Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2022
6.2
Honeymoon (2022)
Honeymoon (2022) Comedy, Drama IMDb 6.2/10ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင် ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။ အူတူတူ အတတ မိသားစုလေး။အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့ နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ ကောင်မလေးနဲ့ သွားဆုံမိတယ်။ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့ လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB / 1.2GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Taylor ~ Yunni
movie
Honeymoon (2022)
2022
5.7
Love at the Christmas Contest (2022)
Love at the Christmas Contest (2022) ===========================ဒီကားလေးကတော့ ခရစ်စမတ်ကာလရဲ့ အဓိကအနှစ်သာရလေးကို ရိုးရိုးရှင်းရှင်းဇာတ်လမ်းသွားလေးနဲ့ပဲ ဖော်ပြထားပေးသွားတဲ့ ဇာတ် ကားလေးပါ။တစ်ချို့ထည့်သုံးသွားတဲ့ အတွေးအမြင်လေးတွေဆိုရင်လဲ တကယ် ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှုထောင့်တစ်မျိုးကနေ ကြည့်တတ်ဖို့ lessonတွေလဲရပါတယ်။ IMDb Rating 5.7ရထားတဲ့ ကားလေး ဖြစ်ပြီး< မိသားစု ချစ်သူတွေနဲ့ ငြိမ့်ငြိမ့်လေး အတူကြည့်လို့ရတဲ့ ဇာတ်ကားငြိမ့်ငြိမ့်လေးတစ်ကားပါ။ရှုပ်ယှက်ခပ်နေတဲ့ actionတွေ plot twistတွေ thriller တွေ sadist movie တွေပဲ အကြည့်များနေရင် စိတ်ခဏအငြိမ်ပေးတဲ့ ကြည့်သင့်တဲ့ကားလေး တစ်ကားဖြစ်တယ်လို့ recommend ပေးပါတယ်။ကလေးသရုပ်ဆောင်ကလေး ကလည်း အရမ်းချစ်စရာကောင်းပြီး သူ့ဇာတ်ရုပ်နဲ့ တော်တော်လေးလိုက်တယ် လို့ ပြောရင် pedophile လို့တော့ မထင်လိုက်ကြနဲ့ပေါ့ဗျာ၊ တကယ်ချစ်စရာ ကောင်းလို့ ပြောတာပါ။ကဲ ဒီလောက်ပဲညွှန်းပါတော့မယ်ဗျာ အချိန်ရရင် ဝင် ကြည့်ကြပါလို့ပြောကြားချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(1.7 GB) / (678 MB) / (370 MB) Quality............WEB-RIP 1080p / ...
movie
Love at the Christmas Contest (2022)
2022
7.8
Masooda (2022)
Masooda ( 2022 ) IMDb 7.8/10အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Horrorရုပ်ရှင်အမျိုးအစား ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်...။ဇာတ်လမ်းအကျဉ်းကတော့ နီလမ်ဟာ Single motherတစ်ယောက်ဖြစ်ပြီးတော့ သမီးဖြစ်သူနာဇီယာနဲ့အတူ တိုက်ခန်းလေးတစ်ခန်းငှားကာနေထိုင်ပါတယ်။သူတို့အခန်းနဲ့မနီးမဝေးမှာ ဂိုပီလို့ခေါ်တဲ့ အိမ်နီးချင်းကောင်လေးတစ်ယောက်နေထိုင်ပြီးတော့ နီလမ်တို့သားအမိအကူအညီ လိုအပ်ရင်လည်း လက်မတွန့်ပဲကူညီပေးတတ်တဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်...။တစ်ညမှာတော့ နီလမ်တစ်ယောက် ဂိုပီ့အခန်းကိုတံခါးလာခေါက်ကာအကူအညီတောင်းပါတော့တယ်... ဂိုပီလိုက်သွားကြည့်တဲ့အခါမှာတော့ တစ်စုံတစ်ယောက်၀င်ပူးနေသလိုဖြစ်နေတဲ့ နာဇီယာကိုတွေ့လိုက်ရပါတယ်။နီလမ်နဲ့ဂိုပီတို့နှစ်ယောက် နာဇီယာကိုဆရာ၀န်နဲ့ပြပေမဲ့ မသက်သာတဲ့အဆုံးမှာတော့ အပနှင်ဆရာတွေလိုက်ရှာဖွေရင်း သိရှိလာတာက ဒီပူးကပ်နေတဲ့နတ်ဆိုးဟာ အင်မတန်မှအငြှိုးကြီးပြီး သူ့ကိုသတ်နိုင်မယ့်လက်နက်ကလည်း သီးသန့်ရှိနေကြောင်းသိရှိလိုက်ရတဲ့အခါမှာတော့....နာဇီယာကိုကုသလို့ရနိုင်ပါ့မလား ... နာဇီယာကို၀င်ပူးနေတဲ့ အငြှိုးကြီးတဲ့ဝိဉာဥ်ကရောဘယ်သူဖြစ်မလဲ... ဘယ်လိုအကြောင်းကြောင့်၀င်ပူးနေတာလဲဆိုတာကို တော့ ကျောတချမ်းချမ်းနဲ့ဆက်လက်ကြည့်ရှုရမှာပါ။ Horror ရုပ်ရှင်ကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ File size…2.17GB / 1.03GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Yunni
movie
Masooda (2022)
2022
6.9
Phone Bhoot (2022)
Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကားလေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ...Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်...ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ - ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်... ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်.. အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.... File size…2.21GB / 1.01GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Hay ...
movie
Phone Bhoot (2022)
2022
6.2
Aqua Teen Forever: Plantasm (2022)
Aqua Teen Forever: Plantasm (2022)~ IMDb - 6.2/10, Rotten Tomatoes - 100% ~Aqua Teen Hunger Force ဆိုတဲ့ Animation စီးရီးက မစ်ရှိုတ်ရယ်၊ အသားလုံးရယ်၊ အာလူးချောင်းကြော်ရယ်ဆိုတဲ့ အဓိက ဇာတ်ကောင် ၃ ကောင်ပါဝင်ထားပြီး ဂြိုဟ်သားတွေ၊ အပင်ကောင်တွေ၊ လူတွေလည်း ပါတဲ့အပြင် ကြည့်နေတဲ့လူကို ထထဆဲတဲ့ 8 bit Mooninite နှစ်ကောင်လည်းပါဝင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ ကလေးတွေမကြည့်သင့်တဲ့အခန်းတွေ ဆက်တိုက်ပါပါတယ်။ အသက်ပြည့်ပြီးသားလူကြီးတွေပဲကြည့်သင့်တယ်ဆိုပေမဲ့လည်း သာမန်ရိုးရိုးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ...နာမည်ကျော် Rick and Morty စီးရီးတွဲတွေကိုထုတ်ခဲ့တဲ့ Adult Swim ကပဲ ထုတ်ထားတဲ့အတွက် အဲဒီစတူဒီယိုရဲ့ Trademark လိုကိုဖြစ်နေတဲ့ ထူးထူးဆန်းဆန်းတွေ၊ မဖြစ်နိုင်တာတွေ၊ ဇာတ်ကားကြည့်နေတဲ့လူကို ဝင်ဝင်နှောင့်တတ်တဲ့ကောင်တွေနဲ့ဆိုတော့ ပျင်းတော့မပျင်းရပါဘူး… ထူးထူးခြားခြားဇာတ်လမ်းတွေ၊ အရင်လိုနဲ့မတူပဲကွဲထွက်နေတာမျိုးတွေကိုကြည့်ချင်တာဆိုရင်တော့ ဒီဇာတ်ကားက ...
movie
Aqua Teen Forever: Plantasm (2022)
2022
A Christmas Karen (2022)
A Christmas Karen (2022)'ကာရင်' ဆိုတဲ့စကားလုံးကို ဒီခေတ်မှာ သိပ်မစိမ်းကြတော့ဘူးလို့ ထင်ပါတယ်။'ကာရင်' ဆိုတာ နေရာမရွေး ကွိုင်ရှာတတ်တဲ့ ပြဿနာအိုး၊ လူမျိုးရေးခွဲခြားဆက်ဆံတတ်တဲ့ သက်လတ်ပိုင်း အမေရိကန် လူဖြူအမျိုးသမီးကြီးတွေကို ခေါ်ဆိုတဲ့ ဗန်းစကားတစ်ခုပါ။ ကာရင်တွေရဲ့ ထစ်ခနဲရှိ လက်သုံးစကားတွေက 'ငါ ရဲခေါ်လိုက်မယ်' 'မန်နေဂျာနဲ့ စကားပြောမယ်' 'နင်တို့နေတဲ့နိုင်ငံကိုသာ ပြန်သွား' ဆိုတာတွေပါ။'ကာရင်' ဆန်ပြီး ကာရင်လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ်အကြိုညမှာ အရင်က သူဌေးမဟောင်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူမရဲ့ သူဌေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ခရစ္စမတ်ညမှာ ဆုံးပါးသွားခဲ့သူပါ။တစ္ဆေအဖြစ်နဲ့ လာရောက်ခြောက်လှန့်ခဲ့တဲ့ သူမရဲ့ သူဌေးဖြစ်သူဟာ ရှင်သန်နေစဥ်ကာလမှာ လုပ်ခဲ့မိတဲ့ ပြစ်ဒဏ်တွေကြောင့် ကြေးချွတ်သန့်စင်ဘုံမှာ ပြစ်ဒဏ်ခံနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ လေလွင့်တစ္ဆေဖြစ်နေတဲ့သူမဟာ အသက်ရှိနေစဥ်ကာလမှာ သူတစ်ပါးရဲ့ယောကျာ်းတွေနဲ့ အိပ်မိခဲ့တဲ့အတွက် အပြစ်ကြွေးဆပ်နေရပါတယ်။ ဒါပေမဲ့ ထိုအပြစ်ကြွေးကြောင့် ဘယ်လိုမျိုးများ ...
movie
A Christmas Karen (2022)
2022
5.1
Snow Day (2022)
Snow Day (2022)ဒီဇာတ်လမ်းလေးကတော့ ဆောင်းရာသီမှာ ချစ်ရသူနဲ့အတူတူကြည့်ပြီး ဖီးလ်လို့ကောင်းမယ့် လူငယ်ဆန်ဆန် ရိုမန်တစ်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...Syracuseလို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ ဆောင်းရာသီနှင်းအရမ်းကျတဲ့ အခါမျိုးမှာ လမ်းတွေဟာနှင်းတွေနဲ့ပိတ်ပြီး ဆိုင်အားလုံးကျောင်းအားလုံးကိုပိတ်ရပါတယ်။ အဲ့လိုပိတ်ပေးတဲ့နေ့ကို Snow Day လို့ခေါ်တာပေ့ါ။နတ်တာလီဘရတ်စတန်လို့ခေါ်တဲ့ ကလေးမလေးဟာ ကျောင်းစာလုပ်ရမှာကို အရမ်းပျင်းပြီး အချိန်ပြည့် Snow Day ပိတ်ရက်ကိုမျှော်နေသူပါ။ သူ့မှာအကိုတစ်ယောက်ရှိပြီး သူ့အကိုမှာလည်း ကျိတ်ကြွေရတဲ့ ကောင်မလေးရှိနေပြီး တစ်ဖက်မှာလည်း ငယ်သူငယ်ချင်းကောင်မလေးက သူ့ရဲ့ကောင်းဖော်ဆိုးဘက်ဖြစ်နေပြန်ရော။ဒီလိုနဲ့သူတို့သုံးယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းတွေ ထပ်ဖြစ်လာမလဲဆိုတာကတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။)File Size : 1.9GB, 775MB, 393MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format ...
movie
Snow Day (2022)
2022
7.1
BARDO, False Chronicle of a Handful of Truths (2022)
BARDO, False Chronicle of a Handful of Truths (2022)~ Directed by Alejandro González Iñárrituဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ...
movie
BARDO, False Chronicle of a Handful of Truths (2022)
2022
4.1
The Doll 3 (2022)
The Doll 3 (2022)အင်ဒိုနီးရှား အရုပ်သရဲကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိဘတွေရဲ့ ကားအက်ဆီးဒင့်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ မောင်လေးကို Tara က ပြုစုစောင့်ရှောက်ရပါတယ်။သူ့မောင်လေးက ဆေးရုံကနေ ဆင်းလာပြီးတဲ့နောက်ပိုင်း အစ်မ Tara မှာ ချစ်သူရှိနေမှန်းသိသွားတော့ သူ့ကို Tara က မချစ်တော့ဘူးလို့တွေးပြီး သူတို့လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ တိုက်ပေါ်ကနေခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တဲ့ Tara က သူ့မောင်လေးကို နှုတ်ဆက်စကားပြောချင်လို့ဆိုပြီး နတ်ဆရာဆီမှာ ဝိညာဉ်ဆင့်ခေါ်ပြီး အရုပ်ထဲကို သူ့မောင်လေးရဲ့ဝိညာဉ်သွင်းလိုက်ပါတယ်။ သူ့မောင်လေးက အစတည်းက စိတ်ဒဏ်ရာရနေတဲ့အပြင် သူ့ရဲ့ဝိညာဉ်မှာ မကောင်းဆိုးဝါးစွမ်းအင်ပါ ပါလာတော့ သူ့အစ်မကို လုယူသွားမယ့်သူတွေကို အပြတ်ရှင်းဖို့ ကြိုးစားလာတဲ့အခါ Tara အနေနဲ့ သူချစ်တဲ့သူတွေကို ကာကွယ်နိုင်ပါ့မလား၊ သူ့မောင်လေးရဲ့ဝိညာဉ်ကိုရော ပြန်နှင်ထုတ်နိုင်ပါ့မလား၊ မောင်လေးနဲ့ ချစ်သူကြားမှာ ဘယ်သူ့ကိုရွေးမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size…1.4GB | 832MB ...
movie
The Doll 3 (2022)
2022
6.1
The Big 4 (2022)
The Big 4 (2022)The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | ...
movie
The Big 4 (2022)
2022
5.2
Hawa (2022)
Hawa (2022)(1080p ရပါပြီ)ဟာဝါ လေးဟာ မိဘတွေ မရှိတော့တဲ့နောက် မကျန်းမာတဲ့အဘွားဖြစ်သူနဲ့ပဲ နေထိုင်ရပါတော့တယ်။ ဘွားဖြစ်သူရဲ့ကျန်းမာရေးကလည်း မျှော်လင့်ချက်မရှိတော့တာမို့ သူဆုံးသွားပြီးရင် ဟာဝါလေး တစ်ယောက်တည်းကျန်မနေခဲ့စေဖို့ မွေးစားမယ့်သူ တစ်ယောက်ရှာဖို့လိုလာပါပြီ။ဟာဝါ မှာလည်းသူ့ကို မွေးစားစေချင်တဲ့ သူသီးသန့်ရှိပါတယ်။ သူကလွဲရင် ကျန်တဲ့သူကို စဉ်းကိုမစဉ်းစားပါဘူးတဲ့။ သူကတော့ အမေရိကန်ရဲ့ Former First Lady မီရှဲလ် အိုဘားမားပါပဲ။တစ်နေ့ မီရှဲလ် အိုဘားမား ပဲရစ်မြို့ကိုရောက်နေမှန်း သိတာနဲ့ သွားတွေ့ပြီး သူ့မွေးစားဖို့ပြောမယ်ဆိုကာ ကြိုးစားတဲ့အခါ ...ကလေးတယောက်ဆိုပေမယ့် ယုံကြည်ရာကို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ ဟာဝါ တစ်ယောက် ဘယ်လိုရလဒ်မျိုးရရှိလာမလဲဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Themes ပါ။)File Size : 1.8GB, 607MB, 314MB Quality : ...
movie
Hawa (2022)
2022
6.7
42 segundos (2022)
42 segundos (The Final Game) (2022)~ IMDb rating - 6.7/10 ~သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ ...
movie
42 segundos (2022)
2022
6.8
Catering Christmas (2022)
Catering Christmas (2022)~ IMDb rating - 6.8/10 ~ခရစ်စမတ် Vibe ဇာတ်လမ်းလေးတွေဆိုတာက Christmas အနားနီးလေလေ ကြည့်ရတာ ပိုပြီး အရသာရှိလေလေပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် အသစ်စက်စက် ခရစ်စမတ် အချစ်ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းထဲမှာ မော်လီ ဆိုတဲ့ကောင်မလေးဟာ Molly's Menu Magic ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ကို စဖွင့်ထားပြီး မြို့မှာရှိတဲ့ ပွဲလမ်းသဘင်တွေမှာ အကျွေးအမွေး service ပေးသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလေး နာမည်ရလာဖို့ လုံးပန်းနေရတာကြောင့် ရည်းစားထားချိန်မရှိဘဲ ခရစ်စမတ်အားလပ်ရက်မှာတောင် အနားမယူဘဲ အလုပ်လုပ်တဲ့ ရည်မှန်းချက်ကြီးသူလေးဖြစ်ပါတယ်။မော်လီတို့မြို့လေးမှာ "ဟယ်ရစ်ဆင်န်" ဆိုတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိပြီး လူထုအကျိုးပြု အဖွဲ့စည်းတစ်ခုဖြစ်တာကြောင့် တစ်နယ်လုံးက လူတွေဟာ ဖောင်ဒေးရှင်းကို ဦးဆောင်တဲ့ မိသားစုကို အလွန်ချစ်ခင်ကြပါတယ်။ ဖောင်ဒေးရှင်းကို လက်ရှိဦးဆောင်နေတာက ဂျီးန်ဟယ်ရစ်ဆင်န် ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး တူဖြစ်သူ "ကာဆင်န်" ...
movie
Catering Christmas (2022)
2022
4.5
Girl at the Window (2022)
Girl at the Window (2022)အေမီဟာ လူသတ်သမားအကြောင်းတွေ သွေးသံရဲရဲ သတ်ဖြတ်မှုအကြောင်းတွေ ပုံတိုပတ်စ ရုပ်ရှင်တွေနဲ့ ဝတ္ထုတွေကို ခုံမင်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်တယ်။ဆယ်ကျော်သက်ဆိုတဲ့အတိုင်း ကိုယ်သဘောကျတဲ့အရာတွေကို လက်တွေ့နဲ့ ယှဥ်ပြီး စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်။ပြောရရင် လူသတ်သမားကို ရှာချင်တဲ့ စုံထောက်မလေးတစ်ယောက်လို နေချင်တယ်ပေါ့။အဲ့တော့ ဘာလုပ်လဲ? သူမအိမ်ပြတင်းပေါက်ကနေ မှန်ဘီလူးတစ်လက်နဲ့ ဟိုဒီလျှောက်ကြည့် စပ်စုနေတော့တာပေါ့။အဲ့လိုနဲ့ သူမရောက်နေတဲ့ မြို့လေးမှာအရင်က ရှိခဲ့ဖူးတဲ့ Clockwork killer ဆိုတဲ့ serial killer ဇာတ်လမ်းဟာ အရင်ကဟိုးလေးတကျော်ဖြစ်ခဲ့သလောက် အခုတော့ လူသတ်မှုတွေ ဆိတ်သုဥ်းနေတဲ့ အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အေမီ့ အတွေးထဲမှာတော့ Clockwork Killer ဟာ အငြိမ်နေမှာမဟုတ်ဘူး။ တစ်ရက်တော့ကျိန်းသေ ပြန််ပေါ်လာမယ်ဆိုတာ စုံထောက်အဖြစ်စိတ်ကူးယဉ်ရတာကြိုက်တဲ့ ညာဥ်ကြောင့် သူမအတွေးထဲမှာ တစ်ချိန်လုံးနေရာယူထားပါတော့တယ်။ဒီလိုနဲ့တစ်ရက်ကျတော့ သူမထင်ထားတဲ့အတိုင်း Clockwork Killer ပြန်လဲပေါ်လာရော သူမနဲ့မှဘယ်လို ...
movie
Girl at the Window (2022)
2022
4.9
Mindcage (2022)
Mindcage (2022)Plotကောင်းကောင်းနဲ့ စုံထောက်ကားကောင်းကောင်းတစ်ကားလာပြီ။ဇာတ်လမ်းအကျဉ်း ...ဂျိတ်နဲ့ မေရီဟာ လွန်ခဲ့တဲ့ငါးနှစ်က ဖြစ်ခဲ့တဲ့ကွင်းဆက်လူသတ်မှုလိုမျိုး ပုံစံတူလိုက်လုပ်ပြီးလူတတ်တဲ့အမှုနဲ့ကြုံရပါတယ်။ အရင်အမှုတုန်းက လူသတ်သမားကိုတော့ ဖမ်းမိထားပြီး သူ့ကိုအနုပညာရှင်လို့ခေါ်ကြတာပါ။ဘာလို့ဆို သူကအမျိုးသမီးတွေကို အဆိပ်ခတ်သတ်ပြီးအလောင်းကို နတ်သမီးတွေလိုတောင်ပံတွေတပ်ပေး တာရှည်ခံအောင်လုပ်ပြီး လူမြင်သာရာမှာ အလှဆင်ထားထားခဲ့လို့ပါတဲ့။အခုအမှုမှာက အနုပညာရင်လုပ်သလိုလိုက်လုပ်တယ်။ ပစ္စည်းတွေကလည်း အတူတူပဲသုံးတာဆိုတော့ အနုပညာရှင်ဆီက သတင်းနှိုက်လို့ရအောင် မေရီသွားမေးရင်း ဘာတွေ ဆက်ဖြစ်ကြမလဲ?ထောင်ထဲက လုံးဝမထွက်ပဲ လူသတ်သွားတဲ့ geniusဆန်ဆန် psychoဆန်ဆန်အပြင် အပမီတာမျိုး religionsဆန်ဆန် ကြိုက်တတ်တဲ့သူဆိုရင် ဇာတ်လမ်းနဲ့အတူ လိုက်စုံစမ်းထောက်လှမ်းလို့ကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Themes ပါ။)File Size : 1.8GB, 544MB, 297MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, ...
movie
Mindcage (2022)
2022
5.8
Finnick (2022)
Finnick (2022)ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတို့တာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှဒါကိုမဆန့်ကျင်ကြသလို စိတ်ကူးထဲတောင် မရှိကြဘူး။ဒါပေမယ့်ဇာတ်လမ်းထုံးစံအတိုင်းစုန်းပြူးလေးတစ်ကောင်ကတော့မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ်ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ဆန့်ကျင်ဖက်ပဲ။ လူတွေကိုသူ့အိမ်မှာမနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။အဲ့ဒါကြောင့်ဘက်ခ်မြို့မှာ ဖင်းနစ် နေတဲ့အိမ်ကိုသရဲအိမ်လို့ခေါ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ်မြို့ကိုရောက်လာကြတယ်။ သူတို့ရဲ့သမီးလေးခရစ်စတင်းဟာစုံထောက်ပညာကိုစိတ်ဝင်စားသလို တကယ်လည်းဉာဏ်ထက်ပါတယ်။ဒါရိုက်တာက ခရစ်စတင်းတို့မိသားစုကိုခဏတဖြုတ်နေဖို့ ဖင်းနစ်ရဲ့အိမ်လေးကိုငှားပေးလိုက်တယ်။ လူတွေလာနေတာမကြိုက်တဲ့ ဖင်းနစ်နဲ့ လက်တွေ့ကျကျဖြေရှင်းရမှကျေနပ်တဲ့ စုံထောက်လေးခရစ်စတင်းတို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Tin Myo Lwin ပါ။)File Size : 1.8GB, 812MB, 469MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format ...
movie
Finnick (2022)
2022
7.8
Yugi (2022)
Yugi (2022) Drama, Thriller IMDb 7.8/10အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းလေးကတော့ နည်းနည်းဆန်းပါတယ် ကောင်မလေးတစ်ယောက်ပျောက်နေပါတယ်...ပျောက်သွားတဲ့ကောင်မလေးနေတဲ့ အိမ်ကလည်း အဲ့ဒီနားတဝိုက်မှာ ခြောက်တယ်လို့ ဂုဏ်သတင်းကြီးနေပါတယ်ပိုပြီးထူးဆန်းဖို့ကောင်းတာက အဲ့ဒီကောင်မလေးကို ရဲတပ်ဖွဲ့ကရော... နိုင်ငံရေးသမားတွေကပါ အပူတပြင်းလိုက်ရှာနေကြပါတယ်အဲ့ဒီလို လိုက်ရှာနေရတာကိုလည်း သူတို့လည်း ဘာလို့လိုက်ရှာနေရမှန်း မသိကြပါဘူးဆိုတော့ တမီလ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းကို ဇာတ်သိမ်းထိ ဆွဲဆောင်သွားမှာမို့ ရှေ့ဆက်ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းလာမှာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြည့်ကြတော့နော်....။ File size…1.94GB / 917MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Poe & Yunni & Cherry
movie
Yugi (2022)
2022
6.9
Greed (2022)
Greed (2022)(1080p ရပါပြီ)ဇာတ်ကားနာမည်က Greed တဲ့ .. လောဘပေါ့။ လောဘတရားဟာ ဘယ်ဘာသာရေးမှာမဆိုရှိတယ်။ ခရစ်ယာန်မှာလည်း ခရစ်ယာန်၊ ဗုဒ္ဓဘာသာမှာလည်း ဗုဒ္ဓဘာသာအလျောက် ပြဌာန်းထားတာတွေရှိတယ်။ လောဘအကြောင်းကတော့ ပြောလို့ကုန်မှာတောင် မဟုတ်ဘူး။ဇာတ်လမ်းအကျဉ်း ...တွမ်မီ၊ ကီချီ၊ သာဒုံ ဆိုတဲ့ သူငယ်ချင်း ၃ယောက်ရှိတယ်။ တစ်နေ့မှာ သူတို့၃ယောက်ဆီ ထီလက်မှတ်တစောင်ရောက်လာပြီး သူတို့ ၃ယောက်စလုံးကို ထီလက်မှတ်အသွင်နဲ့ ရောက်လာတဲ့ လောဘတရားက တဖြည်းဖြည်း ဘယ်လို ဝါးမြိုသွားမလဲ ကြည့်ရမှာပါ။ဒီဇာတ်ကားလေးက လူတွေရဲ့ လောဘဇောတွေကို အဓိက Highlight လုပ်ပြထားပြီး အဲ့ဒါကိုပဲ ပေါ်လွင်အောင် ရိုက်ပြထားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hein That Naing ပါ။)File Size : 2.5GB, 987MB, 477MB Quality ...
movie
Greed (2022)
2022
6.5
The Distributors (2022)
The Distributors (2022)(1080p ရပါပြီ)ဇာတ်လမ်းအစမှာတော့ ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက ကျောင်းသား နှစ်ယောက်ကို သူတစ်ပါး ခွင့်ပြုချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ပုံတွေကို ရိုက်ကူးတဲ့အတွက် ပြစ်ဒဏ်ပေးတာနဲ့ စတင်ထားပါတယ်။အပြစ်ပေးခံရတဲ့ထဲက တစ်ယောက်က ရိုးသားကြိုးစားဖိုးသခွားလေး ... ဆိုလ်းတက္ကသိုလ်ကို သွားမယ့်သူဆိုပြီးတော့ ဆရာတွေ နှုတ်ဖျားမှာ နာမည်ကြီးနေတဲ့ အန်ဂျီဟို ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယောက်ဖဖြစ်လာမဲ့ အင်ဆောင်းမင်းတို့ဖြစ်တယ်။ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက မကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေးဘဝလေးကို စိတ်ကူးယဉ်နေသူပါ။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူ ကောင်းမှုကြောင့် လက်မထပ်ရသေးခင်မှာ ကလပ်မှာသွား ကောင်မလေး နှစ်ယောက်နဲ့ သာယာပြီး မမေ့နိုင်စရာကောင်းတဲ့ ညလေး တစ်ညဖြစ်ခဲ့တယ်။ပျောက်ဆုံးသွားတဲ့ အဲ့ဒီညကမှတ်ဉာဏ်တွေနဲ့အတူ တစ်စုံတစ်ယောက်ဆီကနေ ဖုန်းဝင်လာတဲ့အခါ ... သာယာတဲ့ အိမ်ထောင်ရေးဘ၀လေးကို စိတ်ကူးယဉ်ခဲ့တဲ့ ဒိုယူဘင်း တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မှာလဲ? ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်။)File ...
movie
The Distributors (2022)
2022
8.2
Ditto (2022)
Ditto (2022)လက်ရှိကြောင့်ပဲ အတိတ်ကပြောင်းလဲသွားတာလား၊ အတိတ်ကြောင့်ပဲ လက်ရှိဖြစ်လာသလား"အချိန်တွေကို ကျော်လွန်ပြီး အချိန်ခရီးသွားတယ်ဆိုတာကို စိတ်ကူးယဉ်ဖူးတဲ့သူတွေအတွက်ကတော့ တကယ်ကို စိတ်ကူးယဉ်လို့ကောင်းမယ့် လွမ်းဆွတ်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Ditto ကို ပြန်ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒါရိုက်တာတွေရဲ့ ပုံဖော်မှုမှာတော့ တစ်ခုနဲ့တစ်ခုမတူအောင် ပြသွားတာတွေကို ခံစားရမှာပါစကားပြောစက်ကနေစခဲ့တဲ့ ဇာတ်လမ်းကတော့ ၁၉၉၉ ခုနှစ်က ဂင်ယုံး နဲ့ ၂၀၂၂ ခုနှစ်မှာရှိနေတဲ့ ကျောင်းသူမူနီးတို့က အချင်းချင်းဆက်သွယ်ကြရင်း ဆန်းကြယ်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ရပါတော့တယ်စကားပြောစက်ကနေပဲ သူငယ်ချင်းဖြစ်လာတဲ့ သူတို့နှစ်ယောက်ဟာ အချစ်ရေးအချစ်ရာတွေ အိပ်မက်အကြောင်းတွေ တိုင်ပင်ကြရင်းနဲ့ အတိတ်ဆိုတာကို ပြောင်းလဲပစ်လို့မရဘူးဆိုတာကို သိလာတဲ့အခါမှာတော့ ဘဝတွေ တစ်ဆစ်ချိုးခဲ့ပါပြီ...Cast တွေအနေနဲ့ကတော့ ပြောစရာမလိုအောင် ကောင်းပြီးသား၊ အကုန်လုံးကလည်း မျှော်နေကြတဲ့ ဇာတ်လမ်းလေးဆိုတော့ ခံစားကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy, Romance Quality…. 1080p | 720p | 480p File size… ...
movie
Ditto (2022)
2022
First
27
28
29
30
31
Last
Previous
Next