Channel Myanmar

2022

Code Name: Tiranga (2022)
Code Name: Tiranga (2022) Code Name: Tiranga ( 2022 )အခုတစ်ခေါက်မှာတော့ မင်းသမီးချောလေး ပရီနီသီးချိုပရာရဲ့ စပိုင်အက်ရှင် ရုံတင်ကားသစ်တစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်... စပိုင်တစ်ယောက်ရဲ့တာဝန်က ဘာလဲ စပိုင်တစ်ယောက်ဟာသူ့ရဲ့ တာဝန်နဲ့ပက်သက်လာရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းပြီး အရေးပါလဲဆိုတာကို အက်ရှင်ဇာတ်ဝင်ခန်းအလန်းတွေနဲ့ချပြထားပြီး plot twistတွေနဲ့ ကြည့်ရတာမအီစေသွားမယ့် ဇာတ်လမ်းတပုဒ်ပဲဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ ဒေါက်တာမစ်ဇာဆိုတဲ့ လူတစ်ဦးနဲ့စတင်ထားပြီး မစ်ဇာကတော့ ကုလသမ္မဂရဲ့တာဝန်တခုကြောင့် တူရကီကနေ အာဖဂန်နစ္စတန်ကိုရောက်ရှိလာသူပဲဖြစ်ပါတယ်....သူ့တာဝန်ကိုထမ်းဆောင်ရင်း သူ့ဘဝရဲ့မထင်မှတ်ထားတဲ့ အလှည့်ပြောင်းကိုကြုံတွေ့လိုက်ရပါတယ်... အဲ့တာကတော့သူနဲ့အမှတ်မထင်ဆုံတွေ့ပြီး ရင်းနှီးခဲ့ရတဲ့မိန်းမပျိုလေးဖြစ်ပြီး အဲ့ဒီမိန်းမပျိုကို သဘောကျမိရာကနေ ကံကြမ္မာအပြောင်းလဲကြီးတခုကြုံတွေ့ရပြီး မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်တကားကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ် File size…1.34GB / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~Yunni
movie

Code Name: Tiranga (2022)

2022
The Banshees of Inisherin (2022) 8.1
The Banshees of Inisherin (2022) The Banshees of Inisherin (2022)ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ...
movie

The Banshees of Inisherin (2022)

2022
Govinda Naam Mera (2022) 5.8
Govinda Naam Mera (2022) Govinda Naam Mera (2022) Comedy, Drama, Romance IMDb 6.2/10ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ ပုရိသတွေအသည်းကိုလုယူသွားတဲ့ အိန္ဒိယနာမည်ကျော်မင်းသမီးချောလေး ကက်ထရီနားရဲ့ယောက်ျား မင်းသားဗစ်ကီရဲ့ကားသစ်လေးပဲဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Kabir Singh ထဲက မင်းသမီးချောလေး ကီယာရာလေးနဲ့ မင်းသမီး ဘူမီကာပဒ်နေကာတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် မွန်ဘိုင်းမြို့ကြီးမှာ ဘဝတွေ ဒုက္ခရောက်နေရတဲ့အထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂိုဗင်ဒါဆိုတဲ့ကောင်လေးရဲ့အကြောင်းပါသူဟာ မိန်းမဖြစ်သူနဲ့ ကွာရှင်းချင်နေပြီး ချစ်သူနဲ့နီးစပ်ချင်နေသူပါ သူ့ဘဝဟာ ဘယ်လောက်တောင် ပြဿနာတက်နေလဲဆိုရင် အိမ်ထောင်ကျပြီး မယားကြောက်ရတယ် မိခင်က ဖခင်ရဲ့မယားငယ်ဖြစ်လို့ အမွေဆိုင်အိမ်ဆုံးရှုံးရမှာကြောက်ရတယ်ဘဝက အခွင့်အရေးပေးလာပြန်တော့လည်း လူမိုက်တွေနဲတိုးပြန်လို့ အသက်​ဆုံးရှုံးရမှာ ကြောက်ရပြန်ပါတယ် တစ်ရက်တော့ လောကကြီးက သူ့ကိုမျက်နှာသာပေးခဲ့ပြီး သူချစ်ရသူနဲ့နီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီကံကောင်းခြင်းဆုလာဘ်ဟာ မိန်းမဖြစ်သူရဲ့သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့အခါမှာတော့...။ ဂိုဗင်ဒါ ဘယ်လိုမထူးဇာတ်ခင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…2.28GB / 1.1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ BpL ...
movie

Govinda Naam Mera (2022)

2022
Something in the Dirt (2022) 6
Something in the Dirt (2022) Something in the Dirt (2022)Sci-Fi ဇာတ်လမ်းတွေကိုနှစ်သက်သူတွေ ကြည့်စရာဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ "Something in the Dirt" ပါ။ ဒီဇာတ်ကားက ကိုဗစ်၁၉ လော့ခ်ဒေါင်းကာလမှာ ဒါရိုက်တာအိမ်မှာပဲ လူဆယ့်နှစ်ယောက်လောက်နဲ့ရိုက်ကူးထားတာမို့ ဘတ်ဂျက်မူဗီအနေနဲ့ကတော့ တော်တော်အရည်အသွေးမှီတဲ့ဇာတ်လမ်း နဲ့ရိုက်ချက်တွေပါပဲ။ဒီကမ္ဘာကြီးမှာ ဘယ်သူမှမဖြေရှင်းနိုင်တဲ့ပဟေဋိတွေအများကြီးပါ ဥပမာ ကွင်းဆက်လူသတ်သမား ဂျက်ရစ်ပါကဘယ်သူလဲ JFK ကိုဘယ်သူသတ်တာလဲ ပိရမစ်တွေကဘာအတွက်ဘယ်လိုတည်ဆောက်ခဲ့လဲစသဖြင့်ပေါ့။ဒီဇာတ်လမ်းမှာတော့ လီဗိုင်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က အိမ်အသစ်တစ်ခုကိုပြောင်းလာပါတယ်။ သူကဘားမှာအလုပ်လုပ်သူဖြစ်ပြီး သူ့ဘဝကဘာမှအဓိပ္ပါယ်မရှိပဲလွင့်မြောနေသူ ဆိုပါတော့။ သူပြောင်းလာတဲ့တိုက်ခန်း၊ ဘာမှမရှိတဲ့တိုက်ခန်းထဲမှာ ဘာမှမထူးခြားတဲ့နေ့လည်ခင်းတစ်ခုမှာ အပေါ်ကပြောခဲ့သလိုမဖြေရှင်းနိုင်တဲ့ပဟေဋိမျိုးနဲ့ကြုံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့အိမ်နီးချင်းကလဲရှိနေတယ် ပြီးတော့ဒါကသရဲခြောက်တာလို့သူတို့ထင်တော့ သူတို့နှစ်ယောက်ပေါင်းပြီးဒါကိုမှတ်တမ်းဗီဒီယိုရိုက်မယ် ပြီးရင်နက်ဖလစ်မှာ ရောင်းစားကြမယ်ပေါ့။ ဒါပေမဲ့တကယ်တမ်းကျတော့ ဒါကသရဲခြောက်တာမဟုတ်ဘဲ သိပ်နက်နဲတဲ့ပဟေဋိဖြစ်နေတော့ အခုမှတွေ့တဲ့သူစိမ်းအိမ်နီးချင်းနှစ်ယောက် ဘာတွေများရှာတွေ့ဦးမလဲ သူတို့ရဲ့မှတ်တမ်းတင်ရုပ်ရှင်ကိုရော နက်ဖလစ်မှာ မကြာခင်ကြည့်ရတော့မလားဆိုတာ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror, Sci-fi Quality…. 1080p | 720p | 480p File size… Format… mp4 Duration….1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ...
movie

Something in the Dirt (2022)

2022
Har Har Mahadev (2022) 7.8
Har Har Mahadev (2022) Har Har Mahadev (2022) Action, Drama, War IMDb 7.8/10 (1.6K)ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်ရှင်ရုံကားအဖြစ် ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။အတိအကျပြောရရင် ဒီဇာတ်ကားက ၁၆ရာစုနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဝန်းခင့်တိုက်ပွဲအကြောင်းကို အဓိကဇာတ်အိမ်တည်ထားပါတယ်...အဆိုပါတိုက်ပွဲမှာ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေဦးဆောင်တဲ့ စစ်သည် ၃၀၀ ပါဝင်တဲ့တပ်စုဟာ စစ်သည်ရဲမက် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။မာရသာအင်ပါယာကြီးဟာ ပြိုကွဲနေခဲ့ပြီး အင်အားကြီးရှင်ဘုရင်ဆူတန်ဟာလည်း ဒီလိုပြိုကွဲနေအောင် အချင်းချင်းသွေးထိုးရန်တိုက်ပေးခဲ့ပြီး နယ်မြေအတွင်း သွေးချောင်းစီးစေခဲ့တယ်...။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်တွေ ကျွဲတွေအတွက်နဲ့ အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြတဲ့အချိန်ပေါ့...။ဒီအဖြစ်ကို ရင်လေးမိနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ပစ်ဖို့ စွန့်စားပါတော့တယ်...။အဲ့ဒီလို တစ်နယ်ပြီးတစ်နယ်သိမ်းပိုက်လာရင်း မာဗယ်နယ်မြေ ၁၂ခုလုံးက တုန်လှုပ်ရတဲ့ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေနဲ့ ထိပ်တိုက်တိုးမိလာတဲ့အခါ...။ဒီဇာတ်ကားလေးမှာ တိုက်ရေးခိုက်ရေးတွေကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်သလို နိုင်ငံရေးဉာဏ်အားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ပါဦးနော်...။ File size…2.3GB  / 1.2GB Quality…1080p Zee5 WEB DL ...
movie

Har Har Mahadev (2022)

2022
Bones and All (2022) 7.3
Bones and All (2022) Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ ပြန်သုံးထားပါတယ်။ လူငယ်ဒရာမာကိုမှ ဟော်ရာနဲ့ သွေးသံရဲရဲတွေထည့်သွင်းထားတဲ့အပြင် လူသားစားတဲ့ဇာတ်လမ်းဖြစ်လို့ အသည်းငယ်သူတွေမကြည့်သင့်သလို မိသားစုနဲ့မကြည့်သင့်တာတွေလည်းပါဝင်နေပါတယ်။မူရင်းစာအုပ်တုန်းက နာမည်ကျော်ခဲ့သလို အခုရုပ်ရှင်မှာလည်း စာအုပ်ထဲကဇာတ်လမ်းကိုအနည်းငယ်သာပြောင်းပြီး ရိုက်ကူးထားခဲ့တာပါပဲ။ ဇာတ်ပို့အနေနဲ့လည်း Bridge of Spies နဲ့ အော်စကာရခဲ့တဲ့ မင်းသားကြီး Mark Rylance ပါဝင်ထားပါသေးတယ်။လူငယ်တွေရဲ့ လူ့အသိုင်းအဝိုင်းနဲ့ဝင်မဆန့်ပုံတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရတာတွေရှာဖွေရတာတွေကို နိမိတ်ပုံအနေနဲ့ ဒီလူသားစားစုံတွဲကို ကြောက်စရာ အချစ်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးပြထားတာမျိုးပဲဖြစ်ပါတယ်။ ရသမျိုးစုံခံစားရတာကလွဲရင် ဘာမှတော့ ပညာယူစရာ ဗဟုသုတယူစရာမပေးပါဘူး။ ဖီးချင်ရာဖီးဖို့သက်သက်ပဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲမှာ သူတို့ကိုယ်သူတို့ Eater လို့ ခေါ်ပါတယ်။ စားသူပေါ့။ ဒါကို ပါဠိလို အဒ လို့ပဲ ပြန်ပေးထားပါတယ်။ ပေါရိသာဒဆို (ပုရိသ-ယောက်ျား၊ အဒ-စားသူ ပေါင်းထားသလိုပေါ့) File size…1.85GB  / 895MB Quality…1080p WEB RIP / 720p  Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie

Bones and All (2022)

2022
Yashoda(2022) 8.4
Yashoda(2022) Yashoda (2022)IMDb-8.3/10ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအစမှာ -‌‌ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ် -အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ် ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ် လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ် သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ် အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း-တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ် ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ် ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ် အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ်ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာ‌ဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဇာတ်လမ်းအစတည်းက ဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားအတွက် အညွန်းထက်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ် File size…3.8GB / 1.8GB ...
movie

Yashoda(2022)

2022
4K HEVC
Semantic Error: The Movie (2022) 7.2
Semantic Error: The Movie (2022) Semantic Error: The Movie (2022)(1080p ရပါပြီ)Semantic Error ဆိုတဲ့ စီးရီးလေးကို ကြည့်ဖူးတဲ့သူတွေကတော့ ဒီဇာတ်လမ်းလေးနဲ့ အကျွမ်းတဝင်ရှိကြမှာပါ။ ဒီမူဗွီလေးကတော့ စီးရီးအပြီးမှာ ထပ်မံထွက်ရှိလာတဲ့ မူဗွီလေး။ကွန်ပြူတာသိပ္ပံမေဂျာက အမှန်တရားရဲ့ဘက်တော်သားလေးချူဆန်းဝူက ဖြောင့်မတ်ပြီး အေးတိအေးစက်နိုင်သူလေးပါ။ ဘယ်လောက်အသည်းမာလဲဆိုရင် ချူဆန်းဝူတစ်ယောက် ကျောင်းမှာ အဖွဲ့လိုက် Presentationလုပ်ဖို့ဖြစ်လာတဲ့အချိန် သူတစ်ယောက်တည်းပဲ ဒိုင်ခံလုပ်ရလို့ အခြားအဖွဲ့ဝင်တွေနာမည်ကို လူသိရှင်ကြားဖျက်ပြီး သူ့နာမည်ကိုသာ Presentationမှာရေးခဲ့တဲ့အထိပါပဲ။ချူဆန်းဝူမသိလိုက်ဝာာကတော့ သူ့လုပ်ရပ်ကြောင့် စီနီယာကျောင်းသားဖြစ်သူ ဂျန်ဂျယ်‌ယောင်းရဲ့ ပညာရေးမှတ်တိုင်က ထင်သလိုမဖြစ်တော့ဘဲ တိုင်ပတ်သွားပါတော့တယ်။ဂျန်ဂျယ်ယောင်းကတော့ ဒီဇိုင်းမေဂျာက လူချစ်လူခင်ပေါများပြီး ဆန်းဝူနဲ့ဆန့်ကျင်ဘက်စတိုင်ရှိတဲ့သူပါ။ နိုင်ငံခြားပညာတော်သင်သွားမယ့် ဂျန်ဂျယ်ယောင်းဟာ ဆန်းဝူကြောင့် သူ့ရဲ့မဟာစီမံကိန်းကြီးပျက်ရလို့ ပြဿနာရှင်းဖို့ ဆန်းဝူကို မရမက စရှာပါတော့တယ်။ဒီလိုနဲ့ စရိုက်မတူတဲ့ သူတို့နှစ်ယောက် အတူတူတွဲလုပ်ဖို့အကြောင်းဖန်လာပြီး အစအနောက်သန်တဲ့ဂျန်ဂျယ်ယောင်းနဲ့ ရေခဲတုံးလေးချူဆန်းဝူတို့ကြားမှာ ထူးခြားတဲ့သံယောဇဉ်လေးတစ်မျိုး စတင်ရစ်ပတ်ချည်‌နှောင်လာတဲ့အခါမှာတော့ ...ရည်းစားမရှိတဲ့ CMပရိသတ်ကြီးတို့ကပဲ စောင်ကိုက်ပြီး ဆက်လက်ရှုစားပေးကြပါဦးနော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Khine ...
movie

Semantic Error: The Movie (2022)

2022
Sam & Kate (2022) 5.9
Sam & Kate (2022) Sam & Kate (2022)- Rotten Tomatoes - 73%, Meta - 58% ~နှစ်တိုင်းလိုလို ခရစ်စမတ်ကာလနီးလာရင် ခရစ်စမတ် Theme ဇာတ်ကားကောင်းလေးတွေ ထွက်လေ့ရှိတဲ့ထုံးစံအတိုင်း ဒီ 2022 မှာတော့ Sam & Kate ဆိုတဲ့ အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းထဲမှာတော့ "ကိတ်ထ် နဲ့ ဆမ်" ဆိုတဲ့ အဓိကဇာတ်ဆောင်နှစ်ဦးပါဝင်ပြီး ကိတ်ထ်ဟာ နယ်မြို့လေးမှာ စာအုပ်ဆိုင်လေးတစ်ဆိုင်ကိုဖွင့်ထားတဲ့ ခပ်အေးအေးနေတတ်သူ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဆွေမျိုးရယ်လို့တော်စရာ "တီနာ" ဆိုတဲ့ မိခင်တစ်ဦးသာရှိပြီး အဆင်းရောအချင်းပါပြည့်စုံပေမဲ့ ထူးဆန်းစွာပဲ Single တစ်ယောက်ဖြစ်လို့နေပါတယ်။တစ်ဖက်မှာတော့ ဆမ် ဟာ ပန်းချီပညာဘက်မှာ ပါရမီပါပြီး ထူးချွန်ပေမဲ့ ဖခင်ရဲ့ ကျန်းမာရေးက တစ်နေ့တခြား ပိုဆိုးလာတာကြောင့် သူ့အိပ်မက်တွေကိုစွန့်လွှတ်ပြီး ဖခင်ရှိရာ ကိတ်ထ်တို့ရဲ့မြို့လေးက ချောကလက်စက်ရုံတစ်ခုမှာ ရရာအလုပ်ဝင်လုပ်ရင်း လူ့ဂွစာဖခင်ကို စောက်ရှောက်နေခဲ့ပါတယ်။ဒီလိုနဲ့ ...
movie

Sam & Kate (2022)

2022
Prey for the Devil (2022) 5.2
Prey for the Devil (2022) ဒီကားကတော့ The Exorcist လိုပဲ နတ်ဆိုးနှင်တဲ့ ရုပ်ရှင်မျိုးပါ။ Conjuring လိုမျိုး အလွတ်တန်းမဟုတ်ဘဲ ကတ်သလစ်ဘုရားကျောင်းရဲ့ အဖွဲ့အစည်းစနစ်နဲ့ လုပ်ဆောင်ပုံတွေကို တွေ့ရမှာပါ။ကတ်သလစ်ဘုရားကျောင်းဟာ မိစ္ဆာနှင်သင်တန်းတွေ ပေးနေပြီး အမျိုးသားဘုန်းတော်ကြီးတွေပဲ တက်ရောက်ခွင့်ရှိတဲ့နေရာပါ။ ဒါပေမဲ့ စစ္စတာအန်းဟာ မိစ္ဆာနှင်တဲ့ဘာသာရပ်ကိုအထူးစိတ်ဝင်စားပြီးတော့ ပထမဆုံးအမျိုးသမီးအဖြစ် လုပ်ခွင့်ရရေး ကြိုးပမ်းနေတဲ့သူပါ။သူ့မှာ သမားရိုးကျမဟုတ်တဲ့ မိစ္ဆာနှင်နည်းစိတ်ကူးတွေရှိပြီး အဓိကအားဖြင့် မိစ္ဆာထက် ပူးကပ်ခံရသူကို နားလည်အောင်လုပ်ဖို့ မြင်အေင်ကြည့်ဖို့ အားသန်သူဖြစ်ပါတယ်။ ရှေးရိုး မိစ္ဆာနှင်နည်းတွေနဲ့ ယုံကြည်ရာအတိုင်းလုပ်မယ့် စစ္စတာအန်းတို့ကြားမှာ အငြင်းအခုန်တွေဖြစ်နေရင်းနဲ့ သာမန်နည်းတွေနဲ့ ဘယ်လိုမှ နှင်လို့မရတဲ့ နတ်ဆိုးပူးကပ်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားစရာပြသထားပါတယ်... File size…1GB / 459MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Prey for the Devil (2022)

2022
Doctor G (2022) 7.1
Doctor G (2022) Doctor G (2022)ခုတစ်ခါထွက်ရှိလာတဲ့ရုံတင်ကားလေးကတော့ ဘတ်ဂျတ်၃၅ကုဋေ သုံးထားပြီး လက်ရှိ၄၁ကုဋေပြန်လည်ရရှိထားပြီး မင်းသားချော အာရွရှ်မန်းခူရာနားနဲ့ မင်းသမီးချောလေး ရာကူလ်ပရီသ်တို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားက ဆရာဝန်ဇာတ်လမ်းလေးပေါ့နော် သိပ်ကို အရိုးအကြောအထူးကုဆရာဝန်ဖြစ်ချင်နေတဲ့ ဒေါက်တာလေး အူဒေးရဲ့အကြောင်းပါသူ့မှာ ရီချားဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ် ကောင်မလေးနဲ့အတူ စိတ်ကူးတွေအများကြီးယဥ်ခဲ့ပေမယ့် သူ့ကောင်မလေးက သူ့ကိုအသည်းခွဲခဲ့ပါတယ်ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ သူ သိပ်ဖြစ်ချင်တဲ့ အရိုးအကြောဆရာဝန်လည်း ဖြစ်ခွင့်မရဘဲ သားဖွားမီးယပ်ဌာနကိုပဲ ဝင်ခွင့်ရခဲ့ပါတယ် ဟိုရောက်တော့ ယောက်ျားလေးဆိုလို့ သူ တစ်ယောက်တည်းရှိလေတော့ သူများအနိုင်ကျင့်ဗိုလ်ကျခံရတာပေါ့နော် အဲ့ဒီမှာပဲ ဆရာဝန်မလေးတစ်ယောက်နဲ့ သွားဆုံမိပါတယ် အချင်းချင်းရိုင်းပင်းကူညီမိလာကြတဲ့အခါ သံယောဇဥ်နှောင်ကြိုးတွေကို အူဒေးဟာ မလွန်ဆန်နိုင်ခဲ့ပါဘူးသို့ပေမယ့်လည်း အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိမလား ကဲ ဆက်လက်ပြီး ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ကြနော် ဒီဇာတ်ကားလေးမှာ ဟာသလေးတွေလည်းပါလို့ ရယ်မောနေရမှာဖြစ်သလို ဆေးပညာဗဟုသုတတွေလည်း ရရှိမှာဖြစ်ပါတယ် ဆရာဝန်တွေမှာလည်း အသည်းနဲ့ပါဆိုတော့....။ ကြည့်လို့ရပါပြီနော် File size…1.87GB  / 888MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ Thet Ko
movie

Doctor G (2022)

2022
Macherla Niyojakavargam (2022) 4.9
Macherla Niyojakavargam (2022) Macherla Niyojakavargam (2022)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ Check 2021 ထဲက တေလဂူမင်းသားချောလေးနဲ့ နီတင်နဲ့ Uppena 2021 ထဲက မင်းသမီးချောလေး ကရီတီးရှက်တီးတို့ရဲ့ကားလေးပဲဖြစ်ပါတယ်။မာချာလာဆိုတဲ့မြို့တစ်မြို့ရှိတယ် အဲ့ဒီမြို့မှာ နှစ်ပေါင်း ၃၀ကြာရွေးကောက်ပွဲကျင်းပခွင့်မပေးဘဲ လူမိုက်ကြီးရာဂျာပါဆိုသူက အုပ်စိုးနေတယ်။ သူနဲ့အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ ဇာတ်သိမ်းသွားရပြီး ဆန့်ကျင်တဲ့သူမှန်သမျှ ဇီဝိန်ချုပ်သွားရတယ်။ဆိဒ်ဒူဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ် ဘယ်သူဘာပြောပြော စိတ်ထဲရှိတာနဲ့ ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တတ်တဲ့ကောင်လေး..။ အစိုးရအရာရှိဝန်ထမ်းစာမေးပွဲဖြေထားပြီး တာဝန်ကျမယ့်နေရာကို စောင့်နေတဲ့ ကောင်လေးပါ။မထင်မှတ်ဘဲ မာချာလာမြို့မှာ သူ တာဝန်ကျလာတဲ့အခါမှာတော့...။နှစ် ၃၀ ကြာ အုပ်စိုးနေတဲ့ ခြင်္သေ့အိုကြီးနဲ့ သူ့နန်းကို ဖျက်သိမ်းမယ့် ခြင်္သေ့ငယ်လေးတို့ ထိပ်တိုက်တွေ့လာပါတော့မယ်။ကျန်တာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော် File size…3.6GB / 1.76GB Quality…1080p Telugu WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ
movie

Macherla Niyojakavargam (2022)

2022
[18+]Obscene House: Slave Wife (2020) 6.7
[18+]Obscene House: Slave Wife (2020) [18+]Obscene House: Slave Wife (2020)*************************************နယ်ဘက်က အိမ်ယာတစ်ခုစီ ပြောင်းရွှေ့လာသော ဇနီးမောင်နှံတစ်တွဲဟာအိမ်အသစ်က တိတ်ဆိတ်ပြီး အသံလုံတာကြောင့် သဘောကျနေပါတယ်... ဒါပေမယ့် အရမ်းတိတ်ဆိတ်လွန်းတာကြောင့် လူနေတာရော ဟုတ်ရဲ့လားဆိုပြီး သံသယဝင်လာပါတော့တယ်... ဒါ့အပြင် အိမ်ထဲမှာ ထူးဆန်းတဲ့ပစ္စည်းတွေ ရောက်နေတာမျိုးတစ်ယောက်ယောက်က အိမ်ထဲကို ဝင်နေတဲ့ သဲလွန်စတွေတွေ့နေတာကြောင့် ထိန်းသိမ်းရေးရုံးကို သွားပြီးအကြောင်းကြားလိုက်ပါတယ်... ထိန်းသိမ်းရေးမှုးပြောတဲ့အတိုင်း လုပ်ပေမယ့် ဘာမှမထူးခြားတာကြောင့် ကိုယ်တိုင်စုံစမ်းတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး...ဇာတ်လမ်းဘာညာနဲ့ လှပညက်ညောတဲ့အခန်းတွေပါတာမို့လို့မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...    File Size : (1.1GB) and (407MB) Quality : HDRip 1080P, 720p Format…mp4 Duration…01:14:00 Genre : Adult ,Romance Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD
movie

[18+]Obscene House: Slave Wife (2020)

2022
Blurr (2022) 4.3
Blurr (2022) Blurr (2022)တာ့ပ်ဆီးရဲ့ဇာတ်ကားကောင်းလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီနော် ထုံးစံအတိုင်း သူသရုပ်ဆောင်တဲ့ ကားတွေက မင်းသားမလိုဘဲ သူတစ်ကိုယ်တော်တည်းနဲ့ ဇာတ်လမ်းကို အထွတ်အထိပ်ရောင်အောင် ဆွဲနိုင်တဲ့အရည်အချင်းရှိတဲ့ကားတွေပါ...ဒီဇာတ်ကားမှာတော့ ဂိုင်သရီးနဲ့ ဂေါ်တမီဆိုတဲ့ အမြွှာညီအစ်မနေရာကနေ သရုပ်ဆောင်ထားပါတယ်တစ်ရက် သူ့ညီမလေး ဂေါ်တမီတစ်ခုခုဖြစ်နေတယ်လို့ ဂိုင်သရီးအိပ်မက်ဆိုးမက်ခဲ့ပါတယ်ယောက်ျားဖြစ်သူကို ခေါ်ပြီး ညီမဖြစ်သူအိမ်ကိုလိုက်သွားကြည့်တော့ ညီမဖြစ်သူဟာ ဆွဲကြိုးချလျက်သား သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်...။ရဲများရဲ့စုံစမ်းစစ်ဆေးမှုအရ ဂေါ်တမီဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာပါလို့ သိရပါတယ်...ဒါကို ဂိုင်သရီးဟာ လက်မခံခဲ့ပါဘူးအဖြစ်မှန်ကို သူကိုယ်တိုင်လိုက်လံစုံစမ်းနေတုန်း သူ့အနောက်ကို အမြဲလိုလို လူတစ်ယောက်လိုက်နေသလိုခံစားနေရပါတယ်..သို့ပေမယ့် အဲ့ဒီလူကို ဘယ်သူမှမမြင်တွေ့ရပါဘူးတဖြည်းဖြည်းနဲ့ အသက်အန္တရာယ်ပါ ထိပါးလာတဲ့အခါမှာတော့....။ဘာတွေဆက်ဖြစ်လာတော့မလဲ...။ File size…1.27GB  / 569MB Quality…1080p HQ HD RIP /720p Format…mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Blurr (2022)

2022
Bound by Blackmail (2022) 5.6
Bound by Blackmail (2022) Bound by Blackmail (2022)ပိရမစ်လိမ်နည်းဆိုလား MLM လား ဘာလား ဘာညာသရာကာ အဲဒါမျိုးကို အားလုံးရင်းနှီးပြီးသားပဲမလား။ ဒီကားကတော့ တက်ကျမ်းတွေဟောတဲ့ ဘဲက ပိရမစ်လိမ်နည်းနဲ့ စိတ်ဓာတ်မြှင့်တင်ရေးအတန်းတွေဖွင့်၊ လူခေါ်အောင် မက်လုံးပေး၊ ထွက်မရအောင် အကြပ်ကိုင်တာတွေ လုပ်တဲ့ကားပေါ့။ ထူးတာက ဒီကားက အကောင်းစားကားလို့တော့ ပြောမရပေမဲ့ Thriller ကား ပီသတယ်။ စစချင်းမှာ ခင်ဗျား ဘာတွေဖြစ်နေတာလဲ တွေးမိမယ်။ နောက်ကျ ဇာတ်ရည်တဖြည်းဖြည်းလည်လာမယ်။ ဘယ်သူလုပ်နေတာလဲ ဆိုတဲ့ အချက်ကို ပြောင်းတွေးမိလာမယ်။ အဆုံးကျ ခင်ဗျား ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ အဖြေကို သိချင်လာရင်း ရင်တသိမ့်သိမ့်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ကလေးပါပဲ။ အကောင်းစားမဟုတ်ပေမဲ့ သင့်ရာတော်ရာကားကောင်းလေးပေါ့။ ပေါ့ပေါ့ပါးပါး ရင်တအေးအေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးဆိုလည်းမမှားဘူး။ဒီရုပ်ရှင်ဟာ လိုးဘတ်ဂျက် တီဗီမူဗီကားတစ်ကားဖြစ်ပေမဲ့လည်း သူမနိုင်တာတွေ ဘာမှမလုပ်ထားဘဲ သူနိုင်တဲ့အပိုင်းကိုပဲ သေချာပြပြီး ဇာတ်ညွန်းကိုလည်း Thriller ကား ...
movie

Bound by Blackmail (2022)

2022
The Swimmers (2022) 7.5
The Swimmers (2022) The Swimmers (2022) ================= IMDb Rating - 7.5/10ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို  Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett ...
movie

The Swimmers (2022)

2022
(18+) Pamasahe (2022)
(18+) Pamasahe (2022)  'အလွန်နွမ်းပါးပုံရတဲ့မိန်းမငယ်လေးတစ်ယောက်ဟာ ရင်ခွင်ပိုက်ကလေးငယ်လေးကိုတင်းတင်းပွေ့ချီရင်း မကြာခင်ထွက်ခွာတော့မယ့် ခရီးသည်တင်သင်္ဘောကြီးဆီကို တစ်စတစ်စချဉ်းကပ်လာပြီး လူတွေလစ်ပြီအထင်မှာ သင်္ဘောကြီးပေါ်ခိုးတက်ဝင်ရောက်သွားခဲ့ပေမယ့်လဲ လက်မှတ်စစ်တဲ့အချိန်မှာ သဘောၤလုံခြုံရေးသုံးဦးရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်။အကျင့်ပျက်သင်္ဘောအမှုထမ်းသုံးဦးဟာ သူ့ကိုလက်မှတ်စစ်တယ်၊ မေးခွန်းတွေမေးတယ် ခြိမ်းခြောက်တယ်။ သူတို့လက်ခုပ်ထဲကရေဆိုတာ သိသွားတဲ့နောက်မှာတော့ တစ်ယောက်တစ်လှည့်စီဝိုင်းပြီး အခွင့်အရေးယူရုံတင်မကပဲ သင်္ဘောကပ္ပတိန်ဆီကိုပါ ဆက်သလိုက်ပါသေးတယ်။ ဒါပေမယ့် သဘောၤကြီးပေါ်က ငရဲခန်းဟာ ဒီမိန်းကလေးအတွက်အခုမှ အစမဟုတ်သလို သင်္ဘောကြီးဆီက ဆင်းလာပေမယ့်လဲ သူ့ခရီးကမဆုံးသေးပါဘူး။ခရီးစဉ်ရှေ့ဆက်ဖို့အတွက် ဘတ်စ်ကားတစ်စီးရဲ့နောက်ဆုံးခုံပေါ်မှာကလေးနို့တိုက်နေတဲ့သူ့ကို နောက်ထပ်လူရှုပ်လူပွေနှစ်ယောက်က လာနှောင့်ယှက်ပြန်ပါတယ်။အဲ့ဒီမှာတော့ သူ့အတွက် ကယ်တင်ရှင်တစ်ယောက်ပေါ်လာခဲ့ပြီး ကယ်တင်ရှင်ဟာ သူ့ကိုခရီးစဉ်တစ်လျှောက် ကူညီစောင့်ရှောက်ခဲ့သလို သူကလဲ သူ့ဘဝဇာတ်ကြောင်းကိုအထုပ်ဖြေပြောပြပါတော့တယ်။ ကြေကွဲစရာ၊ကြောက်စရာလန့်စရာ၊ အော်ဂလီဆန်ချင်စရာတွေအပြည့်နဲ့ဘဝဆိုးကို သူဘယ်လိုရင်ဆိုင်ဖြတ်ကျော်ခဲ့ရသလဲ? ဒီခရီးအဆုံးမှာလဲ သူ့အတွက် ဘာတွေစောင့်ကြိုနေဦးမလဲ?သရုပ်ဆောင်တွေထပ်လွန်းလို့ ပြောနေကြတဲ့ ပရိသတ်တွေအတွက် Vivamas ကအသစ်စက်စက်လေးနှစ်ယောက်ကိုမိတ်ဆက်ပြီး ပွဲဦးထွက်စင်တင်ပေးလိုက်တဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူတို့လေးတွေကလဲ အရင်စီနီယာတွေထက်မလျော့တဲ့ ဆွဲဆောင်မှုတွေ ညှို့အားတွေနဲ့ ပရိသတ်ကိုဘယ်လိုဆွဲဆောင်ဖမ်းစားသွားမလဲဆိုတာ တစ်ချက်လောက်မြည်းစမ်းကြည့်စေချင်ပါတယ်။ File size…1GB / 550MB Quality…1080p VMAX WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Alias
movie

(18+) Pamasahe (2022)

2022
Killer Design (2022) 4.7
Killer Design (2022) Killer Design (2022) ===============“ခြေနှစ်ချောင်း မကယ်ကောင်း” ဆိုတဲ့ဆိုရိုးစကားတစ်ခု ကြားဖူးကြ မှာပေါ့။ ကယ်လိုက်တဲ့ ခြေနှစ်ချောင်းက ကိုယ့်ကိုပြန်ဒုက္ခပေးမိတာလည်း ဒုနဲ့ဒေးပေါ့။ အဲ့ဒီလိုပုံစံကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် လှလှပပလေး ဒီကားလေးမှာရိုက်ကူးထားပါတယ်။ဂျိုဒီ့ကိုဓါးပြတိုက်တာကို ဝင်ဒီကဝယ်ကယ်ရင်းနဲ့ သူတို့နှစ်ယောက်စတင် သိကျွမ်းခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကို တစ်ခါကယ်ပြီးရင် တစ်သက် လုံးတာဝန်ယူရတယ်”တဲ့... အဲ့ဒီစကားပုံကိုလက်ကိုင်ထားပြီး ဝင်ဒီတစ်ယောက် ဂျိုဒီကိုအဖက်ဖက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျိုဒီကလည်း ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ အလုပ်လည်းပေးခဲ့တဲ့အပြင် နေစရာလည်းရှာပေးခဲ့ပါတယ်။ဝင်ဒီကာကွယ်ပေးချင်တဲ့ ဂျိုဒီရဲ့သတို့သားလောင်းက ဖောက်ပြန်နေတာရယ်၊ ဂျိုဒီ့ရဲ့သူငယ်ချင်းက ပေါ့ပေါ့ပါးပါးနေတတ်သူမို့ ဂျိုဒီ့အတွက်ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ သိသွားတဲ့အခါ... ဝင်ဒီက ဂျိုဒီ့ကိုဘယ်လိုကာကွယ်ပေးမလဲ ? ဂျိုဒီက ဝင်ဒီ့ကိုကယ်ခဲ့တာလား ? ဝင်ဒီက ဂျိုဒီ့ကိုကယ်ခဲ့တာလားဆိုတာတွေကို လှည့်ကွက်တွေနဲ့ကြည့်ရမှာမို့  တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.44 GB) / (464 MB) / (291 MB) Quality............WEB-DL 1080p /  720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM 
movie

Killer Design (2022)

2022
Broken Wings (2022) 5.4
Broken Wings (2022) Broken Wings (2022)အင်ဒိုနီးရှား ဖြစ်ရပ်မှန်ကားလေး တင်ဆက်ပေးပါရစေ။ 2018 ခုနှစ်က အင်ဒိုနီးရှားရဲတွေနဲ့ ထောင်သားတွေအကြားဖြစ်ပွားခဲ့တဲ့ အထိကရု‌ဏ်းကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Leong ဆိုတဲ့လူဟာ ISIS ဆန်ဆန် လူသစ်တွေ ရှာဖွေစုဆောင်းပြီး လူစုလူဝေးများတဲ့နေရာတွေမှာ အသေခံဗုံးလိုက်ခွဲပါတယ်။ တစ်ဖက်မှာလည်း ရဲအရာရှိ Ajiဟာ ကိုယ်‌ဝန်ဆောင်သည်ဇနီးနဲ့အတူ နယ်ပြောင်းလာရပါတယ်။ရဲအရာရှိ Aji ဟာ Leongကို ဖမ်းဆီးနိုင်အောင် ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့တော့ ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။)File Size          : 1.3GB, 522MB, 283MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format          ...
movie

Broken Wings (2022)

2022
Thank God (2022) 6.1
Thank God (2022) Thank God (2022)ကဲ ဂိမ်းကစားရတာကြိုက်တဲ့ပရိတ်သတ်ကြီးတွေအတွက် "Game Of Life" ဆိုတဲ့ ဘဝရဲ့သေရေးရှင်ရေးအားသွန်ခွန်စိုက်ကစားရမယ့် ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ။ ရုံတင်ငွေအနေနဲ့လည်း ကုဋေ ၄၈.၉၂ ပြန်ရခဲ့ပြီး လူတိုင်းအသည်းစွဲမင်းသားကြီးအဂျေးအပြင် အချစ်တော် မင်းသားဆစ်ဒါးလ်လဲ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကားကတော့ အပျံ့စားဖြစ်နေမှာပါ။ဂိမ်းတစ်ခုကို‌ပေါ့ပေါ့ပါးပါးပဲဆော့ကြပေမယ့် အဲဒီဂိမ်းရဲ့အနိုင်အရှုံးက မိမိအသက်ပေါ်မူတည်နေမယ်ဆိုရင်တော့ တစ်ချက်မမှားရဲဘဲ အားသွန်ခွန်စိုက်ဆော့ရတော့မှာမဟုတ်ပါလား? ဒီကားထဲမှာဆိုရင် အာရန်ကပူးက အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်ပါ ပိုက်ဆံဆိုတာ သူ့အတွက်တန်ဖိုးမရှိတော့တဲ့အထိ ပိုက်ဆံတွေအများကြီးရှာဖို့ကတော့သူ့အိပ်မက်ပေါ့။ဒါပေမယ့်ငွေကြေးအပြောင်းအလဲမှာ လက်ထဲပိုင်ဆိုင်သမျှငွေတွေက သူ့အိပ်မက်အတိုင်း တန်ဖိုးမရှိတော့ဘဲ ကုမ္ပဏီဒေဝါလီခံရတဲ့အပြင်ကို အိမ်ပါရောင်းဖို့ထိဖြစ်လာခဲ့ပါတယ်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ တစ်နေ့ထင်မှတ်မထားတဲ့ အက်ဆီးဒင့်နဲ့ကြုံရပြီး အသက်ပြန်ရှင်အောင် ပြုခဲ့သမျှကောင်းမှုတွေကသာသူ့ကိုကယ်နိုင်မယ့် ဂိမ်းကစားပွဲထဲပါသွားတဲ့အခါမှာတော့...ကပူးတစ်ယောက်ဘယ်လိုတွေရုန်းကန်ရမလဲ? သူ့ရဲ့ကောင်းမှုနဲ့မကောင်းမှုမှာ ဘယ်တစ်ဖက်ကအနိုင်ရသွားမလဲဆိုတာတော့ ခုပဲ Channel Myanmar မှာဆက်လက်ကြည့်ရှုလိုက်ပါရှင်။ File size…1.86GB  / 943MB Quality…1080p HQ HD RIP  /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Hay Man ~ Yunni
movie

Thank God (2022)

2022