Channel Myanmar

2022

Godse (2022) 6.5
Godse (2022) Godse 2022IMDb 6.5/10တစ်ချိန်က နာမည်ကြီး Crash Landing On You ဒရမ်မာရဲ့ နာမည်ကြီးစုံတွဲ BinJin တို့ရိုက်ကူးထားတဲ့ Negotiation ဇာတ်ကားနဲ့ ဆင်တူသော ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် Negotiation ကို မှီငြမ်းရိုက်ကူးထားတယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဒီဇာတ်ကားလေးရဲ့အညွှန်းကိုဖတ်ကြည့်ရအောင်။ အိန္ဒိယနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ဖြစ်တဲ့ Aiahwarya Lekshmiက ဗိုင်ရှာလီအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Satyadev Kancharanaက ဂိုစီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ညှိုနှိုင်းဆွေးနွေးရေးလုပ်တဲ့အခါ သူများနဲ့မတူ ကျွမ်းကျင်လှတဲ့ ဗိုင်ရှာလီက နောက်လိုက်အမှားကြောင့် ဓားစာခံကိုယ်ဝန်သည်တစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီးသူမကိုယ်သူမအပြစ်ရှိတယ်ခံစားရကာ အလုပ်ထွက်စာတင်ခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့ဒုရဲအုပ်က ဆယ်ရက်အချိန်ပေးပြီးစဉ်းစားခိုင်းခဲ့ပါတယ် ဒီဆယ်ရက်အတွင်းမှာ ထင်မထားတဲ့ပြောင်းလဲမှုကြီး ထွက်ပေါ်လာခဲ့ပါတယ် အဲဒီပြောင်းလဲမှုကြီးကဘာများဖြစ်မလဲ Trauma ရနေတဲ့ ဗိုင်ရှာလီကရော ဓားစာခံတွေကို ထပ်ကယ်တင်ပေးနိုင်မှာလား မင်းသား မင်းသမီး သရုပ်ဆောင်မှုတွေ အထူးသဖြင့် မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမှာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed By Yunni File size….........2.8GB / 1.3GB Quality…..........1080p WEB DL AAC5.1Ch / 720p Format…..........mp4 Duration…........2h 22mins Subtitle…..........Myanmar Subtitle (Hard Sub) Encoder…..........YK Translated by....Lwin Htoo Aung & Yunni & GuuGuu & ...
movie

Godse (2022)

2022
Jurassic World Dominion (2022) 5.9
Jurassic World Dominion (2022) Jurassic World Dominion (2022)ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။ အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်...ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 9.28GB | 2.6GB ...
movie

Jurassic World Dominion (2022)

2022
4K HEVC Web-DL
Z-O-M-B-I-E-S 3 (2022) 5.5
Z-O-M-B-I-E-S 3 (2022) Z-O-M-B-I-E-S 3 (2022)Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ်တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 2.3GB, 1GB & 528MB Quality : ...
movie

Z-O-M-B-I-E-S 3 (2022)

2022
Lightyear (2022) 5.3
Lightyear (2022) Lightyear (2022) =============ဒီ ကာတွန်းရုပ်ရှင်လေးကတော့ Toy Story ရဲ့ အဓိကဇာတ်ကောင် တစ်ကောင်ဖြစ်တဲ့  ဘက်ဇ် လိုက်ရီးယားကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ အရုပ်လေးတွေရဲ့ ဇာတ်လမ်းမဟုတ်တော့ပါဘူး။ ၁၉၉၅ ခုနှစ်မှာ အန်ဒီဆိုတဲ့ကောင်လေးက ဘက်ဇ်လိုက်ရီးယားဆိုတဲ့ အရုပ်ကို မွေးနေ့လက်ဆောင်ရရှိခဲ့ပါတယ်။အဲဒီအရုပ်လေးက ရုပ်ရှင်တစ်ခုထဲက ဇာတ်ကောင်ဖြစ်ပြီး အန်ဒီက အဲဒီရုပ်ရှင်ကို အရမ်းကြိုက်တဲ့သူပါ။ အခုကြည့်ရမယ့် ရုပ်ရှင်ကတော့အန်ဒီအရမ်းကြိုက်ခဲ့တဲ့ လိုက်ရီးယားရုပ်ရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း =============== ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာယာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့ ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဂြိုလ်တစ်ခုကို သွားလေ့လာရင်း ဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့တိုက်ပွဲတွေဖြစ်ပြီး သူ့တို့ကြောင့်ပဲ ယာဉ်ပျက်ကျသွားခဲ့ပြီး အလင်းအလျှင်ကိုပေးတဲ့စနစ်ပါ ပျက်စီးသွားပါတယ်။ဒီတော့ အိမ်ပြန်လို့မရတဲ့ယာဉ်ပေါ်ကအဖွဲ့သားတွေဟာ အဲဒီဂြိုလ်ပေါ်မှာ အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ တချိန်တည်းမှာပဲ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းမြန်နှုန်းနဲ့ ပြန်မောင်းနိုင်အောင်ပြုပြင်ပြီး အားလုံးကို အိမ်ကိုပြန်ပို့နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရပါတော့ တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(5.8GB) / (1.81 GB) / (900 MB) / (514 MB) Quality............WEB-DL 4k HEVC / 1080p ...
movie

Lightyear (2022)

2022
4K HEVC Web-DL
North Hollywood (2021) 5.9
North Hollywood (2021) ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ဇာတ်လမ်းအကျဉ်း==================လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ဘဝနဲ့ သူ​ပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ်ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကိုအထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ​ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရအဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကိုပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်။ File size…1.26GB / 547MB Quality…1080p WEB DL AAC5.1CH ...
movie

North Hollywood (2021)

2022
Thor: God of Thunder (2022) 3
Thor: God of Thunder (2022) Thor: God of Thunder (2022)ဟုတ်ကဲ့ မမှားပါဘူး။ မာဗယ်ရဲ့အချစ်တော် နာမည်ကျော် ဆရာသောရ်ရဲ့ အသစ်စက်စက်ရုပ်ရှင်ပါ။ ထုံးစံအတိုင်း သောရ်နဲ့ ဆရာလိုကီတို့ရဲ့ အပြိုင်ဇာတ်ပါပဲ။ ဇာတ်လမ်းစစဖွင့်မှာတော့ လိုကီဟာ အကျဉ်းစံနေရပါတယ်။ ခဏအကြာမှာတော့ ထမင်းလာကျွေးတဲ့ကောင်ကို မလှိမ့်တပတ်လုပ်ပြီး လွတ်သွားပါတယ်။ God of Mischief ကြီး လိုကီကို ဂျက်စပဲရိုးကို လှောင်သလို သံတိုင်နောက်လှောင်ထားတာကိုး။ မလွတ်တာကမှ ဆန်းနေမှာပါ။လိုကီဟာ လွတ်ပြီးပြီးချင်းပဲ အိုဒင်ကိုသွားသတ်ပြီး Ragnarök ကို အစပျိုးဖို့ ကြံပါတယ်။ သူ့သားတွေထဲက တစ်ကောင်ဖြစ်တဲ့ ဧရာမဝံပုလွေကြီးကို အကျဉ်းချထားတာကို လွှတ်ပေးရမှာပါ။ အဲဒီဝံပုလွေကြီးလွတ်သွားရင် အိုဒင်ကို စားပြီး လောကကိုးပါးသစ်ပင်ကို စားပြီး လောကကိုးပါးလုံးကို ဖျက်ဆီးပစ်မှာပါ။ ပြဿနာကတော့ အိုဒင်ကြီးဟာ မျက်စိတစ်ဖက်ကန်းနေပေမဲ့ စောင်ထာကျနေတဲ့ ကြေးစားလူမိုက်ရုပ်ကြီးထွက်နေပါတယ်။အိုဒင်အသက်ငင်နေတဲ့ အချိန်မှာပဲ အတ်ဂတ်စ်ကိုပစ်ပြီး ဘယ်တွေအလည်လွန်နေမှန်းမသိတဲ့ ဆရာသောရ် ပြန်လာပါပြီ။ မီးခိုးငွေ့တွေ ...
movie

Thor: God of Thunder (2022)

2022
Neon Lights (2022) 5.3
Neon Lights (2022) Neon Lights (2022) ==============ဒီရုပ်ရှင်ကားဟာ ၂၀၂၂ ခုနှစ်ထွက် Thirller ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ Thriller ကားချစ်မြတ်နိုးသူပရိသတ်တွေ ခံစားကြည့်ရှုသင့်တဲ့ သည်းထိတ်ရင်ဖိုကားလေးတစ်ကားဆိုရင်လည်း ဒီကားကိုသာ ညွှန်းရပါဦးမယ်။Clay ဆိုတဲ့ ဉာဏ်ကြီးရှင်ဟာ ကမ္ဘာ့ခေတ်ပြောင်းတော်လှန်ရေးကျန်းမာရေး စောင့်ရှောက်မှုနည်းပညာကို တီထွင်ခဲ့တဲ့နည်းပညာရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ Clay ဟာ သူ့မှတ်ဉာဏ်ထဲမှာ သူပိတ်မိနေတဲ့ စိတ္တဇရောဂါတစ်မျိုးရရှိနေသူ လည်းဖြစ်ပါတယ်။ လူတစ်‌ယောက် ဒီလိုမျိုးကိုယ့်စိတ်ထဲမှာကိုယ် ပိတ်လှောင် မိဖို့ဆိုရင် ဘယ်လောက်များတဲ့ စိတ်ဒဏ်ရာတွေကြောင့်လဲ၊ ဘယ်သူက Clay ကို ဒီလိုဖြစ်စေခဲ့တာလဲ၊ Clay တစ်ယောက် ဘယ်လိုတွေ ထပ်မံတွေ့ကြုံခံစားရမလဲ ဆိုတာကို ခံစားရင်ခုန်ပေးလို့ရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာရှင်ကြီး Clay ဘယ်လိုတွေဖြစ်လာမှာလဲ၊ သူ့ရဲ့ကိုယ်ပိုင်စိတ် အကျဉ်းထောင်ကနေ လွတ်မြောက်နိုင်မလားဆိုတာကိုတော့ Neon Lights 2022 ကားလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size..........(1.26 GB) / (509 MB) / (290 MB) Quality............WebRip 1080p / 720p ...
movie

Neon Lights (2022)

2022
Vaashi (2022) 6.5
Vaashi (2022) ဒီတစ်ခေါက်မှာလည်း 6.5 ရရှိထားတဲ့ ရှေ့နေကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဗိုင်ရာဗရာကားထဲမှာမာလာဗီဇီအဖြစ်သရုပ်ဆောင်ခဲ့တဲ့တောင်ပိုင်းမင်းသမီးကီရာသီဆူရတ်ရှ်ခေါင်းဆောင်ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်း ============ရှေနေအဖြစ် ဥပဒေအဖွဲ့တစ်ခုမှာ အလုပ်လုပ်နေတဲ့ဥပဒေရှေ့ဖတ်စာရေးမလေး မတ်ဒ်ဟာဗီ။သူ့ကိုကျိတ်ပြီးသဘောကျနေတဲ့ရှေ့နေလေး အဘီ။အနေနီးစပ်ရင်း ချစ်သူတွေကတဆင့်လင်မယားတွေဖြစ်သွားချိန် အဘီကလည်းအစိုးရရှေ့နေဖြစ်သွားသလို မတ်ဒ်ဟာဗီလည်းထင်ရှားတဲ့ရှေ့နေတစ်ယောက်ဖြစ်လို့အပ်လာတဲ့အမှုတစ်ခုအတွက်လင်မယားနှစ်ယောက်တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါဦး............ File size…1.6GB/ 752MB Quality…1080p True WEB DL AAC5.1CH/ 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo & Yunni & Go-O & Lai Laii
movie

Vaashi (2022)

2022
Green Lantern: Beware My Power (2022)
Green Lantern: Beware My Power (2022) Green Lantern:Beware My Power(2022) ========== Superman:Man Of Tomorrow ကနေ ပြန်စခဲ့တဲ့DC animated universe ထဲက Green Lantern origin movie ဖြစ်ပါတယ်။ဂျွန်စတူးဝပ် Green Lantern ဖြစ်လာပုံကို တွေ့ရမှာ ဖြစ်ပြီးGreen Arrow တို့ Hawkgirl တို့လည်းပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်စတူးဝပ်တစ်ယောက်........အာဖဂန်နစ္စတန်ကနေ စိတ်ဒဏ်ရာအပြည့်နဲ့ပြန်ရောက်လာချိန်မှာဘာမှန်းမသိတဲ့ ဂြိုလ်သားတစ်ကောင်နဲ့တွေ့ခဲ့ရပါတယ်။အဲ့ဒီဂြိုလ်သားဟာ စကြာဝဠာတစ်ခုလုံးရဲ့ ပညာဉာဏ်အကြီးဆုံးဂါးဒီးယန်းဖြစ်နေခဲ့ပါတယ်။ဘာလို့ သူ့ဆီကို ရောက်လာခဲ့တာလဲ။ စကြာဝဠာတစ်ခုလုံးကိုစောင့်ရှောက်ရတဲ့ Green Lantern တပ်ဖွဲ့ဆိုကရောဘာတွေလဲ ဆိုတာ ဒီရုပ်ရှင်ထဲမှာတွေ့ရမှာပါ။DC fan တွေရော superhero ရုပ်ရှင် fan တွေပါနှစ်သက်ကြမှာသေချာပါတယ်။ File size…1.5GB / 700MB Quality…1080p BluRay AAC5.1CH/720p Format…mp4 Duration….1h28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by SPK
movie

Green Lantern: Beware My Power (2022)

2022
Maamanithan (2022) 7.3
Maamanithan (2022) ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီးတောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်းအသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင်စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကိုတည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကိုတွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့်သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲလောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား?သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ?အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.93GB / 800MB Quality…1080p WEB DL AAC5.1H / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa & HM
movie

Maamanithan (2022)

2022
[18+] Ang Babaeng Nawawala Sa Sarili (2022)
[18+] Ang Babaeng Nawawala Sa Sarili (2022) Ang Babaeng Nawawala Sa Sarili (2022)အယ်လ်ဘီနာက အောင်မြင်မှုလမ်းကြောင်းပေါ် အခြေချမိနေတဲ့ တက်သစ်စ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီး ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုနဲ့ ချိတ်ဆက်မိထားပါတယ်။ ဖောက်ပြန်တဲ့ရည်းစားဟောင်းကို စွန့်ပစ်ခဲ့သလို အခုချိန်မှာ ဓာတ်ပုံဆရာတစ်ယောက်လေးတစ်ယောက်နဲ့ တွဲခုတ်ဖြစ်နေပြီး ဘဝမှာ ပူပင်စရာမရှိ အရာရာအေးချမ်းတဲ့သူပါ။တစ်ညမှာတော့... အိမ်မှာရှိတဲ့ စတိုခန်းကိုဝင်ရှာရင်းနဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုနဲ့ဆွဲကြိုးလေးတစ်ကုံးကိုရှာတွေ့အပြီးမှာ သူ့ဘဝ အရာရာ ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဓာတ်ပုံအယ်လ်ဘမ်ထဲကဓာတ်ပုံတွေတိုင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ပုံတွေဖြစ်ပြီး အဲ့ဒီပုံတွေအားလုံးဟာလဲ မျက်နှာနေရာကို ဓားနဲ့ခြစ်ဖျက်ဆီးခံထားရပါတယ်။ သူ အမှတ်တမဲ့နဲ့ အဲ့ဒီဆွဲကြိုးကိုဝတ်လိုက်တဲ့အချိန်ကစလို့ မိန်းမတစ်ယောက်ရဲ့ ပုံရိပ်တွေမြင် အသံတွေကြားယောင်လာပြီး စိတ်လွတ်သွားတဲ့အခါမျိုးမှာ အဲ့ဒီအမျိုးသမီးဟာ သူ့ကိုပူးကပ်ပြီး တွေ့သမျှယောက်ျားတွေကို သွေးဆောင်ဖြားယောင်း လိင်ဆက်ဆံပြီး သတ်ဖြတ်ပစ်တဲ့အထိကြမ်းတမ်းလာပါတော့တယ်။ဒီအမျိုးသမီးဟာ ဘယ်သူလဲ? သူနဲ့ဘယ်လိုဆက်နွယ်မှုနောက်ကြောင်းတွေရှိခဲ့လို့ သူ့ကိုဒုက္ခပေးချင်ရတာလဲ?၁၉၈၉ တုန်းက အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို ကျောရိုးယူပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ Psychological, Horror ပုံစံမျိုးဖြစ်ပြီး Kinsenas, Katapusan မှာအထက်တန်းကျောင်းသူလေးအဖြစ်မြင်ခဲ့ရတဲ့ Ayanna Misola ကို တက်သစ်စ ...
movie

[18+] Ang Babaeng Nawawala Sa Sarili (2022)

2022
The Irish Connection (2022) 6.1
The Irish Connection (2022) The Irish Connection (2022) ====================IMDb Rating - 6.1/10ဒီဇာတ်လမ်းကတော့ အဲလစ်ဘိတ်ကာ ဆိုတဲ့ အိုင်းရစ်အမျိုးသမီး တစ်ယောက်ရဲ့ ငွေတိုက်စာချုပ်တွေ အခိုးခံလိုက်ရတဲ့ အရှုပ်တော်ပုံ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။အော်ရီရယ်က ငွေတိုက်စာချုပ် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အိုင်ယာလန်ကို စေလွှတ်ခံလိုက်ရတဲ့ အမျိုးသမီးစုံထောက်တစ်ယောက်ပါ။ တစ်ဖက်မှာလည်း အဲလစ်က သူ့ငွေတိုက်စာချုပ်တွေ ပြန်ရဖို့ မောင်ဖြစ်သူ ရိုရီဘိတ်ကာကို တိတ်တဆိတ်စုံစမ်းခိုင်းထားပြီး သံသယရှိသူတွေနောက်ကို လိုက်ဖို့ ညွှန်ကြားထားပါတယ်။ငွေတိုက်စာချုပ်တွေကို ခိုးယူသွားတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးယောင်ဆောင် ထားတဲ့လူက မော်လ်တာဆိုတဲ့ မြို့လေးမှာ ပုန်းရှောင်နေမှန်း သိလိုက်ရတဲ့အခါ ဗြိတိသျှအစိုးရဘက်ကရော အဲလစ်တို့ဘက်ကပါ သူခိုးကို အမိဖမ်းဖို့ အပြိုင် အဆိုင်ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ။ဒါ့အပြင် အက်ရှင် နဲ့ စွန့်စားခန်းတွေကြားက စုံထောက်မလေး အော်ရီရယ်ရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်း တွေ့မြင်ရဦးမှာမို့ ရသအစုံပါတဲ့ ဇာတ်ကားလေး တစ်ကားဆိုရင်လည်း မမှားပါဘူး။ နောက်ပြီးတော့ ဒီကားလေးဟာရုပ်ရှင်ပွဲတော် တွေမှာ ဆု (၄) ဆုထိရယူထားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File ...
movie

The Irish Connection (2022)

2022
Jungle Cry (2022) 8.1
Jungle Cry (2022) ဒီတစ်ခေါက်မှာတော့ Super 30 တို့လိုပုံစံ Hindi ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ 8.1 ထိရရှိထားပြီး NDTV မှာလဲ 4.6/5 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ============ကလေးတွေကို စာနဲ့ အားကစားသင်ပေးတဲ့ အင်စတီကျုတစ်ခုမှာ ရုဒရာဟာ အားကစားဆရာတစ်ယောက်ပါ။ ခရစ်ကတ်သည်သာ နိုင်ငံရဲ့အလေးအထားဆုံးဖြစ်နေတဲ့ အိန္ဒိယမှာ ဘောလုံးအားကစားတိုးတက်ဖို့ အသင်းထောင်ဖို့ ရွာတွေအထိ မိုင်ပေါင်းများစွာ သွားပြီးရွက်ပုံးသီးကစားသမားလေးတွေကိုရှာဖွေခဲ့သူပါ။ ဒါပေမယ့်တစ်နေ့မှာတော့ ပေါလ် ဆိုတဲ့သူရောက်လာပြီး လေးလ အတွင်း လန်ဒန်မှာကျင်းပမယ့် အမေရိကန်ဘောလုံး ရတ်ဘီပြိုင်ပွဲအတွက် သူရှာထားတဲ့အသင်းကို လုသွားတဲ့အခါမှာ ရတ်ဘီအားကစားကိုမကြားဘူးတဲ့ကလေးတွေ လန်ဒန်မှာ ဘယ်လိုပြိုင်ကြမလဲ။ ခရီးဝေးတောင်မသွားဘူးတဲ့ရွာကကလေးတွေလန်ဒန်မှာ ဘယ်လိုကြုံကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျော ခံစားလိုက်ကြပါဦး  File size…2.08GB / 1.03GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by ThuRa & Allena & OeliuJ & Lwin Htoo
movie

Jungle Cry (2022)

2022
Family Camp (2022) 5
Family Camp (2022) Family Camp (2022)" ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့ အိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်... " တဲ့။အိမ်ဆိုတဲ့ပညတ်ဟာ ကိုယ့်စိတ်အတွက် အနွေးထွေးဆုံးနေရာတစ်ခုကို အစွဲပြုခေါ်ကြတဲ့ နာမည်ပဲမလား။ မိသားစုတွေ ပြေလည်တဲ့အခါ အိမ်ဟာနွေးထွေးလင်းလက်နေပြီး မိသားစုတွေ မပြေလည်တဲ့အခါ အိမ်ဟာ အေးစက်မှောင်မဲနေမှာပဲ။ ဒီရုပ်ရှင်ကတော့ မပြေလည်ကြတဲ့မိသားစုတွေကနေ နှလုံးသားတွေနွေးထွေးစေမယ့်အိမ်ဆီ သူတို့အလိုအရတော့ ဘုရားသခင်က အရိပ်ပြပေးပြီး သူတို့နှလုံးသားက ရှေ့ဆက်သွားရတဲ့အကြောင်းပေါ့။ မဟုတ်လည်း ဒီတိုင်း နှလုံးသားနဲ့ပဲ နွေးထွေးတဲ့အိမ်ဖြစ်အောင် ဘယ်လိုပြန်အသက်သွင်းကြမလဲ ကြည့်ကြရမှာပါ။ဒီရုပ်ရှင်ရဲ့အားသာချက်ကတော့ မိန်းဇာတ်လိုက်က မိသားစုနှစ်ခုပါ။ တစ်ခုက သိသိသာသာကို အိမ်ထောင်ရေးပြေလည်မနေတဲ့မိသားစု။ ဒုတိယတစ်ခုကတော့ လူရှေ့သူရှေ့မှာ ပြေလည်နေပြီး ဟန်ပဲရှိတဲ့မိသားစု။ ဒီမပြေလည်တဲ့ မိသားစုနှစ်ခုက လင်ယောက်ျားတွေဟာ စခန်းချခရီးတစ်ခုမှာတွေ့ကြရာက ပြေလည်တဲ့မိသားစုတစ်ခုဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲကြည့်ရမှာပါ။ ဒုတိယမိသားစုက အများအမြင်ပြေလည်နေပေမဲ့ အတွင်းထဲဗလောင်ဆူနေတဲ့ မိသားစုဆိုတော့ အပြင်ပန်းပြေလည်ခြင်းဟာ အပြင်ပန်းမပြေလည်ခြင်းထက် ပိုဆိုးတဲ့အခြေအနေတစ်ခုကိုတွန်းပို့ထားတာကိုလည်း ပြထားတယ်။ နောက် ...
movie

Family Camp (2022)

2022
(18+)Kitty K7 (2022)
(18+)Kitty K7 (2022) ရည်းစားက သူများနောက်ကောက်ကောက်ပါသွားရင် အသဲကွဲကြတာပါပဲ ဒါပေမဲ့ ကွဲပုံကွဲနည်းလေးတွေကတော့ မတူကြဘူးပေါ့ သောက်ပြီးမူးပြီးကွဲမလား သူငယ်ချင်းတွေနဲ့ အတင်းချပြီးကွဲမလား စားသောက်ပြီးကွဲမလား ကိုယ်နဲ့မတန်လို့တန်ရာတန်ရာနောက်ပါသွားတယ်ဆိုပြီး သူ့ဟာထက်သာစေရမယ်ဆိုတဲ့ Moti ကြီးနဲ့အောင်မြင်အောင်လုပ်မလား အမျိုးမျိုးပါပဲ ဒီကားလေးမှာဆိုလဲ မပြင်တတ်မဆင်တတ် ကောင်မလေးတစ်ယောက် ဘဲကနောက်တစ်ယောက်ဆီကောက်ကောက်ပါအောင် လိုက်သွားတော့ Miley Cyrus လိုပဲ သူ့ထက်လန်းအောင်လုပ်ပြမယ်ဆိုရာကနေ အလန်းလွန် အလွန်လန်းပြီးတော့ တဖက်တလမ်းကနေ သူ့ရဲ့ ဝါသနာ အစစ်အမှန်ကိုတွေ့ရှိပြီး ပုရိသတို့အတွက် Cam Girl အဖြစ် လုပ်အားနဲ့ အကျိုးပြုရင်း ဘဝရဲ့ လောကဓံတွေကိုကြံကြံခံရင်ဆိုင်တဲ့ အကြောင်းလေးကို စိတ်ခွန်အားဖြစ်ဖွယ် တင်ဆက်ထားတာမို့ ကြည့်ကောင်းမဲ့ ကားလေးပါ ။ပြီးကျ ဖိလစ်ပိုင်ကားလေးဆိုတော့ ပိုပြီးနီးစပ်တာပေါ့။ ဒါပေမဲ့ Cam Girl ဆိုတော့ ၁၈ ယောက်စုကြည့်မှ ပိုအဆင်ပြေပါလိမ့်မယ်    File size…1.04GB / 500MB Quality…1080p WEB DL AAC2.0CH / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+)Kitty K7 (2022)

2022
The Witch: Part 2. The Other One (2022) 6.6
The Witch: Part 2. The Other One (2022) The Witch Part 2: The Other One (2022) Kim Dami နဲ့ Choi Woo-Shik တို့ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင် The Witch:The Subversion ရဲ့ အဆက်အနေနဲ့ The Witch Part 2 ထွက်ရှိလာပါပြီ။Part 2 မှာတော့ အားလုံးသိကြတဲ့ မင်းသား Lee Jong-Suk နဲ့ xtraordinary Attorney Woo ထဲက မင်းသမီး Park Eun Bin တို့ပါဝင်ထားသလို Part 1 က Casts တော်တော်များများလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ၊ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် ...
movie

The Witch: Part 2. The Other One (2022)

2022
Hot Seat (2022) 3.9
Hot Seat (2022) Hot Seat (2022) ========== 2022 ထွက် အက်ရှင်ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အော်လန်ဒိုဆိုတာ အရမ်းတော်တဲ့ ဟက်ကာ IT သမားတစ်ယောက်ပါ။ သို့ပေမယ့် အလုပ်အရမ်းရှုပ်တော့ မိသားစုကို အချိန်မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူတို့မြို့မှာ ပေါက်ကွဲမှုတစ်ခုနဲ့အတူ ပြဿနာတွေစတင်ရှုပ်ထွေးလာပါတော့တယ်။ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက တစ်မြို့လုံးအတွက် အချက်အချာဖြစ်လာသောအခါမှာတော့.... အဲ့ဒီပြဿနာတွေထဲ အော်လန်ဒိုတစ်ယောက်ဘယ်လို ပါဝင်ပတ်သက်နေတာပါလဲ။ သူ့လို IT သမားတစ်ယောက်က ဘယ်လိုဖြေရှင်းနိုင်ပါ့မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုမှာပါ။ Mad Max မင်းသားကြီး Mel Gibson လည်းပါဝင်ထားပြီး Rating အရမ်းကြီးကောင်းတာ မဟုတ်သော်ငြားလည်း အက်ရှင်ပရိသတ်တွေအတွက် အပျင်းပြေ ရေငတ်ပြေစေတဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။    File size…1.3GB /  629MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtile (Hard Sub) Encoder….YK  Translated by SPA
movie

Hot Seat (2022)

2022
Rubikon (2022) 5.0
Rubikon (2022) Rubikon (2022) ============အနာဂတ်မှာ စစ်ပွဲတွေဖြစ်ပြီး စစ်ပွဲမှာသုံးတဲ့ ဓာတုလက်နက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ‌ကြောင့် ကမ္ဘာကြီးမှာ ကပ်ဘေးရော အငတ်ဘေးပါ ကြုံနေတဲ့အချိန်၊ အဲ့အချိန်ကာလကို ဇာတ်အိမ်တည်ထားတဲ့ ဩစတြီးယား Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။တပ်မှူး ဝက်ဂ်နာ နဲ ဓာတုဗေဒပညာရှင် ဒေါက်တာ ကရိုင်လို တို့နှစ်ယောက် အာကာသစခန်းဆီ သွားဖို့အတွက် ယာဉ်ပျံနဲ့ထွက်လာပေမယ့်။ လမ်းပျောက် သွားလို့ ဝက်ဂ်နာ က လက်စွမ်းပြပြီး ကိုယ်တိုင်မောင်းပေးလိုက်လို့ စခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်ပေါ့။ နောက်ရက်နည်းနည်းကြာတော့ ကမ္ဘာနားမှာ မြူတွေဖုံးနေလို့ စုံစမ်းကြည့်ဖို့ ယာဉ်တစ်စင်းလွှတ်လိုက်ပေမဲ့ အဲဒီယာဉ်က မြူတွေထဲပိတ် အဆက်အသွယ်ပျက်သွားလို့ ဝက်ဂ်နာတို့နှစ်ယောက် မြူတွေကြောင့် အသက်ရှူကြပ်နေတဲ့ ယာဉ်ပေါ်ကလူကို ကယ်ပေးလိုက်ရတယ်။ကမ္ဘာကြီးမှာလည်း ခံတပ်တွေထဲ‌ဝင်ပုန်းပြီး ရှင်တဲ့သူကရှင် အပြင်မှာသေတဲ့လူ ကလည်းသေကုန်ကြပြီ ကံကကောင်းချင်တော့ ဒေါက်တာ ကရိုင်လိုက အောက်စီဂျင် ထုတ်ပေးတဲ့ရေညှိတွေကိုစမ်းသပ်ထုတ်နေတာဆိုတော့ သူတို့ ကမ္ဘာကိုပြန်ပြီး အသက်ရှင်နေတဲ့လူတွေကို ကူညီမလား။ သူတို့ဒီအတိုင်း ယာဉ်ပေါ်မှာပဲနေပြီး တစ်‌ကိုယ်ကောင်းဆန်မလားဆိုတာကို ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ May Thet Khine Soe, Khant ...
movie

Rubikon (2022)

2022
Green Ghost and the Masters of the Stone (2022) 4.2
Green Ghost and the Masters of the Stone (2022) Green Ghost and the Masters of the Stone (2022)ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Action Drama အမျိုးအစား ဖြစ်ပါတယ်"ချာလီ" ဆိုတဲ့ သူက ကားရောင်းဝယ်ရေး စင်တာရဲ့ဥက္ကဌ ဖြစ်ပြီး ဘဝကို သာမန်လေးပဲ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါ ကမ္ဘာမြေပျက်ဆီးနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာချိန်မှာတော့ သူ့ရဲ့ မွေးစားမိသားစုက သူ့ကို လာခေါ်ခဲ့တယ် သူ ဘဝတစ်လျှောက်လုံး လျှို့ဝှက်ခံခဲ့ရတဲ့ ကိစ္စလေး တစ်ခုကတော့ သူတို့ မိသားစုက ကမ္ဘာမြေက လူသားမျိုးနွယ်တွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့ဖြစ်နေတယ် ဆိုတာပါပဲသူ့ရဲ့ မွေးစား မိသားစုနဲ့အတူ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။Genre.....Action, Adventure, Comedy Quality…. 1080p | 720p | 480p File size…1.2GB | 677MB | 292MB Format… ...
movie

Green Ghost and the Masters of the Stone (2022)

2022
Mere Desh Ki Dharti (2022) 7.9
Mere Desh Ki Dharti (2022) Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာ ကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာ လူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။ အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။ အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်း လုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။ ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲ အရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။ တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက် ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်း ရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီး တိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။ သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီး တလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်က အကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File ...
movie

Mere Desh Ki Dharti (2022)

2022