Channel Myanmar

2022

[18+] Bula (2022)
[18+] Bula (2022) Bula (2022)မယ်လ်ဒီက အဝတ်လျှော်လုပ်ငန်းတစ်ခုမှာအလုပ်လုပ်တဲ့မိန်းမငယ်တစ်ယောက်၊ ခင်ပွန်းသည်ဒုက္ခိတကြီးကိုပြုစုလုပ်ကျွေးနေသူလဲဖြစ်တော့ သူ့ဘဝကရိုးရှင်းဟန်ရှိတယ်။ဒါပေမယ့်အပေါ်ယံဖြူစင်တဲ့မျက်နှာစာအောက်မှာ သိပ်ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်နေထိုင်တာကို ပတ်ဝန်းကျင်တစ်ခုလုံးမသိရအောင် အနေအထိုင် သိုသိပ်ကျစ်လျစ်ပါတယ်။ သူ့မှာပြင်းပြဖောက်ပြန်တဲ့ တဏှာရမ္မက်တွေရှိတယ်။ သူ့ဖောက်သည်တွေရဲ့အဝတ်အစားတွေ ဝတ်စုံတွေကိုခိုးယူဝတ်ဆင်ပြီး သူပြုသမျှနုရာရှာတဲ့ ခင်ပွန်းသည် ဒုက္ခိတကြီးနဲ့ သူ့ရဲ့ uniform fetish တွေ Roleplay တွေနဲ့ဆန္ဒကိုဖြေဖျောက်ပါတယ်။ ဒါတင်မကပိုကြောက်ဖို့ကောင်းတဲ့အချက်က သူဟာလိုချင်တဲ့အရာတစ်ခုကို သက်မဲ့အရာဝတ္ထုကအစ သက်ရှိဘဝအဆုံး မရရအောင်ယူတတ်တဲ့သူ ရဖို့အတွက်ဘာမဆိုလုပ်ရဲတဲ့သူဖြစ်နေတာပါပဲ။ဒီလိုနဲ့ သူတို့ရဲ့ဖောက်သည်အသစ်ဖြစ်တဲ့ ရဲအရာရှိနဲ့ချစ်သူမော်ဒယ်မလေးတို့ကိုမြင်ရတဲ့အချိန်မှာ သူဟာ မော်ဒယ်မိန်းကလေးဘဝကိုအားကျပြီး ရဲအရာရှိကိုငမ်းငမ်းတက်လိုချင်လာတဲ့အချိန်... အဲ့ဒါတွေနဲ့ တပြိုင်တည်း သူတို့ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွင်းဆက်လူသတ်မှုတွေကိုပါ ဒီရဲအရာရှိက စုံစမ်းစစ်ဆေးဖို့ဖြစ်လာတဲ့အချိန်မှာ သူတို့ချင်းထိပ်တိုက်ဆုံဖို့ ဖြစ်လာပါတော့တယ်။လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်တဲ့ မင်းသမီးငယ်လေး Ayanna Misola နဲ့ High (School) On Sex ထဲကကျောင်းဆရာမမ Rob Guinto တို့နှစ်ဦးတွဲပွဲကြမ်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အရမ်းကောင်းပါတယ် စတော်ဘယ်ရီလိုပါပဲ...(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ...
movie

[18+] Bula (2022)

2022
Under The Shadow (2022)
Under The Shadow (2022) Under the Shadow (2022)ဒီကားလေးက တရုတ်နိုင်ငံမှာ တရားမဝင်အွန်လိုင်းဂိမ်းအစပျိုးလာတော့ ပညာပေးအနေနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ယူပြီး ပြည်သူတွေကို ဘယ်လိုကာကွယ်ပေးလဲဆိုတာ အသားပေးရိုက်ကူးထားပါတယ်။ဝက်သတ်ပွဲကို ကြိုးကိုင်နေကြတဲ့သူတွေအကြောင်း၊ အလိမ်ခံရတဲ့ပြည်သူတွေရဲ့ ပျက်ဆီးဆုတ်ယုတ်မှုတွေအကြောင်းတွေကို သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲ။ ဝက်သတ်ပွဲ ဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါတော့။နိဂုံးချုပ်အနေနဲ့ ပြောရရင်... ရှောင်ထုန်လေးက အရမ်းအရမ်းချစ်ဖို့ကောင်းပါတယ်လို့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 755MB | 337MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... Brian
movie

Under The Shadow (2022)

2022
Dear Friend (2022) 5.8
Dear Friend (2022) Dear Friend (2022)ဒီတစ်ခေါက်မှာတော့ Malayalam language thriller အမျိုးအစား ဇာတ်ကားဖြစ်တဲ့ Dear Friend ဆိုတဲ့ Indian ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ။ သူငယ်ချင်းတွေကြားထားတဲ့ခံစားချက် အချစ် ပျော်ရွှင်မှုတွေ၊ သွားအတူ လာအတူ စားအတူ ဖြတ်သန်းကြတာတွေကို များစွာများစွာ ခံစားကြည့်ရှုရမှာပါ။ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ်တဆင့်တက်တဲ့ သူငယ်ချင်းအချစ်တွေလည်း ပါဝင်မလားဆိုတာပါ ရင်ခုန်ရဦးမှာပါ။ဒါပေမယ့် ထူးခြားတာကတော့ Thriller ဇာတ်လမ်းအမျိုးအစား ဖြစ်နေတာပါပဲ။ရှည်ရှည်ဝေးဝေးညွှန်းရင် အရသာပျက်မှာစိုးလို့ သူငယ်ချင်းတစ်သိုက်ကြား ဘယ်လို ရင်တုန်ခြောက်ခြားဖွယ်အကြောင်းအရာတွေ ဖြစ်လာမလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်ရှုကြဖို့ပဲ တိုက်တွန်းလိုက်ပါရစေနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 906MB | 504MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle ...
movie

Dear Friend (2022)

2022
Poikkal Kuthirai (2022) 7.2
Poikkal Kuthirai (2022) Action, Drama IMDb - 7.0/ 10အိန္ဒိယဇာတ်ကားကောင်းတစ်ပုဒ် ရှာနေရင်တော့ ဒီဇာတ်ကားလေးက သင့်ရဲ့ တောင့်တမှုနဲ့ ကိုက်ညီစေမှာ အမှန်ပါပဲ၅၂၈ မေတ္တာကို ဖော်ကျူးပြသ‌ထားတဲ့ ကားတစ်ကားဖြစ်ပြီး သမီးအပေါ်ထားတဲ့ အဖေရဲ့မေတ္တာဟာ ဘယ်လောက်ကြီးမားကြောင့် သမီးဟာလည်း အဖေဖြစ်သူအပေါ် ဘယ်လောက်အားကိုးခိုလှုံ ချစ်ခင်ကြောင်း ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်ကာသီဟာ မတော်တဆမှုတစ်ခုကြောင့် မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ခြေထောက်တစ်ဖက်ပါ ဆုံးရှုံးလိုက်ရသူ ဖြစ်ပါတယ်သူ့မှာ သမီးလေးတစ်ယောက်လည်းရှိပြီး သူ့သမီးလေးက ရှားပါးရောဂါတစ်မျိုးကို ခံစားနေရသူ ဖြစ်ပါတယ်အဲဒီလိုနဲ့ သိပ်ပြီးအဆင်မပြေလှတဲ့ သူဟာ သူ့သမီး မိတဆိုးလေးအတွက် ဆေးကုဖို့ ပိုက်ဆံရှာနေတုန်းမှာပဲပြန်ပေးဆွဲမှုတစ်ခုနဲ့ ငြိစွန်းသွားခဲ့တဲ့ အခါမှာတော့.....ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ သူ့သမီးကို ကယ်ဖို့ ဘယ်အတိုင်းအတာအထိ ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…2.17GB / 1.03GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Poe & Myo Myo & ...
movie

Poikkal Kuthirai (2022)

2022
Khuda Haafiz: Chapter 2 (2022) 8.3
Khuda Haafiz: Chapter 2 (2022) Khuda Haafiz Chapter II: Agni Pariksha (2022)=============================ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ...နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်...နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ..အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်..ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်...နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်...သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ်မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်..ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ... File size…6.7GB / 2.3GB / 1.1GB Quality…4k HEVC WEBDL / 1080p True WebDl ...
movie

Khuda Haafiz: Chapter 2 (2022)

2022
4K HEVC Web-DL
Yenni Thuniga (2022) 7.5
Yenni Thuniga (2022) Yenni Thuniga (2022)ယခုမိတ်ဆက်ပေးမယ့် တမဲလ်ဇာတ်ကားလေးကတော့ ပုံမှန်စုံထောက်ကားတွေနဲ့ မတူဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းမယ်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေနဲ့အတူ ကြည့်ရှုသူတိုင်းကို ရင်တထိတ်ထိတ်နဲ့ ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းရဲ့ ရတနာဆိုင်ကို ဓားပြဝင်တိုက်ခံလိုက်ရပါတယ်။ ရွေးကောက်ပွဲနီးမှ သူ့ဒေသမှာ ရာဇဝတ်တွေဟာ မှိုလိုပေါက်လာတာမို့ အမတ်လောင်းလည်း ခေါင်းခြောက်ရတာပေါ့။ အဲ့ဒီထက်ပိုဆိုးတာက့ ရွေးကောက်ပွဲကာလမှာ အသုံးပြုမယ့် ရူပီး ကုဋေ ၂၀၀၀ အထိ တန်ဖိုးရှိတဲ့စိန် ၁၀ လုံးပါ အခိုးခံလိုက်ရတော့ အမတ်လောင်းတစ်ယောက် တစ်ပူပေါ် နှစ်ပူဆင့်ရပါတော့တယ်။ ကံကောင်းချင်တော့ ဓားပြအဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်မသေခဲ့ပြန်ဘူး။ ဒါပေမဲ့ ကိုမာဝင်သွားတော့ သတိပြန်ရဖို့အရေး နံပါတ်တစ်အနေနဲ့ လုပ်ရပြန်တယ်။ ဓားပြအဖွဲ့ကလည်း ပိရိလွန်းပြီး ခြေရာလက်ရာ မကျန်တာမို့ ဦးရဲကြီးတို့လည်း ခေါင်းရှုပ်ရတာပေါ့ဗျာ။ ကိုမာဝင်သွားတဲ့ မိန်းကလေးရဲ့ အစ်ကဖြစ်သူကတော့ ရေဆုံးမြေဆုံးလိုက်ပြီး ရှာဖွေတဲ့အခါမှာတော့...ဓားပြအဖွဲ့ကို မိသွားနိုင်မလား...?ဒါ့အပြင် ဓားပြအဖွဲကို ပြည်ပစိန်မှောင်ခိုဂိုဏ်းက ခိုင်းစေခဲ့ပေမယ့် အဲ့ဒီထက် ရှုပ်ထွေးတဲ့ မထင်မှတ်ထားတဲ့သူတစ်ယောက် ...
movie

Yenni Thuniga (2022)

2022
4K HEVC Web-DL
My Dear Bootham (2022) 6.7
My Dear Bootham (2022) My dear Bootham (2022)IMDb - 6.8ဟိုးရှေးရှေးတုန်းက ဝိဉာဉ်လောကရဲ့ ဘုရင်ကြီးတစ်ပါးရှိပါသတဲ့။ သူက သူ့သားလေးနဲ့ သူတော်စင်တွေနေတဲ့ မာကရလောကထဲကို အလည်အပတ်သွားရင်း တရားကျင့်နေတဲ့ သူတော်စင်တစ်ပါးကို သူ့ရဲ့သားလေးက နှောက်ယှက်မိတာကြောင့် စိတ်ဆိုးသွားတဲ့ သူတော်စင်ကြီးရဲ့ ကျိန်စာကို သူ့သားလေးအစား သူက လက်ခံလိုက်ပါတယ်။ အဲ့ဒီကျိန်စာကတော့ သူ့ဟာ ရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကို ပိတ်လှောင်ထားတဲ့ ရုပ်ထုကြီးပေါ်က စာတွေကို ဖတ်နိုင်တဲ့သူမှသာ ဒီကျိန်စာကနေ လွတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။နောက်ထပ် နှစ်ပေါင်း3000ကြာမြင့်သွားတဲ့နောက်။ ကျောင်းမှာ တခြားကလေးတွေက ဝိုင်းပြောင်လှောင်၊ ဆရာမတွေက ကြည့်မရ၊ လူတွေက မျက်မုန်းကျိုး၊ ဘဝကို အရှုံးသမားပေါက်စလေးလိုနေနေရပေမဲ့ သာမန်ကလေးတွေလို စကားပြောချင် ရယ်ရယ်မောမောနေချင်တဲ့ သီရူနာဆိုတဲ့ စကားထစ်နေတဲ့ ကလေးလေးတစ်ယောက်က ဝိဉာဉ်လောကဘုရင်ကြီးရဲ့ ကျိန်စာကို ပယ်ဖျက်ပေးဖို့ ကံဖန်လာတဲ့အခါမှာတော့....။ ဟာသနှောထားတဲ့ ကားလေးမို့ ရယ်ရယ်မောမောကြည့်လို့ရတာတင် မဟုတ်သေးပါဘူး။အားနည်းသူကို နှိမ်ပြီး လှောင်ပြောင်တတ်တဲ့ လောကရဲ့ သဘာဝအပြင် မှတ်သားစရာ အချက်လေးတွေအများကြီး ထည့်ရိုက်ထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ IMDb rating 6.8အထိရရှိထားပြီး အိမ်က ...
movie

My Dear Bootham (2022)

2022
Vikrant Rona (2022) 8.0
Vikrant Rona (2022) VR (Vikrant Rona) (2022) Action, Adventure, Drama IMDb 8.0/10 (19K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ တောင်ပိုင်း ကန်နန်းဒါးဘက်က နာမည်ကြီးမင်းသား ဆလ်မန်းခန်းရဲ့ Dabangg 3 ဇာတ်ကားထဲမှာ ဗီလိန်နေရာက သရုပ်ဆောင်သွားတဲ့ မင်းသား ကစ်ချားဆူဒီပါးနဲ့ ဆက်ဆီကျကျမမလှလှဂျက်စီတို့ရဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးက တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်.... ကာနတကမြို့နယ်အတွင်းက ကမာရုတူးဆိုတဲ့ရွာလေးကနေ ဇာတ်လမ်းကိုအစပြုထားတယ်.... အဲ့ဒီရွာက တောအုပ်ကြီးအလယ်မှာ တည်ရှိနေတဲ့ရွာဖြစ်သလို ဖြစ်ရပ်ဆန်းကြယ်မှုတွေနဲ့ နတ်ဆိုးတွေသောင်းကျန်းနေတယ်လို့လည်း နာမည်ကြီးတယ်...အဲ့ဒီရွာအတွင်းမှာရှိတဲ့ ဘိုးဘွားပိုင်အိမ်မှာ မိသားစုတစ်စု မင်္ဂလာပွဲလာကျင်းပကြပါတယ် အထမမြောက်နိုင်ခဲ့ဘဲ အိမ်ထဲမှာ အရာရှိတစ်ယောက်ရဲ့ခေါင်းပြတ်နေတဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်ကလေးသူငယ်တွေဟာလည်း အသတ်ခံနေနေရပါတယ်..... ဆိုတော့ ဒီရွာက တကယ်ပဲ့ ကျိန်စာသင့်နေတာလား.... နတ်ဆိုးတွေ သောင်းကျန်းနေတာလား.... အဖြစ်မှန်က ဘာများလဲ.....။ File size…2.7GB  / 2.4GB / 1.07GB Quality…4k HEVC WEB DL / 1080p True WEBDL AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Kevin ...
movie

Vikrant Rona (2022)

2022
4K HEVC Web-DL
Bullet Proof (2022) 4.6
Bullet Proof (2022) Bullet Proof (2022)တမ်ပယ်လ်ဆိုတာ နယ်တစ်ခွင်မှာ အဆိုးတကာ့ထိပ်ခေါင် မူးယစ်ရာဇာကြီးတစ်ယောက်ပေါ့ အဲဒီမူးယစ်ရာဇာကြီးရဲ့ လျှို့ဝှက်နေရာထဲကိုမှ ၀င်ပြီး သူခိုးတစ်ယောက်ဟာ ခေါင်းတုံးပေါ် ထိပ်ကွက်လို့ တမ်ပယ်လ်ရဲ့ ပိုက်ဆံတွေ အချီကြီး မပြီး ကားနဲ့ လစ်သွားလေရဲ့ လမ်းခုလတ်မှာတော့ တမ်ပယ်လ်ရဲ့ ကိုယ်၀န်သည်ဇနီး မီယာက ကားထဲမှာ ပါလာတာကို သူခိုးငတိ သိလိုက်ရတော့တယ် ဒါပေမယ့် သူ့အကြောင်းတွေကို ကားထဲကနေ အကုန်ကြားထားတဲ့ မီယာကြောင့် သူဟာ မီယာ့ကို ချန်ထားခဲ့လို့ မရဘဲ ငွေတစ်ထုပ် ကိုယ်၀န်သည်တစ်ယောက်နဲ့ သူခိုးတစ်ကောင် ကားတစ်စီးနဲ့ တစ်စခန်းသွားရပါတော့တယ် တစ်ဖက်မှာ တမ်ပယ်လ်တို့ အုပ်စုကလည်း သူ့ကိုတစ်ပတ်ရိုက်သွားခဲ့တဲ့ သူခိုးကောင်နဲ့ မီယာတို့ကို အပူတပြင်းလိုက်ရှာနေရင်း လိုက်တမ်းပြေးတမ်း ဇာတ်ထုပ်ကြီးကို action ‌ခန်းကောင်းကောငးလေးတွေနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p | 480p File size…1.4GB | 777MB | 301MB Format… ...
movie

Bullet Proof (2022)

2022
Maneater (2022) 4.0
Maneater (2022) Maneater (2022) =============လက်ထပ်ပွဲပျက်ထားတဲ့ ဂျက်စီနဲ့ သူမကို နှစ်သိမ့်ပျော်ရွှင်စေချင်တဲ့ သူငယ်ချင်းတစ်သိုက်ဟာ ကမ်းခြေကို ဟန်းနီးမွန်းအစား အဖွဲ့လိုက် ခရီးထွက်လာကြပါတယ်။သူတို့မသိထားတာကတော့ ကမ်းခြေမှာ လွန်ခဲ့တဲ့တစ်ပတ်က ငါးမန်း ကိုက်ခံရလို့ မိန်းကလေးတစ်ယောက် ‌သေထားရတာကိုပါ။ ကျွန်းရဲ့အာဏာပိုင်တွေကလည်း ဒီအရေးကိစ္စကို အရေးမကြီးသလို ထားပြီး ဖြေရှင်းရှာဖွေရှင်းလင်းတာတွေလည်း မလုပ်ထားခဲ့ပါဘူး။ အာ့လို မဖြေရှင်းပေးကြတော့ သေဆုံးသူမိန်းကလေးရဲ့ဖခင်ဖြစ်သူ ဝါရင့်မာလိန် မှူးကြီးက သူ့ရဲ့ သမီးအတွက် လက်စားချေချင်နေသူပါ။ဂျက်စီတို့သူငယ်ချင်းတစ်သိုက်ရဲ့ ပေါ့ပါးလွတ်လပ်နေရမဲ့ အပန်းဖြေခရီး ကလည်း ထင်သလိုဖြစ်မလာတဲ့အခါ . မာလိန်မှုးကြီးနဲ့ ပေါင်းစည်းပြီး ပြန်လည်ကလဲ့စားချေတာကိုတွေ့မြင်ရမှာပါ။ တစ်ဖက်မှာလည်း ငါးမန်းကားတို့ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲနဲ့  သဝာ် ဖြတ်မှုတွေပါရှိတာမလို့ ဘယ်သူကရှင်ကျန်သူဖြစ်မလဲ။ ခွန်အားကြီးမားတဲ့ ငါးမန်းက အနိုင်ရရှိသူဖြစ်မလား၊ ဉာဏ်ပညာရှိတဲ့ လူသားတွေကပဲ ဒီငါးမန်းကို လက်စတုံးပစ်နိုင်မလား ရင်ဖိုဖိုနဲ့ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(1.69 GB) / (900 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, ...
movie

Maneater (2022)

2022
The Prey: Legend of Karnoctus (2022) 4.0
The Prey: Legend of Karnoctus (2022) The Prey: Legend of Karnoctus (2022) ===========================ဒီကားလေးက 2022မှ အသစ်ထွက်ရှိလာတဲ့ action/adventure , horror အမျိုးအစားကားလေးပါ။ဇာတ်လမ်းကတော့ ကြေးစားစစ်သားတစ်စုဟာ တာလီဘန်တွေဆီ ကနေ ဒုံးကျည်တွေကိုဓားပြတိုက်ခဲ့ပြီးတော့၊ အဖွဲ့ထဲမှ တာဂါ နဲ့ ရိဇ် တို့ဟာ အခြားအဖွဲ့ဝင်တွေ ရဟတ်ယာဉ်သွားယူနေတုန်း ပစ္စည်းအချို့နဲ့ အတူ ဂူတစ်ဂူထဲမှာ ဝင်ပုန်းနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ US စစ်သားတစ်ဖွဲ့ဟာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံရပြီးတော့ အဲ့ဂူထဲကိုဝင်ပုန်းခဲ့ကြပါတယ်။တာလီဘန်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အခါမှာတော့ ဂူရဲ့ဝင်ပေါက် ပြိုကျသွားပြီးတော့ နှစ်ဖွဲ့လုံးဂူထဲမှာပိတ်နေခဲ့ပါတယ်။ အဲလိုနဲ့ သူတို့နှစ်ဖွဲ့ ပေါင်းပြီးတော့ ဂူထဲကနေထွက်နိုင်ဖို့ ကြိုးစားရာမှာ သူတို့မမျှော်လင့်ထားတဲ့ karnotcus ဆိုတဲ့ သတ္တဝါကြီးရဲ့အမဲလိုက်ခြင်းကိုခံရပါတော့တယ်။ ဒီနှစ်ဖွဲ့မှာ ဘယ်သူတွေ ကျန်ရစ်ပြီး ဘယ်သူတွေလွတ်မြောက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Aung Zaw Moe ဖြစ်ပါတယ်) File Size..........(1.5 GB) / (725 MB) / (419 MB) Quality............WebRip 1080p / 720p ...
movie

The Prey: Legend of Karnoctus (2022)

2022
One More Dream (2022) 4.5
One More Dream (2022) One More Dream (2022) ===================ဒီတစ်ခေါက်မှာတော့ အမေရိကန် ကျောင်းသားဘဝမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ အိမ်မက်တွေနဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပေါ့ပေါ့ပါးပါး ရိုက်ကူးတင်ဆက်ထားတာပါ။Jeremy ဆိုတဲ့ ကောင်လေးတစ်ယောက်က အထက်တန်းကျောင်း တစ်ခုမှာ စာတော်ပြီး သူအိမ်မက်တွေကို ရေရေရာရာမသိသေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ သာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘဝကိုအေးဆေးဖြတ်သန်းရင်း ပြဿနာတွေကနေ အမြဲရှောင်ရှားတတ်တဲ့ သူတစ်ဦးပေါ့။တစ်ရက်ကျတော့ သူ့ကောင်မလေး Ex က ပြဿနာလာရှာပြီး ကျောင်း ဝန်းထဲမှာ အရှက်ခွဲခံခဲ့ရပါတယ်။ အဲ့ချိန်ကနေစပြီး သူ့ရဲ့ life style က ဘယ်လိုပြောင်းလဲသွားမလဲ။ သူ့ကောင်မလေးနဲ့ရော ပြန်အဆင်ပြေမလား ဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး။ဒီဇာတ်ကားမှာက Jeremy တစ်ယောက်ထဲအကြောင်းမဟုတ်ဘဲ သူရဲ့ သူငယ်ချင်း Jules, သူ့ကောင်မလေး Tiffany နဲ့ ဆေးစွဲနေတဲ့ Ethan ဆိုတဲ့ ကျောင်းသားတွေရဲ့ ဘဝဇာတ်လမ်းနဲ့ သူတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ တင်ဆက်ပြသထားဖို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.57 GB) / (625 MB) / (369 MB) Quality............WebRip ...
movie

One More Dream (2022)

2022
Loving Adults (2022) 6.4
Loving Adults (2022) Loving Adults (2022) =============== IMDb Rating - 6.4/10ဇာတ်လမ်းအစ မိုးသည်းနေတဲ့ ညတစ်ညမှာ ခရစ်စတန်ဆိုတဲ့ အမျိုးသားက သူ့မိန်းမ လီယိုနိုရာ အပြေးလေ့ကျင့်ပြီးအလာကို စောင့်မျှော်နေပါတယ်။ခရစ်စတန်ဆိုတဲ့ အမျိုးသားက ဗိသုကာပညာရှင်ဖြစ်ပြီးသူရဲ့ အမျိုးသမီး လီယိုနိုရာက အရမ်းတော်တဲ့ စန္ဒယားပညာရှင်တစ်ဦးပါ။ သူတို့နှစ်ယောက်ရဲ့ သားလေး ဂျိုဟန် အရမ်းနေမကောင်းဖြစ်တော့ လီယိုနိုရာက သူ့ရဲ့ career ဘဝကို စွန့်လွှတ်ပြီး တစ်သက်လုံး သူ့သား ကိုပဲ အမြဲတန်းစောင့်ရှောက်လာခဲ့တာပါ။တစ်ရက် ခရစ်စတန်က အလုပ်က လုပ်ဖော်ကိုင်ဖက်အမျိုးသမီး စီနာနဲ့ ဖောက်ပြန်နေတာကို လီယိုနိုရာသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးက ဘယ်လိုဆက်ဖြစ်မလဲ။ အိမ်ထောင်ပြုတယ်ဆိုတာ အမြဲတမ်း ဘဝရဲ့ပျော်ရွှင်မှုအစစ်မဖြစ်နိုင်ဘူး။ အခက်အခဲတွေကို  အများ ကြီး ရင်ဆိုင်ကျော်ဖြတ်လာပြီးမှ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ် ပေါ်လာတဲ့အချိန် သူတို့ရဲ့အိမ်ထောင်ရေးကို ဘယ်လိုတည်မြဲအောင် တည်ဆောက်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.49 GB) / (688 MB) / (406 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr ...
movie

Loving Adults (2022)

2022
Code Name: Emperor (2022) 5.8
Code Name: Emperor (2022) Code Name: Emperor (2022) ==================== IMDb Rating - 5.8/10ဂျူရန်က အင်တဲလိဂျန့်အေဂျင်စီမှာ အလုပ်လုပ်ကိုင်နေတဲ့သူ တစ်ယောက်ပါ။ အချက်အလက်ရှာဖွေစုဆောင်းရတဲ့ စပိုင် တစ်ယောက် စုံထောက်တစ်ယောက်လို့ ပြောလို့ရပါတယ်။ အခုသူတို့ကျတဲ့တာဝန်ကတော့ မကြာမီရွေးကောက်ခံရမယ့် နိုင်ငံရေးသမားတစ်ယောက်ရဲ့ နောက်ကြောင်းကို ဖော်ထုတ်ဖို့ပါ။တနည်းပြောရရင်တော့ အာဏာကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ချုပ်ကိုင်ချင်တဲ့အတွက် အမဲစက်ရှာတဲ့သဘောပါ။ အင်တဲလိဂျန့် အေးဂျင့်တစ်ယောက်အနေနဲ့ ဥပဒေလမ်းကြောင်းကနေ ကွယ်ဝှက်ပြီး ဘယ်လိုတွေ လုပ်ငန်းလုပ်ဆောင်ကြလဲဆိုတာ သိရမှာပါ။ စပိန် ဇာတ်ကားဖြစ်ပြီးတော့ ကြည့်ကောင်းတဲ့ Drama, Thriller အမျိုးအစားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.62 GB) / (688 MB) / (410 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Zaw Myo Thu Encoder..........SWM
movie

Code Name: Emperor (2022)

2022
Battery (2022) 7.5
Battery (2022) Battery (2022)ဒီတစ်ခါတော့ တမီးလ်ရုပ်ရှင်လေးဖြစ်တဲ့ Batteryဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းရဲ့အစမှာတော့ ရဲအရာရှိပူဂေ့ (Senguttuvan) က ချန်နိုင်းရဲစခန်းမှာ မီးလောင်ထားတဲ့ လူသေလောင်းရှာတွေ့တဲ့အမှုနဲ့ပတ်သတ်ပြီး တွဲဖက်အင်စပက်တာအဖြစ်နဲ့ရောက်လာခဲ့ပါတယ် ရာထူးမြင့်တဲ့ ရက်သနန်(Jaypee)ကတော့ ပူဂေ့ရဲ့ပူးပေါင်းမှုကို အစမှာမနှစ်မြိုပေမယ့် အမှုကိုကိုင်တွယ်ရာမှာ ပူဂေ့ရဲ့ထက်မြက်မှုကိုအသိအမှတ်ပြုလာပါတယ်နှလုံးခုန်စက်တပ်ထားတဲ့လူနာတစ်ယောက်ကိုစစ်ဆေးမေးမြန်းရာမှ လွတ်သွားတဲ့အခါလိုက်ဖမ်းရင်း နှလုံးခုန်စက်တပ်ထားတဲ့သူတစ်ယောက်ကိုရှာနေတဲ့ အဘီရာမီလိုခေါ်တဲ့မိန်းကလေးတစ်ယောက်ကနဲ့ဆုံမိကြပါတယ် ဒီနှလုံးခုန်စက်က ဒီဇာတ်လမ်း ဒီအမှုမှာ ဘယ်လိုတွေဖြစ်လာမလဲ... မတူတဲ့နည်းလမ်းတွေနဲ့မျက်နှာဖုံးစွပ်ပြီးလိုက်သတ်နေတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်မလဲ.. သူဘာကြောင့် ဒီလိုလိုက်သတ်နေရတာလဲ သူ့ကိုဖမ်းမိမလား မဖမ်းမိဘူးလားဆိုတာကို ဒီBatteryဆိုတဲ့ဇာတ်ကားလေးမှာ မြင်တွေ့ရမှာဖြစ်ပါတယ် File size…5GB / 1.9GB / 945MB Quality…4k UHD HEVC AAC5.1CH / 1080p AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Kevin Ag & Kham Mon & OeliuJ
movie

Battery (2022)

2022
4K HEVC Web-DL
Jothi (2022) 8.9
Jothi (2022) IMDb 9.1/10 ရထားတဲ့ တမီးလ်ကားကောင်း Thriller ကားသစ် လေးလာပါပြီ ကမ္ဘာတစ်ဝှမ်းမှာ ကလေးပျောက် ကလေးလူကုန်ကူးခံရမှုတွေ များလာခြင်းမှာ ဂျိုသီတိုမြိုလေးလည်း ခြွင်းချက်မရှိခဲ့ပါဘူး ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဂျိုသီက သူမွေးဖွားလာမယ့် ကလေးလေး မတော်တဆ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲလို တွေးပူနေတဲ့မိခင်တစ်ယောက်ဖြစ်နေရာကနေ သူယောကျ်ားဆရာဝန်ဖြစ်သူ အဝေးကို အလုပ်ကိစ္စနဲ့သွားရချိန် တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ သူစိတ်ပူခဲ့တဲ့အတိုင်းထက်အလွန် မွေးတောင်မမွေးရသေးတဲ့ကလေးကို အတင်းအကြပ် ဗိုက်ဖွင့်ပြီး ထုတ်ယူပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်ညကြီးမိုးချုပ် မိုးကာဝတ်ပြီး ပညာသည်တစ်ယောက်ရဲ့ လက်ရာအတိုင် း သေသပ်စွာ ဗိုက်ခွဲထုတ်ယူကလေးမွေးပြီး လျှိဝှက်စွာလာရောက် ပြန်ပေးဆွဲသွားတဲ့ တရားခံက ဘယ်သူလဲဆိုတာကို မြိုနယ်ရဲမှူး ရှက်သီနဲ့အဖွဲ အပြင်းအထန်ထုတ်ဖော်ကြရတော့တယ် စစ်ဆေးချက်တွေ သက်သေတွေ မှတ်တမ်းတွေအရ တရားခံဖြစ်နိုင်တဲ့ သံသယရှိသူတွေကို လိုက်ရှာရင်း သံသယရှိသူအရေအတွက်များလာတဲ့အခါ ရဲမှူးရှက်သီရဲ့ မာနကို ထိခိုက်လာသလိုဖြစ်လာတယ်တရားခံသံသယရှိသူတွေရော ဘယ်နှယောက်တိုးလာပြီး တရားခံအစစ်ကဘယ်သူလဲ ရဲမှူးဖြစ်သူရဲ့ မာနထိခိုက်ခံရမှုကို ရဲမှူးက တရားခံကို ဖမ်းပြပြီး အစွမ်းပြနိုင်မှာလား စတာတွေကို အတော်လေး စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ Run time လည်း သိပ်မကြာတဲ့အပြင် လူအင်အားများများနဲ့ ခပ်သွက်သွက်လေး ရိုက်ကူးတင်ဆက်ထားတာမို ကြည့်ရတာ တော်တော်မြိုင်ပါတယ် တချိုအပိုင်းလေးတွေတော့ သွေးထွက်သံယိုလေးတွေရှိလို သက်ဆိုင်သူများ သတိထားကြည့်ရင် အဆင်ပြေပါလိမ့်မယ် File size…5.68GB / 1.76GB / 854MB Quality…4k UHD ...
movie

Jothi (2022)

2022
4K HEVC Web-DL
My Perfect Roommate (2022) 5
My Perfect Roommate (2022) My Perfect Roommate (2022)Drama တွေတိုင်းမှာ အားလုံးနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်ရှယ်ကောင်းတဲ့ ဖွားဖွား Na Moon Hee ရဲ့ ရုပ်ရှင်အသစ်စက်စက်လေးလာပါပြီ။ဒီဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာတကယ်ရှိတဲ့ room sharing ဆိုတဲ့အစီအစဉ်လေးကို အခြေတည်ရိုက်ကူးထားတာပါ။ ဆိုးလ်မြို့မှာနေစရာရှာနေတဲ့ကျောင်းသားလူငယ်တွေကို တစ်ယောက်တည်းနေတဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေရဲ့အိမ်တွေမှာ အခန်းငှါးပေးတဲ့အစီအစဉ်ပါ။Room Sharing အစီအစဉ်ကြောင့်ပဲ ဇီဇာကြောင်လွန်းပြီး ကပ်သီးကပ်ဖဲ့နိုင်လွန်းတဲ့ အဖွားတစ်ယောက်ရဲ့အိမ်မှာမှ သွားငှါးနေမိလို့ အိမ်မှာတောင်အိမ်သာမတက်နိုင်တဲ့ ဘဝကိုရောက်နေရတဲ့ ကျောင်းသားလေးဟန်ဂျီအုံးနဲ့ တစ်လောကလုံးကိုဘုနဲ့ဘောက်လုပ်နေတဲ့ အိမ်ပိုင်ရှင်အဖွားတို့ရဲ့ မတည့်အတူကနေ ဖြူစင်တဲ့ ၅၂၈ သံယောစဉ်တွေ ရစ်ပတ်လာတဲ့ဇာတ်လမ်းလေးပါ။ဝါရင့်မင်းသမီးကြီး Na Moon Hee ရဲ့ထိမိတဲ့အိုက်တင်တွေနဲ့ My Roommate Is A Gumiho, Melancholia အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ တွေ့ဖူးနေတဲ့ မင်းသားသစ်လေး Choi Woo Sung ရဲ့မခေလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ရယ်လိုက်၊ ငိုလိုက် ရသမျိုးစုံခံစားရမှာသေချာပါတယ်။လူတိုင်းရဲ့ဘဝမှာ ဘယ်တော့မှမပြည့်နိုင်တဲ့ ကွက်လပ်တွေရှိစမြဲပါ။ ဒီဇာတ်လမ်းကတော့ သွေးမတော်သားမစပ်တဲ့ ဂျီအုံးနဲ့ အဖွားတို့ မတည့်အတူနေကြရင်း ဘဝရဲ့လစ်ဟာနေတဲ့ ကွက်လပ်တွေကို ...
movie

My Perfect Roommate (2022)

2022
River Road (2022) 7.1
River Road (2022) River Road (2022)IMDb - 7.1ထရာဗစ်က ​နာမည်ရက​​နေဒါ​​ရော့ခ်တီးဝိုင်းတစ်ခုရဲ့ ဂစ်တာသမားဖြစ်ပြီး အဖွဲ့ရဲ့နယ်လှည့်​​ဖျော်​ဖြေပွဲ​​တွေအပြီး ဇာတိ​မြေက​နေဒါက အ​ဒေါ်ဖြစ်သူရဲ့အိမ်မှာ အနားယူဖို့ ​ရောက်ရှိ​နေတာပါ။အဲဒီအိမ်မှာ ရှိ​နေစဉ်မှာပဲ ဇိုအီဆိုတဲ့ အ​မေရိကန်သူ မိန်းက​လေးတစ်​ယောက်နဲ့ စတင်ဆုံစည်းခဲ့ပါတယ်။ စ​တွေ့ကတည်းက တခြားသူ​တွေနဲ့ မတူ ထူးခြားတဲ့ ဇိုအီကို ထရာဗစ်အ​နေနဲ့ မြင်မြင်ချင်းမှာပဲ စိတ်ဝင်စား သွားခဲ့ပါတယ်။ဒီလိုနဲ့ ၂​ယောက်သား စ​တွဲရင်း ဟီးရိုးအင်းဆိုတဲ့ မူးယစ်​ဆေးကို သုံးမိပြီး ချစ်သူ၂​​ယောက်ရဲ့ ဘဝ​​တွေ ​ဇောက်ထိုးမိုး​မျှော် စဖြစ်လာသလို မူးယစ်​ဆေးရဲ့သား​ကောင်​အဖြစ် ဥပ​ဒေနဲ့မညီတဲ့ ပြစ်မှု​တွေကိုပါ အတူတူကျူးလွန်မိခဲ့ပါတယ်။တစ်​နေ့မှာ ထရာဗစ်က ထူးဆန်းတဲ့ဇိုအီရဲ့လျှို့ဝှက်ချက်တစ်ခုကို သိရှိခဲ့သလို အသက်ပါဆုံးနိုင်တဲ့ ကိစ္စတစ်ခုကို ရူးမိုက်စွာ လုပ်ခဲ့ပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 800MB | 320MB Format… mp4 Duration…. 1h ...
movie

River Road (2022)

2022
Me Time (2022) 5
Me Time (2022) Me Time (2022)ခုမှ netflix ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့ ဟာသကားလေးပါဇာတ်ကားနာမည်က me time ဆိုတဲ့အတိုင်းပဲ ကိုယ့်အတွက်ကိုယ်ပဲ အချိန်ပေးကြမယ်ပေါ့နာမည်ကြီး ဟာသ သရုပ်ဆောင် Kevin Hart နဲ့ Mark Wahlberg တို့ အတူ ပါဝင် သရုပ်ဆောင်ထားတဲ့ ကားလေးမလို့ မရယ်ရမှာတော့ စိတ်မပူပါနဲ့ဇာတ်လမ်းကတော့ ဆွန်နီ (kevin) နဲ့ ဟက် (mark) တို့က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ဖြစ်ပြီးတော့ ဟက်ရဲ့ မွေးနေ့တိုင်းကိုလည်း တူတူဖြတ်သန်းခဲ့ကြတယ်အသက်တွေကြီးလာတော့ ဆွန်နီက မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နေပါပြီ ငယ်ငယ်ကလိုလည်း ဟက်နဲ့တူတူပျော်ပျော်ပါးပါး မရှိတော့တာလည်း ကြာပါပြီမိသားစုနဲ့ ကလေးတွေကိုပဲ ဂရုစိုက်နေရတဲ့ ဆွန်နီ တစ်ယောက် ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်ခဲ့ပါဘူးတစ်ရက်မှာ မိန်းမနဲ့ကလေးတွေက အားလပ်ရက်ခရီးသွားတော့ မိန်းမကလည်း သူ့ကိုယ်သူ အချိန်ပေးဖို့ဆိုပြီး တစ်ယောက်တည်း ထားခဲ့ပါတယ်အဲမှာ ဆွန်နီက ...
movie

Me Time (2022)

2022
MEAD (2022) 4.2
MEAD (2022) MEAD (2022) ===========၂၀၂၂ ခုနှစ်ထွက် သိပ္ပံဇာတ်ကား‌ကောင်းတွေကို မကြည့်ရတာ ကြာပြီဆိုတော့လည်း ကြည့်ချင်နေကြမှာပေါ့။ အဲလိုကားလေးတွေကို မျှော်နေတဲ့ပရိသတ်ကြီးအတွက် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ကားလေးကတော့ Mead 2022 ဆိုတဲ့ကားလေးပါ။ဒီကားလေးက အရမ်းကောင်းတဲ့ သိပ္ပံအက်ရှင်ကားတွေထဲ မပါပေမယ့် တော်တော်လေးကြည့်ရတာ အဆင်ပြေတဲ့ကားလေးလို့ ဆိုမယ်ဆိုရင်လည်း မမှားပါဘူး။ CGI effects လေးအရမ်းမကောင်းဘဲ အပြစ်အနာအဆာပြောစရာလေးနည်းနည်းရှိတာကလွဲရင် ဇာတ်ကား တစ်ကားထဲမှာ အကြောင်းအရာမျိုးစုံကို ခံစားကြည့်ရှုနိုင်တဲ့ ကားလေး လည်းဖြစ်ပါတယ်။Mead ဆို‌တဲ့စက်ရုပ်လေးဟာ ကိုယ်ပိုင်အသိဉာဏ်ရှိပြီးပုံရိပ်ယောင် ဖန်တီးနိုင်စွမ်းရှိတဲ့ စက်ရုပ်လေးပါ။ သူနဲ့အတူ ဖရစ်ဇ်ဆိုတဲ့သူ့သခင်လို သဘောထားရတဲ့သူတို့နှစ်ယောက်ကို စကြာဝဠာတိုင်းက လိုချင်နေလို့ လိုက်လံဖမ်းဆီးနေတာကို ခံနေရပါတယ်။ ဒါကြောင့် Mead ဆိုတဲ့ ပုံရိပ်ယောင်ဖန်တီးတဲ့ စက်ရုပ်လေးနဲ့ သူ့သခင် ဖရစ်ဇ်တို့ရဲ့ကားကောင်း လေးကို ခံစားရင်ခုန်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.29 GB) / (1.09 GB) / (687 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar ...
movie

MEAD (2022)

2022