Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2021
7.4
Wish Dragon (2021)
Wish Dragon (2021)တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ကိုယ်တိုင် အသံသရုပ်ဆောင်ထားပြီး ၅၂၈ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံထားတဲ့ တရုတ်ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...အခုတလော တရုတ်ကာတွန်းတွေလည်း အဆင့်မှီလာတာကို ကာတွန်းချစ်ပရိသတ်ကြီးတွေသိပြီးသားပါ။ ပုံစံကတော့ လူကြိုက်များခဲ့တဲ့ အာလာဒင်မီးခွက်စောင့်နတ်ကို အရှေ့တိုင်းပုံစံဖန်တီးထားတာပါ ။ မတူတာကတော့ ဇာတ်လမ်းပါ... အာရှတို့ရဲ့ထုံးစံအတိုင်း မေတ္တာတရားကိုအဓိကချပြထားတဲ့ ကာတွန်းကားလေးမို့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့်ကားလေး လို့ညွှန်းချင်ပါတယ်ခင်ဗျာ..စိတ်ထားကောင်း သဘောကောင်းတဲ့ တင်းစီးကျီး တစ်ယောက်မမျှော်လင့်ဘဲ တရုတ်ရေနွေးခရားလေးတစ်လုံး ရရှိခဲ့ပါတယ်။ ခရားလေးထဲကနေ ထွက်လာတာက သူ့ရဲ့မိုက်ပြစ်ကြောင့် အပြစ်ဒဏ်ခံနေရတဲ့ မင်းသားကြီးဂျက်ကီချန်းသရုပ်ဆောင်ထားတဲ့ နဂါးကိုယ်တော်လေး ။ ကောင်းကင်ပေါ်ကိုပြန်တက်ဖို့ သခင်ဆယ်ပါးရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးရမယ်တဲ့။ ရွှေတွေငွေတွေအများကြီး ဆုတောင်းလို့ရပေမဲ့ တင်းစီးကျီး လေးကတော့ လိန လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ဆုတောင်းခဲ့ပါတယ်။ ကျန်တာတောင်း သူငယ်ချင်းဆုတောင်းတော့ မဖြည့်ပေးနိုင်ဘူးလို့ဆိုပြီး တင်းစီးကျီးနဲ့စကားများကြပါတော့တယ်..လူ့သဘာဝကိုနားမလည်နိုင်တဲ့ နဂါးကိုယ်တော်... လူသားတွေရဲ့လောဘအကြောင်းကိုနားမလည်တဲ့ တင်းစီးကျီး.. အဖေ့အလိုကျ နေပေးနေရတဲ့ ရွှေသမီးလေး လိန... လောဘဇောတက်ပြီး မကောင်းမှုလုပ်နေတဲ့ လူဆိုးတစ်သိုက်တွေနဲ့ အရှေိ့တိုင်းဆန်ဆန် ဆုတောင်းပြည့်နဂါးမင်းကြီး ဘယ်လိုစခန်းသွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်...File size…1.4 GB and 2.3 GB Quality…. ...
movie
Wish Dragon (2021)
2021
7.0
Sreekaram(2021)
Sreekaram (2021)ရည်မှန်းချက်ရှိမှ တိုးတက်မယ်တဲ့ ငယ်ငယ်တုန်းက လူကြီးတွေပြောဖူးနေကျစကားပေါ့ ဘာမှနားမလည်သေးတဲ့ ငယ်ငယ်တုန်းက ကျွန်တော်တို့တွေဟာ ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ်နဲ့ ပြောခဲ့ကြဖူးတယ် ကစားခဲ့ကြဖူးတယ် ကြီးလာတော့ တက္ကသိုလ်တွေကိုယ်စီရောက်တဲ့အခါ ရင့်ကျက်သွားတဲ့အတွေးအခေါ်တွေနဲ့ ကျောင်းပြီးရင် ဘာလုပ်မယ်ဆိုတဲ့စိတ်ကူးကိုယ်စီကို ကျောပိုးအိတ်ထဲအပြည့်ထည့်ပြီး ဘဝပင်လယ်မှာ အားကျိုးမာန်တက်ရွက်လွှင်ခဲ့ကြတယ် အဲ့ဒီကျောပိုးအိတ်ထဲ အပြည့်ထည့်ထားတဲ့အိပ်မက်တွေက တကယ်ရောဖြစ်လာခဲ့ရဲ့လားဒီနေ့ခေတ်ရဲ့ အရေးကြီးဆုံးပြဿနာကို လက်ညှိုးထိုးပြရရင် အလုပ်အကိုင်ရှားပါးမှုလို့ကျွန်တော်ထင်တယ် ကျွန်တော်တို့ တတ်မြောက်ထားတဲ့ပညာ ပ်တွေနဲ့သက်ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေက တကယ်ရောရှိနေရဲ့လား ရှိရင်ရော တက္ကသိုလ်တွေမှာ နှစ်စဉ်ကျောင်းဆင်းနေတဲ့ လူအင်အားနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက အချိုးကျနေရဲ့လား ကျောင်းမပြီးခင်တုန်းကတော့ အားကျိုးမာန်တက်ကြိုးစားလိုက်ကြရတာ အလုပ်ရသွားရင်တော့ အကြောင်းမဟုတ်ပေမယ့် အလုပ်မရခဲ့ရင်ရော?????ကိစ္စတိုင်းမှာ ရွေးချယ်စရာတွေရှိတယ်တဲ့ ကျွန်တော်တို့နားက အသက်မွေးဝမ်းကြောင်းလုပ်ဖို့ ရွေးချယ်စရာအခွင့်အရေးကြီးတစ်ရပ်ကို ကျွန်တော်တို့တကယ် လျစ်လျူရှုထားကြပါတယ် ဒီအလုပ်ဟာ ပညာမတတ်တဲ့သူတွေမှလုပ်တာဆိုပြီး အသက်မွေးဝမ်းကြောင်းအတွက် ရွေးချယ်မယ်ဆိုရင် ဒီအလုပ်ကိုတွေးတောင်မတွေးမိကြဘူး ဆရာဝန်အဖေဟာ သားကိုဆရာဝန်ဖြစ်အောင်လုပ်တယ် အင်ဂျင်နီယာအဖေဟာ သားကိုအင်ဂျင်နီယာဖြစ်အောင်လုပ်တယ် ဒါပေမယ့် ဒီအလုပ်လုပ်တဲ့အဖေကတော့ သားကို ဒီအလုပ်ဘယ်တော့မှအမွေမပေးကြပါဘူး ကျွန်တော်တို့အနီးအနားမှာရှိနေတဲ့ မြင့်မြတ်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုက ဘာဖြစ်မလဲ????ဒီရုပ်ရှင်ထဲမှာတော့ ဒီအကြောင်းအရာကို ကွက်ကွက်ကွင်းကွင်းကို မီးမောင်းထိုးပြထားတယ် မှုခင်းကားတွေများတဲ့ အိန္ဒိယရုပ်ရှင်ထဲမှာမှ ရှားရှားပါးပါး ကားကောင်းလေးလို့ပြောလို့ရတယ်ဗျ လစာအများကြီးရတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ရဲ့ စွန့်လွှတ်မှုများစွာနဲ့ ရပ်ရွာအကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့အလုပ်အကြောင်းကို ရိုက်ပြထားတာ ကျောင်းသားတွေအတွက်ဖြစ်ဖြစ် လူကြီးတွေအတွက်ဖြစ်ဖြစ် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲTranslated by : AmeliaEncoded by : YKFile Size : 2.09 Gb ...
movie
Sreekaram(2021)
2021
8.1
To My Star (2021)
To my star (2021)"ကြယ်" ဆိုတာ အလှမ်းဝေးကွာတဲ့နေရာမှာရှိကြတယ် မိုးပေါ်ကကြယ်လေးရော ..... နှလုံးသားထဲကကြယ်လေးရောပဲပေါ့ ...အဲ့ကြယ်လေးဆီကို "အချစ်" ဆိုတဲ့ တံတားလေး ခင်းလိုက်တဲ့အခါ ကိုယ့်ရဲ့အနီးဆုံးနားကိုရောက်လာတတ်တယ်တဲ့....ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ချိန်က လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ တောင်ကိုရီးယားအနုပညာရှင် ဂန်ဆောဂျွန်း(Son Woo Hyun)ဟာ ကောလဟာလတစ်ခုကြောင့်နေ့ချင်းညချင်းမှာပဲ ပရိတ်သတ်တွေရဲ့ပြစ်တင်ရှုံ့ချမှုတွေခံလိုက်ရပါတယ်။ဒီအခြေအနေမှာ မမျှော်လင့်ဘဲ စားသောက်ဆိုင်က စားဖိုမှူးလေး ဟန်ဂျီအူ(Kim Kang Min) နဲ့တွေ့ဆုံလိုက်ရပါတော့တယ်။လွတ်လပ်ပြီးခေတ်မီတဲ့ ဂန်ဆောဂျွန်း နဲ့ ရှေးရိုးစွဲပြီး ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်တဲ့ ဟန်ဂျီအူ တို့ရဲ့အချစ်ရေးကရောဘယ်လိုတွေဆက်ဖြစ်မလဲ။"အချစ်နဲ့ထိတွေ့ရင်အရာရာဟာပြောင်းလဲတတ်ကြတယ်" ဆိုတဲ့အတိုင်း တကယ်ချစ်မိသွားတဲ့အခါမှာ ဂန်ဆောဂျွန်း ဘယ်လိုတွေပြောင်းလဲသွားလေဦးမလဲ ။အလှမ်းဝေးကွာလွန်းတဲ့ ကြယ်လေးကို သူ့အနားကိုရောက်အောင် ဂန်ဆောဂျွန်း လုပ်နိုင်ပါ့မလားဆိုတာကို စောင်ကိုက်ပြီး အသည်းတွေအူတွေတယားယားနဲ့ကြည့်ရမယ့် ၂၀၂၁ရဲ့ အကောင်းဆုံး ကိုရီးယား BL ကားတွေထဲကတစ်ကားဖြစ်ပါတယ်။Translated and Reviewed by: HAWEncoded by: AugustQuality: 720p and 1080pFile Size: 1.1GB and 1.8GBDuration 2h ...
movie
To My Star (2021)
2021
6.3
Concrete Cowboy (2021)
Concrete Cowboy (2021)==================IMDb Rating - 6.3/10အရှိတရားကနေကင်းလွတ်ပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တွေလည်းရှိပေမဲ့ အရှိတရားကို ရိုက်ပြပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တွေက ပိုများတာတော့ သေချာပါတယ်။ ဒီရုပ်ရှင်ဟာ လက်သစ်ဒါရိုက်တာ Ricky Staubရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ထိပ်တန်းရုပ်ရှင်တော့ ဖြစ်မသွားပေမယ့် အလယ်အလတ်တန်းအဆင့်ရဲ့ထိပ်ဆုံးမှာ ရပ်နေမယ့်ကားလို့တော့ အာမခံလို့ရတယ်။အကြောင်းအရာကတော့ ဒီနေ့ခေတ်ထိရှိနေတဲ့ ခေတ်ကာလနဲ့မကိုက်တဲ့ အလေ့အထုံတစ်ခုကို ကိုင်စွဲပြီး ရုန်းကန်နေရတဲ့ လူမဲကောင်းဘွိုင်တွေ အကြောင်း။ ဒီဇာတ်လမ်းကို တစ်ချို့တွေကတော့ အတော်သဘောကျကြတယ်။ ဇာတ်အိမ်တည်ဆောက်မှု အားနည်းတဲ့ တစ်ချက်ကြောင့် တစ်ချို့ကတော့ သိပ်သဘောမကျကြဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အဲ့ဒီနှစ်ခုကြားလို့ဆိုရမယ်။ ဇာတ်လမ်းတင်ပြပုံနဲ့ အခြေအနေနဲ့ Cinematographyလှလှကို တွဲသုံးပြီး ဆွဲငင်လိုက်တဲ့ အခန်းတစ်ချို့ကိုတော့ အတော်သဘောကျမိတယ်။သို့ပေမဲ့ ကျွန်တော်ဟာ ကောင်းဘွိုင်ဓလေ့လည်း မသသလို သူတို့ယဉ်ကျေးမှုနဲ့လည်း အလှမ်းဝေးတဲ့အတွက် တစ်ချို့အခန်းတွေကိုတော့ ခံစားလို့မ၀င်လိုက်ဘူး။ ဒါပေမဲ့ တစ်ချို့ပြောကြတဲ့ ဇာတ်အိမ်အားနည်းမှုဆိုတဲ့အချက်နဲ့ သဘော မကျမိတာတော့မဟုတ်ဘူး။ ဇာတ်အိမ်ဟာ အားမနည်းဘူး။ဇာတ်အိမ်ဟာ ဘ၀ပါပဲ။ ကျွန်တော်သာတစ်နေ့နေ့ရိုက်နိုင်ခဲ့ရင် ပုဂံရယ် နေအ၀င်ခြင်းခတ်တဲ့လူတွေရယ်ကို ဇာတ်အိမ်တကူးတကမလိုဘဲ ရိုက်ပြနိုင်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ဒီဒါရိုက်တာကလည်း သူ့အရပ်သူ့ဒေသက မြင်းစီးတဲ့လူတွေအကြောင်းကို သူတို့ ယဉ်ကျေးမှုကိုပြပြီး ရိုက်ပြသွားတာပါပဲ။ ပွဲဦးထွက်မှာ ဒီအနေရိုက်ပြနိုင်တာ နောင်များ အတော်ကောင်းတဲ့ကားတွေ လာနိုင်ဦးမယ်လို့ မျှော်လင့်လို့ရပါတယ်။ခေတ်သစ်ကောင်းဘွိုင်တွေရဲ့ကမ္ဘာထဲကို ၀င်သွားကြည့်ရင် အမြင်အားဖြင့် လှပမနေတဲ့အရာတွေများပေမဲ့ သူတို့ရဲ့သူတို့ဘ၀အပေါ်ချစ်ခြင်းက လှပမနေတဲ့အရာတွေကိုတောင် လှပစေနိုင်တယ်။ မြင်းချီးတွေကြားထဲ မြင်းနဲ့အတူနေတဲ့လူတွေ မြင်းကို ဧည့်ခန်းထဲထည့်ထားတဲ့လူတွေ အငတ်ခံပြီး မြင်းကိုအစာကျွေးတဲ့လူတွေ မြင်းသေပုပ်ကိုတောင် မလွှင့်ပစ်ရက်တဲ့လူတွေ ခင်ဗျားမြင်ရမယ်။သူတို့မြို့ကလေးရဲ့ နေအ၀င်မှာ ကောင်းဘွိုင်ကောင်လေးကို ကောင်းဘွိုင်မလေးက နမ်းလိုက်တာကိုလည်း ခင်ဗျားမြင်ရလိမ့်မယ်။ ဒါပေမဲ့ သူတို့ အချစ်အကြောင်းစကားတစ်ခွန်းမှ ဆိုတာကိုတော့ ခင်ဗျား မြင်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ တာကော့စကီးရုပ်ရှင်ထဲကစကားလေးလိုပဲ "Unspoken ...
movie
Concrete Cowboy (2021)
2021
5.9
Xtreme (2021)
Xtreme (2021)============IMDb Rating - 5.9/10ဂျွန်ဝိန်း၊ ဂျက်ကီချန်း၊ ဘရုစ်လီ သုံးယောက်ပေါင်း သောင်းကျန်းသွားသလိုပဲ ဆိုပြီး ဒီဇာတ်လမ်းထဲက မင်းသားကို ချီးမွန်းခန်းဖွင့်ထားကြပါတယ်။ အဲ့ဒီဂုဏ်ပုဒ်တွေနဲ့အညီ အက်ရှင်ကားကြမ်းကြမ်းကိုမှ ကြိုက်တဲ့ပရိသတ်ကြီးအတွက် ဇာတ်အိမ်လည်းကောင်းပြီး Netflix မှတင်ဆက်ပေးထားတဲ့ စပိန်အက်ရှင်ကားသစ်လေး လာပါပြီနော်။လူဆိုးမှာလည်း အသည်းနဲ့ပါဆိုတာ ဒီကားထဲကလူဆိုးကို ညွှန်းချင်တာဖြစ်မယ်။ လူဆိုးဖြစ်လာအောင် နည်းနည်းချင်းဆီတွန်းပို့ခံရတာကိုး.. သူ့ကိုတွန်းပို့ခဲ့သူက သူ့အဖေကိုယ်တိုင်ပါ။ သားအရင်းကိုလည်း ချစ်ပေမယ့် မွေးစားသမီး၊မွေးစားသားတို့နဲ့နေရာတိုင်းအယှဉ်ခံနေရတော့ မကျေနပ်စိတ်တွေဖြစ်လာပြီး အဖေကိုပါပြန်သတ်တဲ့အထိ ဖြစ်လာပါတော့တယ်။ကိစ္စတွေအားလုံးကို အကွက်ချစီစဉ်ပြီး အောင်မြင်ခါနီးကျမှ မွေးစားသားမက်စီမို တစ်ယောက် သေကံမရောက်ဘဲ လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ မက်စီမိုရဲ့သားကတော့ သူ့မျက်စိရှေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ကလဲ့စားပြန်ချေဖို့စီစဉ်နေရင်း ကောင်လေးတစ်ယောက်က လူမိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ကြားညှပ်ပြီး မက်စီမို ကကယ်တင်ပေးခဲ့ရပါသေးတယ်။သားကို ဆုံးရှုံးထားတဲ့ ဖခင်တစ်ယောက်နဲ့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ ကောင်လေးတို့ ပေါင်းပြီး ကလဲ့စားဘယ်လိုပြန်ချေမလဲဆိုတာကိုတော့ အကြမ်းစားဖိုက်တင်၊ အလန်းစားအခန်းတွေနဲ့ ခံစားကြည့်ရှုလိုက်ပါဉီးနော်...(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie
Xtreme (2021)
2021
3.2
Carnaval (2021)
Carnaval (2021)============IMDb Rating - 3.2/10Rating နည်းပေမယ့် အတော်ရယ်ရပြီး . ကြည့်လို့ကောင်းတဲ့ကားမို့ တင်ပေးထားပါ။ နီနာ၊ မိုင်ရာ၊ မီရှဲ၊ ဗီဗီ ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိသဗျ၊ bff တို့သဘာ၀ အမြဲ တပူးတွဲတွဲနဲ့ အမေမတူတဲ့အမွှာပူးလေးတွေလိုပေါ့၊ ဇာတ်လိုက်မလေး နီနာကတော့ သိပ်ပြီး မအောင်မြင်သေးတဲ့ social influencerတစ်ယောက်၊ မိုင်ရာကတော့ စိတ်လှုပ်ရှားစိုးရိမ်တတ်ပြီး တစ်မျိုးလေးဆွဲဆောင်မှုရှိတဲ့ vegan တစ်ယောက်၊မီရှဲကတော့ မေတ္တာရှင်ကြီးပါ ဘတ်စ်ကားပေါ်မှာတင် တစ်ချီပြီးလောက်မယ့် စားစော်ကြီးပေါ့၊ ဗီဗီကကျတော့ကျန်တဲ့ ဘော်ဒါ ၃ ယောက်နဲ့မှမဟုတ်ရင် တစ်ယောက်တည်းနေတတ်တဲ့ အချေမလေး၊နီနာကတော့ ရည်းစားရှိသူပေါ့ ဒါပေမယ့် တစ်နေ့မှာ နီနာရဲ့ ရည်းစားက နီနာမဟုတ်တဲ့ တခြားကောင်မလေးတစ်ယောက်နဲ့ နောက်မီးလင်း ကျွဲစီးနေတဲ့ ဗီဒီယိုဖိုင် (မြန်မာပြည်မှာဆို HD) က လိုင်းပေါ် ပြန့်ပါလေရော။အဲ့ဒီမှာ နီနာတစ်ယောက် စိတ်ထဲကမပါပေမယ့် လိုင်းပေါ်မှာ စောက်သည်းတွေကွဲ ...
movie
Carnaval (2021)
2021
6.4
Sweet & Sour (2021)
Sweet & Sour (2021)အချစ်ဆိုတာ ချိုတစ်လှည့် ချဉ်တစ်လှည့် ဖြစ်တတ်တဲ့ အခါတွေ ရှိတတ်ပါတယ်။အနေဝေးတဲ့အချစ် (Long Distance Relationship) တွေမှာ ဒါတွေက ပိုများပါတယ်။အနေဝေးရင် သွေးအေးမယ် .....အနေနီးတဲ့လူနဲ့ နီးစပ်သွားတတ်တယ် ဆိုတာမျိုးကို LDRS တွေ အသိဆုံးပေါ့။ခပ်ဝဝကောင်လေးတစ်ယောက် နဲ့ သူနာပြုဆရာမလေးတို့ရဲ့အချစ်ဟာ ထူးဆန်းစွာ ပေါ်ပေါက်လာခဲ့ပါတယ်။အချစ်ကြောင့် ခပ်ဝဝ ကောင်လေးက အရာရာ ပြောင်းလဲနိုင်ခဲ့ပြီးနောက် ..... အနေဝေးဖို့ အကြောင်းဖန်လာတဲ့အခါ တစ်နယ်ခြားကို အလုပ်သွားလုပ်ဖို့ ဖြစ်လာပါတယ်။တစ်နယ်ခြားမှာ မယ်တစ်ပါးနဲ့ ဆုံလာပြန်လေတော့ ......ကဲ ...... ဇာတ်လမ်းအစကို ကြည့်ရင် ဒီလောက် သိရမယ်ဗျာ။ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်ရဲ့ သုံးပုံတစ်ပုံရောက်လာရင်တော့ .....အော် ..... ဒီလိုပါလား ဆိုပြီး ဖြစ်သွားစရာ ဇာတ်ရဲ့အလှည့်အပြောင်းတွေကို မြင်ရမယ်ဆိုရင်ဒီကား ကြည့်ဖို့ တန်မတန် ခင်ဗျား ခန့်မှန်းမိမှာပါ။အချစ်နဲ့ ပတ်သက်တဲ့ အတွေးအမြင်လေးတွေလည်း ရကြမယ်လို့ မျှော်လင့်ပါတယ်။ချိုချိုချဉ်ချဉ်အချစ်လေးကို ...
movie
Sweet & Sour (2021)
2021
5.2
Wicked (The Wicked Trilogy) (2021)
Wicked (The Wicked Trilogy) (2021)==========================IMDb Rating - 5.2/10Wicked Trilogy အနေနဲ့သုံးကားထွက်မယ့်အထဲက ပထမဆုံးကားဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ ဖေးလို့ခေါ်တဲ့ ဝိဉာဥ်စားသုံးတဲ့ မကောင်းဆိုးဝါးတွေဟာ တစ်ဖက်လောကနဲ့ကမ္ဘာကိုဆက်သွယ်ပေးမယ့် တံခါးပေါက်တွေကို ဖွင့်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒါကို ဖေးတွေကိုလိုက်လံနှိမ်နင်းနေတဲ့ The Order လို့ခေါ်တဲ့ အမိန့်တော်ဂိုဏ်းသားတွေက ဖေးတွေရဲ့ကမ္ဘာဖျက်ကိန်းအကြံအစည်ကို မအောင်မြင်အောင်တားဆီးဖို့ နည်းလမ်းရှာ ကြိုးစားကြရမှာဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းအနေနဲ့ အပျင်းပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့အတွက်သင့်တော်မယ့် ဇာတ်ကားမျိုးဖြစ်တယ်လို့ပဲ ညွှန်းပေးပါရစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Han Htoo Zaw မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson နဲ့ Han Htoo Zaw တို့ ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 54minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, ...
movie
Wicked (The Wicked Trilogy) (2021)
2021
7.6
Catman (2021)
Cat Man (2021)ဒီတစ်ခါတော့ ထူးထူးခြားခြားကားလေး ကြည့်ရအောင် CM မှကြိုးစားတင်ဆက်ပေးလိုက်ပါပြီနော်။EXO ဖန်ဖန်တွေ ကြည့်ကြပါ။ ကြောင်ချစ်သူတွေ ကြည့်ကြပါ။ ရိုချင်တဲ့သူတွေ ကြည့်ကြပါ။ ငယ်ချစ်ဉီးကို မမေ့နိုင်တဲ့သူတွေကြည့်ကြပါ။ဘာပဲဖြစ်ဖြစ် CM ကိုအားပေးရင်ကြည့်ပါ :P...EXO အဖွဲ့ဝင် Se-Hun ရဲ့ ပွဲဦးထွက်တရုတ်ကိုရီးယားဖက်စပ်ကားလေးပါ။ ထုံးစံအတိုင်း ချိုင်းနားမှာ ဘန်းခံထိလွန်းလို့ ပြသာနာတွေတက်ပြီး ရုပ်ရှင်ထုတ်လွှင့်ဖို့ ရက်ချိန်းခဏခဏအချိန်းခံရတဲ့ကားလေးဆိုလည်း မမှားပါဘူး။၉ နှစ်တာ ..... အချစ်ဉီးကို လက်လွှတ်ခဲ့ရတာ ၉ နှစ်တာ .....အကြောင်းက ချစ်စရာကြောင်လေးဖြစ်နေလို့ပါတဲ့.....ကြောင်လေးရဲ့ကျိန်စာက ၉ နှစ်အတွင်းဘယ်လူသားနဲ့မှ မေတ္တာသက်ဝင်ချစ်ခင်လို့မရပါဘူး။ စည်းကမ်းဖောက်ဖျက်ရင်တော့ လူဘဝကိုပြန်ပြောင်းလို့မရတော့မယ့်အပြင် ချစ်သူနဲ့ပါကွေကွင်းရမှာပါ။ဖူးစာပါလာပြန်တော့လည်း ဘယ်လိုပဲရှောင်ရှောင် ကစ်တီလေးနဲ့ဟူးမန်းတို့ ပြန်လည်ဆုံတွေ့ကြပါတော့တယ်။ ဟူးမန်းမမရဲ့အလုပ်က မြောင်လေးတွေစကားကိုနားလည်အောင် ဆော့ဖ်ဝဲတီထွင်တဲ့သူဖြစ်ပြီး Se-Hun ဆိုတဲ့ မြောင်မြောင်လေးကတော့ ဟူးမန်းမမကို မချစ်မိအောင်ကြိုးစားကြတဲ့အခါမှာ .....၉ နှစ်ဆိုတဲ့ကျိန်စာပြယ်သွားမလား????? ကျိန်စာသင့်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်လာမလားဆိုတာ ကြည့်ကြည့်ရအောင်နော် ...အချစ်၊အလွမ်း၊အနမ်း၊အကြမ်း ရသစုံအောင်ရိုက်ပြထားတာမို့ပရိသတ်အကြိုက်တွေ့ဉီးမယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ။ဘာသာပြန်နဲ့ အညွှန်းကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ File size… 1GB Quality….WEB-rip 720p Format…mp4 Duration….1h ...
movie
Catman (2021)
2021
6.5
Plan B (2021)
Plan B (2021)===========IMDb Rating - 6.5/10ကဲ CM ပရိသတ်ကြီးတို့ ss တွေနဲ့ CM gp ထဲမှာ စမြုပ်ပျံလို့ရမယ့် ဇာတ်ကားလာပါပြီ :3Plan B ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ ဘယ်အချိန်မှာ သုံးကြလည်းဗျလိုရင်းတိုရှင်းပြောရရင် Plan B ဆိုတာ Plan A မအောင်မြင်တဲ့အခါ အသုံးချဖို့ထားတဲ့ Back Up ပါပဲPlan B ကို နောက်ထပ်တစ်နေရာမှာလည်း သုံးသေးတယ်ဗျအဲ့ဒါကတော့ Plan B Pill လို့ခေါ်တဲ့ သန္ဓေတားဆေးပါပဲဦးထုပ်မဆောင်းဘဲ ကုတင်ပေါ်ကကိစ္စတွေ လုပ်မိတဲ့အခါ အကာအကွယ်အနေနဲ့ အမျိုးသမီးတွေ သောက်တဲ့ဆေးပေါ့ဗျာအဲ ဒါပေ့မယ် ဒီကားထဲက ဆန်နီဆိုတဲ့ ၁၇ အရွယ်ကောင်မလေးကတော့ ကံဆိုးတယ်ပြောရမှာပေါ့ဗျာFirst Time ကို သူ့ crushနဲ့ ဖြစ်ချင်တာလည်း ဖြစ်ခွင့်မရတဲ့အပြင် ကွန်ဒုံးကပါ သူ့ကိုယ်ထဲ ...
movie
Plan B (2021)
2021
9.6
The Box (2021)
The Box(2021)“မျက်လုံးတွေကိုမှိတ်လိုက်ပါအဆုံးအစမရှိ ကျယ်ပြောနက်ရှိုင်းတဲ့ကမ္ဘာကြီးကမင်းရှေ့မှာ ရှိနေလိမ့်မယ်"အမြင်အာရုံကွယ်ပျောက်နေတဲ့မိန်းကလေးတစ်ယောက်က စင်ကြောက်နေတဲ့အဆိုတော်ပေါက်စလေးကို ပြောခဲ့တဲ့စကားပါဒီကားလေးက အကြွေးပတ်လည်ဝိုင်းနေတဲ့ ပရိုဂျူဆာတစ်ယောက်ရယ်လူတွေမမြင်တဲ့နေရာမှာပဲ သီချင်းဆိုရဲတဲ့ကောင်လေးတစ်ယောက်ရယ်ရဲ့musical journey တစ်ခုကိုရိုက်ပြထားတာပါကောင်လေးနေရာမှာတော့ Exo ထဲက Chanyeol ပါဝင်သရုပ်ဆောင်ထားတယ်သူတို့နှစ်ယောက် မထင်မှတ်ပဲတွေ့ဆုံရင်းစာချုပ်အသေးစားလေးတစ်ခု ချုပ်ခဲ့ကြတယ်အဲ့ဒီစာချုပ်အတိုင်း လူရှေ့မှာဆိုဖို့ train ပေးတယ်ပေါ့ဗျာMusical ကားဆိုတော့တစ်ကားလုံး သီချင်းလေးတွေနဲ့ပဲငြိမ့်ငြိမ့်ညောင်းညောင်းလေးသွားမှာပါအဆိုပိုင်းရော သရုပ်ဆောင်ပိုင်းပါတော်တဲ့Chanyeol ရဲ့သီချင်းတွေကို သူ့မျက်နှာလေးကြည့်ပြီးနားထောင်နေရတာနဲ့တင်ဒီကားကတော်တော်လေးကိုတန်နေပါပြီကြည့်ရှူလိုက်ကြပါဦးIMDb - 9.6/10 ရရှိထားတာမို့ Rating အတော်လေးမြင့်တဲ့ ဇာတ်ကားထဲမှာ ပါပါတယ်။Translator: AmeliaEncoder: AugustQuality: 1080P WEB-DL 5.1CH and 720P WEB-DL 5.1CH Size: 2 GB and 1 GB Subtitle: Myanmar (Hardsub) Genre: Drama, Music, Musical
movie
The Box (2021)
2021
6.3
Four Good Days (2020)
Four Good Days (2020)==================IMDb Rating - 6.3/10လူတစ်ယောက်အတွက် အချိန် ၄ ရက်ဟာ ဘဝတစ်ခုကို ပြန်လည် ပြောင်းလဲနိုင်စွမ်းရှိနိုင်ပါ့မလားလို့တွေးကြည့်ဖူးလား၊ ဒီဇာတ်ကားလေးကတော့ ဆေးစွဲနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆေးသမားဘဝကို စွန့်လွှတ်တဲ့ တကယ့်ဖြစ်စဥ်ကိုအခြေခံပြီးရိုက်ပြထားတာပါ၊ သူ့ဘဝမှာ ဆေးမသုံးဘဲ ၄ ရက်တာ ဖြတ်သန်းရမယ်ဆိုတာ ခက်ခဲလွန်းပြီး အဲ့ ၄ရက်တာဟာ ကြီးမားကြာရှည်လွန်းတဲ့ ဒုက္ခရက်စွဲဆိုတွေပါပဲ၊ နောက်ပြီး သူမဆေးဖြတ်ရခြင်းအကြောင်းရင်းကလည်း သူမရဲ့ မိခင်က ဆေးမပြတ်ရင် ပြန်လည်ပြီး အတူနေခွင့်မပေးတာကြောင့် သူမက ဒီအလုပ်ကိုလုပ်ကိုလုပ်ရမှာပါ၊ ဒီဇာတ်ကားဟာ တကယ့်လက်တွေ့ဖြစ်ရပ်မှန်ကိုအခြေခံရေးသား ရိုက်ကူးထားပြီး Winning Washington Post Writer - Pulitzer Prize ရရှိထားတဲ့ Drama ကားကောင်းတစ်ကားပါ IMDb Rating 6.3/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို SWM မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 40minSubtitle ...
movie
Four Good Days (2020)
2021
Endangered Species (2021)
Endangered Species (2021)====================မနက်ဖြန်မှ released date မို့ IMDb Rating မတတ်သေးပေမယ့် popularity တတ်နေတဲ့ Action, Thriller, R ratedကားကောင်းလေးပါ။အမေရိကန်က ဟယ်လ်ဆီမိသားစုက အားလပ်ရပ်မှာ အာဖရိက ကင်ညာကို လာပြီး သဘာဝတောရိုင်းတိရစ္ဆာန်တွေကိုလာရောက်ကြည့်ရှုအပန်းဖြေတာကနေ စတာပါ။ ပုံမှန် ဆာဖာရီ အလည်အပတ် ပတ်ကေ့ဂျ်မှာဆိုရင် လုံခြုံရေးကောင်းကောင်းနဲ့ ဒရိုက်ဘာ ဂိုက် ကောင်းကောင်းတစ်ယောက် ပါပေမယ့်။ အဖေဖြစ်သူက ကိစ္စတစ်ခုကြောင့် အလုပ်လက်မဲ့ဖြစ်သွားတော့ ခရီးစရိတ်ပိုက်ဆံမလောက်တော့မှာ အစိုးရိမ်လွန်ပြီး ပိုက်ဆံအကုန်သက်သာအောင် ဆာဖာရီစည်းမျဉ်းတွေတစ်ခုပြီးတစ်ခု ချိုးဖောက်မိကြပါတော့တယ်။ အဆင်မပြေမှုတွေက အတွဲလိုက်လာသလားလို့ကို ထင်ရလောက်အောင်သူတို့ ကားနဲ့လျှောက်ကြည့်ရင်း အနီးကပ်တွေ့ခဲ့တဲ့ ကြံ့မကြီးက ကလေးပေါက်စလေး မွေးထားတဲ့ ကြံ့မိခင်ကြီးဖြစ်နေတော့သားဇောနဲ့ ကားကို ကြိတ်ဖို့အလာ သားဖြစ်သူက ကားမောင်းမကျွမ်းကျင်တော့ ကားနောက်ဆုတ်ချိန် မရလိုက်ဘဲကားရောလူတွေပါပက်လက်မှောက်ခုံတွေ ဖြစ်သွားပါတော့တယ်။ အကူအညီတွေနဲ့ အဝေးကြီးဝေးရာမှာ ဟယ်လ်ဆီမိသားစုကြီးဘယ်လို အဆင်ပြေအောင် လုပ်ကြမလဲ ...
movie
Endangered Species (2021)
2021
7.4
Wrath of Man (2021)
Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie
Wrath of Man (2021)
2021
5.2
The Unholy (2021)
The Unholy (2021)ဒီသရဲကားကိုလည်း မျှော်နေကြမယ်ထင်ပါတယ်။ဘုရားကျောင်းတစ်ခုရဲ့ ဘုန်းတော်ကြီးတစ်ယောက်မှာ တူမလေးတစ်ယောက်ရှိပါတယ်။အဲဒီကလေးမလေးက ဆွံ့အနားမကြားသူလေးပေါ့။တစ်နေ့မှာတော့ မယ်တော်မေရီကိုတွေ့ခဲ့တယ်ဆိုပြီး ရုတ်တရက် စကားပြောနိုင်လာ နားကြားနိုင်လာခဲ့ပါတယ်။ဒါ့အပြင် မယ်တော်မေရီရဲ့ ကိုယ်စား ဖျားနာသူတွေကိုပါ ကုသပေးနိုင်လာတဲ့အခါဘုရားကျောင်းနဲ့ သတင်းထောက်တွေရဲ့ အာရုံစိုက်စရာ ဖြစ်လာခဲ့တယ်။ဒီတော့ သူ့ကိုပထမဆုံး တွေ့ဆုံပြီး ခင်မင်ခဲ့တဲ့ သတင်းထောက် ဖင်းန်က သူ့ရဲ့သတင်းကို ကမ္ဘာကြီးသိအောင် ချပြလိုက်ပါတော့တယ်။ဖင်းန်ဟာ အရင်တုန်းက သဘာဝလွန်သတင်းတွေကို အတုလုပ်မှုနဲ့ နာမည်ပျက်ရှိခဲ့သူ ဖြစ်တာကြောင့် ဒီသတင်းကြီးဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို အဖက်ဆယ်စရာ ဖြစ်လာပါတယ်။ဒါပေမယ့် တကယ်တမ်း လူတွေကိုးကွယ်မိနေတဲ့ မေရီဟာ အပျိုစင် မယ်တော် မေရီ မဟုတ်ဘဲ အခြား မိစ္ဆာတစ်ကောင် ဖြစ်နေတဲ့အခါ....Review and Translated by : Mr.AndersonEncoded by : AugustFile size… 1.9 GB Quality….WEB-DL 1080p Format…mp4 Duration….1h 39 min Subtitle….Myanmar Subtitle ...
movie
The Unholy (2021)
2021
7.9
99 Songs (2021)
99 Songs (2021)အော်စကာဆုရှင် A.R.Rahman ကိုယ်တိုင် ထုတ်လုပ်သူ နဲ့ ဂီတပိုင်းကို တာဝန်ယူပြီး ဇာတ်ညွှန်းကို ပူးတွဲရေးသားထားတဲ့ "သီချင်း (၉၉) ပုဒ်" ဇာတ်လမ်း ထွက်ရှိလာပါတယ်။အေအာရ် ရဲ့လက်ရာ ဖြစ်တဲ့အတွက် သီချင်းနဲ့ နောက်ခံတေးဂီတ ကောင်းဖို့ကတော့ အာမခံပါတယ်။သီချင်းပေါင်း ၉၉ ပုဒ် ..... ဘာအတွက်ကြောင့်များပါလိမ့် ?????ကိုယ့်ချစ်သူအတွက် ကိုယ်ပိုင်သီချင်းစပ်ပေးဖို့ စိတ်ကူးယဉ်ဖူးတဲ့လူတွေများ ရှိပါသလား?ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ပြီး စိတ်ကူးတွေ ယဉ်လို့ ရမှာပါ။ဇာတ်လမ်းကတော့ ဒီလိုပါ။ဂျေးဆိုတဲ့လူငယ်လေးဟာ ဂီတအပေါ်မှာ တမ်းတမ်းစွဲအောင် ရူးသွပ်လွန်းသူတစ်ဦးပါ။ ဘယ်လောက်ထိ ရူးသွပ်သလဲဆိုရင် ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက် သီချင်းဆိုပြရင်တောင် ကိုယ်ပိုင်သီချင်းရေးပြီးမှ ဆိုပြလေ့ရှိတာပါ။ဂျေးရဲ့ချစ်သူကောင်မလေး ဆိုဖီယာကတော့ စကားမပြောနိုင်တဲ့ သူဌေးသမီးတစ်ယောက်ပေါ့။ဆိုဖီယာရဲ့အဖေက အစမှာတော့ ဂျေးကို သဘောကျခဲ့ပါတယ် သို့ပေမယ့်လည်း ဆိုဖီယာ့အဖေက ဂီတကို စီးပွားရေးဆန်ဆန် အသုံးချလိုသူဖြစ်တဲ့အတွက်သူဟာ ဂျေးကို သူ့ရဲ့ဂီတစီးပွားရေးလုပ်ငန်းတွေကို ဦးစီးစေခဲ့ပါတယ်။ဂီတအပေါ်မှာ ဘာလောဘမှမရှိ ကိုယ့်ရဲ့ကိုးကွယ်မှုတစ်ခုလို သက်ဝင်ယုံကြည်နေတဲ့ ဂျေးအဖို့ ...
movie
99 Songs (2021)
2021
5.6
Stowaway (2021)
Stowaway (2021)==============IMDb Rating - 5.6/10၂၀၂၁ ထွက် Sci-fi, Thriller ဇာတ်ကားလေးပါ။ Pitch Perfect မင်းသမီး Anna Kendrick ပါဝင်သရုပ်ဆောင်ထားပါတယ်။မားစ်ဂြိုလ်ကို ဒုတိယ ကမ္ဘာအဖြစ် နယ်မြေချဲ့ထွင်နိုင်ဖို့ ကြိုးစားတဲ့ Mission တစ်ခုအကြောင်းပါ။ ယာဉ်မှူးတစ်ယောက်၊ ရုက္ခဗေဒပညာရှင်တစ်ယောက်၊ ဆရာဝန်တစ်ယောက်တို့က မားစ်ဂြိုလ်မှာ နှစ်နှစ်စာ သုသေသနပြုလုပ်ဖို့ သွားကြပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ မမျှော်လင့်ထားတဲ့ လိုက်ပါစီးနင်းသူတစ်ယောက် ဒုံးပျံပေါ်မှာ ပါလာတာကို တွေ့လိုက်ရပါတယ်။ သုံးယောက်စာ စီစဉ်ထားတဲ့ခရီးစဉ်မှာ လူပိုတစ်ယောက် မမျှော်လင့်ဘဲ ပါလာသလို အောက်စီဂျင်အထောက်အပံ့ပေးတဲ့ စနစ်က ပျက်သွားတဲ့အတွက် သူတို့ရဲ့ ခရီးစဉ်ကကမောက်ကမဖြစ်သွားပါတယ်။ အောက်စီဂျင်အထောက်အပံ့က သူတို့လေးယောက်လုံးအတွက် မလုံလောက်တော့တဲ့ အခါမှာ သူတို့တွေအာကာသဟင်းလင်းပြင်မှာ သူတို့တွေ အသက်ဆက်ရှင်နိုင်ဖို့ ဘာတွေလုပ်ကြလဲ။ ဘယ်လိုရွေးချယ်မှုတွေလုပ်ပြီးတော့ သူတို့လေးယောက်လုံးအသက်ဆက်ရှင်နိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။) Quality ...
movie
Stowaway (2021)
2021
7.5
Army of the Dead
Army of the Dead (2021)ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ဇာတ်လမ်းက ဒီလိုပါ .....လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ ...
movie
Army of the Dead
2021
8.1
Recalled (2021)
Recalled (2021)ကိုရီးယားလောကမှာ ဂယက်တွေ ဒလဟော ထသွားတာတောင်သူ ရိုက်ခဲ့တဲ့ ဇာတ်ကားက Korean Film Council data တွေအရကိုရီးယားမှာအကောင်းဆုံး Ranking 9 အထိဝင်ထားတဲ့Seo Ye Ji ရဲ့ Recalled ဆိုတဲ့ Mystery/Thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားကို Box office က ဒေါ်လာ 2.63 million အထိအကုန်အကျခံရိုက်ကူးထားပြီးIMDB rating ကလည်း 8.4/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကတော့ တစ်ခြားကားတွေနဲ့မတူဘဲ တော်တော်လေး စွဲဆောင်နိုင်ပြီးအဆုံးသတ်မှာ လျှို့ဝှက်ချက်တွေ၊ အံ့သြဖွယ်မြှုပ်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးပြောရရင်ဆူဂျင်းဆိုတဲ့ ကောင်မလေးက မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကပြုတ်ကျခဲ့ပြီးနောက် အတိတ်မေ့နေခဲ့ပါတယ်။သူ့ဘဝက ဘယ်လို .....သူ ဘယ်သူဆိုတာကိုတောင် မေ့နေတဲ့အနေအထားပါ။ဒါကို သူ့ဘေးနားက လီဂျီဟွန်းဆိုသူ အမျိုးသားကသူ့မှတ်ဉာဏ်တွေပြန်ရလာအောင် ဘေးကနေ စောင့်ရှောက်ပေးရင်းအမှတ်တရတွေတစ်ခုချင်း ပြောပြခဲ့ပါတယ်။ဒါပေမယ့် ဆူဂျင်းယုံကြည်ထားခဲ့တဲ့ သူမရဲ့အမျိုးသားလီဂျီဟွန်းဟာ လျှို့ဝှက်ချက်တွေအများကြီးရှိနေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုမမျှော်လင့်ဘဲနဲ့ တစ်စတစ်စ သိလာခဲ့ပြီးလီဂျီဟွန်းအပေါ် ...
movie
Recalled (2021)
2021
6.8
New Year Blues (2021)
New Year Blues(2021)လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ချစ်ဖူးကြမှာပါပဲအသက်အရွယ်အပိုင်းအခြား နေထိုင်ပုံတွေအရချစ်ပုံချစ်နည်းတွေ မတူညီကောင်း မတူညီနိုင်ပေမယ့်ကျွန်တော်တို့အားလုံးက အချစ်ကိုခံစားဖူးကြပါတယ်ဆိုတော့ဗျာ .....ပြောရရင် relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျအစကတော့ နှစ်ယောက်သားချစ်လို့ လက်တွဲခဲ့ကြတယ်ဆိုပေမယ့်အချိန်ကြာလာတာနဲ့အမျှ ဖြစ်လာမယ့်ပြသနာတွေကိုနှစ်ယောက်လုံးဖြေရှင်းနိုင်ဖို့လည်း လိုသေးတယ်သူ့ဖက်ကအမြင် ကိုယ့်ဖက်ကအမြင် နှစ်ယောက်စလုံးက နားလည်မှုတွေယူနိုင်မှသာရေရှည်တည်မြဲတဲ့ relationship တစ်ခုဖြစ်လာမှာအချိန်တွေအကြာကြီး တွဲလာခဲ့တဲ့သူကကိုယ့်အတွက် right person မဟုတ်ပေမယ့်တစ်ဒင်္ဂလေး ဆုံလိုက်ရတဲ့သူကကိုယ်နဲ့တစ်သားတည်းဖြစ်တဲ့ ခံစားချက်မျိုးပေးနိုင်တဲ့သူလည်း ဖြစ်နိုင်တာပဲလေဒီရုပ်ရှင်ထဲမှာတော့ မတူညီတဲ့ career တွေ .....မတူညီတဲ့ဘဝပုံစံတွေနဲ့ရှိနေကြတဲ့ အတွဲ ၄ တွဲအကြောင်းကို ရိုက်ပြထားတယ်သရုပ်ဆောင်ထားတဲ့သူတွေကလည်း ကောင်းလားမကောင်းလားဆိုတာပိုစတာကြည့်ရုံနဲ့ ညွှန်းစရာတောင်မလိုလောက်ဘူးလို့ ထင်ပါတယ်ဒီကားက ကိုးရီးယားအချစ်ဇာတ်လမ်းတွေထဲမှာ ကွဲထွက်နေတဲ့ကားလို့ ပြောလို့ရတယ်ဗျCinematography လှတယ် .....မတူညီတဲ့ အတွဲ ၄ တွဲရဲ့ plot တွေက ရိုးရိုးရှင်းရှင်းလေးနဲ့အဆုံးထိစိတ်ဝင်စားအောင်ဆွဲခေါ်သွားမှာတော်တော်လေးကို sweet ဖြစ်ပြီး .....Heartwarming ဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပြီးတော့ ရိုက်ကွင်းရိုက်ကွက်တွေလည်း တော်တော်လေးကိုလှတယ်စုံတွဲတွေဆိုရင်တော့ အတူကြည့်ကြပါ ...
movie
New Year Blues (2021)
2021
First
29
30
31
32
33
Last
Previous
Next