Channel Myanmar

2022

Hello, Goodbye, and Everything in Between (2022) 4.8
Hello, Goodbye, and Everything in Between (2022) Hello, Goodbye and Everything in Between (2022)IDMb 4.7 ရထားတဲ့ လူငယ်အချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Aidan နဲ့ Claire က အထက်တန်းကျောင်းမှာဆုံခဲ့ကြတဲ့ လူငယ်စုံတွဲလေးပါ။ Claire ကတော့ သူ့မိဘတွေလို ဘယ်တော့မှလိုက်မလုပ်ဘူးဆိုပြီး အနာဂတ်ရည်မှန်းချက်တွေ ကြိုစီစဉ်ထားတဲ့ ကောင်မလေးပါ။Aidan နဲ့တွဲတော့လည်း အထက်တန်းကျောင်းပြီးရင် လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြမယ်လို့ သဘောတူထားတာပါ။ ဒီလိုနဲ့ အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတော့ လမ်းခွဲနှုတ်ဆက်ဖို့ Aidan က Claire အတွက် ထူးခြားတဲ့ဒိတ်လေးဖြစ်အောင် စီစဉ်ပေးတာပေါ့။ ဘဝဆိုတာ တစ်ခါတလေကျတော့ ကြိုစီစဉ်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာလေ။ လမ်းခွဲဖို့ ကြိုသဘောတူထားကြပေမယ့် တကယ်တမ်းကြုံလာတဲ့အခါမှာတော့ ထင်သလောက်မလွယ်မှန်း သိလာတဲ့အခါ ..... သူတို့နှစ်ယောက် ပြန်တွဲကြမှာလား? နှုတ်ဆက်သွားကြမှာလားဆိုတာဒီဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။မင်းသားရောမင်းသမီးရော ချစ်စရာလေးတွေဖြစ်တဲ့အပြင် လူငယ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးမို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1GB| 604MB ...
movie

Hello, Goodbye, and Everything in Between (2022)

2022
Death Hunt (2022) 5.9
Death Hunt (2022) Death Hunt (2022)ငယ်ငယ်က တွတ်ပီ ဘယ်စာအုပ်မှာလဲမသိ၊ တွတ်ပီနဲ့ဗိုက်ကလေး ကျွန်းကြီးတစ်ကျွန်းမှာ သောင်တင်ပြီး ကျွန်းပိုင်ရှင်ဘဲက သူတို့ကို လူအမဲလိုက်တဲ့ ဇာတ်လမ်းကို တော်တော်များများလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ ခု ဒီကားရဲ့ဇာတ်လမ်းဟာ အဲဒီဇာတ်လမ်းနဲ့ ကျောရိုးတစ်ထေရာတည်းနီးပါးတူတဲ့ ဇာတ်လမ်းပါပဲ။ ဆိုတော့ ဒီကားဟာလည်း Survival ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေမယ့် ရုပ်ရှင်တစ်ကားပါပဲပေါ့။တချို့က အသွေးထဲအသားထဲကနေကို အမဲလိုက်ခြင်းကို ဝါသနာထုံကြပါတယ်။ ဒီလိုဝါသနာထုံကြတဲ့လူတွေထဲ လူသားအမဲလိုက်တဲ့အရသာကို တွေ့သွားကြတဲ့သူတွေလည်းရှိပါတယ်။ လူကိုအမဲလိုက်ရတာ ဘယ်တောကောင်ကို အမဲလိုက်ရတာနဲ့မှမတူပါဘူး။ လူကိုအမဲလိုက်မိရင် ကျန်တာလည်း မတိုးတော့ပါဘူး။ ဒီရုပ်ရှင်မှာတော့ လူကိုအမဲလိုက်ရတဲ့အရသာကို တွေ့သွားတဲ့လူတစ်ချို့ဟာ သားကောင်လူတွေကိုဖမ်းပြီး ကျွန်းကြီးတစ်ကျွန်းမှာ အမဲလိုက်ကြတာကို ရိုက်ပြထားပါတယ်။ ကြည့်ပြီးသူတွေရဲ့ ရဗျူးတွေအရတော့ ၈၀ခုနှစ်က ရုပ်ရှင်တွေလို ခံစားရတယ်လို့ဆိုပါတယ်။ ကျွန်တော်ပဲ အရမ်းကြီးမမျှော်လင့်ထားမိလို့လားတော့မသိပေမဲ့ စစချင်းမှာ ဘာကားကြီးလဲလိုဆိုပြီး ဖြစ်ခဲ့ပေမဲ့ မိနစ်၂၀လောက်အကြာမှာတော့ ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ စကောင်းလာပါတယ်။ လူချင်းအမဲလိုက်တာတွေ ...
movie

Death Hunt (2022)

2022
Incantation (2022) 6.5
Incantation (2022) Incantation (2022)Netflix က ဖြန့်ချီပြီး 2022ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်၊ ထိုင်ဝမ်သမိုင်း တစ်လျှောက် ရုံဝင်ငွေအကောင်းဆုံး horror ကားတစ်ကားလည်းဖြစ်နေပြီး၊ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားတဲ့ ထိတ်လန့်သည်းဖို horror ကားတစ်ကားပါ။လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်။စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို ...
movie

Incantation (2022)

2022
Burden (2022) 7.8
Burden (2022) Burden (2022)ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ? အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။)File Size :  1.5GB, 547MB, 268MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Drama, ...
movie

Burden (2022)

2022
Vikram (2022) 8.8
Vikram (2022) Vikram (2022) ============== 1080p True WEB DLအကြည်ဗားရှင်းကိုတင်ဆက်ထားပါပြီဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိအောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်းဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်းဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်းလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိ‌ေနတယ်....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါလူသတ်‌ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းအများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....။(ဒီဇာတ်ကားထဲက ဇာတ်ကောင်တချို့ဟာ Kaithi(2019) ဇာတ်ကားထဲကဖြစ်ပါတယ်..Kaithi (2019) ကို ဒီမှာ https://channelmyanmar.to/kaithi-2019/ ကြည့်ပါ။  File size…7.7GB / 2.5GB / 1.38GB Quality…. 1080p True WEBDL AAC5.1CH / 720p Format… ...
movie

Vikram (2022)

2022
4K HEVC Web-DL
First Love (2022) 4.7
First Love (2022) First Love (2022)“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။“ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann)“အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။ အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg)ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲ သူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာ တစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ ဒါကတော့ Jim ရဲ့ First Love အစပေါ့။ ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်း ရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ ..တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်း အသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။ လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် ...
movie

First Love (2022)

2022
Cracked (2022) 5.2
Cracked (2022) Cracked (2022)ထင်မ် အဖြစ် Nichkhun ရုကျ အဖြစ် Pat Chayanit ရေချယ် အဖြစ် Nina Nutthatchaဇာတ်လမ်းအကျဉ်းရုကျက အကြောင်းအရင်းတစ်ခုကြောင့် မွေးရပ်မြေချင်းမိုင်ကနေ နယူးယောက်မှာ သမီးဖြစ်သူ ရေချယ်နဲ့ နှစ်ဦးတည်းနေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက် သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့် ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖို့ငွေလိုအပ်လာပါတော့တယ် ဒီအချိန်မှာပဲ ရုကျရဲ့ဖခင် သေဆုံးပြီမို့ မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို့ ဖခင်​ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို့ ပြန်လာခဲ့ရပါတော့တယ် ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုကျရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို့ သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုကျက ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ပန်းချီကားတွေမှာ အက်ရာတွေရှိ​နေတာမို့ မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို့ ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ်ရုကျအနေနဲ့ ဘာလို့ ဖခင်ဖြစ်သူပကွန်ကို ဘာလို့မုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲ ပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလို့ကြောက်ရွံ့နေရတာလဲ ပန်းချီကားကို ပထမအကြိမ်ရောင်းချခဲ့စဥ်က သေဆုံးမှုတွေဘာလို့ဖြစ်ခဲ့ရတာလဲ ပန်းချီဆရာပကွန် ၊ ရုကျနဲ့ ဒီစတူဒီယိုကြီးမှာ ဘာအဖြစ်ဆိုးတွေဖြစ်ခဲ့တာလဲဆိုတာကို စိတ်လှုပ်ရှားမှုများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ်Genre.....Horror, Thriller Quality…. 1080p | 720p | ...
movie

Cracked (2022)

2022
The Sea Beast (2022) 7.9
The Sea Beast (2022) နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့ တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။ သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။ အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ....   File size…3GB / 1.3GB Quality…1080p NF WEB DL AAC5.1CH / 720p NF WEB DL Format...mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

The Sea Beast (2022)

2022
Rip in Time (2022) 6.8
Rip in Time (2022) Rip in Time (2022)~ IMDb rating - 6.8/10 ~အချိန်ကွဲကြောင်းကို ဖြတ်ပြီး ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းပေါ့။ ဆုံကိုဆုံလာရမယ့် ဖူးစာကို အချိန်လိုစွမ်းအားကြီးတဲ့ အရာကတောင် မတားနိုင်ဘူးလို့ ပြောထားတဲ့ Comedy, Fantasy, Drama ဇာတ်ကားလေးပါ။နယ်မြို့လေးမှာ အေးအေးချမ်းချမ်းနေကြတဲ့ ဆာရာတို့ မိသားစုလေးဆီကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာရာက စပါတယ်။ ထူးထူးဆန်းဆန်း အဝတ်အစားတွေနဲ့ စကားကို ထူးထူးဆန်းဆန်းပြောတတ်တဲ့ ရစ်ပ်ဆိုတဲ့ သူစိမ်းကို သဘောကောင်းတဲ့ ဆာရာတို့မိသားစု လက်ခံထားပါတယ်။ နောက်တော့ သူစိမ်းရဲ့နာမည်က နာမည်ကျော်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်နာမည်ဖြစ်နေပြီး ၁၈ ရာစု လောက်က ဖြစ်ခဲ့တဲ့ အကြောင်းကို စိတ်ကူးယဉ်ဝတ္ထုအနေနဲ့ ရေးထားတဲ့ ဇာတ်လမ်းက သူ့အဖေရဲ့ အကြောင်းကို ရေးထားတာလို့ ပြောလာပါတယ်။ ပြီးတော့ သူ့ကို မွေးတာက ၁၈ ရာစုတုန်းက ...
movie

Rip in Time (2022)

2022
Pacerville (2022) 3.5
Pacerville (2022) Pacerville (2022)၂၀၂၂ ထွက် ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ လူတစ်ယောက်ရဲ့စိတ်က အရာတစ်ခုကို တရားမျှတတယ်လို့ထင်ပေမဲ့ အခြားသူတွေအတွက် မဟုတ်ခဲ့တာမျိုးတွေ ရှိတတ်တဲ့အကြောင်းပါ။ လူတွေဟာ ကိုယ့်လိပ်ပြာဘက်ကနေ ကိုယ်တိုင်လုံနေတတ်တဲ့သူတွေဖြစ်လို့ သူတကာကို လက်ညိုးမထိုးခင်မှာ ကိုယ့်ဘက်ကို အရင်ပြန်ထိုးဖို့ လိုပါလိမ့်မယ်။ခက်ခဲတဲ့ဘဝတစ်ခုကို အလူးလူးအလိမ့်လိမ့် ရင်ဆိုင်လာခဲ့ရတဲ့ သမိုင်းဆရာတစ်ဦး။ အိမ်ထောင်ကလည်းကွဲ၊ သူ့အလုပ်မှာလည်း စိတ်မပါ၊ အခြားရွေးစရာကမရှိ။ နောက်လူရင်ခွင်ထဲက သူ့ဇနီးဟောင်းကို ပြန်တမ်းတမိတဲ့ညတွေ။ သူ့ရဲ့ နှလုံးသည်းပွတ် သမီးလေးကိုလည်း အုပ်ထိန်းခွင့်မရရှာ။ အကုသိုလ်က အဖော်အပေါင်းနဲ့ အိမ်လာလည်တာ ခံရသူ။ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုမြင့်နိုင်ကြီး နှိပ်စက်လို့ တကမ္ဘာလုံး တစ္ဆေမြို့တွေလို ခြောက်ကပ်သွားကြတယ်။ ကျောင်းတွေပိတ်၊ အလုပ်တွေပိတ်။ အိပ်ရာပေါ်မှာပဲ အချိန်ကုန်လာရတဲ့ ပျင်းလို့သေတော့မယ်ဆိုတဲ့ ကျောင်းသားတစ်စု။ သူတို့ သမိုင်းဆရာရဲ့ အတင်းတွေ zoom meeting မှာ မြိန်ရေယှက်ရေ ပြောကြရင်း အပျင်းဖြေကြသတဲ့။ ဒီလိုနဲ့ ပျော်စရာတစ်ခုကို အတူဖန်တီးဖို့ ...
movie

Pacerville (2022)

2022
Terror on the Prairie (2022) 6.7
Terror on the Prairie (2022) Terror on the Prairie (2022) ဂျပ်ဘ်မက်အယ်လစ်စတာဟာ တစ်ချိန်ကခွဲထွက်ရေးဝါဒီစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ မွန်တာနာကိုမိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ရင်းခြံလုပ်ငန်းနဲ့အသက်မွေးနေပါတယ်။ ဇနီးဖြစ်သူဟတ်တီက သူ့အတိတ်နောက်ကြောင်းကိုသိပေမယ့် အပြည့်အဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ ဂျပ်ဘ်ရဲ့ အတိတ်တွေဟာ ကပ္ပတိန်နဲ့ သူ့ဓားပြတွေအသွင်နဲ့ သူတို့ဆီကိုပြန်လည်ခြောက်လှန့်ဖို့ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်ဟာ ဂျပ်ဘ်မြို့ကိုတက်သွားချိန်၊ အိမ်မှာ ဇနီးသည်မိန်းမသား ဟတ်တီနဲ့ လူမမယ်ကလေးနှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပါတယ်။တစ်ချိန်က စစ်ပြန်တွေ၊ အခုချိန်မှာ ဓားပြအဖြစ် အသက်မွေးနေတဲ့ လက်နက်အပြည့်အစုံ ယောက်ျားရင့်မာတစ်အုပ်ကို သူတို့ ဘယ်လိုရင်ဆိုင်တွန်းလှန်ကြမလဲ?Western ရုပ်ရှင်တစ်ခုကို ခေတ်ပေါ် home invasion thriller ဇာတ်ကားတွေလိုမျိုး suspense တွေ လှည့်ကွက်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Alias ပါ။)File Size : 1.6GB, 670MB & 334MB Quality : 1080p WEBRip, 720p WEBRip & 480p Format : mp4 Duration ...
movie

Terror on the Prairie (2022)

2022
Viraata Parvam (2022) 9.0
Viraata Parvam (2022) ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်‌ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey
movie

Viraata Parvam (2022)

2022
1080p HEVC
Blowback (2022) 4.4
Blowback (2022) Bloback 2022ဒီရုပ်ရှင်ကားလေးဟာ ၂၀၂၂ ရဲ့ အက်ရှင်ကားလေးတွေထဲမှာ နေရာတစ်နေရာစာဝင်ယူထားတဲ့ကားကောင်းလေးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်းမပါဘဲ မိမိဘာသာ rating ပေးရရင်တော့ 6/10 ပေးရမယ့်ကားလေးဖြစ်ပြီး တော်တော်လေးကြည့်ပျော်မယ့် အက်ရှင်ကားလေးလည်းဖြစ်ပါတယ်။တစ်ခါတလေတော့ ဘဝဆိုတာ သောက်ပြဿနာတွေတက်တဲ့အခါ တစ်ခုပြီးတစ်ခုပြုံပြီးတက်ပေမဲ့ သောက်ကောင်းတွေကျတော့ အခါတစ်ထောင်မှ တစ်ခါလာတဲ့အထိရှားပါတယ်။ ဒီလိုပါပဲ မစ်ရှင်တွေကို အောင်မြင်မယ်ထင်ထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်လိုက်၊ ကျရှုံးလိုက်ဖြစ်နေရတဲ့အခါ အဲလိုအခြေအနေကြီးက ဘယ်လိုရုန်းထွက်ရမလဲပေါ့။ကျွန်တော်အနေနဲ့အားပေးရမယ်ဆိုရင် လဲကျသွားတဲ့အခါ ပြန်မထပါနဲ့။ အိပ်‌နေလိုက်ပါ၊ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့။ ဒါပေမဲ့ မင်းသားကတော့ ပြန်ထတယ်။ ပြန်ကြိုးစားတယ်ဗျ။ သူ့မှာက သေအံ့ဆဲဆဲသမီးလေးကို ဆေးကုသဖို့အတွက် ရှာဖွေဖို့လိုတာကိုး။ ဒီတော့ဗျာ။ ဒီရုပ်ရှင်ကားလေးထဲမှာဆိုရင် မင်းသားနဲ့ သူသူငယ်ချင်းတစ်သိုက်က ဘဏ်တစ်ခုကို ဓားပြတိုက်ကြတယ်ပေါ့။ ဟောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်း ရှယ်စီစဉ်ပြီးတော့ကို တိုက်တာပေါ့ဗျာ။ ဘတ်မန်းလိုတော့ ပလန်ဘီမရှိဘူးပေါ့။ ဒီတော့ သူတို့တွေ ဘဏ်ဓားပြတိုက်တာက အောင်မြင်သွားလား၊ ဘာကြောင့် ရှယ်စီစဉ်ပြီးတော့ကို သရဲမရဲ တိုက်ဖို့ကြိုးစားကြတာလဲ၊ မင်းသားရဲ့ရည်းစားဟောင်းနဲ့ မင်းသားတို့အခြေအနေ၊ မင်းသားရဲ့သမီးလေး လျှောမလျှော(မင်းသားသမီးဆိုပြီး မလျှောဘူးမထင်နဲ့ဗျနော်) ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ၂၀၂၂ ခုနှစ်ထွက် အက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Blowback 2022 ထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

Blowback (2022)

2022
Turbo Cola (2022) 5.9
Turbo Cola (2022) Turbo Cola (2022)လွန်စွာချမ်းအေးနေတဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညချမ်းမှာ မြို့ငယ်လေးက အော်စတင် ဆိုတဲ့ ကောင်လေး တစ်ယောက်ဟာ Quality Mart ဆိုတဲ့ စတိုးဆိုင်မှာ အလုပ်လုပ်နေပါတော့တယ်။ တစ်ခြားလူငယ်တွေကတော့ ၂၀၀၀ ခုနှစ်ရောက်တာနဲ့ ကမ္ဘာပျက်ပြီလို့ တွေးထားကြပြီး နှစ်သစ်ကူးပါတီလုပ်ပြီး အစွမ်းကုန်ပျော်ပါးနေကြပါတော့တယ်။ တကယ်တော့ ထိုကောင်လေး အော်စတင်ဟာ သူအလုပ်လုပ်နေတဲ့ Quality Mart ကနေ နှစ်သစ်ကူးတာနဲ့ ခိုးပြီး ထုတ်ဖို့ သူငယ်ချင်းဖြစ်သူ ဆွယ်စကီနဲ့အတူ အစီစဉ်ဆွဲထားတာပါ။ အိပ်မက်တွေ ကိုယ်စီနဲ့ ပြီးပြည့်စုံတဲ့ ရာဇဝတ်မှုလုပ်ကြဖို့ ကြံစည်နေကြရင်း ထင်မှတ်မထားတဲ့ လူတွေနဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့လာတဲ့အခါ.... သူတို့နှစ်ယောက်ရဲ့ အစီစဉ်တွေ တကယ်ရော ဖြစ်နိုင်ပါ့မလား စီစဥ်ထားသလိုရော ဖြစ်လာနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ ရယ်မောရင်း ကြည့်ရှု့နိုင်မယ့် ဒရာမာဇာတ်ကားကောင်းပဲဖြစ်ပါတယ်။IMDb - 5.9/10 ရရှိထားပြီးတော့ Rotten Tomatoes ကတော့ 80% ရရှိထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre.....Drama, Comedy Quality…. ...
movie

Turbo Cola (2022)

2022
Samrat Prithviraj (2022) 7.4
Samrat Prithviraj (2022) Samrat Prithviraj 2022==================Samrat Prithviraj 2022IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကားကြည်တောက်ရှင်းထွက်ရှိလာပါပြီ... ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံ‌ရဲ့ကျော်ကြားတဲ့စစ်သူကြီးSamrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့ဒီရာဇဝင်ကားသစ်ဟာဆိုရင်..ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာအခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်ကပရစ်ထ‌ဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ် အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamratဘယ်လိုဘယ်ပုံဖြေရှင်းရမလဲဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ် File size…7.64GB / 2.58GB / 1.2GB Quality…4k HEVC AMZ WBE DL / 1080p TRUE WBE DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Honeyey & Guu Guu Reviewed by : Yunni
movie

Samrat Prithviraj (2022)

2022
4K HEVC Web-DL
Cha Cha Real Smooth (2022) 7.6
Cha Cha Real Smooth (2022) Cha Cha Real Smooth (2022)ခင်ဗျားတို့ဘ၀မှာ အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ ? အတူရှိနေရတာက အချစ်လား ? ပေးဆပ်နေရတာက အချစ် လား ? ဒါမှမဟုတ် အချစ် ဆိုတာက တစ်ဘ၀လုံးမှာ တစ်ခါပဲ ကြုံမှာလား ? သေချာတာကတော့ အချစ်နဲ့ဘ၀ဟာ အမြဲတမ်း တစ်ထပ်တည်း မကျနိုင်သလို တစ်ထပ်တည်းကျတဲ့သူတွေကတော့ တကယ်ကံကောင်းတာပါပဲ။ဒီဇာတ်ကားလေးဟာလည်း အချစ်နဲ့ဘ၀ဟာ တစ်ထပ်တည်း ကျနိုင်၏ မကျနိုင်၏ ဆိုတာကို ဖော်ကျူးသွားတဲ့ ဇာတ်ကားလေးပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရူးဟာ ကောလိပ်ကျောင်းပြီးကာစ ကောင်လေးတစ်ယောက်ဖြစ်ပြီး အရာရာကို ကူညီတတ်ပြီး ဆက်ဆံရေးလည်းပြေပြစ်တဲ့ ကောင်လေးတစ်ယောက်... အန်ဒရူးကတော့ ဂောာလိပ်ကျောင်းပြီးသွားတာကို အ‌တော် စိတ်ပျက်နေပြီး လက်ရှိမှာ အလုပ်အကိုင်မကောင်းတဲ့သူ့ဘ၀ကနေ အမြဲရုန်းထွက်ချင်နေခဲ့ပါတယ် သူ့ကောင်မလေး ပြောင်းသွားတဲ့ ဘာစီလိုနာကို ပိုက်ဆံစုပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ ကြံနေခဲ့တယ် အန်ဒရူးတစ်‌ယောက် သူ့ဘ၀အပေါ် ထားတဲ့အမြင်တွေ ပြောင်းလဲဖို့ဖြစ်လာရတာကတော့ ပါတီပွဲတစ်ခုမှာ သူတွေ့ခဲ့တဲ့ ဒိုမီနို နဲ့ သူ့ရဲ့ ‌အော်တစ်ဇင်ရောဂါသည်သမီးလေး လိုလာ လေးတို့ကြောင့်ပဲ ကူညီတတ်ပြီး ဆက်ဆံရေးကောင်းမွန်တဲ့ အန်ဒရူးကြောင့် ဒိုမီနိုနဲ့လိုလာ ...
movie

Cha Cha Real Smooth (2022)

2022
Cassiopeia (2022) 5
Cassiopeia (2022) Cassiopeia (2022)ဟိုးအရင်တုန်းက ညဘက်မှာ လမ်းပျောက်ရင် ဓူဝံကြယ်ကိုကြည့်ပြီး လမ်းရှာခဲ့ကြပါတယ် ဓူဝံကြယ်ကိုရော ဘယ်လိုရှာသလဲ... အတောက်ပဆုံးဆိုတဲ့ "ကယ်ဆီယိုးပီးယား" ဆိုတဲ့ ကြယ်စုတန်းကို ရှာတွေ့ရင် ဓူဝံကြယ်ကို ရှာတွေ့ပါသတဲ့လေ... ဒါဆိုရင် ညဘက်မှာလမ်းပျောက်ရင် ကြယ်ကိုကြည့်ပြီး လမ်းရှာနိုင်ပေမဲ့ နေ့ခင်းဘက်မှာ လမ်းပျောက်ရင်ရော...တကယ်တမ်း နေ့ခင်းမှာလမ်းပျောက်ခဲ့သူကတော့ ဘတ်ဆူဂျင်းပါပဲဘတ်ဆူဂျင်းဟာ သမီးနဲ့ နှစ်ယောက်တည်းနေရင်း တစ်ခုခုဆို အဖေဖြစ်သူကိုပါ အကူအညီတောင်းနေရသူ တစ်ယောက်ပါ ဖြစ်ချင်တော့ အသက် ၃၀ ကျော်ပဲရှိသေးတဲ့ ဘတ်ဆူဂျင်းဆီကို မထင်မှတ်ထားတဲ့၊ အဲဒီအသက်အရွယ်မှာ ဖြစ်ခဲလှတဲ့ Dementia လို့ ခေါ်တဲ့ သတိမေ့တတ်တဲ့ ရောဂါကြီး ရောက်လာခဲ့ပါတော့တယ်။တကယ်တမ်း အရေးကြုံလာရင် ဘေးနားမှာရှိပေးတာက မိဘပါပဲ၊ ဘတ်ဆူဂျင်းရဲ့အဖေကတော့ သမီးဖြစ်သူရဲ့ ဘေးမှာ စောင့်ရှောက်ပေးရင်း အရာရာကို အတူတူရင်ဆိုင်ပေးခဲ့တာပါဘတ်ဆူဂျင်းအဖြစ် သရုပ်ဆောင်ထားတာကတော့ Why Her? ကရှေ့နေမမ အိုဆူဂျယ် (Seo Hyun Jin) ပဲဖြစ်ပါတယ်၊ရှေ့နေဆိုတဲ့ ဇာတ်ကောင်တူနေပေမဲ့ လုံးဝကွဲပြားနေတာကတော့ သတိမေ့တတ်တဲ့ ပုံစံနဲ့ သရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက် ပါပဲဒီရုပ်ရှင်ကတော့ Seo ...
movie

Cassiopeia (2022)

2022
The Wrath of God (2022) 5.7
The Wrath of God (2022) The Wrath of God (2022)ဒီကားလေးကတော့ "The Slow Death of Luciana B" ဆိုတဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ စပိန်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်ဒီကားကို အမြည်းပြောပြရရင် လူစီယားနားဆိုတဲ့ ကောင်မလေးနဲ့ သူ့အလုပ်ရှင် စာရေးဆရာ ကလော့စတာ တို့ကြားကနားလည်မှုအလွဲလေးကြောင့် အရာအားလုံး စတင်ခဲ့တယ်လို့ ပြောရပါမယ် သေးငယ်တဲ့ လိပ်ပြာ‌ေလးတစ်‌ကောင် အတောင်ပံခတ်လိုက်ရာကနေ ဟာရီကိန်းမုန်တိုင်းကြီးထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ Butterfly Effect လိုမျိုးပဲ ဒီကားထဲမှာလည်း အနမ်းလေးတစ်ခုကနေ အစပြုပြီး မိသားစုဝင်တွေ ‌အသက်ဆုံးရှုံးကုန်ကြတဲ့အထိ ဘယ်လိုတွေ ဒုက္ခကြုံကြရမလဲ.....ကံကြမ္မာဆိုး အားလုံးရဲ့နောက်ကွယ်က တရားခံကရော ဘယ်သူဖြစ်မလဲ..... လူစီယားနားကပဲ မှားခဲ့တာလား ကလော့စတာကပဲ လွန်တာလား ဘယ်သူ့ကြောင့် ဒါတွေဖြစ်လာခဲ့တာလဲ ..... စတဲ့မေးခွန်းပေါင်းများစွာကို ဒွိဟခံစားချက်တွေနဲ့ ကြည့်ရှုအဖြေရှာလိုက်ပါ2022 ခုနှစ် June လ ၁၅ ရက်နေ့ကမှ လောလောလတ်လတ်ထွက်ရှိထားပြီး IMDB rating 5.6 ရရှိထားတဲ့ Drama, Thriller ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ...
movie

The Wrath of God (2022)

2022
The Score (2022) 5.5
The Score (2022) The Score (2022)ဒီရုပ်ရှင်ကတော့ Musical အမျိုးအစားပါ။ ဒါပေမယ့် တခြားဇာတ်ကားတွေနဲ့မတူတာက Crime Musical အမျိုးအစား ဖြစ်ပါတယ် အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ထရိုင်နဲ့မိုက်တို့က ဒုစရိုက်သမား တေလေဂျပိုးတွေပါ ထရိုင်ရဲ့အစ်ကို နဲ့မိုက်နဲ့က အရင်ကတွဲဖက်ဖြစ်ပြီး ကိစ္စတစ်ခု အဆင်မပြေရင်း ထရိုင်ရဲ့အစ်ကို ထောင်ကျသွားခဲ့တယ် အဲမှာ မိုက်က ထရိုင်ကို ခေါ်ပြီး သူ့အစ်ကို ဝှက်ထားခဲ့တဲ့ ပိုက်ဆံတွေနဲ့ အပေးအယူတစ်ခု လုပ်ဖို့ ကော်ဖီဆိုင်တစ်ခုကို ခရီးထွက်ခဲ့ကြတယ် ရလာတဲ့ ပစ္စည်းတွေ အမြတ်တွေလည်း တစ်ယောက်တစ်ဝက်ခွဲကြမယ်ဆိုပြီးတော့ပေါ့ ဒါပေမယ့် ထရိုင်က ကော်ဖီဆိုင်ကိုရောက်တော့ ကော်ဖီဆိုင်က မိန်းကလေးကို စိတ်ဝင်စားသွားခဲ့တယ် အဲမှာ အရာအားလုံးက သူတို့ထင်ထားခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တော့ဘူး ပြီးတော့ မိုက်က ထရိုင်ကိုခေါ်လာတဲ့ အဓိက အကြောင်းရင်းကတော့.....Drama, Romance လေး အနည်းငယ် ပါပေမယ့် တခြား Musical ကားတွေလိုတော့ အချစ်သီးသန့်ကား မဟုတ်ဘူး ဒုစရိုက်မှုတွေ အက်ရှင်ခန်းတွေ Musical ခန်းတွေပါတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကြည့်နေကျ Musical တွေထဲကနေ ကွဲထွက်တဲ့ အရသာတစ်မျိုး ရမယ်ဆိုတာ သေချာပါတယ်။အညွှန်း နဲ့ ...
movie

The Score (2022)

2022
The Lost Girls (2022)
The Lost Girls (2022) The Lost Girl (2022) =============== Drama, Fantasyငယ်ငယ်က ကျနော်တို့အားလုံးကြိုက်ခဲ့ကြတဲ့ Peter Pan & Wandy , Peter Pan & Captain Hook တို့ဇာတ်လမ်းတွေကို အားလုံးကြည့်ဖူးကြမှာပါ။ ကြယ်တွေ စုံတဲ့တစ်ညမှာ ပီတာပန်ဆိုတဲ့ နတ်သူငယ်လေးက ၀န်ဒီဆိုတဲ့ ကောင်မလေးကိုလာ ခေါ်လေ့ရှိတယ်။ ၀န်ဒီရဲ့အဖွား၊ ၀န်ဒီရဲ့ ‌အမေတို့ တုန်းကလည်း ပီတာပန်ဟာ နဲဗားလန်းဆိုတဲ့ စိတ်ကူးယဉ်ကျွန်းကြီးကိုခေါ်သွားလေ့ရှိတယ်။ နွေဦးရဲ့ ကြယ်တွေစုံတဲ့တစ်ညမှာ ပီတာပန်ဟာ ၀န်ဒီ့ဆီရောက်လာပြီး ကတိတစ်ခုတောင်းခဲ့တယ် ။" မင်း ဘယ်တော့မှ ကြီးပြင်းမလာပါနဲ့ ၀န်ဒီ နောက်နှစ်နွေဦးမှာ ကိုယ်လာခေါ်မယ်"၀န်ဒီဟာလည်း ပီတာအလာကို စောင့်နေခဲ့တာ နှစ်တွေအကြာကြီး ကြာခဲ့ပါပြီ ။ ပီတာကရော ပြန်ရောက်လာပါ့မလား....? ၀န်ဒီရဲ့ ဘဝကရော ဘာတွေဆက်ဖြစ်သွားမလဲ...? Cast တွေအနေနဲ့လည်း Preter Pan နေရာမှာ Sherlock Holmes ထဲက လူတိုင်းကြိုက်ခဲ့တဲ့ လူငယ်သရုပ်ဆောင် ...
movie

The Lost Girls (2022)

2022