Channel Myanmar

2022

Bitch Ass(2022)
Bitch Ass(2022) ဆီဆယ်က ခပ်တုံးတုံးလူဝကြီး ဖြစ်လို့ "ငကြောက်ကောင်" ရယ်လို့ ငယ်ငယ်ကကျောင်းမှာ စနောက်ခံခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသူပါ။ အဲဒီထဲမှာ အခုအချိန်မှာ ဆဌမလမ်းလူမိုက်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်နေတဲ့ စပိတ်က ထိပ်ဆုံးကဖြစ်ပါတယ်။စပိတ်က ခွမ်တင်အပါအဝင် ဂိုဏ်းကိုစဝင်ခါစ လူငယ်သုံးယောက်ကို ဆီဆယ့်အဘွားဆုံးသွားလို့ အခု ဆီဆယ် တစ်ယောက်တည်း နေနေတဲ့အိမ်ကို ဓားပြဝင်တိုက်ဖို့ တာဝန်ပေးလိုက်ပါတယ်။ လွယ်လွယ်ပြီးပြတ်မဲ့ကိစ္စလို့တွက်ပြီး လူသစ်တွေကို လွှတ်လိုက်ပေမဲ့ သူတို့မသိတာက အဲဒီ့အိမ်ကနေ စောင့်ကြိုနေတဲ့ အန္တရာယ်တွေပါပဲ။ပစ္စည်းတွေယူဖို့နေနေသာသာ လူသစ်တွေက မျက်နှာဖုံးစွပ်ထားတဲ့လူသတ်သမားတစ်ဦးနဲ့ ထိပ်တိုက်တိုးပြီး ရှုံးနိမ့်တာနဲ့ အသတ်ခံရမဲ့ ဂိမ်းတွေကို အသက်နဲ့ရင်းလို့ကစားနေရပါတယ်။ အဲဒီ့အချိန်မှာပဲ ခွမ်တင့်ကို စိတ်ပူလို့ စပိတ်နဲ့အတူ ဆီဆယ့်အိမ်ကို ရောက်လာခဲ့တဲ့ ခွမ်တင့်အမေတို့အဖွဲ့ရော ကံကောင်းနိုင်မလား၊ ခွမ်တင်အပါအဝင် လူသစ်တွေအဖွဲ့ အသက်ရှင်နိုင်မလား၊ အပြင်လူတွေသာမက အဘွားရဲ့ အနှိပ်စက်ခံ သနားစရာလူဝကြီး ဆီဆယ်ရော ဘာတွေဖြစ်သွားလဲ၊ မျက်နှာဖုံးစွပ်နဲ့လူသတ်သမားက ဘယ်သူလဲ ဆိုတာတွေကို ဟာသအနည်းငယ်၊ သွေးသံရဲရဲဇာတ်ဝင်ခန်းများနဲ့ အချိတ်အဆက်မိမိ ဇာတ်အလှည့်အပြောင်း အချိုးအကွေ့တွေကို ကြည့်ရှုခံစားရမှာပါ။ File size…716MB  / 322MB Quality…1080p WEB DL  / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bitch Ass(2022)

2022
Sanctioning Evil (2022) 5.3
Sanctioning Evil (2022) Sanctioning Evil (2022) =================ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ လူဆိုးတွေကို နှိမ်နင်းမယ့် အက်ရှင်ကားတစ်ကားပါပဲ။ အရှေ့အလယ်ပိုင်းဒေသမှာ တာဝန်ထမ်း ဆောင်နေတဲ့ တပ်ကြပ်ကြီး ရဂျီနယ် ဘားန်ဟာ သူ့ရဲ့အမိန့်ပေးမှုအောက် ကနေ စစ်စည်းမျဉ်းကို သွေဖယ်တဲ့ အမှုတစ်ခုဖြစ်ပြီးနောက် ရာထူးမှ ချခံရပြီး စစ်တပ်မှ ထွက်ခဲ့ရပါတယ်။မကြာခင်မှာပင် နိုင်ငံရေးသမားတစ်ယောက်ဟာ အထူးတာဝန်တစ်ခု အတွက် ဘားန်ကို ခေါ်ယူခဲ့ပါတယ်။ အဲဒီတာဝန်ကတော့ စစ်တပ်စစ် ဆင်ရေးတွေနဲ့ ဆန့်ကျင်ဘက် မြေအောက်ဂိုဏ်းတစ်ခုကို အပြတ်ရှင်း ရမယ့်တာဝန်ပါ။ ဥပဒေကနေသွေဖယ်ပြီး လုပ်ကိုင်ရမယ့် ဒီအလုပ်ကို ဘားန်အနေနဲ့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ၊ ဘယ်လိုမျိုးတွေ လုပ်သွား မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size..........(1.24 GB) / (500 MB) / (285 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Zaw Myo Thu Encoder..........SWM
movie

Sanctioning Evil (2022)

2022
Morning Glory (2010) 6.5
Morning Glory (2010) Morning Glory (2010)~ IMDb - 6.5/10, Rotten Tomatoes - 55% ~မနက်ခင်း ‌အစောကြီး ရုပ်သံအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ တင်ဆက်ပေးတာကို ကျွန်တော်တို့တတွေ ရင်းနှီးကြမယ်တော့ မထင်ပါဘူး။ မနက်ခင်း ၄ နာရီ ၅ နာရီလောက်မှာ တိုက်ရိုက်တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ ကျွန်တော်ငယ်ငယ်ကတော့ ၇ နာရီလောက်မှာ အဖေဖွင့်ထားတဲ့ ရေဒီယိုကနေ ပြည်တွင်းပြည်ပ အသံလွှင့်အစီအစဉ်တွေ မရိုးတမ်း နားထောင်ခဲ့ရပါတယ်။ အခုလည်း ဒီလိုပါပဲ။ အန်ကယ်ဆမ်တို့ တိုင်းပြည်က ရုပ်မြင်သံကြား မနက်ခင်း အစီအစဉ်တွေပေါ့။ ကဏ္ဍစုံပါ‌ဝင်တာမလို့ သာမန်ပြည်သူ၊ စီးပွားရေးသမားကစလို့ ဝန်ထမ်း၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ စောင့်ကြည့်ရတဲ့ အစီအစဉ်တွေပါပဲ။မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ "မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ" အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ...
movie

Morning Glory (2010)

2022
Camila Comes Out Tonight (2021) 6.2
Camila Comes Out Tonight (2021) Camila Comes Out Tonight ====================== ဒီဇာတ်ကားဟာ အဘွားနေမကောင်းဖြစ်နေလို့ အိမ်ပြောင်းလာကြတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်အကြောင်းနဲ့ ဇာတ်အိမ်တည်ထားပြီး အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတွေကို ခပ်ပါးပါးလေးရောယှက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ကာမီလာဟာ အမေရယ် ညီမလေးရယ်နဲ့အတူ အဘွားအိမ်ကိုပြောင်းလာခဲ့ကြပြီး မြို့အသစ်ရဲ့ ကျောင်းအသစ်ကိုရောက်တော့ သူငယ်ချင်းမရှိတဲ့အတွက် တစ်ယောက်တည်း ‌ယောင်ချာချာ ဖြစ်နေခဲ့ရပါတယ်။ဒီလိုနဲ့သူငယ်ချင်း မိတ်ဆွေတွေ ရလာခဲ့တဲ့အခါမှာလည်း ထင်သလိုအဆင်မပြေဘဲ အခက်အခဲလေးတွေ ထပ်မံကြုံတွေ့ရပါတယ်။ ကာမီလာတို့ဟာ နိုင်ငံရေးကို စိတ်၀င်စားကြပြီး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြပါတယ်။ဒီဇာတ်ကားဟာ ဆယ်ကျော်သက်အရွယ်နဲ့ မိဘကြား ဆက်ဆံရေးအခက်အခဲတွေကို ဆဲဆိုအော်ဟစ်တာမပါဘဲ ခပ်အေး‌အေးပဲ ချပြသွားခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် ခွန်အားတွေပါပေးတဲ့အတွက် ဇာတ်ကားငြိမ့်ငြိမ့်လေးကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.7GB / 600MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Camila Comes Out Tonight (2021)

2022
Nostalgia (2022) 6.7
Nostalgia (2022) Nostalgia (2022) ================ ဒီတစ်ခေါက်မှာတော့ ၂၀၂၂ခုနှစ်မှာထွက်ရှိထားတဲ့ အီတလီကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ငြိမ့်ငြိမ့်လေးနဲ့ တစ်ကားလုံးကိုဆွဲခေါ်သွားတာကြောင့် အားတဲ့ရက်လေးမှာ နားအေးပါးအေးchill ချင်ရင် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ဖီးလစ် ဆိုတဲ့လူတစ်ယောက်ဟာ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သူ့မွေးဖွားရာမြို့လေးကို မပြန်ချင်ဘဲပြန်လာခဲ့ပါတယ်။ ဒါပေမယ့် မြို့ကိုပြန်ရောက်ပြီးတဲ့အချိန်မှာ သူသွားလေရာနေရာတိုင်းက သူ့ငယ်ဘ၀ပုံရိပ်တွေ ပြန်ထင်ဟပ်နေတာကြောင့် စိတ်ပြောင်းသွားပြီး ဒီမြို့မှာပဲပြန်လာနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူဟာ ဒီမြို့လေးနဲ့ မြို့ပေါ်ကလူတွေက သူ ငယ်ငယ်ကအတိုင်း မပြောင်းလဲဘူးလို့ ထင်နေခဲ့ပေမယ့် တကယ့်တကယ်တမ်းမှာ သူကလွဲပြီး ကျန်တာအကုန်လုံးက ပြောင်းလဲနေတဲ့အခါမှာတော့.... File size…1.3GB  / 555MB Quality…1080p BluRay / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Nostalgia (2022)

2022
The Stranger (2022) 6.6
The Stranger (2022) The Stranger (2022)~ IMDb - 6.6/10, Rotten Tomatoes - 94% ~ဒီဇာတ်လမ်းဟာ ဩစတေးလျမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေတည်ရိုက်ကူးတဲ့ ဇာတ်လမ်းပါ။ အဲဒီအမှုက ဒန်နီရယ်မော်ကွန်ဘီလူသတ်မှုလို့ ခေါ်တဲ့အမှုပါပဲ။ ၂၀၀၃မှာ ဒန်နီရယ် မော်ကွန်ဘီဆိုတဲ့ ၁၃နှစ်သား ကလေးလေးဟာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ၈နှစ်ကြာပြီးမှ တရားခံကို စခြေရာခံမိပါတယ်။ ၂၀၁၄မှာတော့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး တစ်သက်တစ်ကျွန်းအချခံလိုက်ရပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီတုန်းက ဟိုလေးတကျော်ဖြစ်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာမှ တရားခံတွေ့ခဲ့တဲ့ သနားစရာကလေးလေး အသတ်ခံရတဲ့အမှုကို သွယ်ဝိုက်ဖော်ကျူးထားတာပါ။ဩစတေးလျ ဒါရိုက်တာကပဲ ရိုက်ကူးထားပြီး သရုပ်ဆောင်တော်တော်ကောင်းသလို တစ်စထက်တစ်စနေရာပိုရလာတဲ့ Joel Edgerton နဲ့ Sean Harris တို့လို သရုပ်ဆောင်ကောင်းပေမဲ့ ရွက်ပုန်းသီးတော့ နည်းနည်းဆန်တဲ့ မင်းသားကောင်း၂ယောက် အပြိုင်ကြဲထားတာပါ။ နက်ဖလစ်ကားဖြစ်သလို ဝေဖန်ရေးသမားတွေလည်း တော်တော်ကြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တငြိမ့်ငြိမ့်နဲ့ ရင်ဖိုရတဲ့ကားတွေ ...
movie

The Stranger (2022)

2022
The Woman King (2022) 6.7
The Woman King (2022) The Woman King (2022)~ IMDb - 6.7/10, Rotten Tomatoes - 94% ~သမိုင်းရုပ်ရှင်ကောင်းတစ်ခု ထွက်လာပါပြီ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အနောက်အာဖရိကတိုင်းပြည် ဒါဟိုမီမှာ အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အထူးစစ်တပ်တစ်ခုရှိခဲ့ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာစစ်ပွဲအကြောင်း၊ ကျွန်ကုန်သည်တွေအကြောင်းကို အခြေခံပြီးပြသထားပါတယ်။ ဥရောပသားတွေကတော့ သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ခဲ့ကြပါတယ်။"ဇာတ်လမ်းအကျဉ်း"ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာ‌တွေကို အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲအဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ ...
movie

The Woman King (2022)

2022
4K HEVC Web-DL
The Ghost (2022) 6.6
The Ghost (2022) The Ghost (2022)အခုတစ်ခါမှာတော့ တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီရဲ့ Action/Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်မင်းသမီးချောလေး ဆိုနလ်ချောင်ဟန်ပါဝင်အားဖြည့်ပေးထားပါတယ်...ဗစ်ကရမ်နဲ့ ပရီယားတို့ဟာ ဒူဘိုင်းမှာ တာဝန်ကျနေတဲ့ အင်တာပိုလ်အရာရှိနှစ်ယောက်ပါ.. ချစ်သူရည်းစားတွေလည်း ဖြစ်ကြသေးတယ်...ဗစ်ကရမ်က သူ့ဒေါသကို မထိန်းနိုင်ခဲ့ဘူး...ဘာမဆိုခံစားချက်ကို ဦးစားပေးလုပ်တတ်ပြီး ပေါက်ကွဲလွယ်တတ်တယ်ပေါ့ ဒီလိုဖြစ်ရခြင်းကလည်း သူ့အတိတ်က ဖြစ်ရပ်ဆိုးကြီးကြောင့်ပါ...သူတို့နှစ်ဦး တာဝန်တစ်ခုကို ထမ်းဆောင်နေတုန်း လွဲချော်မှုလေးတစ်ခုဖြစ်ခဲ့ပါတယ် အဲ့ဒီလွဲချော်မှုလေးတစ်ခုကနေ စတင်ပြီး သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီး ဗစ်ကရမ်ရဲ့စိတ်အာရုံထဲမှာ ဒုစရိုက်လောကကို အမြစ်လှန်ဖို့ဆိုရင် ဒီဒုစရိုက်လောကကြီး မရှိတော့မှဖြစ်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားလိုက်ပါတယ်...ဒီလိုနဲ့ ဒီကိစ္စကို စတင်အကောင်အထည်ဖေါ်နေတုန်းမှာပဲ သူ့မိသားစုဟာ အန္တရာယ်နဲ့ ကြုံလာရပြီး အသက်ကိုခြိမ်းခြောက်ခံလာရပါတော့တယ်...ကဲ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော်...IMDb ကလည်း 6.7/10 အထိ ရရှိထားတာဆိုတော့ ကြည့်ကောင်းတဲ့ကားလေးပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော် File size…2.5GB / 1.2GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Taylor ~ BpL ~ Yunni
movie

The Ghost (2022)

2022
Hounded (2022) 7.8
Hounded (2022) Hounded (2022) ============တစ်ခါတလေ ကိုယ့်ရဲ့အိပ်မက်တွေထဲမှာ နောက်ကလိုက်ဖမ်းတဲ့သူတွေ လက်ထဲကနေ လွတ်အောင်တရစပ်ပြေးနေရတာမျိုး မက်ဖူးကြမယ် ထင် ပါတယ်။ တချို့ဆို မောဟိုက်ပြီးတော့တောင် လန့်နိုးလာတတ်ကြပါသေးတယ်။ ဒီဇာတ်ကားကတော့ အိပ်မက်ကမ္ဘာထဲမှာတင်မဟုတ်ဘဲ အပြင်လောကမှာပါ ကိုယ်ပြေးနိုင်မှ ကိုယ်ရှင်သန်ကျန်ရစ်မယ့် ဇာတ်ကားလေးပါ။လီယွန်၊ ချားဇ်၊ ဗစ် နဲ့ တော့ဒ် တို့လေးယောက်က ရှေးဟောင်းပစ္စည်းတွေကို လိုက်ခိုးပြီး ရောင်းစားကြတဲ့ သူခိုးလက်သစ်လေးယောက်ပါ။ တစ်နေ့မှာ အခမ်း အနားသုံးဓား လို့ နာမည်ကျော်ပြီး အရမ်းတန်ဖိုးရှိတဲ့ဓားတိုလေးတစ်လက်ကို ခိုးယူဖို့ ရွာတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်ခုဆီ ရောက်လာခဲ့ကြပါတယ်။အဲဒီဓားကို မခိုးယူနိုင်ခင်မှာပဲ အိမ်ရှင်အမျိုးသမီးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အဲဒီဒေသရဲ့ ထူးဆန်းတဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်။ ကွင်းပြင်ကျယ်တွေ တောအုပ်တွေထဲ ကြိုက်သလောက်ပြေး သတ်မှတ်တဲ့အချိန်ရောက်ရင် နောက်ကနေ အမဲလိုက်ခွေးတွေနဲ့ လိုက်ပြီး လူတွေကို လိုက်သတ်တဲ့ ကျောချမ်းဖွယ်ရာ အမဲ လိုက်ခြင်းမျိုးပါ။ ဒီအမဲလိုက်ခြင်းကနေ ဘယ်သူအသက်ရှင်ကျန်ရစ်မလဲဆိုတာကိုတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာများနဲ့ အတူ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie

Hounded (2022)

2022
The Righteous (2022) 5.8
The Righteous (2022) The Righteous(2022) =============== IMDb Rating - 5.8/10နာကျည်းမှုနဲ့ အတိတ်မဲတွေရှိခဲ့တဲ့ ဘုန်းတော်ကြီး တစ်ယောက်ဟာ မြို့ငယ်လေးတစ်မြို့ကို ပြောင်းရွှေ့လာပြီး အဲ့ဒီမှာ မိသားစုတစ်ခု ထူထောင်ပြီး ဘုန်းတော်ကြီးဘဝကိုစွန့်လွှတ်လိုက်ပါတယ်။ တစ့်နေ့မှာ ဘုရားသခင်ကပဲ သူ့ကိုအပြစ်ပေးတဲ့ အနေနဲ့ သမီးရဲ့အသက်ကို နှုတ်ယူ သွားလေတာလား၊ အပြစ်သားတစ်ယောက်ကို ဝဋ်ဆိုတဲ့အရာကပဲ ပြန်နှိပ်စက်နေခဲ့တာလား။သမီးကိုဆုံးရှုံးလိုက်ရတဲ့ ဘုန်းတော်ကြီး ဖရက်ဒရစ်ရဲ့ ဘဝထဲကို တစ်နေ့ လူငယ်လေးတစ်ယောက်က အိမ်ရှေ့တံခါးခေါက်ပြီး ရောက်လာပါတယ်။ ဒီကောင်လေးက သူတို့လင်မယားဘဝမှာ ဘုရားသခင်ပြန်ပေးတဲ့ ကောင်း ခြင်းလက်ဆောင်တစ်ခုလို့ ထင်မှတ်ပြီး သံယောဇဉ်တွယ်တာခဲ့မိပေမယ့်။ မကောင်းမှုတွေကပဲ ပြန်လည်အရောက်ပို့ပေးလိုက်တဲ့ ဖရက်ဒရစ်ရဲ့ အတိတ် အရိပ်ဆိုးကြီး တစ်ခုဖြစ်နေခဲ့တဲ့ အခါမှာတော့ အမှားနဲ့ အမှန်ကို အဖြူအမည်း ရုပ်ရှင်နဲ့ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ တဖြည်းဖြည်းဇာတ်ရှိန်တက်လာရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(930 MB) / (400 MB) / (200 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar ...
movie

The Righteous (2022)

2022
A Chance Encounter (2022) 7.0
A Chance Encounter (2022) A Chance Encounter (2022) ===================="ကျွန်တော့်ကို အိပ်မက်တွေထဲကနေ လမ်းပြပေးပါ ကျွန်တော် ခင်ဗျားကိုပဲ အိပ်မက်မက်နေပါ့မယ်" တဲ့။ လွမ်းမောဖွယ်ရာ အချစ် ဇာတ်လမ်းတွေမှာဆိုရင် အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ အခြေခံထားတဲ့ ဇာတ်လမ်းတွေကပိုလှပတတ်ကြတယ် ထင်ပါတယ်။ဂီတာလေးတစ်လက်နဲ့ ရိုးရာသီချင်းတွေကို သီဆိုတတ်ပြီး နာမည်ကြီး သီချင်းတစ်ပုဒ် ထွက်ရှိထားတဲ့ အဆိုတော်မလေး ဂျိုစီဒေး နဲ့ မိခင်ရဲ့ အမှတ်တရရှိရာ အီတလီကို လာရင်း စာ‌ရေးဖို့ ကုန်ကြမ်းရှာတဲ့ စာရေး ဆရာလေး ဟာလ်ဖလင်းတို့ရဲ့ အမှတ်မထင် တွေ့ဆုံမှုလေးကနေ လိပ်ပြာ လေးတွေကို ပျံစေခဲ့ပါသတဲ့။နှစ်ယောက်သား နေ့တိုင်းလျှောက်လည်ကြရင်း အိမ်ပြန်ချိန်ဆို ဟာလ်က "ဒီနေ့အတွက်ကဗျာ" ဆိုပြီး ဂျိုစီ့ကို ကဗျာတစ်ပုဒ်ရွတ်ပြတတ်သလို အဲဒီ ကဗျာလေးကိုပဲ ဂျိုစီက သီချင်းတစ်ပုဒ်အဖြစ် အသက်ပြန်သွင်းတတ်ပါ တယ်။ ဒီတော့ အလှနတ်ဘုရားလို့ ခေါ်တွင်ကြတဲ့ အီတလီမှာ ဆုံမိကြတဲ့သူ နှစ်ယောက်ကို ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ ပုံဖော်ပေးထားတဲ့ ရိုမန့် ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(936 ...
movie

A Chance Encounter (2022)

2022
The Lair (2022) 4.5
The Lair (2022) ဗြိတိန်​​တော်ဝင်​လေတပ်က ကပ္ပတိန်စင်ကလဲရားဟာ အာဖဂန်မှာ တာဝန်ထမ်း​ဆောင်ရင်း သောင်းကျန်းသူ​တွေရဲ့ ဒုံးကျည်ကြောင့် ​ လေယာဉ်ပျက်ကျပြီးတဲ့​နောက် အဖမ်းမခံရ​အောင်ထွက်​ပြေးရင်း ဘန်ကာကြီးတစ်ခုထဲကို ​ရောက်သွားပါတယ်။အဲဒီဘန်ကာထဲမှာမ​ကောင်းဆိုးဝါး​များစွာရှိပြီး ​နောက်ကပါလာတဲ့ သောင်းကျန်းသူ​တွေကို သတ်ပစ်လိုက်သလို စင်ကလဲရားလည်း အသက်လုပြီး ထွက်​ပြေးလာခဲ့ရပါတယ်။သောင်းကျန်းသူနဲ့ ဘန်ကာထဲက မ​ကောင်းဆိုးဝါး​တွေရန်က​နေ လွတ်လာပြီးနောက် ကူးပါးအ​သေခံတပ်ရင်းစခန်းကို ​ရောက်ရှိ သွားခဲ့ပါတယ်။ အဲဒီမှာ စင်ကလဲရားတစ်​ယောက် သူမြင်ခဲ့တဲ့ အရာအ​ကြောင်း ​ပြောပြခဲ့​ပေမယ့် စခန်းတစ်ခုလုံး မယုံ​ခဲ့ပါဘူး။ ဒါ​ပေမဲ့ ထိုညမှာပဲ အဲဒီမ​ကောင်းဆိုးဝါး​တွေက သူတို့တပ်ရင်းထဲ ရောက်လာပြီး စစ်သားတွေကို သတ်ဖြတ်သွားလို့ ကိုယ်​တွေ့ကြုံ လိုက်ရတဲ့ စစ်သား​တွေလည်း စင်ကလဲရား​ပြောတာလက်ခံပြီး အဆိုပါဘန်ကာနဲ့ မ​ကောင်းဆိုးဝါး​တွေကို အမြစ်ဖြတ်​ချေမှုန်းဖို့ ကြိုးစားပါ​တော့တယ် File size…1.3GB / 600MB Quality…1080p AMZ WEBRIP  / 720p Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX
movie

The Lair (2022)

2022
Burning (2022)
Burning (2022) Burning (2022)မင်းသမီးလှလှလေးနဲ့ ပရိသတ်ရဲ့ ရင်ဘတ်ကို အကဲစမ်းထားတဲ့ ခြံခုန်ဒရာမာ ဟောင်ကောင်ကားလေးပါ။ အိမ်ထောင်သည် လူရိုး ဆရာဝန်ပညာတတ် စည်းလည်းစောင့်သလို မယားလည်းကြောက်တဲ့ ဒေါက်တာတစ်ယောက်ဟာ တစ်နေ့မှာ အခန်းထဲပိတ်လှောင်ခံရတာကို ကြောက်တဲ့ စိတ်ရောဂါရှိနေတဲ့ ကောင်မလေးတစ်ယောက်ကို ကူညီပေးခဲ့မိပါတယ်။ ကောင်မလေးဟာ ဘဲပစ်ခံရရာကနေ ယောက်ျားတွေကို မယုံသင်္ကာဖြစ်နေတဲ့ စိတ်ဝေဒနာပါရှိနေသူဖြစ်ပြီး ဆရာဝန်ကိုကိုကို အကဲစမ်းရာက ဒေါက်တာကိုကိုရဲ့ရင်ဟာ ဖြူစင်တဲ့ ပုလဲပန်းတွေမှန်းသိသွားပြီး မခူးသင့်တဲ့ပန်းကို မရမကလှမ်းရာက ပတ်ဝန်းကျင်ရော သူများမိသားစုကိုရော ဖျက်ဆီးမိမလို ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ပါ ဖျက်ဆီးမိတဲ့ အိမ်ထောင်ရေး ဖောက်ပြန်ရေး ဇာတ်ကားကောင်းလေးပါပဲ။ မင်းသမီးအရူးမက တော်တော်လှတာမို့ ကြည့်ရတော့တန်ပါတယ်။ဒီဇာတ်လမ်းလေးဟာ နေနဲ့လမှာ ပန်းဘာသာနဲ့ရေးထိုးထားတဲ့ အချစ်ဆိုတဲ့ မက္ခရာကို မိုက်ကန်းရူးရဲ ဖတ်ဖို့ကြိုးစားရင်း လောင်ကျွမ်းပြာကျခဲ့ရတဲ့ ပန်းကလေးရဲ့ ဘဝအကြောင်းပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.1GB, 550MB Quality - ...
movie

Burning (2022)

2022
Doom Doom (2021) 7
Doom Doom (2021) Doom Doom (2021)စိတ်တုန်လှုပ်​ခြောက်ခြားပြီး အစိုးရိမ်လွန်တတ်တဲ့ အ​မေ နဲ့ ​နေထိုင်ရသူ အီနာ့မှာ အ​မေ မသိ​အောင် ဖွက်ထားရတဲ့ သမီး​လေးတစ်ဦး ရှိ​နေတယ်။ သမီးငယ်​လေးကို အ​မေ့အသိ အ​ဒေါ်တစ်​ယောက်စီမှာ အပ်ထားရတဲ့ အီနာ့ရဲ့ ဘဝဟာ ဝန်​တွေ ဖိအား​တွေ အပြည့်နဲ့ဖြစ်​နေ​ရှာတာပေ့ါ။တစ်ချိန်က လျှမ်းလျှမ်း​တောက် ကလပ် ဒီ​ဂျေ တစ်ဦးဖြစ်ခဲ့​ပေမဲ့ အခု​တော့ ​Call Center မှာ ​​​အော်ပရာတာအဖြစ်သာ လုပ်ကိုင်ရင်း အ​မေ​ပြောတဲ့ သာမန် ဘဝ​လေးထဲ ​နေထိုင်ဖို့ ကြိုးစား​နေလျက်ရှိတယ်။ဒါ​ပေမဲ့ တစ်​နေ့မှာ လမ်း​လေး​တစ်ခုထဲ ​လျှောက်လာရင်း ရင်ကို တဒိတ်ဒိတ် ခုန်​စေတဲ့ တီးလုံးသံ​တွေကို အီနာ ကြားလိုက်ရချိန်မှာ​တော့ သံစဥ်​တွေရဲ့ ဆွဲ​ဆောင်မှု​အောက် ​မျောပါသွားကာ နှလုံး​စေရာ အတိုင်း ဒီ​​ဂျေ ​လောကထဲ ပြန်လည် ​ခြေချဖို့ ကြိုးစားတဲ့အခါ ...အီနာတစ်ယောက် သူ့ရဲ့ အိပ်မက်တွေကို တစ်ဖန် ...
movie

Doom Doom (2021)

2022
Cursed Friends (2022) 5.1
Cursed Friends (2022) Cursed Friends (2022) ================မကြာခင် ဟောလိုးဝင်းအခါသမယကို ရောက်ရှိလာတော့မှာ ဖြစ်တာမို့ ဟောလိုးဝင်းကာလမှာ Horror ရုပ်ရှင်များနဲ့ Chill ကြမယ့် ရုပ်ရှင်ချစ်သူ များအတွက် အခုတလောမှ ထွက်ရှိလာတဲ့ Horror, Comedy ဇာတ်ကား ကောင်းလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။၂၀၀၂ ခုနှစ် ဟောလိုးဝင်းကာလမှာ အဲရစ်ကာတို့ သူငယ်ချင်း လေးယောက်ဟာ သကြားလုံး လိုက်တောင်းရင်း M.A.S.H ဆိုတဲ့ ကစားနည်း စာအုပ်ကို ရလာခဲ့ ပါတယ်။ အဆိုပါ ကစားနည်းစာအုပ်ဟာ အနာဂတ်ကို ကြိုတင်ခန့်မှန်းပြီး ကစား ရတာဖြစ်ပါတယ်။ အဲရစ်ကာတို့လည်း ထိုကစားနည်းကို ကစားခဲ့ပြီးတော့ မေ့မေ့ ပျောက်ပျောက်ပဲ ဖြစ်သွားခဲ့ပါတယ်။ သူတို့မသိလိုက်တာက အဆိုပါစာအုပ်ဟာ ကစားသူတွေကို ကျိန်စာတိုက်တယ်ဆိုတာပါပဲ။၂၀၂၂ ခုနှစ် ဟောလိုးဝင်းကာလမှာတော့ အဲရစ်ကာလည်း သူ့မွေးရပ်မြို့ကို အလုပ် အင်တာဗျူးအတွက် ပြန်လည်ရောက်ရှိလာပြီး သူငယ်ချင်းလေးယောက် ဆုံတွေ့ ဖြစ်ကြပါတယ်။ ထိုနေ့မှာပဲ ငယ်စဉ်က ကစားခဲ့ဖူးတဲ့ စာအုပ်ကိုပြန်လည်ရှာတွေ့ပြီး ကျိန်စာအသက်ဝင်လာပါတော့တယ်။ စာအုပ်က ကျိန်စာတွေကို လွန်ဆန်ဖို့ ကြိုးစား ကြရင်း အဲရစ်ကာတို့ သူငယ်ချင်းတစ်သိုက် ...
movie

Cursed Friends (2022)

2022
Project Legion (2022)
Project Legion (2022) Project Legion (2022) ===============ဇာတ်လမ်းအစ New Mexico မြို့မှာ ပလိပ်ရောဂါတစ်မျိုး ပြန့်နှံ့ခဲ့ပါတယ်။ ဒါကြောင့် ကူးစက်ခံရတဲ့နယ်မြေကို သုသေတနလုပ်ဖို့အတွက် Greg Rourkeနဲ့ သူ့ရဲ့အပေါင်းအဖော်များက နယ်မြေရှင်းလင်းဖို့အတွက် ရောက်လာခဲ့ပါတယ်။ နောက်တော့ သူ့အပေါင်းအဖော်များက ကူးစက်ခံရပြီး သူတစ်ယောက်ထဲသာ လွတ်မြောက်လာခဲ့ပါတယ်......နောက်ခြောက်လအကြာမှာတော့ ပုံမှန်အတိုင်းပဲ ဘားတစ်ခုမှာ သူငယ်ချင်းတွေနဲ့ အရက်သောက်ပြီးအိမ်ပြန်လာခဲ့ပါတယ်။ မိုးလင်းလာတော့ တစ်ကမ္ဘာလုံးက ငရဲ ဘုံသဖွယ်ပြောင်းလဲသွားပြီး Greg တစ်ယောက်ထဲသာ သူ့ရဲ့တိုက်ခန်းထဲမှာ အသက် ရှင်လျက် ပိတ်မိနေခဲ့ပါတယ်။ ဘာကြောင့် Greg တစ်ယောက်ထဲ အသက်ရှင်နေခဲ့တာလဲ။သူ့ရဲ့မိတ်ဆွေတွေက ဘာကြောင့် မကောင်းဆိုးဝါးတွေဖြစ်သွားကြတာလဲ၊ မကောင်း ဆိုးဝါးတွေက သူ့မိတ်ဆွေသဖွယ်ဟန်ဆောင်ပြီး သူ့ဆီကိုဘာလို့ချဥ်းကပ်လာကြတာလဲ၊ နောက်ဆုံးမှာတော့ Greg တစ်ယောက် သူ့တိုက်ခန်းကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်နဲ့ ကြည့်ရှူရမှာပါ...... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.05 GB) / (430 MB) / (250 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, ...
movie

Project Legion (2022)

2022
Selina’s Gold (2022)
Selina’s Gold (2022) (18+) Selina's Gold (2022)CM ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်က မင်းသမီးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးက တော်တော်လေးကို ဇာတ်အိမ်နာအောင်တည်ထားတာပါ။ အင်ဒိုချိုင်းနားကျွန်းဆွယ် အမေရိကန်နှင့် ဂျပန်တို့ရဲ့ ဒုတိယကမ္ဘာစစ်ကာလမှာ အခြေတည်ထားပြီး အရာရာဟာ ပျက်စီးနေတဲ့ကာလမှာ ဘဝတွေဟာဘယ်လောက် ပျက်စီးနေပြီလဲဆိုတာ အချိန်ကာလလေးနဲ့ လိုက်ပြီးဇာတ်လမ်းဆင်ထားတာလေးကတော်တော်လေး သဘောကျစရာပါ။စစ်ပွဲကာလ လူတွေဟာ ဘဝတွေပျက်တယ် ကိုယ်ကျင့်တရားတွေပျက်ကြတယ် သိက္ခာတရား ဆိုတာ ဗိုက်ဆာနေချိန်မှာ မြောင်းထဲရောက်ကုန်ကြတယ် ဒီလိုအဘက်ဘက်ကပျက်စီးယိုယွင်းနေတဲ့ ခေတ်ပျက်ကြီးမှာ ဆယ်လီနာဆိုတဲ့ ကလေးမတစ်ယောက် အသက် ၁၇ နှစ်ပြည့်ပြီး လှလှပပလေး ဖူးပွင့်လာခဲ့တယ်။ သို့ပေမဲ့ ကံတရားရဲ့ ရက်စက်မှုတွေက ဒီလိုနုနုနယ်နယ် ကလေးမကို အရက်သမား ဖခင်ကြီးဆီမှာနေစေခဲ့တယ်။ နောက်ဆုံးတော့ ဖခင်ကြီးက သူ့ရဲ့ အကြွေးတွေကိုဆပ်ဖို့ ရွာကငွေတိုးချေးစားတဲ့ သူဆီမှာ ဆယ်လီနာလေးကို ရောင်းစားခဲ့တယ်။ တီအာဂိုဆိုတဲ့ ငွေတိုချေးတဲ့သူဟာလဲ သူ့ရဲ့ယုံကြည်ချက်တွေမှာ သူ့ရဲ့အာဏာရှင်စိတ်ဓာတ် ဩဇာပေးချင်တဲ့စိတ်တွေကို ဆယ်လီနာလေးအပေါ်ပုံချခဲ့ရာ ငယ်ငယ်ရွယ်ရွယ်ကလေးမတစ်ယောက် လောကကြီးကို ဘယ်လိုရင်ဆိုင်ပြမလဲ မိန်းမတို့ရဲ့ မာယာကိုဘယ်လိုထုတ်ပြမလဲ ဆိုတာကို လှည့်ကွက်မျိုးစုံနဲ့ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။*** ကုတင်ပေါ်ကအခန်းများ စကားလုံးကြမ်းကြမ်းများ ...
movie

Selina’s Gold (2022)

2022
God’s Country (2022) 5.6
God’s Country (2022) God's Country (2022) ================ပါမောက္ခဆန်ဒရာဟာ နယူးအော်လန်ကနေ ပြောင်းလာပြီး ဆီးနှင်းပြင်ထဲမှာ တစ်ယောက်တည်း နေထိုင်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးပညာကို သင်ကြားရပြီး ကိုယ်မှန်တယ်ထင်ရင် အဆုံးထိတိုးတတ်တဲ့လူတစ်မျိုးပါ။ တစ်ရက်မှာ လူစိမ်းနှစ်ယောက်က သူပိုင်ဆိုင်တဲ့မြေနေရာပေါ် ကားရပ်ပြီး တောင်ကြားထဲမှာ အမဲလိုက်ဖို့ ရောက်ရှိလာခဲ့ကြတယ်။ အဲဒီလူနှစ်ယောက်ကို ဆန်ဒရာက သူ(သူမ)ပိုင်နက်ပေါ် မကျူးလွန်ဖို့ ပြောကြရင်းနဲ့ ပြဿနာတွေ စတင်လာခဲ့ပါတယ်။လက်ရှိအခြေအနေတချို့နဲ့ တိုက်ဆိုင်နေတဲ့ စကားလုံးတွေ၊ အဖြစ်အပျက်တွေ ပါဝင်ပြီး ရှုပ်ထွေးမှုတွေနဲ့ ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဇာတ်ကားအစပိုင်းမှာတော့ သာမန် flow လေးနဲ့ပဲ သွားနေပြီး ဇာတ်သိမ်းခါနီးလေ မြှုပ်ထားသမျှအရာပေါ်လေ ဆိုတာမျိုး ဖြစ်တာကြောင့် ဒီနေရာမှာတော့ အဆုံးထိကြည့်ပေးကြဖို့ပဲ ဆိုပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.2 GB) / (450 MB) / (260 MB) Quality............Web-DL 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......May Thet Khine ...
movie

God’s Country (2022)

2022
Confidential Assignment 2: International (2022) 6.9
Confidential Assignment 2: International (2022) Confidential Assignment 2 : Internationalအားလုံးစောင့်မျှော်နေကြတဲ့ Hyun Bin နဲ့ Yoona တို့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Confidential Assignment 2 ရပါပြီပုံမှန်မြင်တွေ့နေကြ တောင်ပိုင်းနဲ့မြောက်ပိုင်း အငြင်းပွားကြတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ တောင်နဲ့မြောက် ပူးပေါင်းပြီး တရားခံဖမ်းဆီးကြမယ့် ရုပ်ရှင်ကားဖြစ်တာမို့ Plot ဆန်းဆန်းနဲ့ Criminal Action ကားမျိုးကို ကြိုက်နှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲဇာတ်လမ်းအကျဉ်းကတော့_ မြောက်ကိုရီးယားအကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးမယ့် မြောက်ကိုရီးယားစုံထောက်အင်းချောရောင်းဟာ တောင်ကိုရီးယားစုံထောက်ဂန်ဂျင်ထယ်နဲ့ အတူတူပူးပေါင်းခဲ့ပါတယ်ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့နှစ်ဦးကို FBI စုံထောက်တစ်ဦးဖြစ်တဲ့ ဂျက် က လိုက်လံဖမ်းဆီးနေခဲ့ပြန်ပါတယ်ဒီလို‌နဲ့ ပြေးတမ်းလိုက်တမ်း ကစားကြရင်း ထင်မှတ်မထားတဲ့အခြေအနေတစ်ခုကြောင့် ဂျက် ဟာ အင်းချောရောင်းတို့နဲ့ ပူးပေါင်းဖို့ဖြစ်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးHyun Bin နဲ့ Daniel Henney တို့ရဲ့ ခပ်မိုက်မိုက် Action Scenes တွေနဲ့ Yoona ရဲ့ ပေါ့ပေါ့ပါးပါး ကာရိုက်တာလေးအပြင် Criminal Action ...
movie

Confidential Assignment 2: International (2022)

2022
Mia and Me : The Hero of Centopia (2022) 5.8
Mia and Me : The Hero of Centopia (2022) Mia and Me - TheHero of Centopia(2022)IMDb - 6.2/10Mia and Me ဆိုတဲ့ ကာတွန်းစီးရီးကို Movie အနေနဲ့ ပြန်လည် အသက်သွင်းထာားတဲ့ 2022 ခုနှစ်ထွက် Animation ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မီယာဆိုတာ အဖေရော အမေရော မရှိတော့တဲ့ ၁၂ နှစ်အရွယ် လူသားကောင်မလေး ဖြစ်ပြီး သူ့အဖေ ထားခဲ့တဲ့ မှော်ကာတွန်းစာအုပ်လေးကနေတစ်ဆင့် Unicorn နဲ့ Elf တို့ရဲ့ ကမ္ဘာ Centopia ဆီ အသွားအပြန်လုပ်နေတဲ့ သူပါဒီကားမှာတော့ Centopia ကို မကောင်းဆိုးဝါး ဖားပြုတ်ကြီး လက်ထဲကနေ မီယာနဲ့ Centopia က သူ့သူငယ်ချင်းတွေပူးပေါင်းပြီး ကယ်တင်ကြပုံကို ကြည့်ရှုကြရမှာပါAnimation ကားတွေရဲ့ ထုံးစံအတိုင်း အရောင်အသွေးစုံစုံလင်လင်နဲ့ မျက်စိပသာဒဖြစ်အောင် တင်ဆက်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အနားယူရင်း ရှုစားလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie

Mia and Me : The Hero of Centopia (2022)

2022