Channel Myanmar

2022

Guillermo del Toro’s Pinocchio (2022) 8.1
Guillermo del Toro’s Pinocchio (2022) Guillermo del Toro's Pinocchio (2022)သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရိုရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။ ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။ ပုံမှန် Animation မဟုတ်ဘဲ Stop Motion အမျိုးအစားမို့လည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။ ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို့ လူကြီးပရိသတ်တွေကတော့ ပိုခံစားလို့ကောင်းပါလိမ့်မယ်။ Pan's Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။ ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။ မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ ၁ နာရီ ၅၇ မိနစ်အကြာရိုက်ကူးထားတာမို့ အကြာဆုံး Stop Motion ရုပ်ရှင်လည်း ဖြစ်သွားပါပြီ။ ဂီရယ်မိုရဲ့ထုံးစံအတိုင်း နိမိတ်ပုံတွေ၊ ...
movie

Guillermo del Toro’s Pinocchio (2022)

2022
Next Door (2022) 6.4
Next Door (2022) Next Door (2022)(1080p ရပါပြီ)တိုက်ခန်း အခန်းနံပါတ် ၄၀၅ မှာ ငှားရမ်းနေထိုင်သူ ‘ချန်းအူ’ ...ရက်ပ်ကို သဘောကျပြီး ကာရန်စည်းချက်တွေကို တန်ဖိုးထားတဲ့ ၅ နှစ်မြောက် ရဲသင်တန်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေတဲ့လူငယ်လေး ...ညဘက်မှာ အရက်သောက်တာများသွားပြီး နောက်နေ့ မနက် နိုးလာတော့ သူ့အိပ်ယာဘေးမှာ လူတစ်ယောက် အသတ်ခံထားရတာကို တွေ့လိုက်ရတဲ့ အခါ ...ဖြစ်ချင်တော့ ပုံမှန်ချိန်တွေမှာ ဆူညံလွန်းလို့ ဆက်ဆံရေးသိပ်မပြေလည်ခဲ့တဲ့လူ နေထိုင်တဲ့ အခန်းနံပါတ် ၄၀၄ မှာ ပြန်နိုးလာတာဖြစ်ပြီး ဖြစ်ပျက်ခဲ့တာတွေကိုလည်း ဘာတစ်ခုမှ မမှတ်မိတဲ့အခါ ချန်းအူတစ်ယောက် ဘယ်လို ဆက်ဖြစ်မလဲ?သူအမူးလွန် ကောင်းပြီး အိပ်ပျော်နေချိန်မှာ ဘာတွေဖြစ်သွားတာလဲ? သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လူသတ်မိလိုက်တာများလား? ဒါမှမဟုတ် ချောက်ချ ခံရတာလား? ဆိုတာကိုတော့ ဒီ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြစို့နော်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hnin Wai Oo ပါ။)File Size      ...
movie

Next Door (2022)

2022
Holy Spider (2022) 7.3
Holy Spider (2022) Holy Spider ( 2022 ) --------------------လာမယ့် ၂၀၂၃ အော်စကာရဲ့ best Interanational Features ဆုအတွက် တစ်ပြေးနေတဲ့ ထိပ်ဆုံးငါးကားထဲက တစ်ကားဖြစ်တဲ့ “Holy Spider”ဟာ ကားကတော့ အီရန်ကားဖြစ်ပေမဲ့ ဂျော်ဒန်မှာရိုက် ပြင်သစ်မှာ Release လုပ်ပြီး အော်စကာအတွက် နိုင်ငံကိုယ်စားပြုတာကတော့ ဒိန်းမတ်အနေနဲ့ ဝင်ထားပါတယ်။ အီရန်မှာတော့ အပိတ်ခံထားရရုံတင်သာမကပဲ Ministry of Culture and Islamic Guidanceကနေ ဒီရုပ်ရှင်ကမင်းသမီးကို best actress ဆုပေးခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို ပြဿနာရှာထားသလို ဒီရုပ်ရှင်ဟာ မွတ်စလင်တွေရဲ့ယုံကြည်မှုကို စော်ကားတယ်လို့လည်း ဆိုကြပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးတာမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်ပြည်တွင်းကလူတွေရှိခဲ့ရင် အီရန်ရုပ်ရှင်အစည်းအရုံးက ဒဏ်ခတ်မယ်လို့ပါ ကြေညာထားခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ ၂၀၀၀ခုနှစ်တုန်းက ပြည့်တန်ဆာ၁၆ယောက်ကိုသတ်ခဲ့တဲ့ အီရန်ကွင်းဆက်လူသတ်သမား တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ထားတဲ့ရုပ်ရှင်ဖြစ်ပြီး တစ်ချို့ကလည်း မာစတာပိစ်ကားလို့ ပြောကြပါတယ်။ အမျိုးအစားကတော့ crime thrillerရုပ်ရှင်ဖြစ်ပြီး အီရန်ရဲ့ မြင့်မြတ်တဲ့ဘာသာရေးမြို့လို့ ပြောလို့ရတဲ့ Mashhadမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့မှာ ပြည့်တန်ဆာလုပ်စားနေတဲ့ အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ ...
movie

Holy Spider (2022)

2022
Urvasivo Rakshasivo (2022) 6.6
Urvasivo Rakshasivo (2022) Urvasivo Rakshasivo (2022)ဒီတစ်ခါမှာတော့ Netflix ကထွက်ရှိလာပြန်တဲ့ အချစ်ကားလေးတင်ဆက်ပေးချင်ပါတယ် ဒီကားက ၂၀၁၈ထွက် Pyaar Prema Kaadhal ကို Remake ပြန်လည်ရိုက်ကူးထားပေမယ့် လူကြိုက်များခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲဇာတ်လမ်းအညွှန်း ဆရီးကူမားကတော့ မိန်းမမရသေးတဲ့လူပျိုကြီးမို့လို့ သူ့အမေကိုယ်တိုင်ကချွေးမလိုက်ရှာပေးနေသူပေါ့ ဒါပေမယ့် ဆရီးကြိုက်နေတဲ့ကောင်မလေးရှိနေပါတယ်သူတို့ရုံးရဲ့မျက်စောင်းထိုးရုံးကကောင်မလေးစင်ဒူပါ ဆရီးထိုင်ခုံနဲ့စင်ဒူခုံနဲ့က ပြတင်းပေါက်ကကြည့်ရင်အတိုင်းသားဆိုတော့ လူပျိုကြီးဆရီးကနေ့တိုင်းရုံးတက်ရုံးဆင်းထိုင်ငေးတော့တာပေါ့ ဒါပေမယ့် စင်ဒူကခေတ်ဆန်ပြီး ဆရီးက အရက်ဆိုင်မှာအအေးမှာသောက်တတ်တဲ့ကောင်မျိုးပါ စော်လိုက်နည်းမသိလို့ ဦးလေးဖြစ်သူကသင်ပြပေးရတဲ့အထိကိုတုံးပါတယ် သူတို့နှစ်ယောက်ကြားဆရီးမျှော်မှန်းထားသလိုဖြစ်လာမလား အချစ်စစ်တို့လမ်းမှန်ရင် မဖြောင့်ဖြူးဘူးမို့လို့ ဒီနှစ်ယောက်ကြား ဘယ်လိုအလှည့်အပြောင်းတွေကြုံမလဲဆိုတာဆက်လက်ရှုစားကြပါရှင် File size…1.8GB / 966MB Quality…1080p  HQ /720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Yunni
movie

Urvasivo Rakshasivo (2022)

2022
Emancipation (2022)
Emancipation (2022) ​အေဘရာဟင်လင်ကွန်း​ခေတ် မတိုင်ခင်အထိ အ​မေရိကန်နိုင်ငံရဲ့ လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အ​တော်​ကိုအမြစ်တွယ်ခဲ့ပြီး ယ​နေ့ထက်​တိုင် စနစ်ရဲ့အရိပ်ကကပ်ပါ​နေဆဲပါ။ ဒီလို လူတန်းစား ခွဲခြား​ရေးဝါဒီ​ ထောက်ခံ​ရေးနဲ့ တိုက်ဖျက်​​​ရေးဝါဒီ​တွေ ထိပ်တိုက် ​တွေ့ဆုံခဲ့တဲ့ ၁၈၆၀​ပြည့်နှစ်​တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့ လူမည်း​တွေလည်း များစွာရှိခဲ့ပါတယ်။ဒီဇာတ်ကားက​ အခုလိုမျိုးရုန်းထွက်ခဲ့ကြသူ​တွေထဲက ပီတာဆိုတဲ့ လူမည်းကျွန်တစ်​ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံ​ဖော်ရိုက်ကူး ထားတာပါ။ ပီတာ​နေရာမှာ သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင် ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မ​​ခေတဲ့သူပါပဲ။ IMDbမှာ ​တော့10အပြည့်ရထားပြီး RTမှာ​တော့ 50%ရထားပါတယ်။ဇာတ်လမ်းက​ လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမား​တွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှု​တွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ​ဘေတန်ရုဂ်မြို့ကို ထွက်​ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်း​နေတဲ့ စခန်းဖြစ်သလို ထွက်​ပြေးသူ​တွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုး​တွေနဲ့အမဲလိုက်​ခွေး​တွေပါ အသင့်ရှိ​နေလို့ လွတ်ဖို့ဆိုတာ အ​တော်မလွယ်ကူတဲ့​နေရာမျိုးပါ။ ဒီလို​နေရာက​နေ ​"သေ​မြေ​ကြီး ရှင်​ရွှေထီး"ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ ထွက်​ပြေးလာပါ​​တော့တယ်။ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်​ပြေးမြင်မိ ပါ​သေးတယ်။ ​ရှေ့က​ပြေးသူနဲ့နောက်ကလိုက်သူ မုဆိုး​တွေကြားက အားပြိုင်မှု​တွေ၊ နွံအိုင်ကြီး​တွေနဲ့ မမြင်ရတဲ့အန္တရာယ်​ပေါင်းများစွာ၊ သားရဲ​ပေါင်းများစွာကြားက အသက်​​ဘေးလွတ်​အောင် ရုန်းကန်ပုံ ​တွေက အ​တော်​လေး ...
movie

Emancipation (2022)

2022
Dragon Ball Super: Super Hero (2022) 7.2
Dragon Ball Super: Super Hero (2022) Dragon Ball Super: Super Hero (2022) =========================== IMDb Rating - 7.2/10 Metacritic - 65% Rotten Tomatoes- 93%ဒီကားက​​တော့ dragon ballကာတွန်းရုပ်ရှင်​တွေထဲမှာ ၂၁ကား​ မြောက်ဖြစ်သလို စီးရီးရဲ့canonလည်းဖြစ်ပါတယ်။ ပြီး​တော့ သူ့​ ရှေ့ကား dragon ball super : brolyနဲ့လည်းတိုက်ရိုက်ဆက်ပါ တယ်။ ဆို​တော့ ​ရှေ့ကားကိုလည်း canonလို့ ယူလို့ရမယ်ထင်တာပဲ။Dragon ballရဲ့ဇာတ်​ကောင် Son Gokuဆိုတာလည်း နယ်နယ်ရရ မဟုတ်ပါဘူး။ တရုတ်ဂန္ဓဝင်ဝတ္ထုကြီးဖြစ်တဲ့ အ​နောက်အရပ်သို့ ခရီး သွားခြင်းထဲက စွန်းဝူခုန်းကိုပဲ ဂျပန်ကာတွန်းဗားရှင်းပါ။ 1980ဝန်း ကျင်မှာ Son Gokuဟာ တစ်ကမ္ဘာလုံး​ပေါက်ခဲ့တာမလို့ တရုတ်ကပါ သူတို့ရဲ့မူရင်းဇာတ်လမ်းကိုယူဆွဲတာ​တောင်​ပေါက်​နေရင် ငါတို့ကိုယ်တိုင် ရိုက်မယ်ကွာဆိုပြီး Journey to the westဇာတ်လမ်းတွဲကြီးကို ရိုက်ကူး ခဲ့ရာက​နေ ဂန္ဓဝင်ဇာတ်လမ်းတွဲကြီး​ပေါ်​ပေါက်လာခဲ့တာပါ။ ဟာ...အဲ့​လောက် နာမည်ကြီး​နေပြီး ဂျပန်ကာတွန်း ကြီးသုံးကြီး( naruto, bleach, onepiece) ထဲ ဘာလို့မပါလဲဆိုရင် အဲ့၃ခုက ၁၉၉၀​နောက်ပိုင်း ​နောက်​ပေါက်​တွေ ဖြစ်ပြီး Dragon ...
movie

Dragon Ball Super: Super Hero (2022)

2022
A Wounded Fawn (2022) 5.6
A Wounded Fawn (2022) A Wounded Fawn (2022)(1080p ရပါပြီ)ဇာတ်လမ်းလေးကတော့ လေလံပွဲတစ်ခုမှာ ရှေးဟောင်းရုပ်ထုကို လေလံဆွဲကြတာနဲ့ စတင်ထားပြီး အဲ့ထဲမှာ serial killer ဖြစ်တဲ့ဘရုစ်က သူ့ဝယ်လက်တွေနဲ့ တိုင်ပင်ပြီး ဈေးအပြိုင်ဆွဲနေပေမယ့် ကိတ်ဆိုတဲ့ အမျိုသမီးက လေလံအောင်သွားပါတယ်။အဲ့ဒီနောက်တော့ ဘရုစ်က ကိတ်ဆီကိုသွားပြီး သူဝယ်တဲ့ဈေးကို နှစ်ဆပေးပြီး သူ့ရဲ့ ဝယ်လက်တွေက ဝယ်ချင်ကြောင်းပြောပြီးတော့ ညှိနှိုင်းပါတယ်။ဒီလိုနဲ့ ကိတ်အိမ်ထဲရောက်သွားပြီးတော့ ဘရုစ်ရဲ့ စိတ်တွေဖောက်ပြန်လာပြီး ကိတ်ကို သတ်လိုက်ပါတယ်။ နောက်ပိုင်းမှာဘရုစ်ဟာနောက်ထပ် အမျိုးသမီးတွေကို တစ်မျိုးပြီး တစ်မျိုး မြူဆွယ်ပြီး လိုက်သတ်ပါတော့တယ်။အဲ့ဒီနောက်မှာလည်း စိတ်ရောဂါကနေ ပြန်လည်သက်သာလာတဲ့ မာရီဒိသ်နဲ့ တွေ့ဆုံပြီး နောက်တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လို့ ဘရုစ်က မာရီဒိသ်ကို အပြင်ကိုခေါ်ထုတ်ပြီး သူ့ရဲ့ မာယာကျော့ကွင်းထဲကို ရောက်အောင်သိမ်းသွင်းဖို့ ကြိုးစားတဲ့အခါ ...အရင်အခေါက်တွေလိုပဲ သတ်ပစ်လိုက်နိုင်မလား? အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ အမှန်တရားကို မဖော်ထုတ်နိုင်တော့ဘူးလား ဆိုတာကိုတော့ ဒီ Horror ဇာတ်လမ်းလေးထဲ ...
movie

A Wounded Fawn (2022)

2022
(18+) Bata Pa Si Sabel 5
(18+) Bata Pa Si Sabel (18+) Bata Pa Si Sabelဆာဘယ်ဟာချစ်ရသူနဲ့မင်္ဂလာပွဲဆင်နွှဲပြီး စိတ်ကူးယဉ်အိမ်မက်တွေနဲ့ ပျော်ရွှင်နေတဲ့ နှစ်ဆယ်ကျော်စ မိန်းမငယ်လေး။ နှစ်ဘက်မိဘကလဲသဘောတူကြည်ဖြူ ဖြောင့်ဖြူးတဲ့အနာဂတ်လမ်းမှာ ပူပင်စရာ စိုးစဉ်းမှမရှိတဲ့သူ။ အဲ့ဒီလိုသာယာတဲ့ဘဝထဲကို မှောင်မိုက်တဲ့အချိုးအကွေ့တစ်ခုဟာ သူ့ရဲ့မင်္ဂလာဦးညမှာပဲမျက်နှာဖုံးစွပ်ပြီးရောက်လာခဲ့ပါတယ်။လူသုံးယောက်၊ သူ့ခင်ပွန်းကိုချုပ်နှောင်ထားပြီး သူ့ကိုတစ်ယောက်တစ်လှည့်စီမုဒိမ်းကျင့်ကြတယ်၊ မခံမရပ်နိုင်ရုန်းကန်နေကြတဲ့ သူတို့နှစ်ယောက်လုံးအပေါ်လက်လွန်သွားတဲ့နောက် နှစ်ယောက်လုံးကိုအဝတ်ပတ်ခဲဆွဲပြီး ငါးဖမ်းလှေတစ်စီးပေါ်ခေါ်တင်၊ ပင်လယ်ထဲပစ်ချခဲ့ပါတယ်။ အသက်ပြင်းတဲ့ဆာဘယ်ဟာ သတိလစ်မသွားခင်မှာသူ့အပေါ်ကျူးလွန်ခဲ့တဲ့လက်သည်တွေကိုမြင်သွားခဲ့ပြီး ကံကောင်းထောက်မစွာ ကယ်တင်ရှင်နဲ့တွေ့ခဲ့တယ်။ အဲ့ဒီကယ်တင်ရှင်ဟာလဲ သူ့လိုပဲ ဘုံရန်သူတစ်စုအပေါ်အငြိုးအတေးတွေနဲ့ ဇာတ်မြုပ်နေခဲ့တဲ့သူတစ်ယောက် ဖြစ်နေတာကိုသိရတဲ့နောက်၊ အဲ့ဒီလူယုတ်မာတစ်စုအတွက်ကလဲ့စားကိုစနစ်တကျပြင်ဆင်ပါတော့တယ်။ အားလုံးရင်းနှီးလောက်ကြမယ့် I spit on your grave ဇာတ်ကားတွေနဲ့ဇာတ်လမ်းသွားချင်းဆင်ပါတယ်။ အဲ့ဒီကားတွေလိုပဲကြမ်းတမ်းရက်စက်သလိုညစ်ပတ်တဲ့နေရာမှာလဲ မှီပါတယ်။ မှီရုံတင်မက တစ်ချို့နေရာတွေမှာပိုသာကောင်းသာနေလောက်ပါတယ်။ မုဒိမ်းခန်းတွေရောကလဲ့စားချေတဲ့အခန်းတွေရော ကြမ်းတမ်းရက်စက်ပွင့်လင်းလွန်းတာအပြင် အမျိုးသားထုကြီးအတွက်စိတ်မသက်မသာဖြစ်စရာ၊ ရှေ့ရောနောက်ရောကျိန်းချင်စရာဇာတ်ဝင်ခန်းတစ်ချို့ကြောင့် ၂၁ နှစ်အောက်အသည်းငယ်သူများမကြည့်သင့်ပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.76GB | 860MB | 410MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

(18+) Bata Pa Si Sabel

2022
The Boss Baby: Christmas Bonus (2022) 5.6
The Boss Baby: Christmas Bonus (2022) The Boss Baby: Christmas Bonus (2022) ============================= IMDb Rating - 5.6/10အသဲကျော် Boss Baby လေးရဲ့ Christmas အတွက် အသစ်ထွက် ရှိလာတဲ့ အထူးအပိုင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီအပိုင်းရဲ့ အားရဖို့အကောင်းဆုံးကတော့ family business လို့ အမည်ခံပြီး အလုပ်သမားအခွင့်အရေး ပိတ်ဆို့ခံထားရတာတွေကို သာသာနဲ့ နာနာလေး နှပ်ပြထားတာပါပဲ။ အခုခေတ် စီးပွားရေးလုပ်ငန်းရှင်တွေ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ကြတာတွေကို စကား တစ်ခွန်းချင်းစီ ပစ်ထည့်ပေးသွားတာမျိုးမို့ တိုက်ဆိုင်မှုရှိရင် ပြေး သတိရကြဦးမယ့် ဇာတ်လမ်းမျိုးပါ။ဇာတ်လမ်းအကျဉ်း .............................. ဒီအပိုင်းမှာတော့ Boss Baby လေး တစ်နှစ်သားအရွယ် ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ ခရစ်စမတ်ကာလကို နောက်ကြောင်းပြန်ပုံဖော်ပေး ထားပါတယ်။ ခရစ်စမတ်မတိုင်ခင် နာရီပိုင်းလေးအလိုမှာ ဆန်တာ့ရဲ့ အားအကိုးရဆုံး နတ်သူငယ်လေး နဲ့ Boss baby တို့ နေရာချင်းလွဲသွားပြီး Boss baby တစ်ယောက် ဆန်တာရှိရာ မြောက်ဝင်ရိုးစွန်းဆီ ရောက်ရှိ သွားခဲ့ပါတယ်။အစောတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့ Boss baby တစ် ယောက် ...
movie

The Boss Baby: Christmas Bonus (2022)

2022
Robbing Mussolini (2022) 5.4
Robbing Mussolini (2022) Robbing Mussolini (2022)(1080p ရပါပြီ)မြူးမြူးလေးနဲ့ ရင်သပ်ရှုမောဖွယ် အက်ရှင်ဇာတ်ကားကောင်းလေး တစ်ပုဒ်ကို လိုအပ်နေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ။ဒုတိယကမ္ဘာစစ်ကြီး ပြီးကာစ မီလန်မြို့လေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါ။စစ်ပွဲအတွက် သုံးဖို့ အီတလီနိုင်ငံသားတွေ ပေးထားတဲ့ နှစ် ၂၀ ကျော်က ရတနာပစ္စည်းတွေကို ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီတို့က သိမ်းယူထားခဲ့တယ်။ အဲ့ဒါကို သိသွားတဲ့ မှောင်ခိုသမားလေး ပီအဲထရို တစ်ယောက် စီမံကိန်းကြီး အကြီးကြီးကို ချလိုက်တယ်။အဲ့ဒါကတော့ "Robbing Mussolini" မူဆိုလီနီကို ဓါးပြတိုက်ဖို့ပဲ ဖြစ်ပါတယ်။ပီအဲထရိုရဲ့ ချစ်သူ အီဘုန်းက မူဆိုလီနီရဲ့ အယုံကြည်ရဆုံး အရာရှိတစ်ဦးရဲ့ အငယ်အနှောင်းအဖြစ် နေခဲ့တယ်။ ဒီစီမံကိန်းကြီးမှာ ပီအဲထရိုတို့အဖွဲ့က လူ ၃ ယောက်ထပ်လိုခဲ့တယ်။ သူခိုးတစ်ယောက် ဖောက်ခွဲရေးကျွမ်းကျင် တစ်ယောက်နဲ့ ကားမောင်းကျွမ်းကျင်တစ်ယောက်။မူဆိုလီနီတို့ ဖက်ဆစ်အုပ်စုကလည်း အီတလီကနေ ထွက်ပြေးတော့မယ့် အနေအထားမှာ ...
movie

Robbing Mussolini (2022)

2022
She Said (2022) 7.4
She Said (2022) She Said (2022)~ IMDb - 7.4/10, Rotten Tomatoes - 87% ~2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ...
movie

She Said (2022)

2022
Root Letter (2022) 5.9
Root Letter (2022) Root Letter (2022) ============== IMDb Rating - 5.9/10ကာလို့စ်ဆိုတဲ့ကောင်လေးနဲ့ ဆာရာဆိုတဲ့ကောင်မလေးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မြင်လဲမြင်၊ တွေ့လဲမတွေ့ဖူးဘဲနဲ့ စာလေးတွေကနေတဆင့် ခင်မင်ရင်းနှီးသိကျွမ်းဝင်နေကြတဲ့ စာရေးဖော် သူငယ်ချင်းနှစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆာရာတစ်ယောက် ကာလို့စ် ပို့တဲ့စာတွေကိုလဲပြန်မဖြေတော့သလို သူကိုယ်တိုင်လဲစာအသစ်တွေမပို့ တော့တဲ့အတွက် ကာလို့စ်တစ်ယောက် ဆာရာနဲ့အဆက်အသွယ်ပြတ်ခဲ့ ရပါတယ်။အဲ့လိုနဲ့ အချိန်တစ်နှစ်လောက်အကြာမှာ ကာလို့စ်ဆီကို ဆာရာ့ဆီကနေ စာတစ်စောင်ပြန်ရောက်လာခဲ့ပါတယ်။ စာထဲမှာ ဆာရာက သူလူတစ်ယောက် ကိုသတ်လိုက်မိတဲ့အကြောင်းရေးထားတာကိုတွေ့လိုက်ရတဲ့အခါမှာ ဆာရာ ဘယ်သူ့ကိုသတ်လိုက်မိတာလဲ၊ ဘာကြောင့်သတ်ခဲ့မိတာလဲ၊ တစ်နှစ်လုံးလုံး ဆာရာတစ်ယောက်အစအနပျောက်နေခဲ့ပြီးတော့ အခုကျတော့မှ ကာလို့စ်ဆီ ကိုစာပြန်ပို့ရတာလဲ၊ ကာလို့စ် ဒီမေးခွန်းတွေကို ဘယ်ကနေဘယ်လိုအဖြေရှာ မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ပဲ ဆက်လက်ရှာဖွေလိုက် ကြပါဦးလို့၊(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.1 GB) / (400 MB) Quality............WEB-RIP 1080p /  720p Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......Finoa Gillen Encoder..........SWM
movie

Root Letter (2022)

2022
Confession (2022) 7
Confession (2022) Confession (2022)(1080p ရပါပြီ)ဒီတစ်ခေါက်မှာတော့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ မင်းသားကြီး So Ji Sub ပါဝင်ထားတဲ့ Confession ဆိုတဲ့ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်း ... ယူမင်ဟိုဟာ IT ကုမ္ပဏီတစ်ရဲ့ ဥက္ကဌဖြစ်ပြီး ဟိုတယ်အခန်းထဲမှာ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့အမှုမှာ အမှုစစ်တွေရဲ့ သံသယရှိသူ လည်းဖြစ်ပါတယ်။ဒီအမှုမှာ ယူမင်ဟိုဘက်က ခုခံချေပေပးဖို့ ရှေ့နေလုပ်သက်တစ်လျှောက်လုံး တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေယန်းရှင်းအယ်က ယူမင်ဟိုရဲ့ ရှေ့နေဖြစ်လာခဲ့ပါတယ်။ဟိုတယ်ခန်းထဲမှာ အသတ်ခံရတဲ့ ဂင်ဆယ်ဟီးက ယူမင်ဟိုနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲ? ဒီလူသတ်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေရှိနေမလဲ? တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေက အမှုသည်ကို ဒီတစ်ခါကော ကယ်တင်ပေးနိုင်ဦးမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုခံစားလိုက်ကြရအောင်ဗျာ။(ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။)File Size          : 1.5GB, 473MB, 234MB Quality    ...
movie

Confession (2022)

2022
[18+] Us x Her (2022)
[18+] Us x Her (2022) Us x Her (2022)ဒေ့ဗ်ဟာ တစ်ချိန်က ဘတ်စ်ကတ်ဘောလက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့ပြီး ချစ်သူ မာရီကို လက်ထပ်ကာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လဲ ဒူးဒဏ်ရာကြောင့် အနားယူပြီးတဲ့နောက်ပိုင်း လုပ်သမျှစီးပွားရေးတွေကလဲ ကိုဗစ်မွှေလို့ တစ်ခုပြီးတစ်ခုအရှုံးပေါ်၊ ဇနီးသည်ဖြစ်သူ မာရီကလဲ ကိုယ်ဝန်ပျက်ကျခဲ့တဲ့နောက်မှာတော့ သူတို့အိမ်ထောင်ရေးမှာ မုန်တိုင်းထန်စပြုလာပါတယ်။ ဒေ့ဗ်ကိုယ်တိုင်လဲ ဒူးဒဏ်ရာကြောင့် မှီဝဲရတဲ့ဆေးတွေကြောင့် မူးယစ်ဆေးစွဲသလိုဖြစ်နေပြီး ဇနီးဖြစ်သူနဲ့ မပြည့်ဝတဲ့ဆန္ဒတွေကို တစ်ချိန်က သူ့ပရိသတ်၊ သူ့အပေါ် အရူးအမူးစွဲလန်းနေရှာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထွက်ပေါက်ရှာလိုက်မိတဲ့နောက်မှာတော့ ပြဿနာတွေရဲ့ အထွတ်အထိပ်ကိုရောက်ဖို့ ဖြစ်လာပါတော့တယ်။ကောင်မလေးဖြစ်တဲ့ လီလာဟာ သူလိုသလိုသုံးပြီး ပစ်ထားလိုက်တဲ့အချိန်မှာ ငြိမ်ခံမနေပဲ ဇနီးဖြစ်သူ မာရီဆီကတစ်ဆင့် သူတို့အိမ်ထောင်ရေးထဲ တတိယမြောက်လူအဖြစ် ဝင်ရောက်လာခဲ့ပါတယ်။ လင်လုဖက်အနေနဲ့မဟုတ်ပဲ သူ့ဇနီးရဲ့ချစ်သူအဖြစ်ပါ။ ပုံမှန်ယောက်ျားတွေ အတော်များများအတွက် စိတ်ကူးယဉ်အိပ်မက်ဖြစ်နိုင်မယ့် သီရိစံဇာတ်ကို ဒေ့ဗ်ဟာ သူ့ဇနီးသည်နဲ့အတူ ကြည်ကြည်ဖြူဖြူ သုံးပါးသွားခွင့်ရတော့မှာဖြစ်ပေမယ့် မပြေလည်နိုင်တဲ့ပြဿနာတွေက ဘာတွေဖြစ်လာမလဲ...? ဇနီးသည်မာရီက ...
movie

[18+] Us x Her (2022)

2022
Corsage (2022) 6.8
Corsage (2022) Corsage (2022)"ယိုယွင်းပျက်စီးမှုတွေနဲ့ တိမ်တွေလိုမှောင်မဲလာတဲ့ လူတစ်ယောက်ရဲ့ အသက် ၄၀ ကာလ"ဩစတြီးယားရဲ့ ဧကရီတစ်ဦးကရော အသက်၄၀ကာလရဲ့ အိုမင်းမှုကို ရှောင်လွဲနိုင်ပါ့မလား?တိုင်းပြည်တစ်ပြည်ရဲ့ ဧကရီ၊ ပြည်သူပြည်သားတိုင်းရဲ့ အလှနတ်ဘုရားတစ်ပါးအဖြစ် နေထိုင်ကျင်လည်ခဲ့တဲ့ ဧကရီဘုရင်မကြီးဟာလည်းပဲ အိုမင်းရင့်ရော်မှု၊ နာကျင်မှု တို့ကို လွန်ဆန်ပိုင်ခွင့် မရှိခဲ့ပါဘူး။မတည်မြဲခြင်းတွေနဲ့ လွင့်ပျယ်သွားတဲ့ တစ်မိုးအောက်အလှတရားတွေမရှိတော့တဲ့ မိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ဆန်မှုကို ရိုက်ကူးပုံဖော်ထားတဲ့ ဂန္တဝင်ဆန်ဆန် ရုပ်ရှင်တစ်ခုလို့ပဲ တင်စားလိုက်ချင်ပါတယ်။ဆုတွေတစ်ပြုံကြီးသိမ်းထားတဲ့ ဒီဇာတ်လမ်းလေးကတော့ တော်ဝင်ဆန်ဆန် အဆင်အယင် ပုံရိပ်တွေကို သဘောကျတတ်သူများအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ဇာတ်ကွက်တိုင်းမှာ လွင့်ယိမ်းသွားမယ့် စိတ်ခံစားချက်ပေါင်းစုံနဲ့ ဘုရင်မကြီးရဲ့ မျက်နှာဟန်အမျိုးမျိုးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာမို့ လက်မလွတ်တမ်းကြည့်ရှုလိုက်ဖို့ တွန်းတွန်းလိုက်ရပါတယ်ခင်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။)File Size          : 2.8GB, 705MB, 333MB Quality          ...
movie

Corsage (2022)

2022
Ashiap Man (2022) 5
Ashiap Man (2022) Ashiap Man (2022)"ကောင်လေး ရေပို့ပေးပါဦး" "အဆင်သင့်ပဲဗျို့" "ကောင်လေး ခေါင်မိုးလေးပြင်ပေးပါဦး" "အဆင်သင့်ပဲ"လူတွေကိုကူညီဖို့ဆိုရင် အသင့်လူသား(Ashiap Man)က အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ငယ်ငယ်လေးတည်းက မိဘရဲ့ဆုံးမသွန်သင်မှုကြောင့် လူတကာကိုကူညီတတ်သူ၊ သာမန်လူတစ်ယောက်လို ဉာဏ်ရည်ဉာဏ်သွေးမျိုးမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကိုတော့ အမြဲတမ်းကာကွယ်ပေးချင်တဲ့သူ၊ လူစွမ်းကောင်းဖြစ်ဖို့ကိုရူးသွပ်ပြီး သူ့ရဲ့အစွမ်းတွေနဲ့ လူတွေကိုကူညီဖို့အမြဲတမ်းအဆင်သင့်ရှိနေသူ အသင့်လူသားတစ်ဖြစ်လည်း ဇူးဟာဆိုရင် ငယ်ရွယ်စဉ်ကတည်း အများအကျိုးကိုသယ်ပိုးဖို့ ဆန္ဒပြင်းပြခဲ့သူပါ။သူကိုယ်တိုင် ဆန္ဒပြင်းပြသလိုပဲ သူ့တစ်ရွာလုံးဟာဆိုရင်လည်း သူ့အပေါ်ယုံကြည်ကိုးစားပြီး ချစ်ခင်ခြင်းကိုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့သူတို့နေတဲ့ရွာကို မိန်းကလေးတစ်ယောက်ရောက်လာပြီး အဲ့ဒီမိန်းကလေးကို ဇူးတစ်ယောက်သဘောကျမိပါတော့တယ်။ တစ်ဖက်မှာလည်း သူတို့ရွာနေရာမှာ အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ရွာသားတွေကိုဖိအားပေးနှင်ထုတ်ခံရတဲ့အခါမှာတော့ အမြဲတမ်းအဆင်သင့်ရှိခဲ့တဲ့အသင့်လူသား ဘယ်လိုမျိုးရွာကိုကာကွယ်ပေးသွားမလဲ။ဒီမိန်းကလေးရဲ့နောက်ကြောင်းကရော ဘာတွေရှိနေမလဲ?ဇူးတစ်ယောက် လူစွမ်းကောင်းဖြစ်ဖို့ ကြိုးစားပုံတွေ သူ့ရဲ့ရပ်ရွာကို ဘယ်လောက်အထိချစ်တယ်ဆိုတာတွေ သူချစ်တဲ့သူတွေအတွက် ဘယ်လောက်အထိအသင့်ရှိလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးမိသားစုရုပ်ရှင်တစ်ခုအဖြစ် ကြည့်ရှုခံစားရမယ့် အင်ဒိုနီးရှားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။)File Size          : 1.8GB, 806MB, 422MB Quality      ...
movie

Ashiap Man (2022)

2022
[18+] Reroute (2022) 5.6
[18+] Reroute (2022) Reroute (2022)Iskandalo ကိုစောင့်ကြည့်ခဲ့ဖူးသူတွေအနေနဲ့ ပါလာနိုး မျှော်ကိုးရင်းနဲ့ ဇာတ်သိမ်းတဲ့အထိ ဘာမှမဘာလိုက်ပဲ ကာလသားတွေကို အသည်းခွဲသွားခဲ့တဲ့ ရဲမေ မမကြီး Cindy Miranda ကို မှတ်မိကြဦးမှာပါ။ အခုဇာတ်ကားကတော့ မမကြီးရဲ့ဇာတ်ကားသစ်ဖြစ်ပြီး Iskandalo တုန်းက အားမရခဲ့သမျှ ဒီကားမှာတော့ စိတ်တိုင်းကျရတော့မှာဖြစ်ပါတယ်။ တကယ်တော့ ဒီကားက ဒီနှစ်အစောပိုင်းကတည်းကထွက်ထားခဲ့တာဖြစ်ပြီး အဖြူအမည်းပုံစံနဲ့ဖြစ်နေခဲ့လို့ ချန်ထားခဲ့တာပါ။ အခု Director's Cut မှာတော့ ဆေးရောင်စုံမြင်ကွင်းကျယ်နဲ့မမရဲ့အလှအပတွေကို တစ်ဝကြီးရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ အိမ်ထောင်ရေးအဆင်ပြေပုံမရတဲ့လင်မယားနှစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ဘော်ဒါတွေဖျော်ဖြေမယ့် ပွဲတစ်ခုကိုသွားတက်ဖို့ခရီးထွက်လာကြပါတယ်။ လမ်းမှာခင်ပွန်းသည်ရဲ့ မွေးရပ်ရွာကိုဖြတ်သွားရမှာဖြစ်တဲ့အတွက် သူ့အဖေဆီ ဝင်လည်ဖို့လဲရှိပါတယ်။ သူ့ရွာကိုရောက်ကာနီးမှာ အာဏာပိုင်တွေက အော်ပရေးရှင်းတစ်ခုရှိလို့လမ်းပိတ်ထားတာနဲ့ကြုံပြီး လမ်းလွှဲကနေသွားခိုင်းတာနဲ့ ကြုံရပါတယ်။ လမ်းလွှဲကိုသွားဖို့ဆိုရင် ဟိုးအဝေးကြီးနောက်ပြန်မောင်းရမှာဖြစ်တဲ့အတွက် လမ်းကျွမ်းတယ်ဆိုပြီး ခင်ပွန်းဖြစ်သူ ဒန်ဟာ နီးရာလမ်းတစ်ခုကနေဖြတ်မောင်းရာကနေ လူသူဝေးတဲ့နေရာတစ်ခု တောလမ်းအလယ်မှာ ကားပျက်သွားပါတော့တယ်။ဖုန်းလိုင်းမမိတဲ့နေရာမှာ ကားလဲမပြင်တတ်ပဲ တိုင်ပတ်နေရင်း သားကောင်အသေတစ်ကောင်ကိုထမ်းလာတဲ့လူကြီးတစ်ယောက်နဲ့တွေ့ဆုံမိပြီး အဲ့ဒီလူကြီးက သူ့အိမ်မှာနားရင်း စက်ပြင်ဆရာကိုစောင့်ဖို့ ...
movie

[18+] Reroute (2022)

2022
Qala (2022) 7.1
Qala (2022) Qala (2022)IMDb-7.2/10 Rotten tomatoes -100%ဒီညတော့ Netflixက ထွက်ရှိလာတဲ့ Rating ကြမ်းကြမ်း music genre/psychological drama လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့မန်ဂျူရှီတို့ မိသားစုဟာ မျိုးနဲ့ရိုးနဲ့ ဂီတပါရမီပါခဲ့သူတွေပါ ဒီမိသားစုထဲ အူမီဟာ အမွှာရင်သွေးလေးလွယ်ခဲ့ရပေမယ့် တကယ်လက်တွေ့ကျ သမီးလေးတစ်ယောက်သာဖွားမြင်လာပါတယ် အမွှာတိုင်းမှာတစ်ခါတစ်လေအားနည်းတဲ့ကလေးတွေဟာ အဖိတ်အစင်ရှိတတ်တယ်လို့ ဆရာ၀န်ကရှင်းပြပေမယ့် အူမီကတော့ မကျေနပ်ပါဘူး ဒီသမီးကြောင့် သားလေးသေရတယ်ဆိုပြီးသမီးလေး (ကွာလာ)ကိုလည်း မချစ်ခဲ့ပါဘူး အရွယ်ရောက်လာချိန်မှ မိသားစုအမွေဂီတကိုသင်ပေးပေမယ့် ကွာလာ့ရဲ့ အရည်အချင်းကို အထင်မကြီးခဲ့တဲ့ မိခင်ဟာ ဂျာဂန်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်ကိုအရည်အချင်းနဲ့ အသံကိုတော့ အရမ်းသဘောကျသွားခဲ့တယ် ကွာလာကတော့ ၀မ်းနည်းအားငယ်ရတာပေါ့နောက်နှစ်တွေကြာတဲ့အချိန် ကွာလာဟာထူးချွန်ပြီး ရွှေဓာတ်ပြားဆုတွေပါ ဆုခူးရရှိခဲ့ပါတယ် ဂီတရဲ့ အောင်မြင်မှုစံပြပြယုဂ်အထိ လေးစားဂုဏ်ပြုခံခဲ့ရပါတယ် ဒါပေမယ့် သူ့အမေဆီကဂုဏ်ပြုစကားတော့ မရခဲ့ပါဘူးဒီအောင်မြင်မှုတွေရလာတဲ့အချိန်မှာပဲ ကွာလာဟာ အသံတွေကြားယောင်ရင်း မှန်ထဲက ‌ပုံရိပ်တစ်ခုဟာသူ့အောင်မြင်မှုတွေအစား၀င်ယူတယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတာတွေရှိလာပါတယ်...ကွာလာက မိခင်ရဲ့ ဂုဏ်ပြုချီးကျူးစကားကြားရဖို့ ဘယ်လိုဆက်ကြိုးစားမလဲ မှန်ထဲကပုံရိပ်က ဘယ်သူလဲ ဘာလို့ခြောက်လှန့်နေရတာလဲဆိုတာ ကြည့်ရှူခံစားလိုက်ပါဦး File size…1.59GB / 676MB Quality…1080p NF WEB ...
movie

Qala (2022)

2022
Dangerous Methods (2022) 4.3
Dangerous Methods (2022) Dangerous Methods (2022) ====================အလက်ဆာ ဟာ ဟောလီးဝုဒ်မှာလုပ်ကိုင်နေတဲ့ ရည်မှန်းချက်ကြီးသူ လက်‌ထောက်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အထက်လူကြီးဖြစ်သူ ရှယ်ရွန်ဝါးမန်းဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒက်စမွန်ဂေ့ဂျ်ရဲ့ လက်ထောက် လုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ အလက်ဆာလည်း ပိုက်ဆံလည်းရမယ် ရာထူးလည်းတိုးမယ်ဆိုပြီး အပျော်လွန်ကာ လက်ခံလိုက်ပါတယ်။ဒီလိုနဲ့ အလက်ဆာလည်း အလုပ်ကိစ္စအတွက် လူမနီးသူမနီးနေရာ တစ်ခုကို ‌ရောက်လာရင်း ဒက်စမွန်ဂေ့ဂျ်နဲ့ နှစ်ယောက်တည်း တစ်အိမ် တည်းမှာ အတူနေဖို့ ဖြစ်လာပါတော့တယ်။ ဒက်စမွန်ဂေ့ဂျ်ဟာ နာမည်ကြီး သရုပ်ဆောင်ဖြစ်တာနဲ့အညီ သူ့သရုပ်ဆောင်ချက်တွေကို ပီပြင်စေချင် တာကြောင့် ရုပ်ရှင်မရိုက်ခင် ပြင်ဆင်လေ့ရှိသူပါ။ ထို့ကြောင့်လည်း လူမနီးသူမနီးနေရာတစ်ခုမှာနောက်ဇာတ်ရုပ်အတွက် ပြင်ဆင်ဖို့လုပ်ရင်း အလက်ဆာ့ကို လက်ထောက်အနေနဲ့ ခေါ်ထားတာပါ။ဒက်စမွန်ဂေ့ဂျ်ဟာ နောက်သရုပ်ဆောင်ရမယ့် သူ့ဇာတ်ရုပ်ကို အပီအပြင် စျာန်ဝင်စားရင်း လေ့ကျင့်ဖို့ လုပ်နေတဲ့အချိန်နဲ့ ပထမဆုံးအကြိမ် ဒီလို နာမည်ကြီးအတွက် လက်ထောက် လုပ်ပေးရမယ့် အလက်ဆာတို့ ကြားမှာ ဘာတွေဆက်ဖြစ်မှာလဲ။ နောက်ရုပ်ရှင်မှာ ဒက်စမွန် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကရော ဘယ်လို ဇာတ်ကောင်ဖြစ်မလဲဆိုပြီး အလှည့်အပြောင်း တွေနဲ့ ဒီကားလေးမှာ ဆက်လက်ခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(2.5 GB) / (557 MB) ...
movie

Dangerous Methods (2022)

2022
Nitham Oru Vaanam (2022) 7.7
Nitham Oru Vaanam (2022) Nitham Oru Vaanam (2022)—————————————————IMDb _ 7.7/10ဝတ္ထုဇာတ်လမ်းတွေဟာ ကျွန်တော်တို့နဲ့ဘယ်တော့မှသက်ဆိုင်မှာမဟုတ်တဲ့ ကမ္ဘာတွေကို ခေါ်သွားပေးနိုင်တဲ့စွမ်းအားရှိပါတယ်..ငယ်ငယ်ကတည်းက စကားပြောရတာထက် စာအုပ်တွေဖတ်ပြီး စာအုပ်ထဲက ဇာတ်ကောင်အတိုင်း ကိုယ့်ကိုယ်ကိုမြင်ယောင်ခံစားတတ်တဲ့ Arjun ဆိုတဲ့လူငယ်လေးတစ်ယောက်အပေါ်အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.. Introvert ဖြစ်တဲ့အပြင် OCD ပါရှိနေတဲ့ Arjun တစ်ယောက် တစ်ဘဝလုံးလူ့ဂွစာဖြစ်လာခဲ့ပြီးနောက်မှာ တစ်ယောက်သောသူနဲ့တွေ့ပြီး နှစ်လအကြာမှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်.. ဘဝကြီးဟာစိုပြေလာပြီလို့ထင်ရပေမယ့် မထင်မှတ်ထားဘဲ လက်ထပ်ပွဲဖျက်သိမ်းခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျဖို့ဖြစ်လာရပါတော့တယ်..အဲ့လိုနဲ့ အသိဒေါက်တာတစ်ယောက်ရေးထားတဲ့ ဝတ္ထု၂ပုဒ်ကိုဖတ်ကြည့်မိတဲ့အခါ ဇာတ်သိမ်းပိုင်းတွေကို မသိရသေးပါဘူးတဲ့.. perfectionist ဖြစ်လွန်းတဲ့စိတ်ကြောင့် ပြင်ပလောကမှာတကယ်ရှိနေတဲ့ ဒီဝတ္ထုထဲက ဇာတ်သိမ်းတွေကို ရှာဖို့ ခရီးထွက်လာတဲ့ Arjun တစ်ယောက် Shubathra နဲ့တွေ့ပြီး အတူခရီးထွက်ကြတဲ့အခါ ဘာတွေကြုံတွေ့ပြီး ဝတ္ထုလေးတွေကရော ဘယ်လိုအဆုံးသတ်မလဲ Arjun ရဲ့ဘဝကရော ဘာတွေပြောင်းလဲသွားမလဲ .. အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်ကားကောင်းလေးကို နုံချာတဲ့review လေးကြောင့် အရသာပေါ့သွားစေမှာစိုးလို့ ကိုယ်တိုင်ကိုယ်ကျ CM Website မှာ ဒေါင်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ် File size…2.17GB /  1.05GB  Quality…1080p True  ...
movie

Nitham Oru Vaanam (2022)

2022