Channel Myanmar

2022

Lamborghini: The Man Behind the Legend (2022) 5.3
Lamborghini: The Man Behind the Legend (2022) Lamborghini: The Man Behind the Legend (2022) ===================================2019 တုန်းက Ford vs Ferrari ရုပ်ရှင်ထွက်လာပြီးတဲ့ နောက် မှာတော့ အခု Lamborghini ထပ်မံထွက်ရှိလာပါပြီမို့ တင်ဆက် ပေးလိုက်ပါပြီ။ လန်ဘိုဂီနီဆိုပြီးဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဖရူချို လန်ဘိုဂီနီဟာဆိုရင် ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ စစ်ထဲလိုက်ခဲ့ပြီး စက်ပြင်ပညာကိုသင်ယူခဲ့ရပါတယ်။ ဖရူချိုဟာ မိရိုးဖလာအလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးကို မလုပ်ကိုင်လိုပဲ ထွန်စက်တွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူ မက်သယ်အိုနဲ့ ကြိုးစားကြရင်း အခက်အခဲတွေ ကြားထဲမှ ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်းကို ၁၉၄၈ ခုနှစ်မှာ စတင်နိုင်ခဲ့ပါတယ်။ သူထုတ်နိုင်ခဲ့တာက တစ်ခြားထွန်စက်တွေထက်စွမ်းရည်နှစ်ဆသာပြီး ဈေးပိုသက်သာတဲ့ထွန်စက်ပါ၊ နာမည်ကလည်း လန်ဘိုဂီနီဆိုတဲ့နာမည်နဲ့ပါ။ပထမဆုံးထွန်စက်ပေါ်မှာတပ်ဆင်မယ့် လန်ဘိုဂီနီဆိုတဲ့ တံဆိပ်ပြားလေးရဖို့ အတွက် သူပေးဆပ်လိုက်ရတာကလည်း တန်ဖိုးကြီးပါတယ်။ ဖရူချိုဟာ ထွန်စက်တွေ၊ လေအေးပေးစက်တွေ၊ အပူပေးစက်တွေ ထုတ်လုပ်တဲ့လောကမှာ ကျင်လည်ရင်း ဖယ်ရာရီကားတွေတစ်စီးပြီးတစ်စီး သူဝယ်စီးထားနိုင်ခဲ့သလို၊ ကမ္ဘာကျော် လန်ဘိုဂီနီကားတွေထွက်လာဖို့ဆိုတာကလည်း ဖယ်ရာရီကား ကုမ္ပဏီကြောင့်ဆိုရင်မမှားပါဘူး၊ ဘာကြောင့်လဲဆိုတာတော့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းထဲမှာပဲ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin နဲ့ ...
movie

Lamborghini: The Man Behind the Legend (2022)

2022
Blade of the 47 Ronin (2022)
Blade of the 47 Ronin (2022) The Blade of the 47 Ronin (2022)ဒီကားလေးကတော့ ဆာမူရိုင်းတွေ၊ နင်ဂျာတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ကောင်းမယ့်ကားလေး တစ်ကားပါ။ ရှေးခေတ်က ဆာမူရိုင်းတွေကို ဒီဘက်ခေတ်အနေအထားနဲ့ ယှဉ်ရိုက်ပြထားတာ ဖြစ်ပြီးတော့ မင်းသားကြီး Keanu Reeves ရဲ့ နာမည်ကျော် (47) Ronin ရဲ့ spin-off ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ သဘောတရားကတော့ ယူရေဆိုတဲ့ စုန်းမျိုးနွယ် တစ်ယောက်ဟာ ရိုနင်(၄၇)ယောက်ရဲ့ မျိုးဆက်ကို ဖြတ်ပစ်ပြီး ဆာမူရိုင်းတွေ အားလုံးကို ရှင်းပစ်ချင်နေသူပါ။ ယူရေကိုတားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ဟာ ထန်ဂူဓားကို ကိုင်ဆွဲပြီး ယူရေကို သုတ်သင်ဖို့ပဲ ဖြစ်ပါတယ်။ ထန်ဂူဓားဆိုတာတော့ အင်မတန်စွမ်းအားကြီးတဲ့ ဓားဖြစ်ပြီး စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကို ပေါင်းစည်းမှသာ ရလာနိုင်မယ့် ဓားပါ။ ဒီတော့ ဆာမူရိုင်းတွေ အနေနဲ့ ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ကို ရှာတွေ့နိုင်ပါ့မလား၊ စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကိုရော ယူရေထက်အရင် ရှာတွေ့ပါ့မလား စုန်းမျိုးနွယ် ယူရေကိုရော ...
movie

Blade of the 47 Ronin (2022)

2022
Slumberland (2022) 6.6
Slumberland (2022) Slumberland (2022)Jason Momoa ကြီးပါဝင်တဲ့ Slumberland ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။နီမိုဆိုတဲ့ ကလေးမလေးဟာ ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်မှာ အဖေနဲ့အတူနေလာရင်း တစ်နေ့မှာ သူ့အဖေဆုံးပါးသွားခဲ့ပါတယ်။ ငယ်ငယ်တည်းက အမေဆုံးပါးခဲ့တာဖြစ်ပြီး အဖေပါမရှိတော့တဲ့ နီမိုဟာ တစ်ယောက်တည်းကျန်ခဲ့ကာ သူ့အဖေမသေခင်က ဆန္ဒအတိုင်း မြို့ကြီးပေါ်က သူ့ဦးလေးဆီမှာ သွားနေရပါတယ်။ဒါပေမဲ့ နီမိုဟာ သူ့ဘဝမှာ အဖေတစ်ယောက်တည်းပဲရှိခဲ့တာကြောင့် အိပ်မက်ထဲမှာ သူ့အဖေနဲ့ ပြန်တွေ့ချင်နေရှာပါတယ်။ ဒီအပြင့် သူ့အဖေထားခဲ့တဲ့ လျှို့ဝှက်မြေပုံတစ်ခုရှိပါသေးတယ်။ဒီမြေပုံဟာ အိပ်မောကျတိုင်းပြည်က ပုလဲတွေရှိရာကို ညွှန်ပြပေးတာဖြစ်ပြီး အဲဒီပုလဲရရှိသူဟာ လိုရာဆုတစ်ခုတောင်းရင် အိပ်မက်ကမ္ဘာထဲမှာ ဆန္ဒတွေပြည့်ဝနိုင်ပါတယ်။ ဒီတော့ နီမိုဟာ မြေပုံနဲ့အတူ သူ့အဖေသူငယ်ချင်း ဝရမ်းပြေးကြီးဖလစ်အကူအညီနဲ့ အိပ်မက်တစ်ခုကနေ တစ်ခုဆီ ခုန်ကူးရင်း ပုလဲကိုလိုက်ရှာတဲ့အခါ ...ကျန်တဲ့ နီမိုရဲ့ စွန့်စားခန်းနဲ့ အလွဲလေးတွေကိုတော့ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။)File Size      ...
movie

Slumberland (2022)

2022
Disenchanted (2022) 6.2
Disenchanted (2022) Disenchanted (2022)(1080p ရပါပြီ)2007 ခုနှစ်ရဲ့ Enchanted ရုပ်ရှင်အဆက်အနေနဲ့ Disenchanted ထွက်ပါပြီ။ ဒစ္စနေးရဲ့ ရုပ်ရှင်အသစ်လေးပါပဲ။ မှော်စိတ်ကူးယဉ်ဇာတ်လမ်းကို သီချင်းလှလှလေးတွေနဲ့ တန်ဆာဆင်ထားလို့ မိသားစုလိုက်ပျော်ပျော်ကြီးကြည့်လို့ရမှာပါ။ဇာတ်လမ်းအကျည်း ... ဂျစ်ဆဲလ်ဟာ အန်ဒလေးရှားတိုင်းပြည်ကနေ နယူးယောက်ကိုရောက်လာခဲ့ပြီး ရောဘတ်နဲ့မော်ဂန်တို့ သားအဖနဲ့တွေ့ဆုံခဲ့တာပါ။ဒီဇာတ်ကားမှာတော့ ရောဘတ်နဲ့ ဂျစ်ဆဲလ်တို့က ဆိုဖီယာဆိုတဲ့ သမီးလေးမွေးလာပြီး နယူးယောက်ကနေ မွန်ရိုဗီးဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းရွှေ့လာခဲပါတယ်။ကျေးလက်မှာ အခက်အခဲတွေတွေ့ရပြီး မော်ဂန်နဲ့လည်း အဆင်မပြေဖြစ်လာတဲ့အခါ ပုံပြင်ကမ္ဘာထဲမှာ ကြီးပြင်းခဲ့တဲ့ ဂျစ်ဆဲလ်ဟာ အမြဲပျော်နေချင်တဲ့သူဖြစ်တာကြောင့် သူလက်ဆောင်ရတဲ့ ဆုတောင်းနှင်တံလေးကိုသုံးပြီး ပုံပြင်ဘဝမျိုးရပါစေလို့ဆုတောင်းလိုက်မိပါတယ်။ဒါပေမဲ့ ဆုတောင်းရင်သတိထားပါဆိုတဲ့ ဆိုရိုးအတိုင်း ပုံပြင်ကမ္ဘာဆိုတာ ပျော်စရာအပြင် ဗီလိန်တွေလည်း ပါလာတဲ့အတွက် အန္တရာယ်ကြီးတွေရင်ဆိုင်ရတဲ့အခါ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။)File Size          : 2.9GB, 1.1GB, 588MB Quality            ...
movie

Disenchanted (2022)

2022
Blue’s Big City Adventure (2022) 7
Blue’s Big City Adventure (2022) Blue's Big City Adventure (2022)(1080p ရပါပြီ)Blue's Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါတယ်။ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ ...တေးသီချင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zeul Thwin ပါ။)File Size          : 2.2GB, 883MB, 481MB Quality      ...
movie

Blue’s Big City Adventure (2022)

2022
GodFather (2022) 5.9
GodFather (2022) မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲအဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon
movie

GodFather (2022)

2022
The Soccer Football Movie (2022)
The Soccer Football Movie (2022) The Soccer Football Movie (2022)လောလောလတ်လတ် ထွက်ရှိထားတဲ့ Netflix ရဲ့ကာတွန်းကားလေးဖြစ်ပါတယ်။ အရင် PSG အသင်းရဲ့ ဘောလုံးသမား မိုဗစ်ချ်ကိုတော့ လူတိုင်းသိကြမှာပါ။ ဇာတ်ကောင်ကိုတော့ မိုဗစ်ချ်လို ဆွဲထားပေမဲ့ အပြင်ကမိုဗစ်ချ် လိုတော့ လူကြမ်းကြီးမဟုတ်ပါဘူးဇာတ်လမ်းက ကလေးကားဆိုတော့ မိုဗစ်ချအစစ်လိုတော့ မဟုတ်ဘူးပေါ့။ ဇလာတန်ဆိုတဲ့ ဘောသမားတစ်ယောက်ဟာ အောစတားဆိုတဲ့ ဖလားကို ပြိုင်ဆိုင်ဖို့အတွက် နောက်ဆုံးပွဲစဉ်ရောက်ခါနီးမှာ ကလေးတစ်သိုက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့ ဘောစကေးတွေကို လိုချင်နေတဲ့ သိပံ္ပပညာရှင်အရူးတစ်ယောက်က ဇလာတန်ရဲ့ ဘောစကေးတွေကို ခိုးသွားတဲ့အချိန်မှာ စကေးတွေ မရှိတော့တဲ့ ဇလာတန်နဲ့ ကလေးတစ်သိုက်ဟာ ပြိုင်ဘက် အသင်းကို ဘယ်လိုအနိုင်ယူပြီး အောစတားဖလားကို အရယူနိုင်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Animation, Comedy, Family Quality…. 1080p | 720p | 480p File size… 1.42GB | 759MB | ...
movie

The Soccer Football Movie (2022)

2022
Tom and Jerry Snowman’s Land (2022) 5.4
Tom and Jerry Snowman’s Land (2022) Tom and Jerry : Snowman's Land (2022)ကလေးဘဝရဲ့ မမေ့နိုင်တဲ့အမှတ်တရ‌တွေအကြောင်း အစချီပြီးပြောတော့မယ်ဆိုရင် စကားမပြောတဲ့ တွမ်နဲ့ဂျယ်ရီကို ချန်ခဲ့လို့မရပါဘူး။ ဘယ်ကာတွန်းတွေကို ဘယ်လိုပဲရိုးသွားပါစေ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါပဲ ပြန်ကြည့်ကြည့် Tom and Jerry ကတော့ ကျွန်တော်တို့ကို အမြဲပြုံးမိစေတယ်လို့ပြောရင်တော့ မမှားပါဘူး။ ဒီနေ့ကတော့ Tom and Jerryကာတွန်းရဲ့ အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးသွားမှာပါ။ဂွတ်ဘယ်ရီမြို့ငယ်လေးမှာ ဒဏ္ဍာရီတွေ ပုံပြင်တွေနဲ့ပြည့်နှက်နေတဲ့ ဖလစ်စစ်တီတောင်ဆိုတာ ရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဖလစ်စစ်တီတောင်ထိပ်မှာရှိတဲ့ နှင်းတွေဟာ မှော်အစွမ်းရှိပြီး နှင်းလူကမ္ဘာဆိုတဲ့ မှော်ဝင်ရွာလေးလည်းရှိပါသတဲ့။တစ်ဖက်မှာတော့ ဒဘယ်ဗေးရဲ့အရုပ်ဆိုင်ကတွမ်နဲ့ မစ္စလာပေ့ခ်ျရဲ့အရုပ်ဆိုင်ကဂျယ်ရီကတော့ ကြောင်နဲ့ကြွက်ပီပီ နေ့တိုင်းသတ်ပုတ်ရင်းပေါ့။ ခေတ်မှီအရုပ်တွေရောင်းနေတဲ့ ဒဘယ်ဗေးရဲ့ဆိုင်ကြီးကို သာမန်အရုပ်လေးတွေနဲ့ မစ္စလာပေ့ခ်ျက မယှဉ်နိုင်တော့ အရှုံးပေါ်မယ့်အဖြစ်ကိုဆိုက်နေတာပေါ့။ တွမ်နဲ့ဂျယ်ရီဆိုရင်တော့ အမွှေစိန်လေးတက်ဖီကတော့ အမြဲမပါမဖြစ်ပါဘဲ။ ဒီကားလေးထဲမှာတော့ တက်ဖီက မှော်ဆရာရူး မျက်လှည့်ရူးလေးပေမဲ့ လုပ်သမျှမအောင်မြင်တဲ့ငမွှေလေးပေါ့။ဒီလိုသူတို့တွေရဲ့ဘဝထဲကို လာရီဆိုတဲ့ မှော်နှင်းကြွက်ကလေး ရောက်လာချိန်မှာတော့ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ။ မှော်နှင်းကြွက်ကလေး ရောက်လာချိန်ကျမှ ကံဆိုးပြီး နှင်းမကျတဲ့ခရစ်စမတ်နဲ့ တည့်တည့်တိုးလေတော့ နှင်းကြွက်လေးအရည်ပျော်မကျရေးအတွက် ဖလစ်စစ်တီတောင်ထိပ်က ...
movie

Tom and Jerry Snowman’s Land (2022)

2022
Dhokha: Round D Corner (2022) 8.1
Dhokha: Round D Corner (2022) Dhokha: Round D Corner (2022) Crime, Thriller IMDb 8.2/10 (5K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးဟာလည်း 3 Idiots ထဲမှာ အမီရ်ခန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မာဒဗန်းရဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက ယာထရာသ်နဲ့ ဆန်ချီးဆိုတဲ့ လင်မယားနှစ်ယောက်ကို မှီတည်ပြီးဇာတ်အိမ်တည်ထားတယ်...။တစ်ရက် သူတို့လင်မယားနှစ်ယောက်စကားများကြရာမှာ ဆန်ချီးက ကွာရှင်းပေးဖို့ပြောလာတယ်...။ခဏကြာတော့ သူတုိ့အိမ်ထဲကို ဆန်ချီးတစ်ယောက်တည်းရှိနေစဉ် အကြမ်းဖက်သမားက ဝင်ဆီးပါတော့တယ်...။ကယ်တင်ဖို့ရောက်လာကြတဲ့ရဲတွေကို မာထရာသ်က ဆန်ချီးမှာ စိတ်ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်ရောဂါဝေဒနာတစ်ခုရှိနေလို့ အမြန်ဆုံးကယ်တင်ပေးပါလို့ ပြောတယ်...။အိမ်ထဲရောက်နေတဲ့ အကြမ်းဖက်သမားကိုတော့ ဆန်ချီးဟာ သူ့ယောက်ျားမာထရာသ်က အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူမပိုင်ဆိုင်သမျှကိုလိုချင်လို့ သူ့ချစ်သူစိတ်ရောဂါအထူးကုဆရာဝန်မနဲ့ပေါင်းပြီး သူ့ကိုအရူးဆေးတိုက်နေတယ်..ဒါကြောင့် အမြန်ဆုံးမိမိကိုသတ်လိုက်ပါတော့လို့ တောင်းဆိုပြန်တယ်...။ကဲ..ဘာဆက်လုပ်ရမလဲ သိတယ်မလားဇာတ်လမ်းရဲ့အသွားအလာကို ကြည့်ရင်း ဘယ်သူဟာ အမှန်အတိုင်းပြောနေတာလဲ ဘယ်သူဟာလှည့်စားနေတာလဲဆိုတာကို ဝေဖန်သုံးသပ်ကြတော့နော်... File size…1.74GB / 834MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & OeliuJ & HayMan
movie

Dhokha: Round D Corner (2022)

2022
Sardar (2022) 7.8
Sardar (2022) Sardar (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....လတ်တလော မြန်မာပြည်က ရုံမချသေးပေမယ့် အကြည်ဗားရှင်းတက်လာလို့ ဦးဦးဖျားဖျား CM ကနေ စာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ် တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့ တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ...ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့ ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့ လာရိုက်ခတ်နေပါတယ်...ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ...။တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့ အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်...ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်...အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ...ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ ရှုစားလိုက်ပါတော့နော်...။ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…2.6GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  ...
movie

Sardar (2022)

2022
Smile (2022) 6.9
Smile (2022) Smile (2022) ========== IMDb Rating - 6.9/10ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM
movie

Smile (2022)

2022
Ticket to Paradise (2022) 6.2
Ticket to Paradise (2022) Ticket to Paradise (2022)ဟောလိဝုဒ်ရဲ့ ရွှေခေတ်နှောင်းကာလလောက်မှာမှ ဒီကို ဟောလိဝုဒ်ရွှေခေတ်လောက်ကကားတွေ ရောက်လာပြီးနောက် ကြည့်ခဲ့ကြတဲ့သူတွေကတော့ ဂျော့ကလူးနေးနဲ့ ဂျူလီ‌ယာရောဘတ်တို့ကို ကောင်းကောင်းကြီး ရင်းနှီးကြမှာပါ။ ကလူနေးက‌တော့ သူ့ခေတ်က ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့သလို လူကြိုက်များတဲ့ကားကောင်းတွေ ရိုက်ခဲ့တာလည်း မနည်းမနောပါပဲ။ Batman & Robin နားဝန်းကျင်မှာ စချာလာခဲ့ပေမဲ့လည်း အစဉ်အလာကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးအဖြစ်ကနေတော့ မရွေ့လျောသွားဘူးဆိုရမှာပါပဲ။ ဒီကားကတော့ သူနဲ့ သူ့လိုပဲ အစဉ်အလာကြီးတဲ့ မင်းသမီးကြီးဖြစ်တဲ့ ငယ်ဘဝရဲ့ Celebrity Crush မမစာရင်းထဲအပါအဝင်ဖြစ်တဲ့ ဂျူလီယာရောဘတ်နဲ့အတူ တွဲဖက်ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါပဲ။ဒေးဗစ်နဲ့ ဂျော်ဂျီယာက ကောလိပ်အပြီးမှာပဲ လက်ထပ်ယူခဲ့ကြတဲ့ ငယ်ချစ်တွေပေမဲ့ ကံမပါခဲ့တော့ သမီးလေးလီလီကိုမွေးပြီး အိမ်ထောင်သက်ငါးနှစ် အရောက်မှာပဲ ခွာပြဲခဲ့ကြတယ်။ အဲဒီကနေ ၁၄ နှစ်အကြာမှာတော့ ဆုံလိုက်တိုင်း တဗျစ်တောက်တောက် ဖြစ်တတ်ကြတဲ့ အဖေနဲ့အမေရဲ့ အုပ်ထိန်းမှုကြားမှာ လီလီတစ်ယောက် ဥပဒေဘွဲ့နဲ့ ကျောင်းပြီးသွားခဲ့တယ်။ ...
movie

Ticket to Paradise (2022)

2022
The Lost King (2022) 6.6
The Lost King (2022) The Lost King (2022)The Shape of Water မင်းသမီးကြီး Sally Hawkins ရဲ့ ဖြစ်ရပ်မှန် Historical Comedy ရုပ်ရှင်ကားသစ်ကို တင်ဆက်​ပေးလိုက်ပါတယ်။ IMDb 6.6/10, RT - 66% ရရှိထားတာဖြစ်ပြီး ၁၅ရာစုနှစ်တုန်းက ဗြိတိန်ဘုရင်ဖြစ်ခဲ့တဲ့ King Richard III အ​ကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေတည် ဇာတ်လမ်းဆင် ရိုက်ကူးထားတာဖြစ်ပါတယ်။အ​ပျော်တမ်းသမိုင်း​​လေ့လာသူ၊ အိမ်​ထောင်ရှင်၊ အလုပ်သမားဖြစ်တဲ့ Phillipa Langley ဟာ အထက်လူကြီးနဲ့ အဆင်မ​​ပြေမှု​တွေ​ကြောင့် အလုပ်မှာ ထိုက်သင့်တဲ့​နေရာကို မရသလို အိမ်​ထောင်​​ရေးကံလည်း မ​ကောင်းလို့ စိတ်​ထောင်းကိုယ်​ကြေ ဖြစ်​နေသူပါ။ တစ်ညမှာ​တော့ သားဖြစ်သူနဲ့ ရှိတ်စပီးယားပြဇာတ်သွားကြည့်ရင်း ပြဇာတ်မှာပါတဲ့ King Richard III အ​​ကြောင်း စိတ်ဝင်စားသွားခဲ့ပါတယ်။King Richard III ဆိုတာ အင်္ဂလန်သမိုင်း​ကြောင်းမှာ နှယ်နှယ်ရရ မဟုတ်ဘဲ ...
movie

The Lost King (2022)

2022
(18+) Showroom (2022)
(18+) Showroom (2022) လီဇယ်က ကိုယ့်ဒူးကိုယ်ချွန်အောင်မြင်စေရမယ်ဆိုတဲ့ အိမ်မက်တွေ တပွေ့တပိုက်နဲ့နယ်ကမြို့တက်လာပြီးကွန်ဒိုအရောင်းအေးဂျင့်အဖြစ် ကြိုးစားနေတဲ့ကောင်မလေးပါ။ လတ်တလောမှာတော့ သူ့အရောင်းတွေထိုးကျနေပြီး လျာထားချက်မပြည့်မှီရင်စာချုပ်သက်တမ်းမတိုးဘူးလို့ကုမ္ပဏီလူကြီးက ကြိမ်းမောင်းထားတဲ့အတွက် စိတ်တွေညစ်ကြံရာမရဖြစ်နေပါတယ်။အဲ့ဒီလိုအချိန်မှာပဲ ဆူဇန်ဆိုတဲ့ မိန်းမလှလေးတစ်ယောက်လူသစ်အဖြစ် ကုမ္ပဏီကိုရောက်လာပြီး အားလုံးအံ့သြရလောက်တဲ့ရောင်းအား စံချိန်နဲ့ အချိန်တိုအတွင်းမှာ ကုမ္ပဏီတွင်းထိပ်ဆုံး သူဌေးမျက်နှာသာကိုအရဆုံးနေရာကိုရသွားပါတော့တယ်။ဒီလိုရောင်းအားကောင်းတဲ့ နောက်ကွယ်မှာလျှို့ဝှက်ချက်တစ်ခုရှိရမယ်ဆိုပြီး တထစ်ချယုံကြည်ထားတဲ့ လီဇယ်ဟာ မမျှော်လင့်ပဲ ဆူဇန်ရောင်းအားကောင်းရခြင်းရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့နောက်မှာတော့..။ အဲ့ဒီလျှို့ဝှက်ချက်က ဆူဇန်ဟာ အကောင်ကြီးကြီးသူဌေးတွေနဲ့ အချိတ်အဆက်ရထားပြီး အခန်းဘယ်နှစ်ခန်းဝယ်ရင် သူ့ကိုပါ အဆစ်စားရမယ်ဆိုပြီး ရက်ရက်ရောရောထိုးကျွေးနေလို့ပါပဲ။ရောင်းအားတွေထိုးကျနေတဲ့ လီဇယ်ကိုယ်တိုင် ဒီနည်းကိုသုံးပြီး အရောင်းသွက်ဖို့ကြိုးစားလာချိန်မှာတော့ ဒီဈေးရောင်းနည်းရဲ့မူရင်းပိုင်ရှင်ဆူဇန်နဲ့ ထိပ်တိုက်တွေ့ပြီး အကြီးအကျယ်ကို မှန်ထောင်ပြိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ဒိုင်လူကြီးမရှိတဲ့ ဒီပွဲမှာ ဘယ်လိုအကွက်ဆန်းတွေနဲ့ ယှဉ်ပြိုင်ဗိုလ်လုပြီး ဘယ်သူက အနိုင်ရသွားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ File size…1.62GB / 630MB Quality…1080p WMAX WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Alias
movie

(18+) Showroom (2022)

2022
Tad, the Lost Explorer and the Emerald Tablet (2022) 5.9
Tad, the Lost Explorer and the Emerald Tablet (2022) Tad, the Lost Explorer and the Emerald Tablet (2022)ဒီကားလေးကတော့ Tad ရဲ့ တတိယမြောက်စွန့်စားခန်းကားနော်။Tad က သိပ်တော်တဲ့ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပေမဲ့ ခုချိန်ထိ လူတွေက သူ့ကို ဘာမှမဟုတ်တဲ့သူလို့ ထင်နေသေးတယ်။ ဒီကားမှာတော့ Tad က Saraရဲ့အဖွဲ့နဲ့အတူ ဂူတူးပြီး ရှေးဟောင်းပစ္စည်းရှာနေရင်းနဲ့ အီဂျစ်အခေါင်းကြီးရှာတွေ့ပါတယ်။အဲ့ဒီကနေ သူတော်တာပြမယ်ဆိုပြီး အီဂျစ်ခေါင်းကို ထားထားတဲ့ကျောင်းထဲ ခိုးဝင်ရာက Tad ရဲ့သူငယ်ချင်း Mummy က ကျိန်စာမိသွားပါရော ...ဒီကျိန်စာကိုပြယ်စေဖို့ နှစ်ထောင်ချီ ပျောက်နေတဲ့ ရှေးဟောင်း မြကျောက်ပြားကို ရှာဖို့ရာဖြစ်လာတော့ Tad တစ်ယောက် ဘယ်လိုရှာမလဲ? သူ့သူငယ်ချင်းတွေနဲ့ ဘယ်လို စွန့်စားခန်းတွေ ကြုံရမလဲ? ဆိုတာတော့ ဆက်ပြီး ကြည့်ရှုလိုက်ကြရအောင်နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size          : 1.3GB, ...
movie

Tad, the Lost Explorer and the Emerald Tablet (2022)

2022
Cherry Magic! THE MOVIE (2022) 7.3
Cherry Magic! THE MOVIE (2022) Cherry Magic : The Movie 2022 ========================= BL ပရိသတ်ကြီးအတွက် နွေးထွေးပြီးချစ်ဖို့ကောင်းတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ မူရင်းမန်းဂစာအုပ်ကို Live Action စီးရီးအနေနဲ့ ၁၂ ပိုင်း ပြန်လည်ရိုက်ကူးထားတာရှိပြီး အခုကတော့ တစ်ကားတည်းအပြီးအနေနဲ့ ထပ်ထွက်လာတာပါ။ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့အသားကို ထိလိုက်တာနဲ့ စိတ်ကိုဖတ်နိုင်တဲ့ ထူးထူးဆန်းဆန်းအစွမ်းကို ပိုင်ဆိုင်ထားတဲ့ ခုရိုရှိဆိုတဲ့ကောင်လေးဟာ သူ့ကိုခွက်ရှ်နေတဲ့ ကိုလူချောလေးရဲ့ စိတ်ကိုဖတ်နိုင်ခဲ့ပြီး တွဲဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မတော်တဆမှုဖြစ်ပြီး အစွမ်းပျောက်ကွယ်သွားတဲ့အခါမှာတော့...တွေ့နေကျ BL ဇာတ်အများစုထဲကလို ကျောင်းသားလေးတွေမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်းက လူလတ်ပိုင်းအရွယ် ရင့်ကျက်တဲ့ကောင်လေးနှစ်ယောက်အကြောင်းဖြစ်တာကြောင့် တစ်ချိန်လုံးရိုနေမှာတော့ မဟုတ်ပါဘူး။ အချင်းချင်းရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းကို အပြန်အလှန် အားပေးကူညီမယ်။ အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ်။အေးအတူ ပူအမျှခံစားပေးမယ် ။(စိတ်ဖတ်နိုင်တယ်ဆိုတာကလွဲလို့)ကြည့်နေရင်းနဲ့ အပြင်က BL အတွဲဆိုရင်လည်း ဒီလိုပဲဖြစ်မှာလို့ တွေးမိတဲ့အထိ အိုဗာတွေသိပ်မပါဘဲ ရိုးရိုးရှင်းရှင်းလေး လက်တွေ့ဆန်အောင် ရိုက်ပြထားတာကို သဘောကျမိတာမို့ ကြည့်ရှုအားပေးကြပါဦးလို့အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Comedy, Fantasy , ...
movie

Cherry Magic! THE MOVIE (2022)

2022
The Willowbrook (2022)
The Willowbrook (2022) The Willowbrook (2022)ဇာတ်ကားအကြောင်းကို ပြောရမယ်ဆိုရင်တော့ နာမည်ကြီး Influencer အမျိုးသမီးတစ်ယောက်ဟာ ဂျိုဆိုတဲ့ စိတ်ဒဏ်ရာတွေနဲ့ မိန်းကလေးကို သူ့ရဲ့ ပြန်လည်ကုစားရေးကာလလေးမှာ အကူအညီပေးဖို့အတွက်ဆိုပြီး သူ့အိမ်ကို ဖိတ်လိုက်ပါတယ်…။ အဲ့ဒီ့လိုနဲ့ ဂျိုဟာ သူ့သူငယ်ချင်း အေ့စ်နဲ့အတူ အိမ်ကြီးဆီကို မျှော်လင့်တကြီး ရောက်သွားခဲ့ပါတယ်...။ ဇာတ်လမ်းက အဲဒီနောက်မှ စမှာပါ..။" ပုထုဇဉ်နော ဥမ္မာတကော " တဲ့..။ ဂျိုရဲ့ မျှော်လင့်ချက်လေး အရောင်အသွေးထွက်ပါ့မလား... Influencer အမျိုးသမီးရဲ့ အကူအညီတွေကကော အရာရောက်ပါ့မလား…။ ဘယ်လိုလူတွေကို ဆုံလို့ ဘယ်လို အခက်အခဲတွေကို ကြုံတွေ့ရဦးမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲပဲ ကြည့်လိုက်ပါဦးနော့်...။ဒီကားဟာ Thriller အမျိုးအစားထဲပါပေမဲ့ ဟောဟောဒိုင်းဒိုင်း ကြိုက်သူတွေအတွက်မဟုတ်သလို ဇာတ်အိမ်ခိုင်ချင်တဲ့သူမျိုးတွေအတွက်လည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် ၁နာရီခွဲတောင်မပြည့်တဲ့ကားလေးမို့ အပျင်းပြေ ချိန်ဖြုန်းဖို့အတွက်တော့ တန်မှာပါ...(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.6GB, 610MB Quality ...
movie

The Willowbrook (2022)

2022
My Father’s Dragon (2022) 7.0
My Father’s Dragon (2022) My Father's Dragon (2022) ==================== IMDb Rating - 7.0/10Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ...
movie

My Father’s Dragon (2022)

2022
Overdose (2022) 5.5
Overdose (2022) Overdose (2022)တိုလု့စ် ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး မှုခင်း အဖွဲ့ခေါင်းဆောင် ဆယ်ရာဟာ ပြင်သစ်နဲ့ စပိန် ၂ နိုင်ငံကြားမှာ ကူးသန်းရောင်းဝယ်နေတဲ့ မှောင်ခို မူးယစ်ရာဇာတွေကို အကွက်ဆင်ပြီး တစ်ပြုံတည်း ဖမ်းဖို့ ပြင်ဆင်နေတဲ့အချိန် ... တစ်ဖက်မှာလည်း ပြင်သစ်က ဆေးရုံတစ်ရုံမှာ ကလေးငယ် ၂ ယောက် အသတ်ခံလိုက်ရပြီး ရစ်ချက်ဆိုတဲ့ အမှုစစ်က လိုက်လံ စုံစမ်းနေချိန် ... လူသတ်မှုဟာ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်နေကြောင်း သံသယရှိခဲ့ပြီး ဆယ်ရာနဲ့ ရစ်ချက်တို့ ၂ ယောက် ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။ဇာတ်ကားတစ်လျှောက်လုံး ရဲတွေက အကွက်ပြလိုက် ဒုစရိုက်သမားတွေက အကွက်ပြလိုက်နဲ့ မပျင်းမရိ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ Action, Crime, Thriller အမျိုးအစားကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် အသင့်တော်ဆုံး ...
movie

Overdose (2022)

2022
Monica, O My Darling (2022) 8.4
Monica, O My Darling (2022) Monica, O My Darling (2022)အခုတစ်ခါမှာတော့ လတ်လတ်ဆတ်ဆတ်လေး ထွက်လာတဲ့ ဟင်ဒီကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်နော်ဖြစ်ပုံက ဒီလို..။ဂျယန့်ဆိုတဲ့ နည်းပညာကျောင်းသားလေးဟာ ကျောင်းပြပွဲတစ်ခုမှာ သူ့ရဲ့ Presentation ကိုတင်ဆက်ပြသနေရင်းနဲ့ စက်ရုပ်ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုက သူ့ကိုသဘောကျသွားပြီး ကုမ္ပဏီဒါရိုက်တာ ခန့်လိုက်ပါတယ်...အဲ..သူက စီအီးအိုရဲ့သမီးနဲ့ ချစ်ကြိုက်နေတယ်ပေါ့...။လူမသိအောင်လည်း မိုနီကာဆိုတဲ့ အပျော်မယ်တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေသေးတယ်ဇာတ်လမ်းက အဲ့ဒီမွာ စပြီ..မိုနီကာက ဂျယန့်ကို ခြိမ်းခြောက်ပါပြီ သူမမွာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပါပြီဆိုပြီး ကလေးစရိတ်တောင်းပါပြီချစ်ရသူကလည်းတစ်ဖက် ချစ်ရသူနဲ့စုံမက်ခွင့်မရရင် ဆင်းရဲတဲ့ဘဝကတက်လာတဲ့ သူ့အတွက် လောလောလတ်လတ်စည်းစိမ်တွေပျောက်သွားမှာလည်းစိုးဒီလို စိတ်ညစ်နေတုန်းမှာပဲ သူနဲ့ဘဝတူ တစ်လှေတည်းစီး နောက်နှစ်ယောက်နဲ့ သွားဆုံမိပါတော့တယ်..သူတို့နှစ်ယောက်ကတော့ သူချစ်ရသူရဲ့အစ်ကိုတော်နဲ့ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက စာရင်းကိုင်ပါပဲသူတို့ကိုလည်း ထိုးနည်း၎င်းပဲ မိုနီကာက ခြိမ်းခြောက်ငွေညှစ်နေပါတယ်...။ကြံရာမရတော့တဲ့အဆုံး သူတို့သုံးယောက်ပေါင်းပြီး မိုနီကာကို သတ်ပစ်ဖို့ကြံပါတော့တယ်...။သူတို့ထင်ထားခဲ့သလိုပဲ ဒီအရှုပ်တော်ပုံကြီးလက်ကနေ လွယ်လွယ်နဲ့လွတ်မြောက်နိုင်ပါ့မလား...။နောက်ထပ်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့....။ဒီဇာတ္ကားထဲက နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ [Stree (2018),Hit: The First Case (2022), Roohi (2021), Kai Po Che! (2013), Shahid (2012)] .. စတဲ့ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့မင်းသားချောလေး ရာဂျ်ကူမားရောင်း....မင်းသမီးဟူမားကူရေရှီနဲ့ ရာဒီကားအာပ်တေးတို့ရဲ့ သရုပ်ဆောင်ချက်တွေကြားမှာ ဆက်လက်ပြီး ခံစားပေးကြပါဦးနော်...ကြည့်လို့ကောင်းတဲ့ ဟာသမှုခင်းကားလေးပါလို့ လက်တို့ရင်း ညွှန်းပေးလိုက်ပါတယ်နော်.. File ...
movie

Monica, O My Darling (2022)

2022