Channel Myanmar

2022

Love 101 (2022)
Love 101 (2022) Love 101 (2022) (အညွှန်း) ================== ဂင်မ်ချီမြေက “ဦး” တွေကိုပဲငမ်းနေကြတဲ့ ယူတို့တွေ သင်္ဘောသီးထောင်းမြေက “ဦး” ကိုရော ပြောင်းမငမ်းချင်ကြဘူးလား 🌚လက်ရှိမှာ တပ်ကြပ်ရာထူးနဲ့တာဝန်ထမ်းဆောင်နေပြီး မနက်မိုးလင်းတာနဲ့အလုပ်ခွင်ဝင် ညနေအိမ်ပြန်ရောက်ရင် အနားယူ .. အိပ် .. နေ့စဥ်နေ့တိုင်း ဘဝကို ဒီလိုပျင်းစရာကောင်းအောင်ဖြတ်သန်းနေရတဲ့ “ဒန်း” ဘဝထဲကို တစ်နေ့မှာတော့မြားနတ်မောင်ကြီးရဲ့ကူညီစောင်မမှုနဲ့ အထက်တန်းကျောင်းသူအရွယ် “ဖတ်” ရောက်လာခဲ့တယ်။ မြင်မြင်ချင်းအချစ်လို့ပဲပြောရမလား အသက် ၃၀ ကျော်ကွာပြီး အဖေ့ထက်တောင်အသက်ကြီးတဲ့ “ဒန်း” ကို တခြားသူတွေက “ခွေးချီးရုပ်, ဂြိုဟ်သားရုပ်, ဖားကိုပြုတ်ထားတဲ့ရုပ်” အမျိုးမျိုးဝေဖန်ကြပေမယ့် “ဖတ်” မျက်လုံးထဲမှာတော့ “ဦး” က ရိုးရိုးလေးနဲ့ခန့်နေခဲ့တာပေါ့:) ဒီလိုနဲ့နှစ်ယောက်သား fall in love သွားကြပြီး နှစ်ယောက်ကြားအသက်ကွာဟမှုက များလွန်းတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။အတားအဆီးတွေအများကြီးနဲ့ “ဦး နဲ့ သမီး” ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲ .. “ဦး” အဖြစ် ထိုင်းဟာသကားပေါင်းများစွာရဲ့အဓိကဇာတ်လိုက်ကျော် “Phetthai Vongkumlao” နဲ့ “ဖတ်” အဖြစ် မင်းသမီးချောလေး “Daraphak Thawinun” က ...
movie

Love 101 (2022)

2022
Highway Family (2022) 7
Highway Family (2022) Highway Family (2022)Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်- Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့ မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ လမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကို ကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှ ဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့...။ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လို‌ရှေ့ဆက်ဖြတ်သန်းကြမလဲ။သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊ အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့ Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့ Ra Miran တို့က ...
movie

Highway Family (2022)

2022
Rocket Gang (2022) 5.5
Rocket Gang (2022) Rocket Gang (2022) Comedy, Drama, Fantasy IMDb 5.5/10အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Student of the Year 2 ထဲမှာ ဒုတိယမင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အာဒိသယစီးနဲ့ အင်မရန်းဟက်ရှမီနဲ့တွဲရိုက်ခဲ့တဲ့ Dybbuk 2021 ဟော်ရာကားထဲက မင်းသမီးချောလေး နီကီသားဒက်တားတို့ရဲ့သရဲဟာသကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးက ဇာတ်လမ်းကိုယ်စီ အိပ်မက်တွေကိုယ်စီနဲ့ ရူးကြောင်ကြောင်သူငယ်ချင်းလေး ငါးယောက်ရဲ့အကြောင်းပေါ့။သူတို့သူငယ်ချင်းငါးယောက်စလုံးဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်မြောက်အောင်ကြိုးစားနေပေမယ့် လုံးဝကို လက်လှမ်းမမီနိုင်တဲ့အခြေအနေမှာ မိဘတွေကလည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူတို့ငါးယောက်စလုံး အပန်းဖြေဟိုတယ်ကြီးတစ်ခုမှာ အခမဲ့တည်းခိုခွင့်ရသွားပါတော့တယ်။သူတို့ ဟိုတယ်ကြီးဆီရောက်သွားတော့ ဟိုတယ်ဝန်ထမ်းတွေဟာ ကလေးတွေသာ ဖြစ်နေပြီး ဟိုတယ်တစ်ခုလုံးမှာလည်း စုစုပေါင်း ကလေးငါးယောက်ပဲရှိနေပါတယ်။သူတို့ဟိုတယ်ကြီးဆီ ရောက်သွားတဲ့အချိန်ကစလို့ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေခဲ့ပြီး နောက်ဆုံးတော့ သူတို့ဟာ ကလေးသရဲငါးယောက်အပိုင်စီးထားတဲ့ ဟိုတယ်တစ်ခုထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့...။ကဲ ဘာဆက်လုပ်ရမလဲ သိတယ်မလား။ဒီဇာတ်ကားထဲမှာ cameo အနေနဲ့ ရန်ဗီးကပူးနဲ့ နိုရာဖတေဟီတို့ကလည်း ပါဝင်အားဖြည့်ထားတယ်နော်။ရှုစားလိုက်ပါဦးနော်...။ File size…3.17GB  / 1.69GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Rocket Gang (2022)

2022
Decibel (2022) 6.9
Decibel (2022) Decibel (2022)Subtitle လိုအပ်ချက်များ ပြင်ဆင်၍ တစ်ဖန် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအညွှန်း ...ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ...(ဇာတ်လမ်းအညွှန်းကို ကို Phyo Pyae က ရေးပေးထားပါတယ်။)File Size  ...
movie

Decibel (2022)

2022
Terror Train (2022)
Terror Train (2022) Terror Train (2022)ဒီဇာတ်ကားဟာ Terror Train (1980) ကို Remake လုပ်ထားတဲ့ဇာတ်ကားပါ။ ရိုးရှင်းတဲ့ Plot တွေကနေ ဖောက်ထွက်ချင်ရင်၊ ပြီးခါနီးထိ ရင်ခုန်ချင်ရင် ဒီဇာတ်ကားဟာ သင်တို့အတွက် Underrated ထဲမှာ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။လူငယ်ကျောင်းသားအဖွဲ့အစည်းတစ်ခုဟာ သူတို့ထဲကို အသစ်ဝင်လာတဲ့ ကျောင်းသားသစ်တွေကို Prank တွေ Challenge တွေကိုဖြတ်ကျော်ပြီးမှ ဝင်စေတာပါ။ ဒီလိုပဲ နှစ်အတော်ကြာ ဒီလိုလုပ်ရပ်တွေနဲ့ ပျော်ခဲ့ပါးခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်နှစ်မှာ Kenny ဆိုတဲ့ကျောင်းသားသစ်လေးတစ်ယောက်နဲ့ Alana ဆိုတဲ့ လှပတဲ့ကျောင်းသူသစ်လေးကို အဖွဲ့ထဲထည့်ဖို့ အပြောင်အပျက်တွေလုပ်ရင်းကနေ အမှားတစ်ခုကြောင့် Kenny ဟာ စိတ္တ‌ဇဆေးရုံကိုရောက်ရတဲ့အထိပါဖြစ်သွားပါတယ်။ Alana ဟာ သူ့ကြောင့် Kenny ဒီလိုဖြစ်သွားရတာကို စိတ်မကောင်းပေမယ့် အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ Doc နဲ့ တခြား Senior တွေကြောင့် လက်ပိုက်ကြည့်ရုံမှအပ ...
movie

Terror Train (2022)

2022
Bank Robbers: The Last Great Heist (2022) 7.1
Bank Robbers: The Last Great Heist (2022) Bank Robbers: The Last Great Heist (2022)~ IMDb - 7.1/10, Rotten Tomatoes - 100% ~Netflix ရဲ့ Documentary Show တခုဖြစ်ပြီး ၂၀၀၆ ခုနှစ် အာဂျင်တီးနားနိုင်ငံရဲ့အမိမိုက်ဆုံး ဘဏ်ဓားပြမှုအ​ကြောင်း ဖြစ်ရပ်မှန်ရိုက်ကူးထားတာ​လေးပါ- ဘဏ်ဓားပြတိုက်မှုမှာ ပါဝင်တဲ့လူ​တွေ ဘယ်လို စုမိသွားတာလဲ - ဘဏ်ဓားပြတိုက်တဲ့ ရည်ရွယ်ချက် - ဓားပြတိုက်တုန်းက သုံးခဲ့တဲ့ကိရိယာ​တွေကို ဘယ်လိုစဥ်းစားတီထွင်ခဲ့လဲ - ဘယ်လိုအခက်အခဲ​တွေကြုံ​တွေ့ရလဲ - ဘယ်လိုထွက်​ပြေးလွတ်​မြောက်ခဲ့လဲ - ဘာ့​ကြောင့်အဖမ်းခံရခဲ့ရတာလဲ - လွတ်​မြောက်ပြီး​​နောက်ပိုင်း ဘာ​တွေဖြစ်ခဲ့လဲ... ဆိုတာ​တွေကို အ​သေးစိတ်​ပြောပြရင်း အဆုံးထိဆွဲ​ခေါ်သွားမှာဖြစ်ပါတယ်။အမှုမှာကျူးလွန်တဲ့သူ​တွေအ​ကြောင်းတင် မဟုတ်ဘဲ မျက်မြင်ကို​​ယ်တွေ့ကြုံလိုက်ရတဲ့ ဘဏ်ဝန်ထမ်း ​ရှေ့​နေ ရဲ​​တွေရဲ့ အ​တွေ့အကြုံ​တွေပါ ထည့်သွင်းထားလို့ ​တော်​တော်​လေးကိုပြည့်စုံပြီး ကြည့်လို့​ကောင်းတဲ့ Documentary တစ်ခုပါပဲ။(ဒီဒိုကူမန်ထရီနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 870MB Quality - ...
movie

Bank Robbers: The Last Great Heist (2022)

2022
A Not So Merry Christmas (2022) 4.8
A Not So Merry Christmas (2022) A Not So Merry Christmas (2022) ========================ဒီကားလေးက သမာရိုးကျ ခရစ်စမတ်ကားတွေကနေ မထွက်ဘူးဆိုပေမယ့် တင်ဆက်ပုံလေးကရင်ထဲကို ထိ သွားစေတယ့် ခရစ်စမတ်ကားလေးတစ်ကားပါ။ rating သိပ်မများပေမယ့် ကျွန်တော့်အမြင်မှာတော့ underrated ဖြစ်နေတဲ့ ကားလေးတစ်ကားလို့ ဆိုချင်တယ်။ကိုယ်တွေနေ့စဥ်ဘဝကို သတိလက်လွတ်ဖြတ်သန်းနေထိုင် နေမိတာတွေကို ဆင်ခြင်တတ်လာစေမယ့် ကားလေးတစ် ကား၊ ကိုယ့်ဘေးနားက ကိုယ်ချစ်ရတဲ့ လူတွေ၊ ကိုယ့်ကို ချစ် တဲ့လူတွေကို တန်ဖိုးထား မြတ်နိုးဖို့ သတိပေးနိုင်တဲ့ ကား ကောင်းလေးတစ်ကားပါဗျာ။ heart-warmingတော်တော်လေး ဖြစ်စေပါတယ်။ အချိန်ရရင် ကိုယ့်ဘေးနားက ချစ်ရသူတွေနဲ့ အတူကြည့်ကိုကြည့်သင့်တဲ့ ကြည်နူးစရာဇာတ်ကားလေးမို့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(2.0 GB) / (796 MB) / (481 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy Translator.......Paul Encoder..........SWM
movie

A Not So Merry Christmas (2022)

2022
The Rocket Angels (2022)
The Rocket Angels (2022) The Rocket Angels (2022)အဆင်သင့်မဖြစ်ခင် ကြိုးစားရတာက မကြိုးစားဘဲအရှုံးပေးလိုက်ထက် ပိုကောင်းတယ်မဟုတ်လားယဆိုထောင်းပြည်နယ်မှာ ရိုးရာမီးဒုံးလွှတ်ပွဲတော်ကို ကျင်းပလေ့ရှိပါတယ် ဒီတစ်ခါမှာ နတ်သမီးအဖွဲ့ဖြစ်တဲ့ မို၊ သဲသဲ၊ ပွမ့်၊ မြောင်နဲ့ နွိုင်းတို့ ၅ယောက်က ခရိုင်ကိုယ်စားပြုအကပြိုင်ကြမှာဖြစ်ပါတယ်ဒါပေမယ့် ရွာလူကြီးထစ်က သူ့သမီးကိုပေးပြိုင်မှာ​ကြောင့် နတ်သမီးအဖွဲ့က မတရားသဖြင့် နောက်ဆုတ်ပေးလိုက်ရပါတယ်ဒါကြောင့် သူတို့က မဟာထစ်ရဲ့အချစ်တော်မီးဒုံးကို ပြိုင်ပွဲမှာအနိုင်ပိုင်းဖို့ မီးဒုံးပြုလုပ်ပြီးဝင်ပြိုင်ကြဖို့ဆုံးဖြတ်ကြရာမှာ တစ်ခါမှမီးဒုံးမလုပ်ဖူးကြတဲ့ သူတို့ငါးယောက်ရဲ့အခက်အခဲမျိုးစုံကို ဟာသပေါင်းစုံနဲ့ရောယှက်ပြီး အူတက်​နေအောင် ရယ်ရမှာဖြစ်သလိုဒီဇွဲရှိလှတဲ့နတ်သမီးအဖွဲ့လေးက ပြိုင်ပွဲမှာရော မဟာထစ်ဆိုတဲ့လူဆိုးရဲ့မီးဒုံးကိုအနိုင်ရသွားမလားဆိုတာ အဆုံးသတ်ကိုလည်း စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.86GB | 1GB | 453MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August
movie

The Rocket Angels (2022)

2022
Scare Package II: Rad Chad’s Revenge (2022)
Scare Package II: Rad Chad’s Revenge (2022) Scare Package II: Rad Chad's Revenge (2022)~ Rotten Tomatoes - 88%, Shudder - 3.3/5 ~ယနေ့ခေတ် Horror Movie တွေရဲ့ ရှင်းလင်းသပ်ရပ်တဲ့ ရိုက်ကွက်တွေနဲ့တင်ဆက်ထားတဲ့ Scare Package (2019) ရဲ့အဆက်ဖြစ်တဲ့ Scare Package II: Rad Chad's Revenge ဟာ အရင်လ ဒီဇင်ဘာ 22 ရက်နေ့ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် Horror ကားပဲဖြစ်ပါတယ်။Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Rad Chad တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ဆုံးပါးသွားပါတယ်။ သူ့အသုဘကို လာပို့တဲ့သူတွေကို ဆေးခတ်ပြီး ရယ်ရခက် ငိုရခက် ထောင်ချောက်တွေနဲ့ တမလွန်ကနေဘယ်လိုတွေ ဒုက္ခပေးဦးမလဲဆိုတာကိုတော့ ပါးစပ်မပိတ်ပဲ တခွိခွိနဲ့ရယ်ရင်း ရှုစားကြရမှာပါ။ သဘောကျစရာအကောင်းဆုံးတစ်ချက်က ရုပ်ရှင်တစ်ခုတည်းကိုကြည့်ရသလိုမဟုတ်ပဲ ...
movie

Scare Package II: Rad Chad’s Revenge (2022)

2022
TimeCrafters: The Treasure of Pirate’s Cove (2022)
TimeCrafters: The Treasure of Pirate’s Cove (2022) TimeCrafters: The Treasure of Pirate's Cove (2022) ======================================ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြ တွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ "ပင်လယ်ဓားပြကမ်းစပ်" လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။ ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီး သူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။ ရတနာကိုလိုက်ရှာနေ ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေ ရသွားမလဲ။ တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ ကြည့်ရ မှာပဲဖြစ်ပါတယ်။ Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ် လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL Ya ဖြစ်ပါတယ်)File Size..........(2.0 GB) / (860 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family, Fantasy Translator.......EL Encoder..........SWM
movie

TimeCrafters: The Treasure of Pirate’s Cove (2022)

2022
Maigret (2022) 5.9
Maigret (2022) Maigret (2022)~ IMDb - 5.9/10, Rotten Tomatoes - 93% ~Georges Simenon လက်စွမ်းပြခဲ့တဲ့ Maigret ဝတ္တုတွေဟာ တော်တော်အောင်မြင်ခဲ့သလို ဇာတ်ကားပြန်ရိုက်ကြတာလည်း မနည်းပါဘူး။ ဂျော့ဂျ်ဟာ အဲလ်ဘတ်ကမြူးနဲ့ ခေတ်ပြိုင်လို့ပြောလို့ရတဲ့ စာရေးဆရာဖြစ်ပြီး စည်းအပြင်ကလူလိုမျိုး ခပ်ဆင်ဆင်ဝတ္တုကို ကမြူးနဲ့ တစ်ပြိုင်တည်းထုတ်ခဲ့ဖူးတဲ့သူပါပဲ။ ကံဆိုးစွာနဲ့ ကမြူးလ်ဝတ္တုပဲ လူသိများသွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့ဂျ်ဟာလည်း ဆရာတစ်ပါးဆိုတာတော့ ငြင်းမရပါဘူး။ ဂျော့ဂျ်ရဲ့ ပထမဆုံး Maigret ဝတ္တုဟာ ၁၉၃၁မှာ စထုတ်ခဲ့တာမို့ ခုဆို နှစ်တစ်ရာတောင်ပြည့်လုနီးနီးပါပဲ။ ဂန္ထဝင်စုံထောက်ဝတ္တုတွေထဲက တစ်ခုဆိုလည်းမမှားပါဘူး။ ဂျော့ဂျ်ရဲ့ပထမဆုံး Maigret ကားကိုတော့ ၁၉၃၂မှာ နာမည်ကျော် ပြင်သစ်ဒါရိုက်တာ Jean Renoir က ရိုက်ခဲ့ပြီး တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ စစဖွင့်ကတည်းက သမိုင်းကြီးခဲ့တဲ့ Maigret ကို အရင်နှစ်တွေတုန်းက မစ္စတာဘင်းန်တစ်ဖြစ်လဲ ...
movie

Maigret (2022)

2022
(18+)Rang Rasiya (2008) 7.0
(18+)Rang Rasiya (2008) Rang Rasiya (2008) Biography, Drama, Romance IMDb 7.0/10 (2K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ...
movie

(18+)Rang Rasiya (2008)

2022
HIT: The 2nd Case (2022) 7.6
HIT: The 2nd Case (2022) Hit: The 2nd Case (2022) ==================== IMDB ( 7.6/10 - 2.1k) 'Major' ကားနဲ့ကြမ်းပြခဲ့တဲ့ မင်းသားကြီး Adivi Seshကဒီတစ်ခေါက်မှာလည်း ဘယ်လိုအမှုတွေဖြေရှင်းပြီးကြမ်းပြဦးမလဲကြည့်လိုက်ကြရအောင် (ရင်ထိတ်စရာသတ်ဖြတ်ခန်း‌တွေပါတာကြောင့် အသည်းငယ်တတ်သူများအတွက်မသင့်တော်ပါ)ဇာတ်လမ်းအညွှန်း အခင်းဖြစ်ရင် တရားခံကို ငါးမိနစ်တည်းနဲ့ဖမ်းပြနိုင်တဲ့ SP ကေဒီ .. သတင်းထောက်တွေကြားနာမည်ကြီးရဲတစ်ယောက် ဉာဏ်လည်းကောင်း မိတ်လည်းပေါပြီးချစ်သူဖြစ်တဲ့အာရာနဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေသူပေါ့ဒီလိုနဲ့တစ်နေ့ သူ့ကိုစမ်းသပ်တဲ့အမှုကြီးပေါ်ပေါက်လာပါတယ် ခေါင်း၊ လက်၊ကိုယ်ခန္ဓာကို တခြားစီခုတ်ဖြတ်ထားတဲ့အလောင်းကို လူပုံစံအတိုင်းနေရာချထားတာပါ လူတစ်ယောက်ရဲ့ခန္ဓာပေမယ့် ခေါင်းကတော့အဲဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်မဟုတ်ပါဘူး ဆိုတော့ နောက်ထပ်အလောင်းတွေရှိနေသေးတဲ့သဘောပါ ဒီလိုနဲ့ဒီကိစ္စထဲသူပါဝင်သွားပြီး ဘယ်လိုအသက်ဘေးတွေတွေ့ကြုံရမလဲ တရားခံကရောဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.7GB / 792MB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Thet Ko & Yunni & Cherry
movie

HIT: The 2nd Case (2022)

2022
The Menu (2022) 7.5
The Menu (2022) The Menu (2022)~ IMDb - 7.5/10, RT - 89%, Meta - 71% ~ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~လူတစ်ယောက်ကို ...
movie

The Menu (2022)

2022
Last Film Show (2022) 7.6
Last Film Show (2022) The Last Film Show ( 2021 ) ----------------------------ဒီနှစ်ကတော့ နည်းနည်းတော့ဆန်းတယ်ပြောရမှာပဲ။ အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်း အော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။ စကောဆေးစိရဲ့ Hugo တို့ , တော်နာတိုးရဲ့ Cinema Paradisoတို့ , နောက် ဒီနှစ်တင် ပူပူနွေးနွေးထွက်ထားတဲ့ စပီးဘာ့ချ်ရဲ့ the fablemens တို့လိုပေါ့။ ကျွန်တော်ဆိုလည်း မာတင်စကောဆေးစိမှာ ကားကောင်းတွေ ရိုက်သတ်မကုန်ပေမဲ့ သူ့ကားတွေထဲ ပြန်အကြည့်ဖြစ်ဆုံးကားက Hugo ဖြစ်ခဲ့တယ်။ ဒီကားကလည်း အိန္ဒိယရေ အိန္ဒိယမြေနောက်ခံနဲ့ ရုပ်ရှင်ကိုချစ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားပါပဲ။ဒီရုပ်ရှင်မှာ နာမည်ကျော် ဒါရိုက်တာပေါင်းများစွာကို Tribute ထားတယ်။ အိန္ဒိယရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ဆတ္တရာဂျစ်ရေးကိုလည်း ထိပ်ဆုံးနားလောက်မှာ ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ...
movie

Last Film Show (2022)

2022
Lullaby (2022) 7.3
Lullaby (2022) Lullaby (2022)~ IMDb - 7.3/10, Rotten Tomatoes - 100% ~ခရမ်းချဉ်သီးတစ်ရာအပြည့်ရထားတဲ့ စပိန်ကားလေးပါ။ စပိန်တွေက အင်တာကိုအဓိကပေါက်တာက ဒရာမာတွေများတတ်တော့ ဒီတစ်ခါလည်း ဒရာမာကားပါပဲ။ IMDb ကတော့ 7.3/10 ရထားပါတယ်။ ဇာတ်ကတော့ မိသားစုဒရာမာကိုမှ နှစ်ထပ်ကွမ်းမိသားစု ဒရာမာပါပဲ။ မနှစ်က ပင်နလိုပီခရုဇ် ရိုက်တဲ့ အော်စကာဆန်ခါတင်ဝင် မိသားစုဒရာမာနဲ့တောင်ဆင်ပါတယ်။မိန်းမတစ်ယောက်ရဲ့ ကိုယ့်အမေရယ် ကိုယ့်သမီးရယ်နဲ့ကြားက အတွေ့အကြုံတွေပေါ့။ ကြွေးသစ်ချပေးတာတို့ ကြွေးဟောင်းဆပ်တာ ဘာဘာညာညာတို့ပေါ့။ ကလေးရလာတဲ့အခါ မိဘတွေရဲ့ စိတ်ကို နားလည်လာမလည်လာ ဘာဘာညာညာရောပေါ့။ နောက် အိုမင်းမစွမ်းတော့တဲ့ မိဘတွေရဲ့ သားသမီးအပေါ် ပေးဆပ်ချင်စိတ်ကျန်နေခြင်းတွေ ဘာညာဘာညာနဲ့ မိသားစုဒရာမာကို မိသားစုဒရာမာပြန်ဆင့်ထားတဲ့ ရိတ်တင်အမြင့်စားနဲ့ စပိန်ဒရာမာကားကောင်းလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.42GB, 580MB Quality - 1080p, 720p IMDb ...
movie

Lullaby (2022)

2022
Aaja Mexico Challiye (2022) 6.8
Aaja Mexico Challiye (2022) Aaja Mexico Challiye (2022)IMDb-6.8/10ဘွဲ့ရပညာတတ်လူငယ်တွေနိုင်ငံရပ်ခြားကို ထွက်ကုန်ကြတာမြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး:3 Saunkan Saunkne ကားထဲက မယားနှစ်ယောက်နဲ့ အခွီမင်းသားကြီး Amy Virk က ဒီကားမှာတော့ မျက်ရည်လည်တဲ့အထိမတူတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ပန်မန်ဟာ အများနည်းတူ အမေရိကန်သွားပြီး အလုပ်လုပ်၀င်ငွေတွေရှာချင်နေတဲ့တက်ကြွပန်ချာပီလူငယ်လေးတစ်ယောက်ပါ နိုင်ငံရပ်ခြားကိုပို့ပေးတဲ့ အေဂျင်စီတွေခြေချင်းလိမ်နေတဲ့အချိန်ကာလတစ်ခုပေါ့အမေရိကန်ကို သွားချင်လွန်းနေတဲ့ပန်မန်ကို အေဂျင်စီကတောင်းတဲ့မတန်တဆဈေးနဲ့ တစ်အိမ်လုံးကအနစ်နာခံပြီးပို့ပေးလိုက်ကြတယ် ခရီးစဉ်တစ်လျောက်တက်ကြွနေတဲ့ကောင်လေးဟာ လေဆိပ်အဆင်းမှာတော့ လွဲချော်မှုတွေစလာပြီ အေးဂျင့်ဆိုတဲ့လူကလည်းဖုန်းမကိုင်တော့ပါဘူး အဲဒီချိန်မှာပဲ သူ့လိုအမေရိကန်အိမ်မက်နဲ့အလိမ်ခံလိုက်ရတဲ့လူတွေနဲ့ဆုံဆည်းပြီး ဒုက္ခသုခတွေကြုံလာရပါတော့တယ်ဒီလိုနဲ့ပန်မန်အပါအ၀င် အမေရိကန်အိမ်မက်တွေနဲ့လူတွေဟာ အေးဂျင့်ကျေးဇူးနဲ့ အမေရိကန်မရောက်ပဲ မက္ကဆီကိုက တောကြီးထဲရောက်သွားချိန်မှာတော့.... စိတ်တောင်မကူးခဲ့ဖူးတဲ့ မက္ကဆီကိုတောကြီးထဲမှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ သူတို့တွေ ဒီအခက်အခဲတွေကျော်ပြီးအမေရိကန်ကိုရောက်နိုင်ပါဦးမလား ရှူစားကြည့်ပါဦး File size…2.7GB / 1.25GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Cherry
movie

Aaja Mexico Challiye (2022)

2022
The African Desperate (2022) 5.4
The African Desperate (2022) The African Desperate (2022)~ IMDb - 5.4/10, Rotten Tomatoes - 83% ~Coming of Age, Comedy အမျိုးအစား​လေးဖြစ်လို့ ​ပေါ့​ပေါ့ပါးပါးကြည့်ချင်ရင် အကြိုက်​​တွေ့မယ့်ကား​လေးပါ။ ဒီကားကို တချို့က အနုပညာလောကကို အမြင်ကျဉ်းကျဉ်းနဲ့ကြည့်ထားတဲ့ ကျယ်ပြန့်တဲ့ရုပ်ရှင်ကားလို့ဆိုကြတယ်။ အနုပညာကျောင်းက ကျောင်းမပြီးခင် နောက်ဆုံးနေ့တစ်နေ့က မိန်းကလေးတစ်ယောက်ရဲ့ အတွေ့အကြုံကို ရိုက်ပြထားတာပေါ့။Aquarius မိန်းက​လေး Palace ရဲ့ ​ကျောင်းမပြီးခင် ၂၄ နာရီအတွင်း ကြုံရတဲ့ အခက်အခဲ အ​တွေ့အကြုံ​တွေကို ဟာသ​လေး​နှောပြီး ရိုက်ပြထားတဲ့ကား​လေးပါ။ ဒီကားဟာ အနုပညာကျောင်းတွေအပေါ် အမြင်သစ်နဲ့ ရိုက်ပြထားတဲ့ကားဖြစ်ပြီး Street Photography တွေကို Reference လုပ်ထားတဲ့ စီနီမာတိုဂရပ်ဖီတွေ၊ ခပ်ကြမ်းကြမ်း နောက်ခံတေးဂီတတွေကိုလည်း သုံးထားပါတယ်။ ပွဲဦးထွက်ကားမှာတင် ဒီလိုခပ်လန်းလန်းကားကို ရိုက်ပြနိုင်တဲ့ အမေရိကန်ဒါရိုက်တာမ Martine Syms ရဲ့ ...
movie

The African Desperate (2022)

2022
Gatta Kusthi (2022) 6.9
Gatta Kusthi (2022) Gatta Kusthi (2022)နာမည်ကြီးမင်းသား Vishnu နဲ့ ချစ်စရာမင်းသမီးချောလေး Aishwarya Lekshmi ရိုက်ကူးထားပြီး IMDb ကလည်း 7အထိရထားတဲ့ Comedy အမျိုးအစားရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ် ဟာသဇာတ်မြူးလေးကိုမှ အချောအလှလေးတွေပါဝင်တာကြည့်ချင်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်နော်..ခီသီ(Aishwarya Lekshmi)ဆိုတာက နပန်းကိုငယ်ငယ်တည်းက လေ့လာလိုက်စားရင်းနိုင်ပွဲတွေကို ဆွတ်ခူးနိုင်ခဲ့သူပါ အနိုင်ကျင့်တဲ့လူတွေကိုပညာပြတဲ့ ဘွဲ့ရပညာတတ် ဆံပင်တိုတို ဗလတောင့်တောင့်ကောင်မလေးပေါ့ သူ့ကိုအိမ်ထောင်ဘက်အဖြစ်လာရွေးတဲ့လူတွေကလည်း ကိုင်‌ပေါက်ခံရမှာကြောက်လန့်ပြီးထွက်ပြေးကြတာချည်းပါပဲဗီရာ(Vishnu)ကတော့ တစ်ဦးတည်း‌သောသူဌေးသားပေါ့သတို့သမီးလောင်းအတွက်သူ့ရဲ့စံသတ်မှတ်ချက်တွေက ဆံပင်ရှည်ကြီးနဲ့ သူထိန်းချုပ်တိုင်းရမယ့်ပညာမတတ်မိန်းကလေးမျိုးပါ ဒီလိုနဲ့နှစ်ယောက်ကကံဆုံကြပြီး လူကြီးတွေကသူတို့ကိုအိမ်ထောင်ချပေးဖို့လုပ်လေတော့ ခီသီတစ်ယောက်ဘယ်လိုလိမ်ဆင်တွေလုပ်မလဲ ဆံပင်ရှည်ကြိုက်တဲ့ယောကျာ်းနဲ့ ဆံပင်တိုတိုခီသီတို့ ဘယ်လိုတွေလှည့်ပတ်ပြီးစခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် File size…2.78GB /1.23GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni
movie

Gatta Kusthi (2022)

2022
My Southern Family Christmas (2022) 7.1
My Southern Family Christmas (2022) My Southern Family Christmas (2022) =========================== IMDb Rating -  7.1/10Campbell ဟာ သူအလုပ်လုပ်နေတဲ့ မဂ္ဂဇင်းမှာ ခရစ္စမတ်ကာလ အထိမ်းအမှတ် ဆောင်းပါးတွေ ရေးစရာ ဇာတ်လမ်းမကျန်တော့လို့ ခေါင်းစားနေသူပါ။ ဒါပေမဲ့ အဲနေ့မှာပဲ Jennifer ဆိုသူ အမျိုးသမီးက သူ့ဆီ သူ့ရဲ့အဖေအရင်းဖြစ်သူနဲ့ လက်ထပ်ထားတဲ့သူပါလို့ပြောထားတဲ့ အသံမက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့ပါတယ်။ Campbell ကဖုန်းပြန်ခေါပြီး မေးတော့ သူ့အဖေက သူတို့နေတဲ့မြို့လေးရဲ့ Pere Noel ( Santa version တစ်မျိုး ) အဖြစ်အရွေးခံရကြောင်း၊ မိသားစုအတွက် ဂုဏ်ယူစရာကိစ္ စတစ်ခုဖြစ်လို့ လှမ်းအသိပေးတာဖြစ်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။ အဲမှာပဲ Campbell ဟာ သူတစ်သက်လုံးမသိခဲ့တဲ့ အဖေတူ အမေကွဲ ညီမ တွေရှိတာ သိလိုက်ရပါတယ်။အဲဒါနဲ့ Campbell ဟာ အဲမြို့က ခရစ္စမတ်ရိုးရာဓလေ့တွေ၊ သူ့အဖေ Pere Noel အရွေးခံရတဲ့ အကြောင်းတွေကို အဲမြို့တွင်းသတင်းစာမှာ ဖတ်ထား တာကို သူ့အယ်ဒီတာကတွေ့သွားပြီး အဲမြို့ရဲ့ ခရစ္စမတ်ထုံးစံတွေကို ဆောင်း ပါးရေးဖို့ ပြောပါတော့တယ်။ ...
movie

My Southern Family Christmas (2022)

2022