Channel Myanmar

2023

Hi Nanna (2023) 8.4
Hi Nanna (2023) Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie

Hi Nanna (2023)

2023
4K HEVC
Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023) 6.6

Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023)

2023
Extra Ordinary Man (2023) 7.3
Extra Ordinary Man (2023) Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Extra Ordinary Man (2023)

2023
Postman (2023) 5.5
Postman (2023) ခေတ် ၄ ခေတ် ရဲ့ စာချွန်ရှင် (၂၀၂၃)စာတိုက်ကနေပို့တဲ့စာတစ်စောင် လူတွေအချင်းချင်း ဆက်သွယ်နေတဲ့စာရွက်တစ်ရွက်ဟာ သာမန်စာရွက်ဖြူတစ်ရွက်ပဲမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ စိတ်ခံစားချက်တွေ ပါဝင်နေတဲ့စာတစ်စောင်ပါပဲ။ဒိုဟာ ၉၀ ခုနှစ်နှောင်းပိုင်းက စာပို့သမားလေးတစ်ယောက်၊ ငယ်ငယ်ထဲက စာပို့ရတာနဲ့ ပေးစာရေးတဲ့စာရွက်ကို သဘောကျလွန်းတာကြောင့် ဆန္ဒအလျောက် စာပို့သမားဖြစ်လာတဲ့သူတစ်‌ယောက်ပေါ့။ ဒီလိုနဲ့ဒိုတစ်ယောက် မတူညီတဲ့အချိန်ကာလ ၄ ခုဖြစ်တဲ့ ကျောက်ခေတ်၊ မြန်မာယိုးဒယားစစ်ပွဲကာလက ဘန်ချလဘ်ရွာ၊ သူကိုယ်တိုင်ရောက်ရှိနေတဲ့ ၉၀ ခုနှစ်နှောင်းပိုင်းက တုံယမ်ကွန်းစီးပွားရေးပျက်ကပ်ကာလ၊ နောက်ဆယ်စုနှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို စာပို့ရဖို့ဖြစ်လာပါတော့တယ်။ဘာသာစကားဆိုတဲ့အရာတောင် မဖြစ်လာသေးတဲ့ကျောက်ခေတ်ကဒူအက်၊ ကံဆိုးပြီးတော့ အင်းဝမြန်မာစစ်ပွဲထဲမှာ ပါဝင်ဖို့ဖြစ်လာတဲ့ မွေးလာကတည်းက ကံခေလွန်းတဲ့ မောင်ကံဆိုး ဒူအီ၊ အနာဂတ်ကာလမှာ ရာသီဥတုကဖောက်ပြန်နေပြီး အာဏာရှင်ဦးနှောက်ဆေးတာခံနေရတဲ့နေရာက ထွက်ပြေးဖို့ လှေလက်မှတ်ဝယ်ဖို့ငွေစုနေတဲ့ဒေး၊ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး စာပို့သမား ဒိုဒီလူ ၄ ယောက် မတူညီတဲ့ခေတ်ကာလ မတူညီတဲ့ဘဝဇာတ်ခုံမှာ ဘယ်လိုကပြဖျော်ဖြေသွားမလဲဆိုတာ အချစ်‌မေတ္တာ၊ အမုန်း၊ သံယောဇဉ်၊ သစ္စာတရား အစရှိသဖြင့် ရသစုံလင်အောင် ခံစားရမှာမလို့ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Postman (2023)

2023
Good Egg (2023) 5.6
Good Egg (2023) Good Egg (2023)မကြာခင် အသက်၄၀ပြည့်တော့မယ့် ဂျက်ဆီကာက သူ့အရွယ်အမျိုးသမီးတို့ထုံးစံအတိုင်း ကလေးယူဖို့ခက်ခဲတာကို ကြိုးပမ်းရင်း ခင်ပွန်းဖြစ်သူနဲ့အတူ မမျှော်လင့်ဘဲ စွန့်စားခန်းကြုံလိုက်ရတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ဂျက်ဆီကာက ဆရာမဖြစ်ပြီး ခင်ပွန်းဂေါ်ဒန်ကတော့ ဘဏ်တစ်ခုက အိုင်တီသမားဖြစ်ပါတယ်။ သူတို့လင်မယားက ကလေးယူဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ဂျက်ဆီကာရဲ့အသက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဆရာ၀န်ရော ဂေါ်ဒန်ကပါ အလှူရှင်ဆီက မျိုးဥ၀ယ်ဖို့ တိုက်တွန်းပေမဲ့ ဂျက်ဆီကာက သူတို့ကလေးကို အမျိုးကောင်းသားလေးဖြစ်ချင်တာရော စာရွက်စာတမ်းပေါ်က အချက်အလက်ပဲသိရပြီး အပြင်မှာ မရင်းနှီးတဲ့သူဆီက မလိုချင်တာကြောင့်ပါ ကြန့်ကြာနေခဲ့ပါတယ်။နောက်တော့ မထင်မှတ်ဘဲ ဘရစ်ဂျစ်ဆိုတဲ့မိန်းကလေးကို လူဆိုးတွေလက်က ကယ်မိရာကနေ သူ့ဆီက မျိုးဥ၀ယ်ဖို့ဖြစ်သွားပါတယ်... ဘရစ်ဂျစ်က ငွေ အရေးတကြီးလိုနေပြီး တရား၀င်မျိုးဥ၀ယ်ရင် အရမ်းဈေးကြီးတာကြောင့်ပါ။ကံဆိုးတာကတော့ ဂျက်ဆီကာတစ်ယောက် ဘရစ်ဂျစ်နဲ့ပတ်သက်မိရာက သူ့ပြဿာနာထဲ‌ ရောပါသွားပြီး လူဆိုးတွေပြန်ပေးဆွဲတာခံရပါတော့တယ်။ တစ်ဖက်မှာလည်း ဂေါ်ဒန်က မိန်းမပျောက်လို့လိုက်ရှာရင်း လူဆိုးတွေလက်ကနေ ဂျက်ဆီကာကို ကယ်ထုတ်တာကို ဟာသလေးတွေနဲ့အတူ ရှုစားရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune ...
movie

Good Egg (2023)

2023
JFK: What The Doctors Saw (2023) 7.5
JFK: What The Doctors Saw (2023) JFK: What The Doctors Saw (2023)~ IMDb - 7.5/10, Rotten Tomatoes - 83% ~Q: "ကနေဒီ" ကို ဘယ်သူသတ်သလဲ။ Me: "ကနေဒီ" ကို အမေရိကန်အစိုးရက သတ်လိုက်ပါတယ်။ကျွန်တော်တို့တတွေ ဇာတ်ကားတွေတိုင်းမှာ ကမ္ဘာပျက်လုနီးအဖြစ်တွေကို ကယ်တင်နေကျ FBI အေးဂျင့်တွေ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေက နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို စစ်တပ်နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတော့ အဖြစ်မှန်က ဇာတ်ကားနဲ့ မတူဘူးလို့ပဲ ပြောရမလား။ကနေဒီ ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား "လီ ဟာဗေး အောက်စ်ဝဲလ်" ဆိုတာ နယ်ရုပ်လေးတစ်ခုပဲလား။သေနတ်သမားတစ်ယောက်တည်းပါဆိုပြီး ကျားကျားမီးယပ်ပြောနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ ရေတပ်က ဆရာဝန်တွေဟာ သမိုင်းတွင်လောက်တဲ့ အမှားအယွင်းကြီးကို ရိုးရိုးသားသားလုပ်မိတာလား၊ ဆန်းဆန်းပြားပြားလုပ်ခဲ့တာလား။ယုတ်စွအဆုံး လုပ်ကြံမှုစုံစမ်းရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဩဇာတိက္ကိမရှိသူတွေပါဝင်တဲ့ ဝါရန် ကော်မရှင်ကလည်း ဒီပုတ်ထဲကဒီပဲ အရသာပဲထွက်လာတဲ့ ဟင်းတစ်ခွက်ပဲလား။သမ္မတ ...
movie

JFK: What The Doctors Saw (2023)

2023
#MayaLo (2023) 7.5
#MayaLo (2023) #Mayalo (2023) အမုန်းမှသည်အချစ်ရှိရာသို့ IMDb -6.5/10"ဘဝဆိုတာ ကံကြမ္မာဇာတ်ဆရာရဲ့လိုအင်အရ ကပြနေရတဲ့ဇာတ်ခုံတစ်ခုဆိုတဲ့အတိုင်းပဲ မထင်မှတ်ထားတဲ့ ထင်ယောင်ထင်မှား အယောင်ပြသက်သက်တွေနဲ့ ပြည့်နှက်နေတတ်ပါသတဲ့"Slap kissကြိုက်တဲ့ပရိသတ်ကြီးအတွက် slap-kissလောက်မကြမ်းပေမဲ့ တကျက်ကျက်ရန်ဖြစ်နေရင်းကနေ အချစ်တွေပေါက်ဖွားလာမယ့် argue-kissအချစ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေနဲ့ ဟာသတွေနဲ့ ခပ်မြူးမြူးဇာတ်လမ်းလေးဆိုတော့ မပျင်းရမှာတော့ အသေအချာပါပဲ။မာယာ ဆင်ဒူနဲ့ ခရစ်ရှ်နာဆိုတာ တက္ကသိုလ်မှာ အတန်းတူတူတက်ခဲ့ကြတဲ့ အတန်းဖော် ၃ ယောက်ပေါ့။ ခရစ်ရှ်နာကတော့ တက္ကသိုလ်တစ်လျှောက်လုံးမှာ မာယာကိုသဘောကျနေပြီး ကျောင်းပြီးရင်စဉ်းစားပေးမယ်ဆိုတဲ့စကားတစ်ခွန်းကို အတည်ယူလို့ မာယာအတွက် အရာရာဖြည့်ဆည်းပေးခဲ့ပေမဲ့ ခြံထဲကကြက်လို့ပဲ ခရစ်ရှ်နာကို သဘောထားခဲ့တဲ့မာယာကတော့ ခရစ်ရှ်နာကို‌စိတ်မဝင်စားခဲ့ပါဘူး။မာယာနဲ့ဆက်နွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြတဲ့ ဆင်ဒူနဲ့ခရစ်ရှ်နာဟာလည်း ကျောင်းတော်က ရန်စလေးတွေကြောင့် တွေ့လိုက်တိုင်း ၃ နဲ့ ၄ လို မျက်နှာချင်းမဆိုင်ကြဘဲ ကြောင်နဲ့ကြွက်လို တကျက်ကျက်ပေါ့။တွေ့တာနဲ့ရန်ဖြစ် အငြင်းပွားပြီး တူးခါးနေအောင်မုန်းပါတယ်ဆိုတဲ့ ဒီနှစ်ယောက် မာယာရဲ့မင်္ဂလာပွဲအတွက် မင်္ဂလာကားကိုပို့ပေးရမယ်ဆိုတဲ့ အကြောင်းရင်းကြောင့် တစ်ကားတည်းအတူစီးလို့ တစ်ခရီးတည်းသွားဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...မျက်နှာမြင်တာနဲ့ကို ရန်ဖြစ်ချင်နေတဲ့ဒီနှစ်ယောက် လမ်းခရီးတစ်လျှောက် ဘယ်လိုတွေခရီးဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ...
movie

#MayaLo (2023)

2023
Next Goal Wins (2023) 6.6
Next Goal Wins (2023) Next Goal Wins (2023)~ IMDb - 6.6/10, RT - 44%, Meta - 44% ~ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က "American Samoa" တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ...
movie

Next Goal Wins (2023)

2023
4K HEVC
[18+] Foursome (2023) 6.5
[18+] Foursome (2023) Foursome (2023)ဒီနိုနဲ့ ဂျီနာတို့ဟာ ငယ်သူငယ်ချင်းတွေဘ၀ကနေ ညားသွားကြတဲ့ လင်မယားနှစ်ယောက်ပါ။ ငွေကြေးဥစ္စာပြည့်စုံသလို အချင်းချင်းလည်းချစ်ကြင်နာကြတဲ့ သူတို့နှစ်ယောက်ဘ၀မှာ အကြီးမားဆုံးပြဿနာကတော့ ဒီနိုရဲ့ ယောက်ျားဘာ၀အားနည်းမှုကြောင့်ပါပဲ။ ညားကာစခြောက်လလောက်အထိ အဆင်ပြေနေပေမဲ့ နောက်ပိုင်းဇာတ်ရှိန်တက်မှ ညှိုးကျသွားတဲ့ ဒီနိုရဲ့ပန်းကလေးကြောင့် ဂျီနာတစ်ယောက် ဟာစလာဖြစ်ပြီး ကျန်ခဲ့ရတာအခါခါဆိုတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကီကီနဲ့မိန်းမချင်း နှစ်ပါးသွားကြပါတော့တယ်။ဒီနိုဘက်ကလည်း သူ့ရဲ့ပြဿနာကိုအဖြေရှာဖို့ ဒီအပိုင်းမှာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာခရစ်စ်နဲ့တိုင်ပင်ရင်း သူကပါ ဒေါက်တာခရစ်စ်နဲ့အမျိုးသားချင်း သဒ္ဒါလွန်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒေါက်တာခရစ်စ်နဲ့ ဂျိမ်းပြီးတဲ့နောက်မှာ သူ့ရဲ့ညှိုးငယ်တဲ့ပြဿနာ ပျောက်ချင်းမလှပျောက်သွားပြီး သူဟာတွန်းနှိုးတစ်ယောက်ဖြစ်တယ်ဆိုတာ သိလိုက်ရချိန်မှာတော့...ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ကြမလဲ၊ ပြဿနာတွေဘယ်လိုတက်ပြီး အဖြေကိုဘယ်လိုရှာတွေ့ကြမလဲဆိုတာ လေးထပ်ကိတ်ဇာတ်ကားကြီးမှာ ဆက်လက်ရှုစားကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.25GB, 1.1GB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 48Min Genre - ...
movie

[18+] Foursome (2023)

2023
Jalapata (2023) 9
Jalapata (2023) Jalapata (2023) "သဘာဝရဲ့ ရင်သွေးငယ်များ"IMDb 9.0Jalapata ဆိုတဲ့ ကန်နားဒါး ရုပ်ရှင်လေးက သာမန်မြင်နေကျဇာတ်ကားတွေနဲ့ ကွဲထွက်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသားပေး ရုပ်ရှင်ဖြစ်ပါတယ်သို့ပေမယ့် ပတ်ဝန်းကျင်ဆိုလို့ မှတ်တမ်းရုပ်ရှင်ဆန်ဆန်မဟုတ်ပဲ ဇာတ်လမ်းဇာတ်ကောင် ကိုယ်စီနဲ့ ကြည့်လို့ကောင်းအောင် တင်ဆက်ထားတာမို့ မပျင်းဘဲ ကြည့်ရမှာပါ"ဂျာလာဒူရ်ဂါ" ဆိုတဲ့ စိမ်းစိုစို သစ်တောတွေနားက ရွာငယ်လေးတစ်ရွာမှာ အမျိုးမျိုးသော လူတန်းစား အစုံအလင်ရဲ့ ဇာတ်ကောင်တွေကို နောက်ခံစကားပြောနဲ့ မိတ်ဆက်ပေးပြီး ခရီးသွားဝတ္ထုအရသာကို အမှန်အကန် ခံစားရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းရဲ့ မူလကျောရိုးကတော့ ပူရ်ဗီနဲ့ကီရန်တို့ သူငယ်ချင်းနှစ်ယောက် Vlog တွေ ရိုက်နေရာကနေ အိမ်အိုလေးမှာ နေထိုင်တဲ့ အဘွားကြီးတစ်ယောက် အကြောင်းကို ဗီဒီယိုရိုက်တင်ဖို့ စိတ်ကူးရလာပါတယ်အဘွား ဗာနာမာလာမာရဲ့ သားဖြစ်သူနဲ့ ဇနီးသည်က အမေရိကကို စွန့်ခွာသွားခဲ့ပြီးတော့ စာမလာ သတင်းမကြားတော့ပဲ... အဘွားအိုတစ်ယောက် အထီးကျန်စွာ နေထိုင်နေရပါတယ် ဒါကို ဗီဒီယိုတစ်ပုဒ် viewer အယောက် ၂၀ ကနေ မတက်တဲ့ ပူရ်ဗီနဲ့ ကီရန်တို့ ဒရာမာအပြည့်နဲ့ အင်တာဗျူးလိုက်ရာမှာတော့ သူတို့ ...
movie

Jalapata (2023)

2023
Angel Baby (2023) 5.0
Angel Baby (2023) Angel Baby (2023) ==============အမြွှာကလေးနှစ်ယောက်ကို မွေးမွေးချင်းဆုံးရှုံးလိုက်ရတဲ့ Val က စိတ်ဝေဒနာရပြီး အိပ်ရာထဲမှာလဲနေခဲ့တယ်။ အဲဒီမှာ Val ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာ Chole က Val ခင်ပွန်းဖြစ်တဲ့ Justin ကို Val စိတ်သက်သာရာရအောင် အေးချမ်းတဲ့နေရာမှာအနားယူဖို့ အကြံပေးခဲ့တယ်။Justin လည်း မြို့ပြနဲ့ဝေးနဲ့ တောင်ပေါ်အိမ်လေးတစ်အိမ်ကိုဝယ်ပြီး Val နဲ့အတူအိမ်ပြောင်းခဲ့တယ်။ အစတော့ Val အဲဒီအိမ်ကိုသဘောကျ ခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီအိမ်ထဲ တစ်ခုခုရှိနေတဲ့ခံစားချ​က်တွေရ​လာ ခဲ့တယ်။ Val ရဲ့ သံသယတွေက သူတို့အိမ်နီးချင်း Frank နဲ့ဆုံပြီးနောက် မှာတော့ သူတို့ဝယ်ခဲ့တဲ့အိမ်နဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တွေရှိနေမှန်း ပိုပြီးသိလာခဲ့ရတယ်။ နောက်တော့ Val တို့လင်မယားနှစ်ယောက် အဲဒီ အိမ်ကြီးမှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ခြောက်ခြားဖွယ်ဆက်လက် ကြည့်ရှုရမဲ့ Horror ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.03 GB) / (463 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thwal ...
movie

Angel Baby (2023)

2023
Heroic (2023) 7
Heroic (2023) Heroic (2023)~ IMDb - 7/10, Rotten Tomatoes - 81% ~ကြီးနိုင်ငယ်ညှဉ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 915MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 28Min Genre - ...
movie

Heroic (2023)

2023
Joe (2023) 8
Joe (2023) Joe (2023) "ဝေးများဝေးရင်..." IMDb - 8.0/10ရင်မှာနွမ်းလို့ အလွမ်းရယ်ဝေရမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် တမီလ်အချစ်ဇာတ်လမ်းလေး တပုဒ်ကိုတင်ဆက်ပေးပါရစေချစ်သူတွေ၊ အိမ်ထောင်သည်တွေကြားမှာ ပြဿနာတွေများလာရင် အရင်နဲ့မတူတော့ဘူးဆိုတဲ့စကားကို လက်ကိုင် ထားကြလေ့ရှိပါတယ်။တကယ်တော့လည်း ချစ်ခြင်းမေတ္တာက ပြောင်းလဲသွားတာမျိုး မဟုတ်တောင် သည်းခံမှု၊ အလိုလိုက်မှုတွေပြောင်းလဲသွားကြတာပါ။ ချစ်သူတွေ မဖြစ်ခင်နဲ့ ဖြစ်ခင်စအချိန်တုန်းက သူဆေးလိပ်တဲ့ ပုံစံလေးကိုက သဘောကျချင်စရာလို့ မြင်ချင်မြင်ပေမဲ့ အချိန်တစ်ခု ကြာလာတဲ့အခါမှာတော့ ကျန်းမာရေးကို စိတ်ပူတာပဲဖြစ်ဖြစ်၊ အနံ့မခံနိုင်တော့တာပဲ ဖြစ်ဖြစ် တားကြတဲ့အခါ နှစ်ဦးနှစ်ဖက်လုံး အမြင်မှာ အရင်နဲ့မတူတော့ဘူးဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတဲ့ကိစ္စတွေထဲက အကြောင်းအရာတစ်ခုပါပဲ။ဒီလိုပဲ ဂျိုးနဲ့ ဆူချီတို့နှစ်ယောက် သိပ်ချစ်ကြပေမဲ့ ကြားလေသွေးလို့ ဝေးရတာတွေ၊ အရင်နဲ့မတူတော့ဘူးဆိုတဲ့စိတ်တွေ ဝင်လာတဲ့အခါမှာ နှစ်ယောက်သား ရင်ဆိုင်ရတာတွေက မလွယ်ကူလှ။ ဒီလိုပဲ သူတို့အချစ်ခရီးလမ်း ဘယ်လိုဆက်မလဲ၊ ဂျိုးဘ၀မှာ ရှရူသီဆိုတဲ့ အမျိုးသမီးလေးထပ်ရှိလာတဲ့အခါ..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Joe (2023)

2023
Devil (2023) 8.4
Devil (2023) Devil The British Secret Agent (2023) ချစ်မိသွားသော ကိုနှင်းမောင်CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ကြည့်ချင်စိတ်ပေါက်သွားမယ်လို့ ယူဆပါတယ် တကယ့်ကို ဆားပုလင်းနှင်းမောင် အိန္ဒိယဗားရှင်းပါပဲ ဒါပေမဲ့ ကိုနှင်းမောင်လိုတော့ စုံထောက်ပဲသက်သက်လုပ်ပြီး လူသတ်မှုပဲစုံစမ်းနေတာတော့ မဟုတ်ပါဘူးစုံထောက် အက်ရှင် အချစ်ဇာတ်ကြမ်းလေးပေါ့ဗျာ အဲ့လိုရေးထားလို့ ကြည့်မကောင်းဘူး ပေါမယ်မထင်လိုက်ပါနဲ့ တကယ့်ကို အိန္ဒိယကားပီပီ အချိတ်အဆက်မိမိနဲ့ အက်ရှင်ဒရာမာအချိုးအစားစားကျကျ တင်ဆက်ပေးထားတာပါဇာတ်လမ်းအစမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ် အဲ့ဒါကို ဗြိတိသျှအစိုးရက အထူးအေးဂျင့်ဒေဗယ်(နတ်ဆိုး)ကို ဖြေရှင်းဖို့တာဝန်ပေးလိုက်ပါတယ် လူသတ်မှုကသပွတ်အူလိုရှုပ်ထွေးနေတာကို ဒေဗယ်တစ်ယောက်အသေးစိတ်စုံစမ်းရင်း လူသတ်မှုသံသယတရားခံရဲ့တူမလေး ဒေဗီကို ချစ်မိသွားပါတော့တယ်လူသတ်မှုကလည်း နောက်ကွယ်က လျှို့ဝှက်ချက်မြှပ်ကွက်ပေါင်းများစွာနဲ့ ထင်ထားတာထက်ပိုနက်နဲပြီး ဒါကိုစုံစမ်းခိုင်းတဲ့ ဗြိတိသျှအစိုးရကိုယ်တိုင်က အခြားရည်ရွယ်ချက်တွေ ရှိနေတဲ့အခါမှာတော့...အေးဂျင့်ဒေဗယ်တစ်ယောက် ဘာတွေကြုံတွေ့ရပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာ စုံစမ်းရေးနောက်ခံဇာတ်ကားပေမဲ့ လူသတ်မှုစုံထောက်တာလေးနဲ့ အချစ်ဇာတ်လေးကို ကျောရိုးယူထားတော့ ကြည့်ရတာမပျင်းစေမဲ့ ဗြိတိသျှခေတ်စတိုင် အက်ရှင်ကားအလန်းလေးကို ပရိသတ်တို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Devil (2023)

2023
4K HEVC
Head Count (2023) 5.0
Head Count (2023) Head Count (2023) ===============Thriller ရုပ်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် ဒီကားလေးက သင့်တော်ပါတယ်။ အကယ်၍ သင့်ခေါင်းကို သေနတ်နဲ့ အချိန်ခံထားရပြီး သင့်အသက်က သေနတ်ထဲမှာပါတဲ့ ကျည်ဆန်အရေအတွက်ပေါ် မူတည် နေတယ်။ အဲလိုအခြေအနေမျိုးကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ကတ် ဟာ ထောင်ကျနေစဉ်မှာပဲ အခွင့်အရေးကောင်းတစ်ခုကြောင့် ရဲကားနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ သတိလစ်သွားခဲ့ပြီး ပြန်သတိရလာတဲ့အချိန်မှာ လူတစ်ယောက်က သူ့ခေါင်းကို သူ့သေနတ်နဲ့ပဲ ချိန်ထားနေခဲ့ပါတယ်။ သူ ဘာကြောင့် ဒီလိုအခြေအနေမျိုးဖြစ်သွားလဲ၊ သေ နတ်နဲ့ ချိန်ထားတဲ့သူကရော ဘယ်သူလဲ၊ သေနတ်ထဲမှာ ကျည်တောင့် ဘယ် နှစ်တောင့်ကျန်နေလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့် ရမှာပါ။ အများကြီးညွှန်းမနေတော့ဘဲ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ အချိန် ကုန်ရကျိုးနပ်မယ်လို့ထင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.13 GB) / (403 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Leonard Lin Encoder..........SWM
movie

Head Count (2023)

2023
[18+] Bedspacer (2023) 8.2
[18+] Bedspacer (2023) Bedspacer (2023)ဂျဲနက်စ်ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်က ရာဇဝတ်မှုနောက်ခံရှိခဲ့ပြီး ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူသစ်ဖြစ်ပါတယ်။ သူလာတက်တဲ့ကျောင်းက သူဌေးသားသူဌေးသမီးတွေအတက်များပြီး အရက်၊ မူးယစ်ဆေးနဲ့ လိင်ကိစ္စတွေဟာ အထူးအဆန်းမဟုတ်သလို အရာရာကို ငွေလမ်းခင်းလို့ရတဲ့နေရာပါ။ရောက်ရောက်ချင်းညမှာပဲ သူ့အဆောင်က ကောင်မလေးနှစ်ယောက် ချစ်တင်းနှောတာကိုချောင်းကြည့်သလိုဖြစ်သွားတဲ့အတွက် ရန်ငြိုးဖွဲ့ခံလိုက်ရပြီး နောက်နေ့ကျ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုက ဗီဒီယိုနဲ့ အရှက်ခွဲခံခဲ့ရပါတယ်။ အဲဒီမှာသူ့ကိုကယ်တင်ပေးခဲ့တဲ့ လက်စီ ဆိုတဲ့ မိန်းကလေးကို အားကိုးမိ၊ တွယ်တာမိရာကနေ ပုံမှန်ထက် လွန်ကဲသွားတဲ့အခါမှာတော့...။မမြင်ရတာကြာပြီဖြစ်တဲ့ Christine Bermas ရဲ့တကျော့ပြန်ဇာတ်ကားဖြစ်ပါတယ်။ အားရစရာကောင်းကြပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.3GB, 970MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 1H 30Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by ...
movie

[18+] Bedspacer (2023)

2023
Rajni (2023) 8.1
Rajni (2023) Rajni 2023 (သရဲတစ်ကောင်၏ကလဲ့စား)IMDb 9.2လူသတ်မှုသတင်းပေးချက်ဝင်လာလို့ ရဲတွေ မှုခင်းဆေးစစ်တွေနဲ့ ပျာယာခတ်နေတဲ့ ဆေးရုံတစ်ရုံမှာ..သတင်းပေးတဲ့လူတွေက ကျောင်းသားလေး၃ယောက် ၃ယောက်စလုံး "သရဲသတ်တာ" "သရဲပုံစံဖြစ်နေတဲ့မိန်းမ" "မိန်းမပုံစံဖြစ်နေတဲ့သရဲ" ဆိုပြီး တောင်စဉ်ရေမရတွေပြောနေကြလေရဲ့ သတ်ပုံကလည်း ယောကျာ်းရင့်မာကြီးကိုကားခေါင်မိုးပေါ်ဆွဲတင်ပြီးသတ်ထားတာ တရားခံကမိန်းမဆိုတော့ မိန်းမတစ်ယောက်အနေနဲ့ ဒီလောက်အားကြီးဖွယ်ရာမရှိနိုင်တော့ ပဟေဠိတစ်ခု အဖြေညှိဖို့ လမ်းတွေက CCTV တွေ အနီးနားကလူတွေပတ်မေးရင်း ပွက်လောရိုက်သွားတဲ့လူသတ်မှုတစ်ခုဖြစ်သွားလေရဲ့အနီးနားကလူတွေကလည်း ဒီလိုညဘက်ကြီး အဲဒီကိုဘယ်သူမှမသွားကြဘူး သရဲလုပ်တာပဲဆိုပြီးပြောနေလေတော့ တကယ်ပဲသရဲကသတ်သွားတာလား ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုနောက်ကွယ်မှာ ဘာရှိနိုင်မလဲဆိုတာကိုတော့....(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှ ဘာသာပြန်ဆိုထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.5GB /  700MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Rajni (2023)

2023
Sila Nodigalil (2023) 8.2
Sila Nodigalil (2023) Sila Nodigalil (2023)IMDb - 8.2/10 ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် သည်းထိတ်ရင်ဖိုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပလတ်စတစ်ဆာဂျရီဆရာဝန်ရာ့ဂျ်တစ်ယောက်ကတော့ မိန်းမရှိရက်သားနဲ့ ကောင်မလေးတွေနဲ့ရှုပ်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါပဲ။ တစ်နေ့မှာတော့ မာယာဆိုတဲ့ ကောင်မလေးနဲ့ စားသောက်ဆိုင်တစ်ခုမှာ ဒိတ်ရင်းကနေ စတန့်ထွင် ဆေးတွေပါသုံးရင်းနဲ့ အရှိန်တွေလွန်ပြီး ရာ့ဂျ်အိမ်အထိပါ ရောက်လာကြပါတော့တယ်။ဒီလိုနဲ့ အချစ်နယ်ကျွံနေကြတဲ့အချိန်မှာပဲ ရာ့ဂျ်မိန်းမ မယ်ဒါက ပြန်လာမယ်ဖုန်းဆက်တဲ့အခါမှာ ခိုးစားကြတဲ့သူတွေရဲ့ ထုံးစံအတိုင်း မာယာ့ကို ပြန်ခိုင်းရင်း ရာ့ဂျ်တစ်ယောက် သူတို့ရှုပ်ထားတာတွေ ရှင်းပါတော့တယ်။ဒီလိုနဲ့ ရှင်းပြီးသွားတဲ့နောက်မှာ မာယာဟာ မပြန်သေးဘဲ မီးဖိုချောင်ထောင့်လေးမှာ ငုတ်တုတ်လေးအိပ်နေတာကို တွေ့သွားတဲ့ ရာ့ဂျ်ဟာ ဇွတ်ပြန်ခိုင်းဖို့ လုပ်ရင်းနဲ့ပဲ မာယာဟာ အိပ်နေတာမဟုတ်ဘဲ ဆေးလွန်ပြီး သေဆုံးသွားကြောင်းကို ရာ့ဂျ်တစ်ယောက်သိလိုက်ရပါတော့တယ်။ အဲဒီမှာပဲ အိမ်ကို အချိန်မရွေး ပြန်လာတော့မဲ့ မိန်းမမသိအောင် မာယာရဲ့အလောင်းကို ဘယ်လိုဖုံးဖိထားမလဲ …… မယ်ဒါကရော ဒီကိစ္စကို ရှာတွေ့သွားမှာလား …… ရာ့ဂျ်တစ်ယောက် အလောင်းတစ်ခုနဲ့ ဘာတွေဆက်ဖြစ်သွားဦးမလဲ ……ဆိုတာတွေကို သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ...
movie

Sila Nodigalil (2023)

2023