ "Freedom is a state of mind." ဆိုတဲ့ သူ့ Tagline ပဲ။ ၁၈၉၀ကနေ ၁၉၁၉အထိ အာမေးနီးယားနိုင်ငံသားတွေ ၃ကြိမ်တိတိ အစုအပြုံလိုက်အသတ်ခံရဖူးတယ်။ အဲဒီလိုအခြေအနေတွေမှာ နိုင်ငံကနေထွက်ပြေးပြီး အမေရိကန်ကို ဝင်ရောက်ခိုလှုံခဲ့တဲ့ အာမေးနီးယန်းတွေ ရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ၁၉၁၅မှာစခဲ့တဲ့ Armenian Genocide ကာလမှာ ကလေးပေါက်စလေးဘဝနဲ့ အမေရိကန်ကိုထွက်ပြေးခိုလှုံခဲ့တဲ့သူပေါ့။ သူ့နာမည်က ချာလီဘတ်ချင်ရန်။ နှစ်တွေတော်တော်ကြာပြီး လူကြီးဖြစ်လာတဲ့အချိန် သူ့ဇစ်မြစ်နိုင်ငံ ဇာတိမြေ အာမေးနီးယားနိုင်ငံအကြောင်းသိချင်သလို အာမေးနီးယားနိုင်ငံသားတွေကိုလည်း တွေ့ချင်တယ်ဆိုတဲ့ ...
movie

Amerikatsi (2023)

2023
Back on the Strip (2023) 4.2
Back on the Strip (2023) Back on the Strip (2023) ===================မာလင်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက မျက်လှည့်ကို ဝါသနာပါခဲ့ပြီး သူ့ရဲ့ငယ်သူငယ်ချင်း ရော်ဘင်ကို အရူးအမူးချစ်ခဲ့သူပါ။ ဒါပေမဲ့ ရော်ဘင်က ကောလိပ်သွားတက်တော့ သူနဲ့ကွဲသွားပြီး သုံးနှစ် အကြာမှာ သူ့ဆီပြန်ရောက်လာခဲ့တယ်...ရည်းစားကြီးနဲ့ပေါ့။ သူချစ်ခဲ့ရတဲ့ကောင်မလေးကို ဆုံးရှုံးပြီးတဲ့နောက်မှာ Las Vegas မှာ မျက်လှည့်ပွဲလုပ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ Las Vegas ကိုရောက်လာခဲ့တယ်။ဒါပေမဲ့ မျက်လှည့်မပြရဘဲ အကြောင်းအမျိုးမျိုးကြောင့် stripper ဘဝ ကိုရောက်သွားပါတယ်။ အဲဒီနောက်မှာ မာလင်ကဘယ်လိုမျိုး အိပ်မက် ကို ဆက်ပြီး အကောင်အထည်ဖော်ရင်း ရော်ဘင်နဲ့ဆက်ဆံရေးကိုပါ ထိန်းထားပြီး နောက်ဆုံးမှာ သူအောင်မြင်နိုင်မလားဆိုတာကို ကြည့်ရှု ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kasashi ဖြစ်ပါတယ်)File Size..........(2 GB) / (1 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Kasashi Encoder..........SWM
movie

Back on the Strip (2023)

2023
Tiger 3 (2023) 7.0
Tiger 3 (2023) Tiger 3 (2023) "စလူးဘိုင်ရဲ့ တိုက်ဂါး၃" ============================ အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်IMDb - 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။ အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။ နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကို ချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးက ဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်း ခံစားကြည့်ရှုကြပါဦး။ (အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ...
movie

Tiger 3 (2023)

2023
4K HEVC