Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2022
5
Doom of Love (2022)
Doom of Love (2022) မိုးတွင်း ညိုမှိုင်းအုံ့ဆိုင်းနေတဲ့အချိန်လေးမှာ ခံစားပြီး ကြည့်ရှုဖို့ သင့်တော်တဲ့ တူရကီ romance drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဖရက်တ်ဆိုတဲ့ ကောင်လေးက သူ့ရဲ့ ကြော်ငြာ အေဂျင်စီလုပ်ငန်း ရှုံးနိမ့်ပြီး အကြွေးနွံနစ်သွားတယ်။ စိတ်ပြေလက်ပျောက် သူငယ်ချင်းတွေနဲ့ ယောဂ စိတ်အပန်းဖြေ တရားစခန်းကို လိုက်သွားပြီး အဆိုတော်မလေးကို ချစ်ကြိုက်မိသွားတယ်။ဒီလိုနဲ့ ဖရက်တ်တစ်ယောက် အချစ်ရေးမှာ ဘယ်လို အဆုံးသတ်မယ်ထင်လဲ? ဇာတ်ကားထဲက cinematography က အရမ်းလှပြီး သုံးထားတဲ့ music ကလည်း ငြိမ့်ငြိမ့်လေးနဲ့ လိုက်ဖက်ပါတယ်။ ဇာတ်ကားတစ်လျှောက် တရားထိုင်တာ ယောဂ အားထုတ်တာကတစ်ဆင့် ဘဝအတွက် ဘယ်လို အဓိပ္ပါယ်ရှိတယ် ဆိုတာတွေကိုပါ ထည့်သွင်း ဖော်ပြထားပါသေးတယ်။ကိုယ်တွေ ရှင်သန်နေရတဲ့ ဘဝကြီးက အဓိပ္ပါယ်ရော ရှိရဲ့လား? ဘာကြီးလဲ ဝေခွဲမရဖြစ်နေရင် ဒီကားလေး ကြည့်ပြီး အတွေး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ...
movie
Doom of Love (2022)
2022
6.7
Watcher (2022)
Watcher (2022)Box office တန်းဝင်တဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ... ဂျူလီယာက သူ့ရဲ့ ချစ်ခင်ပွန်းနဲ့ ရိုမေးနီးယားကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်သူလေးပေါ့။ရိုမေးနီးယားစကားမပြောတတ်တော့ တိုင်းတစ်ပါးကို ရောက်ခါစမှာ သူ အတော်လေး အထီးကျန်ရပါတယ်။ အထီးကျန်ရတဲ့ကြားထဲမှာမှ သူ့ကို စောင့်ကြည့်နေတဲ့ သူ တစ်ယောက်က ရှိနေပြန်ပါတယ်။ အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြပေမဲ့ အလုပ်များတဲ့ horror ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက မယုံပြန်ပါဘူး။တကယ်တမ်း စောင့်ကြည့်နေတဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ? လူကောင်းလား? လူဆိုးလား? ဂျူလီယာတစ်ယောက် ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကို ဇာတ်ကောင် ဂျူလီယာ နဲ့အတူ အသည်းတယားယား စောင့်ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.2GB, 471MB & 236MB Quality : 1080p WEB-DL ...
movie
Watcher (2022)
2022
5.4
Ben & Jody (2022)
Ben & Jody (2022) ဘန်ကတော့ သူ့ရဲ့ မွေးရပ်ဇာတိလေးမှာပဲ အေးအေးလူလူနဲ့ ကော်ဖီလုပ်ငန်းလေး လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကုမ္ပဏီကြီးတစ်ခုက ဘန်တို့ ရွာသားတွေ လယ်သမားတွေရဲ့ မြေတွေကို အတင်းအဓမ္မ သိမ်းယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘန်က လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။ဒီလိုတွေဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး ဘန် ကို ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ရိုက်နှက်ပြီး ဖမ်းဆီး ထားလိုက်ပါတော့တယ်။ ဘန်လိုပဲ အခြား ဖမ်းဆီး ရီုက်နှက်ခံရတဲ့ ရွာသားတွေကလည်း အများကြီး ... တစ်နေ့မှာတော့ ဘန် တစ်ယောက် သူ့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို မရောက်လာလို့ ဆိုပြီး ဘန်ရဲ့ သူငယ်ချင်း ဂျိုဒီက ရွာကို လာပြီး အကျိုးအကြောင်း စုံစမ်းမေးမြန်းတော့မှ ဖြစ်ကြောင်းကုန်စင် သိသွားပြီး ဘန်နဲ့ အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ ...
movie
Ben & Jody (2022)
2022
5
They Live in The Grey (2022)
They Live in The Grey (2022) ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား...သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ ...
movie
They Live in The Grey (2022)
2022
4.6
My Fake Boyfriend (2022)
My Fake Boyfriend (2022)Pride Month ဖြစ်တဲ့အတွက် LGBT ကားလေး ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီဇာတ်ကားနာမည်အတိုင်းပဲ အန်ဒရူးတစ်ယောက် ကောင်လေးအတု တစ်နည်းပြောရရင် အယောင်ဆောင်ကောင်လေးထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းက ဘယ်ကစလဲဆို အန်ဒရူးတစ်ယောက် သူ့ရဲ့ပထမဆုံးလိင်တူချစ်သူဖြစ်တဲ့ နီကိုသစ္စာဖောက်တာခံလိုက်ရာကနေ စတာပါသစ္စာဖောက်ခံရ၊ အလိမ်ခံရတာ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် အကြိမ်ပေါင်းများစွာခံရပေမဲ့ အန်ဒရူးတစ်ယောက် အမှတ်မရှိဘဲ နီကို့အပေါ်မပြတ်နိုင်တဲ့အခါ သူ့အခင်ဆုံးသူငယ်ချင်းကြီး ဂျိတ်တစ်ယောက် ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းကောင်လေးတစ်ယောက်ဖန်တီးပြီး နီကိုနဲ့ပြတ်အောင် ဉာဏ်ဆင်ပါတော့တယ်ဒီလိုနဲ့ တကယ်မရှိတဲ့ ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းလူသားတစ်ယောက်က ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကမ္ဘာကျော်သွားပြီး အန်ဒရူးနဲ့ခရစ္စတီယာနိုအတွဲက ဟိုးလေးတကျော်ကျော်ဖြစ်လာတဲ့အခါ....တကယ်မရှိတဲ့ ဟန်ပြနာမည်တစ်ခုကို ကောင်လေးအဖြစ် လူသိရှင်ကြားတွဲနေရတဲ့ အန်ဒရူးတစ်ယောက် တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆိုပြီး အားလုံးကလေးစားချစ်ခင်နေကြပေမဲ့ အပြင်မှာတကယ်ရှိမနေတဲ့ ခရစ္စတီယာနိုရဲ့ နောက်ဆက်တွဲတွေကိုပါ ကြည့်ရှုလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 710MB | 282MB Format… mp4 Duration…. ...
movie
My Fake Boyfriend (2022)
2022
Collision (2022)
Collision (2022)အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ...
movie
Collision (2022)
2022
Dashcam (2022)
Dashcam (2022)ဇာတ်လမ်းနာမည် အတိုင်းပါပဲ။ ကားရှေ့မှာ တပ်ထားတဲ့ ကင်မရာကတစ်ဆင့် မြင်ရတဲ့ အနေအထားမျိုးနဲ့ ဇာတ်လမ်းကို တင်ပြသွားတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ တခြား Horror ကားတွေနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါဇာတ်ကောင်နဲ့အတူ စီးမျောရင်း ကြောက်လန့်မှုကို ခံစားရမယ့် ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းကတော့ .....အန်နီဟာဒီ covid ကာလ lockdown တွေလုပ်ထားတဲ့အချိန်မှာ ကားမောင်းရင်း livestream လွှင့်ပြီး သီချင်းလက်တန်းရွတ်ဆိုပြတဲ့သူပါ။တစ်ရက်မှာတော့ အမေရိကန်ကနေပြီးတော့ အင်္ဂလန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီအလည်သွားပါတယ် အဲဒီမှာ သူ့သူငယ်ချင်းနဲ့ ပြဿနာတက်ပြီး ကားကိုခိုးသွားရင်းနဲ့ အဖွားကြီးတစ်ယောက်ကို လိုက်ပို့ပေးဖို့ အကူညီတောင်းခံရတော့ သူလည်း လိုက်ပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွားကြီးက သာမန်အဖွားကြီးတစ်ယောက်မဟုတ်နေခဲ့တဲ့အခါမှာတော့ ....ဒီကားကတော့ သာမန် Horror ကားမျိုးနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါဇာတ်ကားကို ကြည့်ရင်း အတူတူ ကြောက်လို့ ရမယ့် ရုပ်ရှင်မျိုးပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie
Dashcam (2022)
2022
6.3
Saunkan Saunkne (2022)
Saunkan Saunkne 2022=====================IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီလက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူးသူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါမျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူကမတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကိုသူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလားတစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey
movie
Saunkan Saunkne (2022)
2022
6.7
The Valet (2022)
The Valet (2022) ============= IMDb Rating - 6.7/10၂၀၂၂မှာထွက်ရှိထားတဲ့ တကယ်ကိုရယ်ရတဲ့ ဟာသကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဘီလီယံနာသူဌေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို ပါပါရာဇီတွေရဲ့ ဓာတ်ပုံထဲ ရိုက်မိသွားပါတယ်။ ဖြစ်ချင်တော့ သူဌေးမင်းက မယားကြီးငုတ်တုတ်ရှိနေတော့ သူမသိအောင် လိမ်ရတော့တာပေါ့။ အဲဓာတ်ပုံထဲမှာ ဖြစ်ချင်တော့ သူတို့နှစ်ယောက်အပြင် တခြားလူတစ်ယောက်ကော ရှိနေလေရဲ့။ သူကတော့ ရိုးသားတဲ့ ဖိုးသခွားလေးဖြစ်ပြီး အသက်ကြီးပေမယ့် အလုပ် ကြိုးစားတဲ့ ဧည့်ကြိုဝန်ထမ်းလေးပါ့။ဒီတော့ သူဌေးမင်းနဲ့ မင်းသမီးတိုင်ပင်ပြီး လှည့်ကွက်တစ်ခုလုပ်ကြပါတယ်။ "ရွှေမင်းသမီးနဲ့ ကိုဧည့်ကြို"ဇာတ်ကို ထွင်ရတာပေါ့။ ကလိမထိုးပဲ ရယ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ စကားပြောခန်းတွေနဲ့ တကယ်အူတက်စေမယ့်ကားလေးပါ။ စိတ်အမောတွေပြေစေပြီး ဟာသကားကောင်းလေးတွေကို ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ကားကောင်း လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Zaw Myo Thu, Leonard Lin, Roman NoX တို့ဖြစ်ပါတယ်။)File Size..........(1.42 GB) / (755 MB) / (457 MB) Quality............WebRip 1080p ...
movie
The Valet (2022)
2022
5.2
Centauro (2022)
Centauro (2022) Centauro ဆိုတာ စပိန်လို မနုဿမြင်းကို ခေါ်တာပါ။ ရှင်းရှင်းပြောရရင် လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါပေါ့။ မနုဿမြင်းတွေက နာမည်ကြီးတယ်ဗျ။ ရဲစွမ်းသတ္တိနဲ့ပြည့်ဝတယ်။ သန်မာတယ်။ အထူးခြားဆုံးကတော့ သေအောင် အပြေးမြန်တာပါပဲ။မနုဿမြင်းလို လူငယ်လေးတစ်ယောက်ရှိသတဲ့။ သူကတော့ မြင်းခွာတွေအစား ပြိုင်ဘီးတွေရှိတဲ့ ဆိုင်ကယ်သမားတစ်ယောက်ပေါ့။ မွေးကတည်းက ဆိုင်ကယ်ပြိုင်တဲ့နေရာမှာ ပါရမီပါလာတဲ့ လူငယ်လေးမလို တော်တော်များများက တန်းမျက်မှန်းတန်းမိကြတယ်။ဒီကောင်လေးတစ်ယောက် ချစ်နေဆဲဖြစ်တဲ့ ဇနီးဟောင်းနဲ့ သားလေး ဒုက္ခရောက်တဲ့အခါမှာတော့ သူကိုယ်တိုင် ဝင်ကယ်ဖိုဖြစ်လာပါတော့တယ်။ မူးယစ်ဂိုဏ်းနဲ့မှ သွားပတ်သက်မိတဲ့ကောင်မလေးရဲ့ အရှုပ်ကို ပြိုင်ဘီးတစ်စီးနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆိုင်ကယ်မောင်းတဲ့အကွက်တွေနဲ့ ဝှီးဝှီးဆိုပြီး ကြည့်ရမှာပါ။2016 ခုနှစ်က ထွက်ရှိထားတဲ့ Burn Out ဆိုတဲ့ဇာတ်လမ်းကို Remake ပြန်ရိုက်ထားတဲ့ Centauro ဆိုတဲ့ စပိန်ကားလေးကို ကြည့်ရှုခံစားကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 1.5GB, 654MB, 338MB Quality : 1080p ...
movie
Centauro (2022)
2022
Oprah + Viola: A Netflix Special Event (2022)
Viola Davis ဟာ အမေရိကန်ရုပ်ရှင်လောကမှာ အောင်မြင်မှုအင်တန်ကြီးမားတဲ့ လူမဲအမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ How to get away with murder, Fences, Ma Rainey's Black Bottom, Suicide Squad စတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Academy, Emmy Award, Tony award တို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သူပါ။ သို့ပေမယ့် သူ့ရဲ့ငယ်ဘဝကတော့ ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ Viola ဟာ အင်မတန်ဆင်းရဲချို့တဲ့ပြီး ကြမ်းတမ်းတဲ့ဖခင်နဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ ၁၉၆၀ဝန်းကျင်က လူမဲတွေအပေါ် အသားအရေခွဲခြားရှုံ့ချခြင်းတွေကို အလူအလဲခံရင်း အနုပညာလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုတွေကို ပြုခဲ့ရသူပေါ့။ 2022 April 26မှာ Viola ဟာ Finding Me : A Memoir ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေ အများကြီးထဲက အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေဖြစ်တဲ့ ငယ်ဘဝကမိသားစုအခြေအနေ၊ အနုပညာပါရမီကို ရှာဖွေတွေ့ရှိခဲ့ပုံ၊ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိရန်ကြိုးပမ်းခဲ့မှု၊ အဖိုးမဖြတ်နိုင်တဲ့လူအချို့နဲ့ တွေ့ဆုံခြင်း စတဲ့အကြောင်းအရာတွေကို ...
movie
Oprah + Viola: A Netflix Special Event (2022)
2022
5.6
O2 (2022)
O2 (oxygen) Kaathuvaakula Rendu Kaadhal ကားထဲက နာမည်ကြီး ဘောလိ၀ုဒ်မင်းသမီး Nayanthara နဲ့ နာမည်ကြီး ကလေးသရုပ်ဆောင် Rithvik တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ O2 ဆိုတဲ့ Disney+Hostarကထုတ်လွှင့်တဲ့ တမီးလ် Thriller ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ ဇာတ်လမ်း ဇာတ်အိမ်ကိုက တခြားတမီးလ်ကားတွေနဲ့ မတူပဲ ထူးထူးခြားခြားလေး ရိုက်ကူးထားပြီး မိခင်မေတ္တာကိုအပြည့်အဝဖော်ပြထားတဲ့ ကားကောင်းလေးတစ်ကားပါ ။ ဒီကားလေးထဲမှာ မင်းသမီး Nayanthara က မုဆိုးမ ကျန်းမာရေးမကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ သားတစ်ယောက်မိခင် ပါဗက်သီ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပါ .... ဗီရာကတော့ ပါဗက်သီရဲ့ သားလေးဖြစ်ပြီး ငယ်စဉ်ထဲက cystic fibrosis လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း နံရံတွေထူတဲ့ ရောဂါဝေဒနာကို ခံစားနေရတာကြောင့် သွားလေရာနေရာ အောက်စီဂျင်အိုးသယ်သွားပြီး အောက်စီဂျင်နဲ့ အသက်ဆက်နေရတဲ့ ဝေဒနာသည်ကလေးလေးပါ သားဖြစ်သူကို ခွဲစိတ်ကုသဖို့အတွက် ကုမ်ဘာတာကနေ ကိုချင် ကို ဘတ်စ်ကားနဲ့ ခရီးထွက်လာတဲ့ အချိန် ..... တစ်ချိန်ထဲမှာပဲ အဲဒီဘတ်စ်ကားပေါ်မှာ အကျင့်ပြက် ချစားတဲ့ ...
movie
O2 (2022)
2022
6.2
Spiderhead (2022)
Spiderhead (2022) ============== IMDb Rating 6.2/10Thor မင်းသား Christ Hemsworth ဦးဆောင်ပါ၀င်ထားပြီး၊ Miles Teller လည်း ပါဝင်တဲ့ Netflix ရဲ့ရုပ်ရှင် အသစ်လေးထွက်လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ သေဒဏ်ချခံထားရပြီး ဘ၀ဆုံးနေတဲ့ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် စပိုက်ဒါဟက်ဆိုတဲ့ ဆေးဝါးထိန်းချုပ်ရေးပရိုဂရမ် တစ်ခုမှာ စေတနာ့၀န်ထမ်းလုပ်ကြပါတယ် ။ ဒီပရိုဂရမ်ကို ဦးဆောင်တဲ့ သူကတော့ စတိဗ် အက်ဘနက်စ်ကိ( Chris Hemsworth ) ပါ ။ ဒီအကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ် လေ့လာရင်း N-40 ဆိုတဲ့ ပီယ ဆေးဝါးအသစ်ကို ဆန်းသစ်တီထွင်ကြပါတယ် ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီစပိုက်ဒါဟက်အကျဉ်းထောင်နဲ့ ကျွန်းကြီးမှာ မထင်မှတ်ထားစရာတွေကလည်း အများကြီး စောင့်မျှော်လို့နေသေးတာမို့ ဆက်လက်အားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Mr.Anderson, Chit Tee တို့ဖြစ်ပါတယ်။)File Size..........(1.05 GB) / (576 MB) ...
movie
Spiderhead (2022)
2022
6.5
Hidden Gems (2022)
Hidden Gems (2022)~ IMDb rating - 6.5/10 ~အချစ်ဆိုတာ မှော်ဆန်တယ်တဲ့...လူတစ်ယောက်ကို မျက်လုံးထဲ စိုက်ကြည့်လိုက်ရုံနဲ့ တစ်ဘဝလုံးကို သူ့ခြေရင်းမှာ ပစ်ချပြီး အညံ့ခံချင်ရလောက်အောင် ညှို့ငင်ဖမ်းစားနိုင်တဲ့ စွမ်းအားအကြီးဆုံး မှော်အတတ်က အချစ်မဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ။တစ်ဘဝလုံး ယုံကြည်လာသမျှကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ တစ်သက်လုံးမှာ အမြဲတမ်းနောက်ဆုတ်နေတတ်တဲ့သူကိုတောင် ရဲရင့်စေနိုင်တယ်။ အချစ်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်စေတယ်။ချစ်ခွင့်ရတာဟာ ကံကောင်းမှုလို့ ပြောချင်ပါတယ်။ချစ်ခြင်းကို ခံရရင်တော့ အကောင်းဆုံး ကံတရားကို ပိုင်ဆိုင်ခွင့်ရတာပေါ့...Hidden Gems က ၂၀၂၂ ထွက် Romance ဇာတ်ကားလေးပါ။ မိသားစုအတွက် ဘဝကို ပေးအပ်ထားတဲ့ အက်ဒီ အစ်မရဲ့ မင်္ဂလာဆောင်အတွက် အလုပ်ရှုပ်နေပါတယ်။ ဒါတင်မဟုတ်ပါဘူး သူ့အစ်မ ကိတ် ရဲ့ အောင်မြင်စပြုနေတဲ့ ကုမ္ပဏီကိုလည်း ဦးစီးနေရပါသေးတယ်။ကိတ်ရဲ့ ဟာဝါအီမှာ ကျင်းပတဲ့ မင်္ဂလာဆောင်မှာ သူ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ အဖြစ်မျိုးနဲ့ကြုံရပြီး ...
movie
Hidden Gems (2022)
2022
6.4
Halftime (2022)
Halftime (2022)ဆယ်စုနှစ်သုံးခုစာလောက် မပြောင်းလဲဘဲရှိနေတာက ဒီကမ္ဘာမှာ ဘယ်လောက်များနိုင်မှာလဲ ဒါပေမဲ့ သူ(မ) တစ်ယောက်ကတော့ Immortal နတ်ဘုရားမလိုမျိုး ကျွန်တော်တို့မမွေးခင်ကတည်းကနေ အခုထိရှင်သန်ဆဲပါ ကျွန်တော်ပြောတဲ့ သူ(မ)ဆိုတာကတော့ အားလုံးနဲ့ရင်းနှီးကြတဲ့ Jennifer Lopez ပါ ဒီတစ်ခေါက် သူ(မ)ရဲ့ ဘဝတစ်ခုလုံးကို Netflix က Documentary အနေနဲ့ရိုက်ထားတာကို CM ကတင်ဆက်ပေးလိုက်ပါပြီ အခုလိုအောင်မြင်မှုတွေက လွယ်လွယ်နဲ့မရနိုင်ဘူးဆိုတာ လူတိုင်းသိကြသလိုမျိုးပဲ သူ(မ) ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့တယ် ဒီနေရာအထိရောက်အောင် ဘယ်လိုတွေစွမ်းဆောင်ခဲ့သလဲဆိုတာနဲ့ သူ(မ)ရဲ့ မိသားစုအကြောင်းအပြင် သူမရဲ့အတွေးအခေါ်၊ ခံယူချက်တွေကိုပါ အင်တာဗျူးအနေနဲ့ ပြောပြပေးသွားမယ့် အကောင်းဆုံးအစီအစဉ်တစ်ခုပါ အများကြီးညွှန်းစရာတော့မရှိပါဘူး J.Lo ဆိုတာကို မသိတဲ့လူမရှိသလောက်မို့လို့ fan မဟုတ်ရင်တောင် ကြည့်ကိုကြည့်သင့်တဲ့ Documentary တစ်ခုပါပဲနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Thuu, Hmwe နဲ့ NoX တို့ပဲ ဖြစ်ပါတယ်။Genre..... Documentafy, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB ...
movie
Halftime (2022)
2022
To Be Killed by a High School Girl (2022)
To be killed by a high school girl (2022)Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။)ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ...
movie
To Be Killed by a High School Girl (2022)
2022
6.4
Chickenhare and the Hamster of Darkness (2022)
Chickenhare and the Hamster of Darkness(2022)စာရေးဆရာ Chris Grine ရဲ့ ကောမစ်စီးရီးကို အခြေခံပြီး ရိုက်ကူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်Chickenhare လို့ခေါ်တဲ့ ကြက်တစ်ပိုင်း ယုန်တစ်ပိုင်း သတ္တဝါဆန်းလေးဟာ ထင်ရှားတဲ့ စွန့်စားသူ ဘုရင်ကြီး ပီတာ ရဲ့ မွေးစားသားလေးပါအများနဲ့မတူဘဲ ကွဲထွက်နေတဲ့ သူ့ရဲ့ ကြက်တစ်ပိုင်း ယုန်တစ်ပိုင်း ပုံစံကြောင့် အမြဲအလှောင်ခံနေရတဲ့ Chickenhare လေးရဲ့ အိပ်မက်ကတော့ သူ့မွေးစားအဖေလို နာမည်ကျော် စွန့်စားသူ ဖြစ်ဖို့ပါတစ်နေ့မှာ တိုင်းပြည်ရဲ့ ဒုစရိုက်ကောင် Chickenhare ရဲ့ ဦးလေးဖြစ်သူ ထောင်ထဲကနေ လွတ်မြောက်ပြီး ထီးနန်းလုဖို့ ကြိုးစားတဲ့ အခါမှာတော့Chickenhare နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ လိပ်ကလေး အေ့ဗ် ကိုယ်ခံပညာရှင် မက်ခ်တို့ သူ့ဦးလေးကို တားဆီးဖို့ စွန့်စားခန်း ထွက်ကြပုံတွေကို တင်ဆက်ပေးထားတာပါကိုယ့်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံနိုင်ဖို့ကိုပါ မီးမောင်းထိုးပြထားတဲ့ 2022 ခုနှစ်ထွက် ဒီ ဟာသ animation ...
movie
Chickenhare and the Hamster of Darkness (2022)
2022
5.3
Promises (2022)
Promises (2022)အချစ်ဦး....အချစ်ဆုံး....ဖူးစာဒီသုံးမျိုးလုံးကို ချစ်သောသူ တစ်ဦးတည်းနဲ့ သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ကောင်းကင်ပေါ်က အပ်တစ်စင်းနဲ့ မြေပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံကောင်းလွန်းသူ ဖြစ်မှာပဲ...သိပ်ကို အားကျမိတာပဲ....အလက်ဇန်းဒါးဆိုတဲ့ ကိုယ်ကတော့ အချစ်ပေါသူလို့ပဲ ဆိုရမလား၊ နဖူးမှာ ဖူးစာရေးထိုးမထားဘဲ ချစ်သောသူနဲ့ ကွဲစေသတည်းလို့များ မှတ်ကျောက်တင်ထားလေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူပေါ့....- လူမှန်ပေမယ့် အချိန်မတန်ခဲ့သူ... - လူရော၊အချိန်ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမပေးခဲ့သူ... - အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ... အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သဘောတွေ့ပြီး မနောခွေ့နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါလောက် အလိုလိုက်ပေးရင် အမိုက်စော်ကားမယ့် လူဖြစ်နေလို့လား....အချိန်တန်ခဲ့ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်...လွဲရက်လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရစေလို့ ရှိကြီးခိုး ဆုတောင်းမိပါရဲ့... ခုတော့ နောက်ကျသွားခဲ့ပြီ"ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ" အောင်ချိမ့်အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ...
movie
Promises (2022)
2022
5.7
Toscana (2022)
Toscana (2022) ============= IMDb Rating - 5.7/10Drama/ Romance ဇာတ်ကားကောင်းကြိုက်သူများအတွက် ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ သီအိုဒါလ် ဟာ စာဖိုမှူးအလုပ်ကိုပဲ အာရုံစိုက်ထားတဲ့ ဒိန်းမတ်က စာဖိုးမှူးတစ်ယောက်ပါ။ ဒေါသလည်းကြီးသလို သူ့အလုပ်ကလွဲရင် ကျန်တာတွေလည်းဂရုစိုက်ပါဘူး။ သူ့ရဲ့ စားသောက်ဆိုင်ဟာ ငွေရေး ကြေးရေး အခက်အခဲတွေ ရင်ဆိုင်ရပြီး ရင်းနှီးမြှုပ်နှံမယ့်သူကို လိုအပ် လာပါတော့တယ်။စိတ်ဝင်စားသူက လာရောက်ခဲ့သော်လည်း သူ့ရဲ့ဒေါသကြောင့် ရင်းနှီး မြှုပ်နှံမယ့်သူနဲ့ အဆင်မပြေဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ အခက်အခဲဖြစ် နေတုန်း သူ့ဆီကို စာစောင်ရောက်လာပါတော့တယ်။ အဆိုပါစာအရ ဟိုးအရင်ကတည်းက ကွဲကွာနေခဲ့တဲ့ အဖေဖြစ်သူ သေဆုံးသွားလို့ အမွေများကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ သီအိုရဲ့ အဖေဟာ အီတလီ နိုင်ငံ တက်စကာနီဒေသမှာ ရဲတိုက်ကြီးတစ်လုံးနဲ့ ခြံတွေ ထားခဲ့တာပါ။ ပိုက်ဆံလိုနေတဲ့ သီအိုလည်း အဆိုပါ ရဲတိုက်နဲ့ ခြံကို ရောင်းဖို့ အီတလီနိုင်ငံကို ရောက်လာပါတော့တယ်။ ထိုနေရာကိုရောက်လာသည့်အခါ သီအို့အတွက် ဘဝအတွေးအခေါ်၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံယူချက်တွေ ပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်း ကောင်းကောင်းကို ကြည့်ရင်း အီတလီနိုင်ငံ တက်စကာနီဒေသရဲ့ အလှအတွေကို ခံစားရမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ ...
movie
Toscana (2022)
2022
7.3
Avatara Purusha: Part 1 (2022)
2022 မေလ ၆ ရက်နေ့မှာမှ ရုံတင်ခဲ့တဲ့ Avatara Purusha ဆိုတဲ့ ကန်နာဒါဒေသိယ စကားပြော ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ မျိုးရိုးစဉ်စက် အာယုဗီဒ ကျွမ်းကျင်တဲ့ ပညာအမွေကို လက်ဆင့်ကမ်း ဆက်ခံလာတဲ့ " ရမ် ဂျိုရီ " သူ့ရဲ့ စိတ်ထားကောင်းပြီး တစ်ကိုယ်ကောင်းမဆန်တတ်တာကြောင့် တစ်ရွာလုံးရဲ့ လေးစားမှုကို ရရှိထားသူ ...... ရှေ့သွားနောက်လိုက်ညီစွာနဲ့ ခင်ပွန်းသည်ကို ပါရမီဖြည့်ပေးသူ ဇနီးသည် "ဆူရီးလာ" သူတို့နှစ်ဦးဟာ ဉာဏ်လဲကောင်း အဆော့လဲသန်တဲ့ "ကာနာ " ဆိုတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကြပါတယ် ရယ်ရှိုဒါကတော့ ရမ် ရဲ့ အချစ်ဆုံး ညီမလေးပေါ့ ... တစ်နေ့မှာတော့ ရယ်ရှိုဒါတစ်ယောက် ကိုယ်ဝန်ရှိလာတဲ့ အကြောင်း သတင်းကောင်းကို အစ်ကို့ ပြောပြချင်လို့ အိမ်ပြန်ခဲ့တဲ့အချိန် ..... အစ်ကို့အိမ်က အပြန် ဘုရားကျောင်း ပွဲတော် သွားဖို့ စီစဉ်ထားတဲ့အခါ တူဖြစ်သူ ကာနာကလည်း လိုက်မယ်ဆိုပြီး အတင်းကို ပူဆာပါတော့တယ် ဒီလိုနဲ့ ရယ်ရှိုဒါတစ်ယောက် ...
movie
Avatara Purusha: Part 1 (2022)
2022
First
54
55
56
57
58
Last
Previous
Next