Channel Myanmar

2022

Oh! My Ghost (2022) 5
Oh! My Ghost (2022) Oh my ghost (2022)သရဲကားပရိသတ်ကြီးအတွက် အူတက်အောင်ရယ်ရင်း အာပြဲအောင်အော်ရမယ့် Horror/Comedy ဇာတ်ကားလေး လာပါပြီရိုက်ကူးရေးစတူဒီယိုတစ်ခုမှာ အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာတော့ သရဲ‌တွေကိုမြင်နိုင်တဲ့ထယ်မင်းဟာ သူ့ရဲ့အကြွေးတွေကိုဆပ်ဖို့ အလုပ်ရှာရင်းနဲ့ ဂန်ဆယ်အာစတူဒီယိုမှာ အလုပ်ရသွားခဲ့ပါတယ်ဖြစ်ချင်တော့ အဲဒီစတူဒီယိုမှာ သရဲမလေးတစ်ယောက် သောင်းကျန်းနေခဲ့တာကြာပါပြီ ဘယ်သူမှညစောင့်မလုပ်ရဲလို့ ညဘက်ဆိုလွှတ်ထားရတဲ့စတူဒီယိုမှာ ထယ်မင်းကတော့ ငွေမျက်နှာတစ်ခုတည်းနဲ့ ညစောင့်ဝင်လုပ်ခဲ့ပါတော့တယ်တစ်ဖက်မှာလည်း စတူဒီယိုရဲ့ CEO က ဒီနေရာကို ဈေးကြီးပေးဝယ်ခဲ့ပြီး တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေပါတယ် အဲဒီလိုနဲ့ အရှာအဖွေသမား စတူဒီယို CEO အပါအဝင် ထယ်မင်းနဲ့သရဲမလေးတို့သုံးယောက်တို့ ဘယ်ကဘယ်လိုဆုံတွေ့မိကြပြီး အဖွဲ့ကျသွားကြမလဲ သုံးယောက်သား ဆုံပြီးကြတဲ့နောက်မှာ ဘယ်လိုပဟေဠိတွေကို ဖော်ထုတ်အဖြေရှာသွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်Mystery အမျိုးအစား‌ဖြစ်လို့ မြှုပ်ကွက်တွေကတော့ အများကြီးပါ ဘာတွေမြှုပ်ထားလဲသိချင်ရင်တော့ အခုပဲကိုယ်တိုင်ရှုစားလိုက်ကြပါဦးမင်းသားမင်းသမီးတွေအနေနဲ့ကတော့ 2AM အဖွဲ့ဝင် Jung Jin-Woon နဲ့ ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးတဲ့ မင်းသမီး Ahn Seo-Hyun တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Mystery Quality…. ...
movie

Oh! My Ghost (2022)

2022
Doll House (2022) 8.2
Doll House (2022) Doll House (2022)~ IMDb - 8.2/10, Rotten Tomatoes - 100% ~2022 ထွက် Family Drama ဖိလစ်ပိုင်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မိဘနဲ့ သားသမီးကြား မေတ္တာကို ထပ်ဟပ်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး အပိုအလိုပြကွက်တွေမရှိဘဲ ရိုးရိုးလေးနဲ့ မျက်ရည်ဝဲအောင် ရင်ထဲထည့်သွားမယ့် ရုပ်ရှင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းအရဆိုရင်တော့... ရပ်စ်တင်ဟာ ရော့ခ်အင်ရိုး ဂီတသမားတစ်ယောက် ဖြစ်ပြီး ဂီတသမားပီပီ ဆေးလည်းသုံးလေ့ရှိသူတစ်ယောက်၊ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သူဟာ လူလွတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ယခင်က ရှီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပြီး ရပ်စ်တင်ရဲ့ အလေးအနက်မရှိမှုတို့ကြောင့် ပြတ်စဲသွားရတာပါ။ရပ်စ်တင်ရဲ့ တီးဝိုင်းအဖွဲ့သားတစ်ယောက် ဆေးလွန်သေဆုံးပြီးနောက်မှာ ရပ်စ်တင်ဟာ စိတ်ပြေလက်ပျောက်နဲ့ အတိတ်ဟောင်း‌လေးတွေရှိရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ မထင်မှတ်ဘဲ ယူမီဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ယူမီကို ခင်တွယ်မိပါတော့တယ်။ ဒီလိုနဲ့ ...
movie

Doll House (2022)

2022
Who Killed Cooper Dunn? (2022) 5.8
Who Killed Cooper Dunn? (2022) Who Killed Cooper Dunn? (2022)တောကြီးမျက်မည်းထဲကို ခရီးထွက်လာကြတဲ့ သူငယ်ချင်း ၆ယောက်၊ သူတို့ဘဝရဲ့စိတ်ညစ်စရာတွေကနေ ကင်းဝေးအောင် အပန်းလာဖြေကြတဲ့ သူငယ်ချင်း ၆ယောက်၊ တစ်ယောက် ပြဿနာတစ်မျိုးစီနဲ့ သူငယ်ချင်း ၆ယောက်ပေါ့။ ခရီးပထမဆုံးနေ့မှာပဲ သူတို့အဖွဲ့ထဲကတစ်ယောက် ဖိတ်ခေါ်လာတဲ့ လူစိမ်း ၃ယောက်ရောက်ရှိလာပါတော့တယ်။ အဲဒီလူစိမ်းဆီကပါလာတဲ့ မူးယစ်ဆေးတွေကို သုံးစွဲပျော်ပါးမိကြပြီးတဲ့နောက်...နောက်တစ်ရက်မနက်မှာတော့ သူတို့အဖွဲ့ထဲက ကူးပါးဒွန်းဆိုတဲ့ သူငယ်ချင်းတစ်ယောက် နဖူးကိုရိုက်နှက်ခံထားတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ တောကြီးမျက်မည်းထဲမှာမလို့ လူသတ်တရားခံဟာ အသက်ရှင်ကျန်ရစ်တဲ့လူ ၈ယောက်ထဲက ၁ ယောက်ဖြစ်ကိုဖြစ်ရမှာပါ။ လူသတ်သမားကလူထပ်သတ်ဦးမလားလည်း မသိနိုင်ပါဘူး။အဲဒီလူသတ်သမားကို သူတို့ရှာနိုင်ပါ့မလား... လူသတ်သမားကိုရှာဖွေရင်း သူတို့ရဲ့အန္တရာယ်ကိုရှောင်ရှားနိုင်မှာလား...အဲဒီမေးခွန်းရဲ့ အဖြေကိုတော့ ခု ၂၀၂၂ ထွက် IMDb 5.8/10 ရ Mystery, Thriller ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျား။(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.4GB, 580MB Quality ...
movie

Who Killed Cooper Dunn? (2022)

2022
Batman and Superman: Battle of the Super Sons (2022)
Batman and Superman: Battle of the Super Sons (2022) Batman and Superman : The Battle of the Super Sons (2022)DCAUရဲ့ ​နောက်ထပ် Animationဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါပြီ။ ဒီတစ်​ခေါက်မှာ​တော့ ပုံမှန် Justice Leagueအဖွဲ့ဝင်​တွေအ​ကြောင်း မဟုတ်ဘဲ စူပါမန်းရဲ့သား ဂျော်နသန်ကန့်တ်နဲ့ ဘတ်မန်းရဲ့သား ​ရော်ဘင်တဖြစ်လဲ ဒေမီယန်​တို့အ​​ကြောင်း အဓိကတင်ဆက်ထားတာပါ။ဖခင်ဖြစ်သူ ကလာ့ခ်ကန့်တ်ဟာ စူပါမန်းဆိုတာမသိတဲ့ ဂျော်နသန်က ဖခင်ရဲ့လှစ်ဟင်းမှု​တွေ​ကြောင့် စိတ်ပျက်​နေရာက​နေ တစ်​နေ့မှာ​တော့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခု​ကြောင့် သူကိုယ်တိုင်မှာလည်း စွမ်းအား​တွေရှိမှန်း သိသွားပါ​တယ်။ ဒီလိုသိရမှာတ​ဆင့် ဖခင်ရဲ့ဘဝမှန်အ​ကြောင်းလည်း သိသွားသလို ​ ဂေါ့သမ်စီးတီးက ဘတ်မန်းနဲ့ သူ့ရဲ့သား ​ဒေမီယန်​တို့ကိုပါ သိသွားပါတယ်။ လူရိုး​လေးဂျော်နသန်နဲ့ လူကြမ်း​လေး ဒေမီယန်​တို့ဟာ စ​​တွေ့ကတည်းက ဘုနဲ့​ဘောက်ဖြစ်​​နေခဲ့တာပါ။အဲဒီအချိန်မှာပဲ ကမ္ဘာဂြိုဟ်ပြင်ပ အာကာသထဲမှာရှိတဲ့ ဂျက်စတစ်လိဂ်​ စောင့်ကြည့်တာဝါကို တိုက်ခိုက်ခံလိုက်ရပြီး မသင်္ကာစရာကိစ္စ​တွေ ဖြစ်လာတာ​ကြောင့် စူပါမန်းနဲ့ ဘတ်မန်းတို့ ကိုယ်တိုင်လိုက်သွားရင်း သူတို့ကိုယ်တိုင် ​ထောင်​ချောက်ထဲ ကျဆင်းသွားပါတယ်။ဂျက်စတစ်လိဂ်​ရော တင်းတိုက်တန်စ်အဖွဲ့ပါ အန္တရာယ်ကျ​ရောက်သွားတဲ့​နောက် ထိုထူးဆန်းတဲ့အန္တရာယ်ကို ​ဖြေရှင်းဖို့က ဂျိုနသန်နဲ့ ဒေမီယန်​တို့​ခေါင်း​​ပေါ် ...
movie

Batman and Superman: Battle of the Super Sons (2022)

2022
Luckiest Girl Alive (2022) 6.5
Luckiest Girl Alive (2022) Luckiest Girl Alive (2022)မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း ...
movie

Luckiest Girl Alive (2022)

2022
Trick or Treat Scooby-Doo! 5.5
Trick or Treat Scooby-Doo! Trick or Treat Scooby Doo(2022) ====================== Comedy , Horrorစကူဘီဒူးရဲ့ မူလလက်ရာနဲ့ animation လေးထွက်လာပါတယ်။ ဟော်လိုးဝင်းရာသီဖြစ်တာကြောင့် စကူဘီဒူးတို့ အရင်ဖြေရှင်းခဲ့တဲ့အမှုတွေနဲ့ မတူဘဲ ပိုမိုထူးခြားစေမှာပါ... ပြီးတော့ အားလုံးဝေဖန်နေကြတဲ့ Velma Character ကိုလည်း Lesbian တစ်ယောက်အနေနဲ့ စတင်မြင်တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ စကူဘီဒူးတို့ဟာ လူဆိုးတွေအားလုံးကို နောက်ကွယ်ကနေ ဝတ်စုံတွေလုပ်ပြီး ကြိုးကိုင်နေတဲ့ ဉာဏ်ကြီးရှင် ဒုစရိုက်သမားကြီး ကိုကိုဒီရာဘလိုကို ဖမ်းဆီးအပြီးမှာ ဖြေရှင်းစရာအမှုတွေ မရှိတော့တဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်... ဒီလိုနဲ့ သူတို့အတွက် ဟော်လိုးဝင်းမှာ အရင် Villain တွေနဲ့မတူတဲ့ ဖြေရှင်းစရာ အမှုအသစ်ကြီးတစ်ခုပေါ်လာတဲ့အခါမှာတော့ စကူဘီနဲ့ရှက်ဂီတို့ရဲ့ အလွဲလွဲ အချော်ချော်တွေနဲ့အတူ Mystery Inc အဖွဲ့ ဘယ်လို ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Adventure , Animation, Comedy Quality…. 1080p | 720p | 480p File size… ...
movie

Trick or Treat Scooby-Doo!

2022
[18+] Dirty Games (2022)
[18+] Dirty Games (2022) Dirty Games (2022)Squid Game လိုလို Survival Game ဖန်တွေအတွက် Squid Game ဆန်ဆန် ဂိမ်းပြီးဆုံးရင် ငွေရမယ့် ဂိမ်းကစားရင်း မသေအောင်နေရတဲ့ ညစ်တီးညစ်ပတ်ဂိမ်းကားလေးပါ။ ပြောရရင် ဒိတ်တင်ရှိုးဆန်ဆန် အစီအစဉ်တစ်ခုက ကောင်လေး ကောင်မလေးတွေကို အိမ်တစ်အိမ်ကိုဖိတ်လိုက်တယ်။ အတွဲတွေတွဲပေးပြီးတော့ အဲဒီအိမ်ထဲမှာနေပြီး ပေးထားတဲ့ မစ်ရှင်တွေကိုရော ကြည့်ရှုသူတွေက ငွေပေးပြီး ခိုင်းတဲ့မစ်ရှင်တွေကိုရော လုပ်ပေးရတယ်။ နောက်ဆုံးကျန်တဲ့အတွဲက ဆုကြေးငွေကိုရတယ်။ သို့ပေမဲ့ မထင်မှတ်ထားတာတွေပါ ဖြစ်လာပြီး ခိုင်းတာတွေလုပ်ရရုံတင်မက အသက်ရှင်အောင်ပါ ကြံဖန်ရလာတယ်။ ဒီရုပ်ရှင်မှာ စောင်း ပုလွေ ဘာဂျာအစုံ သာယာပုံပေါင်းစုံ မြင်ရမှာဖြစ်ပြီး မိတ်ဆွေတို့ ကြားသိသမျှ နည်းနာအားလုံးပါဝင်ပါတယ်။ အတွဲပေါင်းများစွာရဲ့ အကွက်ပေါင်းများစွာကို မြင်ကြတွေ့ကြရမယ့် ရုပ်ရှင်လေးပါပဲ။ဒီလောကတဏှာတွေကို ငြီးငွေ့စိတ်ပျက်တဲ့အထိ ရှု့စားပြီး လွတ်မြောက်ရာလွတ်မြောက်ကြောင်း ကြံဆောင်နိုင်စေဖို့ လောကီရဲ့အမှောင်ဆုံးအခြေအနေတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးပဲ လွတ်မြောက်နိုင်ကြပါစေ။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 ...
movie

[18+] Dirty Games (2022)

2022
Significant Other (2022) 5.6
Significant Other (2022) Significant Other (2022)(1080p ရပါပြီ)R Rated Mystery/Scifi ကားသစ်လေးပါ။ရူ့သ်နဲ့ ဟယ်ရီက တောအုပ်တစ်ခုထဲကို စခန်းချခရီးထွက်လာကြတဲ့ ချစ်သူစုံတွဲပါ။ အဲဒီလိုခရီးထွက်ဖို့ကို ဟယ်ရီက စိတ်အားထက်သန်သလောက် ရူ့သ်က အင်တင်တင်ရယ်။ ဒါပေမဲ့ ချစ်ရသူ ဟယ်ရီက စိတ်အားထက်သန်နေတော့ ကျောပိုးအိတ်တစ်လုံးနဲ့ လိုက်လာရှာပါတယ်။တကယ်တမ်း ဟယ်ရီက ရူ့သ်ကို တောထဲခေါ်လာတယ်ဆိုတာ အကြံနဲ့ပါ။ ဘာအကြံလဲဆိုတော့ လက်ထပ်ခွင့်တောင်းဖို့ပေါ့။ ဒါပေမဲ့ ကလေးတုန်းက ရခဲ့တဲ့စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ရူ့သ်က ဟယ်ရီ့ကို ငြင်းပါတယ်။ ဒီလိုနဲ့ အက်ကြောင်းထင်သွားတဲ့ သူတို့ကြားမှာ ဟယ်ရီ ထပ်သိလာတာက တောထဲခဏပျောက်သွားခဲ့တဲ့ ရူ့သ်ဟာ …ရူ့သ်တစ်ယောက် ဘာတွေဖြစ်သွားတာလဲ? သူတို့ ဆက်ဆံရေးကကော အရင်လို ပြန်အဆင်ပြေပါ့မလား? ဆိုတာတွေကိုတော့ ရုပ်ရှင်လေးထဲ ဆက်လက် အဖြေရှာ ကြည့်ရှုလိုက်ကြစို့နော်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size          ...
movie

Significant Other (2022)

2022
[18+] Pabuya (2022)
[18+] Pabuya (2022) Pabuya (2022)Pepe နဲ့ Jojo တို့ဟာ နယ်မြေတစ်ခုစီကိုအပိုင်စားယူထားတဲ့ ဂန်းစတားတွေပါ။ အခုတလောတော့ Pepe ရဲ့ပိုင်နက်တွေကို တစ်ခုပြီးတစ်ခု Jojo က သိမ်းယူလာပြီးတော့ Pepe ဆီကလူတွေပါ တစ်ဖက်ကိုရောက်ကုန်ပါတယ်။ သူတို့ဂိုဏ်းတွေကြားက ရန်စကိုဖြေရှင်းဖို့ အထက်က သူတို့ကို လက်နက်မပါပဲအနိုင်တိုက်ကြေး၊ နိုင်တဲ့အဖွဲ့က နယ်မြေယူဖို့ ပွဲတည်ပေးလိုက်တဲ့အချိန်မှာတော့ Pepe လက်လွန်ပြီး တစ်ဖက်က လက်ရုံးတစ်ယောက်ကို သတ်မိသွားပါတော့တယ်။ တကယ်တော့ အဲ့ဒီလက်ရုံးဟာ Jojo ရဲ့လက်ရုံးတင်မကပဲ ရဲတပ်ဖွဲ့ကလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်လည်း ဖြစ်နေတဲ့အတွက် Pepe တစ်ယောက်သေပြေးရှင်ပြေး ပြေးရင်း အချစ်ဟောင်းဖြစ်တဲ့ အလှပဂေးလေး Bella နဲ့တစ်ဖန်ပြန်ဆုံဆည်းရချိန်မှာတော့...ဒီဇာတ်ကားမှာတော့ Vivamax ကားတွေမှာတစ်ခါမှမတွေ့ရဖူးတဲ့ မျက်နှာသစ်မင်းသမီးလေးတစ်လက်ဖြစ်တဲ့ Franki Russell ကိုပွဲထုတ်ထားပါတယ်။ ကြွေရုပ်ဖယောင်းရုပ်လေးလို ဖူးမွတ်နေအောင်လှတဲ့အနောက်တိုင်းသူ မျက်နှာပေါက်လေးနဲ့ဆိုတော့အားလုံးအကြိုက်တွေ့ကြမှာပါ။ သူ့ IG လေးပါ အဆစ်ထည့်ပေးလိုက်ပါတယ်။ Instagram Link (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ...
movie

[18+] Pabuya (2022)

2022
Raksha Bandhan (2022) 4.6
Raksha Bandhan (2022) Raksha Bandhan (2022) ====================ဒီဇာတ်ကားလေးကတော့ အရှေးကူမားရဲ့မေတ္တာစာဖွဲ့ကားလေးလို့ ပြောရမယ်..စွန့်လွှတ်အနစ်နာခံတဲ့ အစ်ကိုကြီး အဖရာ နေရာကနေ သရုပ်ဆောင်ထားတယ်..အိန္ဒိယနိုင်ငံအတွင်းမှာက သတို့သမီးဘက်က သတို့သားကို တင်တောင်းရတယ် သမီးမွေးထားတဲ့ မိဘတွေက တစ်သက်လုံးလျှာထွက်အောင်ရုန်းရတယ် သူတို့သမီးလေး ယောက္ခမအိမ်မှာ မျက်နှာမငယ်ရဖို့အတွက် တင်တောင်းငွေများများပေးပြီး မင်္ဂလာဆောင်ပေးတဲ့ ဓလေ့ဆိုပါတော့...ဒါတင်မကသေးဘူး တချို့သားရှင်တွေက ဘယ်လောက်ဆိုးလဲဆိုရင် တင်တောင်းငွေပေးပြီး ပေးစားလိုက်ပြီးတာတောင် ပွဲတော်အခါသမယတွေရောက်တိုင်း ဟိုဟာပေးပါဦး ဒီဟာပေးပါဦးနဲ့ ထပ်တောင်းကြသေးတယ် မပေးရင်တော့ ဒီသမီးမိန်းကလေးက စိတ်ချမ်းချမ်းသာသာနဲ့ မနေရ သိမ်ငယ်ရတာပေါ့ဒီအဖြစ်ဆိုးမျိုးတွေနဲ့ ဓလေ့ကြီး ရိုက်ခတ်အခံရဆုံးသူကတော့ ချန်ဒီချော့မြို့လေးအတွင်းမှာ နေထိုင်သူ လာလာကီဒါနသ်ဆိုသူပေါ့...မိဘတွေဆုံးပါးသွားကြပြီးနောက် ညီမလေးယောက်ဖြစ်သူကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရသူပေါ့...ညီမလေးတွေ အရွယ်ရောက်လာတော့ သူတုိ့လေးတွေကို မင်္ဂလာဆောင်ပေးရမယ့် ဝန်ထုပ်ကြီးက သူ့ခေါင်းပေါ်မှာ ပိနေသလို ချစ်ရသူလေးကလည်း သူ့ကိုလက်ထပ်ပေးဖို့ ဂျီကျလာတဲ့အခါ မိခင်မဆုံးခင်ကလည်း သူညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှ သူလက်ထပ်ပါ့မယ်လို့ ကတိပေးထားခဲ့လေတော့....မိခင်ကိုပေးထားတဲ့ ကတိကိုတည်နိုင်အောင်ကြိုးစားဖို့ပဲ အားသန်နေတဲ့ လာလာတစ်ယောက်...ကတိတည်နိုင်ပါ့မလား....သူ့အချစ်လမ်းခရီးဖြောင့်ဖြူးနိုင်ပါ့မလား...ရှေ့ဆက်ပြီးတော့ အရှေးကူမားရဲ့ထုံးစံအတိုင်းအလွဲလေးတွေနဲ့ ခွီရမယ့်အပြင် လောကဓံကရိုက်ခတ်လာတဲ့အခါ ဝမ်းနည်းစရာလေးတွေကြုံလာရမှာမို့ ဒီကားလေးဟာ ခွီလည်းခွီရ ငိုလည်းငိုရနဲ့ ပညာပေးရိုက်ကူးထားတဲ့ အရှေးကူမားရဲ့ မိသားစု ဒရာမာ ဟာသကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်... File size…4.1GB / 2.03GB / 1.04GB Quality…4k ...
movie

Raksha Bandhan (2022)

2022
4K HEVC
Maja Ma (2022) 6.2
Maja Ma (2022) Maja Ma 2022 6.4/10 IMDb ဒီတစ်ခါပရိတ်သတ်ကြီးကို မိသားစုဒရမ်မာ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ ဒီနေ့ခေတ်မှာ LGBT တွေဟာလူမှုပတ်ဝန်းကျင်မှာ လူနည်းစုသာထောက်ခံသူရှိတဲ့ အသိုင်းအဝိုင်းတစ်ခုဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ...လူပတ်ဝန်းကျင်မှာ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေ မိမိနေချင်သလိုလွတ်လပ်စွာနေလို့မရတဲ့ဘဝမှာ ချိုးနှိမ်ထားရတဲ့စိတ်ဆန္ဒတွေ မိသားစုအတွက်သူတို့ရဲ့တကယ့်စွန့်လွှတ်အနစ်နာခံမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးတစ်ခုပါဇာတ်လမ်းအမြည်းလေးကတော့ ပါလာဗီဟာသူမရဲ့အတိတ်ကအမှန်တရားကို ဖုံးကွယ်ထားတဲ့ မိသားစုကိုတုန်နေအောင်ချစ်တဲ့အိမ်ထောင်ရှင်မတစ်ယောက်ပါ သူ့ရဲ့သားတေဂျာက USမှာအလုပ်လုပ်နေပြီး ချမ်းသာကြွယ်ဝတဲ့မိသားစုက အီရှာဆိုတဲ့မိန်းကလေးနဲ့ချစ်မိသွားတဲ့အခါ အီရှာရဲ့မိဘတွေက တေဂျာရဲ့မိသားစုနဲ့တွေ့ဖို့အကြောင်းဖန်လာပါတော့တယ် ဒါပေမယ့်ပါလာဗီ့ရဲ့အကြောင်းတွေကောလဟာသပြန့်နှံ့သွားတဲ့အခါ သူတို့ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကြရမလဲ.... ဘဝအလှည့်အပြောင်းတွေဘယ်လိုဘယ်ပုံတွေ့ကြုံရမလဲဆိုတာ ရသမျိုးစုံဖန်တီးရိုက်ကူးထားလို့ လိုက်ပါခံစားကြည့်ရှုပေးကြပါဦး File size…1.936B  / 955MB Quality…1080p / 720p Format…mp4 Duration…. Subtitle….Mynamr Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Lwin Htoo & Kevin
movie

Maja Ma (2022)

2022
Dead Bride (2022) 4.3
Dead Bride (2022) Dead Bride (2022)(1080p ရပါပြီ)Insidious လို ထိတ်လန့်စရာ သရဲကားတွေကို နှစ်ခြိုက်ရင် ဒီကားက သင့်အတွက်ပါပဲ။အဓိက ဇာတ်ကောင်ကတော့ အယ်လီဆန်ဆိုတဲ့အမျိုးသမီးဖြစ်ပြီး သူ့အဖေဖြစ်သူဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားတာကြောင့် သူတို့မိသားစု ငယ်ငယ်က နေခဲ့တဲ့အိမ်ကြီးကို ခင်ပွန်းဖြစ်သူရယ် သားငယ်လေးရယ်နဲ့အတူ ပြောင်းလာခဲ့ပါတယ်။ငယ်စဉ်တည်းက အိပ်မက်ဆိုးတွေ မက်တတ်တဲ့ အယ်လီဆန်တစ်ယောက် အဲဒီအိမ်ကြီးကို ပြန်ရောက်ပြီးကာမှ အခြေအနေပိုဆိုးလာပါတယ်။ ခင်ပွန်းဖြစ်သူကိုပြောပြပေမယ့်အလုပ်မအားတာကြောင့် သူ့ကို ဆေးသောက်ဖို့သာ မှာပြီး ခပ်ပေါ့ပေါ့ပဲနေပါတယ်။တစ်ညမှာ သူ့အဖေရဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို တွေ့သွားရာကနေ သူတို့မိသားစုရဲ့ ကြောက်မက်ဖွယ်ရာ နောက်ကြောင်းက ပေါ်လာတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size          : 389MB, 214MB Quality            : 720p WEB-DL, ...
movie

Dead Bride (2022)

2022
Under Wraps 2 (2022) 5.4
Under Wraps 2 (2022) Under Wraps 2 (2022)2021မှာ Disney+က ထွက်ရှိခဲ့တဲ့ Under Wrapsဟာ အခုဆို Under Wraps 2အဖြစ် ဟောလိုးဝင်းကာလအကြို ထွက်ရှိလာပါပြီ။ ပထမကားမှာ မံမီကြီးဟာရိုးဒ်ရဲ့ အရှုပ်​တွေကို ဂေးဘတ်မာရှယ် နဲ့ အေမီတို့ သူငယ်ချင်း၃​ယောက် လိုက်ရှင်း​ပေးခဲ့ရသလို ဒုတိယကားမှာ​တော့ ဟာရိုးဒ်ကိုယ်တိုင်မရှုပ်ခဲ့တဲ့ အန္တရာယ်ကြီးက​နေ က​လေးတစ်သိုက်က ကယ်တင်ခန်း ဖွင့်ရဦးမှာပါ။မံမီကြီးဟာရိုးဒ်ရဲ့ တစ်ချိန်ကမိတ်​ဆွေ​ဟောင်း လက်ရှိမှာ​တော့ ရည်းစားလုဘက်ဖြစ်​တဲ့ တန်ခိုးကြီးမံမီ ဆိုဘက်ဟာ တစ်ညမှာ မ​တော်တဆကိစ္စတစ်ခု​ကြောင့် အသက်ဝင်လာပြီး​ ချစ်ရသူကို လုသွားတဲ့ ရန်သူ​တော်ဟာရိုးဒ်ကို ရှင်းဖို့ကြိုးစားပါ​တော့တယ်။ ဒါကိုသိသွားတဲ့ ​ဂေးဘတ်တို့ ​ဘော်ဒါ ၃​ယောက်ဟာ ဟာရိုးဒ်နဲ့ရို့စ်နှစ်ယောက်လုံးကို ဆိုဘက်လက်ထဲက ကယ်ဖို့ ကြိုးစားရင်း လူငယ်သဘာဝ က​တောက်ကဆ​​တွေကိုပါ ​ဖြေရှင်းရမယ့်ကိန်း ဆိုက်လာပါ​တော့တယ်။Disney+ ထုံးစံအတိုင်း ​​ပေါ့​ပေါ့ပါးပါးနဲ့ Drama Romance Comedy​တွေအစုံ ပါတာဖြစ်လို့ မိသားစုနဲ့အတူ အနားယူရင်း ​ပေါ့​ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် Family Fantasy ဇာတ်ကားပဲ ဖြစ်ပါတယ်။ IMDbက​တော့ 6.5ရရှိထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Family, ...
movie

Under Wraps 2 (2022)

2022
Hellraiser (2022) 6.4
Hellraiser (2022) Hellraiser (2022)(အရင်အဟောင်းတွေကိုမကြည့်ဖူးလည်းကြည့်လို့ရပါတယ်။ အိပ်ရာခန်းတွေ၊ သတ်ဖြတ်ခန်းတွေ ကြမ်းတမ်းတာမို့ ၁၈ အပေါင်း ရိတ်တင်း သတ်မှတ်ထားပါတယ်။ ဟော်ရာချစ်သူတွေ အကြိုက်ပါပဲ။)အသစ်ထွက် နာမည်ကြီး ဟော်ရာရုပ်ရှင်တစ်ကားပါ။ Hellraiser ဆိုတာ ရုပ်ရှင်ဇာတ်လမ်း ၁၀ ကားအထိ ထွက်ခဲ့ဖူးပြီး ကျယ်ပြန့်တဲ့ ရုပ်ရှင်စကြဝဠာတစ်ခုလည်းဖြစ်ပါတယ်။ဒီရုပ်ရှင်အသစ်ကိုတော့ မူရင်း Hellraiser ရဲ့ reboot လို့ ပြောလို့မရပါဘူး။ အရင် ၁၀ ကားနဲ့ တိုက်ရိုက်မဆက်စပ်တဲ့ သီးသန့် ထပ်တိုးတစ်ကားလို့ပဲ ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ မူရင်း Hellraiser လိုပဲ ပဟေဠိသေတ္တာလေးတစ်ခုကနေ စတာပါပဲ။ အဲဒီသေတ္တာလေးမှာအဆင့် ၆ ဆင့်ရှိပါတယ်။ အဆင့် ၆ ဆင့်လုံးကို ဖွင့်ပြီးရင် နတ်ဘုရားတစ်ပါးနဲ့တွေ့ပြီး လိုရာဆုကို တောင်းနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဆင့်တစ်ဆင့်ပွင့်တိုင်းမှာ လူတစ်ယောက်ကို ရက်ရက်စက်စက်ယဇ်ပူဇော်ဖို့လိုတာကြောင့် ၆ ဆင့်အောင်မြင်ဖို့ အတော်ရက်စက်တာတွေလုပ်ရတာမို့ လူတိုင်းလုပ်နိုင်ဖို့မလွယ်လှပါဘူး။ဒီရုပ်ရှင်ထဲမှာတော့ ဘယ်သူတွေဘယ်လို ဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Hellraiser (2022)

2022
Mr. Harrigan’s Phone (2022) 6.0
Mr. Harrigan’s Phone (2022) ဒီဟော်ရာ ရုပ်ရှင်ကတော့ စာရေးဆရာ၊ဒါရိုက်တာ စတီဗန်ကင်းရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပါ။ သူ့ရဲ့လက်ရာတွေက ဝတ္ထုတိုဝတ္ထုရှည်မရွေး ကျောချမ်းစရာကောင်းတာကိုသိကြမှာပါ။ သူ့ရဲ့လက်ရာတွေထဲက IT, Shinning, Pet Sematary, Green Mile, Misery, 1408, The Mist, Shawshank, Doctor Sleep, The Dark Tower, In the Tall Grass, Lisey Story, Thinner, Dolores Claiborne တို့တွေကို ကြည့်ဖူးကြတဲ့သူများမယ်ထင်ပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကတော့ နာမည်အတိုင်း မစ္စတာ ဟာရီဂန်ရဲ့ ဖုန်းအကြောင်းပါပဲ။ ဇာတ်လမ်းက တမလွန်ဘဝတွေ၊ သဘာဝလွန်တွေနဲ့ သို့လောသို့လော ကျောချမ်းစရာတွေနဲ့ ဖွဲ့စည်းထားတာမို့ အကျဉ်းပြောမပြတော့ပါဘူး။ ဘာပြီးဘာဖြစ်လာမလဲ ရင်တဖိုဖိုကြည့်လို့ရစေချင်လို့ပါ။ ဆက်ကြည့်လိုက်ပါဦး။ File size…1.1GB / 540MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Mr. Harrigan’s Phone (2022)

2022
Girl Picture (2022) 7.1
Girl Picture (2022) Girl Picture (2022)(1080 ရပါပြီ)ဒီ Finlandကားလေးဟာ Rotten Tomatoes rating 98%လည်း ရထားတဲ့ကားဆိုတော့ အတော်အသင့်ကောင်းမယ့်ကားလို့ ခန့်မှန်းမိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာ climaxတွေ plot twistတွေမပါဘူး။ ငြိမ့်ငြိမ့်လေးနဲ့ mid life crisisကိုကြုံနေတဲ့ ရင်းနှီးတဲ့ကောင်မလေး ၃ယောက်ကို ရိုးရိုးလေးပဲ ရိုက်ပြထားတာပါ။Mimmi .. ငယ်ငယ်ကတော့ အမေတစ်ခုသမီးတစ်ခုဘဝနဲ့နေခဲ့ပြီး အမေ့အချစ်တွေအားလုံးရခဲ့ပေမယ့် အမေက အချစ်အသစ်နဲ့တွေ့ပြီး သားလေးပါ မွေးပြီးတဲ့နောက်မှာ အပြင်မှာ သူငယ်ချင်းတစ်ယောက်နဲ့နေရင်း အပြင်ပန်းက မာကြောသယောင်ဟန်ဆောင်နေပြီး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရသူ။Ronko .. ပျော်ပါးတတ်တဲ့မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် Sexကိစ္စမှာ ပြီးမြောက်ခြင်းကို အလိုကျစွာမခံစားရလို့ တခြားလူတွေ ခံစားနေရသလို ပျော်ပါးနိုင်ဖို့ ပါတီတွေ အခါအားလျော်စွာ လိုက်တက်ရင် သူ့အတွက် ခံစားချက်အစစ်အမှန်ရစေမယ့်သူကို ရှာဖွေနေတဲ့သူ။Emma .. တစ်ဘဝလုံး လေ့ကျင့်လာတဲ့ ရေခဲပြင်စကိတ်အလှစီးအားကစားမှာ ပန်းတိုင်တစ်ခုဖြစ်တဲ့ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲရက်နီးမှ ...
movie

Girl Picture (2022)

2022
Control (2022)
Control (2022) Control (2022)~ Rotten Tomatoes - 71% ~သိပ္ပံကားတွေ စူပါပါဝါကားတွေကို ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့် ကားလေးပါ။ Thriller ဆန်ဆန်လည်း ရင်တသိမ့်သိမ့်တုန်ရသလို မင်းသမီးကလည်း ဝိုဗာရင်းထဲက ကလေးမလေးရုပ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘတ်ဂျက်သိပ်မသုံးထားပေမဲ့ အတော်လေးဆန်းပြီး လှပအောင်ရိုက်ပေးထားပါတယ်။ စူပါပါဝါကားပေမဲ့ Saw လိုလို ဘာလိုလိုနဲ့ ရင်ဖိုစရာလည်း တော်တော်ကောင်းပါတယ်။စိတ်နဲ့ အရာဝတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ စူပါပါဝါရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့မှာ အဲဒီအစွမ်းရှိလို့ ရှိမှန်းတောင် သူမသိရှာဘူး။ ဒီလိုနဲ့ သူ့ကို အခန်းတစ်ခန်းထဲထည့်ပြီး မလုပ်နိုင်ရင် သူ့သမီးကို သတ်မယ်လို့ ခြိမ်းခြောက်ပြီး အမျိုးမျိုး စမ်းသပ်တယ်။ ခုံမှာ သံကြိုးနဲ့ချည်ပြီး ခဲတံကို ချိုးခိုင်းတာတို့ ဘာတို့ပေါ့။ အဲဒီလိုစမ်းသပ်ခံရရင်း သူ့အစွမ်းက ကြီးသည်ထက်ကြီးလာတာပါပဲ။ ဒီလိုနဲ့ သူ့အစွမ်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်လာတဲ့အခါမှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Control (2022)

2022
The Gabby Petito Story (2022) 5.3
The Gabby Petito Story (2022) The Gabby Petito Story (2022)ဂက်ဘီပတ်တီတိုဆိုတဲ့ မိန်းကလေးဟာ ကြင်နာတတ်ပြီး လူချစ်လူခင်ပေါ်များတဲ့ မိန်းမလှလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ စတိတ်ကျောင်းတုန်က ရည်းဇားဟောင်းဘရိုင်ယန်နဲ့ ပြန်ဆုံတွေ့ကြရင်း ငယ်ချစ်တွေတစ်ဖန် ရှင်သန်လာကြပြီး သူ့ချစ်သူရှိရာ ဖလော်ရီဒါကို အတူလိုက်သွားခဲ့ပါတယ်။မနာလိုသဝန်တိုတတ်လွန်းတဲ့ ဘရိုင်ယန်နဲ့ လူတိုင်းကိုဖော်ရွေကြင်နာတဲ့ ဂက်ဘီတို့ ဆက်ဆံရေးက ဘယ်လိုအခြေအနေတွေအထိရောက်အောင် အဆိပ်အတောက်ဆန်သွားမလဲဆိုတာတော့ ...သဝန်တိုတတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့သူတိုင်း တစ်ခါလောက်တော့ ကြည့်ထားသင့်တဲ့ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းလေး တစ်ခုဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။)File Size          : 885MB, 397MB Quality            : 720p WEB-DL, 480p Format            : mp4 Duration  ...
movie

The Gabby Petito Story (2022)

2022
Wedding Dress (2022)
Wedding Dress (2022) Wedding Dress (2022) ဂျိုအန်က မင်္ဂလာဝတ်စုံတွေရောင်းတဲ့ဆိုင်က ဒီဇိုင်နာလက်ထောက်တစ်ယောက်ပါ။ သူ့မှာ ကာလာလို့ခေါ်တဲ့ သမီးငယ်လေးတစ်ယောက်ရှိပြီး ယောက်ျားကဆုံးပါးသွားပြီဖြစ်တဲ့ တစ်ကိုယ်ရည်မိခင်တစ်ယောက်ပါ။သူ့ယောက်ျားက သူတို့မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက်ကျရင် Wedding Dress လေးရစေရမယ်လို့ ကတိပေးခဲ့တာကြောင့် ဒီအိပ်မက်လေးကိုလည်း ဆက်ပြီးဖက်တွယ်ထားဆဲပါ။ သူ့မှာဒီဇိုင်းလုပ်လက်စ မင်္ဂလာဝတ်စုံဂါဝန်လေးလည်းရှိနေပါတယ်။အမေတစ်ခု သမီးတစ်ခုဘဝမို့ စားဝတ်နေရေးအတွက် အလုပ်အမြဲလုပ်နေရပါတယ်။ ဒါပေမဲ့ သမီးလေးကို အရမ်းချစ်ပြီး သမီးအတွက် လိုလေးသေးမရှိ ထားချင်တဲ့ အရာရာမြှုပ်နှံထားတဲ့မိခင်မျိုးပါ။ဒီလိုကြိုးစားနေတဲ့ ဂျိုအန်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဂျိုအန်မှာ ကင်ဆာရှိနေပြီဖြစ်လို့ပါပဲ။ သူက ကင်ဆာဆေးတွေသွင်းပြီးလူမမာအဖြစ်နဲ့ ထွက်ခွာမသွားချင်တာကြောင့် ဆေးမကုဘဲနေဖို့ဆုံးဖြတ်ထားပါတယ်။ဒါ့ကြောင့် သူမသွားရခင်မှာ သမီးလေးအပေါ် သူလစ်ဟင်းခဲ့တဲ့မိခင်တာဝန်တွေကိုလုပ်ဖို့ အလုပ်ကနေခွင့်ယူပြီး ဟင်းချက်ပေးတာကစလို့ သမီး‌‌လေး သူငယ်ချင်းတွေပိုရအောင် မောင်နှမဝမ်းကွဲတွေနဲ့တည့်အောင် ဘဲလေးအကမယ်ပြိုင်ပွဲဝင်ဖြစ်အောင် ကြိုးစားပါတော့တယ်။မိခင်မေတ္တာနဲ့ သားအမိသံယောဇဉ်ပေါ်လွင်ပြီး ကြည့်ရှုသူတွေကို နွေးထွေးမှုနဲ့ ဝမ်းနည်းမှုတွေတပြိုင်တည်းဖြစ်စေတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ စိတ်ခံစားလွယ်တဲ့သူတွေအတွက်ကတော့ တော်တော်လေးမျက်ရည်ကျရမယ့် ရုပ်ရှင်ပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San ...
movie

Wedding Dress (2022)

2022
Meet Cute (2022) 5.5
Meet Cute (2022) Meet Cute (2022)ဘဝမှာ ကိုယ်ချစ်တဲ့သူတွေ သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲ ဖြစ်ဖြစ် ထွက်သွားတာကိုထိုင်ကြည့်ရတာ အင်မတန်ဒုက္ခများပါတယ်။ ချစ်သောသူနဲ့ကွေကွင်းရသော ဒုက္ခဆိုသလို ဒီဒုက္ခကိုလည်း အံတုချင်တဲ့သူတွေကတော့ ဒုနဲ့ဒေးပါပဲ။Meet Cute ထဲက ရှီလာကလည်း ဒီလိုပါပဲ၊ ချစ်ရတဲ့ ဂယ်ရီနဲ့ တွေ့ခဲ့ရတဲ့ညကို အဘက်ဘက်က ပြီးပြည့်စုံချင်နေပါတယ်။ ပြီးပြည့်စုံအောင်လည်း အချိန်တွေနောက်ပြန်သွားပြီး ဂယ်ရီကို အမျိုးမျိုးပြောင်းလဲနိုင်အောင်ကြိုးစားပါတယ်။ ဂယ်ရီ့ရဲ့ ငယ်ဘဝတွေထိပါပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့် လောကကြီးက ဒီလောက်မလွယ်ကူမှန်းသိခဲ့ရဖို့ အ‌ချိန်တွေအကြာကြီးအကုန်ခံခဲ့ရပါတယ်။Kaley Cuoco ရဲ့ ကလပ်တက်တက် သရုပ်ဆောင်မှုနဲ့ Pete Davidson ရဲ့မထုံတက်‌သေးအမူအရာပေါင်းစပ်ထားတဲ့ ဒီကားက သရုပ်ဆောင်နေရာမှာတော့ အတော်လေးအားရစရာကောင်းပါတယ်၊ Plot Twist တွေလည်း များပြီးတော့ ဇာတ်အိမ်ခိုင်တဲ့ကားမို့ ဘယ်လိုတွေ အချိန်ခရီးသွားလဲ၊ ဂယ်ရီ့ကို ဘာတွေပြောင်းလဲခဲ့လဲဆိုတာကတော့ Meet Cute မှာပဲ ရှုစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Meet Cute (2022)

2022