Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2022
6.4
Thunder (2022)
Thunder (2022)~ IMDb - 6.5/10, Rotten Tomatoes - 100% ~2022 မှာ ထွက်ရှိထားပြီး Awards တွေလည်း အများကြီးရထားတဲ့ Thunder ဆိုတဲ့ Swiss ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိသားစုအခြေအနေကို ဖြေရှင်းဖို့ မယ်သီလရှင်ကျောင်းမှာနေနေရင်း နှစ်အတော်ကြာ မိသားစုနဲ့ကွာဝေးနေတဲ့ အယ်လီဇဘတ်တစ်ယောက် ရုတ်တရက် အမ သေဆုံးမှုကြောင့် အိမ်ကိုပြန်လာခဲ့ရပါတယ်။ ရွာကိုပြန်ရောက်တော့ ငယ်သူငယ်ချင်း ၃ယောက်နဲ့ ပြန်လည်ပေါင်းစည်းမိပြီး သူ့အမရဲ့ ထူးဆန်းတဲ့ သေဆုံးမှုနောက်ကိုလိုက်ရင်း သူမရဲ့ ဆန္ဒတွေ ခံယူချက်တွေအပေါ်ထားတဲ့ စိတ်ကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ရွာရဲ့ဓလေ့ရိုးရာစည်းကမ်းတွေကလည်း မွန်းကြပ်စရာကောင်းတာကြောင့် အယ်လီဇဘတ်တစ်ယောက် တစ်ကိုယ်တော်စွန့်စားပုံလေးကို ရိုက်ပြထားတဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 720MB Quality - 1080p, 720p IMDb Rating ...
movie
Thunder (2022)
2022
8.2
Sita Ramam (2022)
Action, Drama, Mystery IMDB 8.2/ 14kဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ်အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ်အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ်ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ်ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ်အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ...
movie
Sita Ramam (2022)
2022
4K HEVC
Nikamma (2022)
Nikamma (2022) (မရီးဇိုးလေး အာဗ်နီ)ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဖိုက်တင်ခန်းလေးတွေပါမယ့် ဟာသဒရာမာကားလေးတစ်ကားပဲ ဖြစ်ပါတယ် "တစ်ခုခုကို ကြားမိ မြင်မိပြီးတာနဲ့ ဘယ်တော့မှမေ့မသွားမဲ့မှတ်ဉာဏ်မျိုးပိုင်ဆိုင်ထားတဲ့ အာဒီ.. မိဘတွေဆုံးသွားပြီးနောက်ပိုင်း အဖေလိုတစ်မျိုး အမေလိုတစ်မျိုး စောင့်ရှောက်ပေးခဲ့တဲ့အပြင် သူငယ်ချင်းပေါင်းပေါင်းခဲ့တဲ့ အစ်ကိုကြီးရာမာန် အရမ်းချစ်ကြတဲ့ အာဒီတို့ ညီအစ်ကိုကြားထဲကို ဝင်ရောက်လာသူ အာဒီရဲ့မရီး အာဗ်နီ။ အရမ်းလည်း လှသလို ရဲတစ်ယောက်ဖြစ်လို့ စည်းကမ်းလည်း ကြီးတဲ့အတွက် အာဒီကတော့ မရီးဖြစ်သူကို "ကမ္ဘာမှာ အလှဆုံးနတ်ဆိုး" လို့တောင် သတ်မှတ်ထားသူ။သူတို့ ညီအစ်ကို နှစ်ယောက်ဘဝထဲကို မရီးဖြစ်သူ ဝင်လာပြီးနောက်ပိုင်း အာဒီတစ်ယောက် ဦးလေးရဲ့ အိမ်ကို ပြောင်းပြီး နေခဲ့ပါတော့တယ်။ ဒီလိုနဲ့တစ်နေ့ အာဒီရော မရီးရဲမေဖြစ်သူကပါ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂန်းစတားတစ်ယောက်ကိုမှ ၂ယောက်စလုံးသွားပတ်သက်မိပြီး အစ်ကိုဖြစ်သူပါ အသက်အန္တရာယ်ကြုံလာရတဲ့အခါမှာတော့....သူ့စွမ်းရည်တွေကို ဘယ်လိုအသုံးချသွားမလဲ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြုံတွေ့ကြရဦးမလဲ ........ ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဖိုက်တင်ခန်းတွေနဲ့အတူတူ ရယ်စရာဟာသလေးတွေ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Nikamma (2022)
2022
7.6
Ardh (2022)
Ardh (2022)IMDb- 7.6/10 ဟာသမင်းသားကြီး Rajpal Yadav ရဲ့ အတည်တစ်ကွက်အောက်မှာ မျက်ရည်ဝေလိုက်ကြပါဦးချစ်ခြင်းမေတ္တာ ဘဝသရုပ်ဖော်တွေနဲ့ ရင်ထဲထိရတဲ့ ဇာတ်လမ်းရှာနေသူတွေ အကြိုက်တွေ့မဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် အိမ်မက်ဆိုတဲ့အရာက တချို့အတွက်လှေကားတစ်ထစ်ချင်းလျှောက်လှမ်းသွားရင်း ပိုင်ဆိုင်လာရပေမဲ့ တချို့အတွက်တော့ ဘဝတွေအသက်တွေရင်းခဲ့တာတောင် ရမသွားရှာတဲ့လူတွေအပုံကြီးပဲမလား အလှမ်းကွာတဲ့ အိမ်မက်နဲ့ လက်တွေ့ဘဝကို အမိအရဆွဲညှိပြီး ဘဝကိုဆက်ရှင်သန်နိုင်သူတွေနဲ့ကြုံတွေ့လာခဲ့ရင်တော့ ကောင်းကောင်းကြီးအတုယူသင့်တဲ့သူတွေလို့ပြောရင်လည်း မှားမယ်မထင်ဘူးသရုပ်ဆောင်ရရင်ကိုပျော်နေတဲ့ မင်းသားရူးရှီဗာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ရှီဗာ သူဘယ်လောက်ထူးချွန် ၊ ကြိုးစားနေပါစေ အခွင့်အရေးက သူ့ဆီရောက်မလာခဲ့ဘူး တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေးဆိုတဲ့အရာကရှိနေသေးတယ် အိမ်မက်နောက်ကိုပဲ ရူးရူးမူးမူးဆက်လိုက်ရမလား မိသားစုတာဝန်ပဲကျေပွန်အောင်လုပ်ရတော့မလား ဗျများနေချိန် ရှီဗာချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခု...နဂိုတည်းက ခက်ခဲကြမ်းတမ်းပြီးသားသူ့ဘဝမှာ အများအမြင်နဲ့ ဆန်ကျင်ထူးခြားနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်တိုက်ခိုက်ရတဲ့အရာတွေကို တကယ့်လက်တွေ့မှာလည်းသရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေအောက် စီးမျောခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie
Ardh (2022)
2022
6.3
My Boyfriend in Orange (2022)
My Boyfriend in Orange (2022)L.DK တို့၊ P to JK တို့၊ Heroine Disqualified လိုမျိုး အထက်တန်းကျောင်းရဲ့ ရင်ခုန်သံဇာတ်လမ်းလှလှလေး နောက်ထပ်တစ်ပုဒ်ကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ မီးသတ်သမားတွေရဲ့အကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဒီလိုဇာတ်လမ်းမျိုးကြည့်ချင်တယ်ဆိုရင်လည်း အကြိုက်တွေ့မှာပါ။ Support Role မှာဆိုရင်လည်း ယာကူဇာကြီး Yuuta Furukawa ကလည်း ချစ်စရာကောင်းတဲ့ဇာတ်ရုပ်လေးနဲ့ ပါဝင်ထားပါသေးတယ်။~ ဇာတ်လမ်းအကျဉ်း ~မိုအဲလို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက သူ့အဖေဆုံးပါးသွားပြီးတဲ့နောက်မှာ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ မိုအဲက သူ့အမေနဲ့ မောင်လေးတို့နဲ့အတူ နေထိုင်တာဖြစ်ပြီးတော့ စိတ်ဒဏ်ရာလေးတွေကြောင့် သူငယ်ချင်းအသစ်ဖွဲ့ဖို့ကိုလည်း ခက်ခဲနေသူပါ။ သရုပ်ပြပွဲလုပ်တဲ့နေ့မှာတော့ ကျောင်းခေါင်မိုးပေါ်မှာရပ်နေခဲ့တဲ့ သူ့ပုံစံက သတ်သေတော့မဲ့သူနဲ့ တူတာကြောင့် မီးသတ်သမားဖြစ်တဲ့ ခရောဆုကဲက လာကယ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ ကျောင်းသူလေး မိုအဲအတွက်တော့ ရှက်စရာကောင်းပေမဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်ပါတယ်။ နောက်နေ့မှာလည်း အိမ်မီးရှို့ဖို့ကြိုးစားတဲ့သူတစ်ယောက်ကို ...
movie
My Boyfriend in Orange (2022)
2022
6.2
A Christmas Story (2022)
A Christmas Story (2022)ခရစ္စမတ်ဇာတ်လမ်းလေးလို့ အမည်ရတဲ့ Family type ချက်ဇ်စကားပြော ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိသားစု၀င်တွေကြားက နားလည်မှုတွေ မိတ်ဆွေ သမီးရည်းစား ဇနီးမောင်နှံတွေရဲ့ ဆက်ဆံရေးတွေကို ပေါ့ပေါ့ပါးပါး အစုံအလင် ခံစားရမှာပါ။ မိသားစုကားဆိုတဲ့အတိုင်း ဇာတ်ကောင်များများနဲ့ သူတို့ရဲ့ ခရစ္စမတ်နေ့မှာ ကြုံရတဲ့ အဖြစ်အပျက်လေးတွေကို စုစည်းတင်ဆက်ထားတာပါ။မိန်းမထိန်းချုပ်တာခံနေရတဲ့ ထရန်းဒရိုင်ဘာရယ်... သူ့ကို ထရန်းပေါ်မှာ ရန်စတဲ့ လူရယ်... အင်တာဗျူးမှာ ၀န်ကြီးကို ဝေဖန်လေကန်နေတာကို မတော်တဆလွှင့်မိသွားလို့ ပြသာနာတက်နေတဲ့ Deputy ရယ်... သူ့ချစ်သူပဲရစ်က ပြန်လာမှာကိုမျှော်နေတဲ့ Deputy အမေအဘွားကြီးရယ်... သူတို့သားသမီးတွေကလည်း ကိုယ်စီ ဇာတ်လမ်းလေးတွေနဲ့... ဒီလူတွေက ဘယ်လိုရေစက်တွေနဲ့ ဆက်ပြီး ပတ်သက်မိမှာလဲ... နောက်ထပ် ဘယ်ဇာတ်ကောင်တွေရော ဆက်နွယ်နေမှာလဲ... သူတို့တွေအားလုံး ခရစ္စမတ်ကို ဘယ်လိုဖြတ်သန်းကြလဲဆိုတာ... ရသမျိုးစုံနဲ့ ရှုစားနိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK ...
movie
A Christmas Story (2022)
2022
5.9
Butcher’s Crossing (2022)
Butcher's Crossing (2022) =================== IMDb Rating -5.9/10Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီး ရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် - အင်ဒီးယန်း ကျွဲမုဆိုး တွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့ သေချာပေါက်ကြည့်သင့်ပါတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေး လက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ် စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ (bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံ တွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲ မှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆို ပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့် လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေ အခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါ တယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှ အလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့် မုဆိုးကြီးက သူနဲ့ ...
movie
Butcher’s Crossing (2022)
2022
6.2
Moon Garden (2022)
Moon Garden (2022)~ IMDb - 6.2/10, Rotten Tomatoes - 86% ~ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဆုတွေအများကြီးရထားပြီး ၅နှစ်အရွယ်ကလေးမလေးရဲ့ အံ့ဩစရာ သရုပ်ဆောင်ကောင်းပုံကို ချီးကျူးရမယ့် Fantasy ကားကောင်းဖြစ်ပါတယ်။အမ်မာဆိုတဲ့ ကလေးမလေး ကိုမာဖြစ်နေတုန်း အိပ်မက်ဆိုးလိုနေရာထဲမှာ အပြန်လမ်းရှာဖွေတဲ့ခရီးစဉ်အနေနဲ့ ပုံဖော်ထားတာပါ။အမ်မာရဲ့ဖခင်က အမြဲအလုပ်များနေပြီး မိခင်နဲ့ဖခင် တစ်ချိန်လုံးအချေအတင်ဖြစ်တာကို ကြုံတွေ့နေရသူလေး အမ်မာဟာ တစ်ညတော့ သူ့အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်စကားများတာကို တွေ့သွားပြီး လှေကားပေါ်က ပြေးဆင်းရာကနေ ချော်ကျပြီး ကိုမာ၀င်သွားပါတယ်။ ကိုမာ၀င်နေတုန်း Wonderland လို ထူးထူးဆန်းဆန်းနေရာမှာ ကြောက်စရာသတ္တဝါတွေလိုမျိုးတွေ့ရပြီး ရေဒီယိုကလာတဲ့သူ့အမေရဲ့ အသံကနေတစ်ဆင့် အိမ်အပြန်လမ်းကို ရှာဖွေရပါတော့တယ်။မိဘတွေမသင့်မြတ်တဲ့ကြား နေရတဲ့ကလေးရဲ့ စိတ်ဒဏ်ရာတွေ ကြောက်ရွံ့မှုတွေကို အမ်မာရဲ့စိတ်ကူးပုံဖော်မှုအတိုင်း စီးမျောခံစားရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 790MB Quality ...
movie
Moon Garden (2022)
2022
5.1
The End of Sex (2022)
The End of Sex [2022]( IMDb 5.1/10, RT 61%)ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ... တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ... ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့ လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်... သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်... အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါ သူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်... အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင် သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်.... ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ... သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | ...
movie
The End of Sex (2022)
2022
The Aviary (2022)
The Aviary [2022]ကန္တာရရဲ့အလယ်မှာ အေဗာရီဆိုတဲ့အရပ်မှာ စိတ်ကျန်းမာရေးကုထုံးနဲ့ လူတွေကို ကုသပေးနေတဲ့ ဂေဟာတစ်ခုရှိပါတယ်... ဆက်သ်ဆိုတဲ့ လူဟာ ဒီနေရာကို ဦးဆောင်နေသူပေါ့... တစ်နေ့မှာတော့ သူတို့ဂေဟာက နံပါတ် ၂ဖြစ်တဲ့ ဂျီလီယန်ဟာ သူ့သူငယ်ချင်း ဘလဲရ်နဲ့အတူ ဒီဂေဟာကနေ ထွက်ပြေးလာခဲ့ပါတယ်... ဂေဟာထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သွေးထွက်သံယိုမှုတွေပါ ပါဝင်လာတာကြောင့် အသက်အန္တာရာယ် မကျရောက်လိုတဲ့ ဂျီလီယန်ဟာ ဆက်သ်လက်က လွတ်အောင် ထွက်ပြေးလာခဲ့တာပါ... ဂျီလီယန်ဟာ လွတ်မြောက်ရုံထွက်ပြေးလာပေမယ့် အတူလိုက်ပါလာတဲ့ ဘလဲရက်ကတော့ ဆက်သ်ရဲ့ လက်တော့ပ်ကိုပါ အပါယူလာခဲ့ပါတယ်... အရေးကြီးသက်သေခံမှတ်တမ်းတွေပါတဲ့ ဒီလက်တော့ပ်နဲ့သာဆို ဆက်သ်ကို တစ်သက်တစ်ကျွန်းထောင်ကျသွားအောင် လုပ်ပစ်နိုင်တာမို့ ဂျီလီယန်ရဲ့ ခရီးဟာ သူ့လွတ်မြောက်ရေးတင်မဟုတ်ပဲ အေဗာရီက လူတွေအားလုံး လွတ်မြောက်ရေးပါ ဖြစ်လာပါတော့တယ်... ဒီလွတ်မြောက်ရေးခရီးမှာတော့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက အကြီးအမားဆုံးအရာကတော့ ဆက်သ်ပါပဲ... ဆက်သ်ဟာ သူတို့ စိတ်တွေကို ထိုးနှောက်ဖျက်ဆီးထားပြီးပါပြီ... ပုံမှန်မဟုတ်တဲ့ သူတို့စိတ်အခြေအနေ.... နောက်ကတကောက်ကောက်လိုက်နေတဲ့ ဆက်သ်.... ဒါတွေအားလုံးကနေ သူတို့ လွတ်မြောက်ပြီး လိုရာပန်းတိုင်ကို ရောက်သွားနိုင်ကြမလား... ရှုစားကြရမှာပဲ ဖြစ်ပါတယ်အညွှန်း ...
movie
The Aviary (2022)
2022
6.1
Karmalink (2022)
Karmalink (2022)Sci-Fi, Mystery အမျိုးအစား ကမ္ဘောဒီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အတိတ်ဘဝကို အိပ်မက်တွေကနေ ပြန်မှတ်မိနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။အရင်ဘဝက ရတနာတစ်ခုကို တစ်နေရာမှာ မြှုပ်ထားခဲ့တယ်ဆိုပြီး ခဏခဏအိပ်မက်မက်နေတဲ့သူပါ။ တစ်နေ့ သူတို့ရပ်ကွက်နေရာမှာ ကျည်ဆံရထားလမ်း ဆောက်လုပ်မှာကြောင့် အိမ်ရာတွေရွှေ့ပေးဖို့ ဖိအားပေးခံလာရတဲ့အပြင် မိသားစုကလည်း စီးပွားရေးအဆင်မပြေတဲ့အခါမှာတော့ သူ့အိပ်မက်ထဲက ရတနာကို သူငယ်ချင်းတွေနဲ့အတူတူလိုက်ရှာဖို့ ကြိုးစားပါတော့တယ်။သူ့အတိတ်ဘဝက တကယ်ရှိခဲ့တာလား၊ သူ့အိပ်မက်ထဲကအတိုင်း အဲဒီရတနာကို တကယ်ရှာတွေ့ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။အညွန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Sci-fi, Drama Quality…. 1080p | 720p File size… 2.2GB | 1GB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron
movie
Karmalink (2022)
2022
6.1
One Bad Turn (2022)
One Bad Turn (2022) ================ဇာတ်ကားကတော့ နိုက်ဂျီးရီးယားက အာဖရီကန်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ drama အမျိုးအစားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်တစ်ခုရဲ့ ပြသနာတွေကို တင် ပြထားတာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေချင်း အိမ်ထောင်ကျတော့ လုပ်ငန်းမှာ နစ်မွန်းပြီးတော့ မိသားစုဘဝမရှိတော့တာကတစ်ဆင့် အိမ်ထောင်ဖောက်ပြန်မှုတွေ ကပ်လိုက်တာမျိုးကို တင်ပြပေးတာမျိုးပါ။ ပညာပေးဇာန်လမ်းတစ်ခုလို တင်ဆက်ထားပါတယ်။18+ scenes နည်းနည်းပါးပါး ရှိတော့ မိသားစုနဲ့ ကြည့်ရင်တော့ နည်း နည်း ရစ်ရမှာပါနော်။ဇာတ်လမ်းကို ကြည့်လို့ကောင်းအောင် ဆင်ထား တာတွေတွေ့ရမှာပါ။ အာဖရိကန်သရုပ်ဆောင်တွေချည်းပဲ ကြိုးစားပြီး သရုပ်ဆောင်ထားတာကိုလည်း တွေ့ရမှာပါ။ drama ရုပ်ရှင်ကားတွေ ကြိုက်နှစ်သက်သူတွေ အတွက်တော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.72 GB) / (783 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror Translator.......Thy Santa Encoder..........SWM
movie
One Bad Turn (2022)
2022
5.7
Megalomaniac (2022)
Megalomaniac (2022)~ IMDb - 5.7/10, Rotten Tomatoes - 84% ~"Megalomaniac" ဆိုတဲ့ စကားလုံးကို စိတ်ကြီးဝင်တဲ့သူ ဒါမှမဟုတ် စိတ်ကြီးဝင်နေတဲ့ရောဂါသည်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားကတော့ နောက်ခံအင်အားတောင့်လို့ ဘဝင်လေဟပ် အောက်ခြေလွတ် မာနကြီးနေတဲ့သူတွေအကြောင်းရိုက်ကူးထားတာမဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့ပြင်းထန်လှတဲ့ ရိုက်ခတ်မှုတွေကြောင့် နာကျည်းချက်ပေါင်းများစွာနဲ့ မလုပ်သင့်မလုပ်အပ်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး စိတ်ထွက်ပေါက်ရှာခဲ့ရင်း လူစိတ်ပျောက် ဘဝင်ရူးသွားတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~၁၉၉၀ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ၆ လအတွင်း အမျိုးသမီး ၁၅ ယောက်တိတိကို သတ်ပြီးတော့ လူမြင်ရာတွေမှာ အလောင်းအိတ်တွေနဲ့ ချန်ထားလေ့ရှိတဲ့ လူသတ်သမားတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူသတ်သမားဆီမှာ မာသာနဲ့ ဖီးလစ်လို့ခေါ်တဲ့ သားသမီး နှစ်ယောက်ရှိခဲ့ပါတယ်။ ဖီးလစ်ကတော့ အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ခြေရာနင်းပြီး လူလိုက်သတ်ပါတယ်။ မာသာကတော့ သန့်ရှင်းဝန်ထမ်း တစ်ယောက်ပေါ့။ သူဟာ အလုပ်မှာ အမြဲကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ ...
movie
Megalomaniac (2022)
2022
6.6
Róise & Frank (2022)
Róise & Frank (2022) ================ IMDb Rating - 6.6/10ဒီကားလေးကတော့ အိုင်ယာလန်ရဲ့ နိုင်ငံအားကစားနည်းတစ်ခုဖြစ်တဲ့ ဟာလင်းဆိုတဲ့ ကစားနည်းလေးနဲ့၊ ခွေးလေးတစ်ကောင်ရယ် သူ့ရဲ့ ပိုင် ရှင်မိသားစုလေးရယ်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဟာလင်းဆိုတာ က တင်းနစ်ဘောလုံးအရွယ်အစားဘောလုံးကို ရိုက်တံနဲ့ ဟိုဘက်ဒီဘက် ၁၅ယောက်စီ ဂိုးသွင်းအမှတ်ယူရတဲ့ ကစားနည်းပါ။ အိုင်ယာလန်မှာ တော့ နိုင်ငံအားကစားနည်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။အရင်က ကြည့်ဖူးတဲ့ တိရစ္ဆာန်ကားတွေလိုပဲ ခွေးလေးက ဟာလင်းမှာ ပါရမီပါတဲ့ ကောင်လေးနဲ့အတူတူ ပွဲကစားတာမျိုးပါပဲ။ ထူးခြားတာက ခွေးလေးဖရန့်နဲ့ပိုင်ရှင်ဖြစ်သူ ရို့စ်စီကြားက ဆက်ဆံရေးပဲဖြစ်ပါတယ်။ ဖရန့်နဲ့ ရို့စ်စီကြားက ဆက်ဆံရေးကဘယ်လိုမျိုးထူးခြားနေလဲ၊ ဖရန့်နဲ့ ကောင်လေးတို့ ဘယ်လိုမျိုး ဟာလင်းဆော့ကြမလဲ၊ ဘယ်လိုအခက် အခဲတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.25 GB) / (535 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thetti Tun Encoder..........SWM
movie
Róise & Frank (2022)
2022
5.5
Listen out for Love (2022)
Listen out for Love (2022)ဒီတစ်ခါကတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေကိုကြိုက်တဲ့ကြည့်ရှုသူတွေအတွက် အကြိုက်တွေ့စေမယ့် Listen Out For Love ဆိုတဲ့ အချစ်ဒရာမာကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~Podcast ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ပေ့ပ် တစ်ယောက် အလုပ်မှာ ရာထူးတိုးဖို့အတွက် လူပြောများလာတဲ့ အဲလက်ကို ကိုယ့် ကုမ္ပဏီဘက်အပါခေါ်ပြီး အောင်မြင်တဲ့ ပရိုဂရမ်တစ်ခု ဖန်တီးဖို့ အကြောင်းပါလာတဲ့အခါ...တစ်ဖက်မှာလည်း ပွဲတစ်ခုမှာ ကတောက်ကဆတစ်ခုဖြစ်ခဲ့လို့ အလုပ်ထွက်လာလိုက်ရတဲ့ အဲလက်တစ်ယောက် အလုပ်ရလာတဲ့အခါ...ပေ့ပ် နဲ့ အဲလက်တို့ အလုပ်မပြုတ်ဖို့ရေး ကြိုးစားရင်း အဲလက်နဲ့သူငယ်ချင်းလည်းဖြစ် နာမည်ကြီးတဖြစ်လဲ ဂျက်ကီအတွက် ရည်းစားရှာဖွေပေးမယ့် အစီအစဥ်ကိုရိုက်ကူးရင်း ဘယ်လို အလွဲလေးတွေဖြစ်မလဲ... ဘယ်လိုဟာသတွေဖြစ်မလဲဆိုတာ ရိုက်ပြထားတဲ့ အချစ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 705MB Quality - 1080p, 720p IMDb Rating - ...
movie
Listen out for Love (2022)
2022
5.3
What the Waters Left Behind: Scars (2022)
What the Waters Left Behind: Scars (2022)မြို့တစ်မြို့ရှိတယ်။ ရေမြုပ်သွားတယ်။ နှစ်ကြာတော့ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ စွန့်ခွာသွားတဲ့ မြို့သူမြို့သားတွေကတော့ အဲဒီမြို့ကို ပြန်ရောက်မလာတော့ဘူး။ ပြောရရင် အဲဒီမြို့က တစ္ဆေမြို့လိုဖြစ်သွားတယ်။ မအောင်မြင်တဲ့ တီးဝိုင်းတစ်ခုက အဖွဲ့သားတွေဟာ စော်ပွေတဲ့ဝိုင်းသား ကျေးဇူးနဲ့ တစ္ဆေမြို့ကိုရောက်လာတဲ့အခါမှာတော့ အဲဒီမြို့မှာ ဘာတွေကြုံရမလဲ သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဟော်ရာကားပါပဲ။လိင်အသားပေးအခန်းတွေ မနည်းပါတာမို့ သတိချပ်စေချင်ပါတယ်။ နာမည်ကျော် ဟော်ရာကားတွေမှာ ပါဝင်တတ်တဲ့အရာတွေကိုရောသမမွှေထည့်ထားသလို ဖြစ်နေတာမို့ ဟော်ရာဖန်တွေအတွက်တော့ ကြည့်ကောင်းပါလိမ့်မယ်။ ဟောလိုးဝင်းလည်းနီးပြီဆိုတော့ ဟော်ရာအငွေ့အသက်လေးတွေနဲ့ အောက်တိုဘာလကြီးကို ဖြတ်သန်းဖို့ ဓာတ်စာပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.6GB, 695MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 25Min Genre ...
movie
What the Waters Left Behind: Scars (2022)
2022
5.5
The Preacher (2022)
The Preacher (2022)ဘာသာတရားတွေမှာ လူတွေလုပ်နိုင်စွမ်းကိုကျော်လွန်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို "အံ့ဖွယ်" လို့ တင်စားသုံးနှုန်းလေ့ရှိပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဘာသာမှာတော့ "ကောင်းချီး" ဆိုတဲ့စကားလုံးအသုံးအနှုန်းကို ပိုသုံးလေ့ရှိပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဘုရားပေးတဲ့ကောင်းချီးပိုင်ဆိုင်ထားသူကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးအတုအယောင်အဆောင်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။~ဇာတ်လမ်းအကျဉ်း ~အန်တန်နာစီယိုလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးအနေနဲ့ ယောင်ဆောင်ပြီး အလှူငွေတွေလိုက်တောင်းနေသူတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သမားတော်ဟန်ဆောင်ပြီး သက်ကြီးရွယ်အိုတွေကို လိုက်ပြီးကုပေးသယောင်ယောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ရှာသမျှပိုက်ဆံကို အကုန်ပြန်ဖြုန်းတဲ့ အန်တန်နာစီယိုဟာ တစ်နေ့ပြီးတစ်နေ့ အကြွေးတွေပိုပိုတိုးလာပါတယ်။ ဒီလိုနဲ့ပဲ သူ့ကိုအကြွေးလာတောင်းသူတွေက အကြမ်းဖက်တဲ့အထိပါလုပ်လာတဲ့အခါ အန်တန်နာစီယိုတစ်ယောက် သူနေထိုင်ရာမြို့ရဲ့ အခြားဒေသတစ်ခုကို ပြောင်းနေရပါတယ်။မြေပြန့်ဒေသကနေ ကုန်းမြင့်ပိုင်းကိုရောက်သွားတဲ့ အန်တန်နာစီယိုဟာ သူနေထိုင်ရာဒေသအနီးတစ်ဝိုက်မှာ ရောဂါတွေကိုပျောက်ကင်းပေးစေနိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုကြားလိုက်ပါတယ်။ အဲဒီကောင်မလေးကို ထိလိုက်ရုံနဲ့တင် ရှိရှိသမျှရောဂါမျိုးစုံပျောက်ကင်းသွားတယ်ဆိုတဲ့ တစ်ဆင့်စကားကို အန်တန်နာစီယိုတစ်ယောက် ကြားလိုက်ရတဲ့အချိန်မှာ အဲဒီကလေးမရဲ့ မိဘကိုစည်းရုံးသိမ်းသွင်းပြီး ကလေးကိုအမြတ်ထုတ်ဖို့ကြိုးစားပါတော့တယ်။အစပိုင်းမှာတော့ ကလေးမရဲ့အိမ်ထဲမှာပဲ ကုသမှုတွေလုပ်နေနိုင်ခဲ့လို့ စီးပွားဖြစ်ထွန်းဟန်ရှိနေပေမယ့်လည်း "လောဘဟူသည်အဆုံးမရှိ" ...
movie
The Preacher (2022)
2022
7.1
Suraapanam (2022)
Surapanam (ရိုးသားကြိုးစား အရက်သမားသူခိုးလေး)ဒီတစ်ခေါက်မှာတော့ Surapanam ဆိုတဲ့ IMDb 7.1/10 တောင်ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားထဲမှာတော့ အဖေလုပ်သူက အကြွေးတွေပတ်လည်ဝိုင်းပြီးတော့ အမေလုပ်သူကလည်း သူ့ကို ဘော်ဒါဆောင်မှာထားပြီး တစ်လတစ်ခါတောင် သူ့ကို လာမတွေ့လို့ ဘယ်သူကမှ သူ့ကို မချစ်ဘူးလို့ ထင်နေတဲ့ ကောင်လေးရှီဗာ။ ကျောင်းပြီးလို့ အလုပ်လုပ်ရမယ့်အရွယ်ရောက်တော့လည်း ဘောစိကြီးတစ်ယောက်အတွက် ပစ္စည်းတွေကို လိုက်ခိုးပေးနေတဲ့ အလုပ်ကို လုပ်နေပါတော့တယ်။တစ်ရက်မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ အကြားအမြင်မေးတဲ့ဆီကို လိုက်သွားခဲ့တဲ့နောက်မှာ အဲဒီက ရသေ့ကြီးက သူ့ဘဝက ပြောင်းလဲသွားတော့မယ်လို့ ပြောလိုက်ပေမဲ့ဒီလို ကိစ္စပိုင်းမှာ အယုံအကြည်မရှိတဲ့ ရှီဗားချစ်ရသူလေးနဲ့ အတူတူ အိမ်မက်တွေမက်နေရင်းနဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘောစိလုပ်သူဟာ ရှေးဟောင်းရုပ်ထုတစ်ခုကို ခိုးခိုင်းပါတော့တယ်။ အဲဒီရှေးဟောင်းရုပ်ထုဟာဆိုရင်တော့ ကုဋေပေါင်းဆယ်ချီပြီးတော့ တန်တာဖြစ်ပြီးတော့ သူ့အတွက် တစ်ကုဋေဝေစုရမယ်လည်း ဆိုရော …ရှီဗာနဲ့ အပေါင်းအပါများ ဒီရုပ်ထုကို ဘယ်လိုပုံစံတွေနဲ့ ခိုးကြမလဲ …… အကြားအမြင်ရသေ့ကြီးပြောသလိုရော သူ့ဘဝက ချက်ချင်းကြီး ပြောင်းလဲသွားမှာလား …. ချစ်ရသူနဲ့အတူတူ ...
movie
Suraapanam (2022)
2022
6.7
The Innocent (2022)
The Innocent (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် ...
movie
The Innocent (2022)
2022
6
[18+] Piaffe (2022)
Piaffe (2022)~ IMDb - 6/10, Rotten Tomatoes - 92% ~ဒီကားကို German Expressionist Cinema ရုပ်ရှင်လို့ပြောလို့ရလောက်မယ်။ ဂျာမန်တွေဟာ German Expressionist ရုပ်ရှင်တွေကို ပထမကမ္ဘာစစ်လွန်ကာလတွေကတည်းက ရိုက်ခဲ့ကြတာဆိုတော့ ဒီလိုင်းမှာ ဂျာမန်တွေရဲ့စကေးက အထင်တော့သေးမရဘူး။ The Cabinet of Dr. Caligari (1920), Nosferatu (1922), Metropolis (1927) နဲ့ M (1931) တို့လို ရုပ်ရှင်သမိုင်းရဲ့ မှတ်ကျောက်တစ်ခု အထင်ကရတစ်ခုဖြစ်ခဲ့ကြတဲ့ Expressionist ရုပ်ရှင်တွေလည်း ဂျာမန်က ဟိုးကတည်းက ထုတ်ခဲ့ဖူးတယ်။ ဒီတော့ ဂျာမန် Expressionist ရုပ်ရှင်တွေကို အထင်သေးလို့မရပါဘူး။ ဒီကားလည်း ခရမ်းချဉ်သီး ၉၂လုံးရထားတဲ့ကားပါပဲ။ဇာတ်ကတော့ စားတယ်။ Expressionist ရုပ်ရှင်ပီသအောင်ပဲ Realism ကိုပယ်ပြီး ထင်ယောင်ထင်မှားအမြင်တွေ အတွင်းစိတ်ကိုထင်ဟပ်နေတာတွေကို ...
movie
[18+] Piaffe (2022)
2022
First
2
3
4
5
6
Last
Previous
Next