Channel Myanmar

2022

Marry Me (2022) 6.3
Marry Me (2022) Marry Me (2022)မင်းသား အိုဝင်ဝယ်ဆန် နဲ့ ဂျနီဖာလိုပက်ဇ်တို့ရဲ့ အချစ်ဟာသ ရုပ်ရှင်အသစ်လေး ရပါပြီ။ ပေါ့ပေါ့ပါးပါးနဲ့ အတော်ပျော်စရာကောင်းပြီး ကြည့်ကောင်းပါတယ်။ သီချင်းတွေလည်းကောင်းတယ်။ဇာတ်လမ်းအကျဉ်းကတော့.....ကတ်ဗဲဒက်ဆိုတဲ့ နာမည်ကျော် ပေါ့ပ် အဆိုတော်ဟာ သူ့ရဲ့ စတိတ်ရှိုးမှာ သူ့ချစ်သူ အဆိုတော် ဘက်စတီရန် နဲ့ လက်ထပ်ဖို့အတွက် "ငါ့ကိုလက်ထပ်ပါ" ဆိုတဲ့ သီချင်းကို ရေးပြီးဆိုဖို့ စီစဉ်ထားခဲ့ပါတယ်။ဒါပေမဲ့ပွဲမစခင်မှာပဲ ဘက်စတီရန် ဖောက်ပြန်ခဲ့တာကို သိလိုက်ရပြီးစိတ်ပျက်သွားခဲ့ပါတယ်။ စင်ပေါ်မှာ အရွဲ့တိုက်ပြီး အဲဒီရှိုးကို ဘုမသိဘမသိနဲ့ ပါလာတဲ့ သင်္ချာဆရာ လူလွတ်ကလေးအဖေ ချာလီကို လက်ညှိးထိုးပြီး လက်ထပ်ချလိုက်တဲ့အခါ တစ်ကမ္ဘာလုံး အံ့ဩသွားတာပေါ့။အဲဒီနောက်မှာတော့ ပေါ့ပ်စတား အဆိုတော်ကြီးနဲ့ အူကြောင်ကြောင် သင်္ချာဆရာတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ.....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Comedy, Music, Romance Quality….WEB-DL 1080p and 720p File size…1.6GB and 826MB ...
movie

Marry Me (2022)

2022
The In Between (2022)
The In Between (2022) The In-Between (2022) ============= Drama, Romance, SupernaturalValentine Day အမှီ အေးဆေးဖီးလ်နဲ့ကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းကောင်းလေးလာပါပြီတက်စ်ဆာဆိုတာ အချစ်ကိုအယုံကြည်မရှိဘဲ ဘ၀ထဲကိုဝင်လာတဲ့ လူမှန်သမျှ တွန်းထုတ်နေမိတဲ့ ကောင်မလေးတစ်ယောက်ပေါ့ .... အဖြူအမည်းကင်မရာနဲ့ဓာတ်ပုံ‌ေ‌တွရိုက်ရတာ သဘောကျပြီး အချစ်အကြောင်းတွေကိုအများကြီးပြောတတ်တယ်... ပျော်ရွှင်စရာအဆုံးသတ်တွေကိုမယုံတဲ့ တက်စ်ဆာဟာ စကိုင်လာဆိုတဲ့ ကောင်လေးနဲ့ရုပ်ရှင်တစ်ရုံမှာတေ‌ွ့ရာကနေ ချစ်သူတွေဖြစ်လာပြီး သူ့အတွက် ပျော်စရာအဆုံးသတ်တစ်ခုဖြစ်လာမယ်ထင်ထားခဲ့တယ် ဒါပေမယ့် ကားအက်စီးဒင့်‌ေကြာင့် စကိုင်လာဟာသေဆုံးခဲ့ပြီး တက်စ်ဆာလည်း မသေရုံတမယ်အသက်ရှင်ခဲ့ပါတယ် ... နောက်ပိုင်းမှာ စကိုင်လာရဲ့ ဝိဉာည် ‌ပေါ်လာကာ တက်စ်ဆာကို တမလွန်က ဆက်သွယ်လာပြီး မပြီးပြတ်ခဲ့တဲ့ အရာ...မပြောဖြစ်ခဲ့တဲ့စကားတေ‌ွကို In-Between ဆိုတဲ့ ဝိဉာည်လောက ကနေ ဆက်သွယ်ပြောဆိုလာခဲ့တဲ့အခါမှာတော့...... သဘာ၀လွန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဘယ်လိုအဆုံးသတ်သွားမလဲ ကိုယ်တိုင်ပဲခံစားလိုက်ကြည့်လိုက်ပါ.အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 834MB, 278MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....Thiha Yan Naing Encoder ..... August
movie

The In Between (2022)

2022
Tall Girl 2 (2022) 4.6
Tall Girl 2 (2022) Tall Girl 2 (2022)Tall Girl 2 ပြန်လာပါပြီ ......Tall girl 2 မှာတော့ ဂျိုဒီက သူ့အရပ်ကြောင့် စိတ်ဖိစီးမှုသိပ်မရှိနေတော့ဘဲနဲ့ သူ့ချစ်သူ ဒန့်ခ်နဲ့ အဆင်ပြေနေခဲ့ပါတယ် ။ ဂျိုဒီ အရင်က အဆိုတော်ဖြစ်ချင်ခဲ့တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အသံစစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ခဲ့ပြီးတော့ ခေါင်းဆောင်နေရာကိုရခဲ့ပါတယ်။ဒါပေမဲ့ ဂျိုဒီရဲ့စိတ်က သူလုပ်မှလုပ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ် ကြီးမားလာတာကြောင့် သူ့ စိတ်ထဲက မကောင်းတဲ့အတွေးတွေကို ထုတ်ပြောနေတဲ့အသံက ဂျိုဒီ့ကို စပြီးနှိပ်စက်ပါတော့တယ်။သူနဲ့အတူ သရုပ်ဆောင်မဲ့ တွမ်မီဆိုတဲ့ကောင်လေးနဲ့ တစ်ချိန်လုံးအတူလေ့ကျင့်နေရတော့ တွမ်မီနဲ့ ဂျိုဒီတို့ကြားမှာ ဘယ်လိုဖြစ်လာမလဲ ၊ ဂျိုဒီနဲ့သူ့ချစ်သူနဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ၊ ဂီတဖျော်ဖြေပွဲကိုရော သူ အောင်အောင်မြင်မြင်ဖျော်ဖြေနိုင်ပါ့မလားဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှူပေးကြပါဦးနော်အညွှန်းကိုတော့ Elrond က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Elrond, Richard Wai, Leonard Lin တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Family Quality….WEB-DL 1080p and 720p File ...
movie

Tall Girl 2 (2022)

2022
Gehraiyaan (2022) 6.0
Gehraiyaan (2022) Gehraiyaan (2022)ဘောလီးဝုဒ်မင်းသမီးချော Deepika ပါဝင်ရိုက်ကူးထားတဲ့ အိန္ဒိယဒရာမာဇာတ်ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားရဲ့အကြောင်းအရာကတော့ အခုခေတ် Relationship တွေရဲ့နားလည်ရခက်ပြီးရှုပ်ထွေးတဲ့သဘောသဘာဝတွေကို ကြည့်ရှုသူတွေပါရင်ခုန်စေမယ့် ရိုမန့်တစ်ဆန်ဆန်ဇာတ်ကွက်တွေနဲ့တင်ဆက်ထားတာပါ။ယောဂဆရာမလေး Alisha နဲ့ စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ Karan တို့ရဲ့ရည်းစားသက်တမ်းဟာခြောက်နှစ်ဆိုတဲ့ကာလတစ်ခုကိုရောက်လာခဲ့ပါပြီ။ ဒါပေမယ့်သူတို့ကြားမှာထုတ်မပြောပေမယ့်သိသာနေတဲ့ငွေကြေးပိုင်းဆိုင်ရာမကျေလည်မှုလေးတွေရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ခြံမြေသူဌေးလေး Zain ကသူတို့နှစ်ယောက်ကြားမှာအဖုအထစ်ဖြစ်စေမယ့်အကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Zain ကလည်း Alisha ရဲ့ညီမဝမ်းကွဲဖြစ်သူTia နဲ့တွဲနေတာဖြစ်ပြီး သူတို့ကြားမှာလည်း ငွေကြေးနဲ့ပတ်သက်တဲ့သဘောထားမတိုက်ဆိုင်မှုလေးတွေရှိနေခဲ့တာပါ။ဒါ့အပြင် Alisha၊ Tia နဲ့ Zain တို့ဟာ ဆိုးဝါးလှတဲ့ ငယ်ဘဝတွေ၊ မကောင်းတဲ့မိဘတွေနဲ့ကြုံခဲ့ရတာကြောင့်သူတို့ရဲ့အချစ်ရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိသွားခဲ့တာလားဆိုတာကလည်းစဥ်းစားစရာပါပဲ။ အဲဒီဆုံးဖြတ်ချက်တွေကရော မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့ရဲ့လား။ ရက်စက်ခြင်းနဲ့တစ်ကိုယ်ကောင်းဆန်ခြင်းကလည်း လူ့သဘာဝ၊လူသားဆန်ခြင်းတစ်မျိုးပဲမို့ သာမန်အမြင်နဲ့ကြည့်ရင်မှားတယ်လို့ယူဆထားတဲ့အရာတွေကိုလည်း တစ်ခါတစ်ရံမှာအပြစ်တင်လို့မရတဲ့အခါအက်ကြောင်းတွေရှိနေတဲ့စုံတွဲနှစ်ခုရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ။အညွှန်းဖတ်ပြီးလောင်စရာချည်းပဲလို့တော့မတွေးလိုက်ပါနဲ့ဦး။ Romantic,Drama ဖြစ်တဲ့အပြင်ရိုက်ကွင်းပြင်ဆင်မှုနဲ့ သရုပ်ဆောင်၊ဒါရိုက်တာတွေရဲ့အားထုတ်မှုကြောင့် အရင်ဘောလီးဝုဒ်ကားတွေလိုပန်းခင်းထဲပတ်ပြေးပြီးကတာမျိုးထက်မိုက်တဲ့ ချစ်ခန်းကြိုက်ခန်းတွေအများကြီးကို စောင်ကိုက်ပြီးတစ်ဝကြီးကြည့်ရှုရဦးမှာပါ။ နိဂုံးချုပ်ရရင်တော့ အိန္ဒိယဒရာမာတွေကြိုက်တတ်တဲ့ပရိသတ်တွေအတွက်အချိန်နှစ်နာရီခွဲကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…1.45GB / 700MB Quality…1080p WEB DL AAC 5.0CH ...
movie

Gehraiyaan (2022)

2022
Love and Leashes (2022) 5
Love and Leashes (2022) Love and Leashes (2022)Will you dominate me? (Age rating - 18+)ရုပ်ရည်ချောမောပြီး ယောက်ျားဆန်ဆန်ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးတွေကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ .. Jung Ji Hooကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Jung Ji Hoo အပေါ် တိတ်တခိုးခံစားချက်ရှိနေတဲ့ .. Jung Ji Wooတစ်နေ့မှာတော့ Jung Ji Hoo ဆီကိုပို့လိုက်တဲ့ ပါဆယ်ထုပ်က ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်လို့ပဲဆိုရမလား နာမည်ချင်းဆင်ပြီး သူ့အပေါ်စိတ်ဝင်စားနေတဲ့ Jung Ji Woo ဆီကိုမှ ရောက်သွားပါတော့တယ်။အဲဒီကနေတဆင့် အရာအားလုံးပြီးပြည့်စုံပြီး သူမတူတဲ့ sexual taste ရှိတဲ့ ကောင်ချောလေး Jung Ji Hoo ရဲ့ လျှို့ဝှက်ချက်ကြီးကို Jung Ji Woo သိရှိသွားပြီး နှစ်ဦးသဘောတူ ...
movie

Love and Leashes (2022)

2022
Kimi (2022) 6
Kimi (2022) Kimi (2022)Siri လည်းမဟုတ် Alexa လည်းမဟုတ် ... နည်းပညာတစ်ခေတ်ဆန်းမယ့် Kimi ခေတ်ကိုရောက်ရှိလာပါပြီ။ဘာတွေကွာလည်းဆိုတော့ Kimi ကလူကိုယ်တိုင်ဖြေကြားတာပါတဲ့။ အဲ့ဒီတော့ နားလည်မှုလွဲတာတွေမဖြစ်နိုင်ဘဲ ကိုယ်လိုချင်တာကို တိတိကျကျ အဖြေပေးနိုင်တဲ့ Kimi ဆိုတဲ့ကုန်ပစ္စည်းလေးက ဒီကားလေးမှာ အဓိကဇာတ်ဆောင်ဖြစ်လို့နေပါတယ်။Kimi လေးကိုဈေးကွက်မှာမိတ်ဆက်ဖို့ တစ်ပတ်အလိုမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အွန်လိုင်းနဲ့ချိတ်ဆက်ထားပြီး သုံးစွဲသူတောင်းဆိုသမျှကိုပြန်ဖြေနိုင်ဖို့ Kimi လေးက အသံတွေကိုအမြဲတမ်းဖမ်းယူထားရပါတယ်။ အန်ဂျလာက အဲ့ဒီအသံဖိုင်ကိုနားထောင်ပြီး ခွဲခြမ်းစိတ်ဖြာပေးရတဲ့ ဝန်ထမ်းတစ်ဦးပေါ့။တစ်နေ့မှာ အဲ့ဒီအသံဖိုင်ထဲကနေ “ရပ်လိုက်...ရပ်လိုက်...တော်ပါတော့...” ဆိုတဲ့ဖိုင်ကိုနားထောင်ပြီးတဲ့နောက် အန်ဂျလာတစ်ယောက် မသင်္ကာဖြစ်လာခဲ့ပါတယ်။ အန်ဂျလာက အသံဖိုင်ထဲက Kimi ပိုင်ရှင်ကိုဘယ်လိုရှာပြီး ဘယ်လိုတွေဇာတ်လမ်းဆက်မလဲဆိုတာကိုတော့ ဇာတ်ကားကောင်းတွေကြိုက်သူအဖို့ ဆက်ပြီးကြည့်လိုက်ပါတော့ဗျာ...အညွှန်းကိုတော့ JoJoVa က ရေးသားပေးထားပြီးတော့ဘာသာပြန်ပေးထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and 720p File size…1.34 GB, 738MB, 244MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle ...
movie

Kimi (2022)

2022
Mahaan (2022) 8.5
Mahaan (2022) Mahaan (2022) ------------------------- ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့်သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်းမဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင်သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမကသူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းစက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကိုဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင်ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့်တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0  / 1080p HEVC  Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe ...
movie

Mahaan (2022)

2022
1080p HEVC
Dan’s Family No. 1 (2022) 4
Dan’s Family No. 1 (2022) Don's Family No.1 (2022)ဒီကားလေးကတော့ ခေါင်းစဉ်က်ုက တမူထူးခြားနေတာပါနော်ယောရောဘွန်းတို့ကြည့်လိုက်တာနဲ့ ဘာကိုပြေးမြင်လဲနံပါတ် ၁ ဆိုတော့ အမိုက်စားအတော်ဆုံး ထိပ်ဆုံးက နံပါတ် ၁ လို့ထင်ကြမှာပေါ့နော်ဒါပေမယ့် ဒီထဲက Kang Dan ဆိုတဲ့ ဇာတ်လိုက်မင်းသားကတော့ အနိုင်ကျင့်ခံရပြီး ခိုင်းတဲ့အတိုင်းလုပ်တာ အတော်ဆုံး နံပါတ် ၁ ပါတဲ့ရှင်ဂိုဂျိုဆွန်းမျိုးဆက်ရဲ့ စွမ်းအားရှင် Dan မိသားစုက နောက်ဆုံးမျိုးဆက်ဆိုပေမယ့် အရာအားလံုးကို သည်းခံလာတဲ့ ကောင်လေး... ‌တစ်နေ့မှာ သူချစ်ရတဲ့ကောင်မလေး(ဟီယွန်း)ကို အနိုင်ကျင့်တာ သိသွားတဲ့အခါ... ကောင်မလေးကိုကာကွယ်တဲ့အခါ သူ့ရဲ့သရုပ်မှန်ကိုသိလိုက်ရတဲ့အခါ... ဘယ်လိုမျိုး စွန့်စားခန်းတွေဖြစ်လာမလဲ သူ့ရဲ့ စွမ်းအားကရော ဘယ်လိုမျိုးလဲ ကောင်မလေးကိုရော ကယ်နိုင်ပါ့မလား တိုက်ပုံခိုက်ပုံတွေနဲ့ အမိုက်စား အက်ရှင်ဆန်ဆန်ကြည့်ရမယ့်အပြင် အခွီလေးတွေပါ ပါသေးတယ်နော် တိုက်ခိုက်နေရင်းတောင် တကယ်ရယ်နေရတာ ကြားထဲက ရိုမန့်လေးပါ ရောလိုက်တော့ ရသစုံခံစားရမယ့် ဒီသဘာဝလွန်ကားသစ်လေး မင်းသား မင်းသမီး နာမည်သိပ်မကြီးပေမယ့် အမိုက်စားသရုပ်ဆောက်ချက်တွေနဲ့ ဒီကားလေးကို အခုပဲ ကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။Genre.....Action Quality….WEB-DL 1080p and ...
movie

Dan’s Family No. 1 (2022)

2022
Sing A Song (2022)
Sing A Song (2022) Sing a Song (2021)အခု လူကြီးမင်းတို့ကို Channel Myanmar ကနေတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ “Sing A Song” (싱어송)ဆိုတဲ့ သီချင်းကားလေးဖြစ်ပါတယ်- သီချင်းဆိုချင်လို့ ဆိုးလ်ကို ရူးရူးမိုက်မိုက် လာခဲ့တဲ့ Seon Hye - နာမည်ကြီးကျော်ကြားဖို့ စိတ်ကူးထားတဲ့ အမည်မသိ တီးဝိုင်း အဆိုတော် Hyeon Do နဲ့ - မိသားစုရဲ့ ကန့်ကွက်မှုတွေကြားထဲကနေ သီချင်းဆိုဖို့ ရွေးချယ်ခဲ့တဲ့ အဆိုတော် Si Joon ဆိုတဲ့ သုံးယောက်က မတော်တဆ အဆိုတော်တွေခေါ်တဲ့အဖွဲ့ဆီကိုရောက်သွားပါတယ် သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခံရပြီး "ဂျိုဘဲ့ဂင်" ဆိုတဲ့ တီးဝိုင်းတစ်ဖွဲ့ကို ထောင်ခဲ့ပါတယ် သူတို့ တဖြည်းဖြည်း Si Joon ရဲ့တေးရေးလက်ရာတွေ‌နဲ့ နာမည်ကြီးလာခဲ့ပါတယ် ဒါပေမယ့်‌ ဘီလီဖ်ဆိုတဲ့ ကုမ္ပဏီက Si Joon ကလွဲရင် Seon Hye နဲ့ Hyeon Do တို့နှစ်ယောက်ကိုပဲ ကမ်းလှမ်းခဲ့ပါတယ် အဲတော့ သူတို့ ကမ်းလှမ်းမှုကိုလက်ခံနိုင်မလား သူတို့ဘာကိုရွေးချယ်မလဲ အိပ်မက်လား ...
movie

Sing A Song (2022)

2022
The Tinder Swindler (2022) 7.4
The Tinder Swindler (2022) The Tinder Swindler (2022) ~ IMDb - 7.4/10 ~ယနေ့ခေတ်ကမ္ဘာကြီးမှာ သမီးရည်းစားဖြစ်ဖို့၊ အပြင်မှာချိန်းတွေ့ဖို့ဆိုတာ အရင်ခေတ်ကလောက် မခက်ခဲတော့ပါဘူး။ အင်တာနက်လေးရှိရုံ၊ dating app လေးရှိရုံနဲ့ သွားတွေ့လိုက် ရည်းစားတွေဖြစ်လိုက် ဒါမှမဟုတ်လည်း တစ်ညတာ​နေလိုက်​တွေ ဖြစ်နေကြပါပြီ။ အင်တာနက်မှာ ကောင်းကျိုးတွေလည်း ရှိသလို မကောင်းတာတွေလည်း အများကြီးပါပဲ။ အဲဒီထဲကမှ လူလိမ်တွေကလည်း မှိုလိုပေါပါတယ်။ မိန်းက​လေး​တွေ ဆိုတာလည်း ကိုယ့်ချစ်သူ၊ ကိုယ်အရမ်းခင်ရသူတစ်​ယောက် ဒုက္ခ​ရောက်ပြီဆိုရင် မဆိုင်းမတွ ကူညီတတ်ကြသူ​တွေဆ်ိုတော့ အဲဒီအားနည်းချက်ကို ချနင်းမယ့် Tinder လူလိမ်ပါ။ Tinder ဆိုတဲ့ Dating App မှာ လိမ်စားနေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူ့ကိုယ်သူ သူဌေးသားဆိုပြီး ကောင်မလေးတွေ ကြွေလောက်တဲ့ ဓါတ်ပုံတွေတင်၊ စာတွေပို့ရုံတင်မက အပြင်မှာ ချိန်းတွေ့ရင်တောင် တကယ့် ဘောစိတစ်ယောက်လိုနေပါတယ်။ ကောင်မလေးတွေကလည်း ကြွေပြီး ရည်းစားတွေ၊ သူငယ်ချင်းတွေဖြစ်တော့မှ သူ့ရဲ့ ...
movie

The Tinder Swindler (2022)

2022
Through My Window (2022) 5.5
Through My Window (2022) Through My Window (2022)=====================ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့ စပိန် ဇာတ်လမ်းလေးလာပါပြီဗျာ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့ ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့  Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီး တစ်စုရှိပါတယ်။ အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်း သာ မိသားစုတစ်စုပေါ့။ အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲက အလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့ အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲ။ သူမက အလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦး နီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်။စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင် ဒီကားထဲမှာ သူတို့နှစ်ဦးကို ...
movie

Through My Window (2022)

2022
Home Team (2022) 6.0
Home Team (2022) Home Team (2022) အညွှန်း********************** IMDb - 6 ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ အားကစားနဲ့ဟာသကို ယှဉ်တွဲတင်ဆက်ထားတာဖြစ်ပါတယ်။  ရှောင်းပေတန်ဟာ အပြင်လောကမှာ အမေရိကန်ဘောလုံးအားကစား (American Football) ရဲ့ နာမည်ကြီးနည်းပြတစ်ယောက်ဖြစ်ပြီး ယခုအခါမှာ နည်းပြအဖြစ်မှအနားယူနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့နည်းပြဘဝရဲ့အကြီးမားဆုံးသော အမှတ်တရ ဒါမှမဟုတ် အိပ်မက်ဆိုးကြီးကို နောက်ခံပြုပြီး ရိုက်ကူးတင်ဆက်ထားတာပါ။အမေရိကန်ဘောလုံးရဲ့ အမြင့်ဆုံးလိဂ်မှာ ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဒီနည်းပြကြီးဟာ သူ့ရဲ့မွေးရပ်မြေမှာ သူ့သား ပါဝင်ကစားနေတဲ့ ဘောလုံးအသင်းကို နည်းပြဝင်လုပ်ပေးခဲ့ပါတယ်။သူဟာ သူ့အမျိုးသမီးနဲ့ ကွာရှင်းထားသူဖြစ်ပြီး သားဖြစ်သူဟာလည်း အမေနဲ့ပဲနေထိုင်ရင်းကနေ အဖေကို နာကျည်းနေခဲ့သူတစ်ယောက်ပါ။ ဒီလိုအချိန်မှာ သားဖြစ်သူပါဝင်နေတဲ့ ဘောလုံးအသင်းကိုနည်းပြလုပ်ရင်းနဲ့ သားအဖသံယောစဉ်တွေကို ဘယ်လိုမျိုးပြန်လည်ချည်နှောင်ကြမလဲဆိုတာ ရယ်စရာလေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေးကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size          :  ...
movie

Home Team (2022)

2022
Fatal Memory (2022) 5.5
Fatal Memory (2022) Fatal Memory (2022)===================ယာဉ်မတော်တဆဖြစ်ပြီးသုံးလလောက်ကိုမာဝင်ခဲ့တဲ့ ဂရေ့စ်တစ်ယောက်ကံကောင်းစွာနဲ့ပဲ သတိပြန်လည်လာခဲ့ပါတော့တယ်။ ဒါပေမယ့် သတိပြန်ရခဲ့တဲ့ဂရေ့စ်ဟာ ယာဉ်မတော်တဆ ဖြစ်ခဲ့အချိန်ကနေ နောက်ပြန်ရေရင်(၅)နှစ်တာကာလအတွင်းကအကြောင်းအရာတွေကို သူ မမှတ်မိတော့ပါဘူး။ ဒီလိုကာလတစ်ခုစာမမှတ်မိတော့တဲ့သူ့မှာ သူ့ကိုချစ်တဲ့သမီးလေးရယ် ယောကျ်ားလေးရယ် ညီမဖြစ်သူနဲ့ မှတ်ဉာဏ်ပြန်ရအောင်ကြိုးစားပြီးပျော်ပျော်ရွှင်ရွှင်နေနေ ခဲ့တာပါ။ ဒါပေမယ့် သူတို့မိသားစုလေးဂုဏ်ပြုညစာစားပွဲလေးကျင်းပနေချိန် ဂရေ့စ်ဆီကို ဖုန်းတစ်ခုဝင်လာရာကနေစတင်လာပါတော့တယ်။ နောက်ပြီး သူစိမ်းတစ်ယောက်ကလည်း သူ့ဘဝထဲကိုအတင်းဝင်ရောက်လာရာက ဂရေ့စ်တစ်ယောက်ပြဿနာတွေတစ်စတစ်တက် လာပါတော့တယ်။ ဒီသူစိမ်းက သူမမှတ်မိတော့တဲ့ငါးနှစ်ဆိုတဲ့ကာလမှာ ဘယ်လိုနေရာက ပါနေတာလဲ။ ဒီငါးနှစ်တာကာလမှာဂရေ့စ်တစ်ယောက်ဘာတွေလုပ်ခဲ့မိတာလဲ။ အခုရော သူဘာတွေကြုံတွေ့လာရမှာလဲကတော့......... Fatal Memory ဒါမှမဟုတ် Deadly Infidelity လို့ အမည်ရတဲ့ဒီကားလေးက (၂၀၂၂)ထွက် Thriller ကားအသစ်လေးဖြစ်ပြီးတော့ Mystery နဲ့ Dramaလေ ခပ်းပါးပါးပုတ်ထားတဲ့ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှူခံစားကြည့်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size -(2.1 GB) / ( 772.47 MB) / (297.69 MB) Quality – WebRip -(1080p) /  (720p) / (480p) Duration - 1hr ...
movie

Fatal Memory (2022)

2022
The Ledge (2022) 6.0
The Ledge (2022) The Ledge (2022) =================The Ledge ဆိုတဲ့ Thriller ကားသစ်လေးက ဒါရိုက်တာ Matthew Chapman ရိုက်ကူးထားပြီး မင်းသမီး Brittany Ashworth က အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်။Kelly (Brittany Ashworth) ဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့သူငယ်ချင်း ကောင်မလေးနဲ့အတူ အီတလီက ဒိုလိုမိုက်‌​ကျောက် တောင်ကိုတက်ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ အဲ့ဒီမှာ သူတို့လို အလည်လာတဲ့ ယောင်္ကျားလေး ၄ ယောက်အဖွဲ့နဲ့ ဆုံမိလိုက်တဲ့အခါ ၆ ယောက်သား အတူတူ ဘယ်လို‌ေပျာ်ပျော်ရွှင်ရွှင် အပန်းဖြေကြမလဲ၊ တက်ရခက်လောက်အောင် မတ်စောက်တဲ့ အပြင် ရေခဲတွေပါ ဖုံးလွှမ်းနေတဲ့အတွက် ဒေသခံတွေက တောင်မတက်ဖို့ တားခဲ့ကြပါတယ်။ ဒါပေမယ့်... ကျောက်တောင်တက်ဖို့လာတာကို လက်လွတ်မခံဘဲ တက်ကြမယ့် သူတို့အုပ်စု... သူတို့ ပျော်ရွှင်မှုကိုရော ရရှိပါ့မလား... ဘယ်လိုမျိုး အပြောင်းအလဲတွေ ဖြစ်လာမလဲ Kelly တို့ ယုံကြည်ထားသလို ယောင်္ကျားလေးအုပ်စုကရော ယံုကြည်ရပါ့မလား "cliffhanger" ဆိုတဲ့စကားလုံးအတိုင်း Thrill vibes အပြည့်နဲ့ ‌ ကြည့်ရမှာပါ။ ဒီကားထဲမှာ ...
movie

The Ledge (2022)

2022
The Long Night (2022)
The Long Night (2022) The Long Night (2022) ငယ်စဉ်ကလေးဘဝတည်းကမွေးစားခံရပြီး နယူးယော့ခ်ကိုရောက်သွားခဲ့တဲ့ဂရေစ့်တစ်‌‌ ယောက်မိဘတွေကိုရှာဖွေဖို့ ကလေးဘဝကနေခဲ့တဲ့မြို့လေးကိုပြန်လာဖို့အကြောင်းဖန်လာတဲ့အခါ...ထူးဆန်းတာက မြို့ထဲမှာလူတစ်ယောက်မှရှိမနေခဲ့ပါဘူး ဒါ့အပြင်ကိုမြွေတွေက နေရာတိုင်းလိုလိုရှိနေခဲ့ပါတယ်အိမ်မက်လိုလိုတကယ်လိုလိုနဲ့သူမ မြင်နေတဲ့ အရိုးစုခေါင်းစွပ်နဲ့လူတွေကဘာတွေလဲမြင်နေရတဲ့အရာတွေကထူးဆန်းလာတာဖြစ်လို့ ရှောင်ပြေးထွက်ဖို့ကြိုးစားပေမယ့်အိမ်ထဲကနေထွက်လို့မရတဲ့အပြင် ကူညီဖို့လာတဲ့လူကပါသေဆုံးသွားတဲ့အခါ...အိမ်ထဲမှာပဲရှာဖွေရင်းနဲ့ ဒီအရိုးစုမျက်နှာဖုံးလူတွေရဲ့ ဇာတ်ကြောင်းစာအုပ်ကိုတွေ့သွားတဲ့အခါမှာတော့ သူမမိဘ‌တွေကဘယ်သူဆိုတာကိုပါ ဖော်ထုတ်နိုင်မှာလားဒီလူထူးဆန်းတွေကသူမနဲ့ဘယ်လိုပတ်သက်နေမလဲ ဒီမြို့ထဲကနေသူမတို့လွတ်မြောက်နိုင်မလားဆိုတာသည်းထိပ်ရင်ဖိုကြည့်ရှုရမယ့် Horror ဇာတ်လမ်းဖြစ်တာကြောင့်တံခါးပိတ်မီးမှိတ်ပြီးရင်တစ်လှပ်လှပ်နဲ့ ခံစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်က Yunni ဖြစ်ပြီး တင်ဆက်ပေးသူက YK ဖြစ်ပါတယ်  File size…1.03Gb / 520MB Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

The Long Night (2022)

2022
Looop Lapeta (2022) 5.8
Looop Lapeta (2022) Looop Lapeta (2022)ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲအတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲအတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာမတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်းအေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ်ရှာလိုက်ပါတော့တယ်။အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့်သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှအရှုပ်တွေကိုလိုက်ရှင်းရင်း ...
movie

Looop Lapeta (2022)

2022
The Policeman’s Lineage (2022) 6.6
The Policeman’s Lineage (2022) The Policeman's Lineage (2022)အရမ်းကိုနူးညံ့ပြီး ချစ်တတ်တဲ့ပန်းချီဆရာ ချွဲအွန်းကို ခဏလောက်မေ့ထားလိုက်ပါတရားမျှတပြီး ရဲတာဝန်ကိုကျေချင်တဲ့ ချွဲမင်ဂျယ်လာပါပြီပြစ်မှုကျူးလွန်သူတွေကို ဖမ်းပုံဖမ်းနည်းမတူတဲ့ ရဲနှစ်ယောက်စည်းမျဉ်းကိုလိုက်နာပြီး တာဝန်ကိုထမ်းဆောင်သွားမယ်ဆိုတဲ့ ချွဲမင်ဂျယ်နဲ့ တရားခံကိုဖမ်းရဖို့ ဖြတ်လမ်းကနေ ကိုယ်တိုင်ပြစ်မှုတွေလုပ်နေတဲ့ ဘတ်ဂန်ယွန်းတို့ တစ်ဖွဲ့တည်းဖြစ်သွားချိန်မှာ..အမှုလိုက်တဲ့နေရာမှာ ဆန့်ကျင်ဘက်နည်းလမ်းကို အသုံးပြုတဲ့နှစ်ယောက်ဟာ အသည်းအသန်လိုက်နေတဲ့ မူးယစ်ဖြန့်ဖြူးသူ နာယောင်းဘင်ကို မိနိုင်မလား၊ဘတ်ဂန်ယွန်းနောက်ကြောင်းကို စုံစမ်းဖို့အဖွဲ့ထဲဝင်လာတဲ့ နည်းလမ်းမှန်မှန်နဲ့ အမှုလိုက်တတ်တဲ့ ချွဲမင်ဂျယ်ကရော တကယ့်နည်းလမ်းမှန်ကို သိသွားမလားဆိုတာကို ကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 862MB and 278MB Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

The Policeman’s Lineage (2022)

2022
Ditched (2022) 5.0
Ditched (2022) Ditched (2022)=============ရဲကားတစ်စီးရယ် လူနာတင်ကားတစ်စီးရယ် အကျဉ်းသားရွှေ့ပြောင်းဖို့အတွက် ညနက်နက်မှာ ကားဖြတ်မောင်းလာကြတာပေါ့။ ဘေးပတ်၀န်းကျင် ပယောဂကြောင့်လား မတော်တဆမှုတစ်ခု ကြောင့်ပဲလား မသိရပေမယ့် ကားနှစ်စီးလုံးဟာ ချောက်တစ်ခုထဲကို ဒလိမ့်ကောက်ကွေး ကျသွား ပါတော့တယ်။ အဲ့ထဲမှာမှ ဆေးဘက်အကူလေး Melina သတိမေ့ရာကနေနိုးလာတော့ အရာရာဟာ ၀ရုန်းသုန်းကား ... နောက်မှ သိလိုက်ရတာကတော့ ဒီဖြစ်ရပ်ဟာ မတော်တဆမှုတစ်ခုမဟုတ်ပဲ လုပ်ကြံမှုတစ်ခု ဆိုတာကိုပါပဲ။ Melina ကတော့ အိမ်မှာကျန်ခဲ့တဲ့ သမီးလေး Lily ကိုသာ စိတ်ပူပြီး အမြန်ပြန်ချင်ဇောကပ်နေခဲ့တာပေါ့၊ သို့ပေမယ့် မတော်တဆမှုတစ်ခုမဟုတ်ခဲ့တဲ့ ဒီလုပ်ကြံမှုမှာ အသက်ရှင်ကျန်နေတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် အပျောက်ရှင်းမယ့် အမည်မသိသူတွေ ပါ၀င်ပတ်သက်လာတဲ့အခါမှာတော့...... ဆေးဘက်အကူ Melina တစ်ယောက် ဒီဖြစ်ရပ်ဆိုးကြီးကနေ ဘယ်လိုရုန်းကန်ထွက်မလဲ  ဒီလုပ်ကြံမှု ကရော အကြောင်းမဲ့သက်သက်တိုက်ခိုက်မှုတစ်ခုပဲလား၊ ဘယ်သူတွေကရော ရှင်ကျန်ပြီး လွတ်မြောက် နိုင်မလဲ စ‌တာတွေကို ကြည့်ရှုရမယ့် horror ဇာတ်လမ်းကောင်းလေးတစ်ပုဒ်မို့ CM ပရိတ်သတ်တွေ အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Jo ...
movie

Ditched (2022)

2022
Catwoman: Hunted (2022)
Catwoman: Hunted (2022) Animated Movie တွေထဲမှာ Catwoman အတွက်သီးသန့်ရုပ်ရှင်မရှိသေးတဲ့အတွက် Catwoman: Hunted ဆိုတဲ့ နာမည်နဲ့Animated ရုပ်ရှင်တစ်ခုထွက်လာခဲ့ပါတယ်။အရင် Animated Movie တွေတုန်းကလို ပုံစံမျိုးမဟုတ်ဘဲဒီတစ်ခါမှာတော့ ဂျပန်ဒါရိုက်တာက ရိုက်ကူးထားတာဖြစ်ပြီးAnimation တွေကလည်း အရင်ခေတ်က Anime တွေလိုပုံစံမျိုးတွေဖြစ်နေပါတယ်။ အမြင်တစ်မျိုးလေးဆန်းတယ်ပဲဆိုရမှာပေါ့။ရတနာသူခိုးလို့ နာမည်ကြီးနေတဲ့ Catwoman တစ်‌ယောက်ကဒီတစ်ခါလည်း ထုံးစံအတိုင်း ရတနာပဲခိုးပြန်ပါတယ်။သူခိုးတဲ့ရတနာကတော့ တန်ဖိုးဖြတ်လို့မရတဲ့မြကျောက်ပဲဖြစ်ပါတယ်။မြကျောက်ကိုခိုးမိလိုက်တဲ့အတွက် Catwoman ရင်ဆိုင်ရမယ့်သူတွေကနယ်နယ်ရရတော့မဟုတ်ပါဘူး။ Black Mask တို့ Cheetah တို့ ဦးဆောင်တဲ့Leviathan ဆိုတဲ့ ဒုစရိုက်ဂိုဏ်းရယ်၊ အင်တာပိုလ်အေးဂျင့်တွေရယ်၊Batwoman ရယ်ပဲဖြစ်ပါတယ်။တစ်ဖက်ကလည်း အသေသတ်မယ့် Leviathan အဖွဲ့ရယ်၊မကူညီရင် ‌ထောင်ချမယ်ဆိုတဲ့ အင်တာပိုလ်အေးဂျင့်တွေရယ်ကြားမှာCatwoman တစ်ယောက် ဘယ်လိုတွေအကွက်ရွှေ့နိုင်ဦးမှာလဲ။  File size…1.4GB / 700MB / 300MB Quality…1080p BluRay AAC 5.1CH / 720p / 360p Format…mp4 Duration….1h18min Subtitle….Myanmar Subtitle (Hard ...
movie

Catwoman: Hunted (2022)

2022
(18+) Silip Sa Apoy (2022) 7
(18+) Silip Sa Apoy (2022) Silip Sa Apoy (2022) ---------------------အိမ်ထောင်ရေးတခုတည်ထောင်ဖို့ဆိုတာ လွယ်ပေမယ့်အဲ့ဒီအိမ်ထောင်ရေးပျော်ရွှင်သာယာပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန်ကောင်းဖို့ဆိုတာ ခက်ခဲလှပါတယ်....ဒီကားလေးက ပညာပေးကားဆိုလဲ မမှားသလိုအမ်မာဆိုတဲ့ကောင်မလေးရဲ့အလှတရားကိုလဲခံစားဖို့ လှစ်ဟပြသထားတဲ့ကားဆိုလဲ မမှားပါဘူး အမ်မာက ဘားမှာလုပ်ရတဲ့ ဘားမယ်လေးငယ်ငယ်တည်းက ဆင်းရဲတယ် မပြည့်စုံရှာသူလေးဒါပေမယ့် အလှသွေးကတော့ကြွယ်တယ် နှာတံပေါ်ပေါ်ခန္ဓာကိုယ်ကောက်ကြောင်းကလဲ သေးသေးကျစ်ကျစ်နဲ့ဖျစ်ညှစ်ချင်စရာလေးပေါ့....ဒီလိုနဲ့ သူကဘန်ဆိုတဲ့ယောကျာ်းတစ်ယောက်နဲ့ အကြောင်းပါပါလေရော...ဘန်က အလုပ်ကြိုးစားတယ် ငွေတိုးပေးတယ်သူကိုယ်တိုင်လဲအလုပ်လုပ်တယ်....ဒါပေမယ့် ဘန်ကညဆိုပုံမှန်သောက်တယ်ပြီးရင်လဲ အမ်မာဆန္ဒဆိုတာထက် သူ့ဆန္ဒကိုသာဦးစားပေးတဲ့ လူစားပေါ့... အလုပ်မှာအဆင်မပြေရင်လဲအမ်မာကို ထိုးနှက်ပြီးပြဿနာရှာတက်ပါသေးတယ်ဒီလိုနဲ့ အမ်မာတစ်ယောက် အဲ့ဒီဒဏ်ရာတွေကိုကြိတ်မှိတ်ခဲံစားရင်အိမ်နီးချင်းကောင်လေးတစ်ယောက်နဲ့ မထင်မှတ်ပဲတွေ့ဆုံမိတဲ့အခါမှာတော့....................  File size…1.79GB / 929MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by  X Cross
movie

(18+) Silip Sa Apoy (2022)

2022