Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2021
7.4
Taking a Shot at Love (2021)
အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ January 2 ရက်နေ့မှပူပူနွေးနွေးထွက်ရှိထားတဲ့ Taking a Shot at Love ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဒီလိုလေးနဲ့အစပြုထားပါတယ်ရေခဲပြင်ဟော်ကီကစားသမားဖြစ်တဲ့ ရိုင်ယန်ကုဖ့်ပါဟာ ရေခဲပြင်ဟော်ကီမှာတော့ နာမည်ကြီးတဲ့အကျော်အမော်ကစားသမားတစ်ဦးပါရိုင်ယန်လိုအားကစားသမားတစ်ဦးအတွက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ တွေးတောင်မတွေးဝံ့တဲ့ အိပ်မက်ဆိုးတစ်ရပ်ပဲဖြစ်ပါတယ်ဒါပေမယ့်ကံကြမ္မာဟာ ရိုင်ယန်အပေါ်မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့ ရိုင်ယန်တစ်ယောက် ဟော်ကီကစားရင်း ခြေချင်းဝတ်ကိုထိခိုက်မိခဲ့ရာမှ သူအနှစ်သက်ဆုံးဟော်ကီကစားနည်းကိုလက်လွှတ်ရမလို ဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ခြေချင်းဝတ်ဒဏ်ရာရတဲ့ရိုင်ယန်တစ်ယောက် သူရဲ့ညီဝမ်းကွဲဖြစ်တဲ့တယ်ရီနဲ့ဆက်စပ်မိပြီး အေဗွန်မြို့မှ ဘဲလေးဆရာမဂျန်နာထံမှာ ခြေချင်းဝတ်ဒဏ်ရာကုသရန် အကြောင်းဖန်လာပါတော့တယ်ဂျန်နာဆိုသူမှာလည်း ရိုင်ယန်ကုဖ့်ပါလိုမျိုး ခြေချင်းဝတ်ဒဏ်ရာကြောင့် သူမရဲ့ပရော်ဖက်ရှင်နယ်ဘဲလေးကချေသည်ဘဝကို လက်လွှတ်ခဲ့ရသူပါဒါပေမယ့်သူမဟာ သူမတတ်ကျွမ်းတဲ့ဘဲလေးအကကိုသုံးပြီး ခြေချင်းဝတ်ဒဏ်ရာကို ပျောက်ကင်းအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်ကုထုံးတွေအများကြီးရှိတဲ့အထဲမှာ ဘဲလေးအကကုထုံးကိုသုံးပြီး ကုသပေးတာဆိုတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီလိုနဲ့ဂျန်နာတစ်ယောက် ဘဲလေးကုထုံးကိုသုံးပြီး ရိုင်ယန်ကိုဘယ်လိုတွေကုသပေးမလဲ.....နှစ်ဦးကြားမှာလည်း ဘယ်လိုသံယောဇဥ်ကြိုးလေးတွေ ရစ်နှောင်သွားမလဲဆိုတာတွေကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ရှင်ရိုင်ယန်အနေနဲ့ မင်းသား Luke Macfarlaneကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချော Alexa Penavega က ဂျန်နာအဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်Rating အနေနဲ့ကလည်း 7.4/10ရရှိထားတော့ အားလုံးသဘောတွေ့မယ့် romantic movie လေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ်အညွှန်းနှင့်ဘာသာပြန်ဆိုသူ ...
movie
Taking a Shot at Love (2021)
2021
5.0
Locked Down (2021)
Locked Down (2021)================IMDb Rating - 5.0/10 ဒီ Locked Down ဆိုတဲ့ကားလေးက ကြည့်ရှူသူတွေကို ဇာတ်လမ်းခပ်အေးအေး Cast အလန်းစားတွေနဲ့ ဖြည်းဖြည်းချင်းရင်ထဲထည့်သွားစေမဲ့ကားလေး ဒီကားလေးကိုကြည့်ပြီးရင် Covid ကြောင့် ဖြစ်ရတဲ့အခြေအနေတချို့ကို ကွက်ကွက်ကွင်းကွင်းမြင်လာနိုင်မယ်။ဇာတ်လမ်းအကျဉ်းအရတော့ တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ အိမ်ထောင်ရေးကြောင့် ခွာပြဲရတော့မဲ့ Linda နဲ့ Paxton ဟာCovid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။ ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုးနေရတာလို့ ထင်နေတယ်။ Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦးတစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ...
movie
Locked Down (2021)
2021
6.3
The Ultimate Playlist of Noise (2021)
The Ultimate Playlist of Noise (2021) *************************************IMDb-6.4/10ဇန်နီဝါရီလ ၁၅ ရက်နေ့ကမှ ထွက်ရှိထားတဲ့ကားသစ်လေးပါနော်ဇာတ်အညွှန်းလေးကတော့တစ်ပြိုင်တည်း နားကြပ်နှစ်စုံကို တပ်တတ်တဲ့ ဂီတကို အရမ်းရူးသွပ်တဲ့မားဂက်စ်ဆိုတဲ့ ကောင်လေးဟာ ကျောင်းကပွဲ ညတစ်ညမှာပဲသီချင်းဆိုနေတဲ့ ကောင်မလေးရဲ့ အသံကို ကြားကြားချင်းမှာပဲ သဘောကျသွားတယ်ဒါပေမဲ့ တစ်ခါတလေ ကံတရားကြီးက မျှော်လင့်သလို ဖြစ်မလာတာနဲ့မားဂက်စ်တစ်ယောက် ကြုံတွေ့လိုက်ရပါပြီအဲ့ဒါကတော့ ကျောင်းကပွဲညမှာ မူးလဲရာကနေ ဆေးစစ်ကြည့်လိုက်တော့ဦးနှောက်မှာ အကြိတ်တွေ ရှိနေပြီး နောက်တစ်လနေရင် ခွဲစိတ်ပြီးအသံတွေကို မကြားနိုင်တော့တဲ့အထိ အဆင့် ရောက်သွားရတော့မှာပါ...အသံတွေ ကြားရတာ ဘယ်လောက်အဖိုးတန်လဲဆိုတာကိုမကြားရတော့မှ သိရသလို မားဂက်စ်တစ်ယောက် သတ်သေချင်လောက်တဲ့ အထိ သွေးပျက်ခဲ့ရပါတယ်ဒါပေမဲ့ သူဟာ မခွဲစိတ်ခင် တစ်လအတွင်း သူအရမ်းချစ်မြတ်နိုးတဲ့ အသံတွေအားလုံးကို နားထောင်ပြီးအသံသွင်းဖို့ အစီအစဉ်ကို ...
movie
The Ultimate Playlist of Noise (2021)
2021
5.3
Outside the Wire (2021)
Outside the Wire (2021)==================IMDb Rating - 5.3/10 ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idrisနဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော်အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကားကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီးပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီးတဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက်ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီးခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကိုကြည့်ရှုရမှာပါ။Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။(ဒီဇာတ်ကားရဲ့ ...
movie
Outside the Wire (2021)
2021
7.8
Maara
Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie
Maara
2021
5.9
Batman: Soul of the Dragon (2021)
Batman: Soul of the Dragon (2021)==========================IMDb Rating - 5.9/10ဒီနေ့တော့ DC ရဲ့ ငဘတ်ဖန်တွေအတွက် ၂၀၂၁ထွက်အသစ်စက်စက် ကားလေးလာပါပြီ။ ငယ်ငယ်ရွယ်ရွယ်ငဘတ်လေးကို ဒီကားလေးထဲမှာတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးက နန္ဒာပါဘတ်လို့ခေါ်တဲ့ဂျပန်ကလျှို့ဝှက်ဘုန်းကြီးကျောင်းက ဆရာတော်အိုဆီမှာကိုယ်ခံပညာသင်ဖို့ ငဘတ်ကလာခဲ့တာပေါ့။ ဆရာတော်အိုဆီမှာက ငဘတ်အပါဆိုရင်တပည့်က ခြောက်ယောက်တောင်ရှိပြီး ငဘတ်ကအငယ်ဆုံးလေးပေါ့။ မိသားစုဆိုရင်လျှို့ဝှက်ချက်မထားရဘူးလို့ပြောတဲ့ဆရာကကျောင်းထဲမှာရှိတဲ့ဂိတ်တံခါးအကြောင်း တစ်ခါမှမပြောပြဘူးရယ်။ ဒီတော့ စပ်စုစိန်တပည့်မတစ်ယောက်ကအငြိမ်မနေနိုင်ပဲဂိတ်တံခါးကို သွားဖွင့်ကြည့်လိုက်မိတဲ့အတွက်ကြောင့် ဆရာလည်းသေသွားတာပေါ့။ ဆရာသေပြီးနောက် နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဂျက်ဖာရီဘားရ်ဆိုတဲ့လူတစ်ယောက်က အဲ့ဂိတ်တံခါးကိုနောက်ထပ်တစ်ကြိမ် ထပ်ဖွင့်ဖို့ ကြိုးစားလာတဲ့အခါမှာတော့..........ဘာဖြစ်မလဲဆိုတာကိုတော့ထုံးစံအတိုင်းလေးကိုယ့်ဘာသာပဲကြည့်လိုက်တော့နော် . . .Soul of the Dragon ဆိုတဲ့ အတိုင်း . နဂါးပုံရိပ်တွေပါပါမယ် . မြန်မာတွေရဲ့ နဂါးလို့ပြောလို့ရမယ့် နဂါးပုံရိပ်တွေလည်း ဒီကားထဲမှာတွေ့မြင်ရပါမယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - ...
movie
Batman: Soul of the Dragon (2021)
2021
5.3
Redemption Day (2020)
Redemption Day (2021)===================IMDb Rating - IMDb Rating - 5.3/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဒီရက်ပိုင်း ပူပူနွေးနွေးထွက်ရှိထားတဲ့ action, thriller ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘရက်ဒ်ပက်စတန်ဆိုတဲ့ အမေရိကန်ရေတပ်ကပ္ပတိန်တစ်ဦးရဲ့ ဇနီးဖြစ်သူ ရှေးဟောင်းသုတေသနပညာရှင် ကိတ်ပတ်စတန်ဟာမော်ရိုကိုနိုင်ငံမှာတွေ့ရတဲ့ လူသားအရိုးစုတွေကို သုတေသနလုပ်ဖို့ အဖွဲ့နဲ့အတူ မော်ရိုကိုနိုင်ငံကိုလာခဲ့ကြပါတယ်။ ကံဆိုးချင်တော့အရိုးစုတွေကိုလေ့လာရင်း မော်ရိုကိုနဲ့ အာလ်ဂျီးရီးယားရဲ့ နယ်စပ်မျဥ်းကို မတော်တဆဖြတ်မိသွားပြီး ဓားစာခံအဖြစ်ဖမ်းခေါ်သွားခံရပါတယ်။ ဒီသတင်းကိုကြားရတဲ့အခါ ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပက်စတန်တစ်ယောက် သူကြုံခဲ့ရတဲ့ သူ့ကိုအိပ်မက်ဆိုးအဖြစ် ခြောက်လှန့်နေတဲ့ စစ်အနိဌာရုံတွေကို အန်တုပြီး ဇနီးဖြစ်သူကိုသွားကယ်ဖို့ သူ့မိတ်ဆွေဖြစ်သူ မော်ရိုကိုအထက်တန်းအရာရှိ ယိုးနက်စ်နဲ့အတူရန်သူ့နယ်မြေထဲ စွန့်စားလာကြတဲ့ စစ်ဆင်ရေးပုံရိပ်တွေကို မြင်ကြရမှာပါ။ Action ကားဆိုပေမယ့်လည်း သွေးထွက်သံယိုခန်းတွေသိပ်မပါတဲ့အတွက် အသည်းငယ်တတ်သူတွေအဖို့ရော မိသားစုတွေနဲ့ပါ ကြည့်လို့သင့်တော်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ MTA, August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie
Redemption Day (2020)
2021
7.6
Kaagaz (2021)
Kaagaz (2021)*****************IMDb rating......................7.9 HindiKaagaz - စာရွက် 2021 မှာ အသစ်ထွက်ထားတဲ့ ဇတ်ကားကောင်းလေးတစ်ကား ရှိတယ်ဗျ Salma Khan ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ၇.၉ ထိ ဘာကြောင့်ရခဲ့လဲ။ ပထမဆုံးက ဒီဇတ်ကားက ၇၀-၉၀ ခုနှစ်ပိုင်းမှာ ဇတ်အိမ်တည်ပြီးဘဏ်ကချေငွေရဖို့ ကြိုးစားရင်း ဒုက္ခရောက်ခဲ့ရတဲ့ လယ်သမားတစ်ယောက် ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။ ဇတ်လမ်း တစ်လျှောက်လုံးလဲ ပါတ်ဝန်းကျင်ရဲ့ ငြိုငြင်စကားတွေ မိသားစုတွင်း သစ္စာမဲ့မူတွေနဲ့ဘက်ပေါင်းစုံ စိတ်ဓာတ်ကျစရာတမျိုးစုံကို ခံရတဲ့အခါ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုဖော်ပြပုံတွေက မာစတာပိစ်ပါပဲ။ ဒါ့အပြင် ရိုးသား ပျော်ရွှင်တတ်တဲ့လူတစ်ယောက်အဖြစ်ကနေ ခေါင်းမာပြတ်သားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားရပုံကိုနိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့်နဲ့ Pankaj Tripathi ရဲ့ သရုပ်ဆောင် မူတွေကဆွဲခေါ်သွားပါလိမ့်မယ်။ ဘာရသ်လားလ် ဆိုသူဟာ တီးဝိုင်းခေါင်းဆောင်တစ်ဦး ဖြစ်ပြီးသူ့ရဲ့အလုပ်ကတော့ မင်္ဂလာပွဲတွေ ...
movie
Kaagaz (2021)
2021
7.2
Penthouse Special: Hidden Room (2021)
Penthouse Special 2021 ( Hidden Room Story ) =========================ဒီမှာဆိုရင်တော့ Penthouse S1 မှာ သူတို့ကိုယ်တိုင် သရုပ်ဆောင်ခဲ့တာလေးတွေကို ပြန်ကြည့်ပြီး ရယ်စရာ ဖြစ်နေတာတွေ ဟာသအလွဲတွေအကြောင်း ပြောကြရယ်ကြမှာဖြစ်တဲ့ အပြင် S2 မှာ ဘယ်လို ဆက်မလဲဆိုတာအနည်းငယ်နဲ့ ပြောကြမှာပါ ။ တော်တော်ခွီရင်း လောင်ရပါတယ်Quality__720p IMDb Rating__7.2/10 Format__mp4 Duration__01:28:34 Type__TV show , Comedy , Behind Subtitle__Myanmar Subtitle (Hardsub) Translated by Htet Nandar Aung , Amelia , Yamin Ei , Deer Encoded by Naing Aung Latt
movie
Penthouse Special: Hidden Room (2021)
2021
5.0
American Dream (2021)
American Dream (2021)==================IMDb Rating - 5.0/10 Rating က ထွက်ခါစကနေ တဖြေးဖြေးလည်း တတ်လာနေပါတယ်။ 2021 မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Crime, Thriller ဇာတ်ကားလေးပါ။Terminators 3 တို့ Sin city တို့လို ဇာတ်ကားကောင်းတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ရရှားသရုပ်ဆောင် Nick Stahl ပြန်ပွဲဦးထွက်လာတဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။နစ်ကီနဲ့ စကော့တို့သူငယ်ချင်းနှစ်ယောက်က အမေရိကားကိုပြောင်းလာကြတဲ့ ရရှားနွယ်ဝင် Immigrants တွေပေါ့။သူတို့ရဲ့အိပ်မက်က လော့အိန်ဂျလိစ်မှာ တိုက်တန်းလျားတစ်ခုဆောက်ပြီး ငှားစားဖို့ပါပဲ အဲဒီအိပ်မက်ကိုလည်းအကောင်အထည်ဖော်နေကြတာပေါ့။ ဒါပေမဲ့ ကံဆိုးစွာပဲ သူတို့ဆောက်လက်စတိုက်အတွက် ရန်ပုံငွေပြတ်ပြီးအပြီးမသတ်နိုင်ဖြစ်နေပါတယ်။ ဘဏ်တွေဆီကလိုက်ချေးငွေထုတ်ခဲ့ပေမယ့် အပေါင်ပစ္စည်းမပေးနိုင်တာမို့လို့ဘယ်ဘဏ်မှ ထုတ်မချေးကြပါဘူး။ ဒီလိုနဲ့ စကော့နဲ့ မင်္ဂလာပွဲတစ်ခုမှာ ခင်မင်ခဲ့တဲ့ ရရှားလူမျိုးယူရီဆိုတဲ့သူကသူတို့ကိုကူညီပေးနိုင်မယ့်သူရှိတယ်လို့ ကမ်းလှမ်းလာပါတယ်။ အဲဒီသူဆီက ချေးငွေထုတ်ပြီးကာမှ ဘဏ်တစ်ခုကတရားဝင်ထုတ်ချေးလာတာကြောင့် ပြန်ပေးခဲ့ပေမယ့် ယူရီက လက်မခံပဲ ငွေညှစ်ရာမှ တဖြေးဖြေးနဲ့ အသက်ကိုပါရန်ရှာလာတဲ့အခါမှာတော့ သူတို့ဘယ်လိုကြံကြဖန်ကြမလဲဆိုတာ စိတဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသား ၃ ...
movie
American Dream (2021)
2021
4.7
What Happened to Mr Cha?(2021)
What Happened to Mr.Cha 2021------------------------K dramaဖန်တွေအတွက် mydrama listမှာလဲ popularityဖြစ်ေနပြီး 2021ဇန်နဝါရီလမှာထွက်ခဲ့တဲ့ အသစ်စက်စက်Comedyကားလေးကို တင်ဆက်ပေးလိုက်ပါတယ်....ရုပ်ရှင်လောကတို့ အနုပညာတို့လောကတို့မှာစန်းဆိုတဲ့ အသုံးအနှုန်းက လူသုံးများတော့ ရင်းနှီးပြီးသားဖြစ်မှာပါ....တချို့သရုပ်ဆောင်တွေ ရုပ်လဲသိပ်မချော သရုပ်ဆောင်ပိုင်းလဲမကောင်းပဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ စန်းနဲ့ပေါက်သွားကြတာလဲ ကြားဖူးကြမှာပေါ့။။။ဒီဇာတ်လမ်းကလဲ အဲ့စန်းပေါ်ပဲ ဟာသဆန်ဆန်အခြေခံရိုက်ကူးထားပြီး Fluဇာတ်ကားထဲမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့မင်းသား Cha-In Pyoရဲ့သဘာ၀ကျကျ သရုပ်ဆောင်ဟန်ပန်တွေနဲ့ ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်ထားပါတယ်.ဇာတ်လမ်းအကျဉ်းကတော့အောင်မြင်တဲ့အခါတုန်းကတော့ဂုဏ်ပုဒ်တွေအများကြီးနဲ့ကျော်ကြားနေခဲ့ပြီးစန်းကျသွားတဲ့အခါ ကိုယ့်ထက်အောင်မြင်တဲ့သူတွေနဲ့အမှီလိုက်ဖို့ကြိုးစားနေရတဲ့မင်းသားကြီးတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါပြန်လည်အောင်မြင်ဖို့မျှော်လင့်ချက်လေးနဲ့ပျော်ရွှင်နေတဲ့အချိန်မှာ မထင်မှတ်တဲ့ မတော်တဆမှုကြောင့် ရေချိုးနေတုန်း အ၀တ်ဗလာနဲ့ အဆောက်အအုံပြိုကျတဲ့ထဲပါသွားပြီး ဘယ်လိုတွေ လွဲချော်ကုန်တယ်ဆိုတာ ဟာသဆန်ဆန် ခွီရအောင် ရိုက်ကူးပြသထားတဲ့အပြင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ တကယ်လက်တွေ့ ဘ၀ပုံစံကိုပါဖော်ပြထားတာကြောင့် အချိန်ကုန်ရကျိုးနပ်စေမယ့် ရုပ်ရှင်ကားတကားမလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါရစေ Translated by : Thin Zar HtetEncoded by : YKNative Title: 차인표Also Known As: Cha Inpyo , Chainpyo , ...
movie
What Happened to Mr Cha?(2021)
2021
First
33
34
35
Previous