Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2022
Remp-It 2 (2022)
Remp-it 2 (2022)2022 ခုကထွက်ရှိထားတဲ့ မလေးရှားဆိုင်ကယ်ပြိုင်ပွဲကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ယခင်က လမ်းမပေါ်မှာတရားမဝင် ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ပြိုင်နေတဲ့ မဒီ တစ်ယောက်လမ်းပေါ်ကနေဆင်းကာ တရားဝင် ဆိုင်ကယ်ပြိုင်ကွင်းထဲဝင်ပြီး ရိုးရိုးသားသားနဲ့ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး နေနေပါတယ်။ ဒါ့အပြင်ရွိုင်းဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ ဆိုင်ကယ်မောင်းသင်တန်းဖွင့်ပြီး ဆိုင်ကယ်မောင်းနည်းပြအဖြစ်နဲ့ ဘဝကိုကြိုးစားနေသူပါ။ ဒါပေမဲ့ အရင်ကသူနဲ့ ရန်ငြိုးရှိခဲ့တဲ့ ဆိုင်ကယ် ဂိုဏ်းတစ်ခုက ပြန်လည်ပေါ်လာပြီး အရင်ကရန်ကြွေးတွေ မဒီရဲ့ ဘဝထဲပြန်ဝင်ရောက်လာတဲ့အခါ ဘယ်လိုပြန်လည်ပြီး ရင်ဆိုင်မလဲ။ ကြားထဲကနေ ဘယ်ကမှန်းမသိတဲ့ သူ့ရဲ့သားဆိုတဲ့ ကလေးတစ်ယောက်ပေါ်လာပြီး ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်တတ်တဲ့ သူ့အကျင့်တွေနဲ့ ဒီကလေးတစ်ယောက်ကို ဘယ်လို တာဝန်ယူပြီး သားအဖဆက်ဆံရေးကို ဘယ်လိုပြန်လည် တည်ဆောက်မလဲဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p File size… 2.1GB | 969MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Remp-It 2 (2022)
2022
6.3
Machine Gun Kelly’s Life In Pink (2022)
Machine Gun Kelly’s Life in Pink (2022) Genre – Documentary, Music IMDB – 6.3/10Hip-hop တွေကို နားထောင်တဲ့လူဆို Machine Gun Kelly aka MGK ဆို သိကြမယ်နဲ့ တူပါတယ်။ ဒါမှမဟုတ်လည်း ဆရာကြီး Eminem နဲ့ ကွိုင်ကြလို့ တစ်ယောက်သီချင်းတစ်ပုဒ်စီနဲ့ အပြန်အလှန် ဖြုတ်ကျတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။အဲဒီထက် ပြောရမယ်ဆို ခုလက်ရှိတွဲနေတာက ပုရိသတို့ အသည်းစွဲ နာမည်ကျော် မင်းသမီး Megan Fox ပဲ ဖြစ်တယ်ဗျာ။ Hip hop ဆိုလို့ ခုကျ Rapper ပဲ လုပ်နေတယ်မထင်ပါနဲ့ ဒီဆရာလေးက Hip-hop တွေ ဆိုလာရင်းကနေ ၂၀၂၀ လောက်ကျတော့ ချောတောငေါ့ပြီး Pop Punk တွေ Rock တွေဖက် ဝုန်းဒိုင်းပြီးပြောင်းသွားပြီး အခုတော့ Rapper တစ်ယောက်ကနေ ...
movie
Machine Gun Kelly’s Life In Pink (2022)
2022
7.6
Pamfir (2022)
Pamfir (2022) ~ IMDb - 7.6/10, Rotten Tomatoes - 93% ~" ဝတ်လစ်စလစ်အခန်းအနည်းငယ်ပါဝင်တာကြောင့် အသက်မပြည့်တဲ့ကလေးတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး "Rotten Tomatoes 93% ရရှိထားပြီး ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့သလို ဆန်ခါတင်တစ်ဆုပါ ဝင်ခဲ့တဲ့ ယူကရိန်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ယူကရိန်းဇာတ်ကားတွေက ဟောလိဝုဒ်ကားတွေထက်စာရင် ကျွန်တော်တို့နဲ့နည်းနည်းအလှမ်းဝေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းက ဟောလိဝုဒ်ထက်မသာတောင် ယှဉ်နိုင်တဲ့အခြေအနေတစ်ခုရှိပါတယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုအဆင့်အတန်းတစ်ခုကို ကောင်းကောင်းချပြထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ဒီရုပ်ရှင်ရဲ့အစမှာ လီယိုနစ်ဆိုတဲ့ ဖခင်တစ်ယောက်၊ မှောင်ခိုသမားဟောင်းတစ်ယောက်ဟာ သူ့ရဲ့နယ်စပ်ကဇာတိမြေကိုပြန်လာပြီး သူ့မိန်းမနဲ့ သားဖြစ်သူနဇာကို ပြန်လာတွေ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သား နဇာက သူ့အဖေကြာကြာနေအောင်ဆိုပြီး သူ့အဖေရဲ့ စာရွက်စာတမ်းတွေထားထားတဲ့ ဘုရားကျောင်းကို မီးရှို့ပစ်ပါတယ်။ အဲဒီမှာ ပြန်အလျော်ပေးဖို့ ပိုက်ဆံလိုတာကြောင့် ဖခင်ဖြစ်သူက သူဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့ မှောင်ခိုအလုပ်ကိုနောက်တစ်ခါ ထပ်လုပ်ရဖို့ဖြစ်လာပါတယ်။မှောင်ခိုလောကဆိုတာ အတော်ကိုရက်စက်တဲ့လောကပါ။ ဂွင်မကျော်သင့်တဲ့လူကိုကျော်မိရင် ဘဝပါပျက်တဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီမှာ ...
movie
Pamfir (2022)
2022
6.9
Great Yarmouth – Provisional Figures (2022)
Great Yarmouth: Provisional Figures (2022) =============================== IMDb Rating - 6.9/10ဒီဇာတ်ကားလေးကတော့ ၂၀၂၂ ခုနှစ်ကထွက်ခဲ့ပြီး ဒါရိုက်တာ Marco Martins ရိုက်ကူးခဲ့တဲ့ဇာတ်ကာင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Brexit အရေးမတိုင်ခင် ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ UK ရဲ့ Norfolk စီရင်စု Great Yarmouth မြို့ထဲကို ပေါ်တူဂီရွှေ့ပြောင်းအလုပ်သမားတွေအများကြီး၀င်လာ ကြပါတယ်။ အဲဒီအလုပ်သမားတွေက ကြက်ဆင်စက်ရုံတွေမှာ အလုပ်ရှာကြပါတယ်။ပေါ်တူဂီအလုပ်သမားတွေရဲ့ ဆရာမကြီးဖြစ်တဲ့ Tânia ကတော့အရင် ကအဲဒီ ကြက်ဆင်မွေးမြူထုတ်လုပ်တဲ့စက်ရုံတွေမှာအလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပြီး ဟိုတယ်ပိုင်ရှင် အင်္ဂလိပ်လူမျိုးကိုလက်ထပ်ထားသူပါ။ သူ(မ)က ဗြိတိန်နိုင်ငံသားဖြစ်ဖို့နဲ့ သူ(မ)ယောက်ျားရဲ့ ပျက်စီးစုတ်ပြတ်နေတဲ့ ဟိုတယ် တွေကိုလည်း ပြန်လည်မွမ်းမံပြီး senior citizens home တည်ဆောက်ဖို့ အိမ်မက်ရှိသူပါ။ဒီဇာတ်ကားလေးမှာဆိုရင် ပေါ်တူဂီအလုပ်သမားတွေရဲ့ဘ၀တွေ၊ သူတို့လုပ် နေရတဲ့ စိတ်ပျက်စရာအလုပ်တွေနဲ့ လူတွေရဲ့စိတ်ဓာတ်ယုတ်ညံ့ပုံတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.84 GB) / (678 MB) / (448 MB) Quality............WEB-DL 1080p / 720p / ...
movie
Great Yarmouth – Provisional Figures (2022)
2022
7.9
Hawa (2022)
Hawa(2022) 7.9/10ယူအက်စ်ဒေါ်လာနဲ့ဆိုတစ်သန်းကျော်အထိ ရုံတင်ငွေရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အော်စကာကော်မတီကနေ ၉၅ကြိမ်မြောက်အော်စကာဆုပေးပွဲအတွက် နိုင်ငံတကာရုပ်ရှင်ဆုစကာတင်စာရင်းမှာထည့်သွင်းဖို့ ပေးပို့ခဲ့တဲ့ ဘင်္ဂါလီစကားပြော ဘင်္ဂလားဒေ့ရှ်ဇာတ်ကားပဲဖြစ်ပါတယ်။ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးမှာ စက်လှေတစ်စီးနဲ့ငါးဖမ်းထွက်ခဲ့ကြတဲ့ တံငါသည်လူတစ်စု။သူတို့ကြားက ရန်ငြိုးအဖုအထစ်တွေ။လှေသူကြီးမသိအောင်ဘတ်ပြီး ပင်လယ်ထဲမှာတင် ငါးအရောင်းအဝယ်လုပ်ဖို့ ဝေစုမတည့်ကြတာတွေ။အဲလိုပြဿနာတွေကြားထဲကနေ သူတို့ရဲ့ငါးဖမ်းပိုက်မှာ သေပြီထင်ရတဲ့မိန်းကလေးတယောက် ငြိပါလာရာကနေစ။အဲဒီမိန်းကလေးက ဘယ်ကလဲ။ ဘာကြောင့် ဒီပင်လယ်ပြင်ကြီးထဲမှာ သူတို့ငါးဖမ်းလှေကပိုက်ကွန်ကိုမှလာငြိနေရတာလဲဆိုတဲ့ ပဟေဠိတွေကိုအဖြေညှိလိုက်ကြရအောင်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Moon,Cherry,BpLတို့ပဲဖြစ်ပါတယ်) File size…2.25GB / 1.03GB Quality…1080p SONY LIV WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by V~Moon~Cherry~BpL
movie
Hawa (2022)
2022
5.0
Killer Stepmom (2022)
Killer Stepmom (2022) =================အဖေနဲ့ အမေက ကွာရှင်းထားပြီး အဖေက မိန်းမငယ်ငယ်လေး ယူထား လို့ စိတ်တွေပျက် အရွဲ့တိုက်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ် ယောက်။ မကြာခင်မှာ ကောလိပ်တက်ရတော့မယ် ဒါပေမဲ့လည်း လောက ကြီးကို မထီမဲ့မြင်လုပ်ရင်း သူများတွေကို လျှောက်လိမ်ညာရင်း ကိုယ့်ဘဝ ကိုယ် ဖျက်သလို ဖြစ်နေတာပေါ့။ နှစ်ဖက်မိဘကလည်း သူပြောသမျှဆို ဘာတစ်ခုမှ မယုံရလောက်အောင်ကို အယုံအကြည်ကင်းမဲ့နေကြတာပါ။ အဲဒီအချိန်မှာလည်း အမေ့အိမ်တစ်လှည့် အဖေ့အိမ်တစ်လှည့် နေနေရင်း ထူးဆန်းတဲ့အဖြစ်ပျက် ကြုံရပါတော့တယ်။အဖေ ကျေနပ်အောင် မိထွေးနဲ့ အပြင်လျှောက်လည်ပေးရာက သူစိမ်းတစ် ယောက်က မိထွေးကို အတင်းလိုက်ခေါ်တာကို မိထွေးက လူမှားနေပါတယ် ဆိုတာမျိုး၊ ဆိုင်ထဲ ကော်ဖီဝယ်နေတုန်း မိထွေးနဲ့ လူစိမ်း စကားများနေတာ မျိုး ပိုဆိုးတာ ညသန်းခေါင်ကျ မိထွေးက ခိုးထွက်သွားလို့ လိုက်ချောင်းရာ ကနေ လူသတ်တာကိုပါ တွေ့လိုက်ရတဲ့အခါမှာတော့… သူပြောတဲ့စကားတွေ ကို မိဘနှစ်ပါးက ယုံပါ့မလား၊ မိထွေးကလည်း တကယ်သတ်တာလား ဘာတွေ ဖြစ်မလဲ စောင့်ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား တစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura ...
movie
Killer Stepmom (2022)
2022
As They Made Us (2022)
As They Made Us (2022)~ Rotten Tomatoes - 81% ~မင်းသားကြီး Dustin Hoffman ရဲ့ ဇာတ်ကားအသစ်ဖြစ်ပြီး သူ့အပြင် The Big Bang Theory ထဲက Howard အနေနဲ့ လူသိများခဲ့တဲ့ မင်းသား Simon Helberg ရဲ့ TBBT အလွန် Acting Skill တွေကိုပါ ရှုစားကြရပါလိမ့်မယ်။ဒီကားကိုကြည့်ရင်းတွေးမိတာက အဘီဂေးရဲ့မိသားစုလိုမျိုးက လက်တွေ့မှာ လက်ညှိုးထိုးမလွဲများလွန်းတယ်လို့ပါပဲ။ မိဘတွေက သားသမီးကိုရွေးလို့ရတယ် သားသမီးက မိဘကိုရွေးလို့မရဘူး ဆိုတဲ့စကားအတိုင်းပါပဲ။ အဘီဂေးတို့မောင်နှမက မွန်းကြပ်ဖို့ကောင်းတဲ့မိဘတွေ ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူက ကိုယ်လွတ်ရုန်းသွားတဲ့အချိန်မှာ ကိစ္စတွေက အကုန် အဘီဂေးခေါင်းပေါ်ကျလာပါတော့တယ်။ကိုယ်ကလည်း ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်ဖြစ်နေတဲ့အပြင် အဖေကလည်းနာမကျန်းဖြစ် အမေကလည်းတစ်မျိုးနဲ့ အဘီဂေးရဲ့ဘဝကို စိတ်၀င်တစားကြည့်ရမှာပါ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီကားလေးက ရိုးရှင်းပေမဲ့ ငယ်ဘ၀ ...
movie
As They Made Us (2022)
2022
5.9
Gym Class (2022)
Gym Class (2022)ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ... ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ... ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 660MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H ...
movie
Gym Class (2022)
2022
6.0
Daliland (2022)
Dalíland (2022) =========== IMDb Rating - 6.0/10Salvador Dali..1990 ခုနှစ်တွေရဲ့ အကြီးကျယ်ဆုံးသော ပြင်သစ် ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိထိ လည်း ပန်းချီလောကမှာ သူ့ရဲ့ အနုစိတ်တဲ့ စုတ်ချက်တွေ တမူထူးခြားထဲ့ လက်ရာတွေကြောင့် ပြောစမှတ်တွင်ဆဲ ဖြစ်ပြီး၊ Nobel Work 7ဆုထိတောင် ပိုင်ဆိုင်ခဲ့ပါတယ်။1904 ခုနှစ်မှာ မွေးခဲ့ပြီး 1989..အသက် 84 နှစ်မှာကွယ်လွန် ခဲ့ပါတယ်..ဒီကားလေးကတော့ Dali ရဲ့ အသက် 70 နောက် ပိုင်းကနေစပြီး သူမဆုံးခင်အထိ သူ့ဘဝရဲ့ နေဝင်ချိန်ကာလမှာ ကြုံတွေ့ရခဲ့တဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေကို Docum- entary ဆန်ဆန်ပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သိပ်ကို ထူးချွန်လှတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအပါ အဝင် အနုပညာသမားတွေဟာ သိပ်ကိုခံစားချက်နုနယ်လှတာ ကြောင့် Dali တစ်ယောက် သူ့ဘဝရဲ့ နေဝင်ချိန်မှာ ဘာတွေဘယ် လိုကြုံတွေခံစားခဲ့ရလဲဆိုတာကိုပါကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(2.2 GB) / (724 MB) / (423 MB) Quality............WEB-DL 1080p / ...
movie
Daliland (2022)
2022
5.1
Summit Fever (2022)
Summit Fever (2022) ================ဒီဇာတ်ကားလေးက 2022 ခုနှစ်ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ Julian Gilbey ရိုက်ကူးထားပါတယ်။ မိုက်ကယ်ဟာ ဆုံးပါး သွားတဲ့သူ့အမ လူစီကြောင့်မလို့တောင်တက်ရတာကိုဝါသနာ ပါသူတစ်ယောက်ပါ။ သူ့အဖေကတော့ ဝင်ငွေကောင်းတဲ့ စီးပွား ရေးလုပ်ငန်းကိုပဲလုပ်စေချင်ပါတယ်။ ဒါပေမယ့်တစ်နေ့တော့ အလုပ်ကနေခွင့်ယူလာပြီး သူငယ်ချင်းတွေဖြစ်တဲ့ ဂျင်ပီရယ်တို့နဲ့ အတူတောင်တက်ဖို့ ချန်မိုနိ့ ကိုထွက်လာပါတော့တယ်။အဲဒီမှာသူတို့သူငယ်ချင်းတစ်စုတောင်တက်နေရင်း မတော်တစ် ဆမှုဖြစ်လို့ လီယို နဲ့ နာတာရှာ တို့သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် လည်း သူတို့သူငယ်ချင်းတွေကတော့ ၀မ်းနည်းပူဆွေးနေခြင်းမရှိ ဘဲ ဂုဏ်ပြုတာဆိုပြီး အနေထိုင်မပျက် တောင်ဆက်တက်နေတုန်း ပါပဲ။ အဲဒါကို မိုက်ကယ်က မကြိုက်လို့တောင်တက်အဖွဲ့ထဲကထွက် လိုက်ပေမယ့်လည်း သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျင်ပီရယ်က မိုက်ကယ့် နေရာကိုတခြားသူတွေအစားထိုးပြီး တောင်တက်ဖို့ပြင် ပါတော့တယ်။ အဲဒီအခါ မိုက်ကယ် ကသူ့အမလူစီ တုန်းကလိုမျိုး သူ့သူငယ်ချင်းကိုအသက်မဆုံးရှုံးစေချင်လို့ တောင်တက်အဖွဲ့ထဲ ပြန်၀င်ခဲ့ပါတယ်။မိုက်ကယ် နဲ့ ဂျင်ပီရယ် တို့အဖွဲ့တောင်တက်တဲ့အခါမှာတော့ မထင် မှတ်ဘဲ မုန်တိုင်းမိပြီး ပြဿနာတွေတက်ကြတဲ့အခါ ဘယ်လိုရင်ဆိုင် ကြလဲဆိုတာ ရင်သပ်ရှုမောစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(3.5 GB) / (1.6 GB) / (640 ...
movie
Summit Fever (2022)
2022
5.7
Blood Flower (2022)
Blood Flower (2022)ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ...
movie
Blood Flower (2022)
2022
6.5
[18+] Sanctuary (2022)
Sanctuary (2022)~ IMDb - 6.5/10, Rotten Tomatoes - 90% ~ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ၊ ငါတို့ဒီကိုဘာကြောင့်ရောက်လာရသလဲ၊ ငါတို့ကကော ဘယ်လိုလူတွေလဲ၊ ငါဆိုတဲ့လူအစစ်အမှန်က ဘယ်သူလဲ ဆိုတဲ့မေးခွန်းတွေဟာ စိတ္တဗေဒပညာရှင်တွေတင်မက သာမန်လူတွေပါ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်မိနေကျ မေးခွန်းတွေပါ။အနုပညာဆိုတာ လူတွေရဲ့ အတွေးတွေကို အသက်ဝင်လာအောင် မှော်သွင်းပေးတဲ့ မှော်တောင်ဝှေးတစ်ခုဖြစ်ပြီး အနုပညာရှင်ဆိုတဲ့ မှော်ဆရာတွေရဲ့ ပဉ္စလက်နဲ့ပေါင်းလိုက်တဲ့အခါ ခေတ်ကိုအံတုနိုင်တဲ့ မှော်ဝင်အနုပညာတွေဖြစ်လာပါတယ်။ဒီလို အနုပညာကတဆင့် နက်ရှိုင်းတဲ့အတွေးတွေအထိခေါ်သွားနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲ Psychological Thriller ရုပ်ရှင်တွေက ထိပ်ဆုံးတန်းကနေ အမြဲပါဝင်နေကျပါ။ Taxi Driver ကစလို့ Donnie Darko, The Machinist နဲ့ American Psycho တို့လိုရုပ်ရှင်တွေ အထိ ဒီလိုရုပ်ရှင်တွေက လူတွေရဲ့ မွန်းကြပ်တဲ့ဘဝလူနေမှုပုံစံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားဘဝကို တနည်းနည်းနဲ့ ဆွဲခွာချပစ်ဖို့ ကြိုးပမ်းချက်တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။အခု Sanctuary ရုပ်ရှင်ဟာ ဟယ်လ်ဆိုတဲ့ ...
movie
[18+] Sanctuary (2022)
2022
6.6
Chevalier (2022)
Chevalier (2022) ============= IMDb Rating - 6.6/10ဒီဇာတ်လမ်းက တေးရေးဆရာ Chevalier de Saint-Georges ဖြစ်တဲ့ Joseph Bologne အကြောင်းကို အခြေခံပြီး ရိုက်ကူးထား တာပါ။ပြင်သစ် သစ်တောပိုင်ရှင် သခင် Bologneနဲ့ သူ့ရဲ့ အာဖရိကန် ကျွန်တို့ကနေ မွေးဖွားခဲ့တဲ့ Joseph က ကပြားလူမဲကလေးပါ။ အဲဒီခေတ်က လူမဲတွေကို ကျွန်အဖြစ်နဲ့ သတ်မှတ်ထားကြတာမို့ Joseph ကိုလည်း သူ့ရဲ့အသားအရေနဲ့ ပတ်သက်ပြီး ကလေး တွေက အနိုင်ကျင့်ကြတယ်။ ဒါပေမဲ့ တယောထိုးရာမှာ တစ်ဖက် ကမ်းခတ်အောင်ကျွမ်းပြီး ဓားထိုး၊ ဘာသာစကား စတဲ့ ကျန်တဲ့ ပညာရပ်တွေလည်း အရမ်းကျွမ်းကျင်တာမို့ Joseph က မကြာ ခင်မှာပဲ ပြင်သစ်အထက်တန်းလွှာ တစ်ဦးအဖြစ် ကျော်ကြား လာခဲ့ပါတယ်။Josephက ပြင်သစ်ဘုရင်မ Marie Antoinette နဲ့လည်း သူငယ်ချင်း ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အထက်တန်းလွှာ ခင်ပွန်းသည်ဇနီး Marie Josephine နဲ့ ဖောက်ပြန်တာ၊ ပဲရစ်သံစုံတီးဝိုင်း ခေါင်းဆောင်နေရာကို ပြိုင်ကြတာနဲ့ ဘုရင်မနဲ့လည်း အခင်အမင်ပြတ်သွားတယ်။ နောက်ပိုင်း မှာ ...
movie
Chevalier (2022)
2022
6.6
Tchaikovsky’s Wife (2022)
Tchaikovsky's Wife (2022)~ IMDb - 6.6/10, Rotten Tomatoes - 86% ~ဂေးတစ်ယောက်က သူဂေးတာ လူမသိအောင်လို့ မိန်းမတစ်ယောက်ကို ကာဗာယူပြီး လက်ထပ်လိုက်တယ်ဆိုတာသိလိုက်ရရင် အဲ့မိန်းမက ဘယ်လိုဖြစ်သွားမလဲ။၁၉ ရာစုတုန်းက ရုရှားပြည်က အဖြစ်တစ်ခုပါ။ ရုရှားသမိုင်းတလျှောက် အကျော်ကြားဆုံး ဂီတ တေးရေးစာဆိုတစ်ယောက်။ သူ့နာမည်က ချေကော့စကီးတဲ့... ဒီဘဲက လိင်တူချစ်သူဆိုပါတော့... ဒါကို ဘယ်သူမှမသိကြဘူး။ သူ့ထက် အသက်တစ်ဝက်လောက်ငယ်တဲ့ နီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အတင်းကြီး ချစ်ပါတယ် ကြိုက်ပါတယ် ယူပါရစေဆိုပြီး တောင်းဆိုလာတယ်။ အဲဒီခေတ်မှာ လိင်တူတိမ်းညွတ်မှုက လက်မခံနိုင်စရာဖြစ်လေတော့ ချေကော့စကီးက လူပြောမခံရအောင် နီနာကို ကာဗာယူဖို့ ဆုံးဖြတ်လိုက်တယ်။ အကိုကြီးတယောက်လိုချစ်လို့ရပါတယ်ဘာညာပြောပြီး လက်ထပ်လိုက်ရော။ချေကော့စကီးက မိန်းမဆို လုံးဝမကြိုက်ဘူး။ အထိလဲမခံဘူး။ နီနာကတော့ မသိရှာဘူး။ ချေကော့စကီးမှ ချေကော့စကီးပဲ။ အရမ်းကိုချစ်ရှာတယ်။ ကြာလာတော့ ဘဲကြီးက စိတ်ကုန်ပြီး ...
movie
Tchaikovsky’s Wife (2022)
2022
7.5
Beautiful Beings (2022)
Beautiful Beings (2022)~ IMDb - 7.5/10, Rotten Tomatoes - 82% ~2022 က ထွက်ရှိထားတဲ့ အိုက်စ်လန်း Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ IMDb - 7.5/10 နဲ့ ခရမ်းချဉ်သီးကတော့ 82% ရရှိထားပါတယ်။ဒီဇာတ်လမ်းလေးကို ဆယ်ကျော်သက်ကောင်လေး လေးယောက်အပေါ်မှာဇာတ်အိမ်တည်ထားတာပါ။ ရက်စက်ကြမ်းကြုတ်ပြီး သူငယ်ချင်းအပေါ်ကလွဲရင် ဘယ်သူ့အပေါ်မှ မကောင်းတဲ့ကွန်နီဆိုတဲ့တစ်ယောက်ရယ်၊ ဟာသလုပ်တတ်တဲ့လူရွင်တော် ဆက်ဂီဆိုတဲ့ကောင်လေးရယ်၊ အိပ်မက်တွေထဲကနေမြင်ပြီး အဖြစ်အပျက်တွေကို အာရုံခံနိုင်တဲ့အက်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်က သူငယ်ချင်းတွေပါ။ အက်ဒီက ကျောင်းမှာအနိုင်ကျင့်ခံဖြစ်တဲ့ ဘယ်လ်လီဆိုတဲ့ကောင်လေးကို အဖွဲ့ထဲခေါ်သွင်းလိုက်ရာကနေ ဒီဇာတ်လမ်းလေးစတင်ပါတော့တယ်။ဒီဇာတ်လမ်းထဲမှာ ဆယ်ကျော်သက်ဘ၀နဲ့လူကြီးဘ၀ အကူးအပြောင်းကာလမှာ ကြုံတွေ့ရတဲ့ကိစ္စတွေအပြင် ရက်စက်ကြမ်းကြုတ်တဲ့ဘ၀ထဲမှာမှ ဘယ်လိုလှပတဲ့အရာတွေပေါက်ဖွားလာလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 970MB Quality - 1080p, 720p IMDb Rating ...
movie
Beautiful Beings (2022)
2022
5.6
The Chalice of Blood (2022)
The Chalice of Blood (2022)အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှထွက်ရှိထားတဲ့ စစ်ကားပဲဖြစ်ပါတယ်။၁၉၄၃ ခုနှစ်မှာ ဗာတီကန်ဘုန်းတော်ကြီးတစ်ယောက်ကနေ ခွင်ဆင်ထားတဲ့ဇာတ်အပေါ်ကို ဖင်လန်စစ်သားတွေကနေ ကြိုးကိုင်ခံလိုက်ရတဲ့အကြောင်းပါ။ ဒီဇာတ်ကားရဲ့ မင်းသားဖြစ်တဲ့ မီလီကော့ဗ်စကီဟာဆိုရင် စစ်ရေးကနေပြန်လာပြီး မိန်းမယူဖို့အတွက် တပ်ကနေထွက်တော့မယ့် အချိန်ဆဲဆဲမှာပဲ ဇာတ်လမ်းလေးက စပြီးအကြောင်းဖန်လာတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကသော့ချက်ဖြစ်တဲ့ တန်ဖိုးကြီးဖလားတော်ကို မင်းသားတို့တစ်သိုက်လိုက်ရှာဖွေရင်း ဘယ်လိုအတွေ့အကြုံသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်လှုပ်ရှား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နဲ့ ဖင်လန်စစ်တပ်တွေရဲ့ စစ်တိုက်ပုံတွေ၊ တပ်တွင်းထဲမှာ အတွင်းရေးတွေကို ဘယ်လိုကိုင်တွယ်လေ့ရှိလဲ... အဲဒါအပြင်ကို စစ်သားတစ်ယောက်ဖြစ်ရတဲ့ ကောင်းကျိုး ဆိုးကျိုး အားသာချက် အားနည်းချက်တွေကိုပါ ကွက်ကွက်ကွင်းကွင်းဖော်ပြထားတာမို့လို့ ဗဟုသုတတွေပါ တစ်လှေကြီးရမယ့်ဇာတ်ကားဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 710MB Quality - 1080p, 720p IMDb Rating ...
movie
The Chalice of Blood (2022)
2022
5.9
Allelujah (2022)
Allelujah (2022) ============ IMDb Rating - 5.9/10လူရယ်လိုဖြစ်လာရင် သေခြင်းတရားနဲ့အိုမင်းခြင်းကိုရင်ဆိုင်ရမှာက မလွဲဧကန်ပါပဲ လူအိုချင်းတူနေရင်တောင်မှ ကိုယ်ရဲ့သားသမီး၊ မြေး မြစ်တွေနဲ့ ပျော်ရွှင်စွာနေထိုင်ရတဲ့သူတွေရှိသလို တစ်ကိုယ်တည်း အထီးကျန်စွာရှင်သန်နေရတဲ့သူတွေလည်း ရှိပါတယ်။ အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ လောကဓံကိုတစ်ကိုယ်တည်းရင်ဆိုင်နေတာထက် ဘေးလူတွေရဲ့အကူအညီကလည်း အထောက်အကူဖြစ်စေနိုင်ပါ တယ်။ဒီဇာတ်လမ်းမှာ သက်ကြီးစောင့်ရှောက်ရေးဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သက်ကြီးဘိုးဘွားတိုရဲ့အပေးအယူမျှမှုကို အလှပဆုံး ဖြစ်အောင်ရိုက်ပြထားပါတယ်။ သားသမီးရှိသည်ဖြစ်စေ မရှိသည်ဖြစ် စေ အထီးကျန်စွာဖြတ်သန်းနေရတဲ့သူတွေကို ဒေါက်တာဗယ်လင်တိုင်း နဲ့စစ်စတာဂဲလ်တွေက ဘယ်လိုစိတ်မျိုးထားပြီး ကူညီ စောင့် ရှောက် ပေးလဲ၊ ဒီကြားထဲ ဆေးရုံနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေကလည်း ပေါ်လာတဲ့အခါမှာတော့ . . . ဒီဇာတ်ကားလေးဟာကြည့်ရှူသူတွေအတွက် အသိပညာတစ်ခုခု ရသွားစေမယ့်ကားလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.28 GB) / (478 MB) / (264 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......ZWT Encoder..........SWM
movie
Allelujah (2022)
2022
4.1
Eradication (2022)
Eradication (2022) ==============ကမ္ဘာတစ်ခုလုံး ဗိုင်းရပ်စ်ကပ်ရာဂါကြီးဖြစ်လာတဲ့အခါ လူဦးရေလည်း လျော့နည်းသွားပြီး လူအချင်းချင်းလည်း ထိတွေ့ခွင့်မရှိတော့ပါဘူး။ ရောဂါရဲ့သဘာဝက လူချင်း ထိတွေ့တာနဲ့ ကူးစက်မှုဖြစ်ပြီး ခဏအတွင်းသေပါတယ်။ ဒီရောဂါကို immune ( ခုခံကာကွယ်နိုင်)တဲ့လူက ဒေးဗစ် ဆ်ုတဲ့ လူတစ်ယာက်ပဲရှိပါတယ် ။ဒေးဗစ်ကို အစိုးရအဖွဲ့က သီးသန့်လူသူကင်းတဲ့အိမ်ကြီး မှာထားပြီး နေ့စဉ်သွးဖောက်ထုတ်ခိုင်းပါတယ်။ ဒေးဗစ် ရဲ့မိန်းမ ဆမ်က ဒီစမ်းသပ်ချက်မှအလုပ်လုပ်နေတာကြောင့် ဒေးဗစ်ကလည်း ယုံယုံကြည်ကြည်နဲ့သွေးကိုပေးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတာ့ သူထင်ထားသလို မဟုတ်ဘဲ အကုန်လွဲမှားနေကြာင်းသိလိုက်ရတဲ့အခါ ဒေးဗစ်တစ်ယာက် ဘာတွေရှေ့ဆက်ရင်ဆ်ုင်သွားရမ လဲကြည့်ရမှာဖြစ်ပါတယ် ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.2 GB) / (414 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thiha Yan Naing Encoder..........SWM
movie
Eradication (2022)
2022
6.3
Master Gardener (2022)
Master Gardener (2022)~ IMDb - 6.3/10, Rotten Tomatoes - 70% ~"God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ ...
movie
Master Gardener (2022)
2022
7
Credimi! (2022)
Credimi! (2022)~ IMDb rating - 7/10 ~သားသားမီးမီးတွေနဲ့ တူတူကြည့်ဖို့အတွက် အီတလီ Superhero Fantasy ကားလေးပါ။ဆာလ်ဗာတိုရဲဆိုတဲ့ ကောင်လေးဟာ စူပါဟီးရိုး လူစွမ်းကောင်းတွေကို အရမ်း သဘောကျပြီး ကိုယ်တိုင်လည်း စူပါဟီးရိုးတစ်ယောက်ဖြစ်ချင်နေတဲ့ ကလေးတစ်ယောက်ပေါ့။ Astroman လို့ခေါ်တဲ့ စီးရီးတစ်ခုက ဇာတ်ကောင်ဟာ သူ့ရဲ့ ဆရာသခင်ဖြစ်ပြီး သူဘာလုပ်လုပ် တိုင်တည်ရသူလည်းဖြစ်ပါတယ်။ ဆာလ်ဗာတိုရဲလေးရဲ့ နေ့စဉ်မပါမဖြစ် လုပ်ငန်းဆောင်တာတွေကတော့ သူ့မေမေရဲ့ဖုန်းနဲ့ Astroman စီးရီးကို ကြည့်တာ၊ သူ့မေမေရဲ့ဖုန်းကင်မရာနဲ့ Astroman ကို ပြောချင်တာလေးတွေ ဗီဒီယိုရိုက်ထားတာ၊ နောက်ပြီး ဘာအလုပ်လေးလုပ်လုပ် သူ့အတွက် စူပါဟီးရိုးဖြစ်ဖို့အတွက် လေ့ကျင့်နေတဲ့ Mission ပိစိလေးတွေလိုသဘောထားတာ။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ဘဝလေးထဲ သူ့မေမေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းပေးဖို့ရာ စူပါ ပါဝါတစ်ခု ပွင့်စေဖို့ သူကြိုးစားတဲ့အခါမှာတော့…ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကလေးတစ်ယောက်ကို ဖုန်းတစ်လုံးပေးပြီး အလိုလိုက်ထားတဲ့ကားထက် ပိုတယ်မထင်မိပါဘူး။ ...
movie
Credimi! (2022)
2022
First
7
8
9
10
11
Last
Previous
Next