Channel Myanmar

2022

After the Pandemic (2022) 5.0
After the Pandemic (2022) After The Pandemic (2022)====================CM ရဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ After the Pandemic ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Virus outbreak ဖြစ်ခဲ့တဲ့အတွက်ကြောင့် လူပေါင်းသန်းချီသေဆုံးခဲ့ရာမှ တွေ့ရှိခဲ့ရတဲ့အချက်တစ်ချက်ကတော့ လူငယ်တွေကိုတော့ ရောဂါပိုးဟာ သက်ရောက်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒီတော့ Elite အလွှာ လူတန်းစားများဟာ လူငယ်တွေရဲ့ ရောဂါခုခံနိုင်စွမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းကိုရယူချင်တဲ့အတွက် လူငယ်တွေကို Lab ခန်းထဲမှာ analysis လုပ်ဖို့ ကြံစည်လာပါတယ်။လူငယ်တွေအတွက်တော့ အိမ်မက်ဆိုးကြီးပေါ့ အဲ့တော့ ထွက်​ပြေးပုန်းရှောင် ကြတဲ့အတွက် လူငယ်တွေမရှိသလောက်နီးပါးဖြစ်သွားပါတယ်။ အယ်လီဟာလည်း ထိုအထဲမှတစ်ယောက်အ​ပါအဝင်ဖြစ်ပါတယ်။ နောက်ကနေလိုက်ဖမ်းနေတဲ့ အစိုးရအဖွဲ့ဝင်တွေလက်ကလွတ်အောင် ကြိုးစားရင်းနဲ့ ကွင်းဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ရပြီး ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်ခဲ့ရပါတယ်။ဒီဇာတ်ကားလေးဟာ virus outbreak ဖြစ်တဲ့အခြေအနေကိုရိုက်ကူးထားပြီး ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ရဲ့ survival အတွက်ကြိုးစားရပုံကို ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုဖို့တန်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုတာကိုညွှန်းပေးပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်)File Size - (1.35 GB) / (644 MB) / (424 MB) Quality – WEB-RIP 1080p / 720p/480p Duration - ...
movie

After the Pandemic (2022)

2022
Unfinished (2022) 4.9
Unfinished (2022) Unfinished (2022)==============နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့သမီးဖြစ်ခဲ့ပေမယ့် အဖေ့အကြောင်း သိပ်မသိခဲ့တဲ့ Zora။ အဖေဖြစ်သူကနှလုံးရောဂါနဲ့ဆုံးတော့ အဖေ့ဆီက အိမ်တစ်လုံးအမွေရခဲ့သလို အဖေဖြစ်သူရဲ့မပြီးဆုံးသေးတဲ့ဝတ္ထုကိုပါ လက်စသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ Zoraတစ်ယောက် ဖခင်ဖြစ်သူဆီကအမွေရခဲ့တာ အိမ်တစ်လုံးတင်မဟုတ်ပဲ စိတ်ကစဉ့်ကလျားရောဂါကိုပါဆက်ခံခဲ့ရတာပါ။ စိတ်ကစဉ့်ကလျားရောဂါသည် Zora တစ်ယောက် ခင်ပွန်းလောင်းကို အထင်လွဲ စိတ်ဆိုးပြီး ဖခင်ဖြစ်သူရဲ့အိမ်ဆီသွားနေထိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့အိမ်ကို ရောက်လာကတည်းက စစချင်းတွေ့ခဲ့ရတဲ့လူတွေဆီက နွေးထွေးတဲ့ကြိုဆိုမှုကို မရခဲ့တဲ့အပြင် သူအရင်မက်နေတဲ့အိပ်မက်ဆိုးတွေကလည်း ပိုပြီးတော့ဆိုးလာခဲ့ ပါတော့တယ်။သူ့အဖေရဲ့အိမ်ကြီးကလည်းထူးဆန်းနေသလို သူ့အဖေရဲ့အိမ်မှာရှိတဲ့လူတွေကပါ ထူးဆန်းနေပြီး အိပ်မက်ဆိုးတွေပါဆက်တိုက်မက်လာတဲ့သူ ဖခင်ရဲ့မပြီးဆုံးသေးတဲ့ ဝတ္ထုကိုလက်စသတ်သွားမှာလား။ ဒါမှမဟုတ်ရင်....ဘာတွေဖြစ်မလဲဆိုတာတော့ ကြည့်ရှုခံစားကြည့်တာပေါ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.19 GB) / (617 MB) / (411 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h 37mins Subtitle – Myanmar Hardsub Format – MP4 Genre : Thriller Translator – Chit Tee Encoder – SWM
movie

Unfinished (2022)

2022
Moonfall (2022) 5.3
Moonfall (2022) Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie

Moonfall (2022)

2022
Baba, Baby O… (2022) 7.6
Baba, Baby O… (2022) Baba Baby O 2022ဒီတစ်ခါမှာတော့ IMDb 7.6/10 ထိရရှိထားတဲ့Romance/Comedyဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အချစ်ကိုစိတ်နာခဲ့ပေမယ့် ကလေးချစ်တာကြောင့်မွေးစားသားနှစ်ယောက်နဲ့ပျော်နေတဲ့လူပျိုကြီး မိဂတ်ဒ်တစ်ယောက်ရေစက်အကြောင်းဖန်လာပြီးဘရစ်ရှတီလေးနဲ့တွေ့ဆုံခဲ့ပါတယ် အချစ်ကိုကြောက်နေပေမယ့်လည်းဘရစ်ရှတီနဲ့တွေ့တဲ့အချိန်မှာတော့မိဂတ်ဒ်ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ် ပြဿနာကတော့ဘရစ်ရှတီမှာ ရှုဗစ်ဒ်လို့ခေါ်တဲ့တွဲနေတဲ့လူတစ်ယောက်ရှိနေတာပါပဲ ဒါ့အပြင်ကိုမိဂတ်ဒ်ကလည်းချစ်ရေးဆိုဖို့ကြောက်ရွံ့နေခဲ့ပါတယ် ဒါပေမယ့်အချစ်စစ်မဟုတ်ရင်ကြာလာတာနဲ့အမျှရိုးလာကြတာဆိုတော့ အချစ်စစ်မဟုတ်ဘဲအရာရာကိုပေါ့ပျက်ပျက်တွေးတဲ့ ရှုဗစ်တစ်ယောက်ကို ဘရစ်ရှတီလည်းစိတ်ကွက်လာပါတော့တယ်ဒါပေမယ့်လည်းသူတို့နှစ်ယောက်ကနိုင်ငံခြားမှာအခြေချဖို့စီစဉ်ပြီးသားဖြစ်နေပြီးသွားလာခွင့်ဗီဇာကျလာခဲ့ချိန်မှာတော့ မိဂတ်ဒ်နဲ့ဘရစ်ရှတီတို့နှစ်ယောက်လမ်းခွဲသွားမှာလားဘာတွေဆက်ဖြစ်သွားမလဲဆိုတာတော့ဆက်လက်ကြည့်ရှုဖို့ပဲညွှန်းပေးချင်ပါတယ်အသက်အရွယ်ကွာခြားတဲ့ ဦးနဲ့ကလေးအရွယ်ပုံစံဖြစ်နေတာကြောင့်အသဲတစ်ယားယားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…1.6GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni & Jerrica
movie

Baba, Baby O… (2022)

2022
The Red Sparrow (2022) 6.4
The Red Sparrow (2022) The Red Sparrow (2022)The red sparrow ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တက်သစ်စမင်းသားတွေဆိုပေမယ့် ဇာတ်ဆောင် ဇာတ်ပို့ ဖြတ်လျှောက်က အစ အချိတ်ဆက်မိတာကြောင့် low budget လို့ မထင်ရလောက်အောင် ကြည့်ကောင်းတဲ့ ဇာတ်ကားလေးပါ ဒါအပြင် ဇာတ်လမ်း ဇာတ်ညွှန်းကလည်း ဆွဲဆောင်မှု ရှိနေပြန်တယ်...ဒီဇာတ်လမ်းကို မိတ်ဆက်ဖို့ အများကြီးမလိုပါဘူး... တစ်ခွန်းတည်းပါပဲ... နည်းပညာခေတ်ကြီး 21 ရာစုမှာ နည်းပညာမှ မသိရင် ခေတ်နောက်ကျပါပြီတို့ လူတောမတိုးတော့ဘူးဆိုတဲ့ ယနေ့ခေတ်မှာ အားလုံးက မသိမသာ နည်းပညာရဲ့ သားကောင်ကနေ ကျေးကျွန်အဆင့်ထိရောက်လာကြတာကို တွေးတောမိပြီး အနာဂတ်မှာ နည်းပညာက ဖန်တီးထားတဲ့ စက်ရုပ်တွေဟာ လူသားတွေကို ဘယ်လို ဝါးမြိုသွားမယ်ဆိုတာကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပေါ့....ဒါကြောင့် စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးပုံဖော် ဇာတ်ကားလေးကို ကြည့်ပြီး တကယ် ဒီလိုဖြစ်လာရင်လို့ တွေးပြီး ခဏလောက် ဦးနှောက် အလုပ်ပေးလိုက်ကြပါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Chu Chu ပဲ ဖြစ်ပါတယ်။Genre.....Action, Sci-Fi Quality….WEB-DL 1080p and ...
movie

The Red Sparrow (2022)

2022
(21+) STAR-984 Ogura Yua No Good Hot Spring Trip (2022) 7.8
(21+) STAR-984 Ogura Yua No Good Hot Spring Trip (2022) အိုဂူရာလေးက အရမ်းထူးခြားတယ်ငယ်သေးတယ် နုသေးတယ်ချစ်ဖို့ကောင်းတယ် သူရဲ့မျက်နှာလေးကချစ်ဖို့ကောင်းတယ် အမူရာလေးတွေကအသဲစွဲစေတယ်အထူးခြားဆုံးက သူ့နှုတ်ခမ်းတွေအရမ်းလှတယ် ဆွဲဆောင်မှုအပြည့်ရှိတယ်သူရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းတယ်ဒါပေမဲ့သူ့ရဲ့ အကြမ်းခံအားက Mind-blowing ပါပဲလုံးဝကိုမထင်မှတ်လောက်အောင် ဗို့အားပြင်းပါတယ်သွားထိမိရင် ကျင်တက်သွားနိုင်ပါတယ်သူက ဆယ်ကျော်သက်နောက်ဆုံး(၁၉)နှစ်မှာအမှတ်တရရိုက်ကူးခဲ့တာပါပြုသမျှနုရတဲ့ စီးရီးကိုရိုက်ကူးခံရဖို့သူမရင်တွေခုန်နေပါတယ်သူမရဲ့အိပ်မက်တွေ အကောင်ထည်ဖေါ်နိုင်ခဲ့တယ်ရိုက်ကွင်းက ရေပူစမ်းမှာပါသူမရဲ့ အကြမ်းခံမှုက ကြည့်ရှုသူတွေကိ ရင်ဖိုစေတယ်မနာလိုဝန်တိုမှုတွေဖြစ်ပေါ်စေတယ်သူမရဲ့ နာခံမှုတွေက ဟန်ဆောင်အပြုံးတွေမပါပဲကျေကျေနပ်နပ်ကြီးရှိနေတယ်ဆိုတာခေါင်းကြီးတို့ကြည့်လိုက်ပါဦးအချိန်အကြာကြီး အားပါးတရကြည့်ရမှာပါသိုင်းကွက်ကြမ်းကြမ်းတွေပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး  File size…3.4GB / 1.6GB Quality…1080p / 720p Format…mp4 Duration….4h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….X  Cross Translated by Ki Mu Chi
movie

(21+) STAR-984 Ogura Yua No Good Hot Spring Trip (2022)

2022
The Ice Demon (2022)
The Ice Demon (2022) The Ice Demon (2022) စိတ်ရောဂါအကြောင်း၊ စိတ်ရောဂါနဲ့ပတ်သက်လို့ ပြောကြတဲ့အခါ စိတ်ရောဂါမျိုးစုံလည်းရှိတဲ့အပြင် အဲဒီ့စိတ်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာမျိုးစုံကလည်းစုံလင်လှသဗျာ၊ စိတ်ရောဂါဆိုတာလည်း စိတ်ဒဏ်ရာခဏခဏရတာမျိုးတွေကနေဖြစ်‌တတ်တော့ စိတ်ရောဂါနဲ့စိတ်ဒဏ်ရာဟာ အညမညသဘောနဲ့ အတူတွဲနေတတ်တယ်ဗျ။အိမ်ရာတစ်ခုထူထောင်ကြပြီဆိုရင် အိမ်ထောင်ဦးစီးဆိုတဲ့ အမျိုးသားဖြစ်သူက ဒီစိတ်ပိုင်းဆိုင်ရာကိစ္စကို သိပ်ပြီးဂရုစိုက်ရတယ် သားသမီးမွေးတဲ့အခါပိုဆိုးတယ်၊ ကိုယ့်သားသမီး ကိုယ့်ရဲ့လက်တွဲဖော်သူတို့တွေစိတ်ဒဏ်ရာမရအောင် သူတို့တွေအပေါ်မှာ မရက်စက်မိအောင်ဒါတွေက သိပ်ကိုအရေးကြီးတယ်။ဒီဇာတ်လမ်းကတော့ အိမ်ထောင်ဦးစီးမပီသတဲ့ယောက်ျားတစ်ယောက်နဲ့ သူ့အမျိုးသမီးရဲ့ စိတ်ဒဏ်ရာ သူ့သမီးလေးနေထိုင်ရတဲ့ပတ်ဝန်းကျင်ဒါမျိုးတွေကို သေချာလေးဖော်ညွန်းထားနိုင်တဲ့ ဇာတ်ကားမျိုးလို့ဆိုရမယ်။ပုံမှန် သရဲပေါကားတွေလိုမျိုးအကောင်ကြီးတွေဘွားဆိုပေါ်လာမယ်၊ လန့်သွားမယ် ဟောပြီးသွားပြီ ဒါမျိုးကားမျိုးတွေသဘောကျတတ်ရင်တော့ ဒီဇာတ်ကားနဲ့ အလာ့ဂျစ်ရှိနိုင်တယ်၊ ပုံမှန်ဟောလိဝုဒ်ကားတွေကြည့်နေကြလူတွေအတွက်တော့ ရုရှားကားဖြစ်တဲ့အတွက် အမြင်တစ်မျိုးလေးနဲ့ကြည့်ရမယ်။ဘယ်ချိန်သရဲပေါ်လာမလည်းဆိုပြီးစောင့်ကြည့်နေရမယ့်ကားမျိုးဆိုတာထက် တစိမ့်စိမ့်ကြည့်ရမယ့်ကားမျိုးဆိုရင်ပိုမှန်လိမ့်မယ်။ တကယ်တော့ သရဲတို့ နတ်ဆိုးတို့ကြောက်စရာကောင်းတယ်ဆိုတာ လူတွေကိုဘယ်မှီမလဲ၊ ဒီလိုတွေးမိရင်တော့ ဒီသရဲကားကသိပ်ကြောက်စရာကောင်းတော့မယ်မထင်ပါဘူး...(ဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆိုရေးသားထားပါတယ်)Size - 650MB, 350MB Quality - 1080p, 720p Format - mp4 Duration - 1H 32Min Genre ...
movie

The Ice Demon (2022)

2022
OLIVIA RODRIGO: driving home 2 u (a SOUR film) (2022) 7.7
OLIVIA RODRIGO: driving home 2 u (a SOUR film) (2022) Olivia Rodrigo : Driving Home 2 U (2022)အမေရိကန်နိုင်ငံက Olivia Rodrigo ဆိုတဲ့ ဆယ်ကျော်သက် အဆိုတော်-တေးရေးဆရာမလေးရဲ့ Driving Home 2 U ဆိုတဲ့ documentary လေးကို တင်ဆက်ပေးလိုက်ပါတယ်Olivia Rodrigo ဆိုတာနဲ့ Drivers License ဆိုတဲ့ သီချင်းလေးကို ပြေးမြင်မိကြမှာပါပဲ။ ဟုတ်ပါတယ်။ ဒီသီချင်းလေးက သူအသည်းကွဲရာကနေ မွေးဖွားလာခဲ့တဲ့သီချင်း၊ သူ့ကောင်လေးနဲ့အတူ စိတ်ကူးယဉ်ခဲ့တဲ့ ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ရမယ့်နေ့လေး၊ တကယ်တမ်း ၁၈နှစ်ပြည့်ပြီးလို့ ယာဉ်မောင်းလိုင်စင်ရတဲ့နေ့မှာတော့ သူနဲ့တူတူစိတ်ကူးယဉ်ခဲ့တဲ့ ကောင်လေးလည်း သူ့အနားမရှိတော့သလို ကိုယ်တိုင်ကားမောင်းပြီးသွားလည်ရမယ့် ကောင်လေးရဲ့အိမ်ဆိုတာလည်း မရှိတော့ပါဘူး။ အဲဒီလို ရင်နဲ့ရင်းပြီးရေးခဲ့ရတဲ့ အသည်းကွဲဇာတ်လမ်းလေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ ပရိသတ်ရှေ့ကို တရားဝင်ချပြခဲ့တဲ့အခါမှာတော့ သူ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေဖို့ ဖြစ်လာပါတော့တယ်။ဒီ Drivers License ဆိုတဲ့ သီချင်းနဲ့ Chart တွေမှာ နံပါတ်၁စွဲ၊ ...
movie

OLIVIA RODRIGO: driving home 2 u (a SOUR film) (2022)

2022
(18+) Moonlight Butterfly (2022) 7.6
(18+) Moonlight Butterfly (2022) MoonLight Butterfly (2022)ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘားမှာ ဖျော်ဖြေပေးနေရတဲ့ မိန်းမလှလေး....ဘားမယ်ဆိုပေမယ့် အလှသွေးကြွယ်ချက်က ၉+ဆိုတော့ ဖောက်သည်တွေ တသောသောနဲ့ အမြဲ အလုပ်များနေတာပေါ့သူဒီလိုလုပ်ရတာလဲ ဝါသနာကြောင့်မဟုတ်ပဲ သူ့ရဲ့ဘဝပေးကံလေး နိမ့်နေလို့ပါ... နိမ့်ပုံကတော့ အမေက ကျောက်ကပ်အမြဲဆေးနေရတဲ့ ရောဂါသည် လူမမာကြီး... မောင်ဖြစ်သူကလဲ ကျောင်းတက်နေရတဲ့ လူငယ်လေးဆိုတော့ အမကြီးအမိရာဆိုတဲ့အတိုင်း သူမရဲ့ လှပတဲ့ကောက်ကြောင်း ပေါ်လွင်တဲ့နှာတံ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို အသုံးချပြီး ပိုက်ဆံရှာရတာပေါ့ဗျာသူ့ရဲ့ စပါယ်ရှယ်ဝန်ဆောင်မှုကိုတော့ လပြည့်နေ့တရက်သာ ပေးပါတယ် လပြည့်နေ့တိုင်း သူမကသူမရဲ့အလှတရားကို ပေါ်လွင်တောက်ပစေမယ့် အဝတ်အစားတွေနဲ့ တညတာအဖော်ရှာဖွေရင်း မထင်မှတ်ထားတဲ့ ယောကျာ်းနှစ်ယောက်နဲ့တွေ့ဆုံမိချိန်မှာတော့....   File size…1.8GB / 866MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark
movie

(18+) Moonlight Butterfly (2022)

2022
Valimai (2022) 7.6
Valimai (2022) Valimai (2022)ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီးအမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်းသေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာလိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာကဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်းအမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲအခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza
movie

Valimai (2022)

2022
4K HEVC Web-DL
Bheemla Nayak (2022) 7.8
Bheemla Nayak (2022) Bheemla Nayak (2022)ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမားနှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာသတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာသူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမားBheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး"Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။  File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe ...
movie

Bheemla Nayak (2022)

2022
Measure of Revenge (2022) 4.2
Measure of Revenge (2022) Measure of Revenge (2022) ==============မင်းသမီး အလန်းစားလေး Bella Throne ပါတဲ့ Thriller , Horror ရုပ်ရှင်ကားသစ်လေးထွက်လာပါပြီ။ဆေးလွန်ပြီးသေသွားတဲ့ နုာမည်ကြီးအဆိုတော်ရဲ့ သေဆုံးမှုကို စုံစမ်းတဲ့ Drug Dealer တစ်ယောက်အဖြစ် Bella ကိုတွေ့ရပါမယ်ဇာတ်လမ်းအကျဉ်းက ကာတစ်ကူပါးဆိုတဲ့ နာမည်ကြီး Band ရဲ့ ပင်တိုင်အဆိုတော်ဟာ အောင်မြင်မှုဒဏ်တွေကြောင့် ဆေးသမားလုံးလုံးဖြစ်သွားခဲ့ပြီး ပြန်လည်ထူထောင်ရေးစခန်းမှာ နှစ်ချီနေလိုက်ရပါတယ်။ သူအဲ့ဒီကပြန်ထွက်လာပြီး အနုပညာလောက အနားယူ ဘဝသစ်တစ်ခုစတင် အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်လိုက်ပြီး နောက်မှာပဲ တစ်ညမှာ အမ်ဖတ်တမင်းခေါ် စိတ်ကြွဆေး အများအပြားလွန်ကာ လင်မယားနှစ်ယောက်လုံး သေဆုံးနေတာကို တွေ့ရှိလိုက်ရပါတယ် ရဲတွေကတော့ ဒါကို သာမန် မတော်တဆဆေးလွန်ပြီးသေဆုံးတယ်လို့ အမှုသိမ်းလိုက်ပေမယ့် မကျေနပ်နိုင်တဲ့ ကာတစ်ရဲ့ အမေ လီလီယန်ကူပါးဟာ သားရဲ့အဆိုတော်ဘဝက အချိတ်အဆက်တွေကို လိုက်လံစုံစမ်းရင်း အရင်က သူဆေးဝယ်နေကျ Taz ...
movie

Measure of Revenge (2022)

2022
Love Like the Falling Petals (2022) 6.2
Love Like the Falling Petals (2022) Love like the falling petals (2022)(၁)ဓာတ်ပုံဟူသည် အသိဉာဏ်၊ နှလုံးသားနဲ့ စက္ခုကို မြင်ကွင်းတစ်ခုတည်းအောက် ထည့်ထားလိုက်ခြင်းပင်။ ဓာတ်ပုံဆရာဖြစ်ဖို့ ပါရမီနဲ့ အတတ်ပညာကိုလိုကောင်းလိုပေမဲ့ အရေးအကြီးဆုံးမှာ ဓာတ်ပုံဆရာ၏ နှလုံးသားဟုဆိုသည်။ ကင်မရာခလုတ်ကို နှိပ်လိုက်သောအချိန်တွင် ကိုယ့်နှလုံးသားက ဘာကိုဖမ်းယူချင်စိတ်ရှိလဲဆိုသော အချက်က ဓာတ်ပုံ၏ အနှစ်သာရပင်။ဓာတ်ပုံတို့သည် အခိုက်အတန့်လေးများကို ထာ၀ရတည်တံ့အောင် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိ၏။ သူမသည် ဓာတ်ပုံများထဲတွင်တော့ ဟိုအရင်လို မပြောင်းမလဲတမ်း ရှိနေသည်သာ။ နှလုံးသားသည် ပွင့်ဖတ်ကြွေလွင့်လို ဖူးလွယ်ကြေလွယ်သောအရာဟု ရှေးလူတို့ ပြောကြဖူးသည်။ ပသို့ပဲဆိုဆို ဓာတ်ပုံတို့ထဲတွင် ကျွန်တော့်အချစ်တို့ ကျွန်တော်တို့အတိတ်တို့ ထာ၀ရ တည်တံ့နေလိမ့်ဦးမည်။(၂)ချယ်ရီတွေကို သယ်ဆောင်လာတဲ့ နွေဦးမှာ ကိုယ်မင်းနဲ့တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အိပ်မက်တွေနောက်ကို ရဲရဲမလိုက်ရဲခဲ့တဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါပဲ။ ဓာတ်ပုံဆရာဖြစ်ချင်ခဲ့ပေမဲ့ ခက်ခဲလွန်းလို့ လက်လျှော့ခဲ့တဲ့သူပေါ့။အစကတော့ အဲဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါ။ မထူးခြားနား မိန်းကလေးတစ်ယောက်ရဲ့ သာမန်မဟုတ်တဲ့အပြုံးက တလောကလုံးကို လင်းကျင်းစေနိုင်တယ်လို့ ကိုယ် ဘယ်သိခဲ့ပါမလဲ။ ချယ်ရီတွေလို ပန်းနုရောင် အလင်းဟာ ဒီလိုနဲ့ပဲ ကိုယ့်တစ်ဘ၀လုံး လင်းကျင်းစေခဲ့ဖူးတယ်။(၃)ကြယ်မမြင်နိုင် ...
movie

Love Like the Falling Petals (2022)

2022
Feeling Butterflies (2022) 6.8
Feeling Butterflies (2022) Feeling Butterflies (2022)အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မြို့‌လေးတစ်မြို့မှာ အမ်မလီမယ်ရီပိုဆာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက သူမရဲ့သူငယ်ချင်းနဲ့အတူ လိပ်ပြာ‌လေးတွေကိုမွေး၊ ပြီးရင် မွေးနေ့ပွဲတို့ မင်္ဂလာဆောင်တို့လို ပွဲတွေမှာ လိပ်ပြာလေးတွေကိုလွှတ်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်။ အတိတ်အချစ်ရေးကံဆိုးခဲ့သူတစ်ယောက်ဖြစ်လို့ ထပ်ပြီးရင်ခုန်ဖို့မလွယ်‌ကူတော့တဲ့ သူမဘ၀ဟာ မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ စပြီးတာဝန်ယူရာကနေ single dad လူချောလေး ဂဲရက်နဲ့တွေ့ပြီးနောက်မှာ ပြောင်းလဲသွားခဲ့တယ်။အကြောင်းဖန်ချင်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လိပ်ပြာအကောင်ရေ ၅၀၀ လွှတ်ဖို့အတွက် ဂဲရက်တို့သားအဖက ဝင်ရောက်ကူညီပေးလာတဲ့အခါမှာ‌တော့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး စတင်လာနိုင်ပါ့မလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သဘာဝတရားကြီးနဲ့ အင်းဆက်နွယ်မျိုး လိပ်ပြာတွေရဲ့ဆက်စပ်နေပုံတွေ၊ လိပ်ပြာလေးတွေကို ဂရုတစိုက်စောင့်ကြည့်မွေးမြူရပုံတွေ၊ အရောင်အသွေးစုံလင်တဲ့လိပ်ပြာအမျိုးအစားလေးတွေကို မျက်စိပသာဒဖြစ်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ အချစ်ကားအေးအေးလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်များ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်)Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.3GB and 650MB Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder .....August
movie

Feeling Butterflies (2022)

2022
Manchurian Tiger (2022) 5.9
Manchurian Tiger (2022) Manchurian Tiger (2022)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Manchurian Tiger ဆိုတဲ့ တရုတ်ဒရာမာဟာသကားလေးဖြစ်ပါတယ်။ မန်ချူးရီးယန်းကျားဆိုတာကမ္ဘာမှာအရှားပါးဆုံးမျိုးနွယ်ဝင်မျိုးကျားတစ်မျိုးဖြစ်တယ် ။ လူတွေဟာရှားပါးမျိုးနွယ်ဝင်ကျားကိုထိန်းသိမ်းစောင့်ရှောက်ဖို့ တိရိစ္ဆာန်ရုံမှာပိတ်လှောင်ထားသလိုပဲ လူတိုင်းရဲ့စိတ်ထဲမှာလဲပိတ်လှောင်ထားတဲ့ သားရဲတစ်ကောင်ရှိတယ် ဆိုတဲ့သဘာဝကိုဖော်ကျူးချင်တာဖြစ်ပါတယ်။မေလင်ဟာ မီးဖွားခါနီး ကိုယ်ဝန်နေ့စေ့လစေ့နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ရွှီတုန်းကတော့ ခွေးချစ်သူတစ်ယောက်ပါ။ ဇနီးဖြစ်သူ မီးဖွားပြီးရင် ကလေးငယ်နဲ့ခွေးကိုဆက်မွေးဖို့အဆင်မပြေတာကြောင့် ရွှီတုန်းဟာ မာချန်လီဆီမှာ ခွေးလေးကို အပ်ထားလိုက်ပါတယ်။မာချန်လီကတော့ အကြွေးတွေပိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ ကံမကာင်းစွာနဲ့ပဲ ခွေးလေးဟာ မာချန်လီ လက်ထဲမှာ သေသွားပါတယ်။ အဲဒီလိုနဲ့ ရွှီတုန်းဟာ ဒေါသတကြီးနဲ့ မာချန်လီကိုလက်စားလိုက်ချေပါတော့တယ်။ လက်စားချေဖို့ကြိုးစားတိုင်းမအောင်မြင်ဘဲ သူထင်ထားသလို မဟုတ်တဲ့ မာချန်လီအကြောင်းတွေကိုသာသိလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲ မေလင် တစ်ယောက် မထင်မှတ်ဘဲနဲ့ သူ့ယောင်္ကျားရဲ့လျို့ဝှက်ချက်ကိုသိသွားပါတော့တယ်….. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ ဒီကားလေးဟာ Genre မှာ Drama / Comedy ဆိုပေမယ့် ကိုယ့်ရဲ့တစ်ဦးတစ်ယောက်ထဲအမြင်အရ ဒရာမာဘက်ပိုရောက်တယ်လို့ ပိုခံစားမိပါတယ်။ဘဝမှာ တချို့အရာတွေက ရယ်စရာလိုဖြစ်နေပေမယ့် ခါးသီးတဲ့အမှန်တရားတွေဖြစ်နေတတ်တာပဲမဟုတ်လား။ CM ပရိသတ်ကြီးကရော ဘယ်လိုမြင်လဲဆိုတာ အဆုံးကြည့်ပြီး ဆွေးနွေးသွားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်။Genre.....Comedy, ...
movie

Manchurian Tiger (2022)

2022
Super Machi (2022) 9.1
Super Machi (2022) Super Machi (2022)အိန္ဒိယအက်ရှင်ကားတွေကို ငြီးငွေ့ပြီးတော့ ပေါ့ပေါ့ပါးပါးကားလေးတွေကိုကြည့်ရှုချင်လာပြီဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အိန္ဒိယကားတွေ တော်ကီကြွယ်ရင် တခြားဘယ်နိုင်ငံကားမှ လိုက်မမီဘူးဆိုတာ အားလုံးအသိပါပဲ။ဒီ Super Machi movie လေးမှာလည်း အဓိကဇာတ်ဆောင်တွေအပြင်အရန်ဇာတ်ဆောင်တွေကပါ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာအလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက်...ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့...ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင်လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ်။ရာဂျူးကလည်း အခုမှ တွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိမိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ်။စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမဲ့ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ (အားကျကုန်လော့)။ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်းရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါလေရော။ဒါပေမဲ့ အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကိုရူးရူးမူးမူး လိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ။ရာဂျူးကရော ခါးခါးသီးသီး ငြင်းဆိုနေတဲ့နောက်ကွယ်မှာ ...
movie

Super Machi (2022)

2022
Black Crab (2022) 5.7
Black Crab (2022) Black Crab (2022)=================ဒီကားလေးက 2022 ထွက်ဆွီဒင် War,Action,Drama ကားသစ်လေးဖြစ်တဲ့ အပြင် ဆွဲဆောင်မှုရှိတဲ့ မူဗီလို့ပြောလို့ရပါတယ်၊၊ဇာတ်လမ်းအကျဥ်း စစ်ပွဲတစ်ခုရဲ့ အဆုံးသတ်ဟာ ဘယ်လိုနည်းနဲ့မဆိုမကောင်းတာတော့ သေချာပါတယ်။ ပြည်တွင်းစစ်ကစတဲ့ စစ်ပွဲတစ်ခုအတွင်းမှာ သမီးဖြစ်သူကို ဆုံးရှုံးထားတဲ့မိခင်တစ်ယောက်။ သေနတ်ပစ်လည်းကျွမ်းကျင်သလို ရေခဲပြင် စကိတ်စီးလည်းကျွမ်းကျင်တဲ့သူမကို လူအချို့နဲ့အတူ အစိုးရက ဆင့်ခေါ်ပြီး တာဝန်တစ်ခုပေးအပ်လာတဲ့အချိန်မှာတော့။ သူ့ကိုပေးအပ်တဲ့တာဝန်က ဘာလဲ။ ခက်ခဲလှတဲ့ ဒီတာဝန်ကို သူ ထမ်းဆောင်နိုင်မှာလား ဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျောလိုက်ကြပါဦး။ တအားကြီးကြမ်းတဲ့ စစ်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းလေးမဆိုးတာကြောင့်ကြည့်ပျော်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size - (1.39 GB) / (682 MB) / (438 MB) Quality – WebDL 1080p / 720p/480p Duration - 1h 54mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Drama Translator ...
movie

Black Crab (2022)

2022
Aaraattu (2022) 5.1
Aaraattu (2022) Aarattu(2022)2022ခုနှစ်ထွက် Aaraattuဆိုတဲ့ ကားလေးကိုCM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ မူသာလက်ကိုတာဆိုတဲ့ ရွာလေးမှာရှိတဲ့မြေနေရာတစ်ခုကို ငှားရမ်းလိုက်တဲ့ နေရန်တင်ကာရာဂိုပန်ဆိုတဲ့လူတစ်ယောက်နဲ့ ရွာမှာ ရေလွှမ်းမှုဖြစ်တုန်းကရွာကိုကူညီဖို့ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့လူလေးယောက်ကြားထဲက ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ရွာမှာ ရှိနေခဲ့တဲ့ မာသာရီဆိုတဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ရေလွှမ်းနေတဲ့မြေကိုအစိုးရက စိုက်ပျိုးရေးလုပ်ခိုင်းတာမို့ အကျိုးအမြတ်ဖြစ်အောင်လုပ်ချင်တဲ့မာသာရီဟာ ဂိုပန်ကို မြေဖို့ဖို့အတွက် လူငှားလိုက်ပါတော့တယ်။စီးပွားရေးသမား၊ အလုပ်သာဖြစ်မယ်ဆို ဘယ်သူ့မျက်နှာကိုမှ မငဲ့တဲ့ဂိုပန်ဟာ အဲဒီမြေကို အခွန်ဦးစီးဌာနမှူးဆီမှာ ငါးမွေးမြူရေးအတွက်​တောင်းရမ်းပါတော့တယ်။ငွေရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက တင်းမာမှုတွေ၊ အကျိူးစီးပွားကိုပဲကြည့်တဲ့လူတွေကြားမှာရိုးသားတဲ့ရွာသူရွာသားတွေနဲ့ သာယာပြီး နေထိုင်ချင်စဖွယ်ကောင်းတဲ့ရွာလေးကရော တောင့်ခံထားနိုင်ပါ့မလား။ အဲဒီအပြင် ဒီရွာကို ရောက်လာခဲ့တဲ့ဂိုပန်ဟာရော ဒီတိုင်းရောက်လာခဲ့တာလား၊ သူဖုံးကွယ်ထားတဲ့အတိတ်တစ်ခုခုရှိနေတာလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲဆက်ကြည့်လိုက်ကြပါဦးနော်။ IMDb 5.3ရထားတဲ့ကားကောင်းလေးဖြစ်ပြီး ရိုက်ကူးထားသူကတော့ ဒါရိုက်တာB. Unnikrishnanပဲဖြစ်ပါတယ်။ အခုပဲ CM ပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ  File size…3.4GB / 1.6GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitlte ...
movie

Aaraattu (2022)

2022
Pawankhind (2022) 9.5
Pawankhind (2022) Pawankhind 2022ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ အိန္ဒိယသမိုင်းနောက်ခံစစ်ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အိန္ဒိယရာဇဝင်မှာနာမည်ကျော်တဲ့ ပါဝမ်ခိုင်စစ်ပွဲအကြောင်းကိုမှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ကိုးကွယ်ရာနတ်ဘုရားတွေနဲ့ပတ်သက်တဲ့လူကြီးတွေရဲ့ပါးစပ်ရာဇဝင်တွေ ပေါင်းစပ်ပြီး အချက်အလက်တွေထက်ရသဘက်ကိုဦးစားပေးရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ဆစ်ဒီဂျိုဟာရဲ့စစ်သည်တော်တွေဟာ ရှီဗာဂျီမာဟာရဂ်ျကို ပန်ဟာလာခံတပ်မှာလပေါင်းများစွာဝန်းရံထားသောကြောင့် အဝိုင်းခံတပ်များကပါးနပ်လှသောညနည်းဗျူဟာများဖြင့် ကြိုးပမ်းရုန်းထွက်ကြပုံကိုပုံဖော်ထားပြီး မာရသာစစ်သည်တော်တွေရဲ့ဘဝကိုအခြေခံရိုက်ကူးထားပါတယ်။Historical/Action/Drama ဖြစ်ပြီးနှစ်နာရီခွဲကြာပေမယ့်ထိုင်ရာမထကြည့်ချင်လောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားမျိုးဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။  File size…2.9GB / 1.5GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 33min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko
movie

Pawankhind (2022)

2022
Studio 666 (2022) 5.8
Studio 666 (2022) Studio 666 (2022) အညွှန်းIMDb 5.9/10==============================ဒီတစ်ခါ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှ ရင်တဖိုဖိုနဲ့ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်တွေအတွက်2022 မှာမှ အသစ်ထွက်ထားတဲ့ Musical thriller/horror အမျိုးအစား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးက ကြောက်စရာကောင်းသလောက် သွေးထွက်သံယိုအခန်းတွေ၊ အော်ကလီဆန်စရာအခန်းတွေ ပါဝင်တာမို့လို့ရွံတတ်သူများ ကြောက်တတ်လန့်တတ်သူများ မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ။ဇာတ်လမ်းအကျဥ်းလေးကတော့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့က သူတို့ရဲ့ ဆယ်နှစ်ပြည့် သီချင်းခွေထုတ်ဖို့ စီစဥ်နေကြပါတယ်။သူတို့လိုအပ်နေတာက အသံတိတ်ဆိတ်ပြီး သီချင်းသွင်းလို့ကောင်းမယ့် အိမ်တစ်အိမ်ပါပဲ။ဒီအိမ်ကို လိုက်ရှာကြတဲ့အခါ ရှေးဟောင်းအိမ်ကြီး တစ်အိမ်ကို ရောက်ပြီး အဖွဲ့ခေါင်းဆောင်က အိမ်ကြီးကို ရွေးလိုက်ပါတယ်။အဖွဲ့သားတွေကတော့ ဒီအိမ်ကြီးကို မသိုးမသန့်ဖြစ်ပြီး စိတ်အလိုမကျပေမယ့် သီချင်းသွင်းဖို့ အဆင်ပြေတဲ့အတွက် သဘောတူလိုက်ကြပါတယ်။ဒါပေမဲ့ ကြမ္မာဆိုးက ဝင်ချင်တော့ တစ်ရက်ပြီး တစ်ရက် နိမိတ်ဆိုးတွေ ဖြစ်ရပ်ဆိုးတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ဒါ့အပြင် သူတို့ရဲ့ တီးဝိုင်းခေါင်းဆောင်ကလည်း တစ်မျိုးတမည် ပြောင်းလဲလာပါတော့တယ်။သူတို့စိတ်ကပဲထင်နေတာလား.... ဒီအိမ်ကြီးရဲ့ ညှို့ငင်မှုကြောင့်လား....သူတို့တီးနေတဲ့ သီချင်းခွေကရော ဘယ်လိုသံစဥ်တွေဖြစ်လာမလဲဆိုတာ..... စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ညဖက်တစ်ယောက်တည်း စောင်ခြုံပြီး ကြည့်သင့်တဲ့ ကြည့်ရင်းတန်းလန်း အိမ်သာမသွားသင့်တဲ့ ဇာတ်လမ်းလေးဖြစ်လို့ မလွတ်တမ်းအားပေးကြပါဦးခင်ဗျာ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။Genre..... Comedy, ...
movie

Studio 666 (2022)

2022