Channel Myanmar

2022

Mira (2022) 5.8
Mira (2022) Mira (2023)ရုရှား သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အသစ်ကိုတင်ပေးထားပါတယ်။ ဇာတ်လမ်းရော ရုပ်ရှင်ဆက်တင်တွေရောအတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ လေကြောင်းအင်ဂျင်နီယာအာရာဘော့ဗ်ဟာ အာကာသစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေပါတယ်။ သူ့မှာ ဗာလဲရာဆိုတဲ့ သမီးလေးတစ်ယောက် ကမ္ဘာပေါ်မှာ ကျန်ခဲ့တာပေါ့။ အာကာသစခန်းဟာ ကမ္ဘာရဲ့ဘေးကနေ ရှားရှားပါးပါး ဧရာမဥက္ကာခဲကြီးတစ်ခုဖြတ်သွားတာကို စောင့်ကြည့်နေတာပါ။ တွက်ချက်မှုတွေအရ ကမ္ဘာပေါ်ကို ဥက္ကာခဲအပိုင်းအစတွေ ကျနိုင်ချေ မရှိသလောက်နည်းတာမို့ ကမ္ဘာပေါ်ကလူတွေကလည်း ဓာတ်ပုံတွေရိုက်ဖို့ ကြည့်ဖို့ စောင့်နေကြပါပြီ။ ဒါပေမဲ့ ထုံးစံအတိုင်း ဥက္ကာအပိုင်းအစတွေ ကမ္ဘာပေါ်ကျကိုကျလာတာပါပဲ။ ကမ္ဘာပေါ်တင်မက ဥက္ကာအပိုင်းအစတွေက အာကာသစခန်းကိုလည်း လာထိမှန်တာမို့ စခန်းလည်းပျက်စီးသွားခဲ့ပြီးအာရာဘော့ဗ်တစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ သူ့သမီး ဗာလဲရာ ရှိတဲ့မြို့လည်းပျက်စီးသွားပြီး အပျက်အစီးတွေကြားမှာပိတ်မိနေတဲ့ သူ့သမီးကို အာကာသစခန်းက နောက်ဆုံးလက်ကျန်စွမ်းအင်လေးနဲ့ ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရမှာပါ။ Survival ရုပ်ရှင်အမျိုးအစားမို့ လက်နက်ဆန်းတွေ ဂြိုလ်သားတွေမပါဘဲ ကပ်ဘေးကြီးထဲမှာ အသက်ရှင်ဖို့ ကြိုးစားရတာတွေကိုပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Adventure, Drama, Sci-fi Quality…. 1080p | 720p | 480p File size… 1.8Gb | 976MB ...
movie

Mira (2022)

2022
Strangeness (or) La Stranezza (2022) 6.9
Strangeness (or) La Stranezza (2022) Strangeness (or) La Stranezza (2022) ========================== IMDb Rating – 6.9/10ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာ အဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီက အနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူး ထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြော ရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုး အလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်း ပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ် ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာ ဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊ တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။ တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့ လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ် တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင် မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။ကြားထဲမှာ ...
movie

Strangeness (or) La Stranezza (2022)

2022
Jacir (2022) 6.7
Jacir (2022) Jacir (2022) ========== IMDb Rating - 6.7/10ဒီဇာတ်လမ်းက Syrian စစ်ဘေးရှောင် ဒုက္ခသည်တစ်ယောက် ဖြစ်တဲ့ Jacir အမေရိကန်ပြည်ထောင်စုရဲ့ Memphis မှာ နေထိုင် အလုပ်လုပ်ရင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖော်ပြထား ပါတယ်။ အင်္ဂလိပ်စကားကို သင်ယူရင်း အမေရိကန်လူနေမှုဘဝ ကို နေသားကျအောင် ကြိုးစားနေတဲ့ Jacir ပေါ့။ဒါပေမဲ့ တခြားနိုင်ငံမှာ အလုပ်လုပ်ရင်း နေထိုင်နေရတဲ့ Jacir ဘဝက အရမ်းခက်ခဲခဲ့တယ်။ Syria မှာ​ သူ့မိသားစုဝင်တွေ အကုန်လုံးကို ဆုံးရှုံးခဲ့ရတာမို့ Jacir တစ်ယောက်တည်း အာရပ် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း စားဝတ်နေရေးအတွက် ငွေရှာရတယ်။ ဒီကြားထဲ လူမျိုးရေး ခွဲခြားတာတွေ၊ ရဲတွေဆီက နယ်နှင်ဒဏ်ခြိမ်းခြောက်ခံရတာတွေ၊ ဆင်းရဲချို့တဲ့မှုနဲ့ ​မူးယစ်ဆေး အပေးအယူ ကိစ္စတွေပါ ​ပါဝင်လာလို့ ပြဿနာပေါင်းစုံ ရှောင်လေ တိုးလေ ဖြစ်လာတာပါပဲ။ဒီဇာတ်လမ်းမှာ လူအချင်းချင်း ကြင်နာတတ်ဖို့၊ Friendshipရဲ့ အရေးပါပုံနဲ့ Jacir ရဲ့ ဘဝအပေါ် ခံယူထားတဲ့ အဓိကအချက်ဖြစ် တဲ့ "ဘယ်လောက်ပဲ နာကျင်ရပါစေ ပျက်ဆီးနေတဲ့ အရာတွေကို ပြန်ပြင်ပြီး ...
movie

Jacir (2022)

2022
This House (or) Cette maison (2022) 6.5
This House (or) Cette maison (2022) This House (or) Cette maison (2022) ========================== IMDb Rating - 6.5/10၂၀၀၈ခုနှစ် Bridgeport မှာ အသက်ဆယ့်လေးနှစ်ကောင် မလေးတစ်ယောက်ကို သူ့အခန်းထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ကြပါတယ်။ ဆယ်နှစ်ကြာတဲ့နောက်မှာ ဒီကောင်မ လေးရဲ့ ဝမ်းကွဲအစ်မဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Miryam Charles က သူ့ညီမကို အောက်မေ့တဲ့အနေနဲ့ Cette Maison ကိုရိုက်ကူးဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေး ကို သူ့အခန်းထဲမှာ ကြိုးဆွဲချပြီးသတ်သေထားတာကို သူ့ အမေကတွေ့ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ပုံစံ ဖြစ်နေပေမဲ့ အလောင်းကိုခွဲစိတ်လိုက်တဲ့အချိန်မှာတော့ ကောင်မလေးက သူ့ကိုယ်သူသတ်သေတာမဟုတ်ဘဲ လိင် ပိုင်းဆိုင်ရာ စော်ကားခံထားရပြီး အသတ်ခံလိုက်ရတာပါတဲ့။ ဒီဇာတ်လမ်းက လူသတ်မှုတရားခံကိုလိုက်ရှာတဲ့ဇာတ်လမ်း မျိုးမဟုတ်ဘဲ သမီးဖြစ်သူသေဆုံးမှုက မိခင်နဲ့ တစ်မိသားစု လုံးအပေါ် ဘယ်လောက်ထိ သက်ရောက်ကြောင်း၊ ဘယ်နေ ရာကိုပဲရောက်နေပစေ ကိုယ့်နိုင်ငံ ကိုယ့်မျိုးရိုးဇစ်မြစ်ကို မေ့ လို့မရနိုင်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(2.0 GB) / (628 MB) / (305 MB) Quality............WEB-RIP 1080p / 720p / ...
movie

This House (or) Cette maison (2022)

2022
ThaRae United (2022)
ThaRae United (2022) Tharae United (2022)ထိုင်းဇာတ်ကားတွေထဲမှာ အခုခေတ်ရိုက် Bad Genious တို့လိုမျိုး ဇာတ်လမ်းအလန်း ရိုက်ချက်အလန်းကြီးနဲ့ကားတွေရှိသလို ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းကတော့ ရိုးပေမဲ့ ကြည့်ရတာ ကြည်နူးပျော်ရွှင်ရတဲ့ Baiferm နဲ့ Mario တို့ရဲ့ a little thing called love တို့လို ဇာတ်ကားလေးတွေလည်းရှိပါတယ်ခုဇာတ်ကားလေးကလည်း မင်းလူရဲ့ရယ်မောခြင်းပေါင်းချုပ်ထဲကလို မြောက်ပိုင်းတောင်ပိုင်းမတည့်ကြတဲ့ ရွာလေးရဲ့လူငယ်တွေကို ဘောလုံးအသင်းဖွဲ့စည်းပေးတဲ့အကြောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာ တစ်ခုကောင်းတာက ဘောလုံးဇာတ်ကားဆိုပြီး တောကအသင်းလည်း ဇွတ်ဖလားတွေရ လာသမျှအသင်းနိုင်တဲ့ဇာတ်လမ်းမဟုတ်ပါဘူး အဲ့လို မိုတီဇွတ်ပေးမယ့် ဇာတ်ကားလည်းမဟုတ်ပဲ လူငယ်သဘာဝအချင်းချင်းညစ်တာလေးတွေ အချစ်ဇာတ်လမ်းတွေ ကိုယ်ကြွေမိတဲ့ သူငယ်ချင်း မမ ညီမလေး စသည်ဖြင့်ပေါ့ ကြည့်ရတာ ပေါ့ပေါ့ပါးပါး ကြည်ကြည်နူးနူးနဲ့ စိတ်ချမ်းသာဖို့လည်းကောင်း ဘောလုံးအားကစားအခြေပြု sport drama ကားလေးတွေ သဘောကျတဲ့သူတွေအတွက် ကြည့်ရှုနိုင်ဖို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်အညျွန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 2.1Gb ...
movie

ThaRae United (2022)

2022
Qodrat (2022) 6.5
Qodrat (2022) Qodrat (2022)ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Qodrat (2022)

2022
La Trampa (2022) 5.6
La Trampa (2022) La Trampa (2022)ဒီတစ်ခေါက်မှာတော့ ဒိုမနစ်ကန် ဟာသဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မြေအခိုးခံရတဲ့ တူဝရီးနှစ်ယောက် မြေပြန်ရဖို့ကြိုးစားတဲ့ပုံကို ဟာသအနှောလေးတွေနဲ့ရိုက်ထားတဲ့ကားပါ။လောင်းကစားရုံပိုင်ရှင်တစ်ယောက်က ရုံသစ်ဖွင့်ဖို့နေရာရှာရင်း ဦးလေးယာမဲရဲ့မြေကိုမျက်စိကျသွားတယ်။ ဦးလေးယာမဲကဘိုးဘွားပိုင်မြေကိုမရောင်းနိုင်လို့ငြင်းလိုက်တဲ့အခါမှာတော့ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းတွေကို ခိုးခိုင်းပြီး မြေကိုသိမ်းလိုက်တယ်။ လူမိုက်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့အတွက် ယာမဲတို့တူဝရီးနှစ်ယောက် စာရွက်စာတမ်းတွေကိုပြန်ခိုးဖို့ကြိုးစားရတော့တယ်။တစ်ဖက်မှာလည်း လယ်သမားအယ်ဒိုတစ်ယောက် သားဖြစ်သူရဲ့လောင်းကစားအကြွေးကိုဆပ်ဖို့ စိတ်သောကရောက်ရင်း တူမ,မင်္ဂလာဆောင်ရောက်နေတာတောင် မရယ်နိုင်မပြုံးနိုင်ဖြစ်နေတယ်။ အကြွေးရှင်က ဦးလေးယာမဲတို့မြေကိုခိုးသွားတဲ့သူပါပဲ။ အယ်ဒိုတို့သားအဖရယ် စာရွက်စာတမ်းတွေပြန်ခိုးပြီး ပြန်လာတဲ့ယာမဲတို့တူဝရီးရယ် မင်္ဂလာပွဲကျင်းပနေတဲ့ La Trampa ဆိုတဲ့အပန်းဖြေအိမ်ကြီးမှာ သွားဆုံကြပါတော့တယ်။La Trampa အိမ်ကြီးမှာ ဘာကိစ္စတွေထပ်ပေါ်လာမလဲ... ဘယ်လိုတွေပွက်လောရိုက်ကြဦးမလဲ... ဆိုတာ ယာမဲတို့တူဝရီးနှစ်ယောက်ရဲ့ ဟာသအလွဲလေးတွေနဲ့အတူ ကြည့်ရှုကြရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 720MB Quality - 1080p, 720p Format - mp4 Duration - 1H ...
movie

La Trampa (2022)

2022
Faithfully Yours (2022) 5.9
Faithfully Yours (2022) Faithfully Yours (2022) ================= IMDb Rating - 5.5/10အိမ်ထောင်ရှိတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် Bodil နဲ့ Isabel၊ သူတို့ယောကျ်ားတွေ မသိအောင် ဖောက်ပြန်ဖို့ Belgian ကမ်းခြေဆီ ပိတ်ရက် ခရီးထွက်သွားကြတယ်။ ကမ်းခြေမှာ တစ်ယောက်တစ်နေ ရာဆီ လျှောက်သွားပြီး ပျော်ရင်း သူတို့ယောကျ်ားတွေကိုတော့ အတူ တူရှိနေကြောင်း လိမ်ဖို့ အစီအစဥ်နဲ့​ပေါ့။ Isabel ရဲ့ ယောကျ်ားက သူ့ မိန်းမကို စိတ်မချလို့ ဖုန်းမှာ GPS တပ်ထားတယ်။ အဲဒါကို သိတဲ့ Isabel က သူ့ဖုန်းကို Bodil ဆီ ပေးထားပြီး Bodil ကလည်း Isabel ယောကျ်ား ဆီ ဓာတ်ပုံတွေပို့ရင်း အိမ်မှာရှိနေကြောင်း Isabel ဟန်ဆောင်ပြီး လိမ် တာပေါ့။ဒါပေမဲ့ Bodil တခြားယောကျ်ားတစ်ယောက်နဲ့ ကမ်းခြေသွားအပြီး အိမ် ပြန်တော့ ကြမ်းပြင်မှာ သွေးတွေရွှဲပြီး Isabel ​ပျောက်သွားတာကို သိရ တယ်။ သူတို့ယောကျ်ားနှစ်ယောက်လည်း အဲဒီအိမ်ကို လိုက်လာပြီး ​ရဲ တွေကစစ်ဆေးတော့ ...
movie

Faithfully Yours (2022)

2022
Of an Age (2022) 7.0
Of an Age (2022) Of an Age (2022) ============= IMDb Rating - 7.2/10 Rotten Tomatoes - 87%နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ် လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရ တဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျား ရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီ လေးပါတဲ့။ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲ ဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့ နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်း ကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ... ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေ ကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်း ညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ...
movie

Of an Age (2022)

2022
Discontinued (2022) 5.5
Discontinued (2022) Discontinued (2022)~ Rotten Tomatoes - 89% ~ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးက ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တဲ့ အနာဂတ်မျိုးနွယ်စုတစ်ခုက ဖန်တီးကြိုးကိုင်ထားတဲ့ Simulated Reality တစ်ခု ဖြစ်နေမယ်လို့ တွေးဖူးကြတယ်မလား..အနာဂတ်လူသားတွေဟာ Variables တွေ ပြောင်းလဲသွားရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို စမ်းသပ်ဖို့ Simulation ဘီလျံပေါင်းများစွာ ဖန်တီးခဲ့ပြီးတော့ ကျွန်တော်တို့ကမ္ဘာဟာ အဲဒီဘီလျံပေါင်းများစွာထဲက တစ်ခုပဲ ဖြစ်တယ်။ ဒီကမ္ဘာကြီးက တကယ်ပဲ Simulated Reality ဖြစ်တယ်ဆိုတာကို အဆိုပါ Creators တွေက လူသားအားလုံးကို အသိပေးလိုက်တယ်။ ပြဿနာက အဲဒီ Simulation ကြီးက တစ်ပတ်အတွင်း ရပ်တန့်သွားတော့မှာ။ Creators တွေက လူသားတွေအတွက် ရွေးချယ်စရာ ၂ခုပေးတယ်။မင်းတို့သိခဲ့ဖူးတဲ့ လူတွေအားလုံးနဲ့ အရာအားလုံး မရှိတော့ပဲ လူက ထိန်းချုပ်စရာမလိုတဲ့ ဒီကမ္ဘာကြီးထဲမှာ ဆက်ပြီး ရှင်သန်ဖို့ကြိုးစားမလား ...
movie

Discontinued (2022)

2022
Bhediya (2022) 7.3
Bhediya (2022) Bhediya (2023) *************** IMDb 7.5/10 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသား ဝါရွန်းဒဝမ်န်နဲ့ ပရိတ်သတ်အသဲစွဲကရီသီးဆနွန်းတို့ရဲ့ Horror/ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 7.5အထိ ရရှိထားပါတယ်။ဒါ့အပြင်ရားဂ်ျကူမားရ်ရောဝ်ကလည်း ဗစ်ကီအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရှရက်ဒါးကပူးရ်ကလည်း စတရီးဇာတ်ကောင်အနေနဲ့ Cameoအဖြစ် ပါဝင်ထားပါသေးတယ် ရုံတင်ငွေဆိုရင်လည်း ၈၉ကုဋေထိပြန်ရခဲ့တဲ့ ရှယ်မိုက်ရှယ်ကြမ်းတဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်ဘေဒီယာဆိုတာ ဝံပုလွေဆိုတဲ့အဓိပ္ပာယ်ပါ ဒီဝံပုလွေက အရုနာကျလ်ပြည်နယ်က တောအုပ်တစ်ခုကို ကာကွယ်သူအနေနဲ့ စောင့်ရှောက်တယ်လို့ အဆိုရှိကြတယ် တောအုပ်ကိုထိခိုက်အောင်လုပ်တဲ့ လူတွေမှန်သမျှ သူကကိုက်သတ်ပစ်တယ်ပေါ့...ဘာစကရ်ကတော့ အဲဒီအရုနာကျလ်ရဲ့ တောထဲမှာလမ်းဖောက်ဖို့ အလုပ်လက်ခံခဲ့ပြီး သူနဲ့အတူ သူ့ဝမ်းကွဲညီအစ်ကိုနဲ့ သူ့သူငယ်ချင်း ဂျိုကိုခေါ်သွားပါတယ်။ မစ္စတာပန်ဒေးဆိုတဲ့သူက ဘာစကရ်ရဲ့ လမ်းဖောက်မယ့် အကြံအစည်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာကတစ်ကြောင်း တောတွင်းလူမျိုးစုတွေ လက်ခံမှာ မဟုတ်တာကတစ်ကြောင်းကြောင့် သူ့အကြံအစည်ကို သိပ်လက်မခံချင်ခဲ့ပါဘူး။ညတစ်ညမှာတော့ ဘာစကရ်တို့အဖွဲ့ ကားနဲ့ခရီးထွက်လာရင်း မတော်တဆမှုတစ်ခုဖြစ်ပြီး ကားပျက်သွားပါတော့တယ်။အဲဒီအချိန်မှာပဲ ဘာစကရ်ရှေ့ကို စောင့်ရှောက်သူဘေဒီယာ(ဝံပုလွေ)တစ်ကောင် ရောက်လာတဲ့အခါ ... ဘာစရ်တို့အဖွဲ့ ဘယ်လို ခြောက်ခြားစရာတွေနဲ့ ကြုံတွေ့ရမလဲ ... တောထဲလမ်းဖောက်ဖို့ အစီစဉ်ကရော အောင်မြင်နိုင်မှာလား... ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့Thaik San,chiclon3, Zwe Yanနဲ့ Yunni တို့ပဲဖြစ်ပါတယ်။ File size…2.52GB ...
movie

Bhediya (2022)

2022
Ride Above (2022) 6.1
Ride Above (2022) Ride Above (2022) ============== IMDb Rating - 6.1/10ဒီဇာတ်လမ်း​လေးမှာ အ​ကြောင်းကိစ္စတစ်ခုခု​ကြောင့် စိတ်ပင်ပန်း ပြီးခက်ခဲလာရင်​တောင် အားမ​လျှော့ဘဲ မဆုတ်မနစ်ကြိုးစားရင် အရာရာကို​ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ သီအိုရီကို ကျကျနနပုံ​ဖော် ထားတယ်။ မြင်း​တွေနဲ့လူ​တွေရဲ့သ​ဘောသဘာဝကို အသာ​ပေးရိုက် ပြထားတာ​ကြောင့် အပြင်​လောကမှာဖြစ်ပျက်​နေတာ​တွေနဲ့ဆက် စပ်​မှုရှိပါတယ်။​​ဂျော်ကီတစ်​ယောက်ဖြစ်တဲ့ ဖီးလစ်က ပြိုင်မြင်း​တွေကို​လေ့ကျင့် ပေးတဲ့ထရိန်နာပါ။ သူ့ရဲ့လုပ်​ဖော်ကိုင်ဖက်ကူပါး ​ငွေစိုက်သူ​ပေါ့ သူတို့နှစ်​ယောက်လုံးရဲ့ရည်မှန်းချက်က မြင်းပြိုင်ပွဲမှာဗိုလ်ဆွဲဖို့ပါ။ ဖြစ်ချင်​တော့ ကိစ္စ​တွေက ထင်သ​လောက်မလွယ်ကူခဲ့ပါဘူး။ ဖီလစ် တစ်​ယောက် ပြိုင်ပွဲမှာအနိုင်ရဖို့ အစွမ်းကုန်ကြိုးစား​နေချိန်မှာ "ကံဆိုးမသွား​လေရာ အရပ်တိုင်း မိုးလိုက်၍ရွာ"ဆိုသလို သမီး ဖြစ်သူကို ဒုက္ခိတဖြစ်သွား​စေတဲ့အ​ခြေအ​နေနဲ့ ကြုံ့​တွေ့လိုက်ရတဲ့ အခါမှာ​တော့...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.23 GB) / (972 MB) / (543 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 49Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......ZWT Encoder..........SWM
movie

Ride Above (2022)

2022
Top Gear (2022) 8.0
Top Gear (2022) Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက... မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni ...
movie

Top Gear (2022)

2022
The Eight Mountains (2022) 7.8
The Eight Mountains (2022) The Eight Mountains (2022)~ IMDb - 7.8/10, RT - 89%, Meta - 79% ~တစ်ခုသော နွေရာသီကျောင်းပိတ်ရက်မှာ ကောင်လေး၂ယောက် တောင်တန်းပေါ်က ရွာလေးတစ်ရွာမှာ ဆုံတွေ့ခဲ့ကြတယ်။ မြို့ကြီးပြကြီးမှာ မွန်းမွန်းကြပ်ကြပ်ကြီးလာတဲ့ ပီရဲထရိုနဲ့ တောင်ပေါ်မှာ ပြေးရင်းလွှားရင်း လွတ်လွတ်လပ်လပ်ကြီးလာတဲ့ ဘရူနို...မတူညီတဲ့ နောက်ခံအခြေအနေတွေက သူတို့ရဲ့ ခင်မင်မှုကြားမှာ အနှောင့်အယှက်မဖြစ်ခဲ့။ တစ်ဘဝစာ ရင်းနှီးမှုကို တစ်ယောက်ဆီမှာ တစ်ယောက် ရှာတွေ့ခဲ့ကြသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လို့ရှာတွေ့ခဲ့ကြ။အသက်ကြီးလာတာနဲ့အမျှ လျှောက်ကြတဲ့ ဦးတည်ရာတွေမတူဘဲ အတိုင်းအတာတစ်ခု ကွာဝေးခဲ့ကြပြီးနောက် ၂ယောက်ထဲက တစ်ယောက်ရဲ့ အဖေဆုံးသွားတဲ့အချိန်မှာမှ ပြန်လည်ဆုံတွေ့၊ ဘဝရဲ့ တစ်ဆစ်တစ်ကွေ့မှာ ပြန်ရင်းနှီးပြီး အတူတူလုပ်ရမယ့် ကိစ္စတစ်ခုရှိလာခဲ့ပါတယ်... ရေခဲတောင်တွေပေါ်မှာပေါ့။ဒီကားဟာ နာမည်တူ ဝတ္ထုစာအုပ်ကိုပဲ ပြန်ရိုက်ထားခြင်းဖြစ်ပြီး ၂၀၂၂ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရရှိခဲ့ပါတယ်။ မှင်သက်လောက်တဲ့ ...
movie

The Eight Mountains (2022)

2022
The Consultant (2022) 6.8
The Consultant (2022) The Consultant (2022)~ IMDb rating - 6.5/10 ~လူ ၅ ယောက်ရဲ့ ထူးထူးခြားခြားပတ်သက်ဆက်နွယ်နေပုံကို Psychology ရှုထောင့်က‌နေ တွဲဖက်ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ Psycho ဆန်ဆန်ကားပေမယ့် တစ်ကားလုံး ဆရာ၀န်နဲ့ လူနာစကားပြောတဲ့ပုံစံနဲ့ အငြိမ်ကြည့်ရမှာပါ။ဒေးဗစ်ဆိုတဲ့ စိတ္တဇရောဂါဆရာ၀န်ဆီကို လူနာ ၃ယောက် ရောက်လာတာကနေ စပါတယ်။ ‌ဒေးဗစ်က မကြာသေးခင်က ဇနီးဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေလို့ ပူဆွေးနေတာပါ။ ဒေးဗစ်ကို ရဲဘက်က အမှုဖွင့်ထားပေမယ့် သူ့ဇနီးက ရောဂါတစ်မျိုးကြောင့် သတ်သေတာဆိုပြီး အမှုပြန်ပိတ်သွားပါတယ်။လူနာ ၃ယောက်က သူတို့ဖြစ်နေတဲ့ အခြေအနေကို ဒေးဗစ်ဆီ လာရင်ဖွင့်ကြတာပါ။ ဂျွန်ရယ် မိုက်ရယ် ကိတ်ရယ်ဆိုပြီး ၃ယောက် တစ်လှည့်စီလာကြပါတယ်။သူတို့နဲ့ ဆွေးနွေးရင်း ဒေးဗစ်ရဲ့ အကြောက်တရားတွေ ပြန်ပေါ်လာတဲ့အခါ...သူတို့ ၃ယောက် ပြောပြနေတဲ့ အကြောင်းအရာတွေက ဒေးဗစ်တို့ ဇနီးမောင်နှံနဲ့ ဘယ်လို ဆက်စပ်နေတာလဲ... သူတို့ ၅ယောက်က ...
movie

The Consultant (2022)

2022
Paappan(2022) 6.8
Paappan(2022) Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie

Paappan(2022)

2022
The Year Between (2022) 6.0
The Year Between (2022) The Year Between (2022) =================Bipolar disorder လို့ခေါ်တဲ့ စိတ်အတက်အကျမြန် စိတ်ဝေဒနာ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ဇာတ်လိုက်နေရာမှာ ဝင်သရုပ်ဆောင်ထားတဲ့ Alex Heller ကလည်း bipolar disorder ရှိနေတဲ့သူတစ်ယောက်ပါ။ စိတ်အတက်အကျမြန်ရောဂါက အရှင်းပျောက်အောင်ကုလို့မရပါဘူး။ ကိုယ့်မှာဖြစ်လာရင် တစ်သက်လုံး ဒီရောဂါနဲ့ပဲယှဉ်တွဲနေသွားရပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ထိ အန္တရာယ်များတတ်ပေမဲ့ ဆေးသောက်၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့တွေ့၊ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ရင် ပုံမှန်လူလိုနေနိုင်ပါတယ်။Alex Heller က အင်တာဗျူးတစ်ခုမှာပြောပါတယ်။ စိတ်ရောဂါနဲ့ပတ် သက်တဲ့အကြောင်းအရာတွေမှာ များသောအားဖြင့်က ရောဂါအခြေအနေ အဆိုးရွားဆုံး အမှောင်မိုက်ဆုံးကာလတွေကိုပဲ ပြသလေ့ရှိကြတဲ့အတွက် ခုကားထဲမှာ သူလိုငါလိုမထူးခြားတဲ့အချိန်တွေ ရယ်ရတဲ့အခြေအနေတွေ ကိုပါထည့်ပြီး ရိုက်ကူးထားပါတယ်တဲ့။ ဒါ့အပြင် စိတ်ရောဂါဆိုတာ ကာယ ကံရှင်တင်မကဘဲ မိသားစုကိုပါ ထိရောက်မှုတွေရှိကြောင်းကိုလည်း သိစေ ချင်ကြောင်း ပြောပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ကလမ်မန့်စ်မစ်လာဆိုတဲ့ ကောလိပ်ကျောင်းသူ လေးက သူ့မှာ bipolar ရှိမှန်း သိသွားတော့ ကျောင်းထွက်ပြီး သူ့မိဘတွေရှိ တဲ့မြို့ကို ပြန်လာနေတဲ့အချိန်မှာ အရှင်းပျောက်အောင် ကုသလို့မရတဲ့ ဒီရော ဂါက သူနဲ့သူ့မိသားစု သူငယ်ချင်းမိတ်ဆွေတွေကို ဘယ်လိုသက်ရောက်မှုရှိ ပုံတွေ၊ ...
movie

The Year Between (2022)

2022
Blood Karma (2022) 5.5
Blood Karma (2022) Blood Karma (2022)ဗင်ဒယ်မိသားစုဟာ မိသားစုဝင်တွေအားလုံး စံအိမ်ကြီးတစ်အိမ်တည်းမှာ စုပြီးနေကြတဲ့မိသားစုကြီးပါ။ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ မိခင်ဖြစ်သူရယ် အဒေါ်ဖြစ်သူရယ် မောင်နှမလေးယောက်ရယ် အတူတူနေထိုင်ကြတာဖြစ်ပါတယ်။ မိသားစုဟာ နတ်ကိုးကွယ်သူတွေဖြစ်ကြပြီး အယူလည်းသည်းကြပါတယ်။တစ်နေ့မှာတော့ သားအကြီးဖြစ်သူ နိုင်ငံခြားကနေ ပညာသင်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ သူပြန်လာတဲ့အချိန်ကစပြီး မိသားစုအတွင်း အဆင်မပြေတာတွေ ပရလောကနဲ့သက်ဆိုင်သလိုကိစ္စမျိုးတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး မိသားစုကြီးလည်း အကြောက်အလန့်ကြားမှာ နေရပါတော့တယ်။ဗင်ဒယ်မိသားစုကြီး ဘာတွေဖြစ်နေတာလဲ။ အဲ့ဒီကိစ္စတွေကရော ဘာတွေနဲ့ဆက်စပ်နေတာလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ကြရမှာဖြစ်ပါတယ်။ Thrillerဇာတ်ကားဖြစ်တာနဲ့အညီ ထိတ်လန့်စရာအခန်းတွေကလည်း ဇာတ်လမ်းရဲ့အသက်တစ်ခုလိုဖြစ်နေပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ 10 x 05 ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.7GB | 783MB | 381MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... 10 x 05 Encoder ..... Aaron
movie

Blood Karma (2022)

2022
Phantom Project (2022)
Phantom Project (2022) Phantom Project (2022)~ Rotten Tomatoes - 90% ~ပါဘလိုရဲ့အိပ်မက်က ရုပ်ရှင်တစ်ခုမှာ ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ခွင့်ရပြီး နာမည်ရလာဖို့။ ခု​ခေတ်လူငယ်အများစုလိုပဲ သူလည်း စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာ အဘက်ဘက်ကရုန်းကန်နေရတဲ့သူတစ်ယောက်ပါပဲ။ သူ ချစ်ရသူနဲ့လမ်းခွဲလိုက်ပြီး Move on ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာလည်း လမကုန်ခင်ပိုက်ဆံပြတ်မသွားဖို့ ဆေးရုံမှာသရုပ်ပြလူနာဝင်လုပ်ပေးလိုက် စိတ်ကျန်းမာရေးစင်တာက Therapy Session တွေအတွက် သရုပ်ပြဝင်လုပ်ပေးလိုက်နဲ့ သူသွားချင်တဲ့ Career လမ်းကြောင်းကနေ တဖြည်းဖြည်းဝေးသွားသလိုဖြစ်နေတယ်။ အခန်းဖော်ကလည်း ပါဘလိုကိုပေးစရာရှိတဲ့ပိုက်ဆံတွေမပေးဘဲ တိုက်ခန်းကပြောင်းသွားတယ်။ ပါဘလိုမှာကျန်ခဲ့တာက သူ့အခန်းဖော်ရဲ့ခွေးရယ်၊ Cardigan တစ်ထည်ရယ်၊ သရဲတစ်ကောင်ရယ်။ သေသွားတဲ့ Cardigan ပိုင်ရှင်က သူ့အဝတ်ကိုစိတ်စွဲပြီး မကျွတ်မလွတ်ဖြစ်နေတာပါ။ အဲဒီလိုဆိုလို့ ဒါကသရဲကားရယ်လည်းမဟုတ်ပါဘူး။ သရဲကားဘက်လည်းသိပ်မရောက် Psycho ဘက်လည်းသိပ်မရောက်ဘူးပြောရမယ်။ အင်္ကျီက ချိတ်ကနေခဏခဏပြုတ်ကျတယ်။ ပစ္စည်းတွေကျကွဲတယ်။ ပါဘလို အိမ်မှာမရှိတဲ့အချိန်အောက်ထပ်ကနေ ခြေသံတွေကြားရတာမျိုးတွေပေါ့။ဝိညာဥ်က ပါဘလိုကို သူ့ဘဝ Direction ...
movie

Phantom Project (2022)

2022
Wolf Mountain (2022)
Wolf Mountain (2022) Wolf Mountain (2022)~ Rotten Tomatoes - 83% ~လွန်ခဲ့တဲ့နှစ် ၂၀ က ဇနီးမောင်နှံတစ်တွဲဟာ ဝံပုလွေတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူတို့ရဲ့ သားလေးကတော့ Aj ပါပဲ။ Aj ဟာ အိပ်မက်ဆိုးတွေအမြဲမက်တတ်ပါတယ်။ အိပ်မက်ထဲမှာ သူအမြဲမြင်နေတဲ့အရာတွေကတော့ သူ့အဖေနဲ့ အမေကို ဝံပုလွေလူသားတစ်ယောက်က တောင်ပေါ်က တွန်းချလိုက်တာပါပဲ။ ဒါကို Aj ဟာ Psychiatrist တစ်ယောက်နဲ့ ကုသနေရပါတယ်။ ဒီ ဆရာဝန်ဟာ Aj ကို ဒီထက်ရှင်းသွားချင်ရင် ဒီကိစ္စတွေဖြစ်ခဲ့တဲ့ ဝံပုလွေတောင်ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဖို့ အကြုံပြုလိုက်ပါတယ်။Aj ကို မိဘတွေဆုံးပါးသွားကတည်းက သူ့မိဘတွေရဲ့ မွေးစားခဲ့တဲ့ အကိုဖြစ်သူ Max ကနေ လူလားမြောက်အောင် ပြုစုပျိုးထောင်လာခဲ့တာပါ။ ခုချိန်မှာတော့ Aj ဟာ မိန်းမဖြစ်သူ Sam နဲ့အတူ မိသားစုလေးတစ်ခုတောင် ရတော့မှာပါ။ ဒါပေမဲ့ ...
movie

Wolf Mountain (2022)

2022