Channel Myanmar

2022

Savage Salvation (2022)
Savage Salvation (2022) Savage Salvation (2022)Robert De Niro နဲ့ John Malkovich တို့လို အကျော်အမော်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ Action Thriller ကားအနေနဲ့ဆို ဒီကားက ကြည့်လို့တော့ ကောင်းပါတယ်။ ပြဿနာက De Niro ဝင်သရုပ်ဆောင်ရမယ့် ကားတော့ ဟုတ်မနေပါဘူး။ မင်းသမီးကတော့ Willa Fitzgerald ဆိုတဲ့ အချောလေးပါပဲ။ သူရဲ့ခပ်လန်းလန်း အခန်းတွေလည်း ပါတာမို့ တော်တော်တန်တဲ့ကားပေါ့။ ဒီမင်းသမီးဟာ Reacher ဇာတ်လမ်းတွဲမှာ ပါဖူးပါတယ်။ မင်းသား Jack Huston ကတော့ House of Gucci ထဲမှာ ပါဖူးပါတယ်။ဇာတ်လမ်းကတော့ နယ်မြို့လေးတစ်မြို့က ရဲအရာရှိဖြစ်တဲ့ ဒီနဲရိုးရဲ့ဇာတ်ကောင်ရယ်၊ ဆေးသမားလင်မယားဖြစ်တဲ့ မင်းသားနဲ့မင်းသမီးရယ်၊ မင်းသမီးရဲ့ခဲအိုဖြစ်တဲ့ John Malkovich တို့ရဲ့ကြားမှာ ဖြစ်နေပျက်နေတဲ့ အကြောင်းအရာတစ်ခုနဲ့တည်ထားတာပါ။ ဘာအကြောင်းအရာလဲတော့ မပြောပြတော့ပါဘူး။ စပွိုင်လာမိမှာ ...
movie

Savage Salvation (2022)

2022
The Eternal Daughter (2022) 6.3
The Eternal Daughter (2022) The Eternal Daughter (2022) ===================== IMDb Rating - 6.3/10ဒေါက်တာထူးဆန်းထဲက အေးရှန့်ဝမ်းအနေနဲ့ သရုပ်ဆောင် ထားတဲ့ မင်းသမီးကြီး Tilda Swinton က ဇာတ်လိုက်အနေနဲ့ ပါဝင်ထားတဲ့ BBC ရဲ့ ဟော်ရာဇာတ်ကားအသစ်လေးကို တင် ဆက်ပေးလိုက်ပါတယ်။တစ်ချိန်ကမိသားစုစံအိမ်ကြီးဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ သရဲခြောက်တဲ့‌ ဟိုတယ်အဖြစ်လူအများသိနေကြတဲ့ အိမ်ကြီးထဲကို ဂျူလီတို့သားအမိနှစ်‌ယောက်ပြန်သွားရာကနေ ဇာတ်လမ်းအစပျိုး ထားတယ်။ သူတို့စစရောက်ချင်းညမှာပဲ ဂျူလီက စိတ်ထဲမသိုး မသန့်ကြီးခံစားရပြီး ဘယ်ကမှန်းမသိတဲ့ ဝုန်းကနဲ အသံကိုကြားလိုက် ရတယ်။အစကတော့ ပြတင်းပေါက်တွေမကောင်းလို့ဘာညာလို့ပဲ ထင်လိုက် ပေမယ့်၊ နောက်ညတွေမှာပိုပိုဆိုးလာလို့ ဂျူလီတစ်ယောက် အိမ်ကြီးရဲ့ လျို့ဝှက်ချက်ကို စူးစမ်းချင်မိသွားတော့တယ်။ အဲတော့မှသိလိုက်ရတဲ့ အိမ်ကြီးရဲ့လျို့ဝှက်ချက်တွေက ဘာများဖြစ်မလဲဆိုတာ ကြည့်ရှုပေးလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှ ရေးသားပေးပြီး၊ ဘာသာပြန် ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.5 GB) / (500 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery Translator.......CM Team Encoder..........SWM
movie

The Eternal Daughter (2022)

2022
Café Midnight : Missing Honey (2022) 5
Café Midnight : Missing Honey (2022) Cafe Midnight : Missing Honey (2022)၂၀၂၀ ခုနှစ်မှာထွက်ခဲ့တဲ့ MBC drama special မှာ ဒီနာမည်နဲ့ပဲ ထွက်ခဲ့တဲ့ ဇာတ်လမ်းကို မြန်မာနိုင်ငံမှာ ဂင်ချားနား လို့ နာမည်ကြီးတဲ့ မင်းသား Lee Yi Kyung နဲ့ ပြန်ပြီးအသက်သွင်းထားတဲ့ ရိုလည်းရိုသလို ထူးဆန်းထွေလာတွေနဲ့ ရောယှက်နေတဲ့ Romance Fantasy ရုပ်ရှင်လေးပါမင်္ဂလာဆောင်နေ့မှာ သတို့သားအန်းထယ်ဘောင်းက ရောက်မလာဘဲ ပျောက်ချင်းမလှပျောက်သွားပါတယ်.... အစကတည်းက အရမ်းချစ်ကြတဲ့ စုံတွဲဆိုတော့ ထွက်ပြေးသွားတယ်ဆိုတာကိုလည်း မယုံတဲ့ သတို့သမီးနမ်ဂွန်ယွန်းဟာ လိုက်ရှာပါတော့တယ်နောက်ဆုံးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကော်ဖီဆိုင်ရောက်သွားပြီးတော့ သူ့ရဲ့သတို့သားကိုပြန်တွေ့ခဲ့ပါတယ် ဒါပေမဲ့ အဲဒီကော်ဖီဆိုင်က သာမန်မဟုတ်ဘဲ ထူးခြားဆန်းပြားနေခဲ့တော့ ထင်သလိုဖြစ်မလာခဲ့ပြန်ပါဘူးနောက်ဆုံးတော့ သတို့သားကိုပြန်တွေ့မလား သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Lee Yi Kyung ရဲ့အရိုတစ်လိုင်းဇာတ်ကားလေးကို ကြည့်လိုက်ပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. 1080p | 720p | ...
movie

Café Midnight : Missing Honey (2022)

2022
Thunderbird (2022) 5
Thunderbird (2022) Thunderbird (2022)၂၀၂၂ ခုနှစ်ထွက် ရုပ်ရှင်သစ်လေး Thunderbird ကတော့ မှုခင်းအက်ရှင်ကိုကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ လောင်းကစားသမားတစ်ဦးဖြစ်တဲ့ ကင်ထယ်မင်းဟာ တစ်နေ့မှာတော့သူ့ဘဝအလှည့်အပြောင်းဖြစ်သွားစေမယ့်ပမာဏကိုနိုင်ခဲ့ပြီးတော့ Thunderbird ဆိုတဲ့ တန်ဖိုးကြီးကားတစ်စီးကို ရရှိခဲ့တဲ့အပြင် ငွေသားများစွာပါပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကားကိုရောကားထဲကပိုက်ဆံတွေကိုပါ ဆုံးရှုံးဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အစ်ကိုဖြစ်သူ ထယ်ဂယွန်းရယ်၊ ရည်းစားဖြစ်တဲ့ မီယောင်းရယ်နဲ့အတူ ကားကိုလိုက်ရှာရင်း အဲ့ဒီသည်းထိတ်ရင်ဖိုတစ်ညတာအတွင်းမှာ ဘယ်လိုအဖြစ်တွေကြုံတွေ့ရမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။သရုပ်ဆောင်တွေအနေနဲ့တော့ မင်းသားသစ် Lee Myung Ro ၊ မင်းသမီးသစ် Lee Seol နဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် Seo Hyun Woo တို့ကအဓိကပါဝင်ထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 555MB | 247MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle ...
movie

Thunderbird (2022)

2022
Mama Boy (2022) 6.5
Mama Boy (2022) Mama Boy (2022)ရှောင်ဟုံဆိုတဲ့ကောင်လေး (တကယ်တော့ကောင်ကြီး)က အသက်သာ ၃၀ ကျော်တယ်၊ ဆေးပေးမီးယူ ကူဖော်လောင်ဖက် တစ်ယောက်မှမရှိ‌သေးတဲ့ ကောင်လေးတစ်‌ယောက်။ရုပ်ချောပေမဲ့ ဘာဆို ဘာမှမဘာဖူးတဲ့ ဒီကောင်လေးရဲ့ဘဝမှာ "မ" ဆိုလို့ အမေနဲ့ပဲရှိနေခဲ့တဲ့ မေမေ့အချစ်တော် မာမားဘွိုင်းလေးပေါ့။ဒီလိုမာမားဘွိုင်းလေးရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာ သူ့ဝမ်းကွဲအစ်ကိုရဲ့ မွေးနေ့လက်ဆောင်အမည်ခံ ညဉ့်ငှက်မယ်တွေနဲ့ပျော်ပါးဖို့ တွန်းတိုက်မှုကြောင့် ဟိုတယ်ကိုရောက်လာချိန်မှာတော့ ရှောင်ဟုံရဲ့ဘဝထဲကို အစ်မလဲ့လဲ့ဆိုတဲ့ ဟိုတယ်က တစ်ခုလပ် Single mother မမကြီး ရောက်ရှိလို့လာပါတော့တယ်။ဒီလိုမျိုး ရိုးသားတဲ့ဖိုးသခွား ရှောင်ဟုံတစ်ယောက် အစ်မလဲ့လဲ့ကို မေမေ့အထိန်းအချုပ်အောက်က‌နေ ဘယ်လိုချဉ်းကပ်သွားမလဲ?"You Are the Apple of My Eye " ဇာတ်ကားထဲက အချစ်ဦးနဲ့ဝေးခဲ့သူ မင်းသားချောလေး Kai Ko တစ်ယောက် ရှောင်ဟုံဇာတ်ကောင်နဲ့ရော အချစ်ဦးနဲ့ နီးစပ်နိုင်ပါ့မလား?。。。IMDb 6.4 ရထားတဲ့ ဒီငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်ဝမ်အချစ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ...
movie

Mama Boy (2022)

2022
Sachertorte (2022) 6.6
Sachertorte (2022) Sachertorte(2022) IMDb ~ 6.6ဗီယင်နာမြို့က ဆာဟာ ဆိုတဲ့ ကဖေးဆိုင်လေးမှာ နေ့လယ် ၃ နာရီရောက်တိုင်း ချစ်ရသူကို ထိုင်စောင့်နေတတ်တဲ့ ကောင်လေး တစ်ယောက်ရှိပါတယ်ကားလ်နဲ့နီနီဟာ ဘာလင်မှာ ခဏတာ တွေ့ဆုံခဲ့ကြပြီး အကြောင်းကြောင်းတွေကြောင့် ဆက်သွယ်လို့မရ ဖြစ်သွားခဲ့ပါတယ်နီနီက ဗီယင်နာမြို့သူဆိုတာရယ် မွေးနေ့မှာ ဗီယင်နာမြို့က ဆာဟာကဖေးဆိုင်ကို နေ့လယ် ၃ နာရီတိတိမှာ အရောက်လာပြီး ဆာဟာတိုတာ(ဩစတြီးယား ချောကလက်ကိတ်) စားလေ့ရှိတယ်ဆိုတာရယ်ကိုပဲ သိတဲ့ ကားလ်အတွက်ကတော့ နေ့တိုင်း ဆာဟာဆိုင်ကို နေ့လယ် ၃ နာရီအရောက် ချီတက်ရပါတော့တယ်ဒါပေမဲ့လည်း အချစ်ဆိုတာမျိုးက နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးလွန်းတဲ့ အရာဖြစ်လေတော့.....ရိုမန့်တစ်ဆန်လှတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ အချစ်ရဲ့သိမ်မွေ့မှု နက်နဲမှုတွေကို ခံစားကြည့်ရှုရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1.6GB| 852MB | 480MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar ...
movie

Sachertorte (2022)

2022
Hit Man (2022) 5
Hit Man (2022) Hit Man (2022)(1080p ရပါပြီ)2022 ခုနှစ်ထဲမှာပဲ ထွက်ရှိခဲ့တဲ့ Hitman ဆိုတဲ့ လူသတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လျှို့ဝှက်ဆန်းကြယ်တဲ့ မီးလောင်သေဆုံးမှုကို စုံစမ်းပြီး ကျူးလွန်သူတွေကို လက်စားချေချင်တဲ့ ပတ်ဂျောင်းဂျာဟာ ... ဘာလို့ စုံစမ်းချင်တာလဲဆိုတော့ သေဆုံးသူတွေ သူ့သားရဲ့ မိသားစုဝင်တွေ ဖြစ်နေတာကြောင့်ပါ။သားဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ ဒီလိုကိစ္စတွေမှာ ကြေးစားအဖြစ် လုပ်ကိုင်နေတဲ့ ကွပ်ကဲရေးမှုးရှင်းဆီ အမှုလာအပ်ပါတော့တယ်။ကွပ်ကဲရေးမှူးရှင်းက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပညာရှင်ဆိုတဲ့ ကြေးစားလူသတ်သမားကို တာဝန်ပေးလိုက်တဲ့အခါ ... ပစ်မှတ်ကို သတ်မှတ်လိုက်ရင် နည်းလမ်းတွေရွေးမနေဘဲ သွေးအေးအေးနဲ့ လူသတ်ပေးတဲ့ ပညာရှင်တစ်ယောက် ...ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ဘယ်လိုရှာဖွေပြီး လက်စားချေပေးမလဲဆိုတာ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Estel ပါ။)File Size          : 1.3GB, 467MB, 235MB Quality          ...
movie

Hit Man (2022)

2022
2025: Blood, White & Blue (2022) 4.3
2025: Blood, White & Blue (2022) 2025: Blood, White & Blue (2022) =========================ဘီလ်ဝေလ်ဆင် ဆိုတဲ့ အေးဂျင့်တစ်ယောက်က သူလျိုလုပ်ပြီး ကာတယ်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဘီလ်ရဲ့ မိသားစုတစ်စုလုံး ပစ်မှတ်အထားခံလိုက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဟုမ်းလမ်းလုံခြုံရေးအဖွဲ့က အခြားစစ်ရေးအဖွဲဲ့တစ်ဖွဲ့နဲ့ပေါင်းပြီး ကာတယ် ဆိုတဲ့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကိုအစီအစဉ် သေချာဆွဲပြီးဖမ်းဖို့လုပ်တယ်၊ အဲမှာ ဘီလ် ဆိုတဲ့ အေးဂျင့်တစ်ယောက်က သူလျိုအနေနဲ့ ကာတယ်တွေနေတဲ့နေရာထဲကိုဝင်ပြီး စီစဉ်ထားတဲ့အတိုင်း လုပ်လိုက်တာ စစ်ဆင်ရေးကြီးအောင်မြင်သွားရော၊ မူးယစ်ဂိုဏ်းဆိုတော့ မူးယစ်ဆေးတွေနဲ့ ပိုက်ဆံတွေအများကြီးသိမ်းစည်းရမိတာပေါ့လေ။အဲဒီနောက် တစ်ရက်နှစ်ရက်နေတော့ the Purge ဆိုတဲ့ ဥပဒေမဲ့သတ်ဖြတ်ခွင့် ရှိတဲ့ညကိုရောက်လာရော၊ ဘီလ် ကတော့ သူ့အိမ်ကို ခြံစည်းရိုးတွေဘာတွေနဲ့ သေသေချာချာ လုံခြုံအောင်လုပ်ထားပေမယ့် သူမသိလိုက်တာက သူနဲ့သိကျွမ်းတဲ့ အီဒင် ဆိုတဲ့လူက သူ့အိမ်မှာ သိမ်းစည်းရမိတဲ့ မူးယစ်ဆေးတွေနဲ့ ပိုက်ဆံတွေ အကြောင်းကြားသိပြီး၊ အဲ့နေ့ညမှာဓားပြတိုက်ပြီးယူမယ်ဆိုတာပါပဲ၊ ဖြစ်ချင်တော့ ဘီလ်ရဲ့မိသားစုကလည်း ဘီလ်ရဲ့ အိမ်မှာ ညစာလာစားတဲ့အပြင် ဘီလ်ရဲ့ လုပ်ဖော် ကိုင်ဖက်ဖြစ်တဲ့ ဒယ်လ် ကပါ သူ့အိမ်မှာတစ်ညလာနေဖို့ရောက်လာပါလေရော။ အဲညမှာ အီဒင် စီစဉ်ထားတဲ့အတိုင်း ဖြစ်သွားမလား နောက်ဘာများဆက်ဖြစ်မလဲ ဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett ...
movie

2025: Blood, White & Blue (2022)

2022
[18+] Lady Chatterley’s Lover (2022) 6.9
[18+] Lady Chatterley’s Lover (2022) Lady Chatterley's Lover (2022)(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ)1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ...
movie

[18+] Lady Chatterley’s Lover (2022)

2022
Freddy (2022) 8.7
Freddy (2022) ဖရက်ဒီဆိုတာ အသက် ၂၈ နှစ်အထိ ရည်းစားတစ်ခါမှ မထားဖူးတဲ့ လူပျိုကြီးတစ်ယောက်ပေါ့ သူ့ရဲ့ ရိုးရိုးအေးအေး တုံးတုံးအအ ပုံစံကြောင့် မိန်းကလေးတွေကလည်း သူ့ကိုမကြိုက်ကြဘူးသူက သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး မိဘမရှိ၊ အဒေါ်နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေနေရတာ ဖြစ်ပါတယ်အချစ်ကိုရှာဖွေရင်း အထီးကျန်ဆန်လှတဲ့ သူ့ဘဝကို စိတ်လှုပ်ရှားမှုတွေ ရင်ဖိုမှုတွေ ပေးမယ့် မိန်းကလေးတစ်ယောက် ရောက်ရှိလို့လာခဲ့ပါတယ်အဲဒီမိန်းကလေးဟာ အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပေမယ့် သူ အဲဒီမိန်းကလေးကို ချစ်မိသွားခဲ့ပါတယ် လက်ထပ်ဖို့အထိပါ စဉ်းစားခဲ့ပြီး အဲဒီမိန်းကလေးကို ချဉ်းကပ်ပါတော့တယ်တကယ်တော့ အဲဒီမိန်းကလေးဟာ သူ့ယောက်ျားရဲ့ အထက်စီးဆန်မှု မောင်ပိုင်စီးမှုနဲ့ နှိပ်စက်မှုတွေရဲ့ သားကောင်ဖြစ်နေခဲ့ရတဲ့သူဖြစ်ပါတယ်ဒီလိုနဲ့ ဖရက်ဒီနဲ့ သူနဲ့ ရှေ့ဆက်ဘယ်လိုဖြစ်မလဲ သူတို့ရဲ့တွေ့ဆုံမှုက ကံကြမ္မာရဲ့ စေလိုရာလား လူတစ်ယောက်ရဲ့ဖန်တီးမှုလား...ဒီဇာတ်ကားဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ လှည့်ကွက်များစွာနဲ့ မရိုးရှင်းလှပါဘူး ဒရမ်မာကိုမှ Mystery ဆန်ဆန် Thriller ဆန်ဆန် ကြည့်ချင်သူတွေအတွက် တကယ်အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်File size…1.34GB / 574MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~ ...
movie

Freddy (2022)

2022
Torn: A Wicked Trilogy (2022) 4.9
Torn: A Wicked Trilogy (2022) Torn: A Wicked Trilogy (2022) ======================လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP ...
movie

Torn: A Wicked Trilogy (2022)

2022
Goodbye (2022) 7.9
Goodbye (2022) Goodbye (2022) Comedy, Drama, Family IMDb 7.9/10 (5.3K)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးမှာတော့ အမီတာဘဂျမ်းကြီးရယ် အားလုံးအချစ်တော် မင်းသမီးလေး ရက်ရှမီကားရယ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဒီဇာတ်ကားလေးက ရက်ရှမီကားအတွက် ဘောလီဝုဒ်လောကကို ပထမဦးဆုံး စတင်ခြေလှမ်းလာတဲ့ ကားလေးပဲဖြစ်ပါတယ်...ဒီကားလေးကို ကြည့်ရင်းနဲ့လည်း သံဝေဂတွေ အများကြီးရပါတယ်...ဇာတ်ကားနာမည်ကိုက ဂွတ်ဘိုင်တဲ့လေ..ဟုတ်ပါတယ် ကျွန်တော်တို့ တစ်နေ့ကျရင် ဒီလောကကြီးကနေ နှုတ်ဆက်ခွဲခွာကြရမှာပါ ဘဝသံသရာကြီးကိုလည်း ကြုံဆုံတွေ့ရဦးမှာပါတစ်ချိန်မှာ ကိုယ်က သားသမီးနေရာမှာ ဆိုးချင်တိုင်း ဆိုးခဲ့ပေမယ့် တစ်နေ့ကျရင် မိဘနေရာကို ဝင်ကြရမှာပါပဲ...လောကဓံတရားက ကိုယ်နဲ့အတူအမြဲရှိနေမှာပါ..ဒီတော့ မိဘေတွေကို ရှိနေတုန်း တန်ဖိုးထားကြပါ မိဘနဲ့အတူအချိန်ဖြတ်သန်းကြပါ မိဘကို အချိန်ပေးကြပါလောကမှာရှိနေစဉ် ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့လည်း သင့်သင့်မြတ်မြတ်နေထိုင်ဖြတ်သန်းကြပါ အချင်းချင်းဂရုစိုက်ပေးကြပါတစ်ချိန်မှာ ကိုယ့်သွေးသားရင်းခြာ..ကိုယ့်မိဘတွေနဲ့ နှုတ်ဆက်ခွဲခွာရတဲ့အခါမှာလည်း ကောင်းသောနှုတ်ဆက်ခြင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးဟာ မိသားစုဒရာမာကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…2GB  / 1GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor ~ Shwe Pyae ~ ...
movie

Goodbye (2022)

2022
Repeat (2022) 7.7
Repeat (2022) Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ  /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie

Repeat (2022)

2022
Monster (2022) 5.1
Monster (2022) အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့ မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့ စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ် ထွက်ရှိလို့ လာခဲ့ပါပြီဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီး နိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့ ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ်ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး သူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ်ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီး စကားတွေလည်း အများကြီးပြောပါတယ် ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ်အဲဒီလိုနဲ့ ဘာမီနီတို့လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို မရမက အတင်းလာမယ်လုပ်ပြီး ရောက်လာတဲ့အချိန်မှာတော့..သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတော့တယ်သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့ ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ရှင် File size…4.34GB / 2.13GB / 980MB Quality…4K HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora~ BpL ~ Yunni
movie

Monster (2022)

2022
4K HEVC
My Name Is Vendetta (2022) 5.3
My Name Is Vendetta (2022) My Name Is Vendetta (2022)(1080p ရပါပြီ)"သတ်မှာလား အသတ်ခံမှာလား ဒါဟာ ဥပဒေပဲ" ဆိုတဲ့ စကားစုလေးနဲ့ အစချီပြီး စတင်ထားတဲ့ "My Name is Vendetta" ဆိုတဲ့ ဇာတ်ကားလေးက အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Netflix ဇာတ်ကားကောင်းလေး တစ်ကားပါ။ဇာတ်လမ်းအကျဉ်း ... ဘဝမှာ သူများကို သတ်မှာလား ကိုယ် အသတ်ခံမှာလား ဆိုတဲ့စိတ်နဲ့ ဘဝတစ်လျှောက်နေလာခဲ့တဲ့ မာဖီးယား တစ်ဦးက ဖူးစာရှင်လေးနဲ့တွေ့ပြီး သူ့ဘဝကို ပြောင်းလဲလိုက်တယ်။ သမီးလေးတစ်ယောက် မွေး ဘဝကို ပျော်စရာတွေ မေတ္တာတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေစဉ်မှာ အတိတ်မှာ ဆိုးခဲ့တဲ့အမှားတွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့အတွက် သူ့မိသားစုကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ကံကောင်းချင်တော့ သမီးဖြစ်သူ ဆိုဖီယာက မသေဘဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့မိသားစုကို သတ်ခဲ့တဲ့ ...
movie

My Name Is Vendetta (2022)

2022
Warriors of Future (2022) 6.3
Warriors of Future (2022) Warriors of the Future (2022)ဟောင်ကောင်ရဲ့ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားတွေကလည်း နာမည်ကြီး ဘိုးတော်တွေပါပဲ။ ဇာတ်လမ်းကလည်း အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနာဂတ်အချိန်ကို အခြေတည်ထားတာပါ။အနာဂတ်မှာ လူတွေဟာ နည်းပညာတွေတိုးတက်လာပြီး စက်ရုပ်တွေကိုပါ စစ်ပွဲတွေမှာ သုံးနိုင်တဲ့အဆင့်ဖြစ်လာပါပြီ။ ဒါပေမဲ့ စစ်ပွဲတွေများလာတာနဲ့အတူ ကမ္ဘာကြီးလဲညစ်ညမ်းပျက်စီးလာပြီး နောက်ဆုံးမှာ လေထုပါ အဆိပ်သင့်သွားတဲ့အခြေအနေဖြစ်လာပါတယ်။ လူတွေကလည်း စကိုင်းနက်လို့ ခေါ်တဲ့ လေသန့်စင်စနစ်ကြီးတွေတည်ဆောက်ပြီး နေကြရတာပါ။ တစ်နေ့မှာတော့ ကမ္ဘာပေါ်ကို ဥက္ကာခဲတစ်ခု ကျလာပြီး အဲဒီအထဲကနေ အခြားဂြိုလ်က အပင်တစ်ပင် ပေါက်ထွက်လာပါတယ်။ အဲဒီအပင်ဟာ ရေနဲ့တွေ့လေကြီးထွားလေဖြစ်ပြီး အဖျက်စွမ်းအားလည်း မြင့်လာပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပင်ဟာ ကမ္ဘာပေါ်လေတွေကို သန့်စင်ပေးနိုင်စွမ်းရှိတာမို့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဖြစ်နေတာပါ။ အခုဇာတ်လမ်းရဲ့ အဓိက အကြောင်းအရာကတော့ အဲဒီအပင်ရဲ့ ဖျက်ဆီးနိင်စွမ်းတွေကို တားဆီးပြီး ကမ္ဘာကိုကယ်တင်နိုင်ဖို့ စစ်ဆင်ရေးတစ်ခု ခက်ခက်ခဲခဲ ဆင်နွှဲရတဲ့အကြောင်းပါပဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ခံစားကြည့်လိုက်ပါဦး။အညှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Sci-fi Quality…. 1080p ...
movie

Warriors of Future (2022)

2022
Love Destiny: The Movie (2022) 6.8
Love Destiny: The Movie (2022) Love Destiny: The Movie (2022)အယုဒ္ဓခေတ်မှာသေကွဲကွဲခဲ့ရပေမယ့် အလယ်ခေတ်မှာလူပြန်ဝင်စားလာတဲ့ Bhop နဲ့ Gaysorn မှာ Bhop ကသာ အတိတ်ဘဝကချစ်သူဟောင်းကို ၁၀နှစ်လုံးလုံးအိပ်မက်ထဲမှာပြန်တွေ့ပြီး မှတ်မိနေခဲ့ပါတယ်။အိပ်မက်ထဲကမိန်းကလေးနဲ့တစ်ထပ်တည်းတူတဲ့ Gaysorn ကိုတွေ့လိုက်ရချိန်မှာတော့ Bhop တစ်ယောက် အနောက်ကတကောက်ကောက်လိုက်ရတဲ့အထိကို အရူးအမူးဖြစ်ပါတော့တယ်။Gaysorn ကတော့ ကံမကုန်တာတွေ ပြန်ဆုံတာတွေကိုမယုံတတ်တဲ့မိန်းကလေးပီပီ ခေတ်ဆန်ဆန်ဗန်းစကားလေးတွေညှပ်ညှပ်ပြီးပြောတတ်တဲ့ Mathus ဆိုတဲ့ကောင်လေးကိုပဲစိတ်ဝင်စားနေပါတယ်။ Mathus ဆိုတာကတော့ အယုဒ္ဓယခေတ်ကမှတ်တမ်းစာအုပ်ထဲမှာပါတဲ့ ရှေ့ဖြစ်ဟောတမ်းတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကိုက်ညီနေတဲ့ လူထူးလူဆန်းလေးတစ်ယောက်ပေါ့။အနာဂတ်က Time traveler လေး Mathus ခမျာ ကံမကောင်းရှာတော့ ရှေးခေတ်စုံတွဲကြားညပ်ရတဲ့အပြင် နန်းတွင်းပုန်ကန်မှုအရှုပ်တော်ပုံထဲမှာပါ ခြေစုံပစ်လျက်သားဖြစ်ပါတော့တယ်။Cast အနေနဲ့ကလည်း My Ambulance Ost အဆိုတော်လေး P'Paris မို့လို့ ကြည့်ရတာအတော်လေး မျက်စိအားရှိစေမယ့် movie လေးပါနော်။(ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi  က ရေးပေးထားပါတယ်။)File Size      ...
movie

Love Destiny: The Movie (2022)

2022
Troll (2022) 6.8
Troll (2022) Troll (2022)နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla ...
movie

Troll (2022)

2022
Aftersun (2022) 7.7
Aftersun (2022) Aftersun (2022)~ IMDb - 7.7/10, RT - 97%, Meta - 95% ~Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ ...
movie

Aftersun (2022)

2022