Channel Myanmar

2021

Keeping Company (2021) 5.4
Keeping Company (2021) Keeping Company (2021) ~ IMDb - 5.6/10, Rotten Tomatoes - 80% ~ဦးဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ ဝေဖန်ရေးသမားတွေကြိုက်ကြတဲ့ ဟာသကားကောင်းတစ်ကားပေမဲ့ B အဆင့်ရုပ်ရှင်ပါ။ ဟာသကားကို သူတို့ဘာလို့ကြိုက်ကြလဲဆိုရင်တော့ ရယ်ရလို့ပေါ့ဗျာ။ သူ့တားဂတ်က ဒါပဲကိုး။ ဒါကြောင့်မို့ တခြားစီနီမာတွေ သရုပ်ဆောင်ကောင်းတွေ ဘာဘာညာညာ အလန်းဇယားတွေတော့ မမျှော်လင့်စေချင်ဘူး။ နည်းနည်းပါးပါး ရယ်ချင်ရင်တော့ ကြည့်လိုက်သင့်တဲ့ကားမျိုးပါပဲ။ ဝေဖန်ရေးသမားတွေတောင် ရိတ်တင် ၈၀ရာခိုင်နှုန်းပေးထားတယ်ဆို‌တော့ အတော်မဆိုးတဲ့ အခြေအနေမှာရှိတဲ့ကားမျိုး၊ ပြောရရင် Sitcom ကြည့်နေသလို သဘောတရားမျိုးပေါ့၊ ဒါပါပဲ။ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေး၊ အာမခံရောင်းတဲ့နှစ်ကောင် လူသတ်သမားအိမ် တံခါး သွားခေါက်တယ်။ သူတို့ကတော့ မသိပေမဲ့ အဲ့အိမ်က လူသတ်သမားက သတ်ရုံတင်မဟုတ် ချက်ပါစားတာဆိုတော့ အသတ်မခံရရုံတင်မဟုတ် ချက်ပါစားမခံရ‌အောင် ပတ်ပြေးရတယ်ပေါ့။ဟာသကားပေမဲ့ သူက Crime, Horror ဆိုတဲ့ Genre တွေလည်း ...
movie

Keeping Company (2021)

2021
Makmum 2 (2021) 5.2
Makmum 2 (2021) Makmum1 ကိုကြည့်ရှုလိုပါက ဒီ Link လေးမှာကြည့်ရှုနိုင်ပါတယ် >>Makmum1(2019) Makmum 2021မှာတော့ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရင်နီဟာ အိမ်ထောင်ကျပြီး ဟာဖစ်ဇ် ဆိုတဲ့ ကလေးလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ချစ်ရတဲ့သူကို လွမ်းတဲ့စိတ်နဲ့ ပူဆွေးနေတဲ့ ရင်နီတစ်ယောက် ဇာတိရွာလေးက အဒေါ်ကပါ ထပ်မံဆုံးပါးသွားတဲ့အခါ ရင်နီရဲ့ သောကအပူမီးတွေ နှစ်ဆတိုးလာရပါတော့တယ် သားလေးကိုခေါ်ပြီး နာရေးအတွက် ရွာကို ပြန်လာခဲ့ရင်းက ရွာမှာ ဗလီအသစ်ကြီး ဆောက်လုပ်နေတာကို မြင်ခဲ့ရတယ် ရွာကိုရောက်ပြီးတဲ့နောက်မှာတော့ ရင်ရဲ့သား ဟာဖစ်ဇ်ဟာ ကစားနေရင်း ပျောက်ဆုံးသွားပြီး တောအုပ်ကြီးရဲ့ အလယ်မှာ သတိလစ်လျက် ပြန်တွေ့ခဲ့ရတယ် ကလေးတွေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ခြောက်လှန့်မှုတွေက ပိုပိုဆိုးရွားလာခဲ့သလို ဆောက်လက်စ ဗလီအသစ်ကြီးမှာလည်း ပြဿနာအမျိုးမျိုးတက်ခဲ့ရတယ် အဲဒီလိုနဲ့ ရင်နီဟာ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်းကနေ ဘယ်လိုမျိုးပုံစံတွေနဲ့ ပူးကပ်ခံရမလဲ ကလေးတွေကို ဘယ်လိုကယ်မလဲ ရွာသားတွေရော ဘယ်လို ခြောက်လှန့်မှုတွေနဲ့ကြုံရမလဲဆိုတာကို မိုးအေးအေးမှာ စောင်လေးခြုံပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းလေး နှစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။    File size…1.46GB / 621MB Quality…1080p NF WEB DL AAC5.1CH / ...
movie

Makmum 2 (2021)

2021
Masquerade Night (2021) 6.3
Masquerade Night (2021) Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie

Masquerade Night (2021)

2021
Wet Sand (2021) 6.8
Wet Sand (2021) Wet Sand (2021)~ IMDb Rating - 6.8/10 ~ဂျော်ဂျီယာဒါရိုက်တာရိုက်ထားတဲ့ တွေ့ရခဲတဲ့ ဂျော်ဂျီယာရုပ်ရှင်ပါ။ ဂျော်ဂျီယာက ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားတယ်။ ဒီရုပ်ရှင်ဟာ LGBT ရုပ်ရှင်လို့ ပြောဖို့ခက်ပေမဲ့ သူ့အဓိကအကြောင်းအရာက LGBT ဖြစ်နေပါတယ်။ ပြောရရင် ကြည့်ဖူးသမျှထဲ သိမ်မွေ့မှုအရှိဆုံး LGBT ရုပ်ရှင်ပါပဲ။ MUBI လို Art Film ဦးစားပေး streaming service မှာတောင် တင်ထားပြီး ရုပ်ရှင်ပွဲတော်ပေါင်းများစွာမှာလည်း ပြထားပါတယ်။ဂျော်ဂျီယာဟာ လိင်တူစုံမက်ခြင်းကို အင်မတန် ရှုံ့ချတဲ့နေရာပါ။ အန်နွန်လို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်က ဂျော်ဂျီယာ ဘလက်ဆီးနားက ရွာလေးတစ်ရွာမှာ Wet Sand လို့ခေါ်တဲ့ ကဖေးလေးဖွင့်ထားတယ်။ အေးရာအေးကြောင်းနေလာရင်း သူ့ကဖေးမှာ လာသောက်နေကျ လူတစ်ယောက်ဆုံးသွားရာက ဂယက်ထလာတော့တာပါပဲ။ အဲဒီလူက ဘာသာမဲ့ဆိုတော့ သူ့ကို ဘယ်သူကမှလည်း မမြုပ်ပေးချင်ကြသလို ဘယ်သူကမှ အကောင်းမမြင်ကြဘူး။ ...
movie

Wet Sand (2021)

2021
Mayberry Man (2021) 5.9
Mayberry Man (2021) Mayberry Man (2021) ================= IMDb Rating - 5.9/101960 တုန်းက နာမည်ကြီးခဲ့တဲ့ အမေရိကန် sitcom comedy ဇာတ်လမ်းတွဲ "The Andy Griffith Show" ကို အမှတ်တရဖြစ်အောင် မတူတဲ့ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ပြန်လည်အသက်သွင်းပုံဖော်ပေးထားတဲ့ကားလေးဖြစ်တယ်။ ခရစ်စတုန်းဆိုတဲ့ နာမည်ကြီး ဟောလိဝုဒ်မင်းသားတစ်ယောက်က ကားအရှိန် အမြှင့်မောင်းနှင်မှုနဲ့ တရားရင်ဆိုင်နေရတယ်။ တရားသူကြီးကလည်း မင်းသားရဲ့ အဖေဖြစ်သူ ဝေါလ်တာ စတုန်းရဲ့ အမာခံပရိတ်ဖြစ်တဲ့အတွက်ကြောင့် ခရစ်စတုန်း ကို ဒဏ်ငွေမဆောင်ခိုင်းဘဲ သူ့အဖေ ပါဝင်သရုပ်ဆောင်ဖူးတဲ့ "The Andy Griffith Show" ထဲက ဇာတ်အိမ်တည်ထားရာ မြို့လေးဖြစ်တဲ့ မေဘယ်ရီမြို့လေးမှာ တစ်ပတ် သွားနေဖို့ ပြစ်ဒဏ်ပေးလိုက်တယ်။မသွားချင်သွားချင်နဲ့ မေဘယ်ရီ့မြို့ကို ရောက်သွားတဲ့ ခရစ်စတုန်း တစ်ယောက် သူတစ်ခါမှ မကြုံဖူးတဲ့ ပျော်ရွှင်မှု ရင်းနှီးမှု ကြင်နာစိတ် အပြည့်ရှိတဲ့လူတွေနဲ့တွေ့လိုက် ရတဲ့အကြောင်းကို ဇာတ်လမ်းပြီးသည်အထိ ရယ်မောကြည်နူးရင်း ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.43 ...
movie

Mayberry Man (2021)

2021
The Emigrants (2021) 6.8
The Emigrants (2021) ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင်ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီးစားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက်အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်ကအမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက်အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှုလူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် ...
movie

The Emigrants (2021)

2021
The Knower (2021) 6.4
The Knower (2021) The Knower (2021) ================== IMDb Rating - 6.4/10ယနေ့ခေတ် နည်းပညာ တိုးတက်လာတာနဲ့အတူ နယ်မြေစိုးမိုးတိုက်ခိုက်မှု တွေဟာ အရင်ကလို လက်နက်နဲ့ လူတွေအများကြီး သေကြပျက်စီးမှုမရှိဘဲ နည်းပညာ တိုက်ခိုက်မှုတွေနဲ့ပဲ တိုက်ခိုက်သိမ်းယူနိုင်တယ်ဆိုတဲ့ ဇာတ်ကြောင်းကို ကြေးစား Hacker တစ်ယောက်ရဲ့ ဘဝနဲ့ ကြောရိုးတည်ပြီး ရိုက်ကူးထားတာပါ။ ယူနစ်ဆိုတဲ့ Hacker တစ်ယောက်က သူရဲ့ ယောက္ခမတွေ ဆုံးသွားပြီးနောက်ပိုင်း Hacker အလုပ်ကိုဆက်မလုပ်တော့ဘဲ သူ့သမီးလေးနဲ့ ဘဝကို အေးဆေးနေထိုင် ပါတယ်။ တစ်ရက် အရင်အေဂျင်စီက သူ့ကိုအလုပ်တစ်ခုပြန်လုပ်ဖို့ တောင်းဆို လာတဲ့အခါမှာတော့ သူ့ရဲ့ Hacker အလုပ်ကို ပြန်လုပ်မှာလား၊ ဒါ့အပြင် သူ့ရဲ့ ယောက္ခမတွေ ဘာကြောင့် ဆုံးသွားရလဲဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး။ Hacker တစ်ယောက်ရဲ့ အရေးပါပုံနဲ့ Cyber Crime နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Paris ဖြစ်ပါတယ်)File Size..........(1.53 GB) / (790 MB) ...
movie

The Knower (2021)

2021
Jockey (2021) 6.5
Jockey (2021) Jockey (2021)~ IMDb - 6.5/10, Rotten Tomatoes - 93% ~Jockey ဆိုတာကတော့ သိတဲ့လူလည်းသိကြမှာပါ။ အကြမ်းဖျဥ်းပြောရရင် မြင်းစီးသမားပဲဆိုပါစို့။ ဒါပေမဲ့ မြင်းစီးတဲ့လူတိုင်းကို ဂျော်ကီလို့မခေါ်ပါဘူး။ ကျွန်တော်တို့တချို့ရုပ်ရှင်တွေမှာ သူဌေးကြီးတွေမြင်းပွဲလောင်းတဲ့အခန်းမျိုး မကြာခဏမြင်ဖူးပါလိမ့်မယ်။ အဲဒီပြိုင်ပွဲဝင်မြင်းတွေရဲ့ ကျောပေါ်ကနေစီးနင်းပေးရတဲ့ကစားသမားကို ဂျော်ကီလို့ခေါ်တာပါ။ လူအများစုကတော့ မြင်းပွဲတစ်ပွဲမှာ အမြန်ဆုံးမြင်းကနိုင်တာပဲလို့ အကြမ်းဖျဥ်းသိထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲတစ်ပွဲမှာအနိုင်ရဖို့ ဂျော်ကီတစ်ယောက်ရဲ့အရည်အချင်းနဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲဆိုတာအပြင် တကယ့်လက်တွေ့မှာဂျော်ကီတွေရဲ့ဘဝကဘယ်လိုအနိမ့်အမြင့်တွေရှိမယ်၊ စွန့်စားရမှုတွေ၊ ဝါသနာအတွက်ပေးဆပ်ရမှုတွေကို ရုပ်ရှင်တစ်ကားဆိုတာထက် Documentary ဆန်ဆန်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ။အားကစားနောက်ခံဇာတ်ကားလို့လည်း ခေါ်နိုင်ပေမဲ့ အားကစားနောက်ခံကားတွေမှာ မြင်ရနေကျ ဒရာမာချိုးတဲ့အကွက်ကြီးတွေမပါပါဘူး။ အဓိကဇာတ်ဆောင်မင်းသားဟာ ကစားသမားဘဝရဲ့နေဝင်ချိန်ကိုနီးကပ်နေပြီဖြစ်တဲ့ ဝါရင့်ဂျော်ကီကြီးတစ်ယောက်ဖြစ်ပါတယ်။ ခုနကပြောခဲ့သလိုပဲ ဒီဇာတ်ကားဟာ သူ့ကိုတည်ပြီးတော့ သူ့ကစားသမားဘဝနေဝင်ချိန် အစိတ်အပိုင်းလေးတစ်ခုကို Documentary ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာပါ။ဒီဇာတ်ကားကို ကြည့်ပြီးရင် သင်ခန်းစာတို့ဘာတို့တော့မရနိုင်ပေမဲ့ ကိုယ်မသိခဲ့တဲ့နယ်ပယ်တစ်ခုအကြောင်းကိုတော့ အလုံးစုံမဟုတ်တောင် ထဲထဲဝင်ဝင်သိသွားမှာပါ။ အဓိကဇာတ်ဆောင်နေရာက မင်းသားကြီးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိတဲ့အပြင် Drama ...
movie

Jockey (2021)

2021
Rhino (2021) 6.6
Rhino (2021) Rhino 2021ဒီရုပ်ရှင်လေးကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုရှားစကားပြော ယူကရိန်း ဒရာမာ ၊ မှုခင်းဇာတ်လမ်းလေးပါ။ဥရောပ ရုပ်ရှင်တို့ ထုံးစံအရ တီးလုံးတွေ လေးပြီး ဇာတ်အေး ဇာတ်နှေးတတ်ပေမယ့်လည်း ဒီဥရောပကားကတော့ ဇာတ်ရှိန်မြန်တာကြောင့် ကြည့်ရတာ သိပ်ပျင်းဖို့ မကောင်းပါဘူး။ငယ်ငယ်က အနိုင်ကျင့်ခံရတာကို မုန်းတီးတဲ့ ရိုင်နိုဆိုတဲ့ လူငယ်လေးဟာ အရွယ်ေရာက်လာတာနဲ့ အမျှ လူမိုက်လောကထဲကို ရောက်မှန်းမသိရောက်သွားပါတော့တယ်။ ကြီးနိုင်ငယ်ညှင်း ဒီလောကထဲမှာ ရိုင်နိုတစ်ယောက် အောင်မြင်အောင် ရှင်သန်ရုန်းကန်ရင်း ရက်စက်တဲ့ အသည်းနှလုံး ပိုင်ရှင်လူသားတစ်ဦးဖြစ်လာရပါတော့တယ်။ ဘဝရဲ့ ကြမ်းတမ်း ရက်စက်မှု ဒဏ်ကို အံတုရင်း အရေထူအောင် ကြီးပြင်းလာခဲ့ရတဲ့ ရိုင်နိုတစ်ယောက် သူ့ ရင်ထဲမှာဖြူစင်မှုရော ရှိသေးရဲ့လားဆိုတာကိုတော့ ဇာတ်လမ်းလေးဆုံးအောင်ကြည့်ပြီး အဖြေရှာစေချင်ပါတယ်။ ဘဝရဲ့ ရိုက်ခတ်မှုတွေကြားထဲ လောကကြီးမှာ ရှင်သန်ဖို့ အရေထူအောင်ကျင့်ရင်းကလေးတစ်ဦးရဲ့ အဆုံးသတ်ဟာ ကောင်းခြင်းနဲ့ဆုံးမလား ဆိုးခြင်းနဲ့အဆုံးသတ်မလား ဆိုတာကတော့။    File size…1.6GB ...
movie

Rhino (2021)

2021
Official Competition (2021)
Official Competition (2021) Official Competition (2021)2021 ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Rotten Tomatoes 86%၊ IMDb – 7.2 အထိ ရရှိထားတဲ့ Comedy/Drama ဇာတ်ကားအမျိုးစား ဖြစ်လို့ ကြည့်ရှု့ရကျိုးနပ်စေမှာပါ။ နာမည်ကြီး စပိန်မင်းသား Antonio Banderas လည်း ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အသက် ၈၀ ရှိပြီဖြစ်တဲ့ သူ‌ဌေးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ မှတ်တမ်းတင်နိုင်စရာ၊ လူတွေ မှတ်မိစေနိုင်တဲ့ တစ်ခုခုကို လုပ်ချင်တဲ့ စိတ်ကူးဖြစ်ပါတော့တယ်။ ထို့အတွက်ကြောင့် သူဟာ အကောင်းဆုံးရုပ်ရှင်ကား တစ်ကားကို ထုတ်လုပ်မယ်ဆိုပြီး နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ လိုလာ ကွေဗာ့စ် ကို ငှားရမ်းလိုက်ပါတော့တယ်။ လိုလာ‌ ကွေဗာ့စ်ဟာ ထူးချွန်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး သူမရဲ့ ရိုက်ကူးနည်းတွေဟာလည်း တမူထူးခြားပါတယ်။ လိုလာဟာ နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ ဖီးလစ်နဲ့ အီဗန်တို့ကို ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာ ပါဝင်စေပါတယ်။ မင်းသား ၂ ယောက် စရိုက်ချင်းလည်း မတူ၊ ...
movie

Official Competition (2021)

2021
Luzifer (2021) 5.6
Luzifer (2021) Luzifer (2021)~ Rotten Tomatoes - 100% ~Horror ရုပ်ရှင်ပေမဲ့ ကနေဒါက ရုပ်ရှင်ပွဲတော်တွေမှာ Best Picture ရထားပါတယ်။ Horror ဆိုပေမဲ့ အကြမ်းပတမ်းတွေ မပြဘဲ သိမ်သိမ်မွေ့မွေ့နဲ့ စိတ်ညစ်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ဂျာမန်စကားပြောရုပ်ရှင်ဖြစ်ပြီး Rotten Tomatoes 100% ရထားတဲ့ Art House ဆန်ဆန် ရုပ်ရှင်လို့ပြောလည်း မမှားပါဘူး။ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဘာသာရေးတွေ နတ်ဆိုးတွေနဲ့ ဆိုက်ကိုဆန်ဆန် ပုံဖော်ထားပါတယ်။ အသက်ကြီးလာပေမဲ့ ကလေးစိတ်ပဲရှိသေးတဲ့ သားကို ကာကွယ်ပေးချင်လို့ လူမနီးသူမနီးတောကြီးထဲ သွားနေတဲ့အမေနဲ့ သူ့သားကြားက စိတ္တဇဆန်ဆန်ဖြစ်ရပ်တွေကို စိတ်ညစ်စရာကောင်းအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။Metaphor တွေ တပုံတပင်သုံးထားတဲ့ ဥရောပ Art Houseရုပ်ရှင်တွေကို မြည်းစမ်းကြည့်ချင်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ပြီး Actor တွေရော Actress တွေရော ...
movie

Luzifer (2021)

2021
The Grandmother (2021) 6
The Grandmother (2021) The Grandmother (2021)ဇာတ်စစအဖွင့်မှာ အဘွားကြီးတစ်ယောက်က သူ့ သူငယ်ချင်းအိမ်ကို အလည်သွားတယ်။ အဲဒီကိုရောက်တော့ သူ့သူငယ်ချင်းက ကြမ်းပြင်မှာ သေနေပြီ။ ဒါပေမဲ့ သူ မျက်နှာတစ်ချက်မှ ပျက်မသွားဘူး။ ပြီးကျ အခန်းထဲက ကောင်မလေးတစ်ယောက် ကိုယ်လုံးတီးနဲ့ ထွက်လာတယ်။ အဘွားကြီးဟာ ကောင်မလေးကိုကြည့် အားရပါးရပြုံးရင်း ကောင်မလေးရဲ့ အောက်ပိုင်းကို နမ်းလိုက်တယ်။အဲဒီအဘွားကြီးမှာ မြေးမလေးတစ်ယောက်ရှိတယ်။ ကောင်မလေးရဲ့ အဖေအမေတွေက ဆုံးသွားတာကြာပြီ။ သူတို့နှစ်ယောက်တည်း ဆွေရယ်မျိုးရယ်ကျန်ခဲ့တာပေါ့။ ကောင်မလေးက မော်ဒယ်လုပ်တယ်။ တစ်နေ့ကျ အဘွားကြီး ဦးနှောက်ထိသွားပြီ သိပ်မလှုပ်နိုင် စကားမပြောနိုင်တော့လို့ ဆရာ၀န်က ကောင်မလေးကို ခေါ်လိုက်တယ်။ ကောင်မလေးက သူ့အဘွားကို ပြုစုပေးရင်း သူ့အဘွားနဲ့ နေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ နေမကောင်းတဲ့ သူ့အဘွားကို ပြုစုရင်း ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။Jump Scare သိပ်မသုံးထားဘဲ အဖွားနဲ့မြေးကြားတင် တစိမ့်စိမ့် ရင်တုန်ရအောင် ...
movie

The Grandmother (2021)

2021
They Talk (2021) 3.8
They Talk (2021) They Talk (2022)ပရလောကဆိုတာကို တစ်ချို့ကယုံကြတယ်။ တစ်ချို့က မယုံကြဘူးပေါ့။ တစ်ချို့ကျ တစ္ဆေဆိုတာ အကြောင်းတစ်ခုခုနဲ့ဖြစ်လာတဲ့ လူ့ရဲ့ပုံရိပ်ယောင်တွေ ပဲ့တင်သံတွေလို့ ထင်ကြတယ်။ တစ်ခါတလေကျလည်း သဘာ၀ရဲ့လှည့်ကွက်ပေါ့။ သဘာ၀ထဲက လေအေးနဲ့ လေနွေးပေါင်းစပ်မိတဲ့အခါမှာတောင် တစ်ခါတလေ ထင်ယောင်ထင်မှားဖြစ်လောက်စရာတွေပေါ်တတ်တယ်။ ဟော့ကင်းကတော့ လူဆိုတာ ကွန်ပြူတာတစ်လုံးလိုပဲလို့ ဆိုတယ်။ ပျက်ပြီး ပြီးပြီပေါ့။ ဒါပေမဲ့ တကယ်ရှိရှိမရှိရှိ ယုံတဲ့လူတွေရှိနေသရွေ့ သရဲကတော့ ရှိနေဦးမှာပါပဲ။ဒီဇာတ်လမ်းမှာ လူတစ်ယောက်ဟာ ပရလောကက အသံတွေကို ကြားနေရတယ်။ ကြုံရာကျပန်းတွေပါပဲ။ ဘာတွေလဲကို သူလည်းမသိဘူး။ သူ့လိုပဲ ကြားရတဲ့ ပရော်ဖက်ဆာတစ်ယောက်ဆီ သူအကြံသွားတောင်းတယ်။ ပရော်ဖက်ဆာကတော့ သရဲတွေက ကြုံရာကျပန်းပြောတာမဟုတ်ဘူး။ သူ့ကို သတင်းတစ်ခုခုပေးချင်တာတဲ့။ ဒီတော့ သူအဖြေရှာတယ်။ သူ့ကောင်မလေးက ဒါတွေကိုမယုံဘူး။ ဆက်မလုပ်တော့ဖို့ပြောတယ်။ ဒီလိုနဲ့ တစ်မနက်ကျ ပရော်ဖက်ဆာကြီးဆီက ဖုန်း၀င်လာပြီး သူ့ကို တစ်ခုခုလာနေပြီ သတိထားလို့ပြောတယ်။ အဲဒီညနေသူ ဖုန်းပြန်ဆက်တော့ ...
movie

They Talk (2021)

2021
Mondocane (2021) 6.3
Mondocane (2021) Mondocane (2021) Dogworld လို့လည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ အက်ရှင်ကား ကောင်းကောင်းလေးတွေမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ အီတလီ အက်ရှင် ဇာတ်ကားလေး ဖြစ်ပါတယ်။ဘုရားသခင်ဆိုတာ ဘာမှန်းတောင် မသိတဲ့ သူငယ်ချင်း၂ ယောက် ပင်လယ်ထဲမှာ ငါးမျှားလိုက် ရေကူးလိုက်နဲ့ အိမ်ခြေရာမဲ့ လွင့်ချင်တိုင်း လွင့်နေခဲ့ကြတယ်။ သူတို့ရဲ့ အိပ်မက်က Ants ဆိုတဲ့ ဂိုဏ်းထဲကို ဝင်ပြီး လူမိုက်လုပ်ဖို့ပေါ့။တစ်နေ့ အခွင့်အ‌ရေးတစ်ခုက သူတို့ဆီ ဆိုက်ရောက်လာတယ်။ စတိုးဆိုင်တစ်ခုကို မီးရှို့ပေးပြီး Ants အဖွဲ့ထဲကို ဝင်ခွင့်ရသွားတယ်။ နယ်မြေရဲတွေကလည်း Ants အဖွဲ့ကို လိုက်ဖမ်းနေတာ ၁ နှစ်ရှိပြီ တည်နေရာကို မသိရသေးဘူး။ လူဆိုးဂိုဏ်းထဲကို ရောက်သွားတဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ ဦးမှာ တစ်ဦးက လက်ရဲဇာက်ရဲ ဂိုဏ်းနဲ့ ကိုက်တယ်ပေါ့။ ကျန်တဲ့ တစ်ယောက်ကတော့ လူသတ်တာမျိုး ...
movie

Mondocane (2021)

2021
Chun Tae-il: A Flame That Lives On (2021) 8.8
Chun Tae-il: A Flame That Lives On (2021) ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူးဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon ...
movie

Chun Tae-il: A Flame That Lives On (2021)

2021
Foxhole (2021) 4.4
Foxhole (2021) ဒီရုပ်ရှင်က နည်းနည်းဆန်းတယ်၊ အ​မေရိကန်ပြည်တွင်းစစ်၊ ပထမ ကမ္ဘာစစ်နဲ့ အ​မေရိကန်-အီရတ်စစ်ဆိုတဲ့ အထင်ကရစစ်ကြီး ၃ခုကို ဇာတ်အိမ်တည်ထားတယ်၊ ဒါ​​ပေမဲ့ စစ်ကားဆိုပြီး အကြီးအကျယ် တိုက်ပွဲဖြစ်​ပုံတွေ၊ ​​နောက်ကွယ်က စစ်ပရိယာယ်နဲ့ နည်းဗျူဟာ​တွေ၊ ဒါမျိုး​​တွေကို မြင်ရမှာမဟုတ်ပါဘူး၊ အချိန်ကာလ ၃ခု၊ စစ်ကြီး၃ခု အတွက် တည်​နေရာတစ်မျိုးစီပဲ သုံးထားတာပါ၊ အလွယ်​ပြောရရင် ကတုတ်ကျင်းလို့ ​ခေါ်လို့ရတဲ့​နေရာ​ပေါ့။ ထူးခြားတာက စစ်၃ခုရဲ့ ဇာတ်​ကောင်နာမည်​နဲ့ သရုပ်​ဆောင်​တွေက အတူတူပါပဲ၊ ဇာတ်လမ်းတစ်ခုနဲ့ တစ်ခုက​ အဆက်အစပ် မရှိသလို ဇာတ်​ကောင်စရိုက်​တွေက စစ်တစ်ခုကို တစ်မျိုး​ပြောင်း​နေပါတယ်၊ ဒီဇာတ်​ကောင်​တွေဟာ ဇာတ်လမ်းတစ်ခုမှာ ကတုတ်ကျင်းတစ်မျိုး ဆီမှာ အသက်ရှင်သန်ဖို့ ရုန်းကန်လှုပ်ရှားရပုံ​​တွေကို အဓိကထားပြီး ရိုက်ထားတာပါ၊ ဒါ​ပေမဲ့ ဒိုင်ယာ​လော့ဂ်​တွေအရ ဒါရိုက်တာဖြစ်သူ အဓိက ပြချင်တာက လူ့သ​ဘောသဘာဝ၊ စစ်ဖြစ်​နေစဉ် ရှိအပ်တဲ့ ​စောင့်ထိန်းရမယ့် ကျင့်ဝတ်​တွေအ​ကြောင်း ဖြစ်ပါလိမ့်မယ်။ ဘယ်လိုဇာတ်အိမ်မျိုး​တွေ ဖြစ်မလဲဆို​တာ​တော့ ကိုယ်တိုင်ပဲ ကြည့်ရှု လိုက်ပါ၊ လူတစ်ကိုယ် အကြိုက်တစ်မျိုးရယ်ဖြစ်လို့ တိုက်ပွဲကြီး​တွေ ပါမှ သ​ဘောကျတတ်တဲ့သူအတွက်ဆို အားမရတာမျိုးရှိနိုင်ပါတယ်၊ ဒါက စကား​ပြောအသား​ပေးစစ်ကား ဖြစ်​နေလို့ပါ၊ ဇာတ်အိမ်ဆန်းတဲ့ ရုပ်ရှင်​တွေကို ကြိုက်တတ်ရင်​​တော့ ခံစားကြည့်​စေချင်ပါတယ်။   File size…1.2GB / 570MB Quality…1080p ...
movie

Foxhole (2021)

2021
The Getaway King (2021) 6.6
The Getaway King (2021) The Getaway King (2021) ဒီတစ်ခါတော့ ပေ့ါပေ့ါပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ပိုလန် ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်ဝါဒီတွေ ကြီးစိုးခဲ့ချိန်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အခြေပြု ဇာတ်အိမ်တည်ထားပြီး အဲ့ဒီအချိန်က ရဲတွေအလိုအရှိဆုံး ဒုစရိုက်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ရဲလက်ကနေ ၂၉ ကြိမ်တိတိ ရဲလက်က လွတ်အောင်ပြေးနိုင်ခဲ့ပြီး အဲ့ဒီထဲက တစ်ကြိမ်ဆို ထောင်ဖောက်ပြီးပါ လွတ်မြောက်ခဲ့တာပါ။ဒီလိုနဲ့ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ပြီးနောက် အဆိုပါ စောရဝိဇ္ဇာတစ်ယောက် သူ့ရဲ့ ဘဝနဲ့ အတွေးအခေါ်အယူအဆတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ...Action, Crime, Comedy အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်တချို့တဝက်ကို ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ File Size : 3.2GB, 806MB & 367MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : ...
movie

The Getaway King (2021)

2021
Love Story (2021) 6.9
Love Story (2021) Love Story (2021) IMDb - 6.92021တုန်းက Hitဖြစ်ခဲ့တဲ့ Romance Dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ မြို့ကို အလုပ်လုပ်ဖို့ တက်လာတဲ့ အင်ဂျင်နီယာမလေးကို ချစ်မိသွားတဲ့ ဇွန်းဘားကတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။လူတိုင်းမှာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြမှာပေါ့နော်။ ပျော်စရာ၊ ကြည်နူးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာ မျိုးစုံထဲမှာမှ တွေ့တာနဲ့ သတ်နေကြတဲ့ ကြောင်နဲ့ကြွက်လို ဇာတ်လမ်းလေးတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ ကြီးပြင်းလာရတဲ့ ရေးဗန်ဟာ သူ့ရဲ့အမေဖြစ်သူဆုံးမတဲ့ လူတွေဆီက အနှိမ်မခံစေရချင်ရင် ပိုက်ဆံရှာဆိုတဲ့ ဆုံးမစကားကြောင့် အိမ်ငှားခမပေးနိုင်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ထောင်ထားတဲ့ ဇွန်းဘားစင်တာကို ကြိုးစားပမ်းစားအသက်ဆက်လို့နေပါတယ်။ သူဌေးသမီးလေး မောနီကတော့ စည်းကမ်းတင်းကြပ်တဲ့အဖွား၊ သူတို့မိသားစုအပေါ် ဂုတ်သွေးစုပ်နေတဲ့ ဉီးလေးဖြစ်သူကို ဆန့်ကျင်ပြီး အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းလာခဲ့တဲ့သူပါ။ မာနကြီးပြီး အထည်ကြီးပျက်ပုံစံဖြစ်နေတာကြောင့် အလုပ်လည်းမရနိုင်၊ တွေ့ရာအလုပ်ကိုလည်း ဝင်မလုပ်နိုင်တဲ့ အင်ဂျင်နီယာမလေး မောနီနဲ့ ငွေလေးတစ်ပြားဝင်ဖို့ ရုန်းကန်နေရတဲ့ ရေးဗန်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို တကျက်ကျက် ရန်ဖြစ်ကြရင်းကနေ မောနီ ကတာကို တွေ့ပြီး ရင်သပ်ရှူမောဖြစ်သွားတဲ့ ရေးဗန်က မောနီကို သူတို့ဇွန်းဘားစင်တာမှာ စပ်တူအလုပ်လုပ်ဖို့ ခေါ်ရင်းကနေ ...
movie

Love Story (2021)

2021
Eagle Wings (2021) 3.9
Eagle Wings (2021) Eagle Wings (2021) ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ဒါတင်လားဆိုမဟုတ်ပါဘူး။အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ...
movie

Eagle Wings (2021)

2021