Channel Myanmar

2022

Infinite Storm (2022) 6
Infinite Storm (2022) Infinite Storm (2022) ဇာတ်လမ်းအညွှန်း ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Drama/ Thrillerဇာတ်ကားတစ်ကားပါ။စိတ်ဒဏ်ရာတွေရှိနေတဲ့ အသက်53နှစ်အရွယ် တောင်တက်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပမ်ဟာ အေးစက်လှတဲ့ နိုဝင်ဘာလမှာ ရာသီဥတုအခြေနေ ဆိုးဝါးနေမှန်းသိနေခဲ့ပေမယ့်လည်း Mount Washington ကို ခါတိုင်းလိုပဲတက်ခဲ့ပါတယ်။ရာသီဥတုဆိုးလွန်းလို့ ပြန်လှည့်လာတဲ့အချိန်မှာတော့ နှင်းတွေကြားမှာ sneaker ဖိနပ်ခြေရာကိုတွေ့လိုက်ရင်း တောင်ပေါ်တက်ဖို့ဒီဖိနပ်စီးလာတဲ့သူတော့ ဒုက္ခရောက်နေမှာပဲ ဆိုပြီး လိုက်ရှာရာကနေ ...ပရဟိတစိတ်ဓာတ်ရှိလှပြီး လက်မလျှော့တတ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ရဲရင့်ပုံနှင့် စွန့်စားပုံတို့ကို survival ဇာတ်ကားတို့ ထုံးစံအတိုင်း ပုံဖော်ရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size          :  1.8GB, 622MB & 320MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & ...
movie

Infinite Storm (2022)

2022
Naradan (2022) 7.3
Naradan (2022) Naradan 2022 -------------------------------------- ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလိုအဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက်နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။   File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena
movie

Naradan (2022)

2022
Umma (2022) 5.1
Umma (2022) Umma (2022) ====================== Killing Eve ဇာတ်လမ်းတွဲနဲ့လူသိများတဲ့ ကိုရီးယားမင်းသမီး Sandra Oh ဦးဆောင်ပါဝင်ထားတဲ့ Horror ကားကောင်းလေး ဖြစ်ပါတယ်။ Asian အငွေ့အသက်တွေပါတဲ့ Horror Genre အမျိုးအစားဖြစ်တာကြောင့် ကြောက်ဖို့ မကောင်းမှာတော့ မပူရပါဘူး။ဇာတ်လမ်းပုံစံကတော့ မိခင်ရဲ့ညှင်းပန်းနှိပ်စက်မှုကြောင့် ကိုရီးယားကနေ US ကိုထွက်ပြေးပြီး အခြေချနေထိုင်လာခဲ့တဲ့ အမန်ဒါဟာ ခရစ်ဆိုတဲ့ သမီးလေးတစ်ယောက် အရွယ်ရောက်လာတဲ့အထိပါပဲ။ သားအမိနှစ်ယောက် ပျားမွေးမြူရေးလုပ်ကိုင်ရင်း ဖုန်းမရှိ..အီးမေးလ်မရှိ အင်တာနက်မရှိဘဲ ပတ်ဝန်းကျင်နဲ့အဆက်သွယ်ဖြတ်ကာ ဇာတ်မြှုပ်နေထိုင်ခဲ့ကြပါတယ်။ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာဖန်လာတော့ အမန်ဒါရဲ့ ဦးလေးဖြစ်သူဟာ ကိုရီးယားကနေ အိမ်ရှေ့တံခါးဝဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ သူနဲ့အတူ သေဆုံးသွားတဲ့ အမန်ုဒါအမေရဲ့ အရိုးပြာနဲ့အကြွင်းအကျန်ပစ္စည်းတွေ ပါလာခဲ့ပါတယ်။ သမီးကိုနောက်ဆုံးစွဲလန်းစိတ်နဲ့သေသွားခဲ့တဲ့ အမန်ဒါရဲ့ မိခင် ဝိဉာဉ်ဟာ ခရစ်နဲ့အမန်ဒါတို့ နှစ်ယောက်ဘဝထဲ ဂြိုလ်ဆိုးတွေဝင်လာခဲ့တဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဒီ Umma ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်Genre.....Drama,Horror, Mystery Quality….WEB-DL 1080p and 720p and 480p File size… 1.47GB and 728MB ...
movie

Umma (2022)

2022
Etharkkum Thunindhavan (2022) 8.2
Etharkkum Thunindhavan (2022) Etharkum Thuninthavan 2022ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်‌ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ်-လိမ်နေတာ သူတကယ်သတ်တာလေးယောက်IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ်သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ်ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာအမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ်ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ...တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်ကအကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)  File size…3GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Jerrica & Yunni
movie

Etharkkum Thunindhavan (2022)

2022
(18+)Island of Desire (2022) 7.8
(18+)Island of Desire (2022) မာသာဆိုတဲ့ အမျိုးသမီးငယ်လေးဟာ သူ့ကလေးအသေမွေးပြီးတဲ့နောက် စိတ်ဂယောင်ချောက်ချားဝေဒနာကြောင့်ကုထုံးဆရာဝန်နဲ့ပြနေရပြီး တစ်ပူပေါ်နှစ်ပူဆင့်စရာသူ့ခင်ပွန်းရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကလဲ စိတ်ဖိစီးစရာဖြစ်နေပါသေးတယ်။တစ်နေ့ဆရာဝန်ဆီကအပြန်ကားပေါ်မှာကတောက်ကဆဖြစ်ရာကနေမတော်တဆမှုကြုံပြီးနှစ်ဦးလုံးသတိလစ်မေ့မျောသွားပါတော့တယ်။သတိရလာတဲ့အချိန်မှာတော့ မာသာဟာ အစ်စလာဘာတိုဆိုတဲ့ ဝေးခေါင်တဲ့ဒေသကျွန်းလေးတစ်ကျွန်းမှာခရိုင်ကျန်းမာရေးဌာနရဲ့သူနာပြုတစ်ယောက်အဖြစ်ရောက်ရှိနေပါတယ်။ ကျွန်းပေါ်ကဝမ်းဆွဲဆရာမ တက်စ်၊လီလွိုင်းဆိုတဲ့ဆိုင်ကယ်ကယ်ရီသမားလူငယ်လေးတို့နဲ့ရင်းနှီးလာခဲ့ပြီး လီလွိုင်းနဲ့တော့ချစ်ကျွမ်းဝင်နေကြပါပြီ။ကျွန်းပေါ်ရောက်ကတည်းက မာသာဟာထူးခြားတဲ့အိမ်မက်တွေကိုမြင်မက်ပါတယ်၊ အဲ့ဒီအိမ်မက်ကတော့ကလေးမွေးလုဆဲမိခင်တွေကို သူကူညီပြုစုပေးနေရင်း အဲ့ဒီမိခင်တွေကနေ မြွေမွေးလာပြီးထကိုက်တာ ဆိတ်ကလေးမွေးလာတာတွေပါ။ ဒီလိုပဲကျွန်းပေါ်က တစ်ချို့လူတွေက သူအရင်က သိဖူးကျွမ်းဖူးသလိုဖြစ်နေရုံတင်မကကာလရှည်ပျောက်ဆုံးနေတဲ့အစ်မအရင်းဖြစ်သူကိုပါ ကျွန်းပေါ်မှာတွေ့လာရပြီး အဲ့ဒီအစ်မက ကျွန်းပေါ်ကချက်ချင်းပြန်ဖို့ သူ့ကိုတွေ့တိုင်းတိုက်တွန်းလာတဲ့အခါ..။ သူဟာ မာသာဘဝမှာသက်ရှိထင်ရှားရှိနေသေးရဲ့လား?အခု သူရောက်နေတာ နောက်ဘဝလား? ဒါမှမဟုတ် အတိတ်ကသူ့ဘဝပဲလား? အဲ့ဒီလိုမဟုတ်ခဲ့ရင်ဒါဟာအပယ်ဘုံတစ်မျိုးမျိုးလား? ပဟေဠိဆန်တဲ့ကျွန်းရဲ့လျှို့ဝှက်ချက်တွေကို သူဘယ်လိုအဖြေရှာမလဲ?မကြာသေးမှီကထွက်ရှိထားတဲ့ Siklo နဲ့ Moonlight Butterfly တို့နဲ့ပရိသတ်စိတ်ဝင်စားမှုကိုရထားတဲ့မင်းသမီးချောလေး Christine Bermas နဲ့ Nerisa, Taya, Mahjong Night တို့ရဲ့မင်းသားငယ် Sean de Guzman တို့ဦးဆောင်ပါဝင်ထားပါတယ်။ကာမဂုဏ်တွေနဲ့လူသားတွေကိုမိန်းမောယစ်မူးစေပြီး အမှန်ကိုမမြင်နိုင်အောင်ပိတ်ပင်ဖျားယောင်းတဲ့ဘုံတစ်မျိုးမျိုးကိုရည်ရွယ်ဟန်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ကျွန်း၊ အစ်စလာဘတန်တိုခေါ်ရမ္မက်ကျွန်းရဲ့အကြောင်းကို ဆက်လက်ရှုစားကြပါ။   File size…1.7GB /860MB Quality…1080p WEB DL ...
movie

(18+)Island of Desire (2022)

2022
The Outfit (2022) 7.5
The Outfit (2022) The Outfit (2022) ~ IMDb - 7.5/10, RT - 86%, Meta - 69% ~အင်္ဂလိပ် အမျိုးသား အပ်ချုပ်ဆရာတစ်ဦး၊ အရေတွန့်နေတဲ့ အသားအရည်နဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေနဲ့၊ ချီကာဂိုမြို့ပေါ်က ကျော်ကြားသူကြီးပေါ့။ သူ့ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်သလိုပါပဲ။ ဒါပေမဲ့ ဘွိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ လာ ဖောင်တိန်း ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ မှုခင်းနှိမ်နင်းရေး FBI အဖွဲ့ရယ်၊ သူတို့ကြားမှာ သူ့အပ်ချုပ်ဆိုင်လေးက အေးချမ်းသလိုလိုနဲ့ ငရဲတွင်းတစ်ခု ဖြစ်နေပါတော့တယ်။ဒီလိုနဲ့ အောက်ဖစ် ဆိုတဲ့ အဖွဲ့တစ်ခုကလည်း ကြားကဝင်ရှုပ်လာပြန်တယ်။ ဂိုဏ်းအဖွဲ့နှစ်ခုကြား ဘယ်သူမှန်းမသိရတဲ့ အောက်ဖစ် ကို ကြောက်ကြ လန့်ကြရပေါ့။ ဘွိုင်းအဖွဲ့ထဲကို လျှို့ဝှက်အသံဖမ်းစက်တစ်လုံး ရောက်လာပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်တဲ့ အသံတွေ ဖမ်းမိသွားတဲ့အခါမှာ ဇာတ်လမ်းက ရုပ်လုံးကြွလာပါတယ်။ ...
movie

The Outfit (2022)

2022
Battle: Freestyle (2022) 4.8
Battle: Freestyle (2022) Battle: Freestyle (2022)=================စတိုင်ကျကျကပြတဲ့ ကားတွေကို ကြိုက်သူများအတွက် Netflix က အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ကားနာမည်ကတော့ Battle: Freestyle တဲ့ . . .ဒီကားထဲမှာ အမ်မလီက ချစ်သူမီကယ်ရဲ့အကအဖွဲ့မှာ ပါဝင်တဲ့သူလည်း ဖြစ်သလို၊ တစ်နေ့မှာ အမ်မလီတို့အဖွဲ့ ပါရီမှာ ပြိုင်ပွဲ ယှဥ်ပြိုင်ဖို့အတွက် ရွေးချယ်ခံလိုက်ရတဲ့အခါ အမ်မလီတစ်ယောက် ဝေးကွာနေတာကြာပြီဖြစ်တဲ့ အမေဖြစ်သူနဲ့ တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ နောက်ပြီးအမ်မလီအမေက အကသင်တန်းကျောင်းရဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး အမ်မလီ တစ်ယောက် အမေဖြစ်သူနဲ့တွေ့တဲ့ချိန်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်မှာလဲ၊ အကပြိုင်ပွဲမှာရော သူတို့မျှော်မှန်းထားတဲ့ ဆုကြေးတွေ သိမ်းပိုက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှု ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူကတော့ Shwe Pyae, Jerrica တို့ဖြစ်ပါတယ်)File Size - (1.6 GB) / (813 MB) / (538 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h ...
movie

Battle: Freestyle (2022)

2022
Moonshot (2022) 5.5
Moonshot (2022) Moonshot (2022)ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C ...
movie

Moonshot (2022)

2022
Pinocchio: A True Story (2022) 4.4
Pinocchio: A True Story (2022) Pinocchio A True Story (2021)အီတလီ ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ သစ်သားရုပ်ကလေးကနေ အသက်ဝင်လာတဲ့ Pinocchio အကြောင်း ကြားဖူးကြမှာပါဒီဇာတ်ကားလေးမှာတော့ သစ်သားရုပ်ကလေး Pinocchio နဲ့ သူ့အဖော် မြင်းလေး Tibalt တို့ ကမ္ဘာကြီးကို လျှောက်ပတ်ကြည့်ဖို့ ထွက်လာခဲ့ရာကနေ မာဂျီရာဖိုကိုရဲ့ ဆပ်ကပ်အဖွဲ့ကိုရောက်သွားပြီး စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရပုံကို တင်ဆက်ထားတာပါလိမ်ပြောရင် နှာခေါင်းကြီးရှည်ထွက်လာမယ် ဆိုတဲ့ အကြောင်းအရာတွေကနေ ကွဲထွက်ပြီးPinocchio နဲ့ သူ့ရဲ့ မိတ်ဆွေ မြင်းလေး Tibalt တို့ရဲ့ စွန့်စားခန်းတွေ လူသားဆန်မှုတွေကို ဖော်ကျူးထားတာဖြစ်တဲ့အတွက် Pinocchio ပရိသတ်တွေအနေနဲ့ တမူထူးခြားတဲ့ အရသာကို ခံစားရမှာပါစိမ်းစိမ်းစိုစို ကာတွန်းရုပ်လေးတွေနဲ့ အရောင်အသွေးစုံစုံလင်လင်တင်ဆက်ထားတာကြောင့် စိတ်အပန်းဖြေတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ကာတွန်းကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Animation, Family, Fantasy Quality….WEB-DL 1080p and 720p and 480p File size...1.65GB and 683MB and 267MB Format...mp4 Duration….1h ...
movie

Pinocchio: A True Story (2022)

2022
Sharmaji Namkeen (2022) 8.5
Sharmaji Namkeen (2022) Sharmaji Namkee (2022) ========================IMDb (8.3/10)အခုတစ်ခါမှာတော့ Channel Myanmar ကနေSharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူးရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီးမင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက်အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင်B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီးသူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး ...
movie

Sharmaji Namkeen (2022)

2022
The Bubble (2022)
The Bubble (2022) The Bubble (2022) စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny ...
movie

The Bubble (2022)

2022
Kothala Rayudu (2022) 8.9
Kothala Rayudu (2022) Kothala Rayudu (2022)================= IMDb Rating - 8.9/10IMDb ကြီးမြင်ပြီး လန့်မသွားနဲ့ဦးဗျ။ ဟ Game of Thrones ကိုတောင်မီခါနီ: ပါလားတို့ဘာတို့ပေါ့။ တမီးလ် IMDb rating ဆိုတော့ ဒီလောက်တော့ နည်းနည်း ပါးပါးရှိတာပေါ့ဗျာ၊ နိုင်ငံတကာဘာညာကွိကွတွေရဲ့ မျက်စိထဲသာ ဒါဟာမသင့် တော်တဲ့ Rating ကြီးဘာညာလာမှာဗျ။ တောင်ပိုင်းကားကြိုက်နှစ်သက်သူတွေ အတွက်‌ဆိုရင်တော့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားလေးပါ။ Action/ Romance အမျိုးအစားဆိုတော့ အက်ရှင်ခန်းကောင်းကောင်းလေးနဲ့ မေတ္တာဇာတ်လမ်းလေးခံစားချင်ရင် ကြည့်ရမယ့်ကားမျိုး။ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ...
movie

Kothala Rayudu (2022)

2022
Better Nate Than Ever (2022) 6.3
Better Nate Than Ever (2022) Better Nate than Ever (2022)IMDb - 6.1လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခု​တော့ ကိုယ်စီရှိကြစမြဲပါ၊ တချို့​​တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို ငယ်ငယ်​လေးတည်းကသိပြီး အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြသလို တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစား​ရှာ​ဖွေ​နေဆဲသူ​တွေလည်း ရှိတာ​ပေါ့၊နိတ်ဆိုတဲ့​ ကောင်​လေးက​တော့ အလယ်တန်း​ကျောင်းသားဘဝကတည်းက ကိုယ့်အိပ်မက်ကို အ​ကောင်အထည်​ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစား​နေသူ​​ပေါ့၊ ဘ​ရော့​ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်​တွေကို အဓိက​နေရာမှာ ကပြပြီး ဘ​ရော့​ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်​ကောင်မာန်ကြီးလို့ ​တောင်ကြီးဖြိုမယ် ကြံ​ပေမယ့် ဆရာသမား​လေး နိတ်ခမျာ ​ကျောင်းကပွဲမှာ ဖြတ်​လျှောက်​နေရာက​တောင် အ​ရွေးမခံရ​အောင်ကို ပါရမီရှိပြီး စန်းပိတ်​နေတဲ့သူ​ပေါ့၊ တစ်​နေ့​တော့ နယူး​ယောက်​ရွှေမြို့​တော်ကြီးရဲ့ ဘ​ရော့​ဒ်ဝေးမှာ ကပြရင်း နာမည်ကြီးလာနိုင်တဲ့ ပဏာမလူ​ရွေးပွဲအ​ကြောင်း သိလိုက်တဲ့​နောက် သူ​နေထိုင်ရာ ပစ်ဘာ့ဂျ်မြို့​လေးက​နေ NYအထိ မိဘမသိ​​အောင် အိမ်​ပြေး​လေးလုပ်ရင်း သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်​လျှောက်လှမ်းခဲ့ပါ​တော့တယ်၊Disney က​နေ အသစ်ထွက်ရှိထားတဲ့ Family, Musical, ...
movie

Better Nate Than Ever (2022)

2022
Cheaper by the Dozen (2022) 4.1
Cheaper by the Dozen (2022) Cheaper by the Dozen (2022)Walt Disney Pictures ကနေထုတ်လုပ်တဲ့ မိသားစုဟာသ ကားသစ်လေးထွက်လာပါပြီ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေ casts ပေါင်းများစွာသုံးပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာဇာတ်ညွှန်းရေးဆရာမ Gail Lerner ရဲ့ ကားသစ်လေး~ "Cheaper by the Dozen"... ကလေးရောလူကြီးရော ကြည့်နိုင်တဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် ဒီကားသစ်လေးကို အရင် ၁၉၅၀ နဲ့ ၂၀၀၃ ကထွက်ခဲ့တဲ့ နာမည်တူ ကားဟောင်းကြီးတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ် အရင်ကားတွေနဲ့မတူဘဲ ခေတ်အလိုက်ပြောင်းလဲသွားတဲ့သဘာဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး တကယ့်လူနေမှုဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် လူတိုင်းနီးပါး ကိုယ့်အိပ်မက်ကို တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည်ဖော်ချင်ကြမှာပါပဲ ဒီကားလေးမှာလည်း မိသားစုဝင်တွေအကုန် ကိုယ်စီအိပ်မက်ရှိကြပြီး ကိုယ့်အိပ်မက်အတွက် ရေကုန်ရေခမ်းကြိုးစားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တွေးထားတဲ့ အိပ်မက်က ကိုယ်တွေနဲ့ မကိုက်တဲ့ အရာတစ်ခု/ ဖြစ်လာတာတောင် မပျော်ရွှင်ရတဲ့ အရာတစ်ခုဖြစ်လာတတ်ပါတယ် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ တိုင်ပင်ပြီး စည်းလုံးမှုကိုပြထားတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့Paul Baker (Zach Braff) နဲ့ Kate ...
movie

Cheaper by the Dozen (2022)

2022
Hey! Sinamika (2022) 6.3
Hey! Sinamika (2022) Hey Sinamika 2022မိန်းမတွေကစကားအရမ်းများတယ်လို့ အဆိုရှိကြတယ်မလား ဒါပေမယ့်ဒီဇာတ်ကားမှာတော့ရေပက်မဝင်အောင်ပြောတဲ့ယောကျာ်းကြောင့်ကွာရှင်းချင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ကြရမှာပဲဖြစ်ပါတယ်Netflix ကနေထုတ်လွှင့်ပေးထားပြီး IMDb 6.3ထိရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ မိုနာဆိုတာက ရာသီဥတုလေ့လာဆန်းစစ်သူပါတစ်နေ့မုန်တိုင်းကြားမှာ ဟိန္ဒိစကားသိပ်မပြောတတ်တဲ့ကောင်လေးတစ်ယောက်ကို စကားနည်းတယ်ဆိုပြီးမြင်မြင်ချင်းအချစ်နဲ့နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ် ဒါပေမယ့် လူဆိုတာကြာကြာပေါင်းမှအကြောင်းသိဆိုသလိုပဲဘာသာစကားလေ့လာတတ်ကျွမ်းသွားတဲ့ ရာလန်တစ်ယောက် တွေ့သမျှကိုမေးခွန်းထုတ်ပြီး ရေပက်မဝင်ပြောပါတော့တယ်"စကားပြောတာက အသက်ရှုနေရတာနဲ့အတူတူပဲ" ဒီစကားက ရာလန့်ကိုစကားပြောတာရပ်ခိုင်းရင်သူပြန်ပြောနေကျပါစကားပြောတာအပြင်ကိုအချက်အပြုတ်ပါ ဝါသနာပါတော့ တွေ့မြင်သမျှပေါက်ကရကအစ မိန်းမကိုကျွေးနေတော့သည်းမခံနိုင်တော့တဲ့တစ်နေ့ မိုနာ အလုပ်ကသူငယ်ချင်းတွေနဲ့ပေါင်းပြီး ကွာရှင်းဖို့နည်းလမ်းရှာပါတော့တယ်ရာလန်ကိုစိတ်ဆိုးအောင်လုပ်ပြီးကွာမယ်ဆိုတဲ့အစီအစဉ်က အောင်မြင်သွားမလား လွဲချော်ကုန်မှာလားဒါ့အပြင်မိုနာတို့ကုမ္ပဏီက တစ်နှစ်စာ‌ခရီးထွက်ဖို့ပရောဂျက်ကျလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲမျက်ရည်ထွက်အောင်ရယ်ရတဲ့ Netflix ရဲ့ Romance/Comedyဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.34GB / 3GB  Quality…720p WEB DL  /  1080p WEB DL AAC 5.1CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Honeyey & Haruko
movie

Hey! Sinamika (2022)

2022
The Contractor (2022) 6
The Contractor (2022) The Contractor (2022)နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ။ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့။ အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Action, Thriller Quality….WEB-DL 1080p and 720p File size…1.83GB and 759MB and Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

The Contractor (2022)

2022
Radhe Shyam (2022) 6.9
Radhe Shyam (2022) အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင်Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်...Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်ကတီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်းအရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်းမတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစားfacts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကိုယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။"အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု"....လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော.....လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana...."ဗေဒင်လက္ခဏာလောကရဲ့ ...
movie

Radhe Shyam (2022)

2022
4K HEVC Web-DL
The Girl on the Mountain (2022) 4.9
The Girl on the Mountain (2022) The Girl on the mountain (2022) ======================မတော်တဆမှု တစ်ခုကြောင့် ဇနီးနဲ့ သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျက်ဟာ ဂီတအနုပညာရှင်ဘ၀ကို စွန့်လွှတ်ပြီး တောင်တွေပေါ်မှာ တစ်ကိုယ်ထဲ နေထိုင်လာခဲ့တာ အချိန်တွေကြာခဲ့ပါပြီ။တစ်နေ့မှာ မထင်မှတ်ဘဲ သူ့သမီးအရွယ်စကားမပြောတတ်တဲ့ ကောင်မလေးတစ်ယောက်  ဂျက်ဆီကိုရောက်လာခဲ့ပါတယ်။ ဂျက်လည်း ပြန်မလွှတ်ရက်တာနဲ့ ကလေးမကို စောင့်ရှောက်ထားပြီး သမီးတစ်ယောက်အစားရလိုက်သလို သံယောဇဉ်တွယ်လာခဲ့ပါတယ် ။ဒါပေမယ့် အမြဲစိတ်တိုင်းကျ မဖြစ်နိုင်တဲ့ လောကဓံအရ ဒီကောင်မလေးဟာ ပထွေးရန်ကိုကြောက်လို့ ထွက်ပြေးလာတဲ့ အိမ်ပြေးလေးဖြစ်ပါတယ် ။ သူမရဲ့ အတိတ်က ကိစ္စတွေ ဂျက်ဆီကိုပါရောက်လာတဲ့အခါမှာ... ဖြစ်လာမယ့် အန္တရာယ်တွေက‌နေ ဒီကောင်မလေးကို ဂျက်ဘယ်လိုကာကွယ်သွားမလဲဆိုတာ ကြည့်ရမယ့် သည်းထိတ်ရင်ဖို့ Drama, Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size - (1.66 GB) / (812 MB) / (504 MB) Quality – WEB-DL 1080p / 720p/480p Duration ...
movie

The Girl on the Mountain (2022)

2022
Dragon Knight (2022) 5.8
Dragon Knight (2022) Dragon Knight (2022) King Arthur, Merlin တို့လို အ​နောက်တိုင်းပ​ဒေသရာဇ်​ခေတ် မြင်းစီးစစ်သူရဲ​တွေရဲ့ စွန့်စားခန်း​တွေ၊ Dragon​နဲ့ပတ်သက်တဲ့ စွန့်စားခန်း​တွေဟာဆိုရင် ဘယ်​ခေတ်၊ ဘယ်အချိန်​မှာမှ ရိုးအီသွားမှာမဟုတ်တဲ့ ဇာတ်​လမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း၂၀၂၂ထုတ် Fantasy Adventure ဇာတ်လမ်းအသစ်​​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမ​​ကောင်းဆိုးဝါးကို​ချေမှုန်းဖို့ ငါးပြည်​​​ထောင်​သော မဟာမိတ်​တွေ၊ နဂါး​တွေနဲ့ နဂါးစစ်သည်​​​​​​တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့​ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာ​ကြောင့် နဂါး​တွေလည်း​​သေ၊ နဂါးစစ်သည်​တော်အဖွဲ့လည်း မရှိ​တော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။ဘ​ရေဒန်ဆိုတာက​တော့ ​ပြိုကွဲသွားတဲ့နဂါးစစ်သည်​တော်အဖွဲ့ရဲ့ ​​နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အ​မွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ​​ချေမှုန်းဖို့ အမြဲကြိုးပမ်း​နေသူ​ပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ​ပျောက်ဆုံးသွားတဲ့ နဂါး​တွေကို လိုက်ရှာရင်း နဂါး​တွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ ...
movie

Dragon Knight (2022)

2022